ERSY အခန်း ၂၆၇

အခန်း ၂၆၇ ။ ရူးနှမ်းနေသောဖုန်းညာန်

“ညီနောင်ဖုန့် ငါမင်းအကူအညီကို အရေးတကြီးလိုတဲ့ကိစ္စရှိတယ်” လေထဲအလိုလိုပေါ်လာသူက ကျူမင်။ သူက သွေးပျက်နေတဲ့ အမူအရာနဲ့ ဖုန့်စန်းကို ကြည့်နေတယ်။

“ညီနောင်ကျူ၊ ဒါက…” ဖုန့်စန်း အူကြောင်ကြောင် ပြန်စိုက်ကြည့်နေမိတယ်။ သူ ကျူမင်ကို ဒီလိုပုံစံနဲ့ ရုတ်တရက် ပေါ်လာမယ်ကို မထင်ထားတာ။ နေရာရွှေ့ပြောင်းမှုက လူတစ်ယောက်ကို တစ်စက္ကန့်အတွင်း မိုင်သောင်းချီသွားလာလို့ရအောင် လုပ်ပေးပေမဲ့ စွမ်းအင်အများကြီး လိုအပ်တယ်။ သေရေးရှင်ရေးကိစ္စမဟုတ်သရွေ့ တစ္ဆေအမတတွေက နေရာရွှေ့ပြောင်းမှာမဟုတ်ဘူး။

ကျူမင် သိသိသာသာ အင်မတန်စိတ်ရှုပ်ထွေးနေတယ်။

“ညီနောင်ဖုန့်၊ အရင်က ကောင်းကင်မြေအောက်ဆီ လာခဲ့တဲ့လူသုံးယောက် ဘယ်မှာ…” သူက ဘေးက ရှန်းရင်ကို မြင်ချိန် စကားရပ်သွားတယ်။ သူ့မျက်လုံးတွေ တောက်ပသွားပြီး ချက်ချင်း လက်သီးဆုပ် ဂါရ၀ပြုလိုက်တယ်။

“ကောင်းလိုက်တာ၊ အားလုံးဒီမှာရှိနေသေးတာပဲ၊ ဖုန်းညာန်… ဖုန်းညာန် ဒုက္ခရောက်နေပြီ”

“သူ ဘာဖြစ်တာလဲ” ကူယွဲ့ ထိတ်လန့်တကြား လျှောက်လာခဲ့တယ်။

“ကျုပ်လည်း သူဘာဖြစ်တာမှန်း မသိဘူး၊ သူ့ဝိညာဉ်က ရုတ်တရက် အတော်လေး မတည်မငြိမ် ဖြစ်လာတာ” ကျူမင် စိတ်ရှုပ်ထွေးစွာ ပြောလိုက်တယ်။ သူက အခန်းကို ဝေ့ဝဲကြည့်ပြီး ရှန်းရင်ပေါ် အကြည့်ရောက်သွားခဲ့တယ်။

“ဒီကြီးမြတ်တဲ့နတ်ဒေဝါကို ကျုပ်နဲ့အတူလိုက်ခဲ့ပြီး ဖုန်းညာန်ကို ကယ်တင်ပေးဖို့ တောင်းဆိုလို့ ရနိုင်မလား”

သူမ အရင်က အင်းကွက်ကိုဖျက်ဆီးချိန် သူ လေ့လာစောင့်ကြည့်နေခဲ့တာ။ မျိုးရိုးနာမည်ရှန်းနဲ့ ဒီကြီးမြတ်တဲ့နတ်သမီးက မြင်ရတာထက် ပိုပြီးမြင့်တဲ့ကျင့်ကြံဆင့်ရှိတယ်။ တကယ်လို့ တစ်ယောက်ယောက်သာ ဖုန်းညာန်ကို ကယ်တင်နိုင်ရင် ဒါသူတို့ပဲ။ သူ့မှာ ရွေးစရာမရှိတော့ဘဲ သူတို့ကို ဒီနေရာလာရှာခဲ့ရတာ။

ရှန်းရင်နဲ့ ကူယွဲ့ တစ်ယောက်နဲ့တစ်ယောက် လှမ်းကြည့်လိုက်ပြီး သွားစစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကြွင်းအကျန်ဝိညာဉ်တွေ ပျောက်နေတဲ့ ဒီကိစ္စတစ်ခုလုံးကိစ္စက ဖုန်းညာန်နဲ့လည်း တစ်ခုခု ပတ်သက်နိုင်တယ်။

“ငါတို့ ဖုန်းညာန်ကို အရင်ဆုံးသွားစစ်ဆေးကြည့်တာပေါ့” ကူယွဲ့က ဖုန့်စန်းနဲ့ လုံကျန်းကို လှမ်းပြောလိုက်တယ်။

“ရှန်းကျွင်းနှစ်ယောက်ကို လင်ထိုက်တောင်ဆီ အရင်သွားပြီး ပျောက်ဆုံးနေတဲ့ ကြွင်းကျန်ဝိညာဉ်တွေအကြောင်း မေးမြန်းပေးကြည့်ထားဖို့ တောင်းဆိုလို့ရမလားဗျာ”

နှစ်ယောက်သားက အုပ်စုကို စိုးရိမ်တကြီး ဝေ့ဝဲကြည့်လိုက်တယ်။

“ဒါပေမဲ့ မင်းတို့အားလုံး…” ဖုန့်စန်းအမူအရာက ဇဝေဇဝါဖြစ်မှုတို့ ရောင်ပြန်ဟပ်နေတယ်။ ကျူမင်က သူ့ကို အကူအညီတောင်းဖို့မဟုတ်ဘဲ သူ့သားရဲ့ အားနည်းတဲ့ပုံပေါ်တဲ့ဆရာရဲ့ အကူအညီ တောင်းဖို့ ဘာလို့ ဒီကိုရောက်လာတာလဲ နားမလည်နိုင်ဘူး။ သူ ကျူမင်ကို စိတ်ပြောင်းဖို့ နားချမလို့ရှိသေး လုံကျန်း သူ့ကို စိန်းစိန်းဝါးဝါးကြည့်နေတာမြင်လိုက်ရတယ်။ သူ့စကားတွေကို ပြန်မျိုချလိုက်ရတော့တယ်။

“ကျေးဇူးတင်ပါတယ် မိတ်ဆွေတို့” ကျူမင်က သူတို့ သူနဲ့အတူပြန်လိုက်လာမယ်ကြားတော့ သုံးယောက်ကို အမြန်ကျေးဇူးတင်လိုက်တယ်။ သူ အလောတကြီး သူတို့ကို သူနဲ့အတူ နေရာရွှေ့ပြောင်းလိုက်တယ်။

အရာအားလုံးက ခဏတာ တိတ်ဆိတ်သွားခဲ့ပြီးတဲ့နောက် သူတို့ကောင်းကင်မြေအောက်ဘုံ ရောက်နေပြီဆိုတာသိလိုက်ရတယ်။ သူတို့ပတ်လည်မှာ တစ္ဆေချီနဲ့ လေလွင့်ဝိညာဉ်တွေ။ သူတို့ရှေ့မှာတော့ ယင်ချီတွေ အများကြီး ဖုံးလွှမ်းနေပြီး မမြင်ဖူးတဲ့ နန်းဆောင်တစ်ခုဖြစ်နေတယ်။ ဒါ ကျူမင်နေတဲ့နေရာဆိုတာ သိသာတယ်။

နဂိုနန်းဆောင်မြင့်ကြီးရဲ့တစ်ဝက်က အပိုင်းပိုင်းအစစ ပျက်စီးနေတယ်။ အထဲကနေ ပြတ်တောင်းပြတ်တောင်းအော်ဟစ်သံတွေကြားရပြီး အင်းကွက်တစ်ခုရဲ့ အနီရောင်အလင်းကို ခပ်ရေးရေးမြင်နေရတယ်။

“ဖုန်းညာန်က ဒီမှာတင်” ကျူမင်က သူတို့အုပ်စုကို နန်းဆောင်ထဲ ‌ဦးဆောင်ခေါ်လာခဲ့တယ်။

နန်းဆောင်ထဲမှာတော့ အပျက်အစီးတွေ။ နေရာတိုင်းမှာ နံရံတွေက တစစီဖြစ်နေတယ်။ ကျန်ရစ်တာဆိုလို့ ခန်းမဆောင်အလယ်ထဲက တောက်ပနေပြီး ခိုင်ခံ့တဲ့အင်းကွက်ပဲ။ အင်းကွက်အလယ်မှာတော့ သူတို့ ပထမဆုံးမြင်မြင်ချိန်ကလို ရူးနှမ်းနေဆဲ ဖုန်းညာန်။ သူမက သူမကို ပိတ်လှောင်ထားတဲ့ အင်းကွက်ကို တိုက်ခိုက်နေတယ်။ သူမမျက်လုံးနှစ်ခုစလုံးက ‌ရဲရဲနီနေပြီး အင်မတန် နာကျင်နေတဲ့ပုံ။

အဓိကအချက်က အင်းကွက်ထဲ ဖုန်းညာန် ဆယ်ယောက်ရှိနေတာပဲ။ တစ်ယောက်ချင်းစီက အလှည့်ကျ နာကျင်မှုနဲ့ အော်ဟစ်ညည်းတွားနေတယ်။

တစ်ယောက်ချင်းစီက အင်းကွက်နံရံကို အရှိန်ပြင်းသထက်ပြင်းပြင်း ဝင်တိုက်နေတာ အင်းကွက်ပေါ် အက်ကွဲကြောင်းတွေစပေါ်လာတဲ့အထိပဲ။

“ဖုန်းညာန်” ကျူမင်က အော်လိုက်ပြီး အင်းကွက်ကို နေရာမှာထိန်းထားဖို့ ရှေ့ကိုအပြေးသွားပြီး စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်တယ်။

“သူမဝိညာဉ်က ကွဲထွက်နေပြီ” ကူယွဲ့က အော်ပြီး ကျူမင်ဘက် လှည့်လိုက်တယ်။

“ဘာဖြစ်ခဲ့တာလဲ” သူမဝိညာဉ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေသင့်တာလေ။ သူတို့ ဝိညာဉ်ခြမ်းအင်းကွက်ထဲမှာမဟုတ်သရွေ့ တစ်ခုတည်း ပြန်စုဝေးသွားသင့်တယ်။ ဘာလို့ ဖုန်းညာန်ဝိညာဉ်က အစိတ်အပိုင်းတွေ ပိုကွဲထွက်လာရတာလဲ။

“ကျုပ်လည်း မသိဘူး၊ သူက ဒီလိုမျိုး ရုတ်တရက်ဖြစ်လာတာပဲ၊ ကျုပ်ဘာပဲလုပ်လုပ် သူမဝိညာဉ်က အတူတူပြန်မစုသွားဘူး၊ အဲဒါနဲ့ ဒီအင်းကွက်ထဲ ပိတ်ထားရတော့တာပဲ”

ကျူမင်က အင်းကွက်ကိုပြင်ရင်း ရှင်းပြတယ်။

သူက ရှန်းရင်ဘက် တောင်းပန်လျှိုးတိုးလိုက်တယ်။

“ကျုပ်မှာ ခင်ဗျားတို့ကို ဒုက္ခပေးဖို့ကလွဲ ရွေးစရာမရှိလို့ပါ၊ အရင်တစ်ခေါက်က ခင်ဗျား ဝိညာဉ်ခြမ်းအင်းကွက်ကို ချိုးဖျက်နိုင်ခဲ့တယ်လေ၊ ဒီတစ်ကြိမ် ဖုန်းညာန်ဘာဖြစ်နေလဲဆိုတာ ကျေးဇူးပြုပြီး ကူညီအဖြေရှာပေးနိုင်မလား”

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

“ကျုပ်တို့လည်း သူဘာဖြစ်နေလဲ မပြောနိုင်ဘူး” ဖုန်းညာန်ဖြစ်တာက စားဖိုမှူးနဲ့ ကွဲပြားတယ်။ သူမက အကြွင်းအကျန်ဝိညာဉ် ပျောက်ဆုံးနေတာမဟုတ်ဘဲ မူလဝိညာဉ်ပျောက်ဆုံးနေတာ။

ကျူမင့်မျက်နှာ ပျက်သွားပြီး နောက်တစ်ကြိမ် သွေးပျက်စပြုလာပြန်ပြီ။

အင်းကွက်ထဲက ဖုန်းညာန်လှုပ်ရှားမှုတွေက အားနည်းသထက် အားနည်းလာတယ်။ ကြည့်ရတာ သူမက ပင်ပန်းလာသလိုပဲ။ ဒါမှမဟုတ် သူမရဲ့ ကွဲပြားနေတဲ့ဝိညာဉ်တွေက နှိပ်စက်မှုဒဏ်ကို မတောင့်ခံနိုင်တော့တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူမအော်သံတွေနဲ့ ငိုကြွေးသံတွေက ကျယ်လောင်သထက် ကျယ်လောင်လာတယ်။ စကားလုံးတစ်လုံးစီက နာကျည်းမှုတွေနဲ့ ပြည့်လျှံနေလို့ ကောင်းကင်မြေအောက်ဘုံတစ်ခုလုံး သူမရဲ့အမုန်းတရားတွေနဲ့ အက်ခိုးထပ်နေတဲ့ပုံ။

“နင် ငါ့အပေါ်လုပ်ခဲ့တာတွေကို မုန်းတယ် ဘာလို့လဲ”

“တောင်တန်းနဲ့ တောင်ကြားတိုင်း၊ ထာဝရအတွက် အတူနေမယ်ဆို၊ ဟားဟားဟား… လူလိမ်၊ အားလုံး အလိမ်အညာတွေကြီးပဲ”

“ငါမသေဘူး၊ သေမှာမဟုတ်ဘူး တကယ်လို့ ငါ တစ်သက်လုံး တစ္ဆေဖြစ်သွားပြီး ပြန်ဝင်စားခွင့် မရှိတော့ရင်တောင် နင်တို့အားလုံးကို ငါနဲ့အတူ ငရဲကိုထာဝရဆွဲခေါ်သွားပစ်မယ်”

“မဟာတရားမျှတမှု၊ ဉာဏ်အလင်းပွင့်မှုရရှိဖို့ နင့်ခံစားချက်တွေကို ဖြတ်တောက်တယ်… ဒါတွေအားလုံးက အလိမ်အညာပဲ ငါ့အသက်ကို ငါ့ဆီပြန်ပေး ငါ့ကိုပြန်ပေး”

သူမအသံက ပိုပိုပြီး နားစူးသထက်နားစူးလာကာ တစ်ခွန်းချင်းစီက အရင်တစ်ခွန်းထက် ပိုကျယ်လောင်လာတယ်။ ချီနက်တွေက ဖုန်းညာန်ရဲ့ နဂို ဖောက်ထွင်းမြင်နေရတဲ့ဝိညာဉ်တွေပေါ် စတင်ပေါ်ပေါက်လာခဲ့တယ်။ တစ္ဆေအမတတွေရဲ့ ယင်ချီလည်းအဟုတ်သလို နတ်ဆိုးချီနဲ့လည်းမတူဘူး။ သူမရဲ့ အမျက်ထွက်နေတဲ့စွမ်းအင်က ကောင်းကင်ဆီ တစ်ရှိန်ထိုးတက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြည့်ဖို့ ခြိမ်းခြောက်နေလေရဲ့။

“နာကျည်းချက်အရှိန်အဝါ” ကျူမင်က မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားခဲ့တယ်။

“ဒါ ဘယ်လိုလုပ်… ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”

တစ္ဆေအမတ ဖြစ်လာသူတိုင်းက နာကျည်းချက်တွေ ကြီးကြီးမားမားနဲ့ သေခဲ့တာဆိုပေမဲ့လည်း ဒါက ကောင်းကင်မြေအောက်ဘုံ။ ကောင်းကင်မြေအောက်ဘုံရဲ့ ယင်မြစ်က တစ္ဆေအမတတွေ ရူးသွပ်တဲ့အထိ တွန်းအားမပေးခံရအောင် နာကျည်းတဲ့စွမ်းအင်တွေအားလုံးကို ဖယ်ရှားပစ်နိုင်တယ်။ အဲဒါကြောင့် တစ္ဆေအမတတွေ မြေအောက်ဘုံကနေ ထွက်ခွာဖို့မလွယ်တာပဲ။ ဒါပေမဲ့ ဖုန်းညာန်ကတော့ ဝိညာဉ်တွေ ကွဲထွက်နေတာတောင် နာကျည်းတဲ့စွမ်းအင်အများကြီးရှိနေတယ်။

ကျူမင် တစ်စုံတရာကိုနားလည်သွားတာမို့ မျက်လုံးပြူးသွားတယ်။ သူ့မျက်နှာက အရောင်အားလုံး ဆုတ်ယုတ်သွားကာ တီးတိုးရေရွတ်လိုက်တယ်။

“သူ လက်မလွှတ်နိုင်သေးတာ… ဖြစ်နိုင်လား”

“အင်းကွက်ထဲ ဝိညာဉ်တစ်ခု ပျောက်နေတယ်” ရွှမ်ထုံက လှမ်းအော်တယ်။

အားလုံး ထိတ်တလန့်တကြား နောက်ပြန်ခုန်ပြီး လှည့်ကြည့်လိုက်တယ်။ တကယ်ပဲ သူတို့အင်းကွက်ထဲ မြင်ခဲ့ရတဲ့ ဖုန်းညာန်ရဲ့ဝိညာဉ်ကိုးခုအစား ရှစ်ခုပဲကျန်တော့တယ်။ ပြီးတော့ တစ်ခုချင်းစီမှာ သူတို့နား နာကျည်းချက်ပမာဏအများကြီးပဲ။ တစ်အောင့်ကြာတော့ နာကျည်းချက်တွေဝိုင်းနေတဲ့ ဝိညာဉ်၅ခုက မမြင်ရတဲ့အားတစ်ခု ဆွဲတာကို ခံနေရသလိုမျိုး စုဝေးလာတယ်။

“မကျေမချမ်းမှုနဲ့ ဝိညာဉ်စုဝေးနေတာပဲ” ပိုင်ဇယ် တီးတိုးရေရွတ်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တယ်။ အဲဒီနာကျည်းချက်အားလုံးက သူမရဲ့ ကင်းကွာနေတဲ့ဝိညာဉ်တွေကို တစ်ခုတည်း ပြန်စုဝေးအောင် ကူညီနေတာပဲ။

“ဟင့်အင်း ဒါက ဖုန်းညာန်ကို နာကျည်းချက်တွေ ဝါးမျိုစေလိမ့်မယ်” ကျူမင်က ပိုပြီးတောင် စိုးရိမ်လာပြီး အလောတကြီး ချိပ်တစ်ခုကိုဖန်တီးလိုက်တယ်။ ဒါပေမဲ့ သူ ဘာမှမလုပ်နိုင်။

ဖုန်းညာန်ရဲ့ မတူညီတဲ့ ဝိညာဉ်အစိတ်အပိုင်းတွေက အနည်းနဲ့အများ တစ်ခုတည်းအဖြစ် စုဝေးနေကြပြီ။ ငိုကြွေးသံနဲ့ အော်ဟစ်သံတွေက ရပ်တန့်သွားတယ်။ ဖုန်းညာန်ရဲ့ ဝတ်ရုံနက်တွေနဲ့ ရှုပ်ပွနေတဲ့ဆံပင်က အင်းကွက်အလယ်ဆီ လွင့်နေတယ်။ သွေးကြောင်းနှစ်ခုကတော့ မျက်နှာပေါ် ကျန်ရစ်နေဆဲ။

ရုတ်တရက် သူမ တိတ်ဆိတ်သွားပြီး ရူးသွပ်မှုပျောက်ဆုံးသွားတယ်။ ရုတ်တရက် သူမရဲ့ သွေးမျက်လုံးတွေက တောက်ပလာတဲ့ပုံ။ သူမရဲ့ အကြည့်က သူတို့အုပ်စုဆီမှာ။ ရုတ်တရက် သူက ခြေချောင်းတွေ ကုပ်ပြီး အေးစက်စက် ပြုံးဖြီးပြလေတယ်။

“ဖုန်းညာန်…” ကျူမင် ရှေ့တစ်လှမ်းတိုးလိုက်တယ်။

ဖုန်းညာန်ရဲ့ပြုံးဖြီးမှုက နားနှစ်ဖက်ထိမတတ် ကျယ်ပြန့်လာခဲ့တယ်။ သူမမျက်လုံးတွေက မျက်လုံးအိမ်တွေထဲကနေ ပြူးထွက်မလို ဖြစ်နေချိန် ရုတ်တရက်ထရယ်တယ်။

“ဟီးဟီးဟီး… နင်က ကြံရာပါပဲ၊ နင်တို့အားလုံးသေသင့်တယ်၊ ငါ့အသက်ကို ပြန်ပေးစမ်း၊ ပြန်ပေးမှာလား… ဆရာတူမောင်လေး”

“မင်း… မှတ်မိတယ်လား” ကျူမင်က မျက်လုံးတွေပြူးသွားပြီး တောင့်တင်းသွားခဲ့တယ်။

ဖုန်းညာန် လက်ကိုမြှောက်ပြီး အော်ဟစ်ကာ နာကျည်းချက်အရှိန်အဝါကို ကျူမင်ဆီ တစ်ရှိန်ထိုး ပြေးဝင်သွားစေခဲ့တယ်။ သူတို့ပတ်ပတ်လည်က ယင်ချီတွေက နာကျည်းချက်တွေအတွက် လမ်းဖယ်ပေးဖို့ နောက်ဆုတ်သွားခဲ့ပြီး သူတို့ကြည့်ရတာ သူ့တစ်ကိုယ်လုံးကို ဝါးမျိုတော့မဲ့ပုံ။

“ကျူမင်” ကူယွဲ့ လှမ်းအော်ပြီး ကျူမင့်ကို နာကျည်းချက်အရှိန်အဝါလမ်းကြောင်းကနေ တွန်းထုတ်ဖို့ ဓားချီတွေကို သူ့ဆီပစ်လွှတ်လိုက်တယ်။ မြေကြီးက တုန်ခါစပြုလာပြီး တစ်ဝက်ပျက်စီးပြီးသား နန်းဆောင်က အုတ်ကျိုးအုတ်ပဲ့ပုံကြီးအဖြစ် မြေကြီးပေါ်ကျသွားခဲ့တော့တယ်။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset