YMR အခန်း ၁၁၁

အခန်း (၁၁၁)

အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပြီး ကပ်ဘေး ဆိုက်ချိန် နှစ်လကြာပြီးနောက် မေလသို့ရောက်လာရာ ရာသီဥတုမှာလည်း တဖြည်းဖြည်းနှင့် ပူနွေးလာလေသည်။ သက်ဆိုင်ရာများက ဖုတ်ကောင်များကို ရှင်းလင်းကြသည့် လူများနှင့် အဖွဲ့များကို ဖုတ်ကောင်များ ရှင်းလင်းပြီးလျှင် မြေမြှုပ်ခြင်းနှင့် မီးလောင် တိုက်ခြင်းတို့ဖြင့် ရှင်းလင်းရန် ထုတ်ပြန်ထားသည်။ မဟုတ်လျှင် ဆိုးဝါးသော အနံ့အသက်များနှင့် လေထုကို ညစ်ညမ်းစေလိမ့်မည် ဖြစ်သည်။

ထိုကိစ္စမှာ စွမ်းအားရှင်များ အတွက် အလွန် လွယ်ကူသဖြင့် သူတို့အတွက် ထွေထွေထူးထူး အခက်တွေ့ခြင်း မရှိပေ။ ကုန်ဆုံးခဲ့သော နှစ်လအတွင်း အမြုတေ၏ အသုံးဝင်ပုံများကို ချောင်ယန်း အဖွဲ့နှင့် ထိပ်ဉီးအဖွဲ့တို့က ပြောပြခဲ့သဖြင့် လူအများ သိရှိခဲ့ကြသည်။ သူတို့သည် တာဝန်လုပ်ဆောင်ရာတွင် အခြားအဖွဲ့များကို ခေါ်သွားတတ်သဖြင့် အခြားသော အဖွဲ့များက သူတို့ကို အားကိုးအားထား လာကြသည်။ စွမ်းအားများကို ထုတ်ဖော်ပြီးသော အဖွဲ့များက ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့ ဉီးဆောင်ရာ နောက်မှလိုက်လျှင် သူတို့၏ ပန်းတိုင်နှင့် ပို၍မြန်မြန်ရောက်သွားတတ် ကြသည်။

ထိုအတွက် မော့ဝမ်းယန်က ပျော်နေတတ်ပြီး ကျန်သော စစ်တပ် ၂ ဖွဲ့က သဘောမကျကြပေ။ ရက်ပေါင်းများစွာ မေးမြန်းကြပြီးနောက် ချောင်ယန်း အဖွဲ့နှင့် ထိပ်ဉီးအဖွဲ့တို့ လွန်စွာ ရင်းနှီးနေခြင်းက အခြားအဖွဲ့များ အတွက် လျှို့ဝှက်ချက်များ မဖြစ်ကြတော့ပေ။ ချောင်ယန်း၏ ခေါင်းဆောင် ရှင်းဖုန်းက မော့ဝမ်းယန်၏ ညီတစ်ဝမ်းကွဲဖြစ်ပြီး အကယ်၍ ဆက်လက် တိုးတက် မြင့်မားနေသည်ကို မရပ်လျှင် မော့ စစ်တပ်က စခန်းတွင်းသို့ အင်အားသုံး ကျူးကျော်လျှင် သူတို့အတွက် ဆုတ်ယုတ်ခြင်းကိုသာ ဖြစ်စေလိမ့်မည်။

ထိုအချက်အလက်အရ ဝမ်ဝေ့နှင့် ဝေ့ခန်တို့မှာ အကြိမ်အခါများစွာ အစီအစဉ် ဆွဲခဲ့ကြသည်။ နောက်ဆုံး ဆုံးဖြတ်ချက်မှာ သူတို့ စစ်တပ်တွင်းရှိ စွမ်းအားရှင် တပ်သား အချို့ကို သာမန် အသက်ရှင် ကျန်သူများအဖြစ် ဟန်ဆောင်စေပြီး စွမ်းအားရှင် အဖွဲ့အစည်းတွင် တရားဝင် စာရင်းသွင်းစေကာ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့ အောင်မြင် ကျော်ကြား လာမည်ကို တားဆီးရန် လုပ်ဆောင်ရမည် ဖြစ်သည်။ သို့သော် စွမ်းအားရှင် အများအပြား ရုတ်တရက် ပေါ်လာလျှင် သံသယ ဖြစ်နိုင်သောကြောင့် စုဆောင်းယူသည့် အစီအစဉ်ကို လုပ်ကာ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့၏ အဓိက အရေးပါသူများကို စခန်းအပြင်သို့ ခေါ်ထုတ်ရန် စီစဉ်ကြသည်။

“သူတို့က လက်ဉီးမှုကို အရင် ယူထားကြတာ အစိုးရက ဘယ်လိုဘယ်ပုံ ရှိတယ်ဆိုတာ မင်းလည်းအသိပဲ … သူတို့မှာ ငါတို့ရဲ့အစီအစဉ်ကို ဖော်ထုတ်ဖို့နဲ့ ငါတို့ကို အပြစ်ရှိအောင် လုပ်ဖို့ ကြံနေကြတယ်လို့ ငါထင်တယ် .. ဒါက အဖွဲ့တိုင်းရဲ့ အဓိကအရေးပါတဲ့ သူတွေကို တာဝန်အတွက် လွှတ်ရလိမ့်မယ် ချောင်ယန်းနှင့် ထိပ်ဉီးကတော့ သူတို့ရဲ့လက်ရွေးစင်တွေကို ထုတ်ရမှာ ပြောစရာတောင် မလိုတော့ဘူး … တခြား စွမ်းအားရှင်တွေကနေ ခက်ခက်ခဲခဲ ရခဲ့တဲ့ ယုံကြည်မှုဆိုတာ ဒီနေရာမှာ ကြာကြာ အသုံးမဝင်ဘူး .. ဒီတာဝန်ကို အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ သူတို့အတွက် ဘာမှ မနစ်နာသွားဘူး”

တာဝန်ရှိသူများ၏ စည်းဝေး ဆုံးဖြတ်ခြင်း ပြီးနောက် မော့ဝမ်းယန်က ရုပ်ဖျက်ကာ ချောင်ယန်း အဖွဲ့သို့ ရောက်လာခဲ့သည်။ ပေါ့ပေါ့ပါးပါး နေတတ်သူက ယနေ့တွင် ဗိုလ်ချုပ်တစ်ယောက် ကဲ့သို့ တည်ကြည်စွာ ပြုမူပြောဆို နေပေသည်။

“တာဝန်က ပြီးဆုံးသွားပြီ ဆိုတာနဲ့ သူတို့လည်း အစီအစဉ်ကို လုပ်နေကြလောက်ပြီး .. တကယ့်လို့ ဆန့်ကျင်ဘက် ဖြစ်သွားမယ်ဆိုရင် ရှုံးနိမ့်မှုက ချောင်ယန်းနဲ့ ထိပ်ဉီးအဖွဲ့ကို သိက္ခာကျစေလိမ့်မယ်”

မျက်မှန်ကို ပင့်တင်လျက် ကူးမင်ရွှမ်း ထပ်ပြောလိုက်ရာ ရှင်းဖုန်းလည်း ခေါင်းညိတ်လျက် ထောက်ခံလိုက်သည်။

“အသေအချာပဲ ကျုပ်တို့ သွားနေတဲ့အချိန် သူတို့ တစ်ခုခု လုပ်ကြလိမ့်မယ် သူတို့လည်း ရာထူးကြီးတွေပဲလေ တုံးအကြတာမှ မဟုတ်ဘဲ .. သူတို့အကြံက ကျုပ်တို့ကို ပြဿနာ ကြုံရအောင် လုပ်ဖို့ပဲလေ .. စခန်းကလည်း ပုံမှန်လေးပဲ တိုးတက် လာနေတာ .. အနောက်တောင် စခန်းကနေ ပထုတ်ခံရမှာ မကြောက်ရင်တော့ သူတို့လုပ်ရဲကြမယ် မထင်ဘူး .. အခုတော့ ဘာမှမလုပ်နဲ့ဉီး ဖြစ်လာမှပဲ ဘယ်လိုရှင်းမလဲ ကြည့်တာပေါ့ .. ဉီးလေးကရော ဘာပြောသေးလဲ”

ချောင်ယန်း အဖွဲ့တွင် ရှင်းဖုန်း မရှိလျှင်တောင်မှ လာဘ်ကောင်အဖြစ် အိမ်ထဲတွင်သာ အမြဲနေလေ့ရှိသော ကူးမင်ရွှမ်းကြောင့် သူတို့ကို အခြားသူများ ရန်ရှာနိုင်ခွင့် မရှိပေ။

“ငါ့အဖေက ဘာပြောလဲဆိုတော့ ငါတို့ကို စောင့်ကြည့် နေကြပေါ့တဲ့ … မင်းလည်း ငါ့အဖေကို သိပါတယ် … ကမ္ဘာပျက်ရင်တောင် မျက်တောင် တစ်ချက်ခတ်မယ့် သူမှ မဟုတ်တာ”

သူ၏ဖခင်ဖြစ်သူ အကြောင်း ပြောလိုက်စဉ် မော့ဝမ်းယန်၏ တည်ကြည်မှုပျောက်ကွယ်သွားပြီး ခုံပေါ်တွင် မှီလိုက်သည်။ မော့စစ်တပ်မှာ အမှန်လျှင် ရှင်းစစ်တပ်ဟုခေါ်ရမည်ဖြစ်ပြီး အကြောင်းမှာ မော့ဝမ်းယန်၏ အမေ ရှင်းထျန်းလန်က ဒုဗိုလ်မှူးဖြစ်ပြီး တစ်နိုင်ငံလုံးတွင် ပထမဆုံး အမျိုးသမီး ဗိုလ်မှူး တစ်ယောက်ဖြစ်သည်။ သူမ၏ရာထူး အဆင့်မှာ ဒုတိယ ဗိုလ်ချုပ်ဖြစ်နေချိန် မော့ဝမ်းယန်၏ အဖေ မော့ကျန်းချန်မှာ မော့စစ်တပ်၏ အရာရှိတစ်ယောက် ဖြစ်နေသည်။ သူတို့၏ရာထူးမှာ မတိမ်းမယိမ်း ဖြစ်နေပြီး ကပ်ဘေးမဖြစ်မီက မော့ကျန်းချန်က ရှင်းထျန်းလန်ထက် ပို၍ရာထူးမြင့်သည်။ သို့သော် ရုံးထဲတွင်သာ အလုပ်လုပ်ခဲ့သည့် အချိန်မှစ၍ စစ်သားတစ်ယောက်ထက် စာရေးစာချီ တစ်ယောက်သာ ဖြစ်ခဲ့ရသည်။

“ဉီးလေး ဆုံးဖြတ်တာ မမှားပါဘူး … စိတ်မပူပါနဲ့ ခင်ဗျားရဲ့ အဖေအမေက အရာရာကို ကြီးကြပ် ပေးလိမ့်မယ်”

သူ၏အဒေါ် မည်မျှ မာကျော သန်မာကြောင်း ရှင်းဖုန်း သေချာသိသည်။ သူမ၏အဖေက လေ့ကျင့်သင်ကြား ပေးခဲ့သောကြောင့် သူမသည် အခြားသော ယောကျ်ားသားများ ထက်ပင် ပို၍သန်မာသည်။ သူမသည် လက်ထပ်ရန် ငြင်းဆိုခဲ့ပြီး စစ်တပ်ကိုသာ အမှုထမ်းမည်ဟု ပြောခဲ့သဖြင့် သူမ၏မိဘတို့ အတွက် အလွန်ခက်ခဲခဲ့သည်။ သို့သော် သူမ၏တပ်အဖွဲ့မှ အရာရှိတစ်ယောက်က သူမ၏နှလုံးသားကို အနိုင်ယူသွားရာ အခြားသူများလည်း အံ့အားသင့်ခဲ့ကြသည်။ မော့မိသားစုမှာ နိုင်ငံရေးနှင့် ဆက်နွှယ်သော စစ်တပ်မိသားစု ဖြစ်သောကြောင့် ရှင်းမိသားစုကလည်း မကန့်ကွက်ခဲ့ကြသော်လည်း မော့မိသားစုက ထိုလက်ထပ်ပွဲအတွက် မပျော်ရွှင် ပေးခဲ့ကြပေ။ ရှင်းဖုန်း၏ အဒေါ်က အလွန် ကြံ့ခိုင်သန်မာသူ ဖြစ်သည့် အလျောက် သူမအား ဝေဖန်ပိုင်းခြားခြင်းကို သူမ သည်းမခံနိုင်ပေ။ မော့ကျန်းရှန် ကလည်း မိသားစုနှင့် ဇနီးမယားကို စိတ်မညစ်စေရန် အတွက် တိုင်ပင် ဆုံးဖြတ်ပြီး နောက်တွင် အနောက်တောင် ဒေသသို့ပြောင်းရွေ့ရန် စာတင်ခဲ့သည်။

“အင်း ငါသိပါတယ် … ဒါနဲ့ မင်းအိမ်က အိမ်စောင့် တောကောင်ကြီးရော အဆင်ပြေရဲ့လား”

ရှင်းဖုန်း အိမ်မှ အိမ်စောင့် တောကောင်ကြီးမှာ မော့ဝမ်းယန်ကို အတိတ်တလန့် ဖြစ်စေပြီး ကြက်သီးများပင် ထသွားလေသည်။ သူ့ဘဝတွင် ထိုကဲ့သို့ တစ်ခါမှ အရိုက်အနှက် မခံဖူးပေ။ ပို၍ စိတ်ထိခိုက်ရသည်က သူ၏အမေပင်လျှင် မော့ဝမ်းယန် အပေါ် ယွင်ချဲ့ လုပ်ခဲ့သည်ကို ချီးကျူးနေပြီး သူ့ကို ဆုချချင်သွားသည်ဟု ပြောလာခဲ့သည်။ မော့ဝမ်းယန်မှာ ထိကိစ္စနှင့် မကျေမနပ်ဖြစ်သောကြောင့် ယွင်ချဲ့ အနားသို့ပင် မကပ်ချင်တော့ပေ။

“ဘာအိမ်စောင့် တောကောင်လဲ .. ချဲ့က အစ်ကိုပြောသလို သိပ်မဆိုးပါဘူး”

ယွင်ချဲ့အား မော့ဝန်းယန် အလွန် ကြောက်ရွံ့ နေသည်ကိုကြည့်ကာ ရှင်ဖုန်း သဘောကျစွာ ရယ်အောသည်။

“ဘယ်လို ! သူလား ကြောက်စရာ မကောင်းတာ … လူမဆန်ဘူး ပြောတာနဲ့တင် မလုံလောက်ဘူး။ မင်းပဲ သူ့ကိုကောင်းတယ် ထင်နေလိုက် … မင်းက သူရဲ့အစောင့်အရှောက်ကြီးလို့ ကြားနေတယ် ဟုတ်လား”

ရှင်းဖုန်း၏ ပခုံးပေါ်ကို မော့ဝမ်းယန် လက်တင်လျက် စနောက်ဟန်ဖြင့် မေးလိုက်သည်။

“ဒီတော့ ကျွန်တော်တို့က သားရဲစုံတွဲ ဖြစ်နေတယ်မလား”

ပြန်လည် ငြင်းဆိုခြင်းမရှိဘဲ ရှင်းဖုန်း ပြန်လည် ချေပခြင်းပင် မလုပ်တော့ပေ။

“ဟားဟားဟား သနားစရာ ကောင်းလောက်ကို လျော့ကျသွားတာပဲ .. မင်းက အခြားတစ်ယောက်ရဲ့ သားရဲအစောင့် ဖြစ်နေတာကို ယုံတောင်မယုံနိုင်ဘူး”

မော့ဝမ်းယန်လည်း ခဏတာ စိတ်ရှုပ်သွားပြီးနောက် သူ၏ပေါင်ကို ရိုက်ကာ အားရစွာ ရယ်မောလေသည်။

“ခင်ဗျားပြောတာ ကျုပ်မှတ်ထားမယ်”

မော့ဝမ်းယန်ကို နှာခေါင်းရှုံ့လျက် ရှင်းဖုန်း ကြည့်ကာ သူ၏ပခုံးပေါ်မှ မော့ဝမ်းယန် လက်ကို ဖယ်ချလိုက်ပြီး ကိုယ်ကိုကိုင်းကာ လက်ဖက်ရည်ခွက်ကို ယူလိုက်သည်။ မော့ဝမ်းယန် စနောက်နေသူက သူ မဟုတ်သကဲ့သို့ လွန်စွာ အေးဆေးငြိမ်သက် နေသည်။

“အခွင့်အရေးတောင် မရလောက်ဘူး”

ရုတ်တရက် မော့ဝမ်းယန် ရယ်သံ ရပ်သွားပြီး တည်ကြည်သော အကြည့်တို့မှာလည်း မှုန်သုန်ကာ ရင်ထဲမှ စူးရှစွာ နာကျင် သွားလေသည်။ မျက်စိတစ်မှိတ်အတွင်း ၅ နှစ်တာ အချိန်ကုန် လွန်ခဲ့သော်လည်း အခုချိန်ထိ နာကျင်နေလျက်ပင်။ အကယ်၍ ထိုသူ တမလွန်တွင် ရှိနေလျှင် မော့ဝမ်းယန် အတွက် စိတ်မကောင်း ဖြစ်နေမလား။

ထိုအတွေးကို တွေးမိရာ မော့ဝမ်းယန် ခပ်ဖျော့ဖျော ပြုံးလိုက်သည်။ သူစိတ်မကောင်း မဖြစ်နိုင်လောက်ဘူးမလား။ စိတ်မကောင်း ဖြစ်မည်ဆိုလျှင် ဘာကြောင့် စာတစ်စောင်မချန် သတင်းမပေးဘဲ အရင်ထွက်သွားခဲ့ရတာလဲ။

“ရှောင်းထင်ကို သတိရနေတာလား”

မော့ဝမ်းယန် တစ်ယောက်တည်း ထိခိုက် နာကျင်ရသည် မဟုတ်၊ ရှင်းဖုန်းလည်း ထိုအမည်နာမကို ထုတ်ပြောသည့် အချိန်တွင် သူ၏လေသံမှာလည်း အလွန် တိုးလျသွားသည်။ ရှောင်းထင်မှာ သူတို့၏ ကလေး ဘဝကတည်းက သူငယ်ချင်း ဖြစ်ခဲ့သည့်အပြင် ယုံကြည် စိတ်ချရသော လက်မောင်းဖက်ကြီး ပြင်းခဲ့သည့် ညီအစ်ကိုဟု ဆိုလျှင်လည်း မမှားပေ။ သို့သော် ပွင့်သစ်စ ပန်းလေးမှာ လှပစွာ မပွင့်လန်းဘဲ အချိန်မတိုင် ကြွေလွှင့်သွားခဲ့ရသည်။ အကြောင်းမှာလည်း သူတို့ကြောင့် သူ့ကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်သောကြောင့် သူတို့၏ ဝမ်းနည်းပူဆွေးခြင်းက အဆုံးမသတ်နိုင်ပေ။

“ငါက ဘာလို့ သူ့ကို သတိရနေမှာလဲ။ သူလည်း ငါ့ကို သတိမရဘူးလေ .. ငါလွတ်လပ်သွားရင် မိန်းမတွေ အများကြီး ယူပစ်ပြီး သူ့ကို မနာလိုဖြစ်အောင် လုပ်မယ်”

ရင်ထဲမှ ဝမ်းနည်းခြင်းကို ဖုံးကွယ်ကာ မော့ဝမ်းယန် ခေါင်းမော့လျက် ဘဝင်မြင့်စွာ ပြောလေသည်။ မုန်းခြင်းထက် ချစ်ခြင်းက ပိုသောကြောင့် ထိုသို့ ပြောခြင်းပင်။ ရှောင်းထင်မှာ မော့ဝမ်းယန်ကို ငြင်းဆန်ရန် အတွက် သေခြင်းကိုသာ ရွေးချယ်ခဲ့သည်က ငယ်စဉ် ကတည်းက လိုအပ်သမျှ ရရှိခဲ့သူ တစ်ယောက်၏ မာနကို ရိုက်ချိုးလိုက်ခြင်းပင် ြစ်သည်။ မော့ဝမ်းယန် သူ့ကို လုံးဝ ခွင့်မလွှတ်နိုင်ပေ။

“အို ဟို .. တကယ်လား”

ရှင်းဖုန်း ပြောပြီးနောက် ကူးမင်ရွှမ်းကို လှည့်ကြည့်ကာ …

“တစ်ယောက်ယောက်က ဒီစကားကို ပြောနေတာ ခဏခဏပဲနော် .. မင်ရွှမ်း ဘယ်နှခါရှိပြီလဲ ရေထားသေးလား”

ပြီးခဲ့သော နှစ်များတွင် မော့ဝမ်းယန်မှာ မိဘတို့ ကန့်ကွက်ခြင်းနှင့် စစ်တပ် စည်းမျဉ်းများကို ဆန့်ကျင်လျက် ရှောင်းထင်ကို မရရအောင် လိုက်လံ ပိုးပန်းခဲ့သည်။ မော့ဝမ်းယန်သည် ယောကျ်ားလေးများကို နှစ်သက်ကြောင်း စစ်တပ် တစ်ခုလုံး သိထားပြီးဖြစ်သည်။ ရှောင်းထင်က မော့ဝမ်းယန်ကို မငြင်းဆန်နိုင်ဟု တွေးကာ သူတို့နှစ်ဉီး အတူရှိကြတော့မည်ဟု အများတွေးကြသည့် အချိန်တွင် ရှောင်းထင် သေဆုံးခဲ့သည်။ လူအများ အံ့ဩစွာပင် ရှောင်းထင်မှာ တိုက်ပွဲတွင်းတွင် ကျဆုံးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မော့ဝမ်းယန် ဘဝမှာ ပြောင်းလဲလာခဲ့ပြီး သူ၏ ဖျတ်လတ်မှုနှင့် အချစ်စိတ်တို့မှာ ပျောက်ဆုံးလာရာ လူအများသည် မော့ဝမ်းယန်မှာ ပို၍ ဂရုစိုက်ခြင်းမရှိ ပေါ့ပျက်ပျက် နေလာသည်ဟု ထင်မြင်ကြကုန်သည်။ ရှောင်းထင်၏ သေဆုံးမှုက သူ၏ နုပျိုတက်ကြွသော နှလုံးသားကို ယူဆောင်သွားကြောင်း မော့ဝမ်းယန်နှင့် နီးစပ်သူများ သာလျှင် သိကြသည်။

“အနည်းဆုံး ၈ ခါတော့ရှိပြီ .. ရှောင်းထင်သာ ကောင်းကင်ကနေ ကြားရရင် သူတော်တော် ပျင်းနေမှာပဲ”

ကူးမင်ရွှမ်းလည်း ရုပ်တည်တည်နှင့် စနောက်လိုက်သည်။ သူသည်လည်း ထိုကိစ္စအချို့ကို သိရှိနားလည် ထားသူပင်။

“ဟေ့ ဟေ့ ဟေ့ မင်းတို့ ပူးပေါင်းပြီး ငါ့ကိုပညာစမ်းတာလား .. ငါ့မှာလည်း နောက်လိုက် တပ်သားတွေ ပါလာတယ်နော်”

ထိုသို့ မကြာခဏ စနောက် တတ်ကြသဖြင့် မော့ဝမ်းယန် နေသားကျနေပြီ ဖြစ်သည်။

ထိုမှသာ မော့ဝမ်းယန် စိတ်တက်ကြွ လာတတ်သဖြင့် ရှင်းဖုန်းနှင့် ကူးမင်ရွှမ်း တို့လည်း ဘာမှပြန်မပြောဘဲ မကြောက်သည့်ဟန်နှင့် ကြည့်နေလိုက်ရာ မော့ဝမ်းယန်လည်း ရယ်မောကာ …

“မင်းရဲ့ အိမ်စောင့် သားရဲကြီးက လက်ခံမခံ ငါ့ကိုမပြောရသေးဘူးနော် .. ငါသိသလောက်ဆို သူတို့မှာ အဖွဲ့ဝင် အပိုမရှိဘူးမလား။ သူတို့သွားရင် အိမ်မှာ အားနည်းတဲ့ သူတွေပဲ ကျန်ခဲ့တော့မှာ”

မော့ဝမ်းယန်မှာ ယခုတာဝန်အတွက် သူ၏တွဲဖက် အကြောင်းကို စုံစမ်းသိရှိထားပြီး ဖြစ်သည်။

“ချဲ့က သူတို့ကို ဒီတိုင်းထားခဲ့မှာ မဟုတ်ဘူး။ ကျွန်တော် အသေအချာ ပြောရဲတယ် .. ပြီးတော့ မမေ့နဲ့ဉီး သူက ဘေးအိမ်မှာ နေတာ တစ်ခုခုဖြစ်ရင် မင်ရွှမ်း သွားကူပေးလို့ ရတယ်”

ကပ်ဘေး မဖြစ်မီနှင့် ကပ်ဘေး ကာလတွင်းတွင် ကူးမင်ရွှမ်းမှာ အလွန်ဉာဏ်ကောင်း ထက်မြက်ပြီး ဉီးနှောက်က သူ၏လက်နက် ဖြစ်သောကြောင့် မည်သူကမှ သူတို့အပေါ် အကောက်ကြံခြင်း မပြုနိုင်ပေ။

“ဒါပေါ့ .. မင်းသိလား အခုနောက်ပိုင်း မြို့ထဲမှာ သူတို့အကြောင်း အမျိုးမျိုး ပြောနေကြတာ .. ငါကြားရသလောက်ဆို သူတို့က တော်လည်း တော်ကြတယ်တဲ့ သူတို့ရက်စက်တာတောင် နည်းနည်းလေးပဲ ရှိသေးတာကို”

မော့ဝမ်းယန် သူ၏ပါးစပ်ကို သူမထိန်းချုပ်နိုင်ပေ။ အစပိုင်းတွင် အမြင့်သို့တင်ကာ ချီးမွမ်းနေခဲ့သော်လည်း မရေရာသော အချက်ကို ထည့်ပြော လိုက်သေးသည်။

မော့ဝမ်းယန်ကို စကား မပြောလိုသဖြင့် ရှင်းဖုန်း ကော်ဖီခွက်ယူကာ တစ်ငုံမော့သောက်လိုက်ပြီး ကူးမင်ရွှမ်း သည်လည်း ထိုကိစ္စတွင် မပါဝင်လိုသည့် ဟန်ဖြင့် မသိဟန်ဆောင်ကာ နေလေသည်။ မော့ဝမ်းယန်လည်း ကြာကြာနေ၍ မရသဖြင့် မတ်တပ် ရပ်လိုက်ပြီး မပြန်ခင်တွင် …

“ကောင်းပြီလေ အစီအစဉ်အတိုင်း လုပ်ကြတာပေါ့ … မင်းရဲ့အိမ်စောင့်သား… မင်းရဲ့လူကို သေချာပြောထားဉီး မဟုတ်ရင် လွဲကုန်မယ်”

အချိန်ကြာကြာ သေချာစီစဉ် ပြင်ဆင်ထားရသဖြင့် အလွဲအမှား အဖြစ်မခံနိုင်ပေ။

“သူ့ကို ကိုယ်တိုင်တွေ့ပြီး မနှုတ်ဆက် တော့ဘူးလား”

“ညစာစားချိန် ဖြစ်သောကြောင့် ရှင်ဖုန်းက နွေးထွေးစွာ လောကွက်ချော် လိုက်သော်လည်း မော့ဝမ်းယန်မှာ ကြောက်ရွံ့ခြင်းကြောင့် တုန်လှုပ်သွားပြီး …

“ဝိုး ဝိုး ငါကျော်လိုက်မယ်နော် .. မင်းရဲ့အိမ်စောင့်သားရဲက ငါတွေ့ချင်တဲ့ လူစာရင်းရဲ့ နောက်ဆုံးမှာပဲ .. မင်းငါ့ကို သတ်ချင်နေတာလား”

“အာ…”

ရှင်းဖုန်း ညည်းတွားလိုက်သည်။ သူတို့ပထမဆုံး တွေ့သည့်အချိန်တွင် ယွင်ချဲ့က လူမှားခဲ့သော်လည်း သူက ညစာ စားရန်ပင် ဖိတ်နေသည်။

ကူးမင်ရွှမ်းမှာ ရယ်လုနီး ဖြစ်နေသော်လည်း မော့ဝမ်းယန်မှာ ဗိုလ်ချုပ် ဖြစ်နေသောကြောင့် သူ၏ပါးစပ်ကို အုပ်ထားရသည်။ ယွင်ချဲ့အား အိမ်စောင့်သားရဲဟု ခေါ်နေခြင်းကို မည်သည့်အချိန်မှ ရပ်မည် မသိပေ။ အကယ်၍ ယွင်ချဲ့ အရှေ့တွင်သာ ခေါ်လိုက်လျှင် ယွင်ချဲ့က အမှန်တကယ် ရက်စက်ခြင်းကို ပြပေးလိမ့်မည်ဟု ကူးမင်ရွှမ်း တွေးဆလိုက်သည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset