အခန်း ၁၅၄
သက်ဝင်လှုပ်ရှားနေသော ညစာစားပွဲ
“မင်းတို့တွေက အားရူးတစ်စုပဲ”
သူ့ကို ထိုလူများ သရေကျနေတာကို မြင်စောအခါ ဟေးယွီက ရန်မူတော့၏။ သူက နောက်လှည့်ကြည့်လိုက်ရာ ရှင်းဖုန်းကို တွေ့ချိန်၌ သူနှင့် ယွင်ချဲ့ကြား လျှောက်သွားပြီးနောက် ခေါင်းခါစွာပြောလိုက်တော့၏။ “မင်းပျိုးထောင်ထားတဲ့ အားရူးတစ်စုကို ကြည့်ဦး သူတို့တွေက ရာရာစစ ငါ့ကို သူတို့ပန်းကန်ပြားထဲထည့်ဖို့ တွေးရဲတယ်ပေါ့ ငါက အံ့ဖွယ်သားရဲ ဟုတ်ပြီလား ငါ့ရဲ့သခင်က မင်းနဲ့ပျော်ပ့မလားလို့ တကယ်ကြီး သံသယဝင်မိတယ် ဒီလူတွေက တစ်နေ့ကျရင် ငါ့ရဲ့သခင်မှာရှိသမျှ အရာအားလုံးကို စားသွားလိမ့်မယ်”
စားပွဲတစ်ခုလုံးက တိတ်ဆိတ်သွားလေ၏။ အစားရူးဟုခေါ်ခြင်းက မည်သည်ကို ဆိုလိုသနည်း။ သူက ပုံကြီးချဲ့နေခြင်း မဟုတ်ပါလော။ သူသည် စွမ်းအင်ချောင်းများအတွက် သူ၏ဂုဏ်သိက္ခာကိုတောင် အမှုမထား ကျင့်ဝတ်သိက္ခာများကိုတောင် ထည့်မတွက်ခဲ့ပေ။ သို့သော် ယခုမူ ကျန်သည့်သူကို တကယ်ကြီး သင်ခန်းစာပေးနေ၏။ ထို့ထက် ပိုလိုအပ်သေးသည်လော။
“ဟေးယွီ”
“ဟမ်”
“ဒီအခြေနေအောက်မှာ မင်းငါ့ကို သခင်လို့မခေါ်လို့ရမလား”
“ဟားဟား”
ရှက်စရာပဲ ယွင်ချဲ့က သူ့မျက်နှာကို လက်နဲ့အုပ်ပြီး ကျန်သည့်သူများကမူ ဗိုက်နှိပ်လျက် ရယ်မောနေကြတော့သည်။ ဟေးယွီက ပုံမှန်အခြေအနေ ပြန်မရောက်ခင် ရှင်းဖုန်းက ခွက်မြောက်ကာ ခွက်ချင်းတိုက်ပြီးဖြစ်သည်။
“အားလုံး အလုပ်ကြိုးစားခဲ့ပါတယ် ပြီးခဲ့တဲ့နှစ်လလုံး ကမ်းပေ့”
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ငါတို့အားလုံး အလုပ်ကြိုးစားခဲ့တယ် လာ ကမ်းပေ့လုပ်လိုက်ရအောင်”
“လာကြ”
သူက ဟေးယွီ ဒေါသမထွက်အောင် ထိန်းရန် ကြိုးစားနေမှန်း သိသောကြောင့် စားပွဲတစ်ခုတည်းရှိ လူအယောက်နှစ်ဆယ်ကျော်က မတ်တပ်ထရပ်လိုက်သည်။ မလှုပ်ရှားသည့်တစ်ဦးတည်းသောသူက ယွင်ချဲ့ပဲဖြစ်ပြီး ကျန်သည့်သူများက သူ့ကို သံသယဖြင့် ကြည့်လိုက်ကြသည်။ ယွင်ချဲ့က ရေနွေးကြမ်းပန်းကန်ကို ကောက်ကိုင်လိုက်၏။
“ဒါဆိုလည်း ကမ်းပေ့လုပ်လိုက်ရအောင်”
ဘာလား ရေနွေးတစ်ခွက်နဲ့ ငါတို့နဲ့ ခွက်တိုက်ချင်တယ်လား။ လူတိုင်းက ချွေးများပြန်လာ၏။ ချူးဟောင်လင်၏ မျက်နှာ၌လည်း အထင်သေးမှုများ ပြည့်နေသည်။ “တကယ်ကြီးလား ညီအစ်ကိုချဲ့ ခွက်မှားကိုင်မိတာလား”
ယွင်ေယာင်၏ ခွက်ကတောင် ဘီယာများဖြင့် ပြည့်နေ၏။ သူကဲ့သို့ ယောင်္ကျားကြီး တစ်ဦးက ရေနွေးခွက်ကို ကိုင်နေသည်လော။
“ဟုတ်တယ်လေ ရေနွေးလေ”
သို့သော် ယွင်ချဲ့ကညအမှန်တကယ် ရှက်ရွံ့နေခြင်းမရှိဘဲ သူက အထဲ၌ ကြည်လင်နေသောအရည်ကို သူတို့ကို မြင်အောင်ပြကန်အတွက် ခွက်ကိုအနည်းငယ် ခါလိုက်၏။ သူက ကြင်နာစွာပြုံးပြီး ပြောလိုက်တော့သည်။
“ရှောင်ချဲ့နဲ့ မူလေး နှသ်ယောက်လုံးက အရက်ဘီယာသောက်ခွင့် မရှိဘူးလေ ဒါကြောင့် မင်းတို့တွေသူ့အတွက် ခက်ခဲအောင်မလုပ်နဲ့”
သူမ အိမ်ထောင်ကျစဉ်က မောင်နှမသုံးယောက်လုံး ပျော်ရွှင်ခဲ့ပြီး သူတို့သည် သူမ လက်ထပ်သည့်ည၌ ပွဲကျင်းပရန်အတွက် အတူစုဝေးပြီး သောက်ခဲ့ကြသည်။ သို့သော် သူမ၏ မောင်နှစ်ယောက်လုံးက ဘီယာသောက်ပြီးသည်နှင့် မှောက်သွားလိမ့်မည်ဟု မည်သူက သိမည်နည်း။ နောက်ဆုံးတွင် သူမကသာ နှစ်ယောက်လုံးကို ဂရုစိုက်ခဲ့ရသည်။ ထိုအချိန်မှစပြီး မောင်နှမသုံးယောက်လုံးက အောင်ပွဲခံရာ၌ အရက်ကိုတစ်စက်မှ မထိတော့ပေ။
“တကယ်ကြီးလား.. ဘီယာတစ်ခွက်လောက်ရော မရဘူးလား”
လူတိုင်းက တပြိုင်နက်တည်း အော်လိုက်၏။ ယွင်ချဲ့သည် မကောင်းဆိုးဝါးတစ်ကောင်နှင့် တူပေ၏။ အထူးသဖြင့် သူက သာမန်တိုက်ပွဲများအတောအတွင်း ရက်စက်ကြမ်းကြုတ်သောကြောင့်ဖ်ြသည်။ မည်သို့ပင် ကြည့်စေကာမူ အားနည်းသည့်ပုံရိပ်နှင့် အံဝင်ခွင်ကျ ဖြစ်မနေပေ။
“ငါပြောမယ် မင်းတို့အားလုံး ဒီလို ဆက်လုပ်နေဦးမှာလား မဟုတ်ရင် ငါစားတော့မယ် ငါ ဗိုက်ဆာနေတာကြာပြီ”
သူ၏အစ်မက မြင်နေသောကြောင့် ယွင်ချဲ့လုပ်နိုင်တာ ဘာမှမရှိပေ။ သူက အရှက်မရှိ ခွက်ကိုယူပြီးနောက် ထိုင်ချလိုက်၏။
“ဒါဆို အစ်ကိုချဲ့ ဘာလို့တစ်ငုံလောက် မသောက်တာလဲ”
ယနေ့ လူတိုင်းက ပျော်ရွှင်နေ၏။ နှစ်ဖွဲ့လုံး အတူတကွ ဆုံစည်းရတာ ရှားပါးလွန်းသည်။ အခြေအနေကို ပြောင်းလဲရန်အလို့ငှာ သူတို့အတွေးကမူ ကျိုးဇယ်ယွီနှင့် မတူပေ။ သူတို့က ယွင်ချဲ့၏ အရက်သောက်နိုင်စွမ်းက ယွင်ယောင်ပြောသလောက်ဆိုတာ မြင်တွေ့ချင်နေကြသည်။
“ရတာပေါ့”
ယွင်ချဲ့က စဉ်းစားမနေဘဲ သဘောတူလိုက်၏။ လူတိုင်းက ခွက်တိုက်တော့မည့်အချိန်၌ သူကမြေပဲကို ဝါးစားပြီးနောက် ပြောလိုက်သည်။
“ဒါပေမဲ့ ငါဗိုက်ပြည့်တဲ့အထိ စောင့်ရမယ်”
“ဟမ်”
သူ တစ်ငုံတောင် မသောက်နိုင်တာ ဖြစ်နေမလား။
လူတိုင်းက မျက်လုံးပြူးကျယ်လျက် စိုက်မကြည့်ပဲ မနေနိုင်တော့ချေ။ မဟုတ်လောက်ပါဘူးနော် တကယ်ကြီး မသောက်နိုင်တာလား။
“ချန်ချန် ဒါက ဝက်နံရိုး အရသာရှိတယ် ပိုစား”
သို့သော် ယွင်ချဲ့က သူတို့ကို စကားမပြောတော့ဘဲ သူ၏တူလေးကို ဝက်နံရိုးတစ်ဖက် ထည့်ပေးလိုက်သည်။ တူအရီးနှစ်ယောက်က ပျော်ရွှင်နေလေ၏။ ကျန်သည့်သူများက ရှင်းဖုန်းကို တညီတညွတ်တည်း ကြည့်လိုက်၏။ ရှင်းဖုန်းက ခေါင်းမော့ပြီးနောက် ခွက်ထဲရှိ ဝိုင်များအားလုံးကို သောက်လိုက်သည်။ အနားရှိလူတိုင်းက စတင်ကျိန်ဆဲကြတော့၏။
“တကယ်ပါပဲ ဆင့်ခေါ်ထားတဲ့ သားရဲကတော့ တကယ်ဆင့်ခေါ်ခံ သားရဲတစ်ကောင်ပဲ ဒီလိုကိစ္စမျိုးကို ငြင်းတောင်မငြင်းလိုက်ရဘူး”
“အမ် သန္ဓေပြောင်း ဝံပုလွေရဲ့အသားက တကယ် အရသာရှိတယ်လို့ ငါ့ကို မပြောနဲ့နော် စပ်လွန်းသလားလို့”
ချူးဟောင်လင်က ရွှေရောင်သန်းသည်အထိ ကြွပ်အောင်ကင်ထားသော ဝံပုလွေခြေထောက်သားတစ်ဖဲ့ကို ယူပြီး ပါးစပ်ထဲပစ်ထည့်လိုက်၏။ သူက၎င်းကို အမှန်တကယ် ပျော်ရွှင်စွာ စားသောက်နေ၏။ ၎င်းက အရသာရှိသရွေ့သူက မျက်နှာသာပေးမှာပဲဖြစ်သည်။ “သန္ဓေပြောင်းဝက်ဝံက ပြောရကင် တောရိုင်းတိရစ္ဆာန်ပဲလေ သူကစပ်ရင် ဘယ်လိုလုပ်အညှီနံ့ ပျောက်နိုင်မှာလဲ မှန်တယ်ထင်တာပဲ”
ကုမင်ရွှမ်းသည် ဝံပုလွေသားနှင့်ချက်ထားသည့် ဟင်းလျာမျိုးစုံကို စားသောက်နေစဉ် ပြောလိုက်တော့၏။
“မင်းက အဲ့လိုပဲ တွေးမိမှာပေါ့ မင်းနဲ့ခေါင်းဆောင်က မျိုးစိပ်တူတူပဲ မင်းတို့ရဲ့ အကြိုက်က ပုံမှန်မှ မဟုတ်တာ”
အံ့အားသင့်ဖွယ်မရှိပဲ ကုမင်ရွှမ်း၏မှတ်ချက်က ချူးဟောင်လင်၏ အပြောအဆိုနှင့် ဆုံတွေ့မိသွားသည်။ အစပ်သိပ်မစားနိုင်သော ယွီဝမ်ချင်းကလည်း ခေါင်းညိတ်ပြီး ပြောလိုက်၏။
“စပ်လွန်းတယ် အဖွဲ့မှူးချင်က နောက်မှ ချက်ဖို့အတွက် ငရုပ်မှုန့်တချို့ သိမ်းထားသင့်တယ်လို့ အကြံပြုရမယ် စားစရာ ထပ်မရှိတော့ရင် ဘယ်လိုလုပ်မလဲ”
“ဟုတ်တယ် ဟုတ်တယ် အစပ်အရသာ မရှိရင်တောင် ခေါင်းတောင်က စပ်တဲ့စားစရာတွေကို မကြိုက်ဘူး ဒါကြောင့် နောက်ဆို အဖြူထည်တွေပဲ စားချင်ရင် ဘယ်လိုလုပ်မလဲ”
အကူအညီပေးသူ တစ်ယောက်ဖြင့် ချူးဟောင်လင်က လင်းရန်ကို မှန်ကန်ဖြောင့်မတ်ပုံ မပြောနိုင်တော့ပေ။ သို့သော်
“နှစ်ယောက်လုံးကို တကယ် ကျေးဇူးတင်တယ် ဒါပေမဲ့ ရှောင်ချဲ့က ငရုပ်မှုန့်တွေအများကြီး သိမ်းထားတယ် ဒါနဲ့ ငရုပ်မျိုးစေ့တွေလည်းရှိပြီး အဲ့ဒါတွေက အစပ်ဆုံးလေ ငါ့အတွက် စိတ်ပူနေစရာမလိုဘူး”
ရှောင်ဖုန်းသည် အဆီများဖြင့် နူးညံ့သော ငါးအသားကို ဖြည်းဖြည်းချင်းယူပြီး ယွင်ချဲ့အတွက် ထည့်ပေးလိုက်သည်။ ပြီးနောက် သူက အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။ ဟောင်လင်နှင့် ယွီဝမ် နှစ်ယောက်လုံး အံ့ဩစွံ့အသွားကာ သူတို့၏တူများလည်း ပြုတ်ကျလုနီးပါး ဖြစ်သွား၏။ ပြီးနောက် မကျေမချမ်းဖြစ်သည့် အရိပ်အယောင်ဖြင့် ယွင်ချဲ့ဘက်ကို လှည့်ကြည့်လိုက်သည်။
“ငရုပ်မှုန့်တွေပိုရှိပြီး ဘာမှလုပ်စရာ မရှိဘူးလို့ ထင်နေတာလား ဒီနေ့ ဟင်းလျားထဲမှာ လတ်လတ်ဆတ်ဆတ် အစပ်ဟင်းတွေက သူတို့ရဲ့ အစာအိမ်ကို နာလာစေသလိုပဲ”
“ဟီးဟီး ဒါက အနောက်တောင်ဘက်ဒေသလေ အစ်ကိုယွီ ဒီလောက်အရသာရှိတဲ့ စားစရာတွေကို လွဲချော်သွားပြီနော်”
သူတို့ စောဒကတက်မှာ မလုံလောက်မှာကို စိုးရိမ်နေသည့်ပမာ ကျိုးဇယ်ယွီသည် ကြော်ထားသည့် ဝက်အူချောင်းကြော်ကို ယူပြီး ပါးစပ်ထဲသွပ်ထည့်ကာ ပြောလိုက်လေ၏။ လတ်လတ်ဆတ်ဆတ်အသားများ ငရုပ်ကောင်းမှုန့်များဖြင့် အင်မတန် စပ်နေသော်သည့် ၎င်းကို မြင်သည့်အချိန်၌ ယွီဝင်ချင်း၏ ဦးရေဖျားများ ထုံကျင်သွားစေ၏။ ပြီးနောက် သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ အလှည့်အကြောင်းကို ကာကွယ်နေသော ယဲ့ရှင်းချန်မှအပ လဲ့၊ ယဲ့ရှင်းချန်နှင့် အစပ်သိပ်မစားနိုင်သည့် ဖက်တီးချန်မှအပ ထိုနှစ်ယောက်က ပိုတောင် စိတ်ဓာတ်ကျနေပုံပေါ်၏။
ကမ္ဘာပျက်ကပ် မတိုင်မီက လည်ချောင်းကာကွယ်နေကျဖြစ်သည့် ယဲ့ရှင်းချန်၊ အစပ်စားရန် ငယ်ရွယ်လွန်းသည့် ယွင်ချန်မှ လွဲလျှင် ကျန်သည့်သူများ အားလုံးက အစပ်ကြိုက်သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်က ပိုတောက် စိတ်ဓာတ်ကျပုံ ပေါ်လာတော့သည်။
“ဟားဟား ဒါက အနောင်တောင်ဒေသလေ အစ်ကိုယွီနဲ့ အစ်ကိုချူး ကျင့်သားရအောင်လုပ်ထားနော် မဟုတ်ရင် အရသာရှိတဲ့စားစရာတွေ အများကြီး တကယ်လွဲချော်သွားလိမ့်မယ်”
စားပြီးခါနီးပြီဖြစ်သော ယွင်ချဲ့က တူကိုချပြီး သူ့နဖူးကို ထပ်ရိုက်ကာ ပြောလိုက်သည်။ “ငါ့ရဲ့ မှတ်ဉာဏ်ကို ကြည့်ပါဦး အမျိုးသားတွေက ဝံပုလွေသား လျော့စားသင့်တယ် မဟုတ်ရင် ဝံပုလွေတစ်ကောင် ဖြစ်လာလိမ့်မယ်”
“ဟမ်”
လူတိုင်းက ယွင်ချဲ့ကို အာရုံစိုက်လာပြန်၏။ ယွင်ချဲ့က အပြစ်ကင်းသည့်ပုံဖြင့် ရယ်မောလိုက်သည်။
“ခင်ဗျားတို့အားလုံး ခန့်မှန်းပြီးသားဖြစ်မှာပဲ သန္ဓေပြောင်းသားရဲရဲ့ အသားက ကျုပ်တို့အတွက် ထောက်ပံ့ပေးနိုင်တယ်။ အမျိုးသမီးတွေက အဆင်ပြေတယ် ဒါပေမဲ့ အမျိုးသားတွေက စားလွန်ရင်တော့ ဘေးထွက်ဆိုးကျိုး များလွန်းမှာ”
သူတို့အားလုံးက အမျိုးသားများဖြစ်သည်။ မည်ကဲ့သို့ နားမလည်ဘဲ နေမည်နည်း။
“ဘာကြောင့် မင်း စောစောမပြောတာလဲ အားလုံးစားလို့ ကုန်ခါနီးပြီလေ”
အမျိုးသားတစ်စုက ငိုကြွေးချင်သော်ငြား မျက်ရည် မရှိပေ။ သူတို့က ခေါင်းဖြင့်တောင် လောင်းကြေးထပ်ရဲ၏။ ယွင်ချဲ့တမင်တကာ လုပ်တာပဲဖြစ်သည်။
“ဒီည ကိုယ်နဲ့ အိပ်မှာလား”
သူ့ဘေးရှိ ရှင်းဖုန်းက ကပ်မှီလာပြီး နားနား တီးတိုး ကပ်မေးလိုက်၏။ ယင်းက သူ၏အမှားပဲဖြစ်သည်။ ဒီပြဿနာကို သူကိုယ်တိုင် ဖြေရှင်းရတော့မည်။
“ခင်ဗျားမှ ရွှေညာလက်ရှိတယ်မလား”
ယွင်ချဲ့က တစ်ရှူးအစိုကို ထုတ်ပြီးနောက် ဖက်တီးလေးချန်၏ ဆီများဖြင့် ပြည့်နေသော လက်ဖောင်းဖောင်းလေးများကို သုတ်ပေးလိုက်၏။ မူလက ရှင်းဖုန်းနှင့်အတူအိပ်ရန် စီစဉ်ထားတာပဲဖြစ်သည်။ သို့သော် ရှင်းဖုန်းက ထိုသို့ပြောလာပြီးနောက် ထပ်စဉ်းစားရတော့သည်။ ဝံပုလွေသားစားခြင်းက ကာမအားတိုးဆေးကို စားလိုက်ခြင်းနှင့်တူ၏။ ရှင်းဖုန်းနှင့်သာ အမှန်တကယ် အိပ်ခဲ့လျှင် နောက်ရက် အနည်းငယ်အတွင်း သူ အိပ်ရာထဲမှာ ထနိုင်ပါမည်လော။
“မင်းကို တွေ့ချိန်ကစပြီး ရွှေညာလက်က ကျိုးသွားပြီ”
ရှင်းဖုန်းက သူ့ကို မည်ကဲ့သို့ ထွက်ပြေးခွင့်ပေးမည်နည်း။
ဖက်တီးလေးချန်က သူတို့နှင့်အလွန် နီးကပ်စွာရပ်နေပြီး မျက်တောင်ခတ်လျင် အပြစ်ကင်းစွာ မေးလိုက်တော့သည်။
“ဦးဦးရှင်း ရွှေညာလက်ဆိုတာ ဘာကိုပြောတာလဲ”
“ခွီး.. ခွီး..”
ကျီးကန်းတစ်စုက ခေါင်းထပ်ကနေ ပြန်ပြေးသွား၏။ ရှင်းဖုန်းနှင့် ယွင်ချဲ့တို့က နှုတ်ခမ်းထောင့် မတွန့်ေကွးဘဲ မနေနိုင်တော့ချေ။ သူ့နားတစ်ဝိုက်ရှိ စူးရှသော အကြည့်များကလည်း ရှိလာလေ၏။ မည်မျှပင်ဆိုစေကာမူ သူတို့လည်း မထိန်းနိုင်တော့ပေ။ ထိုအရာအားလုံးကို ဖြစ်စေသော လက်သည်တရားခံကတော့ အပြစ်ကင်းစွာ မျက်တောင်ခတ်နေသေး၏။ တစ်ဖက်တွင်မူ ယွင်ယောင်က ဖက်တီးေလးချန်ကို အမြန်ခေါ်သွား၏။
“ကြည့်တာ လုံလောက်ပြီလား”
ခဏအကြာတွင် ရှင်းဖုန်း၏ မျက်နှာက ဖြူဖျော့လာလေ၏။ ချောင်းဟန့်သံများ တစ်သံပြီးတစ်သံ ပေါ်လာသည်။ ထိပ်ဦးအဖွဲ့သည် မူလက ယွင်ချဲ့၏ ကံဆိုးမိုးမှောင်ကျမှုကို ပျော်ရွှင်နေခဲ့တာပဲဖြစ်သည်။ သို့သော် ယွင်ချဲ့ ပြုံးနေပုံက အပြုံးမမြည်။ သူတို့အတွက် တွင်းတူးထားပြီး သူတို့ခုန်ချမှာကို စောင့်နေပုံ ပေါ်နေသောကြောင့်သူတို့က ကြောက်လန့်တကြားဖြင့် တိတ်ဆိတ်ကုန်ကြလေ၏။ ခန္ဓာကိုယ်က အလိုလို တုန်ရင်လာကာ သူတို့၏တည်ရှိမှုကို သေးနိုင်သမျှ သေးအောင် ကျုံ့ကျုံ့လေးနေကြတော့သည်။ ချောင်ယန်းမိသားစု ခေါင်းဆောင်ရှင်းကလည်း အလွန်ကြောက်မက်ဖွယ်ကောင်း၏။ သူတို့ညီအစ်ကိုချဲ့က သားသတ်လွတ်သမား မဟုတ်ပေ။ သူတို့နှစ်ယောက်ကြား စနောက်တာက လျော့လျှင် ပိုကောင်းမည်။
“ခေါင်းဆောင်”
ထိုစဉ် အရပ်မြင့်မြင့်ဖြင့် လူက အရွယ်အားတူညီသည့် လူတစ်စုကို ခေါ်ပြီး ရောက်လာ၏။ ဆံပင်တိုတိုဖြင့် သေရည်ခွက်ကို ကိုင်ထားသည့် အမျိုးသမီးတစ်ဦးလည်းပါလာသည်။ ဒီတော့မှ ရှင်းဖုန်းက အကြည့်လွှဲလိုက်၏။ နှစ်ဖက်လုံးက လေပူများ ရှူထုတ်လိုက်သည်။ ကံကောင်းသည်မှာ သူတို့က အကြည့်ဖြင့် မသတ်နိုင်သည်။ မဟုတ်ပါက သူတို့အပိုင်း၌ ခုတ်ထစ် ခံရလောက်ပြီဖြစ်သည်။
“ခေါင်းဆောင်”
ရှင်းဖုန်းက လှည့်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။ ပြီးနောက် ယွင်ချဲ့ကိုပါဆွဲခေါ်ကာ ပြောလိုက်တော့သည်။
“ဒါက ကွမ်းယဲ့ မြို့တော်မှာ တာဝန်ယူထားတဲ့သူ သူ့နောက်က သူတွေက အဖွဲ့အသီးစီးရဲ့ ခေါင်းဆောင်တွေပဲ”
“မင်္ဂလာပါ ထိပ်ဦးအဖွဲ့ရဲ့ ယွင်ချဲ့ပါ”
ရှင်းဖုန်း၏ လူများကလည်း သူ့လူများထဲမှပဲဖြစ်သည်။ ထို့ကြောင့် ယွင်ချဲ့သည် ဖော်ရွေသည့်ပုံဖြင့် နှုတ်ဆက်ရန် လက်ဆန့်တန်းလိုက်၏။
“မင်္ဂလာပါ ခေါင်းဆောင်ယွင် အစ်ကိုချူးက ခင်ဗျားဘယ်လောက် အံ့ဩဖို့ကောင်းကြောင်း ပြောတာကို ကြားဖူးပါတယ် ဒီနေ့ နောက်ဆုံးတော့ ခင်ဗျားကို တွေ့ခွင့်ကပြီပဲ”
သူ့လက်ကို ကိုင်ထားလိုက်ပြီး ကွမ်ယဲ့ကာသူ့ကို တစ်ကြိမ်နှုတ်ဆက်လိုက်သည်။ သို့ေသာ်ငြား စိတ်ပါဝင်စားမှုမရှိပေ။ သူပြောတာကိုကြားပြီး ယွင်ချဲ့က ကြည့်ကာ ပြောလိုက်ေတာ့၏။
“ညီအစ်ကိုချူးပြောတာကို ယုံကြည်တာပဲလား သူက စတာကလွဲရင် သူ့ပါးစပ်က ဘာမှမှသုံးလို့မရတာ”
“ဟေ့ဟေ့ အစ်ကိုချဲ့ ပုဂ္ဂိုလ်ရေးမတိုက်ခိုက်နဲ့လေ”
“ဟားဟား”
ချူးဟောင်လင်က ချက်ချင်း ပေါက်ကွဲတော့၏။ လူတိုင်းက ရယ်မောတော့သည်။ ကွမ်ယဲ့က လက်ဝှေ့ရမ်းလျက် ပြောလိုက်၏။
“တကယ် အပိုစကားပြောတာ မဟုတ်ပါဘူး ညီအစ်ကိုချူးပြောတာကတော့ ခေါင်းဆောင်ယွင်က ကျုပ်တို့ရဲ့ မရီးတဲ့ တကယ် အင်အားကြီးတာပဲ”
“အစ်ကိုကွမ် တကယ်ကြီးတစ်ယောက်ယောက်ကို ဖုံးကွယ်ပေးဖို့ ကြိုးစားနေတာလား”
အဝေးရှိ လူအားလုံး၏ နားလည်သဘောပေါက်သော အကြည့်အောက်တွင် ချူးဟောင်လင်က အံ့ဩစွံ့အနေသည်။ သူတို့က ပွဲကြီးပွဲကောင်းကြည့်ရန် စောင့်နေတာပဲဖြစ်သည်။
“ဟုတ်တယ်လေ”
ရှင်းဖုန်းက ထောက်ခံကြောင်း ခေါင်းညိတ်လိုက်၏။ ယွင်ချဲ့က တောက်ပစွာ ပြုံးလိုက်သည်။ ရုတ်တရက် သူက ဖက်တီးလေးချန်ကို ပွေ့ဖက်ပြီး ပြောလိုက်ေတာ့၏။
“လာဦး ချန်ချန် သူတို့ကို ပြောပြလိုက် ဦးဦးနဲ့ ဦးဦးရှင်းက လက်ထပ်ပြီးရင် ဦးဦးရှင်းကို ဘယ်လိုခေါ်ရမလဲ”
“ဒေါ်လေးလား”
“ခွီး..”
ဖက်တီးလေးချန်၏ အဖြေက အင်မတန် မသေချာမရေရာ ဖြစ်နေ၏။ သူ၏မိခင်ကို မေးရန် အခွင့်အရေးတောင် အရလိုက်ခင် ဒေါ်လေးဟူသည့်စကားက လူတိုင်း၏နားထဲ ရောက်သွားပြီး သူတို့က ရှင်းဖုန်းပေါ် အခြားတစ်ယောက်ကို အမှုမထားဘဲ စိတ်လှုပ်ရှားလွန်းသောကြောင့် တသိမ့်သိမ့် ရယ်မောမိကြတော့သည်။
ယွင်ချဲ့သည် ဒေါ်လေးဟူသော အမည်နာမသည် အမျိုးသမီးတစ်ေယာက်ကို ရည်ညွှန်း၏။ သူတို့မိသားစု၏ အရပ်မြင့်မြင့် ချောမောခန့်ညားသော ဘော့စ်နှင့် တကယ် မကိုက်ညီပေ။
ကံကောင်းမှုကို အလွယ်တကူ ပြန်ရရှိလိုက်သော ယွင်ချဲ့က ယွင်ချန်ကို တုတ်ထိုးသကြားလုံးတစ်ချောင်း ထုတ်ပြီး ဆုချလိုက်၏။ သူတို့က သူ့ကို နောင်က မရီးဟု ခေါ်ရဲလျှင် သူက ရှင်းဖုန်းကို ဒေါ်လေးဟု တစ်ချိန်လုံး ခေါ်ရန် ချန်ချန်ကို သင်ထားပေးမည်။ မည်သူဦးစွာ တတ်မည်ဆိုတာ ကြည့်ကြမည်။
“မင်းက မရီးလား ကိုယ်ကပဲ ဒေါ်လေးလားဆိုတာ သိအောင် ညကျ လေ့လာကြတာပေါ့”
ယခုအခေါက်တွင် သူက စူးစမ်းသောလေသံဖြင့် ပြောရန် မလိုတော့ပေ။ ခိုင်မြဲသည့်လေသံဖြင့် တန်းပြောလိုက်လေ၏။ အဓိပ္ပာယ်က အလွန်ရိုးရှင်းသည်။ ယွင်ချဲ့က ထွက်ပြေးရန် တွေးတောင် မတွေးလေနှင့်။
“အား ခင်ဗျားဘာပြောလဲ မကြားရဘူး”
မျက်တောင်ခတ်လျက် ယွင်ချဲ့သည် သူ၏တူလေးကို ရုတ်တရက် ကောက်ချီလိုက်တော့၏။ ပြီးနောက် ဟေးယွီကို ခေါ်ရန် မမေ့ပေ။
“ဟေးယွီက ထွက်သွားပြီ မင်းကိုယ်မင်းကြည့်ပါဦး ဝံပုလွေဘုရင်တောင် မင်းကို ကြောက်နေတာ မလာရဲဘူး။ မြန်မြန် ဝံပုလွေဘုရင်ဆီကို စားစရာတွေကို ပြန်ပို့ရအောင် ဗိုက်မဆာစေနဲ့”
ထို့သို့ပြောပြီးနောက် သူသည် ကန်တင်းထဲကနေ ပျောက်သွား၏။ လူတိုင်းက ချွေးများ ပြန်လာသည်။
“ခုနတုန်းက သူတို့ခေါင်းဆောင် ဘာပြောလိုက်တာလဲ အစ်ကိုချဲ့ ဘယ်လောက် ကြောက်စရာကောင်းလဲ ကြည့်လေ”
“သေစမ်း ဘာကြောင့် ငါပဲ အပြစ်တင်ခံရတာလဲ”
သခင်သည် အံ့ဖွယ်သားရဲအတွင် ရပ်တည်ပေးရုံလော။
မှတ်ဉာဏ်များ ပြန်ခေါ်နေသည့် ဟေးယွီသည် စွမ်းအင်ချောင်းကို ပတ်ထားသည့်စက္ကူကို ခွာပြီးနောက် စွမ်းအင်ချောင်းကို ကိုက်လျက် သူတို့နှစ်ယောက်နောက်ကနေ လိုက်သွား၏။ လူတိုင်းကမူ လိုက်ကြည့်နေသည်။ လူတိုင်းက ၎င်းကို မြင်သောအခါ ကြက်သေသေနေလျက် ဘာဖြစ်နေမှန်း မသိကြပေ။