အခန်း (၁၁၀)
ယွင်ချန်က ဖုတ်ကောင်အဖြစ် ပြောင်းလဲ သွားသည်ဆိုသော အချက်က အံ့ဩထိတ်လန့်စေခြင်းမရှိဘဲ ဆန့်ကျင်စွာပင် ယွင်ချန်နှင့် ရင်းနှီးထားပြီး ဖြစ်သော လန်ယဲ့ဟန်နှင့် လုဟိုင်ရွှမ်း၊ ယွင်ချဲ့ကို ပထမဆုံး အနေနှင့် တွေ့ခဲ့ဖူးသော ကျန့်ယာဖေးနှင့် ယဲ့ရှင်းချန်တို့ အပါအဝင် အားလုံး စိတ်သက်သာရာ ရသွားကြသည်။ အကြောင်းမှာ ယွင်ချန်သည် ဖုတ်ကောင်နှင့် မတူရုံသာမက အလွန်လိမ္မာပြီး ချစ်စရာ ကောင်းသော ကောင်လေး တစ်ယောက် ဖြစ်နေသည့်အပြင် တစ်ခုခုကို သင်ပေးလျှင်လည်း လျင်မြန်စွာ တတ်မြောက်လွယ်သည်။ နောက်တစ်ချက်မှာ ယွင်ချန်သည် စိတ်ဆိုးဒေါသ လွယ်သော ယွင်ချဲ့၏ ဆန့်ကျင်ဘက် ကိုယ်ပွား ဖြစ်နေသည်။ ယွင်ချဲ့မှာ တစ်ခါတစ်ရံတွင် သူတို့ကို အခက်ကြုံစေသဖြင့် သူတို့၏စိတ်ကို ကုစားရန်အတွက် ယွင်ချန်ကို ကောင်းကောင်းမွန်မွန် ပြောဆိုရန် သင်ကြားပေးကြသည်။
ယွင်ချန်မှာ ကောင်းမွန်စွာ သင်ယူနိုင်ခြင်းနှင့် လျင်မြန်စွာ တတ်မြောက်ခြင်းတို့ကြောင့် ယွင်ချဲ့သည် သူ့ကို အပေါ်ဆုံးထပ်တွင် ပိတ်လှောင်မည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်သည်။ သူပြင်ဆင်ထားသော သံတိုင်နှင့် လုံခြုံရေး တံခါးတို့မှာ မလိုအပ်တော့သဖြင့် ယွင်ချန် ပြန်လာသည့်နေ့တွင်ပင် ယွင်ချဲ့နှင့် လုဟိုင်ရွှမ်းတို့က သံတိုင်များကို ဖြုတ်ချလိုက်သည်။ အိမ်သို့ မကြာခဏ လာတတ်ကြသော ကူးမင်ရွှမ်းနှင့် သူ၏ ညီအစ်ကိုတို့ထံမှ ယွင်ချန်ကို ဖွက်ထားလျှင် မဖြစ်နိုင်တော့သောကြောင့် ရှင်းဖုန်းနှင့် တိုင်ပင်ပြီးနောက် အားလုံးကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။ သူတို့ ထင်ထားသကဲ့သို့ အံ့ဩသွားကြသော်လည်း ဘာမှ မေးမြန်းခြင်း မရှိပေ။ ယွင်ချန်ကို လူသားတစ်ယောက် အဖြစ်သာ မြင်ပေးကြသဖြင့် ထိုကိစ္စကို ရှင်းနိုင်ပြီဖြစ်ပြီး ယွင်ချန် ထွက်ပြေးမည်ကိုပင် စောင့်ကြပ် ရတော့မည် ဖြစ်သည်။
ယွင်ချန် ပြန်လာသည်ကို အများက ပျော်ရွှင်နေချိန် တစ်ယောက်ယောက်က အလွန်ပင်ခေါင်းကိုက် နေစေသည်။ သူနှင့်ပထမဆုံး တွေ့ရသူများမှာ စိတ်ကို အလွန်ပင် ထိန်းချုပ် ထားရသည်။ သို့သော် သူ၏ရိုင်းပျခြင်းနှင့် မျက်နှာပြောင် တိုက်ခြင်းတို့ကြောင့် စိတ်ထိန်းချုပ် ထားသည်က အသုံးမဝင်ဟု သိသွားကြလေသည်။ ထိုကောင်လေးက သင့်ကို သေချင်စိတ်ပင်ပေါက်သွားစေလိမ့်မည်။
“သခင် ကျွန်တော်တို့ အိမ်ပြန်ရောက်ပြီ .. ဒါနဲ့ သခင်သိလား။ သူတို့က ကျွန်တော့်ရဲ့ ကြီးမြတ်တဲ့ အရှိန်အဝါကြောင့် ကြောက်လန့်နေကြတာ .. သခင် ကျွန်တော့်အတွက် ဂုဏ်ယူသင့်တယ်”
လုပ်ပြန်ပါပြီ။ အကောင်အထည်ကို အရင် မမြင်ရသေးခင် အသံကို အရင်ကြားလိုက်ရသည်။ ချန်ချန်မှာ သူ့အတွက် မြေခွေးဖြူလေးကို ရလိုက်သည့် အချိန်မှစ၍ ချန်ချန်လည်း ရှောင်ပိုင်ကိုခေါ်ကာ အပြင်ထွက်သွားလျှင် မျက်နှာပြောင်ကာ ခေါင်းမာသော ထိုကောင်လေးက ချန်ချန်၏ အိမ်မွေးခွေးလေးအဖြစ် ပြောင်းလဲကာ ပြဿနာ အမျိုးမျိုး ရှာတတ်ပြီး ချောင်ယန်း ဒေသတွင်လည်း အမျိုးမျိုး ဖျက်လိုဖျက်ဆီး လုပ်တတ်သည်။ ထိပ်ဉီးအဖွဲ့ဝင်များ ပြဿနာ တစ်ခုခု ရှင်းရတော့မည်ဟု ကြားလျှင် ထိုခွေးပေါက်လေး ပြဿနာကိုသာ ဖြေရှင်းနေသဖြင့် ထိပ်ဉီး အဖွဲ့သားတို့မှာ အလွန်ရှက်ဖြင့် မြေကြီးထဲသို့သာ ခေါင်းမြှုပ်၍ ပုန်းချင်သွားကြသည်။
“အာ ဆောရီး .. နာသွားလား”
ယွင်ချန်၏ လက်သည်းများကို လန်ယဲ့ဟန် ညှပ်ပေးနေရာမှ မတော်တဆ ပိုနက်စွာ ညှပ်မိလိုက်သည်။ လန်ယဲ့ဟန်၏ နှလုံးသားလည်း နာကျင်ရသဖြင့် ယွင်ချန် လက်ချောင်းကို သူ၏အာခံတွင်းထဲတွင် ငုံပေးထားလိုက်သည်။
“မနာပါဘူး”
အကယ်၍ ယွင်ချန်သာ နာကျင်ခြင်းကို ခံစားရလျှင် လန်ယဲ့ဟန် လုပ်ပေးခြင်းကို သဘောကျစွာ ရယ်နေလိမ့်မည်။ လန်ယဲ့ဟန်လည်း ယွင်ချန် လက်ချောင်းကို ငုံထားရမှ လွတ်ပေးလိုက်ပြီး ယွင်ချန် လက်ကို ဆုပ်ကိုင်လျက် …
“နောက်ဆို သေချာ ဂရုစိုက်မယ်နော်”
ယွင်ချန် အသိစိတ်မဲ့လေ လန်ယဲ့ဟန် ပို၍ နာကျင်ရလေပင်။
“ဟုတ် .. ဟန်ဟန်က လူကောင်းပဲ .. ဟန်ဟန်ကို သဘောကျတယ်”
ယွင်ချန် ခေါင်းညိတ်ကာ ပြောလိုက်ပြီး သူ၏အသံက ဟန်လုပ်သည့် အရိပ်အယောင် မပါပေ။
“သဘောကျတယ်”
လန်ယဲ့ဟန်၏ နှလုံးသားကို ထိရိုက် သွားသော်လည်း သူတို့ကို ကြည့်နေသော ယွင်ချဲ့နှင့် အခြားသူများကို လှည့်ကြည့် လိုက်သည်။
“သူ့ကို ဘယ်သူ သင်ပေးထားတာလဲ”
လန်ယဲ့ဟန်မှာ ယွင်ချန်ကို စကားပြောလျှင် ချိုသာ နူးညံ့သော်လည်း အခြားသူများကိုပြောလျှင် သူ၏အသံက ပုံမှန်အတိုင်း ပြန်လည် အေးစက် သွား
“ကျွန်တော့်ကို မကြည့်နဲ့ ကျွန်တော် မသင်ထားဘူး”
ရှင်းဖုန်း နှင့်အတူ ဆိုဖာပေါ်တွင် လဲနေသော ယွင်ချဲ့က လက်ကို ခါယမ်းကာ ငြင်းလိုက်သော်လည်း သူတို့အနားတွင် ရပ်နေသော ကျိုးဇယ်ယွီကို မော့ကြည့်လိုက်ရာ ကျိုးဇယ်ယွီ တုန်လှုပ်သွားသည်။
“ဟေ့ ချဲ့ မင်းငါ့ကို ကတိဖျက်တယ်နော် .. နားထောင်ဉီး ယဲ့ဟန် .. စိတ်မပူပါနဲ့ သဘောကျတယ် ဆိုတာကို မင်းကိုပဲ များများ ပြောပေးဖို့ သင်ထားတာ တခြားသူတွေကို မပြောခိုင်းထားဘူး တကယ်ပြောတာ .. ငါဘယ်လောက် ရိုးသားလဲ ငါ့မျက်လုံးကိုပဲကြည့်”
ကျိုးဇယ်ယွီလည်း လန်ယဲ့ဟန်ဘက် လှည့်ကာ ပြန်ဖြေလေသည်။ လန်ယဲ့ဟန် မတုံ့ပြန်မီ ယွင်ချဲ့ ထလာပြီး ယွင်ချန် အနားသွားကာ လန်ယဲ့ဟန်ကို လက်ညှိုး ညွှန်လျက် …
“ရှောင်ချန် … ယဲ့ဟန်ကို ဘာကြောင့် သဘောကျလဲ ပြောလိုက်ဉီး”
ကျိုးဇယ်ယွီနှင့် လန်ယဲ့ဟန်တို့ အပါအဝင် အားလုံး တွေဝေကုန်သည်။ ယွင်ချန်လည်း စဉ်းစားပြီးနောက် ရုတ်တရက် လန်ယဲ့ဟန်၏ လက်ကို ဆုပ်ကိုင်ကာ သူ၏နီရဲသော မျက်လုံးတို့မှာလည်း ရိုးသားခြင်း အပြည့်နှင့် …
“ဟန်ဟန်ကို သဘောကျတယ် .. ကျွန်တော်က ဟန်ဟန်ရဲ့ ယောကျ်ားဖြစ်နေလို့”
“ဖူး”
“ဟား ဟား ဟား”
ယွင်ချန် ပြောပြီးသည်နှင့် တစ်ခန်းလုံး ပွဲကျသွားလေသည်။ လန်ယဲ့ဟန်၏ မျက်နှာမှာ မည်းနက် သွားသော်လည်း ယွင်ချန်၏ ရိုးသားမှုကို ဒေါသမဖြစ်ဘဲ တရားခံကိုသာ ရှာဖွေနေရင်း အခြားသူများနှင့် ရယ်မောနေသော ကျိုးဇယ်ယွီ အပေါ် ဒေါသများ ပုံချလိုက်သည်။ ကျိုးဇယ်ယွီလည်း အန္တရာယ် အရိပ်အယောင်ကို ခံစားမိကာ ကျောချမ်း လာသဖြင့် အနောက်ကို အမြန် လှည့်ကြည့်လိုက်ရာ ကြက်သီးများပင် ထသွားလေသည်။
“မဟုတ်ဘူး ယဲ့ဟန် ငါမသင်ထားဘူး .. ငါ့ကိုယုံပါ”
ကျိုးဇယ်ယွီလည်း ပြေးလွှားကာ သနားစဖွယ် အသံနှင့် ရှင်းပြလိုက်သည်။ လန်ယဲ့ဟန်လည်း ယွင်ချန် မျက်နှာထက် အနမ်းတစ်ပွင့် ခြွေလိုက်ပြီး လန်ယဲ့ဟန် မတ်တပ်ရပ်ကာ …
လန်ယဲ့ဟန် ညာဘက်လက်ကို မြှောက်ကာ လက်ပေါ်တွင် မီးဘောလုံး တစ်လုံးကို ပြုလုပ်လိုက်သည်။
“သေရော”
ကျိုးဇယ်ယွီလည်း ရှည်ဝေးစွာ မရှင်းပြတော့ဘဲ ဧည့်ခန်းထဲမှ ထွက်ပြေးသွားရာ လန်ယဲ့ဟန်လည်း အမြန် လိုက်ဖမ်းလေသည်။ ချန်ချန်လည်း သူ့အနားမှ ဖြတ်ပြေးသွားသော သူတို့ကို သိချင်စိတ်တို့ဖြင့် ကြည့်နေစဉ် ခွေးပေါက်လေးက အရှေ့ထွက်လာပြီး ပျော်ရွှင်စွာဖြင့် …
“ဝါး ဒါဘာကစားနည်းလဲ .. ငါလည်း ပါမယ်လေ မင်းသိလား ငါဒီလိုနေရာတွေမှာ ဆော့တာ ကျွမ်းတယ်”
ထိုသို့ပြောပြီးနောက် ဟေးယွီလည်း သူတို့နောက်မှ အမြန် လိုက်သွားလေသည်။
“ရှောင်ပိုင် .. မင်း ဉီးဉီး ဟေးယွီ အတိုင်း လိုက်မလုပ်ရဘူးလေ .. ဉီးဉီးက သူ့ကို ကလိမ်ကကျစ် ကျတတ်တယ် ပြောတယ် ဘာလဲတော့ မသိဘူး မကောင်းတာတော့ သေချာတယ်”
ချန်ချန်က မြဲမြံစွာရပ်နေပြီး ရှောင်ပိုင်ကို ချီမလျက် တည်ကြည်သော မျက်နှာထားနှင့် မြေခွေးဖြူလေးကို သင်ပေးနေလေသည်။ ချန်ချန်ကပင် မယုံကြည်ရကြောင်း ပြောသဖြင့် ဟေးယွီက အလွန်ဆိုးဝါးသော လူတစ်ယောက်ပင်။
“မင်းသူ့ကို သင်ပေးထားတာလား”
ဧည့်ခန်းတွင် သူ့အနား ပြန်ထိုင်လာသော ယွင်ချဲ့ကို ရှင်းဖုန်း ပြုံးလျက် မေးလိုက်သည်။
“ဟုတ်တယ် .. ဇယ်ယွီက ချန် သိပ်နားမလည်တာကို သင်ပေးနေတာ ကြားတော့ ကျွန်တော်က နည်းနည်း ထပ်ပေါင်း သင်ပေးလိုက်တာ”
ယွင်ချဲ့ ခေါင်းညိတ် ပြလိုက်ရာ ကျန်သော သူများက တိတ်တဆိတ်နှင့် အပြစ်ပြောနေကြလေသည်။ သူနးမလည် နိုင်သည်ကို သင်ပေးခဲ့သည်တဲ့လား။ ဒုက္ခပါပဲ၊ ရိုးအချစ်စရာ ကောင်းသော ယွင်ချန်က သူ၏အစ်ကိုဆိုး တစ်ယောက်ကြောင့် လမ်းမှား ရောက်ပေတော့မည်။
“ငါ့ကိုလည်း သင်ပေးဉီး”
ရှင်းဖုန်းလည်း ယွင်ချဲ့ကိုမှီကာ နားနားကပ် ပြောလိုက်သည်။
“ဘာလဲ .. ခင်ဗျားက ကျွန်တော့်မိန်းမ ဆိုတာလား”
ယွင်ချဲ့ ခဏတာ တွေဝေ သွားပြီးနောက် ရှင်းဖုန်းကိုကြည့်လျက် ပြန်ပြောလိုက်ပြီး ရှင်းဖုန်း လည်း ယွင်ချဲ့ လက်ကို ဆုပ်ကိုင်လျက် ခေါင်းညိတ်ပြကာ …
“ဟုတ်တယ် မင်းက ငါ့ရဲ့မိန်းမပဲ .. မင်းက ကိုယ့်ကိုယ်ကို အရမ်း သိတတ်နေတော့ ထပ်သိတတ် နေရင်လည်း ငါ့အတွက် ဘာမှ မဖြစ်ဘူးလေ”
စကားနိုင်လုရာတွင် ရှင်းဖုန်းသာ အောင်နိုင်သူ ဖြစ်သွားခဲ့သည်။
သူတို့ ခိုးနားထောင် နေကြသူများက ရှင်းဖုန်းကို လေးစားမိ သွားကြသည်။ ယွင်ချဲ့ကို အနိုင်ယူ နိုင်သည်က ရှင်းဖုန်း တစ်ယောက်တည်းသာ ရှိသည်။
“ခင်ဗျား ….”
“ဉီးဉီး သားပြန်လာပြီ”
ရှင်းဖုန်းကို ပြန်လည် ချေပပြောဆိုရန် ယွင်ချဲ့ ပြင်လိုက်စဉ် ချန်ချန် အပြေးရောက်လာကာ လက်ထဲတွင်လည်း မြေခွေးလေးကို ပွေ့လျက် ဆိုဖာပေါ်သို့ ဖက်တက်လေသည်။ ချေပခွင့် မရလိုက်သဖြင့် ရှင်းဖုန်းကို ယွင်ချဲ့ မျက်စောင်း ထိုးလိုက်ပြီး ခက်ခက်ခဲခဲ တွယ်တက်နေသော ချန်ချန်ကို ချီယူလိုက်သည်။
“ဘယ်သူမှ သွားမကြိုသေးဘဲ ဘာလို့စောစော ပြန်လာခဲ့တာလဲ”
ချန်ချန်၏ သူငယ်ချင်းများက ရှောင်ပိုင်ကို ချစ်ကြပြီး မိဘများ လာကြိုကြသည့် အချိန်ထိတိုင် အတူတူ ဆော့ကစား နေတတ်ကြသည်။
“သားသူတို့နဲ့ မပေါင်းတော့ဘူး”
ယွင်ချဲ့ မေးလိုက်သည်နှင့် ချန်ချန် နှုတ်ခမ်းစူကာ ဖြေလျက် ခြေနှစ်ဖက်ကို ဆန့်ထုတ် ထားလိုက်သည်။ အရေးပေါ်ကိစ္စ ဖြစ်လာသဖြင့် ယွင်ချဲ့ သာမက ယဲ့ရှင်းချန် နှင့် အခြားသူများလည်း ချန်ချန်ကို ကြည့်နေကြလေသည်။ ချန်ချန်က သူ၏သူငယ်ချင်းများနှင့် ဆော့ကစား ရသည်ကို အလွန်နှစ်သက်သည်ကို သူတို့သိထားကြပြီး ဘာကြောင့်များ သူ၏သူငယ်ချင်းများနှင့် ဆက်မပေါင်း ချင်ရတာလဲ။
“ဘာလို့လဲ .. သူတို့က အနိုင်ကျင့်ကြလို့လား”
ယွင်ချဲ့ မတ်မတ်ထိုင်လျက် ချန်ချန် မျက်နှာကို အသာမော့ကာ မေးလိုက်သည်။ ချန်ချန် မျက်လုံးများမှာ အလွန် ရဲနေသဖြင့် သူအမှန်တကယ် စိတ်ဆိုးနေပုံ ရသည်။
“သူတို့က ဉီးဉီး ဟေးယွီ ကို မကောင်းဘူး ပြောကြတယ် .. သား သူတို့ကို မကြိုက်တော့ဘူး”
သနားစဖွယ် မျက်နှာလေးနှင့် ချန်ချန် နှုတ်ခမ်းစူလျက် မျက်ရည်ဝဲကာ ယွင်ချဲ့ ကို မော့ကြည့်လေသည်။
“ဟုတ်လား .. သူတို့က ဘာပြောကြလို့လဲ”
ယွင်ချဲ့ စိတ်မကောင်းဖြစ်စွာ ချန်ချန်၏ မျက်နှာကို ပွတ်ပေးလျက် ချော့မြူကာ မေးလိုက်သည်။ အခြားသူများလည်း အနားသို့ ရောက်လာပြီး ယွင်ချန် သည်ပင် အခြားသူများနှင့် ရင်းနှီးလာကာ ချန်ချန်လေးကို သူအချစ်ဆုံးဖြစ်သည်။ ယွင်ချန် လက်ကို ဆန့်လိုက်ပြီး ယွင်ချဲ့ထံမှ ချန်ချန်ကိုချီကာ …
“ဉီးငယ်လေး ချန်ချန်နဲ့ အတူတူ ဆော့ပေးမယ်နော် .. စိတ်မကောင်း မဖြစ်နဲ့နော်”
စကားရှည်ရှည် ပြောသည့်အခါ ယွင်ချန် စကားထစ် နေသေးသော်လည်း သူ၏ခံစားချက်ကိုတော့ ကောင်းမွန်စွာ ဖော်ပြနိုင်သည်။
“ဟင့် ဟင့် .. ဉီးငယ်ချန် .. သူတို့က လူဆိုးတွေ”
ကလေးများက ထိုကဲ့သို့ပင်၊ ချော့ပြောလျှင် ပို၍ စိတ်မကောင်း ဖြစ်ကာ ငိုတတ်ကြသည်။ ယွင်ချန်ကိုဖက်၍ ချန်ချန် ငိုကြွေးလေသဖြင့် ကျန်သော သူများလည်း စိုးရိမ်သွားကြလေသည်။ ချန်ချန် ပြန်လာပျော်ရွှင်ရန် ဘယ်လိုမုန့်ကိုများ သူတို့အပြေး သွားဝယ်ရတော့မလဲ။
သူတို့အတွေးထဲတွင် ကလေးကို အငိုတိတ်ရေးအတွက် မုန့်ကိုသာ အပြေးဝယ်ရန် တွေးနေကြလေသည်။ ချန်ချန်မှာ ပို၍ ငိုလာသဖြင့် သူတို့ကို တစ်ယောက်ယောက် ဆူပေးလိုက်သင့်သည်။
“ဘာဖြစ်တာလဲ”
မီးဖိုခန်းထဲတွင် အစားအသောက် ချက်ပြုတ်နေသော ယွင်ယောင် ရောက်လာသည်နှင့် ချန်ချန်၏ ငိုသံကိုသာ ကြားလိုက်ရသဖြင့် ချန်ချန် အနားသို့ အပြေးလာခဲ့လေသည်။
“ဘာဖြစ်လို့လဲ ချန်ချန် .. တစ်ခုခုနဲ့ ခိုက်မိလို့လား ဘယ်နား နာသွားသေးလဲ မေမေ ကြည့်ဉီးမယ်”
“ဝါး .. မေမေ …”
သူ၏ အမေဖြစ်သူကို ကြည့်ကာ ချန်ချန် ပို၍ ငိုလာပြန်သည်။ ချန်ချန်ကို ယွင်ချဲ့ ရုတ်တရက် ချီလိုက်ပြီး …
“ချန်ချန် .. ဉီးဉီး ပြောထားတယ်နော် ယောကျ်ားလေးက မငိုရဘူးလေ .. ဘာဖြစ်တာလဲပြော မငိုရတော့ဘူး”
အကယ်၍ ချန်ချန်သာ ဆက်ငိုနေလျှင် တစ်အိမ်လုံး ရေကြီးပေတော့မည်။
“ဒါ….ဒါပေမယ့် ..”
ဉီးလေးဖြစ်သူ၏ မျက်နှာထက်မှာ တင်းမာမှုနှင့် ထိတ်လန့်စရာ ကောင်းခြင်းတို့ကြောင့် ချန်ချန် အငိုတိတ်ကာ တစ်ချက် တစ်ချက်သာ ရှိုက်နေသဖြင့် ယွင်ချဲ့ ခေါင်းကိုက်သွားပြီး သက်ပြင်းချကာ …
“ဉီးဉီးက မငိုခိုင်းတာ မဟုတ်ဘူး အနည်းဆုံးတော့ ဘာဖြစ်နေလဲဆိုတာ ပြောပြရမယ်လေ .. ချန်ချန်က ဘာမှမပြောဘဲ ငိုပဲငိုနေတာ ဉီးဉီးတို့ကို ကြည့်ဉီးလေ ချန်ချန်ကို စိတ်ပူနေကြတာ .. ချန်ချန် ဆိုးလား မဆိုးဘူးလား ပြော”
၃ နှစ်ပင် မပြည့်သေးသော ကလေးအတွက် တင်းမာသော စကားဆိုသော်လည်း ချန်ချန်ကို ပြဿနာ ကြုံရတိုင်း အမြဲငိုနေမည့် ကလေးတစ်ယောက် မဖြစ်စေချင်ပေ။ ကပ်ဘေး မဖြစ်ခဲ့လျှင် ကိစ္စမရှိသော်လည်း ယခုကာလတွင် ပျော့ညံ့နေ၍ မဖြစ်ပေ။ ထို့အပြင် သူတို့လည်း ချန်ချန်ကို အချိန်ပြည့် ကာကွယ် ပေးနိုင်ကြမည် မဟုတ်ပေ။
“ဟုတ်ကဲ့”
အနားတွင် ဝိုင်းနေသော လူကြီးများကို ကြည့်ကာ ချန်ချန် ရှိုက်နေလျက်ပင် နှုတ်ခမ်းစူ လိုက်ပြီး ယွင်ချဲ့ကို မော့ကြည့် လိုက်သည်။
“တောင်းပန်ပါတယ် ဉီးဉီး”
“ဘာမှမဖြစ်ဘူး နောက်တစ်ခါသာ ဒီလိုမဖြစ်စေနဲ့ .. ချန်ချန်က လိမ္မာပါတယ် ဉီးဉီးက ချန်ချန်ကို အချစ်ဆုံးဆိုတာ သိတယ်မလား … လာပါဉီး