ERSY အခန်း ၂၅၉

အခန်း ၂၅၉ ။ ဂျပုလေးကို ရှာခြင်း

ရှန်းရင်နဲ့တခြားသူတွေ သေချာမစဉ်းစားနိုင်ခင် ပိုပြီးပြင်းထန်တဲ့ဖိအားက သူတို့ဆီပြေးဝင်လာပြီး နောက်ဆက်တွဲပြိုကျမှုတွေပါ လိုက်လာလေတယ်။ သူတို့ပတ်လည်က ‌ဖန်တောင်ထွတ်တွေအားလုံး အမှုန့်တွေအဖြစ် ချက်ချင်း ပြောင်းလဲကုန်တယ်။ ယိချင်း သူ့ဘေးကလူနှစ်ယောက်ကို ကာကွယ်ဖို့ နဂါးအရှိန်အဝါကို အမြန်ထုတ်လိုက်ရတယ်။

ဒါပေမဲ့ ရှန်းရင်ကတော့ အူကြောင်ကြောင်စိုက်ကြည့်နေပြီး ညာဘက်ကို လက်ညှိုးထိုးပြလေတယ်။

“အာ အဲဒါဂျပုလေးမဟုတ်လား”

နှစ်ယောက်သားရပ်ပြီး ရှန်းရင် လက်ညှိုးထိုးရာဘက်ကြည့်လိုက်တယ်။ တကယ်ပဲ ညာဘက်မှာ ပန်းရောင်ဝတ်ရုံနဲ့ မိန်းကလေးက အကာအကွယ်အင်းကွက်ဝန်းရံထားတာ ခံရပြီး တိုက်ပွဲထဲက လူနှစ်ယောက်ကိုစိုးရိမ်တကြီး ကြည့်နေတယ်။

ယိချင်းနဲ့ ကူယွဲ့ ရင်ထိတ်သွားတယ်။ သူတို့တွေ ရှေ့တက်မို့ရှိသေး ရှန်းရင် လက်မြှောင်ကာ အာခေါင်ခြစ်အော်လေတယ်။

“ဟေး ဂျပုလေး”

အဲစကားသံတွေက ခြေတစ်ထောင်တောင်တစ်လျှောက် အပ်ခိုးထပ်သွားလေရဲ့။ တိုက်ပွဲထဲက လူနှစ်ယောက် ရုတ်တရက် ရပ်သွားတယ်။

ယိချင်း ။ ။ “…”

ကူယွဲ့ ။ ။ “…”

ကူယွဲ့က ရုတ်တရက် ရှန်းရင်ကို လည်ပင်းထညှစ်ချင်မိသွားတယ်။ သူတို့တွေ တိုးတိုးတိတ်တိတ်နေဖို့ သဘောထူးတာလေ – ဒါ ဘယ်ပုံစံနဲ့ တိုးတိုးတိတ်တိတ်ဖြစ်တာတုံး။

ရွှမ်ထုံရဲ့ကိုယ်ခန္ဓာက တောင့်တင်းသွားတယ်။ သူမက မယုံရဲတဲ့ဟန်နဲ့လှည့်ကြည့်လာတယ်။ သူမမျက်နှာမှာ ဝမ်းမြောက်မှုတွေဖြတ်ပြေးသွားပြီး ဓားပေါ်တက်ကာ အုပ်စုဆီ ချက်ချင်း ပျံသန်းလာတယ်။

“ဂိုဏ်းချုပ်”

သူမက ရှန်းရင်ပေါ် ခုန်တက်မို့လုပ်ပေမဲ့ အလင်းတန်းဖြူကြီး ပေါ်လာတယ်။ နဂိုက တိုက်ခိုက်နေတဲ့ဝတ်ရုံဖြူနဲ့ လူက ရွှမ်ထုံမရောက်ခင် ရုတ်တရက် သူတို့ဆီ အပြေးရောက်ချ‌လာတော့တယ်။

ယိချင်း နဲ့ကူယွဲ့ နောက်ဆုံးတော့ လူကိုမှတ်မိသွားပြီး ထိတ်လန့်တကြားစိုက်ကြည့်နေမိတယ်။

“ပိုင်ဇယ်” သူတို့အော်လိုက်တယ်။

နောက်အခိုက်အတန့်မှာတော့ အဲလူက သူတို့မျက်စိရှေ့ ပေါ်လာပြီး သိသိသာသာစိတ်လှုပ်ရှားနေဟန်။ သူ့မျက်စိသူမယုံနိုင်တဲ့ပုံ။ နော‌က်တော့ သူက ဖေဖေနျို့ကို ဖက်တော့တယ်

ရှန်းရင် ။ ။ “…”

ယိချင်း ။ ။ “…”

အဖက်ခံထား‌ရသော ဖေဖေနျို ။ ။ “…”

(?Д?≡?Д?)

ဟမ် ဘာတွေဖြစ်နေတာ။

နောက်တော့ ပိုင်ဇယ်ရဲ့အေးစက်တုန်ရီနေတဲ့အသံက သူ့နားဘေးပေါ်လာတယ်။

“ရှန်း… ရှန်း… ရှန်း…” သူက “ရှန်း” တစ်လုံးကို ထပ်တလဲလဲပြောနေပြီး ရှေ့ဆက်မတိုးနိုင်ဘူး။ ပိုင်ဇယ့်နားတွေက နီရဲစပြုလာတယ်။

“ဂိုဏ်းချုပ်” ဂျပုလေးက နောက်ဆုံးတော့ သူတို့ရှေ့ ဆင်းသက်လာပြီး ရှန်းရင် ရင်ခွင်ထဲ ပြေးဝင်တယ်။ သူမရဲ့ဝမ်းသာမှုက အလုံးစုံဝမ်းနည်းမှုအဖြစ် ပြောင်းပြီး ငိုချကာ မြေကြီးကိုပါ တုန်ရီသွားစေတယ်။

“ဂိုဏ်းချုပ် နောက်ဆုံးတော့ ရောက်လာပြီပဲ… ကျွန်မအတွက် ပြန်လာမယ်ဆိုတာ သိပြီးသား၊ ဝါး…”

ယိချင်း ။ ။ “…” အစုတ်ပလုတ်လေး

“အေး ငါဒီရောက်ပြီ” ရှန်းရင် သူမပခုံးကိုပုတ်လိုက်တယ်။

“ငိုနေတာတော်တော့” ငါ့ဝတ်ရုံတွေက အသစ်တွေဟ။

ကူယွဲ့ကို ဖက်ထားဆဲ ပိုင်ဇယ် တောင့်တင်းသွားတယ်။ သူ့ရင်ခွင်ထဲကလူကို ကြည့်ပြီးတော့ သူ့ဘေးက တစ်ပုံစံတည်း မျက်နှာရှိတဲ့ လူကို ကြည့်လိုက်တယ်။ ရှန်းရင်၂ယောက် ဖြစ်နေတာလား။

(⊙_⊙?)

“ရှန်း…”

“မင်းဖင်ကိုရှန်း” ကူယွဲ့ နောက်ဆုံးတော့ တုံ့ပြန်နိုင်ချိန် ပေါက်ကွဲတော့တယ်။

“ဘယ်သူ့ကို ဖက်နေလဲဆိုတာ သေချာကြည့်ဟ”

ပိုင်ဇယ်က နောက်တော့နားလည်သွားပြီး တုံ့ဆိုင်းမှုမရှိ ကူယွဲ့ကို ဘေးတွန်းထုတ်လိုက်တယ်။ သူက အဲအစား ရှန်းရင်ဆီ ပြေးသွားပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး ပြုမူနေလေရဲ့။

“ရှန်း… ရင်” သူ နောက်ဆုံးတော့ သူမနာမည်အပြည့်အစုံကို ခေါ်နိုင်ခဲ့ပြီ။

“ငါတကယ်… တကယ်…” တကယ် မင်းကို လွမ်းနေခဲ့တာ။

ရှန်းရင်နောက်ဆုံးတော့ သူမဝတ်ရုံပေါ် နှာရည်တွေ တ‌တောက်တောက်ကျနေတဲ့ ပိုးကောင်ကို ဖယ်ရှားနိုင်ခဲ့ပြီး တလက်လက် တောက်ပနေတဲ့ ပိုင်ဇယ့်မျက်လုံးထဲ စိုက်ကြည့်လိုက်တယ်။

“နင်က ဘယ်သူလဲ”

ပိုင်ဇယ် ။ ။ “…”

ယိချင်း ။ ။ “…”

ကူယွဲ့ ။ ။ “…”

နှလုံးတစ်ခု အက်ကွဲသံ ခပ်တိုးတိုးပေါ်လာတယ်။

သူ့မျက်လုံးထဲက အလင်းရောင်လည်း ငြိမ်းသွားလေရဲ့

***

“ပိုင်ဇယ် ဒါမင်းရှာနေတဲ့လူလား” ကောင်းကင်ယံကနေ မေးခွန်းတစ်ခုပေါ်လာတယ်။ စောနက ပိုင်ဇယ်နဲ့ တိုက်ခိုက်နေသူက သူတို့ဘေး ဆင်းသက်လာပြီး နောက်ဆုံးတော့ သူ့ကိုသေချာကြည့်လို့ရသွားပြီ။

သူက အစိမ်းရောင်ဝတ်ရုံ ဝတ်ထားတယ်။ သူ့ဆံပင်က ပခုံးထိရှည်ပြီး အနိုင်ရသူလိုမျိုး ပါးမို့ဖောင်းဖောင်း ရှိတယ်။ သူ့တစ်ကိုယ်လုံးကနေ ရင်းနီးနေတဲ့ ဝိညာဉ်သန့်စင်ချီကို ထုတ်နေတယ်။ သူ့မည်းနက်နေတဲ့ မျက်လုံးတွေနဲ့ ဉာဏ်ပြေးပြီး သွက်လက်တဲ့တောက်ပမှုချို့တဲ့နေတာကလွဲရင် သူက တစ်ပုံစံတည်းပဲ…။

“ဖေဖေနျို”

ယိချင်းနဲ့ ရှန်းရင် တစ်ချိန်တည်း ခေါ်မိလိုက်တယ်။

ကူယွဲ့ ။ ။ “…”

သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ။

—————

နှစ်တစ်‌ထောင် ခန်းမ။

ကူယွဲ့ သူ့နဂိုမူလပုံစံ ပြန်ပြောင်းပြီးပြီ။ သူ ပင်မထိုင်ခုံမှာထိုင်နေတဲ့ လူကိုကြည့်ပြီး မသက်မသာ ခံစားနေရတယ်။ သူက တကယ့်ကို တစ်ပုံစံတည်းပဲ။ သူတို့ မတူတဲ့အဝတ်အစားဝတ်ထားတာဆိုတဲ့ အချက်ကြောင့်သာ မဟုတ်ရင် သူမှန်ကြည့်နေရတယ်လို့တောင် တွေးမိမှာ။

“ဖေဖေနျို၊ နင့်မှာ အစ်ကိုရှိတာလား”

ရှန်းရင် မနေနိုင်ဘဲ မေးလိုက်တယ်။

“သွားစမ်းပါ” ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။ ဘယ်သူ့မှာ အစ်ကိုရှိလို့လဲ။

“ငါနဲ့တစ်ပုံစံတည်းတူတဲ့လူ ဒီကမ္ဘာမှာရှိမယ်မထင်ခဲ့ဘူး”

ချန်းယွဲ့က ကူယွဲ့ကို ထူးဆန်းဟန် ကြည့်လာတယ်။ သူက အကျင့်အရ မျက်မှောင်ကြုတ်လိုက်တော့ အင်မတန် စည်းကမ်းတင်းကြပ်တဲ့ အငွေ့အသက်ပေးစွမ်းနေတယ်။

“ချန်းယွဲ့ရှန်းကျွင်း၊ ရှင်ကတကယ် အကြီးအကဲကူယွဲ့ မဟုတ်ဘူးပဲ” ရွှမ်ထုံက အနည်းငယ် အခက်တွေ့သွားဟန်။ သူက ချန်ယွဲ့ကို ကြည့်ပြီး နောက်တော့ ကူယွဲ့ကို ပြန်ကြည့်တယ်။ သူတို့က ရုပ်ရည်တင် ဆင်တာမဟုတ်ဘူး၊ သူတို့ရဲ့အရှိန်အဝါတွေကပါ ဆင်နေတာ။ တစ်ခုနည်းသော ကွာခြားချက်က တစ်ယောက်က နတ်ဘုရားစွမ်းအင်ရှိပြီး နောက်တစ်ယောက်ကတော့ မသေမျိုးချီ ခန္ဓာကိုယ်ကို ဝိုင်းနေတာ။

“ဆိုတော့ ဒါတွေအားလုံးက မင်းတို့ ငါ့ကိုလူမှားလို့ဖြစ်ရတာပေါ့” ချန်ယွဲ့က စုပ်သတ်တယ်။ သူ ဒေါသတကြီး ပြောလိုက်တယ်။

“ပိုင်ဇယ် မင်းအခုဘာပြောစရာရှိလဲ”

သူ စဉ်းစားလေ ပိုဒေါသထွက်လာလေပဲ။ သူ ပိုင်ဇယ့်ကို သိခဲ့တဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်တည်းက ပိုင်ဇယ်က သူ့ဂိုဏ်းချုပ်ဘယ်မှာလဲ မေးနေတာ။ သူ ဘာပြောပြော တစ်ဖက်လူက ကိစ္စကို လက်မလွှတ်ဘူး။ သူက နှစ်ချီ ခြေတစ်ထောင်တောင်မှာ နေရစ်ပြီး ချန်းယွဲ့ကို အကျပ်ရိုက်အောင် တွန်းပို့ခဲ့တယ်။ ဘာမှထပ်မပြောဘဲ သူက ချန်းယွဲ့နဲ့ တိုက်ပွဲတွေလည်း စတင်ဆင်နွှဲတော့တာပဲ။ ခြေတစ်ထောင်တောင်က မရေမတွက်နိုင်အောင် ဖျက်ဆီးခံရပြီး ပြန်တည်ဆောက်ထားရတာ။ ကြည့်ရတာတော့ ချန်ယွဲ့က ဆိုးဆိုးရွားရွား နစ်နာခဲ့တာပဲ။

“မင်းရှာနေတဲ့လူက ဘယ်သူလဲငါမသိဘူးလို့ ပြောပြီးသား၊ ဒါပေမဲ့ သူ့တည်နေရာအတွက် ငါ့နောက် တကောက်ကောက် လိုက်နေခဲ့တာလေ၊ အခု နောက်ဆုံးတော့ ငါ့စကားတွေကိုယုံနိုင်ပြီပေါ့”

“ဒီနှစ်တွေအားလုံးမှာ ငါ့ခြေတစ်ထောင်… အာ ပိုင်ဇယ် ပိုင်ဇယ်” ချန်းယွဲ့ လှမ်းခေါ်လိုက်တော့ ပိုင်ဇယ်က သူ့ကိုနားတောင်ထောင်မနေတာ သိလိုက်ရတယ်။

သူ့အေးစက်နေတဲ့မျက်လုံးတွေက ဘေးကအမျိုးသမီးကို စိုက်ကြည့်ရင်း တောက်ပနေတယ်။ သူ့မျက်ဆန်တွေက ရှန်းရင် ရောင်ပြန်ဟပ်မှုနဲ့ ပြည့်နေတယ်။ အချိန်နဲ့အမျှ သူက သူမကို တစ်စုံတစ်ရာ ကမ်းပေးနေသေးတယ်။

“အသီး…”

“အိုး”

“လက်ဖက်ရည်”

“အင်း”

“အဆာသွတ်မုန့်”

“ကျေးဇူးပါ”

ပိုင်ဇယ့်မျက်လုံးတွေက ရှန်းရင် သူကမ်းပေးတာကိုယူတိုင်း တောက်ပသွားတယ်။ သူ့နားတွေက နီရဲလာပြန်ပြီး ဒီတစ်ကြိမ်မှာတော့ သူ့ဆံပင်တွေပါ နီမြန်းလာတာ။ တစ်ခဏနေတော့ သူက ခပ်တိုးတိုး ပြောတယ်။

“ရ… ရပါတယ်”

သူတို့လူအုပ် ပတ်ပတ်လည်မှာ ပူစီဖောင်းနီတွေကို ခပ်ရေးရေးမြင်လိုက်ရတယ်။

ရွှမ်ထုံ ။ ။ “…”

ချန်းယွဲ့ ။ ။ “…”

ကူယွဲ့ ။ ။ “…”

ထိုင်ခုံခိုးခံလိုက်ရတဲ့ယိချင်း မျက်နှာက အင်မတန်မှောင်မည်းနေပြီ။ သူ့ဓားကို ဆွဲထုတ်ချင်စိတ်ကို ချုပ်ထိန်းထားရပြီး ဟိုးနှစ်တွေတုန်းက ပိုင်ဇယ့်ကို ကန်ခဲ့တဲ့ သူ့ကန်ချက်က အရမ်းကို ပေါ့ပါးလွန်းခဲ့တာပဲလို့ မစဉ်းစားဘဲမနေနိုင်တော့ဘူး။ သူ မချင့်မရဲနဲ့ ရှေ့တက်လိုက်တယ်။

“ရှန်းကျွင်း ခင်ဗျား ဆရာ့ကို စိုးရိမ်ဖို့မလိုပါဘူး”

“မင်းက…” ပိုင်ဇယ်တန့်သွားပြီး အဲလူရဲ့အရှိန်အဝါကို သေချာကြည့်လိုက်တော့ ဘယ်သူလည်းဆိုတာ ချက်ချင်း မှတ်မိသွားခဲ့တယ်။ သူ့အမူအရာက အေးစက်သွားပါလေရော။ ဘာလို့ ဒီစိတ်ရှုပ်စရာလူက ရှိနေသေးတာလဲ။ ပိုင်ဇယ်က မျက်မှောင်ကြုတ်လိုက်ပေမဲ့ သူကိုင်ထားတဲ့ ပန်းကန်ကိုမချဘူး။ သူက ရှန်းရင်ဘက် ပြန်လှည့်သွားတယ်။

သူ့ကိုကြည့်နေသေးတယ်ပေါ့လေ

ယိချင်း နှုတ်ခမ်းတွေခပ်တင်းတင်းစေ့ပြီး ရှေ့တက်ကာ သူတို့နှစ်ယောက်ကြား ဝင်ရပ်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ သူ့အရပ်ကြောင့် သူတို့နှစ်ယောက်ရဲ့ အချင်းချင်းအကြည့်ကို ကာမရဘူး။ ဒါကြောင့် သူ… စားပွဲပေါ် တက်လိုက်တော့တယ်။

သူ ပိုင်ဇယ့်ထက် ခေါင်းတစ်‌လုံးပိုရှည်သွားပြီ။ ယိချင်းက သူ့ကို ငုံ့ကာစိုက်ကြည့်လိုက်တယ်။

မင်းဘာကိုကြည့်နေတာလဲ ‌ခွေးကောင်။

ရုတ်တရက် နှစ်ယောက်သားက ဒီထူးဆန်းတဲ့ပုံစံနဲ့ အကြည့်ချင်းပြိုင်ကြတော့တယ်။

ကူယွဲ့ ။ ။ “…” သောက်ကျိုးနည်းငတုံး

သူတကယ်ပဲ ဒီနှစ်ယောက်လုံးကိုမသိသလို ပြုမူချင်သွားတယ်။

ကူယွဲ့ မျက်မှောင်ကြုတ်ကာ သူ့ဘေးမှာထိုင်နေတဲ့ ရွှမ်ထုံ့ကိုတံတောင်နဲ့တွတ်လိုက်တယ်။ သူ ခပ်တိုးတိုး ပြောလိုက်တယ်။

“ဂျပုလေး ဘာဖြစ်ခဲ့တာလဲ၊ ငါ မင်းကို တောအုပ်ထဲမှာ ငါ့စောင့်နေခိုင်းခဲ့တယ် မဟုတ်ဘူးလား၊ ဘယ်လို ဒီရောက်လာတာလဲ”

“အကြီးအကဲ ကျွန်မရှင့်ကို အဲမှာစောင့်နေတာပါပဲ၊ ဒါပေမဲ့တစ္ဆေအမတက ရုတ်တရက် ပေါ်လာတော့ ကျွန်မ သူ့ကို မတိုက်ခိုက်နိုင်ဘူးလေ၊ ကျေးဇူးတင်စရာက ပိုင်ဇယ်ရှန်းကျွင်း ဖြတ်သွားတာနဲ့ကြုံခဲ့တယ်၊ ကျွန်မက ဝူတိဂိုဏ်းတပည့်ပါလို့ ပြောတော့ သူက ကျွန်မကို ကယ်ပြီး ဒီခေါ်လာခဲ့တာပဲ”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset