YMR- အခန်း ၁၅၅

အခန်း ၁၅၅

အခြေစိုက်စခန်း၌ ညဘက် လှည့်လည်မှု
ယွင်ချန်သည် အဖွဲ့နှစ်ဖွဲ့လုံး၌ ညစာားပွဲသို့ မသွားခဲ့သည့် တစ်ဦးတည်းသောသူဖြစ်သည်။ သူက ထိုကဲ့သို့ စားစရာမျိုး မလိုအပ်ချေ။ ထို့အပြင် သူသည် အပြင်ထွက်ပြီ သွေးမြင်သည့်အချိန်၌ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားမှာကို စိုးရိမ်ပူပန်နေရ၏။ သူအဝေးဆုံး သွားသည့်နေရာက သူ့အိမ်ရှေ့တံခါးသာဖြစ်သည်။ သူ့ကို အပြင်သို့လွှတ်ရန် မည်သူ့တွင်မှ သတ္တိမရှိ။ သူကလည်း ပြဿနာရှာရန် အပြင်သို့ ခိုးမထွက်ခဲ့ပေ။
သူက အိမ်တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရတာကို သဘောမကျ။ လူတိုင်းက အပြင်တွင် ထွက်ပျော်နေကြပြီး သူ၏အစ်ကိုနှင့် အစ်မတို့က သူ့ကို လိမ်မာသည့်ကလေးတစ်ယောက်အဖြစ်နေရန် အောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့သည်။ ထိုစဉ် သူက တလင်းအမြု‌ေတများစားနေပြီး ဝံပုလွေဘုရင်ရှောင်ပိုင်နှင့် အတူ ဆော့ကစားနေခဲ့ကာ သူတို့ပြန်လာမှာကို စောင့်ဆိုင်းနေလေ၏။
“အစ်ကို ချန်ချန်”
ယွင်ချဲ့နှင့် ဖက်တီးလေးချန်ကို မြင်သောအခါ ယွင်ချန်သည် ဝံပုလွေဘုရင်ရှောင်ပိုင်ကို ထားရစ်ခဲ့ပြီး သွားလိုက်၏။
“ဟီးဟီး တစ်ယောက်တည်းနေရတာ ပျင်းလို့လား”
ဖက်တီးလေးချန်ကို ဟေးယွီ၏ကျောပေါ်တင်ပေးပြီးနောက် ယွင်ချန်က သူ့ကို ဖမ်းကာ အလေ့အကျင့်အတိုင်း ခေါင်းကို ပွတ်သပ်ပေးပြီး အိမ်ထဲ ခေါ်သွားလိုက်၏။ သူက ဝံပုလွေဘုရင်ကို ပြောရန်လည်းမမေ့ပေ။
“မင်းအတွက်ဝက်ဝံရိုင်းခြေထောက် သယ်လာတယ် အပြင်မှာထားထားတယ် မင်းဘာသာမင်းစားလိုက်”
“အာ ဝူး”
ဝံပုလွေဘုရင်က အသိဉာဏ်ရှိသည်။ သူက နှစ်ချက်ခန့် အော်မြည်လိုက်ပြီးနောက် လှည့်ထွက်သွားတော့၏။ သူ၏ပျော်ရွှင်နေသော ပုံရိပ်ကို ကြည့်ပြီး‌နောက် ယွင်ချန်က သူ့ညီလေးကိုကြည့်ပြီး ခဏတာစဉ်းစားပြီးနောက် ပြောလိုက်သည်။
“မူလေးရော အပြင်သွားချင်လား”
လူတိုင်းက သွားချင်လောက်သည် မဟုတ်ပါလော။ မူလေးသည်လည်း လူစုလူဝေးရှိရာသို့ သွားလိုခြင်းကလည်း သဘာဝပဲဖြစ်သည်။ သူက ဖုတ်ကောင်တစ်ကောင် ဖြစ်သွားလျှင်တောင် မပြောင်းလဲလောက်ပေ။
“အမ် အင်း ကျွန်တော်မသွားချင်ဘူး”
ယွင်ချန်က အပြင်၌ မိတ်ဆွေများစွာရှိပြီး အလွန်ပျော်ရွှင်ဖွယ်ကောင်းကြောင်း ပြောခဲ့သည်။ အပြင်သွားချင်သည်ဟု ပြောလောက်သည်။ သို့သော် သူ၏အစ်မနှင့် ကျန်သည့်သူများက သူအပြင်မသွားနိုင်ဟု ဆိုခဲ့သည်။ သူ၏အစ်ကို ဟန်ဟန်ကလည်း သူ့ကို အပြင်ထွက်ခွင့်မပေးပေ။ ထို့ကြောင့် သူက အပြင်မထွက်ဘဲ စကားနားထောင်၏။
သူ ခေါင်းလေးငုံ့ပြီး ခြေထောက်လွှဲရပ်နေတာကို မြင်သောအခါ ယွင်ချဲ့က သူ၏အတွေးစစ်အတွေးမှန်များကို မည်ကဲ့သို့ မသိဘဲနေမည်နည်း။ သူက ဟေးယွီဘက်လှည့်ကြည့်ပြီးနောက် ယွင်ချဲ့က ရုတ်တရက် ပြောလိုက်သည်။
“ငါတို့တွေ ကင်းလှည့်ကြမလား”
သူက တစ်ယောက်တည်း မသွားနိုင်‌ေသာကြောင့် ကင်းလှည့်ရန် ခေါ်သွားမည်။
“တကယ်လား”
ခေါင်းမော့လိုက်ပြီး ယွင်ချန်၏မျက်နှာ၌ အံ့ဩမှု ပျော်ရွှင်မှုများ ပြည့်နေသည်။
“တကယ်ပေါ့ မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ”
လောင်းကြေးထပ်တာ မှန်ကန်သွားမှန်း သိလိုက်သောကြောင့် ယွင်ချဲ့က ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။
“အင်းအင်း အစ်ကိုကြီးက အတော်ဆုံးပဲ”
ယွင်ချန်က ခုန်ပေါက်နေလေ၏။ ယွင်ချဲ့၏ ရင်ထဲ၌ အနည်းငယ် မသက်မသာဖြစ်သွားသည်။ သူ့ကို အပြင်သို့ ခေါ်ရုံကပင် သူ့ကို အလွန်ပျော်ရွှင်စေနေသည်။
“ဟေးယွီ မင်းရဲ့ မူလအသွင်ပြောင်းလိုက်”
သူတို့က အပြင်ထွက်ကစားရန် သဘောတူပြီးဖြစ်သောကြောင့် ညီအစ်ကိုနှစ်ယောက်ကလည်း ဟေးယွီနှင့်အတူ အပြင်ထွက်ကြမည်။ တံခါးဝ၌ ရပ်နေစဉ် ယွင်ချဲ့က ဖက်တီးလေးချန်ကို ဖက်ထားလျက် နက်ရှိုင်းသည့်အသံဖြင့် ပြောလိုက်၏။
“သေချာရဲ့လား တခြားသူတွေကို ခြောက်လန့်မိရင် ငါ့ကို ထွက်သွားဖို့ မပြောနဲ့နော်”
မျက်တောင်တစ်ခတ်အတွင်း ဟေးယွီက တောင်လေးတစ်တောင်နှင့် တူလာတော့၏။ သူ့ကို စီးတော်သားရဲအဖြစ် အသုံးပြုနေသော ဖက်တီးလေးချန်က ပျော်ရွှင်စွာ လက်ခုပ်လက်ဝါး တီးလိုက်၏။ ယွင်ချန်ကလည်း ယင်းကို မြင်သောအခါ လက်ခုပ်တီးလိုက်သည်။
“ဟုတ်ပြီ ဟုတ်ပြီ သွားကြမယ်”
ယွင်ချဲ့၏အပြုံးက မပျောက်ပျက်သွားပေ။ ဟေးယွီက ဝပ်တွားလျက် ဖက်တီးလေးချန်ကို သူ့နောက်ကျော်ပေါ် တက်ခိုင်းလိုက်သည်။ ဖက်တီးလေးချန် တက်ပြီးနောက် ယွင်ချဲ့က ထိတ်လန့်သွားမိ၏။ သူ၏အထောက်အထားက ဖုတ်ကောင်တစ်ကောင်ဖြစ်‌ေနတာကို တွေးမိပြီး ယွင်ချဲ့က မရယ်ပဲမနေနိုင်တော့ကာ ခေါင်းခါလိုက်မိ၏။ မူလေးက အစစ်အမှန် အလောင်းဧကရာဇ် ဖြစ်နေ၏။ သူက ဖုတ်ကောင်၌ နောက်အဆင့်နှစ်ပဲတင် သန်မာတဲ့ခန္ဓာကိုယ်ရှီနေ၏။ မည်ကဲ့သို့ မထူးဆန်းပဲ နေမည်နည်း။
“သွားကြမယ် ငါတို့သုံးယောက် ဒီည စခန်းထဲမှာ ညဘက် ခရီးထွက်ကြမယ်”
“ဟုတ်ပြီ သခင် သေချာထိုင်ဦး”
ယွင်ချဲ့က ဟေးယွီ၏ ခန္ဓာကိုယ်ကို ပုတ်ပေးလိုက်သည်။ ဟေးယွီပြောပြီးသည့်နောက် ခြေလေးချောင်းဖြင့် မြဲမြဲရပ်ပြီးနောက် လေးညွှတ်ကနေထွက်သော မြှားတစ်စင်းပမာ ပြေးသွားလိုက်တော့သည်။
“ဝါးဝါးဝါး ဦးဦးဟေးက သိပ်အစွမ်းထက်တာပဲ”
“ဟေးယွီက အံ့ဩဖို့ကောင်းတယ်”
မြန်ဆန်လွန်းသည့်အရှိန်သည် သူတို့နှစ်ယောက်ကို မလပ်စေရုံသာမက သူတို့ကို အမှန်တကယ် စိတ်လှုပ်ရှားစေခဲ့သည်။ ဟေးယွီ၏ နောက်ကျောလေးပေါ်၌ ထိုင်နေကျ ဖက်တီးလေးချန်က မကြောက်ပေ။ ပထမဆုံးအကြိမ်ထိုင်သည့် ယွင်ချန်က ပိုတောက် စိတ်လှုပ်ရှားနေ၏။
“နှစ်ယောက်လုံး ဂရုစိုက် ပြုတ်မကျစေနဲ့”
ယွင်ချဲ့က နောက်တွင်ထိုင်ပြီး လေထုစွမ်းအားကိုသုံးကာ သူတို့၏ ခန္ဓာကိုယ်အောက် ပိုင်းကို ရစ်ပတ်ထားပြီး သူတို့ပြုတ်မကျအောင် ကာထားလိုက်၏။ ဟေးယွီက ခြေထောက်များကို သူ့အမွှေးများဖြင့် ပတ်ထားလိုက်၏။ “သခင် စခန်းအ‌ပြင်ဘက်ကို ပြေးကြမလား”
သူသည် ယခင်က စခန်းအပြင်ဘက်ကို တစ်ခါမှ မပြေးဖူးပုံပေါ်၏။ ညအချိန်တွင် စခန်းမြို့ရိုးပေါ်၌ စွမ်းအားရှင်များ ကင်းစောင့်လေ့ရှိကြောင်း သူကြားဖူးသည်။
“ဒုတိယမြို့ရိုးအတွင်းမှ ငါတို့ ထွက်သွားလို့မရဘူး”
သူ အပြင်ထွက်လျှင် ဖုတ်ကောင်များ ရှိလိမ့်မည်။ ယွင်ချဲ့၏ လက်ရှိအခြေအနေအရ ဖုတ်ကောင်များကို တွေ့ဖို့က မသင့်တော်ပေ။
“ပြဿနာမရှိဘူး”
ဟေးယွီက လက်ခံလိုက်ပြီးနောက် အကြိမ်အနည်းငယ်ခုန်ကာ ကန်တင်းကို ဖြတ်ကျော်သွား၏။ တိုက်တထုက်ဆိုင်ဆိုင်ပင် ရှင်းဖုန်းနှင့် ကျန်သည့်သူများက ကန်တင်းထဲမှထွက်လာပြီး ဟေးယွီကို တွေ့သွားကြ၏။ သူက လူအချို့ သယ်ဆောင်ထားသည်လော။
စွမ်းအားရှင်များက အမြင်အာရုံ ကောင်းသော်ငြား ပြဿနာက ဖက်တီးလေးချန်ကိုသာ သိကြသည်။ ဖက်တီးလေးချန်အပြင် ကျန်သည့်သူများ အားလုံးက ကန်တင်းတွင် ရှိနေသည် မဟုတ်‌ပါလား။ ထိုသို့ဆိုလျှင် ကျန်သည့်သူက မည်သူနည်း။
“ဟုတ်တယ်” ကျန်သည့်သူများက တညီတညွှတ်တည်း ခေါင်းညိတ်လိုက်ကြ၏။ လန်ယဲ့ဟန်က သုန်မှုန်သော အမူအရာဖြင့် ညအမှောင်ယံကို ကြည့်နေ၏။ မမှားပေ ကျန်သည့်သူက မူလေးပဲဖြစ်၏။ ယွင်ချဲ့က သူ့ကို အဘယ်ကြောင့် အပြင်သို့ ရုတ်တရက် ထွက်ခွင့်ပေးရသနည်း။ သူမကြောက်တာမဟုတ် မူလေးအတွက် ယွင်ချဲ့၏ချစ်ခြင်းတရားက သူ့ထက်မနည်းပေ။ နောက်ထပ် ပိုကောင်းသည့် အကြောင်းအရင်းရှိတာ ဖြစ်နိုင်သည်လော။
ယခုအချိန်၌ လန်ယဲ့ဟန်က တောင်ပံတစ်စုံ ပေါက်လာရန်သာ ဆုတောင်းနေမိသည်။
“ရှောင်ချဲ့ သူ..”
ပုံရိပ်နှစ်ရိပ်ကို ရှင်းရှင်းလင်းလင်း မြင်ရသော ယွင်ယောင်ကလည်း စိုးရိမ်ပူပန်သွား၏။ ကျန်းယာဖေးက သူမလက်ကို ကူတွဲပေးလိုက်သည်။ ယွန်ချန်း၏ တည်ရှိမှုက လျို့ဝှက်ချက်တစ်ခုဖြစ်၏။ ချောင်ယန်းအတွင်းရှိ လူအနည်းစုကသာ သူ ဖုတ်ကောင်တစ်ကောင်ဖြစ်ကြောင်း သိကြသည်။ ကျန်သည့်သူများက သူရှိနေတာတောင် မသိကြပေ။ သူ ထုတ်ဖော် ခံလိုက်ရလျှင် နောက်ဆက်တွဲက မည်သူမှ မှန်းဆနိုင်မှာ မဟုတ်ပေ။
“ရှောင်ချဲ့က အမြဲတမ်း အသိတရားနဲ့ ဆောင်ရွက်တာပဲ ညအချိန်ကောင်းကင်က မှောင်နေပြီး မူလေးကလည်း မျက်ကပ်မှန်ဝတ်ထားတာပဲ ကွဲပြားခြားနားချက်ကို မည်သူမှ သတိထားမိမှာ မဟုတ်လောက်ဘူး”
အတော်ကြာပြီးနောက် ရှင်းဖုန်းသည် ကောက်ချက်ချလိုက်၏။ သူ၏အမြင်တွင် မူလေးက အထီးကျန်နေပြီး အပြင်ထွက်ချင်နေကြောင်း ရှာတွေ့သွားသောကြောင့် လမ်းလျှောက်ထွက်ရန်အတွက် ဟေးယွီကို သူတို့ကို သယ်သွားခိုင်းလိုက်တာပဲ ဖြစ်လောက်သည်။ သူတို့က လမ်းမလျှောက်ခဲ့ပေ။ ဟေးယွီ၏နောက်ကျောပေါ်တွင် ထိုင်နေလိုက်ခြင်းက အကောင်းဆုံးသတ္တိပဲ ဖြစ်၏။ အခြေစိုက်စခန်း၏ မြို့ရိုးပေါ်၌ စောင့်ကြပ်နေသည့် စွမ်းအားရှင်များက သူတို့၏ အမြင်သို့မဟုတ် အကြားအာရုံကို မြင့်လိုက်လျှင် ညအမှောင်ယံ၏ ကာကွယ်ပေးမှုအောက်၌ ယွင်ချန်၏ အဖြူစက်နှင့် အနီစက်က သာမန်လူနှင့် ခြားနားနေတော့မှာ မဟုတ်ပေ။
“အား မကောင်းဆိုးဝါးတစ်ကောင်”
“အကြီးကြီးပဲ အဲ့တာဘာလဲ”
“အား”
တစ်ဖက်တွင်မူ ဟေးယွီဖြတ်သန်းသွားသည့် နေရာတိုင်း၌ အော်ဟစ်ငိုယိုသံများ နေရာအနှံ့ရှိနေ၏။ သူ့ကို တွေ့ဖူးသည့်သူက အလွန်နည်းပါးသည်။ ညက သိပ်မနက်သေးသောကြောင့် လူတိုင်းက မအိပ်သေးပေ။ ကြီးမားသည့် သားရဲတစ်ကောင်က သူတို့ခေါင်းထက်ကနေ ဖြတ်ပြေးသွားတာကို ရုတ်တရက် မြင်လိုက်ရသည့်အချိန်၌ လူတိုင်းက ကြောက်လန့်ကုန်၏။ သို့သော် သူတို့က မည်သည့်နေရာတွင် ပုန်းရမှန်းမသိ ဖြစ်နေကြကာ ရှေ့သို့သာ တိုးဖြစ်၏။
“ဟားဟား သခင်‌တွေ့လိုက်လား သူတို့အားလုံးက ဒီအံ့ဖွယ်သားရဲကို ကြောက်နေကြတာ”
ဟေးယွီက ရယ်မောနေပြီး ခုန်ပျံကျော်လွှားလုပ်လိုက်၏။ ယွင်ချဲ့က စောဒက တက်လိုက်သော်ငြား သူက ဘာမှမလုပ်ဖို့ရာ ပျင်းရိလွန်းနေ၏။
“ဦးဦးဟေးက တမင်တကာ လူတွေကို လိုက်ခြောက်နေတာပဲ”
ယင်းကို မြင်သောအခါ ဖက်တီးလေးချန်ကတောင် သူ့ကို စတင် ဝေဖန်လာ၏။ ယွင်ချန်ကမူ ဘာမှမသိပေ။
“ဖက်တီးလေးချန် မင်း နားမလညပါဘူးကွာ ဒီအံ့ဖွယ်သားရဲက သူတို့ကိာ မခြောက်ရင် သူတို့က ငါတို့ကို ခြောက်လှန့်ဖို့ လှည့်လာလိမ့်မယ်”
ထိုကဲ့သို့ စကားမျိုးကို သဘာဝကျကျ ပြောနိုင်လောက်အောင် ဟေးယွီက မည်မျှ အရှက်မဲ့သနည်း။
“ဖက်တီးလေးချန် မဟုတ်ဘူး ချန်ချန်က မဝဘူး”
ဖက်တီးလေးချန်ဟူသည့်စကားကို ကြားသည့်အချိန်၌ ဖက်တီးလေးချန်က အစောတုန်းက သူထောက်ပြသည့်အချက်ကို မော့လျော့သွားပြီးနောက် ကာကွယ်စောဒကတက်ရန် သူ၏ အတောင်မွေဖျးများကို စုပ်ကိုင်လိုက်၏။
“ချန်ချန် လူတစ်ယောက်အနေနဲ့ ငါတို့ရိုးသားရမယ်လေ မင်းက တကယ် အဆီလေးတွေ ရှိနေတာ”
“ဦးဦးဟေးကို အမုန်းဆုံးပဲ ဟွန့်”
ဟေးယွီက မတရားသလို ခံစားရပြီး သူ့ကို မကျေမချမ်း ဖြစ်သွားလေ၏။ သူ့ကို ကလေးအဆီများအကြောင်း ပြောမ‌ေနလျှင် ဖက်တီးလေးချန်က ဝသည်ဟုမထင်ဘဲ ကလေးအဆီသာရှိသည်ဟု မည်ကဲ့သို့ တွေးတော့မည်နည်း။
“ဦးဦး”
ဒေါသပေါက်ကွဲပြီးသည့်တိုင် ဖက်တီးလေးချန်က လှည့်လာပြိးနောက် ယွင်ချဲ့၏ ပွေ့ဖက်မှုထဲ ဝင်လိုက်သည်။ သက ခေါင်းမော့လျက် သနားစဖွယ်အကြည့်ဖြင့် နှုတ်ခမ်းတင်းတင်း‌ စေ့လိုက်တော့သည်။ “ဦးဦး ချန်ချန်က မဝဘူးမလား”
သူ၏အသံလေးက အမှန်တကယ် ဂရုစိုက်နေပုံပေါ်သည်။
“ဟင် မဝပါဘူး ဦးဦး ပြောပြီးပြီ မဟုတ်ဘူးလား သားမှာက ကလေးအဆီလေးတွေရှိတာ အရွယ်ရောက်လာရင် ပိန်သွားလိမ့်မယ်”
ယွင်ချဲ့သည်လည်း သူလောက် ခေါင်းမာနေပေသည်။ သူ အဆီများသည်ကို မဆိုလိုက်နှင့် အဆီရှိလျှင်တောင် ထုတ်ပြောဖို့က မဖြစ်နိုင်ပေ။
“ဒါပေမဲ့ သူတို့အားလုံးက ချန်ချန်ကို ဝတယ်တဲ့ မူကြိုကျောင်းမှာ သားကို ဖက်တီးလို့ခေါ်တဲ့ အစ်ကိုတစ်ယောက်တောင်ရှိနေတာ”
ဖက်တီးလေးချန်က စိတ်ဓာတ်ကျပြီး‌ ခေါင်းငုံ့ထားလေ၏။ သူ၏နှလုံးသားလေးက ဒဏ်ရာနက်နက်ရှိုင်းရှိုင်း ရထားသည်။ သူသည် အဆီများဖြင့် မွေးလာသည့် က‌ေလးတစ်ယောက်သာဖြစ်ကြောင်း သူတို့ကို ကြိမ်ဖန်များစွာ ပြောခဲ့ဖူး၏။ သူတို့ နားမထောင်ပင်လျှင် ဦးဦးချူနှင့် ကျန်သည့်သူများကသူ့ကို ဖက်တီးလေးဟု ခေါ်နေကြစဲဖြစ်သည်။
“သူတို့ကို စိတ်ထဲမထားနဲ့ သူတို့က ငါတို့ရဲ့ ချန်ချန်ကို မနာလိုဖြစ်နေတာလေ ချန်ချန်က ချစ်ဖို့ကောင်းပြီး လိမ်မာတာကို သားရဲ့အမေနဲ့ ဦးလေးတွေ ဘယ်လောက်ပိန်လဲဆိုတာ ကြည့်လေ ချန်ချန်က အရွယ်ရောက်လာရင်လည်းပိန်သွားမှာပဲ”
ရင်နာလာပြီး ယွင်ချဲ့က ချန်ချန်၏ မျက်နှာလေးကို အုပ်ကိုင်လိုက်သည်။ ယွင်ချဲ့က အတည်ပြောနေပြီး အဓိပ္ပာယ်မရှိ မပြောတော့ပေ။ သူ့အောက်ရှိ ဟေးယွီကတောင် ချော်လဲလုနီးပါး ဖြစ်သွား၏။ ကလေးတွေကို ဒီလိုသင်ပေးတာက ကောင်းတာလား။ သူ့သခင်ကတော့ ပိုပိုပြီး အားကိုးမရဖြစ်လာတော့တာပဲ။
“ဒါပေါ့ ချန်ချန်က မဝဘူး သိပ်ချစ်ဖို့ကောင်းတာ ဦးဦးက ချန်ချန်ကို သဘောကျတယ်”
ယွင်ချန်က မည်သည့်အချိန်က လှည့်လာပြီး သူ့တူလေး၏ ပြည့်ဖောင်းဖောင်း ခန္ဓာကိုယ်လေးကို ဖက်လိုက်သည်မသိ။ ဦးလေးနှစ်ယောက်လုံးက ထိုသို့ ပြောနေသော်ငြား ဖက်တီးလေးချန်သည် မျက်ရည်များကျနေရာကနေ နောက်ဆုံးတော့ ပြုံးလာလေ၏။
“အမ်း ချန်ချန်က မြန်မြန် ကြီးပြင်းဖို့လိုတယ် ဦးဦးနဲ့ မေ‌ေမ့လိုမျိုး ပိန်ဖို့လိုတယ် မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ဦးလေးရှင်းလို အရပ်ရှည်ပြီး ဦးဦးနဲ့ မေမေ့ကို ကာကွယ်ဖို့လိုတယ်”
သူ၏ရင်ထဲတွင် သူ့ဦးဦးက အလွန်အစွမ်းထက်ပြီး အင်အားကြီးသည်။ သူက ဦးဦးရှင်းလောက် အရပ်ရှည်လျှင် ပိုကောင်းပေလိမ့်မည်။ ထို့ကြောင့် သူ၏ပန်းတိုင်က ဦးဦးရှင်းလောက် အရပ်မြင့်ပြီး ဦးဦးရှင်းကဲ့သို့ ultra man ထက်တောင် ပိုသန်မာရန်ဖြစ်သည်။
“ဟားဟား အဆင်ပြေတာပဲ ဒါဆို ချန်ချန်လေးကြီးပြင်းလာပြီး ဦးဦးကို ကာကွယ်မှာကို စောင့်နေမယ်”
တုံးအပြီး အပြစ်ကင်းသော ကလေး၏စကားက သူ့ကို ကျေနပ်စေ၏။ ယွင်ချဲ့၏ ရယ်သံလေးက‌လည်း ပြန့်လာတော့သည်။ ယွင်ချန်ကလည်း သူပြောသည့်အတိုင်း လိုက်ပြောသည်။ “ဦးဦးကလည်း ချန်ချန်ရဲ့ ကာကွယ်ပေးမှုကို စောင့်နေမယ်နော်”
“ဟုတ်ပြီဗျာ”
သူတို့ပြောနေစဉ် နှစ်ယောက်သားက အခြေစိုက်စခန်း၏ ဝင်ပေါက်သို့ ရောက်နေပြီဖြစ်သည်။ မြင့်မားသော နံရံကို မြင်တွေ့ချိန် ဟေးယွီက ခုန်ပျံကျော်လွှားလိုက်၏။
“ဘယ်သူလဲ”
ညဘက် စောင့်ကြပ်နေသော စစ်သားများက ချက်ချင်းပင် သတိအနေအထားဖြစ်သွား၏။ တညီတညွှတ်တည်း မေးလာတော့သည်။ ယွင်ချဲ့က ဟေးယွီ၏ နောက်ကျောပေါ်တွင် ထိုင်နေလျက် အားလုံးကို လက်ဝေ့ရမ်းပြလိုက်သည်။
“အားလုံးကို ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော်တို့ ညစာစားပြီးကာစ ကျွန်တော့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးနဲ့ ကလေးတွေကို ခေါ်ပြီး လမ်းလျှောက်ထွက်လာတာ လူတိုင်း စိတ်မပူပါနဲ့ ဟေးယွီက အတော်လေးကြီးနေရုံပဲ သူက နာခံတတ်ပါတယ်”
“အမ်”
စစ်သားတစ်စုက မကျေမချမ်းဖြစ်သွား၏။ ခေါင်းဆောင်ယွင်သည် သူတို့ကို သုံးနှစ်ကလေး မှတ်နေသည်လော။ သူ့အိမ်မွေးတိရစ္ဆာန်၏ တိုက်ပွဲဝင် ခွန်အားက အခြေစိုက်စခန်းတစ်ခုလုံး၌ ပျံ့နေပြီဖြစ်သည်။
“ခေါင်းဆောင်ယွင် ဒါက စည်းမျဉ်းတွေကို ဆန့်ကျင်နေပါတယ် အခြေစိုက်စခန်းထဲဝင်ပြီး လမ်းလျှောက်ပါလား”
ပုခုံးထက်၌ ကြယ်တစ်ပွင့်ဖြင့် အရာရှိတစ်ဦးက မနှစ်မြို့စွာရယ်လျက် လျှောက်လာလေ၏။ သူက တင်းမာချင်၏။ သို့သော် ပြဿနာက သူတို့လုပ်ရဲမည်လော။ သားရဲသည် ဖုတ်ကောင်များစွာ၏ ခေါင်းကို လက်သည်းတစ်ချက်တည်းဖြင့် ခွဲပစ်ခဲ့ပြီး ဟိန်းသံတစ်ချက်ကတောင် သန္ဓေ‌ေပြာင်းသားရဲများကို ကြောက်လန့်ပြီး သေစေခဲ့သည်ဟု‌ဆိုသည်။ သူတို့က စစ်သားများဖြစ်၏။ အားမနည်းသည်မှာ အမှန်ပင်ဖြစ်သော်ငြား သူတို့လည်း လူသားများဖြစ်သည်။ သူတို့က သေမှာကို မည်ကဲ့သို့ မကြောက်ဘဲနေမည်နည်း။
“အဆင်ပြေပါတယ် အပြင်ဘက်မှာ လမ်းလျှောက်ရုံပဲ ခေါင်းဆောင်က မပြောရသေးဘူးလား။ အခု သန္ဓေပြောင်းသားရဲတွေက ထွက်လာပြီး သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားတွေက ပိုမြင့်လာတာ အဆင့်ကမြင့်တယ်။ဒါကြောင့် နံရံ‌နား တစ်ချက်လောက် ကင်းလှည့်ချင်လို့ အနံ့ချန်ထားပေးပြီး သန္ဓေပြောင်းသားရဲတွေက အနားကပ် မလာရဲတော့ဘူးလေ”
ထိုကဲ့သို့ အဓိပ္ပာယ်မရှိသည့်စကားများကို လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်ချိန်၌ ယွင်ချဲ့က သူက နံပါတ်နှစ်ဟု ပြောလျှင် မည်သူကမှ သူ နံပါတ်တစ်ဖြစ်ကြောင်း ပြောရဲတော့မှာ မဟုတ်ပေ။ ထိုစစ်သားများကို ကြည့်လေရာ သူ့ကြောင့် သူတို့အားလုံး ကြောက်လန့်သွားပုံပေါ်သည်။
“သခင် ကျွန်တော့်ကို ဘယ်လိုလုပ် နေရာအနှံ့ အပေါ့စွန့်ခွင့် ပေးရတာလဲ။ အံ့ဖွယ်သားရဲက အရှက်မဲ့ရာ ရောက်မနေဘူးလား”
သို့သော် ဟေးယွီ ထိုသို့ ကန့်ကွက်နေတာကို မြင်သောအခါ စစ်သားများကအနည်းငယ် စိတ်သက်သာရာ ရသွား၏။ ခေါင်းဆောင်ယွင်က သူတို့ကို အရူး မလုပ်ခဲ့ပုံရသည်။ ယင်းက အမှန်တကယ်ကို လိမ်မာသည့် အိမ်မွေးတိရစ္ဆာန် ဖြစ်လောက်သည်။ သို့သော်
“အို့ တကယ်လား စွမ်းအင်ချောင်း‌တွေ ထုတ်လုပ်တဲ့ စက်ပစ္စည်းက”
ယွင်ချဲ့က မျက်ခုံးအနည်းငယ် ပင့်လိုက်၏။ သူပြောတာ မပြီးသေးခင် ဟေးယွီက မျက်နှာချိုသွေးသည့် လေသံဖြင့် ချက်ချင်း ဖြတ်ပြောလိုက်တော့သည်။
“သခင်ပြောတာ ကြည့်ပါဦး။ ကျုပ်က အပေါ့စွန့်ပြီး အနံ့နည်းနည်း ချန်ခဲ့ရုံပဲ မဟုတ်ဘူးလား။ သခင်ပြောနေပြီဟာကို ဒီသားရဲက မနာခံရဲဘဲ နေပါ့မလား။အလေးစွန့်ဆိုရင်တောင် ရတယ်နော်”
ဘန်း ဘန်း..
လေးလံသည့်အရာဝတ္ထုများ မြို့ရိုးကနေ မြေကြီးပေါ်သို့ ပြုတ်ကျသံများ တစ်သံပြီးတစ်သံ ထွက်‌ပေါ်လာ၏။ စစ်သားများက လူသုံးယောက်နှင့် သားရဲတစ်ကောင်ကို ကြည့်ပြီး သူတို့က ထွက်ပြေးနှင့်ပြီဖြစ်ကာ မိုးခြိမ်းသံသာ ကျန်ရစ်ခဲ့တော့သည်။

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset