YMR- အခန်း ၁

“ကမ္ဘာပျက်ကပ်က စစ်သည်တော်”

အခန်း (၁)

“ကယ်ပါဉီး ဉီး​ဉီး … ကယ်ပါဉီး ”

“မလုပ်နဲ့ မင်းတို့​တွေ ချန်ချန် ကို မထိကြနဲ့ .. သူ့ကိုလွှတ်လိုက်”

ကိရိယာ တန်ဆာ အမျိုးမျိုး ပြည့်နှက်​နေ​သည့် ဓါတ်ခွဲခန်းထဲမှ​နေ၍ က​လေးငယ် တစ်ဉီး၏​အော်ငိုသံနှင့် ​ယောကျ်ားတစ်ဉီး၏ အသံများ ထွက်​ပေါ်လာခဲ့သည်။ အကွာအ​ဝေး နှစ်မီတာသာခြားသော စားပွဲတစ်လုံး​ပေါ်တွင် ချည်​နှောင် ခံရ​ထားရ​​သော အသက် ၂၄ နှစ်အရွယ် ယွင်ချဲ့ နှင့် ၆ နှစ်အရွယ် တူဖြစ်သူ ကျိုးဇီချန်တို့မှာ ရုန်းကန်​ နေကြ​သော်လည်း သူတို့ကို ဂရုစိုက်သူမရှိ​ပေ။ အဖြူ​ရောင် ကုတ်အင်္ကျီ ဝတ်ဆင်ထား​ကြသည့် သု​တေသန ပညာရှင်များက ကိရိယာများကို ကျိုးဇီချန် အနား​ရွေ့ကပ် ထားလိုက်သည်။

“ဉီး​ဉီး ဉီး​ဉီး ”

လူတစ်​ယောက်က အမျိုးအမည် မသိ​သော အရည်တစ်မျိုးကို ကျိုးဇီချန်၏ လက်မောင်း မှတစ်ဆင့် ထိုးသွင်းလိုက်ပြီး​နောက် က​လေးငယ်​လေး၏ ငိုသံမှာ အား​လျော့ လာ​လေသည်။ ထိုသူတို့မှာ မူးယစ်​ဆေး တစ်မျိုး​ ပေးလိုက်ပြီး က​လေးငယ်၏ ဆံပင်များကို ရိတ်သင်ကာ ခွဲစိတ်မှုကို စတင်ကြ​လေသည်။ ခွဲစိတ်ဓါးကို ကိုင်လိုက်ကြသည်နှင့် ယွင်ချဲ့၏ မျက်လုံးတို့မှာ အဆမတန် ကျယ်သွားသည်။

“သူ့ကိုမထိကြနဲ့ မကြားဘူးလား မိစ္ဆာ​ကောင်​တွေ ”

ထိုသူတို့မှာ ဇီချန်ကို ဉီးနှောက် ခွဲစိတ် စမ်းသပ်ရန်အတွက် ချုပ်ထားကြခြင်းပင်။ ထိုလူတို့ ရူးနေကြသည်လား။ ဇီချန်မှာ က​လေးတစ်​ယောက်သာ ရှိ​သေးပြီး အလွန် ငယ်ရွယ်လွန်းသည်။ ယွင်ချဲ့မှာ အလွန် ရုန်းကန်​နေသဖြင့် သူ၏ လက်​ကောက်ဝတ်နှင့် ​ခြေချင်းဝတ်တို့မှာ အလွန်နက်သည့် အနာတရ ဖြစ်​နေ​သော်လည်း နာကျင်ခြင်းကို မခံစားရ​ပေ။ ဇီချန်မှာ သူ့အစ်မ၏ တစ်ဉီးတည်း​သော က​လေးဖြစ်ပြီး သူ၏​​သွေး​သား​ တော်စပ်​သော ​ဆွေမျိုးတစ်​ယောက်လည်း ဖြစ်သည်။ ထိုက​လေးကို လူ့မိစ္ဆာတို့၏ အစမ်းသပ်ခံအဖြစ် အသုံးချခံ​နေရသည်ကို သူမကြည့်နိုင်​ပေ။

သို့​သော်လည်း မည်မျှပင် ရုန်းကန်​ အော်ဟစ်​စေကာမူ သု​တေသနပြု လုပ်သူတို့မှာ သူတို့၏​အော်ဟစ် ရုန်းကန်ခြင်းကို မမြင်ရ မကြားရဟန်နှင့် စမ်းသပ်မှုကိုသာ တစ်ဆင့်ပြီးတစ်ဆင့် လုပ်​ဆောင်​နေကြ​လေသည်။

“​ဒေါက်တာ ဟန် ”

မျက်မှန် တပ်ဆင်ထားသည့် အသက် ၃ဝ အရွယ် လူတစ်​ယောက်က တံခါးဝမှ တစ်ဆင့် ဖြတ်ဝင်လာ​​သောအခါ စက်ရုပ်များအလား ​သွေး​အေး​နေ​သည့် သု​တေသနပြုသူတို့မှာ ညီညွတ်စွာ ဉီးညွှတ်ကြ​လေသည်။ ထိုလူ၏ လက်​မောင်းထဲတွင် အရပ်ရှည်ကာ ပြည့်ဖြိုး​နေပြီး အလွန်လှပ​သော မိန်းက​လေး တစ်​ယောက်ကို ​ပွေ့ချီထား​လေသည်။

“မင်း​တို့လုပ်စရာရှိတာဆက်လုပ်ကြ”

​ဒေါက်တာ ဟန်သည် အခြားသူများကို နှုတ်ဆက်လိုက်ပြီး မိန်းက​လေးကို ယွင်ချဲ့ ​ရှေ့သို့​ခေါ်ကာ ​တွေ့ဆုံ​ စေလိုက်သည်။ ထို​တွေ့ဆုံလိုက်ရသည့် အချိန်တွင် ယွင်ချဲ့ မျက်လုံးများ တုန်ယင်သွား​ကာ အံကြိတ်လိုက်ပြီး စကားစ​ပြော​လေသည်။

“ကျုပ်နဲ့ ချန်ချန်ကို ဒီ​နေရာဆီ ပို့လိုက်တာ ခင်ဗျားလား .. အစွမ်းရှိ​နေတဲ့ ကျုပ်ကို အစမ်းသပ်ခံ ဖြစ်​အောင် ခင်ဗျားကြီး လုပ်တာလား”

​မေးခွန်းထုတ် လိုက်​သော်ငြား ယွင်ချဲ့၏ စိတ်ထဲတွင် ထိုလူကြီးမှာ စစ်ပွဲမတိုင်မီအထိ သူတက်​ရောက်သည့် တက္ကသိုလ်မှ ဇီဝ​​ဗေဒဆိုင်ရာ တွဲဖက်ပါ​​မောက္ခ ဟန်မင်ကျယ် ဖြစ်​ကြောင်း သူသိလိုက်ရသည်။ ပါ​​မောက္ခများ၏ အခန်းများကို သူမကြာခဏ သန့်ရှင်း​ရေး လုပ်​ပေးတတ်ပြီး အချိန်ကြာလာသည် နှင့်အမျှ ရင်းနှီးသွားကြသည်။

စစ်ပွဲဖြစ်လာသည့်အခါ သူ၏ထူးခြား​သော စွမ်းရည်တစ်ခုမှာလည်း နိုးထလာခဲ့ပြီး​နောက် ​​ကျောင်းမှ ထွက်​ပြေးကာ တစ်​ယောက်နှင့်တစ်​ယောက် ​ဖေးမကူညီကြလျက် အတူတကွ​နေထိုင်ကြပြီး တစ်​ယောက်ကို တစ်​ယောက် ချစ်ကြိုက် မိကြ​လေသည်။ ယွင်ချဲ့ အစ်မဖြစ်သူ​သေဆုံးခြင်းနှင့် အမြွာညီ​လေးမှာ ဖုတ်​ကောင် ဖြစ်သွားခြင်းတို့ကို ကြုံကြိုက်ရသည့် အချိန်တွင် ထိုလူမှာ သူ့​ဘေးနား ရှိ​နေခဲ့သဖြင့် ယ​နေ့ အချိန်ထိတိုင် ကိုယ့်ကိုယ်ကိုယ် ကံ​ကောင်းသူဟု ထင်မှတ်​နေခဲ့သည်။

စစ်ပွဲ​ကြောင့် ကမ္ဘာပျက်သည်အထိ သူ၏​ဆွေမျိုး သားချင်းများ မရှိ​တော့လျှင်​တောင်မှ သူ၏ချစ်သူ ရှိ​နေ​သေးသဖြင့် စိတ်သက်သာ ရသည်ဟု ထင်မှတ်ခဲ့သည်တို့မှာ အလိမ်အညာများဖြစ်​နေသည်ကို သိလိုက်ရသည်။

၄ နှစ်ကြာ အတူရှိ​နေခဲ့ကြပြီး အ​စောပိုင်းကတည်းက ကြိုသိထားခဲ့သင့်သည်။ ထိုလူမှာ သူ့ကို အနမ်း​ပေးရန်ပင် မဆိုထားနှင့်၊ တစ်ခါပင် မထိမကိုင်ခဲ့။ သူ့ဘက်မှ တစ်ဆင့်ထက်တစ်ဆင့် ချဉ်းကပ်ခဲ့​သော်လည်း ထိုလူက အမျိုးမျိုး အ​ကြောင်းပြကာ ငြင်းဆန်သဖြင့် သူကလည်း မိုက်မဲစွာပင် ထိုအ​ကြောင်းပြချက်တို့ကို လက်ခံခဲ့သည်။ ထိုလူမှာ သူ့ကို မထိကိုင်ချင်​သော​ကြောင့်မဟုတ်ဘဲ ​ယောက်ျားတစ်​ယောက်ကို မနှစ်သက်​သော​ကြောင့် ထိ​တွေ့မလိုခြင်းဟု သိလိုက်ရ​လေပြီ။

ထိုအခိုက်မှာပင် ယွင်ချဲ့ ကံ​ကောင်းသည်ဟု ခံစားမိလိုက်သည်။ အကယ်၍ ထိုသူနှင့်သာ ချစ်စခန်း ဖွင့်မိခဲ့လျှင် သူ့ကိုယ်သူ သတ်​သေမိလိမ့်မည်။

“ဟုတ်တယ် .. ဒါ​ပေမယ့် ငါမင်းကို ဒီကို​ခေါ်လာတာ မဟုတ်ဘူး ယွင်ချဲ့ .. မင်းအ​တွေးမှား​နေပြီ ငါ့ကိုအပြစ်မတင်ပါနဲ့ … ငါက ငါလိုချင်တာကို ရ​အောင်ယူရုံပဲ”

သူ၏နူးညံ့​သော မျက်ဝန်းများတွင် ​နွေး​ထွေးမှုများ ​ပျောက်ဆုံး​နေသည်။ စစ်ဖြစ်လာပြီး​နောက်တွင် တရားဝင် ဥပ​ဒေများ မရှိ​တော့သဖြင့် လူအများ၏ ကိုယ်ကျင့်တရားနှင့် အသိတရားတို့မှာ ပျက်သုဉ်း လာခဲ့သည့်အပြင် ထိုလူမှာ သူလိုအပ်သည်ကို ရရန်အတွက် သူမချစ် မနှစ်သက်​သော ​ယောကျ်ားတစ်​ယောက် ​ရောင်းစားခဲ့သည်။

“စစ်တပ်က​တောင် နင့်ကို လိုချင်​နေတာ​လေ သူတစ်​ယောက်တည်း နင့်ကိုဘယ်လိုလုပ်​ခေါ်လာနိုင်မှာလဲ .. အမှန်ကို​ ပြောရရင် ယွင်ချဲ့ သူ့ကိုကူ​ပေးဖို့ ငါ့အစ်ကိုက လူတစ်​ယောက်လွှတ်​​ပေးလိုက်တာ။ ငါတို့ ကျိုးမိသားစုအတွက် နင်နဲ့ အဲဒီ မိမစစ် ဖမစစ်​လေးက ရှင်းလင်းပစ်သင့်တဲ့အမှိုက်​တွေပဲ ”

ထိုလှပ​သော မိန်းက​လေး၏ မျက်နှာထားမှာ ပျက်ယွင်းလာသည်။ ထိုမိန်းက​လေးမှာ ယွင်ယောင်နှင့် ယွင်ချဲ့တို့ကို မုန်းတီးသည့်အပြင် ယွင်​ယောင် ထားရစ်ခဲ့​သော ထိုက​လေးကိုလည်း သူမ မုန်းတီး​​နေပြီး သူတို့ ယွင်မိသားစုကိုပါ အလွန် မုန်းတီးသူဖြစ်သည်။

“​ယောက်ဖကလား? ဟက် .. ငါမ​သေ​တော့ဘူးလို့ ထင်ခဲ့​ပေမယ့် မြို့​တော်မှာ ရှိ​နေတဲ့ ဗိုလ်ချုပ်ကျိုး ကိုယ်တိုင်က လုပ်ခိုင်းတာဆို​တော့ …”

ယွင်ချဲ့က စမ်းသပ်ခံ စားပွဲ​ပေါ်တွင် လဲ​လျောင်းကာ ​လှောင်သ​ရော်ဟန်နှင့် ​ပြောလိုက်သည်။
ဗိုလ်ချုပ် ကျိုးသည် သူ၏အစ်မ လက်ထပ်လို​သော ​ယောကျ်ား တစ်​ယောက်ဖြစ်ပြီး ချန်ချန်၏ မိသားစု တစ်ဉီးလည်း ဖြစ်သည်။ သို့​သော်လည်း ထိုသူတို့မှာ သူ့ကို​ နောက်​ကျောဓါးထိုး သစ္စာ​ဖောက်ခဲ့ကြပြီး သူ့ကိုလည်း ရှင်းလင်း ပစ်ချင်​နေကြသည်။

“အို .. နင်က နင့်အစ်မ ယွင်​ယောင်လိုပဲ အ​ပေါစား ဆန်လိုက်တာ .. နင်တို့ ယွင် တစ်မိသားစုလုံး အ​ပေါစား​တွေပဲ”

သူ၏အမူအရာမှာ ခါးခါးသီးသီး မဖြစ်သွားဘဲ ထုံထိုင်းဟန် ဖြစ်​နေ​သော​ကြောင့် ထိုအမျိုးသမီးမှာ ​ဒေါသ ပိုထွက်လာပြီး သူ့ကို ယခုချက်ချင်းပင် သတ်ချင်လိုစိတ်များ ဖြစ်လာသည်။

“ယွင်ချဲ့ ..”

“​​ခွေး​ကောင် မင်းသူ့ကိုမထိနဲ့ သူ့အနားကပ်ဖို့ မင်းမထိုက်တန်ဘူး ”

တစ်ဖက်ရှိ စားပွဲ​ပေါ်တွင် လဲ​နေ​သော ချန်ချန်မှာ သတိရှိ​နေစဉ်မှာပင် ဉီး​ခေါင်းခွံကို ဖြုတ်ယူ ခံလိုက်ရသည်ကို ကြည့်​နေရင်း သူမျက်ရည်များ ဖြည်မဆည်နိုင်​အောင် ကျဆင်းလာ​တော့သည်။ သူ့အစ်မ၏ တစ်ဉီးတည်း​သော​ သွေးသားကို သူမကာကွယ်နိုင်ခဲ့​ပေ။

​တောင်းပန်ပါတယ် ချန်ချန် …

သူ၏အ​တွေးနှင့် မျက်လုံးထဲတွင် ​သွေးများ ဖုံးလွှမ်း​နေသည့် ပုံရိပ်များသာ မြင်​ယောင်​နေရသည်။ ယွင်ချဲ့ လက်ကို ကျစ်​အောင် လက်သီးဆုပ်ထားပြီး စိတ်ထဲမှ​နေ၍ သူ၏တူဖြစ်သူကိုသာ ​တောင်းပန်​နေ​တော့သည်။

ယွင်ချဲ့မှာ အရှုံး​ပေး​တော့မည့် ပုံစံဖြစ်လာသည့်အခါ ထိုအမျိုးသမီးက ဟန်မင်ကျယ်ကို လွှတ်လိုက်သည်။

“​နေဉီး ”

သူတို့နှစ်​ယောက် ထွက်သွားဟန် ပြင်လိုက်စဉ် ယွင်ချဲ့ မျက်လုံးများ ပွင့်လာပြီး ​ဒေါသစိတ်တို့မှာလည်း ငြိမ်သက်​ နေ​လေသည်။ သူ၏ဖြူဖပ်ဖြူ​ရော် ဖြစ်​နေ​သော မျက်နှာထက်တွင်လည်း ထူးဆန်း​သော အပြုံးတစ်ခု ဖြစ်တည်လျက် …

“မင်းတို့က ငါ့ကို ဒီလို​ ပျော်​ပျော်ရွှင်ရွှင်နဲ့ ပြုစု​ပေးကြ​တော့လည်း ငါက လက်ဗလာနဲ့ ပြန်လွှတ်လိုက်လို့ မဖြစ်ဘူးမလား”

ထိုစဉ် ​လေထုထဲမှ ​ပေါက်ကွဲသံ တစ်ခု ထွက်လာပြီး ယွင်ချဲ့၏ ​ခြေလက်တို့ကို ချည်နှောင်ထား​သော သံကွင်းများမှာ ပြုတ်ထွက် ကုန်သည်။ စားပွဲ​ပေါ်မှ ထထိုင်ကာ အခန်းထဲရှိသူတို့ အနား တစ်လှမ်းချင်း တိုးကာ ကပ်​လျှောက်လာသဖြင့် အခြား​သော သုတေသန ပြုသူတို့မှာလည်း ​သေခြင်းတရားကို ရင်ဆိုင်​နေရ သကဲ့သို့ ​ကြောက်ရွံ့ကာ မလှုပ်မယှက်ရပ်​နေကြသည်။

“မင်း .. မင်းဘာလုပ်ချင်လို့လဲ”

ဟန်မင်ကျယ်နှင့် ထိုအမျိုးသမီးတို့မှာလည်း အလွန်​ ကြောက်ရွံ့​ နေကြသည်။ သူတို့ဘာကြောင့်များ ပြဿနာ ဖြစ်​အောင် လုပ်ကြတာလဲ။ စစ်ကာလတွင် လူတစ်​ယောက်ကို လူမသိသူမသိ ရှင်းလင်းလိုက်ခြင်းက အလွန် လွယ်ကူ​​သော်လည်း ယွင်ချဲ့မှာ လျှပ်စီးနှင့်​လေဟာပြင် စွမ်းအားတို့ကို ပိုင်ဆိုင်ထားသဖြင့် သူ့ကို ထိုနည်းနှင့် သတ်၍ မရနိုင်။

“မဟုတ်ဘူး .. မဖြစ်နိုင်တာ မင်းကို အတားအဆီး နှစ်ထပ်နဲ့ချုပ်ထားတာ”

ဟန်မင်ကျယ်မှာ ထိန်းချုပ်​ဆေးများကို ​ကောင်းစွာ သိကျွမ်း နားလည်သည့်အပြင် စမ်းသပ်မှု များစွာကိုလည်း ပြုလုပ်ခဲ့ပြီး ဖြစ်​သော​ကြောင့် အထိတ်တလန့်နှင့် ယွင်ချဲ့ကို ကြည့်​နေမိသည်။

“ပျက်သုဉ်း ကာလမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး”

ခရမ်း​ရောင်နှင့် အဖြူ​ရောစပ်​နေ​သော အလွန်ကြီးမားသည့် လျှပ်စီးတစ်ခုကို ယွင်ချဲ့ ဖန်တီးလိုက်ပြီး လူနှစ်ဉီးသို့ ပစ်လိုက်သည့်အခါ အလွန် ကျယ်​လောင်​သော ​အော်သံများထွက်​ပေါ်လာသည်။ ဟန်မင်ကျယ်သည် စွမ်းအားရှင် မဟုတ်သဖြင့် တစ်ကိုယ်လုံးမှာ ​မီး​သွေးကဲ့သို့​လောင်ကျွမ်းသွား​​ပြီး အမျိုးသမီးမှာ အသက်ရှင် ကျန်ခဲ့သည်။

ဟန်မင်ကျယ် ​သေဆုံး သွားခဲ့​သော်လည်း ထူးဆန်းစွာ ယွင်ချဲ့ နှလုံးသား ကွဲ​ကြေခြင်းကို မခံစားရ​ပေ။ သူလည်း ဟန်မင်ကျယ်ကို မချစ်ခဲ့ဟု ယူဆ၍ရနိုင်သည်။ ပျက်သုဉ်း ကာလအတွင်း သူ့တွင် များပြားစွာ ဆုံးရှုံးခဲ့ရသဖြင့် ဟန်မင်ကျယ်​၏ အတုအ​ယောင် ကြင်နာမှုများကို သူပိုင်ဆိုင်ခဲ့ ရသဖြင့် စိတ်ယိမ်းယိုင်ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။

အမျိုးသမီးကို တစ်ဖန် ကန်ရန် အ​ပြေးမသွား​တော့သည့် အပြင် လဲကျ​နေ​သော ​လောင်ကျွမ်းထားသည့် လူကိုလည်း မကြည့်​တော့ဘဲ တစ်ဖက်စားပွဲကို လှည့်ကာ ယွင်ချဲ့ သူ၏စွမ်းအားကို ခဏတာ ထိန်းချုပ် ထားလိုက်သည်။ တူဖြစ်သူကို​ တွေ့လိုက်ရချိန်တွင် တူလေး၏ မျက်နှာမှာ သူ၏လက်တစ်ဝါးစာပင် မရှိ​တော့​ပေ။ ထိုက​လေးမှာ အသက် ၆ နှစ်​ကျော်ပြီဖြစ်​သော်လည်း ၃ နှစ် ၄ နှစ်အရွယ်ကဲ့သို့ အလွန်​ သေးညှက်​နေပုံမှာ ကျိုးမိသားစုက သူ့အ​ပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံသည်ကို ရိပ်မိနိုင်သည်။

“​တောင်းပန်ပါတယ် .. အကုန်ဉီးဉီး အပြစ်​တွေပါ ဉီးဉီး​ တောင်းပန်ပါတယ်”

​အေးစက်​နေ​သော က​လေးငယ်၏ လက်ကို ဆုပ်ကိုင်ကာ ယွင်ချဲ့ အလွန်ဝမ်းနည်းစွာ စားပွဲ​ဘေးတွင် ဒူး​ထောက်လျက်သား ကျသွား​လေသည်။ ​ယောက်ဖက သူ၏အစ်မကို အချစ်မြတ်နိုး​ပြီး သူ၏က​လေးကိုလည်း ​ကောင်းမွန်စွာ ဆက်ဆံ​မည်ဟု ရူးမိုက်စွာ မယုံကြည်ခဲ့လျှင်၊ သူသာ အတုယောင် အချစ်တွင်း မကျ​ရောက်ခဲ့လျှင် … အားလုံး သူတစ်​ယောက်တည်း၏ အပြစ်ပင်။ တူလေးကို​ တွေ့​တွေ့ချင်း အခြား​နေရာကို​ ထွက်​ပြေးခဲ့လျှင် ယခုကဲ့သို့ အ​ခြေအနေ ဆိုးဝါးလိမ့်မည် မဟုတ်​ပေ။

“ရပ်ကြည့် မ​နေကြနဲ့​လေ သူ့ကိုအမြန်ဖမ်းကြ”

အမျိုးသမီးက ရုတ်တရက် ကျယ်​လောင်စွာ ​အော်ဟစ်​လေသည်။ ယွင်ချဲ့မှာ ဝမ်းနည်း​နေလျက်ဖြင့် ​မော့ကြည့်​လေရာ သု​တေသန ပြုသူအချို့က ​ဆေးထိုးအပ်များ ကိုင်ကာ အနားကပ် လာကြသည်ကို မြင်လိုက်ရသည်နှင့် ခွဲစိတ်ဓါးကိုယူကာ သု​တေသနပြုသူများ၏ လည်ပင်းမှ​သွေး​ကြောများကို ဖြတ်​တောက် ပစ်လိုက်​လေသည်။ လူအများအပြား​ မြေပြင်​ပေါ် လဲကုန်ကြပြီး ​သွေးများ စီးကျလာကာ မရပ်မနား ဆန့်တငင်ငင်ဖြစ်ကုန်ကြသည်။

“​နောက်တစ်​ယောက်”

​သေဆုံး​နေသည့် သု​တေသနပြုသူ တစ်​ယောက်အ​ပေါ် ​ခြေ​ထောက်တင် လိုက်ပြီး ခွဲစိတ်ဓါးကို ​ဆော့ကစားရင်း ​စွမ်းအားရှင် မဟုတ်ကြ​သော လူအများကို ကြည့်ကာ ယွင်ချဲ့ ​ပြောလိုက်သည်။ လျှပ်စီးအား ရှိ​နေသူနှင့် ရင်ဆိုင်ရန် သူတို့အတွက် မဖြစ်နိုင်​သော ကိစ္စပင်။

“ယွင်ချဲ့ .. နင်ငါ့ကိုထိရင် ငါ့မိသားစုက နင့်ကို အလွှတ်​ပေးလိမ့်မယ် မထင်နဲ့ ”

ယွင်ချဲ့မှာ ​သေမင်းထက်ပင် ပို၍ ကြောက်စရာ​ ကောင်း​နေသဖြင့် အမျိုးသမီးလည်း အလွန်​ကြောက်ရွံ့လာသည်။

“မင်းကိုယ်မင်း ကျိုး မိသားစုဝင် တစ်​ယောက်လို့ ထင်​နေတာလား? ငါသိသ​လောက်​​တော့ မင်းက မိဘ ဘယ်သူမှန်း​တောင် မသိရတဲ့ မိဘမဲ့ တစ်​ကောင်ကြွက်ဆို … မစိုးရိမ်ပါနဲ့ ငါမင်းကို မသတ်ပါဘူး”

“နင် ..”

ယွင်ချဲ့ စကားက ထိုအမျိုးသမီးကို နာကျင်​စေမည်မှာ မလွဲဧကန်ပင်။ သူမမှာ အလွန်​ဒေါသဖြစ်​နေသဖြင့် မျက်နှာမှာလည်း တွန့်ချိုး​နေပြီး တစ်ချိန်တည်းမှာပင် ယွင်ချဲ့ စကားကို လျစ်လျုရှု ထားလိုက်သည်။

“နင်ဘာလုပ်​နေတာလဲ အရူး .. နင်ရူး​နေပြီပဲ ”

“​ပြေးကြ သူရူး​နေပြီ”

ယွင်ချဲ့မှာ အသက်မဲ့​နေ​သော တူဖြစ်သူ၏ ခန္ဓာကိုယ်ကို​ ​ပွေ့ချီလိုက်ပြီး လျှပ်စီးစွမ်းအားကို ထုတ်ကာ တူ​လေး၏ကိုယ်ကို ပြာမှုန့်များ ဖြစ်​စေလိုက်သည့် မြင်ကွင်း​ကြောင့် ကျန်ရှိ​နေ​သော သုတေသန ပြုသူတို့က တံခါးဝသို့ ​ကြောက်လန့်တကြား ထွက်​ပြေးကြ​လေသည်။

“ငါ့တူကို သတ်ပြီး ​ပြေးချင်ကြတယ်လား .. ဒီစမ်းသပ်ရုံ တစ်ခုလုံးကို ငါ့တူရဲ့ ပြာမှုန့်နဲ့အတူ နစ်မြှုပ်​ပစ်မယ်”

တူဖြစ်သူ၏ ခန္ဓာကိုယ်မှာ စမ်းသပ်​ စစ်​ဆေးရန် မဖြစ်နိုင်​တော့​ကြောင်း ​သေချာ အတည်ပြုပြီး​နောက် ယွင်ချဲ့ ​ခေါင်းကို​ မော့လိုက်သည့်အခါ သူ၏မျက်နှာမှာ ခံစားချက်မဲ့ကာ အရူးတစ်ပိုင်းပမာ ဖြစ်​နေခဲ့ပြီး စွမ်းအားများလည်း ​တောက်​လောင်လာသည်။ ထိုသို့ကြီးမား​သော အစွမ်းကို ယွင်ချဲ့ ကိုယ်တိုင်ပင် မအံတုနိုင်ဘဲ သူ၏အ​ရေပြားမှ တစ်ဆင့် ​​သွေးများ စိမ့်ထွက်လာပြီး တစ်ကိုယ်လုံးမှာလည်း ​သွေးများဖြင့် စိုရွှဲသွား​လေသည်။

“အတူတူ​သေကြတာ​ပေါ့ ”

“မလုပ်နဲ့ …”

ဝုန်း

သူ့ဘဝ၏​ နောက်ဆုံး အပြုံးနှင့်အတူ ယွင်ချဲ့သည် ကိုယ်တွင်း၌ စုပုံလာ​သော လျှပ်စီး မိုးကြိုးစွမ်းအားကို လွှတ်ထုတ် လိုက်​သည့်အခါ မိုးခြိမ်းသံကဲ့သို့ စမ်းသပ်ရုံ တစ်ခုလုံး ပဲ့တင်ထပ် မြည်ဟည်း သွား​လေသည်။ ဖြစ်ပျက်သွားသည့် အ​​ကြောင်းရာတို့ကို မည်သူမှ မသိလိုက်ကြ​ပေ။ သို့သော် ​မြေ​အောက် လျှို့ဝှက် စမ်းသပ်ခန်းမှာ ပြိုကျပျက်စီးသွားပြီး သု​တေသန ပြုသူများနှင့် အစမ်းသပ်ခံ ဖုတ်​ကောင်များမှာ အပျက်အစီးများ​ အောက်တွင် အသက်ရှင်သန်ရန် မဖြစ်နိုင်​တော့သည်မှာ အ​သေအချာပင်။
***

YMR
Author: YMR
ကမ္ဘာပျက်ကပ်က စစ်သည်တော်

ကမ္ဘာပျက်ကပ်က စစ်သည်တော်

Young Military Rarities, Quân thiếu trong tay bảo, Treasure of the Young Military Master, 军少掌中宝 【完结全本】
Score 7.8
Status: Ongoing Type: Author: , Artist: , Released: 2018 Native Language: Chinese
ယွင်ချဲ့ မှာ ကမ္ဘာပျက်ကပ်ဆိုက်စဉ်အတွင်း ကိုယ့်ကိုယ်ကို ထူးဆန်းစွာဖြစ်ပျက်ခဲ့​သော်လည်း စစ်တပ်၏အလိုရှိသူဖြစ်ကာ ချစ်ရသူ​ကြောင့်ပင် ​သေဆုံးခဲ့ရသည်။ တဖန်ပြန်လည်း​မွေးဖွားလာသည့်အခါ ကိုယ်တိုင်အသက်ရှင်သန်ရန် ကြိုးပမ်းခဲ့သည်။စစ်တပ်၏တတိယမျိုးဆက်ဖြစ်​သော ရှင်းဖုန်း က သူ၏စိတ်နှလုံးသားကို စစ်တပ်ထဲတွင် မမြုပ်နှံခဲ့​ပေ။ အသက် ၂၀​ရောက်လာသည့်အခါ စစ်တပ်ကိုစွန့်လွှတ်၍ စီးပွား​ရေးနယ်ပယ်သို့ ဝင်​ရောက်လာခဲ့သည်။ ကမ္ဘာပျက်ကပ်ဆိုက်​ရောက်လာသည့်အခါ ယွင်ချဲ့ နှင့် မ​တော်တ​ဆ​တွေ့ဆုံခဲ့ပြီး သူ့ဘဝ၏စာမျက်နှာအသစ်ကို ​ကြုံဆုံလာခဲ့သည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset