YMR- အခန်း ၃၀

အခန်း (၃၀)

လန်ယဲ့ဟန်သည် သူတို့ကို လျစ်လျူရှုကာ အေးစက်စွာ ကြည့်ပြီးနောက် အခန်းထောင့်ဘက်ကို လှည့်လာခဲ့သည်။ ထိုအရာများနှင့် နေသားကျနေသော ယွင်ချဲ့မှာ သာမန်ကြုံနေကျ ကိစ္စတစ်ခုကို မြင်သကဲ့သို့ အေးဆေးလျက်ပင်။ အမျိုးသမီး နှစ်ယောက်၏ အခြေအနေကို မြင်ရသော ယွင်ယောင်နှင့် ကျန့်ယာဖေးတို့ မကူညီပေးနိုင်သဖြင့် စိတ်ထဲတွင် မကျေနပ်သော်လည်း ဘာမှမလုပ်ရန် ဆုံးဖြတ်ထားကြသည်။

“နှောင့်ယှက်ရတာ အားနာပေမယ့် ကျွန်တော်တို့ ဒီည ဒီမှာတည်းလို့ ရမလား”

ထိုယောက်ျားများသည် လူကောင်း မဟုတ်နိုင်ကြောင်း ရိပ်မိသော်လည်း ကျိုးဇယ်ယွီ မသိချင်ယောင် ဆောင်ကာ ချိုသာစွာ ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဒီနေရာကို ထိုသူတို့ အရင်ရောက်နှင့်သော နေရာဖြစ်ပြီး အကယ်၍ တိုက်ခိုက်ရန် လိုအပ်လျှင်လည်း ပြန်တိုက်ခိုက်ရန် အသင့်ပင်။

“ရတာပေါ့ .. ပြီးတော့ မိန်းမလှလေး နှစ်ယောက်ရော အဖော်လိုသေးလား ငါ့အစ်ကိုကြီးက မင်းကို ဒီည စိတ်ကျေနပ်အောင် လုပ်ပေးမယ်တဲ့”

“ဟား ဟား ဟား”

ထိုလူများထဲမှ တစ်ယောက်သည် ယွင်ယောင်နှင့် ကျန့်ယာဖေးကို တဏှာအပြည့်နှင့် ကြည့်ကာ ပြောဆိုလိုက်သဖြင့် ထိုအိမ်ထဲမှ ယောက်ျားများ ရယ်မောကြပုံမှာ ယွင်ချဲ့နှင့် အခြားသူများကို မလေးစားသည့်ပုံပင်။ ထိုသူတို့သည် မိန်းကလေး နှစ်ယောက်ကို အချိန် အတော်ကြာအောင် အသုံးချခဲ့ပြီး မိန်းကလေး အသစ်များ မရောက်လာမည်ကို စိုးရိမ်နေခဲ့သည်။ ယခုတွင် မိန်းမချောလေး နှစ်ယောက် ရောက်လာသဖြင့် သူတို့ကို မတော်တဆ ဒဏ်ရာစေမည် စိုးသောကြောင့် ကြိုတင် မတိုက်ခိုက်ခဲ့ပေ။

သူတို့၏ မထီမဲ့မြင် စကားများကြောင့် အခြေအနေ တင်းမာကာ ယွင်ယောင်နှင့် ကျန့်ယာဖေးတို့ ဒေါသထွက်ကာ ဓါးကို အသင့်ကိုင်ထားလျက် ရှိသည်။

“အိုး ဒီကောင်လေးလည်း မဆိုးဘူး .. ကောင်မလေး နှစ်ယောက်နဲ့ အပြိုင်ချောတာပဲ”

သို့သော် တစ်ဖက်လူများ မကြားချင်ယောင် ဆောင်ကာ ဥပေက္ခာပြု ထားကြသည်ကို အရပ်ရှည်သည့် ယောကျ်ား တစ်ယောက်က အတင့်ရဲကာ ယွင်ချဲ့ကို တဏှာအပြည့်ဖြင့် ကြည့်ကာပြောလေသည်။

“ရှင်…”

“ဇယ်ယွီ .. ဟိုင်ရွှမ်း .. အပြင်က ငါတို့ပစ္စည်းတွေကို အထဲရွှေ့လာခဲ့”

ယွင်ယောင်နှင့် ကျန့်ယာဖေးတို့ ဒေါသထွက် လာကြသော်လည်း ယွင်ချဲ့ ကြားဖြတ်ကာ တားလိုက်သည်။

“သူတို့နဲ့ ရန်ဖြစ်ရမှာ မပင်ပန်းဘူးလား ချန်ချန် အတွက် နို့ဖျော်ပေးလိုက်ပါ”

ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့ နေခဲ့ချင်သော်လည်း အလိုက်တသိ ထွက်သွား ပြီးနောက် ယွင်ချဲ့ ပြုံးကာ ချန်ချန်ကို ယွင်ယောင်ထံ ပေးလိုက်သည်။

“ဒါပေမယ့် သူတို့…”

ကလေးကို ယူပြီးနောက် ယွင်ယောင်မှာ စိတ်တိုနေလျက်ပင်။ သူမ မကြားဝံ့သော စကားများနှင့် နောက်ပြောင်ကြသည်ကို သူမ သည်းခံနိုင်သော်လည်း သူမ မောင်အား ပြောဆိုနေသည်ကို သူမ လက်မခံနိုင်တော့ပေ။

“ကျွန်တော့်ကို စိတ်ချလိုက်ပါ”

ယွင်ချဲ့ ရုတ်တရက် လှည့်လိုက်သည့် အချိန် လက်ထဲတွင် ဓားနက်ရှည် တစ်ချောင်း ထွက်ပေါ်လာသည်။ ထိုသူများသည်လည်း ယွင်ချဲ့ မပျော့ညံ့သည်ကို သိလိုက်ကြသော်လည်း သူတို့တွင်ရှိသော အစွမ်းနှင့် လူအင်အားကြောင့် ထိုသူတို့ ယွင်ချဲ့ကို လျော့တွက် လိုက်ကြသည်။

“ကောင်လေး စိတ်တိုနေတာလား? လာလေ မင်းကိုပြုစုပေးမယ်”

ရွှမ်း

“သေစမ်း ”

ထိုသူသည် ယွင်ချဲ့ ပခုံးကို ကိုင်ရန်ပြင်လိုက်စဉ် လက်ထဲမှဓါး ဝှေ့ယမ်းသွားကာ ထိုသူ၏လက်ကို ပိုင်းချလိုက်သဖြင့် ထိုသူမှာ ကျိန်ဆဲလျက် လျင်မြန်စွာ နောက်ဆုတ် သွားလေသည်။

“ဪ .. မင်းမှာ အစွမ်းရှိတာပဲ မင်းမာန်တက် နေပုံကလည်း မထူးဆန်းတော့ပါဘူး”

ထိုလူလွတ် သွားလိမ့်မည်ဟု ယွင်ချဲ့ လုံးဝ မထင်မှတ် ထားခဲ့သဖြင့် မျက်ခုံးများလည်း တွန့်ချိုးသွားကာ ထိုသူ၏ အစွမ်းမှာ အမြန်နှုန်း ဖြစ်နေသည်ကို သဘောပေါက် သွားသည်။ ဟား …

“ဟား..ဟား.. လောင်လျို မင်းလုပ်နိုင်ရဲ့လား .. ဒီလောက် ပိန်ညှောင် သေးလေးတောင် မင်းမနိုင်ဘူးလား”

“ရှောင်လျို ရေ .. မင်းအပြင်ရောက်ရင် ငါတို့နဲ့ တစ်ဖွဲ့တည်းဆိုတာ မပြောမိစေနဲ့ဦး ရှက်စရာကြီး”

“ဒီဓါးက တော်တော် ကောင်းတာပဲ”

သူတို့ကို ယွင်ချဲ့ အံ့ဩသွားစေခဲ့သော်လည်း ခဏပင်။ ယွင်ချဲ့ကို သတိမမူမိကြသေးဘဲ လျိုဟု အမည်ရသူကိုသာ စနောက်နေကြသည်။

“မင်းတို့ ပါးစပ်တွေ ပိတ်ထားကြစမ်း”

လူအုပ်၏ လှောင်ပြောင်ခြင်း ခံလိုက်ရသော လျိုမှာ စိတ်တိုလျက် ယွင်ချဲ့ကို မကျေနပ်စွာ ကြည့်၍ …

“မင်းသေဖို့သာပြင်ထား”

ကမ္ဘာပျက်သည့် နေ့မှစ၍ သူ့ကို ရင်ဆိုင်ယှဉ်ပြိုင်သူ မတွေ့ရသေးသဖြင့် သူ့အမြင်နှင့် ကြည့်လျှင် ယွင်ချဲ့က အရင်ရန်စသူ ဖြစ်နေသည်။

“ကျေးဇူးပြုပြီး … ငါ့ကိုသတ်ပေးပါ”

ယွင်ချဲ့ အသာပြုံးကာ နောက်ပြောင် လိုက်သေးသည်။

“သေလိုက်တော့ အရှုပ်ထုပ်ကောင် ”

လျို ရိုင်းပြစွာ ဆဲဆိုပြီး အလင်း၏ အရှိန်ကဲ့သို့ ယွင်ချဲ့ ထံသို့ ဉီးတည် ပြေးသွားလေသည်။ ယွင်ယောင်လည်း စိုးရိမ်ပူပန်စိတ်ဖြင့် ချန်ချန်ကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သို့သော် ယွင်ချဲ့ ရှောင်လွှဲလိုက်ကာ တိုက်ခိုက်ရန် လက်ဉီး ယူလိုက်လေသည်။ သူရည်ရွယ် ထားသည်က ထိုသူမဟုတ်ဘဲ ယွင်ယောင်နှင့် ကျန့်ယာဖေးတို့ကို လှောင်ပြောင် စနောက်သူထံသို့ ဉီးတည်သွားလေသည်။

“အား…”

မည်သို့ ဖြစ်နေသည်ကို ဘယ်သူမှ သေချာမမြင်ရဘဲ အော်သံကိုသာ ကြားလိုက်ရသည်။ အားလုံး သေချာကြည့် လိုက်ကြသည့်အခါ လူတစ်ယောက်မှာ ကြမ်းပြင်တွင် ဝပ်လျက် ငိုနေလေသည်။

“ဘာဖြစ်တာလဲ ?”

လန်ယဲ့ဟန်နှင့် အခြားသူများမှာ ယွင်ချဲ့ သန်မာသည်ကို သိထားသဖြင့် ရှေ့ထွက်ကာ မကူကြခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်လူများမှာ ယွင်ချဲ့ သန်မာ အားကောင်းသည်ကို မမျှော်လင့် ထားသဖြင့် အံ့အားသင့် ကုန်ကြလေသည်။

“ဒီတစ်ခါ မင်းအလှည့်ပဲ”

ဓါးဉီးကို လျိုထံ ချိန်ရွယ်ကာ ယွင်ချဲ့ ပြောလိုက်သည်။

“သေလိုက်လေ ”

လျို ကျိန်ဆဲကာ အလျင်အမြန် တိုက်ခိုက်သော်လည်း ယွင်ချဲ့ အလွယ်တကူ ရှောင်လိုက်ကာ ခြေထောက် နှစ်ဖက်ကို ဓားနှင့်ခြစ် လိုက်သည်။

“တောက် ”

အခြေအနေကို နားလည်သွားသော လျိုလည်း ချွေးစေးများကျကာ တိုက်ခိုက်နေရာမှ ရှောင်ထွက် လိုက်သည်။

“ဘာလို့ပုန်းနေတာလဲ .. မပြုစုပေးချင်တော့ဘူးလား”

ပြောလျက်နှင့်ပင် လျို၏ ခြေနှစ်ဖက်ကို ရှပ်တိုက် ပစ်လိုက်သည်။

သေစမ်း၊ ဒီလူ ဘယ်ကမ္ဘာကများ ရောက်လာတာလဲ။ ဘယ်သူကများ တိုက်ခိုက်ရင်း အခြားတစ်ယောက်ရဲ့ လိင်အင်္ဂါကို ကြည့်ကြမှာလဲ။

လျို ကျယ်လောင်စွာ အော်လိုက် ချင်သော်လည်း သူအနည်းငယ် မှားသွားလျှင် သူ့လိင်အင်္ဂါ အဖြတ်ခံရမည် စိုးသောကြောင့် မအော်ရဲပေ။ သူသည် အမြန်စွမ်းအင် ပိုင်ဆိုင် ထားပါလျက်နှင့် ယွင်ချဲ့ကို ရှုံးနှိမ့်ခဲ့ရသည်က အလွန်ရှက်စရာပင်။ သူရှေ့လျှောက် အခြားသူများရှေ့ သူဘယ်လို မျက်နှာပြ ရတော့မှာလဲ။

“အား ”

သူ၏အလျင်က ပိုမြန်ရမည်ဟု တွေးနေစဉ်ပင် လျှပ်စီးတစ်ခု ကျရောက်လာသဖြင့် အလန့်တကြား လှည့်ကြည့်လိုက်ရာ ဓါးကိုင်လျက် သူ့အနား တိုးကပ်လာသော ယွင်ချဲ့ကို ကြောက်လန့်စွာ ကြည့်လျက် …

“မင်း..မင်း .. မင်းဘာလုပ်ချင်လို့လဲ”

ယွင်ချဲ့ကို စကားနာ မထိုးနိုင်တော့သည့် အပြင် စကားပင် ဖြောင့်အောင်ပင် မပြောနိုင်တော့ဘဲ ခြေထောက်နှစ်ဖက်ကို စေ့အောင် ကပ်ထားလေသည်။

“ငါဘာလုပ်ချင်တာလဲ ဆိုတာ မင်းမသိဘူးလား … မင်းခြေထောက်တွေ ဘာလို့ စေ့ထားတာလဲ .. စိတ်မပူပါနဲ့ ငါ့ဓါးက အရမ်းမြန်တော့ နာမှန်းတောင် သိမှာမဟုတ်ဘူး”

လျို ခြေထောက်များကို စိုက်ကြည့်ကာ ယွင်ချဲ့ ပြုံးလျက် ပြောနေပုံမှာ လျိုကို ရှင်လျက်နှင့် သေခိုင်းနေဟန်ပင်။

လျို ပြန်အော် ချင်သော်လည်း …

“မလုပ်ပါနဲ့ မင်းငါ့ကို သတ်စရာ အကြောင်းအရင်းမှ မရှိတာ… အား .. သေစမ်း …”

ယွင်ချဲ့မှာ သန်မာလွန်း သောကြောင့် တောင်းပန်ရုံမှအပ မတတ်နိုင်ခဲ့သော လျိုမှာ သူ့စကား မဆုံးသေးခင်ပင် ယွင်ချဲ့၏ဓားသည် သူ့ရှေ့တွင် လွဲဖြတ်သွားသဖြင့် နာကျင်စွာ အော်ဟစ် လိုက်လေသည်။ ထိုအချိန် လျို ခြေထောက်ကြားမှ သွေးများ စီးဆင်းလာပြီး တစ်ခန်းလုံး သွေးညှီနံ့များ ပြည့်နှက် သွားလေသည်။

“မင်းသေချင်နေတာပဲ”

အခြားသူတို့ မာန်ထောင်လွှား နေကြသော်လည်း သူတို့လူနှစ်ယောက်မှာ ယွင်ချဲ့ လက်အောက် ထိခိုက်ထားရလေသည်။

“ချချင်တာလား လာလေ ”

ယွင်ချဲ့ ဓားကိုကိုင်ကာ အသင့်ပြင်ထားပြီး လန်ယဲ့ဟန်နှင့် ကျန့်ယာဖေး တို့သည်လည်း ဘေးတွင် ရပ်လျက် ရှိနေသည်။ သူတို့မှာ ပိုအားနည်းပုံ ပေါ်သော်လည်း ကြောက်လန့်ခြင်း အလျဉ်းမရှိပေ။

“သူတို့ကို အနိုင်တိုက်ကြ ”

“ဟေး ရန်ပွဲဖြစ်နေတာပဲ ဘာလို့ ငါတို့ကို မစောင့်တာလဲ”

တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေချိန် ပစ္စည်းများ သယ်လာသော ကျိုးဇယ်ယွီ၊ လုဟိုင်ရွှမ်း တို့နှင့်အတူ ယောက်ျား ငါးယောက် ဝင်လာလေသည်။ ထိုသူတို့၏ ခေါင်းဆောင်တွင် သာလွန်သော ခွန်အားရှိနေပြီး ကျန်လေးယောက်သည်လည်း စက်သေနတ် အသီးသီးနှင့် လက်တွင် လက်ပစ်ဗုံးများ ချိတ်ဆွဲထားလျက် ရှိသည်။

အဖွဲ့လိုက်လာသည်ဟု ထင်သွားသော အခန်းထဲရှိ လူဆိုးများသည် လက်စားချေရန် တွန့်ဆုတ်သွားပြီး သတိနှင့် စောင့်ကြည့် နေကြလေသည်။

“ငါမင်းနဲ့ ဒီမှာတွေ့ရမယ်လို့ မထင်ထားဘူး”

သူတို့သည် အမှန်ပင် မိတ်ဆွေများ ဖြစ်နေသည်။ စကားပြောနေသည့် လူမှာ ရှင်းဖုန်း ဖြစ်နေသဖြင့် ထပ်မံတိုက်ခိုက်ရန် မသင့်တော်တော့ဟု ယွင်ချဲ့ တွေးကာ လှည့်ကြည့်လိုက်ပြီး …

“မင်းတို့တော့ အချိန်မှားပြီး ရောက်လာတာပဲ”

“အိုး မင်းဒီလူတွေကို ဘာလုပ် လိုက်တာလဲ”

ထိုသူများနှင့် ကြမ်းပြင်ပေါ်လဲကာ ငိုနေသည့် နှစ်ယောက်ကို ကြည့်ရင်း ရှင်းဖုန်း မျက်ခုံးပင့်ကာ မေးလိုက်သည်။

ယွင်ချဲ့လည်း ပခုံးတွန့်လိုက်ပြီး …

“ဘာမှမဟုတ်ပါဘူး .. ခြေထောက်ကြား ဒဏ်ရာလေး တစ်ချက်လောက် ပေးလိုက်တာပါ”

“အာ…”

ရှင်းဖုန်း သာမက အခုမှ အခန်းအတွင်းသို့ ဝင်လာသော ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်း တို့လည်း အတောမသတ်နိုင်ပဲ ရယ်မောနေကြသည်။

ခြေထောက်ကြားမှ ဒဏ်ရာသည် ယောက်ျားလေးများ အတွက် အရာရာပင်ဖြစ်သည်။

“အဲဒီတော့ ငါတို့သာ ဝင်မနှောင့်ယှက်ရင် ဒီလူအကုန်လုံးကို ခြေထောက်ကြားထဲမှာ ဒဏ်ရာရအောင် လုပ်မှာလား”

ရှင်းဖုန်းက ထိုလူများကို ဒဏ်ရာ ရစေလိုသည့် ပုံစံနှင့် ကြည့်ကာ ပြောလိုက်သည်။

“ငါ့ပုံစံက အဲ့လောက်ထိ လုပ်မယ်လို့ ထင်စရာ ကောင်းနေလား”

နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သော သူငယ်ချင်း နှစ်ယောက် စကားစမြည် ပြောနေသကဲ့သို့ပင်။ ယွင်ချဲ့ စကားကြောင့် ထိုသူများ စိတ်သက်သာရာ ရသွားသော်လည်း …

“သူတို့ ခြေထောက်ကြားမှာ ဒဏ်ရာရအောင် လုပ်တာထက် သတ်လိုက်တာက ပိုလွယ်တာပေါ့ကွ”

သေစမ်း

စိတ်သက်သာရာ ရသဖြင့် သက်ပြင်းချ လိုက်သူများ အလွန် စိုးရိမ်ထိတ်လန့် သွားကြလေသည်။ ယွင်ချဲ့မှာ သူတို့ကို အစိမ်းလိုက် ဝါးစားတော့မည့်ပုံပင်။

“ဟား ဟား ဟား ဟား”

ရှင်းဖုန်း ရယ်မောလိုက်ကာ စိတ်ဝင်စားစရာ ကောင်းသော ယွင်ချဲ့မှာ ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလာလေသည်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset