RENH အပိုင်း ၅၃

အပိုင်း (၅၃.၁) ပန်းချီကားထဲက ရုတ်တရက် ထွက်လာတဲ့ ပုံရိပ်တစ်ခု

နင်မုန့်က အနည်းငယ် မူးဝေသလို ဖြစ်သွားသည်။

ချုံခယ့်ခယ့်က ကျောင်းတွင် လူအများနှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်သူ ဖြစ်သည်။ ထိုအတွက်ကြောင့် သူမက အမြဲတစေ သတင်းအရင်းအမြစ်ရရှိရာ နေရာတစ်ခုလိုမျိုးဖြစ်လာနေခဲ့ခြင်းလည်း ဖြစ်သည်။

ပြောရလျှင် သူမ၏ သူငယ်ချင်းများက နေရာတိုင်းတွင် ရှိသည်ဟု ပြောနိုင်သည်။

ပို၍ ဆိုးသည်မှာ သူမ၏ အကျင့်စရိုက်ကလည်း ပြောရဆိုရလွယ်ပြီး သူမ၏ စကားလုံးများကလည်း မကောင်းသော အဓိပ္ပာယ်များ ပါဝင်လေ့မရှိချေ။

သူမက အတန်းထဲသို့ မိန်းကလေးငယ်လေးများလာကာ ချုံခယ့်ခယ့်ကို လာရှာပြီး တစ်ခုခုစားရန်ပင် ခေါ်သွားတတ်ကြောင်းကို တွေ့ထားရသည်။ ထို့ကြောင့် သူမ၏ အကျင့်စရိုက်အရ အလွယ်တကူ ရန်ငြိုးဖွဲ့စေသွားနိုင်သော အခြေအနေမျိုးလည်း မဟုတ်ပြန်ချေ။

သူမက အတွေးနက်နေသည့်အချိန်တွင် ရှီချီက လက်ဆန့်ထုတ်ပြီး စားပွဲအောက်သို့ လက်ထိုးထည့်လိုက်ပြီ ဖြစ်သည်။

အောက်ဘက်ရှိနေရာက အတန်ငယ်ကြီးသည်။ သူက ဘောင်တပ်ထားသော ပန်းချီကားချပ်တစ်ချပ်ကို ထုတ်လိုက်သည်။ အပေါ်တွင် မည်သည့်အရာမှ ရှိမနေချေ။

တစ်စုံတစ်ယောက်က အပေါ်ယံမျက်နှာပြင်ကို ထိတွေ့လိုက်လျှင် ဆီဆေးရေးပန်းချီကို တိုက်ရိုက်ထိတွေ့လိုက်ရသလို ခံစားလိုက်ရမည်ဖြစ်သည်။ သို့သော် ဆီဆေးရေးပန်းချီတစ်ခု ဖြစ်သော်လည်း အထူတလည် ဘာမှပါရှိနေခဲ့ခြင်း မရှိချေ။ အရောင်များကို တစ်ရောင်ပေါ်တစ်ရောင်ဆင့်ထားခြင်းကလွဲပြီး ထူးထူးခြားခြား ရေးဆွဲထားဟန်ပင် မရှိချေ။

ထိုအချက်က သိသာထင်ရှားလွန်းသည်။

နင်မုန့်က မနေနိုင်ဘဲ ရှီချီ၏ ပုံဆွဲစွမ်းရည်ကိုပင် ‌ဖယောင်းတိုင်ထွန်းပေးမိသွားသည်။

သူမ၏ စိတ်က လျင်မြန်စွာဖြင့် စတင်ပြေးလွှားတော့သည်။

ဒီမိန်းကလေးက ချုံခယ့်ခယ့်ကို လျှို့ဝှက်ပြီး သဘောကျနေတာများလား။ ပြောရရင် လူတိုင်းထွက်သွားတဲ့အချိန်မှာ ရုတ်တရက် ဝင်လာပြီး ပန်းချီကားကို လာထားသွားတာက ဒီအကြောင်းပြချက်ပဲ ရှိတယ်။

သူမက လက်ဆန့်ပြီး ထိလိုက်သည်။ သာမန်ဟုသာ ခံစားရသည်။ အနည်းငယ်ပင် ကျောချမ်းစရာကောင်းမနေချေ။

သူမ၏ ဖုန်းမီးရောင်က ပန်းချီကားချပ်ပေါ်သို့ ကျသွားသည်။

ရှီချီက ထိုပန်းချီကားချပ်ကို ပြန်ထားပြီးနောက် ခံစားချက်မဲ့စွာ ပြောသည်။

“အိမ်ပြန်ကြရအောင်”

နင်မုန့်က နားထောင်သလို “အင်း” ပြန်ပြောပြီးနောက် ဆက်ပြောလိုက်သေးသည်။

“ဒီပန်းချီကားချပ်က တစ်ခုခု မှားမမှား ငါတို့ စစ်ကြည့်ဖို့ မလိုဘူးလား”

ရှီချီက သူမကို ကြည့်ပြီး ပြန်ဖြေသည်။

“ချုံခယ့်ခယ့်က သူမဘာသာ ကြည့်လိမ့်မယ်”

နင်မုန့်က တခဏခန့်တွေးလိုက်သည်။ သူမ၏ ‌ယင်မျက်လုံးက ဖွင့်ထားသည်မှာ ကြာလွန်းသဖြင့် သူမ၏ အတွေးများက မကြာခဏဆိုသလိုပင် ချောက်ချားဖွယ်ကောင်းသော နေရာများတွင်သာ တဝဲဝဲတလည်လည် ဖြစ်နေခဲ့သဖြင့် ဖြစ်လောက်သည်။ မည်သို့ပင် ဆိုစေ ဒီပန်းချီကားချပ်က သာမန်ဖြစ်နေလေသည်။

သူမက ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ အိမ်ပြန်ရအောင်”

နင်မုန့်က မီးများ ရုတ်တရက် ပိတ်သွားသောကိစ္စကို လုံးလုံးလျားလျား မေ့လျေ့ာသွားခဲ့ပြီဖြစ်သည်။

လူနှစ်ယောက်က အခန်းထဲမှ ထွက်ပြီး တံခါးများကို ‌လော့ချလိုက်ကြကာ တိတ်ဆိတ်ငြိမ်သက်ပြီး မှောင်မည်းသော နေရာမှ ထွက်ခွာသွားကြသည်။

ရှင်းလင်းနေသော အခန်းထဲသို့ လရောင်က ဖြာကျလာသည်။

အိမ်သို့ပြန်သွားပြီးနောက် နင်မုန့်က ယခုလေးတင်ဖြစ်သွားခဲ့သော ကိစ္စကို ခေါင်းထဲသို့ ပြန်ထိုးထည့်လိုက်ရသည်။ အကြောင်းမူကား လျန်ဖုန်းမိန်က သူမကို ဆူပူနေသောကြောင့် ဖြစ်သည်။

“ဒီမနက်ကတင် အိမ်ကို စောစောပြန်လာပါလို့ ငါ မပြောထားဘူးလား၊ နင် ပြောတော့အချိန်ခဏပဲ ကြာမှာဆို”

သူမက ဆန်ပြုတ်သောက်နေရင်း ပြန်အထွန့်တက်လိုက်သည်။

“အတန်းဖော်တစ်ယောက်က စာအုပ်ပြန်လာယူတာ ဒါကြောင့် ပြန်ဖို့ သူ့ကိုပဲ စောင့်ရတော့တာပေါ့”

သို့ရာတွင် သူမကသာ နောက်အကျခံပြီး မပြန်လျှင် အခု ဖြစ်ပျက်ခဲ့သောကိစ္စကို မြင်နိုင်ခဲ့လောက်သည်။

မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လျန်ဖုန်းမိန်က သိုးမွှေးထိုးနေခြင်း ဖြစ်သည်။

နင်မုန့်က တခဏခန့် တွေးတောပြီးနောက် ရုတ်တရက် ပြောလိုက်သည်။

“အမေ ဒီနေ့ဦးလေးလင်းနဲ့ အချိန်ကောင်းပိုင်ဆိုင်ခဲ့တယ်မဟုတ်လား”

သူမ၏ စကားကို ကြားသောအခါ လျန်ဖုန်းမိန်က လက်ကို အပ်စူးမိလုနီးပါးဖြစ်သွားသည်။ သူမက နင်မုန့်ကို စိုက်ကြည့်လာသည်။

“အချိန်ကောင်းပိုင်ဆိုင်ခဲ့တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ငါတို့က ဒီအတိုင်း ပစ္စည်းသွားဝယ်တာပဲ”

နင်မုန့်က ခေါင်းညိတ်လိုက်သည်။

“အာ ဒါပေါ့ အမေက ဘာပစ္စည်းသွားဝယ်တာလဲ”

ထိုနှစ်ယောက်က ဒီနေ့လည်ပိုင်းတွင် စကားကောင်းနေကတည်းက သူတို့၏ တိုးတက်မှုကို စိတ်ပူမိသဖြင့် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်မိခြင်း ဖြစ်သည်။

လျန်ဖုန်းမိန်က သူမ၏ ပန်းကန်လုံးကို တစ်ချက်လာတွန်းသည်။

“ဆယ်နာရီခွဲတော့မယ် မြန်မြန်စားပြီး ရေချိုးပြီး သွားအိပ်တော့၊ မနက်ဖြန် မနက်ပိုင်းမှာ အတန်းသွားရမယ်မဟုတ်လား”

သူမက အကြောင်းအရာကို ပြောင်းသွားခြင်းကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ရာက ဖြစ်ပျက်လာတော့မည်ဖြစ်ကြောင်း သိလိုက်သည်။

နင်မုန့်က ပန်းကန်လုံးကို ကိုင်ပြီးနောက်တွင် သူမ၏ အိမ်ကို လျှို့ဝှက်သလိုတစ်ချက်ချောင်းကြည့်လိုက်လေရာ ကောင်တာပေါ်သို့ တင်ထား‌သော အိတ်နှစ်အိတ်ကို တွေ့လိုက်သည်။

ဒါက အဝတ်သစ်တွေပဲ ဖြစ်မယ်။

ဦးလေးလင်းက လူတစ်ယောက်ကို ဘယ်လိုအလိုလိုက်ရမလဲ သိထားတာပဲ။ ငါ မထွက်သွားခင် အချိန်တစ်လနှစ်လလောက်ပဲ ကျန်တော့တာဆိုတော့ ဦးလေးလင်းက မြန်မြန် လုပ်ဖို့ပဲ မျှော်လင့်ရတာပဲ။ အဲ့ဒီနောက်မှာ လျန်ဖုန်းမြိန်က တစ်ယောက်တည်း ကျန်ရစ်တော့မှာမဟုတ်ဘူး။

သူမ၏ ချစ်ရသော သမီးက မတော်တဆမှုဖြစ်သွားလျှင် လျန်ဖုန်းမိန်၏ ကြမ်းတမ်းသောအပြင်ပန်း ဟန်ပန်က ကွဲအက်သွားနိုင်လေရာ သူမ၏အနားတွင် တစ်စုံတစ်‌ယောက်က ရှိနေပြီး နှစ်သိမ့်ပေးလျှင် အကောင်းဆုံးဖြစ်သည်။ ထိုအကြောင်းအရာကို တွေးမိသောအခါ နင်မုန့်က စိတ်ဓာတ်ကျသွားရသည်။

နင်မုန့်အနေဖြင့် သူမလုပ်တတ်သမျှ အရာအားလုံးကို လုပ်ပေးရန်သာ တတ်နိုင်သည်။ မူလက နင်နင်က မနှစ်ကတည်းက သေသွားသင့်ပေသည်။ သူမ၏ ခန္ဓာကိုယ်အတွင်းသို ဝင်ပူးပြီးနောက်တွင် နောက်ထပ်တစ်နှစ်အထိ အသက်ကို ဆွဲဆန့်ပေးနိုင်ခဲ့သည်။ သူမက ခေါင်းမော့ပြီးနောက် ကျန်သောဆန်ပြုတ်များအားလုံးကို မော့သောက်ချလိုက်သည်။

“ပြီးသွားပြီ”

“မြန်မြန်ကိုယ့်ကိုယ်ကို သန့်ရှင်းရေးသွားလုပ်တော့”

လျန်ဖုန်းမိန်က ထိုးလက်စ အဝတ်ကို ချလိုက်ပြီးနောက် ပန်းကန်လုံးနှင့် ပန်းကန်ခွက်ယောက်များကို သိမ်းသည်။

“ပြီးသွားတာနဲ့ တန်းအိပ်တော့”

“ဟုတ်ပါပြီ၊ အမေလည်း နားသင့်ပြီ”

နင်မုန့်က သူမ၏ အခန်းသို့ ပြန်လိုက်သောအခါ မြေပြင်ပတ်ပတ်လည်တွင် လျှောက်ပြေးနေသည့် စက္ကူရုပ်လေးကို တွေ့လိုက်ရသည်။ ထိုစက္ကူရုပ်၏ လက်ထဲတွင် ဘောပင်တစ်ချောင်းကို ကိုင်ထားသည်။

သူမက သူ၏ အစိမ်းရောင်ဝတ်စုံပေါ်တွင် အစက်လေးများပုံစံ အရောင်ခြယ်ပေးလိုက်သဖြင့် စက္ကူရုပ်လေးက ပို၍ ချစ်စရာကောင်းလာသည်။

သူမ ပြန်လာကြောင်းမြင်သောအခါ စက္ကူရုပ်က ဘောပင်ကို ပစ်လွှတ်လိုက်ပြီး သူမထံပြေးလာသည်။

နင်မုန့်က အရုပ်‌လေးကို ကောက်လိုက်ပြီးနောက် စားပွဲပေါ်သို့ တင်ကာ ပြောသည်။

“လျှောက်မပြေးနေနဲ့၊ မြန်မြန်သွားအိပ်တော့၊ နောက်ကျနေပြီ”

စက္ကူရုပ်လေးကလည်း သူမ၏ စကားကို နားလည်သည်။ ထို့နောက် သူမ လက်ချောင်းအလယ်ကို ဖက်လာတော့သည်။ သူ၏ တစ်ကိုယ်လုံးဖြင့် ပွတ်သပ်လျက် ခေါင်းညိတ်လာသည်။

နင်မုန့်၏ နှလုံးသားက အရည်ပျော်မတတ်ဖြစ်သွားပြီး စက္ကူရုပ်၏ မျက်နှာ‌လေးကို ထိလိုက်သည်။

စက္ကူရုပ်လေးက ပို၍ ပျော်ရွှင်သွားသလိုမျိုး စားပွဲကို ဝိုင်းပတ်ကာ ပြေးပြီးမှသာ ပြင်ဆင်ပေးထားသော သေတ္တာထဲသို့ ဝင်လျက် သေးငယ်သော အဝတ်ပိုင်းလေးကို အပေါ်မှ အုပ်လိုက်ကာ အိပ်သလိုမျိုး လုပ်သည်။ သူက နာခံစွာဖြင့် ညွှန်ကြားသည့်အတိုင်း အိပ်စက်လေပြီ။

ထိုအဝတ်က နင်မုန့်က သူမ၏ ဝတ်စုံမှ ညှပ်ထားပေးခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် လျန်ဖုန်းမိန်က သူမကို ကောင်းကောင်းဆူပူခဲ့သေးသည်။

သူမက စက္ကူရုပ်လေးကို တခဏခန့် စိုက်ကြည့်ပြီးမှသာ ရေချိုးခန်းထံသို့ ထွက်သွားလိုက်သည်။

နောက်တစ်ရက် သူမက စာသင်ခန်းထဲသို့ ခေါင်းလောင်းမြည်ပြီးမှသာ ရောက်သွားသည်။ ချုံခယ့်ခယ့်က နေရာတွင် ထိုင်နေပြီဖြစ်သည်။ မနေ့က ပန်းချီကားချပ်ကမူ သူမ၏ စားပွဲပေါ်တွင် ရှိနေသည်။

ကံကောင်းစွာဖြင့် ဆရာက နေထိုင်မကောင်းသဖြင့် စင်မြင့်၏ အနောက်တွင်သာ ထိုင်နေနိုင်လေသည်။ သူက သူ၏အတန်းကိုသာ ကြည့်နေသည်။ ထိုသို့ဖြင့် ချုံခယ့်ခယ့်အနေဖြင့် မကြာခဏဆိုသလို ပန်းချီကားကို ချောင်းကြည့်ချိန် ရသွားသည်။

နင်မုန့်က မနေနိုင်ဘဲ စားပွဲကို အသာခေါက်လိုက်သည်။ စာအုပ်ကို အကာအဖြစ် သုံးပြီးနောက် လှမ်းမေးလိုက်သည်။

“ခယ်ခယ့် ဒါက ဘယ်သူ့ရဲ့ ပန်းချီကားလဲ”

ချုံခယ့်ခယ့်က ခေါင်းခါပြီးနောက် နူးညံ့သောအသံဖြင့် ပြန်ဖြေလာသည်။

“ငါ မသိဘူး၊ ငါရောက်မှ တွေ့လိုက်ရတာ၊ ဘာစာမှလည်း မပါဘူး”

သူမက ဒီမနက်စောစော အတန်းထဲသို့ ရောက်လာခဲ့ပြီး ချက်ချင်း လိုလို သူမ၏ ခုံံစောင်းအံဆွဲထဲမှ ပန်းချီကားကို တွေ့လိုက်ခြင်းဖြစ်သည်။

မည်သည့်စာအကြောင်းအရာမှလည်း မပါသည့်အတွက် သူမကို ကျိတ်ကြိုက်နေသော ပါရမီရှင် ကောင်လေးတစ်ယောက်က ခုံစောင်းအောက်ထဲတွင် ထားသွားသည်ဟု ထင်လိုက်သည်။ သူမက ကြည့်ရန် တစ်ချက်ထုတ်လိုက်ပြီးသောအခါ ကြုံသလိုလျှောက်ဆွဲထားသလိုမျိုး မည်သည့်အားစိုက်ထုတ်မှုမှမပါသော ပန်းချီကားသာဖြစ်ကြောင်း သိလိုက်ရသည်။ ထိုသို့ဖြင့် လေးစားအားကျသူတစ်ယောက်က ဆွဲထားပေးခြင်း မဟုတ်ကြောင်း သေချာသွားသည်။

ဘာသာရပ်ဆရာက စင်မြင့်၏နောက်တွင် ရုတ်တရက် ထရပ်လိုက်သည်။ ထိုအခြေအနေကို မြင်သောအခါ နင်မုန့်၏ နှလုံးခုန်သံက မြန်ဆန်သွားပြီး ခေါင်းကို စာအုပ်ထံခပ်မြန်မြန် ပြန်‌ရွှေ့လိုက်ကာ မနေ့က အကြောင်းအရာကို အတန်းပြီးမှသာ ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။

သူမက ဘေးဘက်သို့ လှည့်လိုက်သောအခါ ရှီချီက စာမလေ့လာနေဘဲ စာအုပ်တစ်အုပ်ကိုသာ ဖတ်နေကြောင်း တွေ့လိုက်ရသည်။

မည်သို့ပင်ဆိုစေ သူမက အကြောင်းအရာကို နားမလည်နိုင်ချေ။ သူမက ထိုစာအုပ်ကို လှန်ကြည့်ခြင်းမျိုးလည်း မလုပ်ခဲ့ချေ။ ထိုစာအုပ်ထဲတွင် ရှေးဟောင်းကာရိုက်တာများပြည့်နေသဖြင့် ဘယ်နေရာက သူ ယူလာခဲ့ကြောင်းလည်း မသိနိုင်ချေ။

အတန်းပြီးဆုံးကြောင်း ခေါင်းလောင်းက မြည်လာသောအခါ ဆရာက အတန်းထဲမှ ထွက်သွားသည်။

ချုံခယ့်ခယ့်က ပန်းချီကားကို ထုတ်ယူလာပြီးနောက်တွင် စားပွဲပေါ်သို့ တင်လိုက်သည်။ ပန်းချီကားပေါ်မှ အ‌ရောင်များက တစ်ခုနှင့် တစ်ခုရောယှက်နေကာ ကြောင်တောင်တောင် အရောင်ပေါ်လာသည်။ ထိုသို့ ရောယှက်ပြီးထပ်နေသော အရောင်များက အလုံးတစ်လုံးပုံသဏ္ဍာန် ပေါ်နေသည်။ ဒါက ကလေးတစ်ယောက် လျှောက်ခြစ်ထားခြင်းနှင့် မခြားတော့ချေ။

နင်မုန့်က ခေါင်းလှည့်ကြည့်လာပြီး ပြောလိုက်သည်။

“မနေ့ညက ငါ ငါရဲ့ ဂျူတီလုပ်နေတဲ့အချိန်မှာ ကောင်မလေးတစ်ယောက်က နင့်ရဲ့ ခုံထဲကို ထည့်လိုက်တာ တွေ့လိုက်ရတာပဲ၊ အဲ့ဒီကောင်မလေးက ဆံပင်တော်တော်ရှည်တယ်၊ ငါ့ထက်လည်း အရပ်နည်းနည်းရှည်တယ်၊ သူမက ခိုးကြောင်ခိုးဝှက်လုပ်သွားတော့ မျက်နှာကို သေချာမမြင်လိုက်ရဘူး”

ချုံခယ့်ခယ့်က ပြန်မေးလာသည်။

“ဆံပင်ရှည်တာလား”

သူမ၏ သူငယ်ချင်းအများစုက ဆံပင်အလယ်အလတ်သို့မဟုတ် ဆံပင်တိုများသာဖြစ်သည်။ သူမ၏ မိတ်ဆွေအသိုင်းအဝိုင်းထဲတွင် ဆံပင်ရှည်ရှည်ဖြင့် မိန်းကလေးမရှိကြောင်း သေချာနေ၏။

နင်မုန့်က မနေ့ညက သူမ အမှိုက်သွားသွန်ချိန်တွင် ကြုံတွေ့ရသော အခြေအနေကို ပြန်ပြောပြလိုက်သည်။

ချုံခယ့်ခယ့်က သရဲပုံပြင်တစ်ခုကို ဇာတ်ကြောင်းပြန်‌ပြောပြနေသလို ခံစားလိုက်ရပြီး ဖြတ်ပြောလာသည်။

“တော်ပါတော့ ငါဒီနေ့ အိပ်နိုင်တော့မယ်မထင်ဘူး၊ ဖြစ်နိုင်တာက ငါ့ရဲ့ ခံစားချက်ပြန်ကောင်းစေချင်ရင် ဒါမှမဟုတ် အရင်က သူငါ့ကို ကူညီခဲ့ဖူးတာမျိုးရှိလို့ ကျေးဇူးတင်စိတ်နဲ့ လာပေးတာလည်း ဖြစ်နိုင်တာပဲ”

သူမ ယခင်က မည်သူ့ကိုမှ ရန်မစခဲ့ဖူးချေ။ မိန်းကလေးများအတွက်ဆိုလျှင် ပို၍ဆိုးသည်။

ထိုမိန်းကလေးစရိုက်က အလွန်အမင်း ဆိုးရွားလွန်းနေမည်ဆိုလျှင် သူမက သူနှင့် ပေါင်းသင်းဆက်ဆံမှုပြုတော့မည် မဟုတ်ချေ။ ထိုလူမျိုး၏ အရှေ့တွင် စကားပြောရန်ပင် ကြောက်ရွံ့တတ်လေရာ ရန်စရန် ပို၍ဆိုးသည်။

ပန်းချီကားချပ်တွင် များများစားစား မပါဝင်နေချေ။ ချုံခယ့်ခယ့်က သူမ၏အိတ်ကို သိမ်းလိုက်ပြီးနောက် ပြောသည်။

“ထားလိုက်တော့ ဒီအကြောင်း ဆက်မပြောတော့ဘူး၊ ငါ ဒါကို အိမ်မှာကြည့်ဖို့ ယူသွားလိုက်မယ်၊ အဲ့ဒီလူက လက်ရာကောင်းတယ်လို့တော့ မထင်ဘူး”

သူမ ယခင်ကလည်း ပုံဆွဲနည်းအတန်ငယ် သင်ခဲ့ဖူးသည်။ ထို့ကြောင့် ပုံကို ကြည့်လိုက်ရုံဖြင့် မည်သို့ လက်ရာကို ခွဲခြားသင့်ကြောင့် နင်နင်ကို ပြောပြလိုက်ကာ တစ်စုံတစ်ယောက်က သူမကို ရန်စချင်နေကြောင်း ထင်မြင်ချက်ပေးလိုက်သည်။ နင်မုန့်ကမူ သူမ၏ စကားများဖြင့် သိမ်းသွင်းခံလိုက်ရပြီး ဒါက မှားသည်ဟု မထင်တော့ချေ။ သို့ရာတွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် သူမက စနစ်ကို မေးလိုက်သေးသည်။

“ဒီပန်းချီကားချပ်မှာ တစ်ခုခုမှားနေတာရှိလား”

စနစ်က ပြန်ဖြေသည်။

“အခုတော့ ဘာမှမမှားနေဘူး”

သူမက ဆက်မေးသည်။

“ဒါဆို အနာဂတ်မှာ မှားလာနိုင်ချေရှိတာလား”

စနစ်က မသေချာတော့ချေ။

“ငါ မသေချာဘူး၊ အခုကြည့်ရတဲ့အတိုင်းဆိုရင် ဒီပန်းချီကားက ဘာမှထူးထူးခြားခြား မရှိဘူး၊ ငါ တစ်ခုခုကို ဆွဲထုတ်ပြရမယ်ဆိုရင် ဒီတိုင်းကြည့်လိုက်တာနဲ့ မင်းရဲ့သာမန် ပန်းချီစွမ်းရည်ကို ထုတ်သုံးပြီး ရေးဆွဲထားသလိုပါပဲ”

နင်မုန့်က အရောင်စုံများက ရောယှက်နေသော ထိုပုံကို ကြည့်ပြီးနောက်တွင် ဒေါသတကြီး ဖြစ်သွားသည်။ သူမက ယခင်က သူမ၏ ပန်းချီစွမ်းအင်ကို မေ့သွားသလိုမျိုး အော်ထုတ်လိုက်သည်။

“ပန်းချီဆွဲတာက ဘာများ ထူးဆန်းနေလို့လဲ”

အပိုင်း (၅၃.၂) ပန်းချီကားထဲက ရုတ်တရက် ထွက်လာတဲ့ အရိပ်တစ်ရိပ် (၂)

စနစ်က ရှင်းပြသည်။

“သေချာပေါက်ကို ဒီပန်းချီထဲကို တစ်ခုခု ထပ်ထည့်ဖို့ လိုအပ်နေလိမ့်မယ်၊ ဒါပေမယ့် အဲ့ဒါက ဘာလဲဆိုတာကို ငါက မပြောနိုင်သလို မြင်လည်းမမြင်နိုင်ဘူး”

စနစ်က အခြားသော စနစ်များကဲ့သို့ သူတို့၏ ပိုင်ရှင်ကို ရွှေလက်ချောင်း ပေးနိုင်စွမ်းမရှိချေ။ ဒီတိုင်း ကွဲထွက်နေသော တစ်စုံတစ်ရာရှိမှာသာလျှင် သတိထားနိုင်လေသည်။

နင်မုန့်ကလည်း ထိုအကြောင်းအရာကို ဆက်လက်ပြီး မေးခွန်းမေးလျက် အရှည်ဆွဲမနေတော့ချေ။ လက်ရှိအချိန်တွင်လည်း အန္တရာယ်က ရှိမနေသောကြောင့်လည်း ဖြစ်လေသည်။

ထိုတစ်နေ့လုံး ချုံခယ့်ခယ့်က ပန်းချီကားချပ်ကို ထားသွားသူကို ရှာတွေ့လိုရှာတွေ့ငြား ရည်ရွယ်ချက်ဖြင့် သူမ၏ သူငယ်ချင်းကောင်းများကို မေးမြန်းကြည့်သော်လည်း နောက်ဆုံးတွင် အသုံးမဝင်ဖြစ်ရသည်။

ပို၍ဆိုးသည်မှာ သူမ၏ သူငယ်ချင်းတစ်ယောက်ဆိုလျှင် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူတို့ကလည်း ပန်းချီကားတစ်ချပ်စီ လက်ခံရရှိခဲ့ပြီး အမှိုက်ပုံးထဲ ပစ်လိုက်ကြောင်း ပြောသည်။ သူတို့၏ ပန်းချီကားချပ်ကလည်း အရောင်များခုန်ပျံကျော်လွှားသလိုမျိုး ရှုပ်ထွေးသည့် ပန်းချီကားချပ်များသာ ဖြစ်သည်။ ယခုမူ ပျောက်သွားပြီဖြစ်သည်။ ထိုသို့ဖြင့် ထိုသူက သူမ၏ မိတ်ဆွေအသိုင်းအဝိုင်းထဲမှ မဟုတ်ကြောင်း ချုံခယ့်ခယ့်အနေဖြင့် သေချာသွားသည်။

ထိုအချက်က သူမကို ပို၍ပင် လျှို့ဝှက်ကြံစည်မှုတစ်ခုခုရှိသည်ဟု သေချာသွားစေသည်။

ဒီမိန်းကလေးကသာ ငါနဲ့ သူငယ်ချင်းမဟုတ်ဘူးဆိုရင် ဘာလို့ ဒါမျိုးလာပေးမှာလဲ။ ပိုဆိုးတာက အားစိုက်ထုတ်ထားခြင်းမရှိဘဲ ဒီတိုင်းကောက်ခြစ်ထားတဲ့ပုံနဲ့ တူမနေဘူးလား။

အလကားနေရင်း လူတွေက ပန်းချီကားချပ်ကို လက်ခံရရှိလိုက်တယ်ဆိုတဲ့အချက်ကတင် သံသယဝင်စရာပဲ။

သူမက မစဉ်းစားနိုင်တော့ချေ။

အကြောင်းပြချက်က ဘာများလဲ။

အဖြေမရတော့သည့်အခါ ချုံခယ့်ခယ့်က ၎င်းကို ခေါင်းအနောက်ထဲသို့သာ ပြန်ထည့်ထားလိုက်သည်။ အတန်းပြီးသွားသောအခါ သူမနှင့် နင်နင်တို့က ကျောင်းဂိတ်သို့ သွားကြသည်။

ချုံခယ့်ခယ့်၏ အိမ်က မြို့၏ အချက်အချာနေရာတွင် ရှိခြင်းဖြစ်သည်။ အကွာအဝေးက ကျောင်းနှင့် သိပ်မဝေးသောကြောင့် သူမက ပုံမှန်အားဖြင့် ပိုဝေးသော်လည်း ကားဖြင့်သာ လာလေ့ရှိသည်။ အပြန်က နောက်ကျသဖြင့် ဒရိုင်ဘာက သူမကို လာကြိုလေ့ရှိသည်။

ယခုက ဆယ်နာရီဖြစ်နေသည့်တိုင်အောင် လမ်းများက စည်ကားနေသေးလေသည်။ ချုံခယ့်ခယ့်က သူမကို လာကြိုသော ဒရိုင်ဘာက အချို့သော ကိစ္စများကြောင့် မရောက်သေးသဖြင့် လမ်းပေါ်တွင် လမ်းလျှောက်နေလိုက်သည်။

ထိုအခိုက် နောက်မှ မော်တော်ဆိုင်ကယ်စီးထား‌သော လူတစ်ယောက်က သူမ၏ အိတ်ကို လာဆွဲသည်။ သူမက ပြန်ဆွဲသော်လည်း တစ်ဖက်သူ၏ အင်အားက အလွန်ပြင်းထန်ပြီး သူမကို တရွတ်တိုက် ပါသွားစေကာ ခလုတ်တိုက်လုနီးပါး ဖြစ်သွားစေသည်။

ချုံခယ့်ခယ့်၏ မျက်နှာက အလွန်မည်းမှောင်သွားသည်။ သူမက မြေပြင်မှခေါင်းမော့ကာ ကြည့်လိုက်ချိန်တွင် ထိုလူက ပျောက်သွားပြီ ဖြစ်သည်။ ကံကောင်းစွာဖြင့် သူမ၏ အိတ်က ပါမသွားခဲ့ချေ။

သူမ၏ လက်က မြေပြင်ကို ဟိုစမ်းဒီစမ်းလုပ်လိုက်ရင်းမှ သူမ၏ အရေပြားက ကွဲသွားပြီး သွေးများ စိမ့်ထွက်လာကြောင်း တွေ့လိုက်ရသည်။ ကံကောင်းစွာဖြင့် ဒဏ်ရာက မကြီးချေ။ နူးညံ့သော လက်ကိုင်ပဝါဖြင့် အနည်းငယ် သုတ်လိုက်ရုံဖြင့် အလွယ်တကူ ဖြေရှင်းလိုက်၍ ရသည်။ ပို၍ဆိုးသည်မှာ အနည်းငယ်သာလျှင် နာခြင်းဖြစ်သည်။

“တကယ်ကို ရူးနေတဲ့လူပဲ”

ချုံခယ့်ခယ့်က ကျိန်ဆဲလိုက်သည်။

သူမ၏ အိတ်မှ ဇစ်က ထိုလူကြောင့် ပွင့်ထွက်သွားပြီး အထဲမှ ပန်းချီကားချပ်ကို အပြင်သို့ ထွက်လုနီးပါး ဖြစ်သွားစေသည်။ မည်သို့ပင်ဆိုစေ ဒါက သူမ ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘဲ အခြားတစ်ယောက်က လက်ဆောင်ပေးထားခြင်း ဖြစ်သည်။ သူမက ပန်းချီကားချပ်ကို ကိုင်လိုက်ပြီး ဖုန်များကို သုတ်လိုက်ပြီးမှသာ ပြန်ထည့်လိုက်သည်။

ထိုသို့ဖြင့် သွေးအနည်းငယ်က ပန်းချီကားချပ်ကို ပေသွားပြီး ပန်းချီကားချပ်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

အိမ်သို့ ရောက်ပြီးနောက် ချုံခယ့်ခယ့်က ဒဏ်ရာကို အရက်ပြန်ဖြင့် ပွတ်သပ်ပြီးနောက် သူမကို ကံဆိုးအောင်လုပ်သည့် ထိုလူကို တဖန် ကျိန်ဆဲမိပြန်သည်။

သူမ၏ မိသားစုအခြေအနေက အလွန်ကောင်းသည်။ သူမ၏ မိဘများတည်ထောင်ထားသော ကုမ္ပဏီကလည်း စက်မှုအသိုင်းအဝိုင်းတွင် အကောင်းဆုံးများထဲမှ တစ်ခုဖြစ်ပြီး သူမတွင်လည်း အခြားသော ဝမ်းကွဲများ မရှိချေ။ တစ်ဦးတည်းသော သမီးဖြစ်သည့်အလျောက် သူမက အလိုလိုက်ခံရခြင်းဖြင့် ကြီးပြင်းလာခြင်းလည်း ဖြစ်သည်။

အဖေချုံနှင့် အမေချုံတို့က ပြန်ရောက်လာသောအခါ သူမ၏ ဒဏ်ရာကို မြင်သွားကြပြီး စိတ်ဓာတ်ကျသွားကြသည်။

“အိုး ဘေဘီလေး အဲ့ဒီသူခိုးကိုသာ ဖမ်းမိရင် သူ့ရဲ့ အရေခွံကို စုတ်ပေးမယ်”

ချုံခယ့်ခယ့်က အော်ရယ်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။

အခန်းထဲသို့ ဝင်ပြီးနောက် ပန်းချီကားချပ်ကို စားပွဲပေါ်သို့ တင်ပြီးမှ ရေချိုးခန်းထဲသို့ သွားသည်။ ရေကျသံများနှင့် သီချင်းဆိုသံများ ထွက်လာခြင်းက အိပ်ခန်းထဲမှ လာသော တစ်မိနစ်ခန့်ကြာသည့် ဆူညံသံကို ဖုံးကွယ်လိုက်သလို ဖြစ်သွားသည်။

ပန်းချီကားချပ်ထဲမှ ရေစက်အရောင်ထဲသို့ အသက်စွမ်းအင်များကို ရှူရှိုက်သွင်းခံလိုက်ရသလိုမျိုး အရပ်မျက်နှာအနှံ့ ဖြည်းညင်းစွာပင် စတင်ရွေ့လျားလာသည်။ အချိန်အတန်ကြာပြီးနောက် ရေချိုးခန်းထဲမှ ချုံခယ့်ခယ့်က ထွက်လာသည်။ သူမက စားပွဲသို့သွားပြီး ဆံပင်ကို အခြောက်ခံပြီးမှ ကုလားထိုင်ပေါ်တွင် ထိုင်ကာ ပန်းချီကားချပ်ကို ကြည့်လိုက်သောအခါ အရောင်များက ရှုပ်ထွေးလျက်ရှိနေသေးကြောင်း မြင်လိုက်ရသည်။ သို့ရာတွင် ဂရုစိုက်ကြည့်သောအခါ တစ်စုံတစ်ရာက ပုံမှန်မဟုတ်‌တော့ကြောင်း မြင်လိုက်ရသည်။

သူမက သူမကိုယ်သူမပင် နားမလည်စွာ ပြန်မေးလိုက်သည်။

“တစ်ခုခုက မတူတော့သလိုပဲ၊ ငါပဲ ထင်ယောင်ထင်မှားဖြစ်နေတာလား”

သို့ရာတွင် ဘာကမှားနေကြောင်း သူမလည်း မတွေးနိုင်ပြန်ချေ။ ချုံခယ့်ခယ့်က သူမက ‌ရေချိုးခန်းထဲမှ ထွက်လာကစမလို့ အမြင်မှားသွားသည်ဟု ထင်လိုက်သည်။ သို့ရာတွင် သူမအနေဖြင့် အနည်းငယ် စိတ်လွတ်သလိုဖြစ်သွားသေးသည်။

မားမားချုံက တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။

“ဘာလို့ မအိပ်သေးတာလဲ”

သူမက စားပွဲပေါ်သို့ နွားနို့တစ်ခွက်ကို တင်ပေးကာ ပန်းချီကားချပ်ကို ကိုင်ကြည့်ကာ ပြောသည်။

“ဒါကို သမီးဆွဲတာလား၊ ရုပ်ဆိုးလွန်းမနေဘူးလား”

သူတို့၏ မိသားစုတွင် အဆက်အသွယ်ရှိနေကတည်းက သဘာဝအလျောက်ပင် သူတို့ကို လက်ဆောင်ပေးပို့သူများစွာ ရှိသည်။ ထိုထဲတွင် လက်ရာမြောက်သော အနုပညာပန်းချီကားချပ်များလည်း ပါသည်။

သူတို့၏ လှေကားဘေးနံရံတွင် ချိတ်ထားသော ပန်းချီကားချပ်များဆိုလျှင် စျေးမပေါလှချေ။ မာမားချုံက အမြင်စူးရှသူဖြစ်သည့်အလျောက် တစ်ချက်ကြည့်ရုံဖြင့်ပင် သူမအကြည့်ရောက်ရန်ခဲလှသော ရုပ်အဆိုးဆုံးပန်းချီကားချပ်ဖြစ်ကြောင်း ချက်ချင်း ပြောလိုက်နိုင်သည်။

ချုံခယ့်ခယ့်က ငြင်းသည်။

“ဘယ်လိုဖြစ်ပြီး ဒါက သမီးအပိုင်ဖြစ်မှာလဲ၊ တစ်ယောက်ယောက်က ပေးတာ”

မာမားချုံက သူမကို မျက်လုံးမှိတ်ပြပြီးနောက် ပန်းချီကားချပ်ကို ပြန်ချကာ ပြောလိုက်သည်။

“ကောင်လေးလား၊ ကောင်မလေးလား”

ချုံခယ့်ခယ့်က သူမကို အခန်းထဲမှ တွန်းထုတ်သည်။

“ကောင်မလေး ကောင်မလေး ကောင်မလေးပါ ဟုတ်ပြီလား၊ တစ်နေ့လုံးအသုံးမဝင်တဲ့ဟာတွေကိုပဲ ‌တွေးမနေပါနဲ့လား၊ သွား‌တော့ သမီးအိပ်တော့မယ်”

စားပွဲသို့ ပြန်လာပြီးနောက် သူမက ထိုပန်းချီကားကို တစ်ချက်ကြည့်ပြီးမှသာ လက်ဆန့်ထိလိုက်သည်။ ပန်းချီကားချပ်က ထိ၍ အလွန်ကောင်းသည်။ သို့သော် ပါသော ပုံစံက မျက်စိကို ထိတ်လန့်စေနိုင်စွမ်း ရှိသည်။

အတွေးယာဉ်ကြောကို ရပ်တန့်စေပြီးနောက် ချုံခယ့်ခယ့်က ဆံပင်ကို ဆက်လက် အခြောက်ခံပြီးမှသာ ကုတင်ပေါ်သို့ တက်သည်။ ထို့နောက် မီးမှိတ်ပြီးအိပ်တော့သည်။

ဆိုဖာပေါ်တွင် အတင်ခံလိုက်ရသော မေ့လျော့ခံပန်းချီကားချပ်က ရုတ်တရက် အသေးစားပြောင်းလဲမှု ဖြစ်သွားသည်။ ကံဆိုးစွာဖြင့် မည်သူကမှ မမြင်လိုက်ကြပြန်ချေ။

နောက်တစ်နေ့မနက်ခင်းတွင် ချုံခယ့်ခယ့်က နှိုးစက်သံကြောင့် နိုးလာသည်။

မာမားချုံက အချိန်မီအခန်းထဲသို့ ဝင်လာပြီးနောက် မေးသည်။

“မနက်ဖြန် စနေနေ့နဲ့ တိုက်ဆိုင်စွာနဲ့ သမီးက ဒီည မွေးနေ့ပွဲ လုပ်မှာဖြစ်သွားတယ်၊ သူငယ်ချင်းတွေကို လာဖို့ ဖိတ်ချင်လား”

ချုံခယ့်ခယ့်က ဆံပင်ကို ဖြီးကာစဖြစ်သည်။ သူမက ပြန်ဖြေလိုက်သည်။

“ဒါပေါ့ ဖိတ်မှာပေါ့၊ ဖိတ်မှာပေါ့၊ ဒါနဲ့ အမေ အမေနဲ့အဖေက ဒီနေ့ အိမ်မှာ ရှိမှာလား”

“မရှိဘူးပေါ့၊ အမေတို့တွေ ပွဲလေးတက်စရာရှိတယ်၊ ဒင်နာပွဲကို သမီးရဲ့အဖေကို အဖော်ပြုပြီး တက်ပေးရမှာလေ၊ ဒါပေမယ့် ဒေါ်‌လေးကတော့ အိမ်မှာ ရှိလိမ့်မယ်၊ သမီးအတွက် စားစရာတွေ ဒေါ်လေးကိုပဲ ပြင်ဆင်ခိုင်းမလား၊ ဒါမှမဟုတ်ရင်လည်း အပြင်ကနေ မှာလို့ရတာပဲ”

ချုံမာမားက ပြောသည်။

ချုံခယ့်ခယ့်က ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ၊ သမီးနားလည်ပြီ”

သူမ၏ စီနီယာနှစ်တွင် နောက်ဆုံးသော မွေးနေ့ပွဲဖြစ်သည့်အလျောက် သူမအနေဖြင့် သူငယ်ချင်းများကို ဖိတ်ကာ ပျော်ပါးသင့်ပေသည်။ မည်သို့ပင်ဆိုစေ သေချာတွေးတောကြည့်မည်ဆိုလျှင် အနာဂတ်တွင် အတူတကွ ဆုံစည်းရန် ခက်ခဲသွားနိုင်သည်။

ထို့နောက် တံခါးက ပိတ်သွားသည်။

ချုံခယ့်ခယ့်က သပ်သပ်ရပ်ရပ်ပြင်ပြီးနောက်တွင် သူမ၏ အကြည့်က ပန်းချီကားသို့ ရောက်သွားပြန်သည်။ သူမက လက်ဖြင့် လှမ်းကိုင်လိုက်သည်။

“ဘာလို့ ကွဲပြားသွားပြန်တာလဲ”

မနေ့ညက သူမက ထင်ယောင်ထင်မှား ဖြစ်သည်ဟု ခံစားခဲ့ရသည်။ သို့ရာတွင် ယခု ထိုခံစားချက်က ကျန်ရှိနေသေးသည်။ သို့သော် သူမက မည်သည့်နေရာက ပြောင်းလဲသွားကြောင်း မသိနိုင်ချေ။

သူမက ထိုသို့ တွေးပြီးနောက် ဖုန်းထုတ်ကာ ပန်းချီကားချပ်ကို ဓာတ်ပုံနည်းနည်း ရိုက်လိုက်သည်။

သူမက ညမှသာ ပုံများကို ပြန်တိုက်ကြည့်ပြီး ကွာခြားချက်ကို ရှာရမည်ဟု တွေးလိုက်သည်။ သူမ အတွေးများနေသည်လည်း ဖြစ်နိုင်သည်။

ဘာလို့ပန်းချီကားက ရုတ်တရက် သူ့ဘာသာသူ ပြောင်းလဲသွားမှာလဲ။

ငါ အတွေးလွန်နေတာပဲဖြစ်မှာပါ။ သံသယဝင်စရာတောင် မရှိဘူး။

သူမက ကျောင်းသို့ ရောက်သည့်အချိန်တွင် ရှားရှားပါးပါး နင်နင်က သူမထက်စောစွာ ရောက်နေကြောင်း မြင်လိုက်ရသည်။

ထိုင်ခုံတွင် ဝင်ထိုင်ပြီး စာအုပ်ကို ဖတ်နေသော နင်နင်က ချစ်စရာကောင်းပြီး တက်တက်ကြွကြွလည်း ရှိသည်။ ဖြူဖွေးကာ နူးညံ့ညင်သာနေသည်။ သူမ၏ ပုံစံလေးက ချစ်စဖွယ်ကောင်းသဖြင့် ပါးကို ဆွဲညှစ်ချင်စိတ်ပေါက်သွားသည်။

ရှီချီက ဒီလိုသဘောကျစရာကောင်းတဲ့ လူအပေါ် ကွဲကွဲပြားပြားဆက်ဆံတာ အံ့ဩစရာမရှိတော့ဘူး။

သူမ၏ အတွေးများက ထွန့်ထွန့်လူးကာ ဆက်လက် ဖြန့်ကျက်သွားရင်းမှ ချုံခယ့်ခယ့်က အနားသို့ လျှောက်သွားရင်း ပြောလိုက်သည်။

“နင်နင် ဒီနေ့က ငါ့ရဲ့မွေးနေ့၊ ငါ ဒီညအိမ်မှာ မွေးနေ့ပွဲလုပ်မလို့ နင်လာမှာမဟုတ်လား”

“အာ ပျော်ရွှင်ဖွယ်မွေးနေ့ပါ”

နင်မုန့်က အံ့ဩသွားသည်။

“ငါ အိမ်ပြန်ပြီး အမေ့ကို မေးရဦးမယ်၊ ဒါပေမယ့် ဒီနေ့ ညနက်တဲ့အထိ ပြန်လည်လေ့ကျင့်ခန်းလုပ်တဲ့အချိန် မရှိကတည်းက သေချာပေါက်သွားလို့ရလောက်တယ်”

ကျောင်းတွင် သောကြာနေ့တိုင်း ညနက်သည်အထိ ပြန်လည်လေ့ကျင့်ခန်းလုပ်ရသော ကိုယ်ပိုင်စာကြည့်ချိန်မရှိချေ။ နောက်ပိုင်း ပိတ်ရက်များလည်း ဖြစ်သဖြင့် ပိတ်ရက်များအတွင်း အိမ်စာများ လုပ်ခိုင်းခြင်းက ပို၍ သင့်တော်ပေသည်။

ချုံခယ့်ခယ့်က ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် နင် ရှီချီကို ဖိတ်သင့်တယ်”

နင်မုန့်က မျက်လုံးပြူးသွားသည်။

“ဒါက နင့်ရဲ့ မွေးနေ့လေ၊ ဘာလို့ နင်ကိုယ်တိုင်သွားပြီး မဖိတ်တာလဲ၊ ဘာလို့ ငါ့ကို ဖိတ်ခိုင်းတာလဲ”

ချုံခယ့်ခယ့်က သူမ၏ အပြုံးကို လျှို့ဝှက်စွာ ဖုံးကွယ်လိုက်ပြီး ပြောသည်။

“ဒါဆိုရင်လည်း ငါ့ကို ကူညီပြီး မေးပေးပါဦး၊ ငါ အပေါ်ထပ်ကို တက်ပြီး အခြားလူတွေကို သွားဖိတ်လိုက်ဦးမယ်”

ဒီချစ်စရာကောင်းတဲ့ ကောင်မလေးကိုသာ မလွှတ်သမျှကာလပတ်လုံး သူလာမယ်လို့ ဘယ်လိုသေချာမှာလဲ။

နင်နင်ကသာ သွားရင် ရှီချီက သေချာပေါက် လာလိမ့်မယ်။

ချုံခယ့်ခယ့်အနေဖြင့် ထိုအချက်ကို သေချာနေသည်။

နင်မုန့်ကလည်း ထိုအတွက်ကြောင့် သဘောတူလိုက်ရသည်။ ရှီချီက နောက်ဆုံးတွင် ရောက်လာသောအခါ နင်မုန့်က ထိုအကြောင်းအရာကို ပြောလိုက်သည်။

“ဒီနေ့က ခယ်ခယ့်ရဲ့ မွေးနေ့လေ၊ ငါတို့တွေ သူမရဲ့အိမ်ကို သွားကြမလို့၊ နင်လာမှာလား”

ရှီချီက မနေနိုင်ဘဲ ပြန်မေးလိုက်သည်။

“မင်း သွားမှာလား”

နင်မုန့်က ပြောသည်။

“ဒါပေါ့ ငါသွားမှာပေါ့၊ တကယ်လို့ နင်မလာရင်တောင်မှ ငါသွားမှာပဲ”

အချိန်အတန်ကြာပြီးနောက် ရှီချီက ပြန်ဖြေသည်။

“ကောင်းပြီလေ၊ ငါလာမယ်”

သူ၏ အမူအရာက ပြောင်းလဲခြင်းမရှိချေ။ သူက စားပွဲပေါ်သို့ သကြားလုံးတစ်လုံးကို တင်ပေးလာသည်။ အပြင်ဘက်ရှိ နေရောင်က ဖောက်ဝင်လာပြီး ဖောက်ထွင်းမြင်ရမတတ် ကြည်လင်သော သကြားလုံးပါကင်အိတ်လေးပေါ် ဖြာကျလာကာ ပို၍ပင် သဘောကျစိတ်ဖြစ်ပေါ်လာစေသည်။

နင်မုန့်က တခဏခန့် စိုက်ကြည့်ပြီးနောက် မေးလိုက်သည်။

“ငါ နင့်ကို ပေးထားတဲ့ သကြားလုံးကို ပြန်ပေးနေတာလား”

ရှီချီက စက္ကန့်အနည်းငယ် ကြာသည်ထိ မတုန့်ပြန်နိုင်ချေ။ ထို့နောက်မှသာ သကြားလုံးအပေါ်သို့ လက်ညှိုးတင်လျက် ပြောလိုက်သည်။

“မင်း မလိုချင်ရင်လည်း … “

နင်မုန့်က ချက်ချင်း ယူလိုက်သည်။

“ငါ မလိုချင်ဘူးလို့ မပြောပါဘူး”

သိပ်မကြာခင်ကမှ သကြားလုံးက သူမနဲ့ မျိုးရိုးတူတူပဲ။ ဒါပေမယ့် လမ်းတစ်ဝက်မှာ မျိုးရိုးနာမည်ကို ပြောင်းလိုက်ရတယ်။ အခု ဒီမျိုးရိုးနာမည် ပြန်ဖြစ်သွားပြန်ပြီ။

အနာဂတ်မှာသာ ဒီမျိုးရိုးနာမည်ကို ဆက်ပြီး ထိန်းသိမ်းရမယ်ဆိုရင် ပိုပြီးကောင်းမှာပဲ။ ဘာပဲဖြစ်ဖြစ် ရှီချီရဲ့ အိတ်ကပ်ကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ ဒီသကြားလုံးက ပါးစပ်ထဲကို ဝင်လာပြီ။

အပိုင်း (၅၃.၃) ပန်းချီကားထဲက ရုတ်တရက် ထွက်လာတဲ့ အရိပ်တစ်ရိပ် (၃)

အတန်းထဲသို့ ပြန်လာသောအခါ ချုံခယ့်ခယ့်ကလည်း ရှီချီက နေရာတွင် ဝင်ထိုင်နေပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် နင်မုန့်၏ အနားသို့ ကပ်သွားပြီး ဂရုတစိုက်ဖြင့် ခပ်တိုးတိုး မေးလိုက်သည်။

“ကိစ္စက အဆင်ပြေလား”

နင်မုန့်ကလည်း ပြန်ဖြေသည်။

“သူ လာလိမ့်မယ်”

ချုံခယ့်ခယ့်က ရယ်ပြီးနောက် သူမ၏ပါးကို တစ်ချက်တို့သည်။

“ကျေးဇူးပါပဲ နင်နင်၊ ငါ ဒီည နင့်အတွက် မွေးနေ့ကိတ်မုန့် အကြီးကြီးလှီးပေးမယ်”

နင်မုန့်က မျက်ဝန်းက တောက်ပသွားသည်။

“နင် ကတိပေးရမယ်နော် ဟုတ်ပြီလား၊ နင်ပြီးတော့မှ ကတိမတည်ဘဲ မလုပ်နဲ့”

ကျောင်းဆင်းသောအခါ ချုံခယ့်ခယ့်က သူမကို အပြင်သို့ ဆွဲခေါ်သည်။

ရှီချီက သူတို့၏ အနောက်မှ လျှောက်လာသည်။ သူ၏ မျက်နှာက အေးစက်ပြီး အရပ်ကလည်း ရှည်ကာ ပိန်ပါးသည်။ ပတ်ဝန်းကျင်မှ ဆူညံသံများ၏ သက်ရောက်မှုမခံရသည့်အလား သူက ထိုအရာများနှင့် ပတ်သတ်မှုမရှိသည့်အလား ထင်ရသည်။

ချုံခယ့်ခယ့်၏ အခြားသော သူငယ်ချင်းများက အတန်း၏ အပြင်ဘက်တွင် စောင့်နှင့်နေပြီဖြစ်သည်။

သူတို့ထဲတွင် လုရှီဟုခေါ်သောမိန်းကလေးက စိတ်မရှည်ဖြစ်နေသည်။

“မြန်မြန် မြန်မြန်၊ အချိန်က အသက်ပဲ၊ ငါတို့ နောက်ကျသွားရင် ပျော်ပါးဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး၊ ငါ ဒီနေ့အပြင်မှာနေဖို့ ၂နာရီပဲ အချိန်ရတာ”

သူမက ပန်းချီကားချပ်ရထားသော သူများထဲမှ တစ်ယောက်ဖြစ်ပြီး လွှင့်ပစ်လိုက်ပြီလည်း ဖြစ်သည်။ ချုံခယ့်ခယ့်က ထိုအကြောင်းမေးလာသောအခါမှ သူမက သတိရသွားခြင်းလည်း ဖြစ်သည်။

ချုံခယ့်ခယ့်က နင်မုန့်ကို သူမနှင့်အတူဆွဲသည်။

“ဒါက ငါ့ရဲ့ ထိုင်ခုံဖော် နင်နင်တဲ့”

ကောင်မလေးများက သူမကို ကြည့်လာကြသည်။

သူတို့ ယခင်က စကားပြောလျှင် ခယ်ခယ်က မကြာခဏ နင်နင့်အကြောင်း ထည့်ပြောလာလေ့ရှိသည်။ ထို့ကြောင့် အတန်းထဲတွင် သူမ၏ တည်ရှိမှုကို သတိထားမိပြီးသားလည်း ဖြစ်သည်။ ခယ်ခယ်က သူမကို ကောင်းမွန်စွာ ချီးကျူးလေ့ရှိပြီး ချစ်စရာကောင်းသည်ဟူသော စကားလုံးဖြင့်ပင် ဖော်ပြလေ့ရှိသည်။ သူမကို အနီးကပ်ကြည့်ပြီးနောက်တွင် သူမက အလွန်ဖြူကာ လူကောင်သေးကြောင်း မြင်လိုက်ကြသည်။

သူမက သူတို့ကဲ့သို့ အရပ်ရှည်ကာ ခန္ဓာကိုယ်ဝသော လူများနှင့် ကွာခြားမှုရှိသည်။ ထို့ကြောင့် ချုံခယ့်ခယ့်က သူမကို ရတနာလေးလို ဆက်ဆံသည်မှာ အံ့ဩစရာမရှိတော့ချေ။ လုရှီက ရယ်လိုက်သည်။

“ကောင်းပြီ ကောင်းပြီ နင်နင် ငါက လုရှီပါ”

အခြားသော ကောင်မလေးများကလည်း မိတ်ဆက်လာကြသည်။

နင်မုန့်က သူ၏ စိတ်အားတက်ကြွမှုကြောင့် ကြောင်သွားသည်။

“ငါ့ရဲ့ နာမည်က နင်နင်ပါ၊ တွေ့ရတာ ဝမ်းသာပါတယ်”

အခန်းအပြင်ဘက်တွင် အာလာပသလာပ စကားများ ဖလှယ်ပြီးနောက် အတန်း၏ သန့်ရှင်းရေးတာဝန်ကို ယူထားရသည့် ကောင်လေးနှစ်ယောက်က သူတို့၏ ဂျူတီပြီးသွားပြီဖြစ်သည်။ ချုံခယ့်ခယ့်က သူတို့ကို လက်ယမ်းပြပြီး ပြောသည်။

“ကောင်းပြီ ငါတို့ သွားလို့ရပြီ”

ချုံခယ့်ခယ့်၏ မိသားစုဒရိုင်ဘာက သူတို့ကို လာကြိုမည်ဖြစ်သည်။

သူမက လူအများအပြား ခေါ်လာကြောင်း မြင်သောအခါ ချုံခယ့်ခယ့်က ခပ်တိုးတိုးရေရွတ်ပြီးနောက် ဆုံးဖြတ်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် ရှီချီမှာလည်း သူ့ကားရှိတာပဲ၊ နင်နင်က သူ့ကားထဲမှာ ထိုင်လို့ရတယ်၊ ကျန်တဲ့သူတွေက ငါနဲ့လိုက်ခဲ့”

သူမက သူမ၏ အသိုင်းအဝိုင်းအချက်အချာဗဟိုကဲ့သို့ ဖြစ်နေသဖြင့် မည်သူကမှ သူမ၏ ဆုံးဖြတ်ချက်ကို မငြင်းကြချေ။ ပို၍ဆိုးသည်မှာ သူတို့က ရှီချီနှင့် မရင်းနှီးချေ။ သူ့အကြောင်းအနည်းငယ်ကိုသာ သိကြသည်။

သူတို့က ရှီချီကို ကြည့်လိုက်ပြီးနောက် သူတို့၏ အကြည့်ကလည်း နင်နင့်ပေါ်သို့ ပြန်ရောက်သွားပြန်ကာ တတိယဘီးမဖြစ်ချင်ကြသဖြင့် မလိုက်ချင်ကြတော့ချေ။

နင်မုန့်သာလျှင် သူ၏ မိသားစုကားကို ရှီချီနှင့်အတူ စီးနိုင်သည်။ ကံကောင်းစွာဖြင့် ဒါက သူမ၏ ပထမဆုံးအကြိမ် လိုက်စီးခြင်းလည်း မဟုတ်ချေ။ သူမက အတန်ငယ်ပင် ရင်းနှီးနေသည်။ လက်ကို ဆန့်တန်းပြီးနောက် ဖရဲစေ့အိတ်ထားသော နေရာကိုပင် လက်နှိုက်လိုက်ကာ ပြောသည်။

“ငါ စားလို့ရတယ် မဟုတ်လား”

သူမ၏ လေသံက နူးညံ့ကာ ချစ်စရာကောင်းသည်။

ရှီချီက သူမကို အချိန်အတန်ကြာသည်အထိ အံ့အားတကြီး ကြည့်ပြီးနောက်မှသာ ပြန်ဖြေလိုက်သည်။

“စားပါ”

နင်မုန့်က စိုက်ကြည့်ခံရသဖြင့် သူမ၏ ဦးခေါင်းခွံကပင် ထုံထိုင်းသွားပြီဟု ခံစားနေရပြီဖြစ်သည်။ သို့သော် ဒါက အခြားသူ၏ ပိုင်ဆိုင်မှုဖြစ်နေကတည်းက ကြိုတင်မေးမြန်းခြင်းက ပို၍ ကောင်းသည်။ ရိုးရိုးသားသား ပြောရလျှင် ထိုဖရဲစေ့များက အလွန်အရသာရှိသည်။

ချုံအိမ်တော်သို့ ရောက်သွားပြီးနောက် တစ်ဖွဲ့လုံးက ရူးသွပ်သွားလောက်အောင် ပျော်ပါးဖြစ်ကြသည်။

သီချင်းနှင့် ကိတ်က ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ကျန်းမာရေးအတွက်ကြောင့်သာ မဟုတ်လျှင် သူတို့က အရက်ပုလင်းပင် ဖောက်လောက်သည်။ ရာသီဥတုက မအေးတော့ကတည်းက အခြားဖျော်ရည်များကိုသာ သောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

နင်မုန့်က အေးစက်သလို ခံစားနေရသေးသဖြင့် မသောက်ချင်ချေ။ သို့သော် ချုံခယ့်ခယ့်က သူမအတွက် လိမ္မော်ရည်တစ်ခွက်ထည့်ပေးပြီး အရှေ့တွင်သာ ထားသွားသည်။

အားလုံးက ကခုန်ကာ ပျော်ပျော်ရွှင်ရွှင် ပျော်ပါးနေကြပြီး သူမကမူ ဘေးဘက်တွင် စားသောက်လျက် ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် နေနေသည်။ အခြားသူများကို အနှောင့်အယှက်ပေးရန်ပင် တွန့်ဆုတ်သွားသည်။

ရှီချီကလည်း သူမနှင့် တစ်လှေတည်း စီးသူဖြစ်သည်။ သူက သူမဘေးတွင် ထိုင်ပြီး အခြားလူတိုင်းထက် တည်ငြိမ်နေသည်။

ညဆယ်နာရီဝန်းကျင်တွင် လူအများစုက ပြန်သွားကြပြီဖြစ်သည်။

သူတို့၏ အိမ်က ဒီနေရာနှင့် အတန်ငယ်ဝေးသည်။ ထို့ကြောင့် အပြန်နောက်ကျလျှင် မလုံခြုံနိုင်ချေ။ ပို၍ဆိုးသည်မှာ သူတို့၏ လူကြီးများ၊ မိဘများကလည်း အိမ်တွင် စောင့်နေကြပြီဖြစ်လေရာ ဆက်လက်ပျော်ပါး၍ မရတော့ချေ။

နင်မုန့်ကလည်း ပြန်တော့မည့်အချိန်တွင် ချုံခယ့်ခယ့်က ဆွဲလိုက်သည်။

“ဒီမနက်မှာ ပန်းချီကားချပ်က တစ်ခုခုပြောင်းလဲသွားသလို ငါ ခံစားရတာ၊ ဒါကြောင့် ငါဖုန်းနဲ့ ဓာတ်ပုံရိုက်ထားတယ်၊ နင် တစ်ချက် ကြည့်ကြည့်ပါလား၊ အရင်နဲ့တူသေးလား”

သူမက အပေါ်ထပ်သို့ ပြေးတက်သွားပြီးနောက် စားပွဲပေါ်မှ ပန်းချီကားချပ်ကို ဆွဲချလိုက်သည်။

ပန်းချီကားချပ်ထဲမှ တစ်စုံတစ်ရာထွက်လာမည်ကို သူမက ကြောက်လန့်သောကြောင့် အပြင်မထွက်ခင် အချိန်တွင် အဝတ်ဖြင့် အုပ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်ထိ ဆွဲမချခဲ့ရသေးပေ။ ချုံခယ့်ခယ့်က မေးသည်။

“နင် ပန်းချီကားချပ်ရဲ့ ပုံကို မှတ်မိနေသေးတယ်မလား”

နင်မုန့်က ခေါင်းညိတ်သည်။

“မှတ်မိတာပေါ့၊ အရောင်‌တွေ ရှုပ်ထွေးနေတဲ့ အလုံးတစ်လုံးပဲလေ”

ပထမညတွင် အကြိမ်ကြိမ်အခါခါ ကြည့်ပြီး အကြိမ်ကြိမ်အခါခါ ဆွေးနွေးပြီးနောက် နင်မုန့်တွင် ထိုပန်းချီကားချပ်ကို မမှတ်မိစရာ အကြောင်းမရှိတော့ချေ။ သူမက နေ့အလား လင်းလင်းထင်းထင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

သူတို့သုံးယောက်သာလျှင် ထိုအိမ်တွင် ကျန်တော့လေသည်။ မီးဖိုခန်းထဲတွင်လည်း ဒေါ်လေးတစ်ယောက်က ရှိသည်။ သူမက အပေါ်မှအဝတ်ကို ဆွဲဖယ်လိုက်သောအခါ အားလုံး၏ မြင်ကွင်းထဲသို့ ပန်းချီကားချပ်က ပေါ်လာသည်။ နဂိုက ရှုပ်ထွေးနေသော ဘောလုံးပုံစံက အဆောက်အဦးပုံစံ ပြောင်းသွားသည်။

ရေးဆွဲသူက အနုစိတ်ရေးဆွဲထားခဲ့သလိုမျိုး ပန်းချီကားချပ်က တောအုပ်တစ်ခုလို ခမ်းနားကြည့်ကောင်းနေသည်။ ကောင်းကင်တွင်လည်း ကြယ်များနှင့် လတစ်စင်းက ရှိနေပြီး တောအုပ်၏ အနက်ရှိုင်းဆုံး ပုံသဏ္ဍာန်က ပိန်းပိတ်အောင် မည်းမှောင်နေကာ အနည်းငယ်ပင် ခြောက်ချားဖွယ်ကောင်းနေသည်။ နင်မုန့်၏ မျက်လုံးက မျက်အိမ်ထဲမှ ကျွတ်ထွက်တော့မည့်အလား ဖြစ်သွားသည်။

“ဒါက …”

ရှီချီက မီးဖိုခန်းထဲတွင် သူ့အတွက် ရေသွားထည့်နေခြင်း ဖြစ်သည်။ ချုံခယ့်ခယ့်က ပြောလိုက်သည်။

“ငါ မနေ့ညက ကြည့်တုန်းက တစ်ခုခုမှားနေမှန်း သိလိုက်တယ်၊ မနေ့ညက ဒီလိုပုံစံမှမဟုတ်တာ၊ ငါ ဒီမနက် အိမ်ကထွက်မသွားခင်ကတောင် ဒီလိုပုံစံမဟုတ်ဘူး၊ ငါ ဓာတ်ပုံရိုက်ထားတယ်”

သူမက ဖုန်းထဲမှ ဓာတ်ပုံအယ်လ်ဘမ်ကို ထုတ်ကာ ပုံတစ်ပုံကို ထုတ်သည်။ သို့သော် ဓာတ်ပုံထဲတွင်မူ ပုံက ပန်းချီကားချပ်ထဲကအတိုင်း တစ်ထေရာထဲတူနေသည်။ ချုံခယ့်ခယ့်က ကြောင်သွားသည်။

“သေစမ်း ဘာဖြစ်သွားတာလဲ၊ ငါ မနက်က ရိုက်တုန်းက ဒီလိုမဟုတ်တာသေချာပါတယ်၊ ဘာလို့ ရုတ်တရက်ကြီး ဒီပုံပြောင်းသွားတာလဲ”

သူမက ဖုန်းကို သူမနှင့်အတူ ယူသွားခြင်းဖြစ်သည့်အတွက် တစ်စုံတစ်ယောက်က ယူသွားရန်လည်း မဖြစ်နိုင်ချေ။

ရှီချီက ခွက်ကို ကိုင်ပြီးနောက် လျှောက်ဝင်လာကာ နင်မုန့်၏အရှေ့တွင် ထားပေးသည်။

သူက မျက်လွှာချလျက် ပန်းချီကားပေါ် အကြည့်က မြဲမြံစွာ ရောက်သွားသည်။ သူ၏ သွယ်လျသော လက်ချောင်းက ပန်းချီကားချပ်ပေါ် အနည်းငယ် ထိတို့ကြည့်ပြီးနောက်တွင် လေးနက်စွာ ပြောလာသည်။

“ဒီထဲကို သွေးကျသွားသေးလား”

နင်မုန့်က သူ့ကို အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက် သူ၏ ကြော့ရှင်းကြည့်ကောင်းလွန်းသော ဖမ်းစားဖွယ်အလှတရား၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။ သို့သော် တခြားနှစ်ယောက်က သူမကို အာရုံမစိုက်နိုင်လေရာ သူမက အပြစ်မကင်းသလို ခေါင်းကို ငုံ့လိုက်သည်။

ငါ့ရဲ့ မြေးက တအားကြည့်ကောင်းလွန်းတယ်။ ဒီလိုအဆွဲဆောင်ခံရတာ အပြစ်တင်လို့မရဘူး။

သူ၏ စကားကို ကြားသောအခါ ချုံခယ့်ခယ့်က မနေ့ညက ကိစ္စကို ပြန်သတိရသွားသည်။

“ငါ မနေ့ညက အိတ်အလုခံရတော့မလို့၊ ငါ့ရဲ့လက်က မြေကြီးနဲ့ ပွန်းပြီးရှသွားတာလေ၊ ငါ ပြန်ကောက်လိုက်တော့ မတော်တဆဖြစ်သွားတာ ဖြစ်လောက်တယ်”

ထို့နောက် ပြောရလျှင် သူမက ထိုကိစ္စကို အာရုံမစိုက်မိတော့ချေ။

ချုံခယ့်ခယ့်က မနေ့ညက ကိစ္စကို ဇာတ်ကြောင်းပြန်ပြောပြသလို ဒီမနက် ဓာတ်ပုံရိုက်သည့်ကိစ္စကိုလည်း ပြန်ပြောပြသည်။ ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်စွာ ဖြစ်လာသော ကိစ္စများကိုလည်း သူမ သံသယဝင်ကြောင်း ပြောပြသည်။ သူမက ပြောနေရင်းမှ နင်မုန့်က သူမ၏ မျက်ဝန်းထောင့်မှ တဆင့် ပန်းချီကားချပ်က တဖန် ပြန်ပြောင်းသွားပြန်ကြောင်း မြင်လိုက်ရသည်။ သူမက စက္ကန့်အနည်းငယ် ကြာအောင် ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ရာက ပြောင်းလဲသွားသလို ခံစားရသဖြင့် ထောင့်တစ်နေရာကို လက်ညှိုးညွှန်လိုက်ပြီး အားလုံးကို သတိဝင်စေလိုက်သည်။

“ဒီမှာ ပုံရိပ်တစ်ခု ပေါ်လာတယ်”

ချုံခယ့်ခယ့်က ပန်းချီကားချပ်အနားသို့ ကပ်သွားလိုက်သည်။ အစွန်ဆုံးနား တောအုပ်၏ ထောင့်တစ်နေရာတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ သူတို့ကသာ ပန်းချီကားချပ်နားတွင် နီးနီးကပ်ကပ် ထိုင်ကြည့်မည်ဆိုလျှင် ပြောင်းလဲမှုကို သတိထားမိလောက်သော်လည်း ရှင်းရှင်းလင်းလင်း မြင်နိုင်မည်မဟုတ်ချေ။ ကံကောင်းစွာဖြင့် သူတို့၏အိမ်တွင် ဖန်ဘီလူးရှိနေသည်။ ထို့ကြောင့် ချုံခယ့်ခယ့်က သွားယူပြီး ကြည့်လိုက်သည်။

အနီးကပ်ကြည့်ပြီးနောက်တွင် သူမက ကြောင်တောင်တောင် ဖြစ်သွားသည်။

နင်မုန့်က အချိန်အတန်ကြာသည်အထိ သူမက မည်သည့် အတွက်ကြောင့်မှ မတုန့်ပြန်ကြောင်း တွေးကာ စိတ်ရှုပ်သွားပြီး သူမ၏လက်ထဲမှ ဖန်ဘီလူးကို ယူကာ ကိုယ်တိုင် ကြည့်လိုက်ပြီးနောက် ဆိုဖာပေါ်မှ ခုန်ထလုနီးပါး ဖြစ်သွားသည်။

“ဒီဝတ်စုံ၊ ဆံပင်၊ မျက်နှာ ဒါက အခုလေးတင် ဒီညပွဲကို လာသွားတဲ့ လုရှီနဲ့ တူနေတာပဲ”

ပို၍ဆိုးသည်မှာ လုရှီ၏မျက်နှာထားက ပြောင်းလဲသည်ထက် ပြောင်းလဲလာသည်။ မျက်နှာသေဖြင့် ဖြစ်နေရာမှ ကူကယ်ရာဖြစ်မှု၊ အထိတ်တလန့်ဖြစ်မှုနှင့် နောက်ဆုံးတွင် ကြောက်လန့်မှုအဖြစ် ပြောင်းလဲသွားသည်။

သကြားလုံးက ငါ့ကို ပေးပြီးကတည်းက သေချာပေါက် ငါ့အပိုင်ပေါ့

ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset