RENH အပိုင်း ၅၂

အပိုင်း (၅၂) ထူးဆန်းတဲ့ မိန်းကလေး

ဆောင်းတွင်းက လျင်မြန်စွာဖြင့် ကုန်ဆုံးသွားသည်။

ညအချိန်ရောက်လာသောအခါ အေးစက်နေတတ်သေးသော်လည်း သူမက အိပ်ပျော်သွားပြီးသည့်နောက်တိုင်း ဘာကိုမှ မခံစားမိတော့ချေ။ သို့သော် မနက်ပိုင်း နိုးထလာသောအခါ အရိုးကွဲမတတ်အေးစိမ့်သော ခံစားချက်နှင့်အတူ ကျောင်းသို့ ဦးတည်ရပြန်သည်။

နေ့တိုင်းလိုလို သူမက အတန်းသို့ ရောက်သည်နှင့် ရှီချီ၏ လက်ကို ဆုပ်ကိုင်လိုက်‌လေ့ရှိသည်။ သူမကသာ သူ့ကို အိမ်သို့ခေါ်သွားနိုင်မည်ဆိုလျှင် ချက်ချင်းလိုလို မေးခွန်းထုတ်စရာပင် မလိုလောက်အောင် တန်းလုပ်လောက်သည်။

သူမက စနစ်ကို သူမ ထွက်သွားရမည့်အချိန်ကို မေးမြန်းသော်လည်း စနစ်က အချိန်အချို့ကျန်သေးသည်ဟု ဆိုလာသည်။

နင်မုန့်က အိတ်ထဲသို့ သကြားလုံးများထည့်ပြီး အတန်းသို့ နေ့တိုင်းဦးတည်ပြီး တစ်ဝက်ကို ရှီချီကို ခွဲပေးသည်။ သူက တစ်ခုမှဖောက်စားခြင်းကို မမြင်ရသည့်တိုင်အောင် အမြဲတစေ လက်ခံလေသည်။

စာသင်နှစ် ဒုတိယနှစ်ဝက်စတင်သောအခါ နွေဦးက နီးကပ်နေပြီဖြစ်သည်။ နင်မုန့်ကမူ အတန်ငယ် ခံစား၍ ကောင်းလာသလို ခံစားရသည်။

သူမ၏ ကိုယ်ထဲသို့ ယင်လေများ ဝင်ရောက်ပြီးချိန်ကစပြီး ပြင်းထန်သည့် အအေးဓာတ်နာကျင်မှုကို ခံစားနေရလေရာ ဆောင်းတွင်းတစ်ခုလုံး စောင်အောက်တွင်သာ အချိန်ဖြုန်းခဲ့ရသည်။

လျန်ဖုန်းမိန်က အပြင်သို့ ထွက်ရန် မကြာခဏ ခေါ်သော်လည်း သူမကို စိုးရိမ်နေသေးပြီး အိမ်အလုပ်တစ်ခုမျှပင် လုပ်ခိုင်းခြင်းမရှိဘဲ ရေနွေးအိတ်ကိုသာ ဖက်ခိုင်းထားသည်။

သူမက အိမ်စာလုပ်သည့်အချိန်တွင်ပင် ရေနွေးအိတ်ကို တောက်လျှောက် သယ်ထားရသည်။ ထို့ကြောင့် နေ့ရက်တိုင်းလိုလို ရှီချီ၏ လက်ကို လွမ်းနေရတော့သည်။

ကျောင်းစပြီး သိပ်မကြာခင်အချိန်တွင်ပင် သူတို့က နွေရာသီအတန်းအချိန်ဇယားနောက်လိုက်ရသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲက နီးကပ်လာနေသဖြင့် သူတို့အနေဖြင့် အတန်းကို စောစောတက်ရပြီး ညပိုင်း‌နောက်ကျသည်အထိ ပြန်လည်လေ့ကျင့်ခန်းများ လုပ်ရလေရာ ကျောင်းမှ ၉နာရီ ၅၀ခန့်မှသာ ဆင်းရသည်။ ပုံမှန်အတိုင်း နင်မုန့်က သူမ၏ ထိုင်ခုံအသိုက်နေရာလေးကို ရှာလိုက်နိုင်သည်။

အိမ်မှ ကျောင်းသို့ ဒီမနက် လမ်းလျှောက်သွားစဉ်တောက်လျှောက် ရှီချီ၏ အရိပ်ကို မမြင်ခဲ့ရချေ။ ယခင်က ဆိုလျှင် သူက သူမထက် စောစော ရောက်နေလေ့ရှိသည်။ ယခု ကျောင်းထဲသို့ ရောက်ရောက်ချင်း သူ့ကို မမြင်ရခြင်းက သူမကို အံ့ဩသွားစေသည်။

သူက ဒီအတိုင်း နောက်ကျသည်ဟု သူမက ထင်ခဲ့သော်လည်း မိနစ်လေးဆယ်ခန့် ကြာသွားပြီး သို့မဟုတ် မနက်ခင်းနှစ်တန်းခန့် ကုန်လွန်သွားပြီးသည့်တိုင်အောင် ရှီချီက ရောက်မလာခဲ့ချေ။ သူ၏ ထိုင်ခုံက လွတ်နေသည်။

နင်မုန့်က ဘေးသို့ မကြာခဏကြည့်နေသဖြင့် ချုံခယ့်ခယ့်က အာရုံစိုက်မိသွားသည်။

ချုံခယ့်ခယ့်က အတန်ငယ် တွေးတောပြီးမှသာ သတိပေးလိုက်သည်။

“ကြည့်ရတာ သူက အိမ်ရောက်တော့ အဖျားတက်သွားတယ်လို့ ကြားတယ်၊ ဒါကြောင့် ကျောင်းမလာတာ ဖြစ်လောက်တယ်၊ ရုံးခန်းထဲမှာ အတန်းပိုင်ဆရာမ ပြောနေတာ ငါ ကြားလိုက်တယ်”

သူမက မနက်ပိုင်း အတန်းပြီးတိုင်း ဘာသာရပ်အသီးသီးကိုယ်စားပြုက အိမ်စာများကို ကောက်ပြီး ရုံးခန်းသို့ သွားပို့ပေးရသည်။ ထိုနေရာတွင် အိမ်စာများကို ထားခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်နှင့် ဖုန်းပြောနေဟန်တူသော အတန်းပိုင်ဆရာမ၏ စကားကို ကြားလိုက်ခြင်းလည်း ဖြစ်သည်။

နင်မုန့်က အံ့ဩသွားသည်။

“သူက ဖျားတတ်တာလား”

ချုံခယ့်ခယ့်က ရယ်ပြီး ပြန်ဖြေလိုက်သည်။ သူမ၏ မျက်နှာလေးကို ဆိတ်ဆွဲလိုက်သည်။

“ရှီချီကလည်း လူပဲလေ၊ သူဖျားတာက ပုံမှန်ပါပဲ၊ သူ့ကို ဘယ်သူလို့ ထင်နေလို့လဲ”

သူမ၏ စကားကို ကြားသော နင်မုန့်က သူမကို အမှန်တိုင်းမပြောနိုင်တော့ဘဲ ရယ်လိုက်ရသည်။

“သူက ဒီအတိုင်း မျှမျှတတ ကျန်းမာ‌ရေးကောင်းတယ်လို့ ထင်တာပါ”

“သူက ကျန်းမာရေးကောင်းတယ်လို့ ထင်ရတယ်ဆိုရင်တောင်မှ အအေးမိတတ်တာပဲ”

ချုံခယ့်ခယ့်က ထိုသို့ ပြောပြီးနောက် တစ်ဖက်သို့လှည့်သွားကာ ပစ္စည်းများကို သပ်သပ်ရပ်ရပ်စီသည်။

“နင်က ဒီနေ့ ညဂျူတီကျတယ်၊ မမေ့နဲ့”

ကျောင်းသူကျောင်းသားများကို လေ့ကျင့်ပေးရန် အလို့ငှာ အတန်းပိုင်ဆရာက ကျောင်းသူတစ်ယောက်ကို အတန်း၏ သန့်ရှင်းရေးအတွက် ဂျူတီချပေးသည်။ သို့သော် များများစားစား လှည်းကျင်းစရာလည်း ရှိမနေခဲ့ပေ။ ပို၍ဆိုးသည်မှာ လူတိုင်းက ကိုယ့်နေရာကိုယ် သန့်ရှင်းရေးလုပ်တတ်သဖြင့် အလုပ်မရှုပ်တော့ချေ။ မဟုတ်လျှင်လည်း သူတို့က အမှတ်အနုတ်ခံရမည် ဖြစ်သည်။

ရာသီဥတုက အေးလာသောအခါ ဂျူတီအတိုင်း လုပ်သောသူက ရှားသည်။ ယခုအခါ ဒုတိယနှစ်ဝက်ဖြစ်လာပြီး နွေရာသီလည်း ရောက်လာသဖြင့် အတန်းပိုင်ဆရာမက ထိုကိစ္စကို ပြန်ထည့်ပြောလာခြင်းလည်း ဖြစ်သည်။

နင်မုန့်က ယခင်အချိန်များက အအေးကို ကြောက်နေကတည်းက လူအချို့က သူမ၏ ကိုယ်စား ဂျူတီနေရာ ဝင်ယူပေးလေ့ရှိသည်။ သူမက ဆက်လက်ပြီး တာဝန်ယူရန် ငြင်းဆန်နေမည်ဆိုလျှင် သူမအပေါ် အမြင်ကောင်းရှိကြတော့မည်မဟုတ်ချေ။

နင်မုန့်က ခေါင်းညိတ်လိုက်သည်။

“ငါ သိပါတယ်”

ကျောင်းပြီးသွားနောက် မိနစ်အနည်းငယ် အချိန်ယူရုံဖြင့် သန့်ရှင်းရေးက ပြီးသည်။ ထို့နောက် အမှိုက်ကျန်မကျန် စစ်ဆေးရသည်။

မီးများပိတ်ပြီး ပြတင်းပေါက်ကို ပိတ်လိုက်ပြီးနောက် သူခိုးလေးများက ဘာကိုမှ လာခိုးနိုင်မည်မဟုတ်ကြောင်း သေချာသွားစေလိုက်ရသည်။

သူမအနေဖြင့် အတန်းထဲသို့ သူခိုးများ ဝင်ပြီး ပစ္စည်းများကို ကျူးကျော်ကာ မခိုးယူနိုင်အောင် သေချာစေရမည်ဖြစ်သည်။

ချုံခယ့်ခယ့်က မေးသည်။

“ငါ နင့်ကို အဖော်လုပ်ပေးဖို့ လိုသေးလား”

နင်မုန့်က ပြုံးလိုက်သည်။

“ကိစ္စမရှိပါဘူး၊ ဒီအတိုင်း သန့်ရှင်းဂျူတီကျတာပဲ၊ ငါ ခဏလောက် ဟိုလှည်းဒီလှည်းလုပ်လိုက်ရင် ပြီးသွားမှာ၊ ဒါ့အပြင် နင့်ရဲ့ အိမ်က ဝေးတယ်မဟုတ်ဘူးလား၊ ငါ့ရဲ့အိမ်က ဒီကျောင်းရှေ့တင်ပဲ၊ အရမ်းကြီးမဝေးဘူး”

ချုံခယ့်ခယ့်က ဆက်ပြောမနေတော့ချေ။

နင်မုန့်ကလည်း ရှီချီက အဖျားမရှိနိုင်ဟု တွေးခဲ့မိသည်။ သို့သော် အဆုံးတွင်မူ သူက တစ်နေ့လုံး ကျောင်းသို့ မလာခဲ့ချေ။

တနေ့လုံးလွတ်နေသော ခုံကို မြင်ရသောအခါ သူမက မသက်မသာ ဖြစ်လာသည်။ ပို၍အရေးကြီးသည်မှာ သူမ၏ အနွေးဓာတ်လက်က ပျောက်ဆုံးသွားသည်။ ထိုအရာက သူမကို မသက်မသာ ဖြစ်စေသည်။ နွေဦးရာသီရောက်နေသည့်တိုင်အောင် ဆောင်းတွင်းထက် အခြေအနေ ပိုကောင်းသွားသော်လည်း သူမက အနည်းငယ် အေးစက်မှုကို ခံစားနေရသေးသည်။

ညနက်ပိုင်းအတန်းချိန်က ပြီးဆုံးကြောင်း ခေါင်းလောင်းသံက ထွက်လာသောအခါ သူမက မနေနိုင်တော့ဘဲ သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ သူမ၏ မျက်နှာကို ခုံတွင် အပ်လိုက်တော့သည်။

ချုံခယ့်ခယ့်က လွယ်အိတ်ကို လွယ်လိုက်ပြီးသည့်အချိန်မှာတင် သူမ၏ သနားစရာ ပုံပန်းသွင်ပြင်လေးကို မြင်လိုက်ပြီး မနေနိုင်တော့ဘဲ အနားကပ်လာကာ မေးသည်။

“ဘာဖြစ်လို့လဲ၊ နင် အထီးကျန်နေတာလား၊ နင့်ရဲ့ အတန်းဖော်မရှိလို့ ဝမ်းနည်းနေတာလား”

နင်မုန့်က စိုက်ကြည့်သည်။

“ဘာပြောတာလဲ၊ နောက်ကျနေပြီ၊ နင် အိမ်ပြန်တာကောင်းမယ်”

နွေရာသီအချိန်ဇယားက ပြောင်းလဲသွားပြီဖြစ်ပြီး သူတို့၏ ညပိုင်းလေ့ကျင့်ခန်းလုပ်ချိန်က တိုးသည်ထက် တိုးလာသည်။ အားလုံးသုံးတန်းပေါင်းသွားသော် ၉နာရီ ၅၀မှ ပြီးသည်။ အချိန်ထပ်ဆွဲနေမည်ဆိုလျှင် ၁၀ နာရီ ထိုးသွားပေလိမ့်မည်။

ချုံခယ့်ခယ့်က ပြန်ဖြေသည်။

“ဒါဆိုရင်လည်း ငါ သွားတော့မယ်၊ နင် ဂရုစိုက်ပြီး အိမ်ကို စောစောပြန်ဦး”

အတန်းထဲမှ လူအများက ထွက်သွားကြပြီဖြစ်သည်။ နောက်ဆုံးတစ်ယောက်က ထွက်သွားပြီးသောအခါ နင်မုန့်က တစ်ခုံချင်းစီမှ အမှိုက်များကို စတင်လှည်းကျင်းသည်။ ကံကောင်းစွာဖြင့် လူအများစုက သပ်သပ်ရပ်ရပ်လုပ်ထားပေးခဲ့သည်။ ကိုယ့်အမှိုက်ကိုယ် အမှိုက်ပုံးထဲသို့ ပစ်ခဲ့ကြသည်။

တစ်တန်းလုံးကို စစ်ဆေးပြီးနောက်တွင် စက္ကူလုံးတစ်လုံး၊ နှစ်လုံးခန့်ကို ရှာတွေ့လိုက်သည်။ သူမက ကောက်ယူပြီးနောက် အမှိုက်ပုံးထဲသို့ ထည့်သည်။

နင်မုန့်က အမှိုက်အိတ်ကို ချည်နှောင်ကာ သန့်ရှင်းရေးလုပ်နေရင်း စနစ်နှင့် စကားပြောကာ အတန်းအပြင်ဘက်သို့ ထွက်လိုက်သည်။ ထို့နောက် အမှိုက်ကန်ကြီးထံသို့ ဦးတည်လိုက်သည်။

စာသင်ခန်းအများအပြား၏ အပြင်ဘက် မီးမှိတ်ထားကြပြီဖြစ်ပြီး အမှောင်ထုကသာ ကြီးစိုးနေသည်။

အမှိုက်ကန်ကြီးကလည်း sensor အလင်းသာ ဖွင့်ထားသော အိမ်သာ၏ ဘေးတွင် ဖြစ်သည်။ မည်သူကမှ မရှိနေကတည်းက ထိုထောင့်ချိုးနေရာတွင် မီးမဖွင့်ထားချေ။ ထို့ကြောင့် ဘေးဘက်မှ သစ်ပင်အရိပ်များက အုံ့ဆိုင်းနေလေရာ မှောင်မည်းနေလေတော့သည်။

နင်မုန့်က ထိုနေရာသို့ တစ်ချက်ကြည့်လိုက်ပြီး လမ်းလျှောက်သွားသည်။ စိတ်ထဲတွင်မူ တုန်လှုပ်ခြောက်ခြားနေပြီဖြစ်သည်။ သူမက အလျင်စလို သူမကိုင်လာသည့် အမှိုက်အိတ်ကို အမှိုက်ကန်ကြီးထဲသို့ ထည့်လိုက်သည်။ ထို့နောက် ခေါင်းကို မေ့ာလိုက်ပြီးနောက် တစ်ဖက်ခြမ်းတွင် ရပ်နေသော မိန်းကလေးကို တွေ့လိုက်ရသည်။

ထိုမိန်းကလေးက သူမကို မကြည့်နေချေ။ ခေါင်းကို ငုံ့လျက် ထိုနေရာတွင် ဒီတိုင်း မျက်နှာသေဖြင့် ရပ်နေသည်။ သူမ၏ ဆံပင်ရှည်ကြီးများက မျက်နှာတစ်ဝက်ကို ဖုံးနေပြီး မျက်နှာကို ခပ်ယေးယေးသာ မြင်ရသည်။

နင်မုန့်က အနားသို့ မကပ်သွားရဲဘဲ ဘေးဘက်ရှိ စာသင်ခန်းဘက်သို့သာ အလျင်စလို ‌သွားသည်။

ကံကောင်းစွာဖြင့် သူမ၏ အခန်းဘက်တွင် မီးများဖွင့်ထားသေးသလို လျှောက်လမ်းတွင်လည်း မီးများက ရှိသည်။ ထို့ကြောင့် သူမက စိတ်အေးသွားတော့လေသည်။

သူမက ခေါင်းမော့ကာ ထိုကောင်မလေးကို ပြန်လှည့်ကြည့်လိုက်သောအခါ ထိုကောင်မလေးက မရှိတော့ကြောင်း မြင်လိုက်ရသည်။ အမှိုက်ကန်ဝန်းကျင်က ပြောင်ရှင်းနေသည်။ ထိုနေရာက အလွန်မှောင်နေသောကြောင့် သူမက ကောင်မလေးကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရချေ။

နင်မုန့်က နှုတ်ခမ်းကို ကိုက်ပြီးနောက် စနစ်ကို ပြောသည်။

“အဲ့ဒီတစ်ယောက်က သရဲလား”

စနစ်က အချိန်အတန်ကြာမှသာ ပြန်ဖြေသည်။

“လူဖြစ်လောက်တယ်၊ ငါ အပေါ်က လူတွေကို သွားမေးလိုက်ဦးမယ်၊ ငါ ဒီကောင်မလေးကို တစ်ခါမှ မမြင်ဖူးဘူး”

နင်မုန့်က တိတ်ဆိတ်နေသေးသည်။

ထိုလူက လူဟုတ်မဟုတ် သူတို့ကသာ ဆက်လက်ပြီး ငြင်းခုံနေရသည့်အတွက် သူမ၏ ခံစားချက်က ပို၍ဆိုးရွားလာပြီး တုန်လှုပ်ချောက်ချားလာတော့သည်။

ထိုမိန်းကလေးက ထူးဆန်းသည်ဟု ခံစားမိသော်လည်း ထိုတစ်ယောက်က လူဖြစ်ပြီး အချို့သော ပြဿနာများရှိသောကြောင့်သာ အတန်းထဲသို့ ပြန်သွားသည်ဟု တွေးလိုက်သည်။

ပြတင်းပေါက်များကို ပိတ်လိုက်ပြီးနောက် သူမက မီးကိုလည်း မှိတ်လိုက်သည်။

မီးများအားလုံးပိတ်ပြီးသောအခါ လျှောက်လမ်းတစ်ခုလုံးက မည်းမှောင်သွားသည်။ နင်မုန့်က ဖုန်းမီးကို သုံးပြီး သူမ၏ ရှေ့ရှိမြင်ကွင်းကို လင်းသွားစေလိုက်သည်။ သူမက နောက်သို့ ပြန်လှည့်ကာ တံခါးကို သော့ပိတ်သောအခါ သူမ၏ အနောက်တွင် လူတစ်ယောက်ရှိသလိုမျိုး အရိပ်ကြီးက နံရံတွင် ပေါ်နေကြောင်း တွေ့လိုက်ရသည်။

သူမက လန့်လွန်းသဖြင့် ထခုန်ချင်သွားသည်။ သူမက တုန်ယင်စွာဖြင့် ခေါင်းကိုလှည့်လိုက်သည်။

ရှီချီပဲ။

သူက သူမ၏အနောက်တွင် ရပ်နေသည်။ သူက အလွန်အရပ်ရှည်သဖြင့် သူ၏ အရိပ်က သူမ၏ ကိုယ်ပေါ် မိုးကျနေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်က ပို၍တောက်ပသလို ဖြစ်သွားသည်။

သူ၏ နှုတ်ခမ်းပေါ်တွင် ရှည်သွယ်ကာ ဖြူဖွေးသော လက်ညှိုးတစ်ချောင်းရှိနေပြီး အဆစ်များကလည်း သိသိသာသာထင်ရှားက ပုံပန်းတကျရှိနေသည်။ အပြင်ပန်းသွင်ပြင်ကလည်း ချောမွေ့ကာ ကြည့်ကောင်းနေပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လူတစ်ယောက်က အကြည့်လွှဲရန် ခက်ခဲသွားပေလိမ့်မည်။

နင်မုန့်က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ခေါင်းကို မော့ကာ မေးလိုက်သည်။

“နင် ညလယ်ခေါင်ကြီး ဒီနေရာကို ဘာလာလုပ်နေတာလဲ၊ နင် ဖျားနေတာ အိမ်မှာ ကုသမှုခံယူနေသင့်တာ မဟုတ်ဘူးလား”

သူတို့နှစ်ယောက်ကြားရှိ အရပ်ကွာခြားချက်က အလွန်ကြီးသည်။ သူတို့က အတူရပ်လိုက်သောအခါ သူမက သူ၏ မေးစေ့နားထိသာ ရောက်သည်။ ထို့ကြောင့် သူ၏မျက်နှာကို ကြည့်ရန် ခေါင်းအလွန်မော့ရသည်။ ရှီချီက မထူးခြားနားသလို ပြန်ဖြေသည်။

“ငါ့ရဲ့စာအုပ်တွေ လာယူတာ”

သူ၏ အသံက အနည်းငယ် ဩရှနေပြီး သူက အအေးမိထားကြောင်းကို အတည်ပြုပေးသလို ဖြစ်သွားခဲ့သည်။

နင်မုန့်က တံခါးကို တွန်းဖွင့်လိုက်ပြီး မီးပြန်ဖွင့်လိုက်သည်။

“ငါ တံခါးကို သော့မခတ်ရသေးဘူး မြန်မြန်သွားယူလိုက်”

သူမက ဝင်ပေါက်တွင် စောင့်နေချိန်တွင် ရှီချီကမူ သူ၏ ထိုင်ခုံနေရာသို့ သွားပြီး စာအုပ်နှစ်အုပ်ကို သူ၏သွယ်လျ ရှည်လျားသော လက်များဖြင့် ဆွဲထုတ်လာသည်။

သူက ခန္ဓာကိုယ် ပြန်မမတ်နိုင်ခင်မှာတင် အခန်းထဲရှိ မီးများက ပိတ်သွားသည်။

ရှီချီ၏ မျက်လုံးအရှေ့ရှိ မြင်ကွင်းက မှောင်သွားသည်။ ရှီချီ၏ အကြည့်ကမူ ပြောင်းလဲသွားခြင်း မရှိဘဲ ထိုနေရာတွင် မတ်တပ်ပြန်ရပ်လိုက်ပြီး အမှောင်ထဲတွင် အရာအားလုံးကို ထင်ထင်ရှားရှား မြင်နိုင်သလိုမျိုးသာ ပြုမူသည်။ စက္ကန့်အနည်းငယ်ထဲနှင့် သူက အခန်း၏ အပေါက်ဝထံရောက်လာသည်။

နင်မုန့်၏ မျက်ဝန်းက အမှောင်နှင့် ကျင့်သားရအောင် လုပ်နေရသေးသည်။ သူမက ဘာကိုမှ မမြင်နိုင်ချေ။ တခဏခန့် မျက်တောင်တဖျပ်ဖျပ် ခတ်ပြီးမှသာ လက်ဆန့်ထုတ်လိုက်ပြီး နံရံကို စမ်းကြည့်ကာ ခလုတ်ကို ဖွင့်လိုက်သည်။ ခလုတ်ကို အကြိမ်အနည်းငယ် ဖွင့်လိုက်သော်လည်း မထူးခြားနားလာချေ။

“အာ ဘာလို့ ပွင့်မလာတာလဲ”

သူမ၏ လက်ပေါ် နွေးထွေးသော လက်က ရောက်လာသည်။ ရှီချီက အတန်ငယ် လေးလံသော လေသံမျိုးဖြင့် ပြောလိုက်သည်။

“လူတစ်ယောက် ရှိနေတယ်”

နင်မုန့်က မတုန့်ပြန်နိုင်ခင်မှာတင် ရှီချီက သူမကို အခန်းထဲသို့ အတင်းဆွဲခေါ်သွားပြီး ဖုန်းမီးကိုလည်း ပိတ်လိုက်သည်။

သူမက စကားစပြောတော့မည့်အချိန်တွင် အပြင်ဘက် လှေကားထံမှလာသော ခြေသံများကို ကြားလိုက်ရသည်။ ခြေသံများက ဖျော့တော့ရုံသာမက အလျင်စလိုလည်း နိုင်သည်။

ရှီချီက နင်မုန့်ကို အတွင်းသို့ ဆွဲလိုက်ပြီး စာသင်သော စင်မြင့်ငယ်လေး၏ အောက်ဘက်ထဲထိုးထည့်သည်။ ထို့နောက် သူကိုယ်တိုင်ကလည်း ဝင်လိုက်သည်။ အတွင်းရှိ နေရာက အလွန်ကျယ်ပြီး ထိုနှစ်ယောက် ကောင်းကောင်းမွန်မွန် ထိုင်နိုင်လောက်အောင် အဆင်ပြေလေသည်။

သူ၏ ခြေတံရှည်များက ကွေးထားပြီး နင်မုန့်က လျှို့ဝှက်စွာ ချောင်းကြည့်လိုက်ပြီးနောက် သူက အင်အားကြီးကတည်းက မည်သည့်အတွက်ကြောင့် ဤနေရာတွင် ပုန်းနေသင့်ကြောင်း နားမလည်တော့ချေ။

အပြင်ရှိ ခြေလှမ်းသံများက သူတို့၏ အခန်းအပေါက်ဝရှေ့တွင် ရပ်သွားသည်။

လှေကားများကို တတိယနှစ်၏ ပထမအထပ်နှင့် ဒုတိယအထပ်ကို ခွဲခြားထားပေးခြင်းဖြစ်ပြီး အဓိကဝင်ပေါက်ထံရောက်နိုင်သလို လှေကားမှတဆင့် အောက်သို့ ဆင်း၍လည်း ရသည်။ ထိုလူလား သရဲလားမသိသောအရာက ဒီနေရာသို့ လာနေခြင်း ဖြစ်ရပေမည်။

နင်မုန့်၏ နှလုံးခုန်သံက ရုတ်တရက် မြန်ဆန်လာသည်။ သူမက မေးခွန်းထုတ်ချင်လိုက်သော်လည်း ရန်သူကို ထိတ်လန့်အောင် လုပ်လိုက်မိသလို ဖြစ်သွားမည်ကို စိုးရိမ်သည်။

လျင်မြန်စွာဖြင့် ခြေလှမ်းသံများက အပေါက်ဝရှေ့တွင် ရပ်သွားပြီးနောက် ပြန်မြည်လာပြန်သည်။ ဒီတစ်ကြိမ်တွင် နှေးကွေးလွန်းပြီး သတိကြီးကြီးထားလွန်းကာ အတွင်းသို့ လျှောက်ဝင်လာပြီး အဆုံးထိလာသည်။

ထို့နောက် တစ်နေရာရှေ့တွင် ရပ်သွားသည်။

နင်မုန့်က နားကို စွင့်ထားပြီး ပါးစပ်ကို လက်ဖြင့် အုပ်ထားကာ ရှီချီ၏ အဝတ်ကိုလည်း လက်တစ်ဖက်ဖြင့် ခပ်တင်းတင်း ဆွဲထားသည်။

ရှီချီက သူမ၏ လက်ထဲမှ အင်္ကျီကို ဆွဲထုတ်လိုသော်လည်း မထုတ်ပြန်နိုင်ချေ။ သူက သူ၏ နှုတ်ခမ်းထောင့်စွန်းများကတောင် အနည်းငယ် ကော့တက်သွားလျက် သူမ၏ လက်ထဲသို့ သကြားလုံးတစ်လုံးကို ထည့်ပေးလိုက်သည်။ အချိန်ကသာ အဆင်ပြေလျှင် သူမ၏ ပါးစပ်ထဲသို့ သကြားလုံးကို ထည့်ပေးလိုက်ချင်သေးသည်။

နင်မုန့်က အနည်းငယ် ကြောင်သွားသည်။ သူ ဘာလုပ်ချင်မှန်းနားမလည်သဖြင့် စိတ်ရှုပ်သွားသည်။ သို့သော် သူမက သကြားလုံးကို အိတ်ကပ်ထဲသို့ ထည့်လိုက်သေးသည်။ ထို့နောက် အသံမထွက်အောင် သတိထားလိုက်သည်။

ဝင်လာတာ လူဖြစ်လောက်တယ်။ဒါပေမယ့် ဒီလိုအချိန်ကြီးမှာ လာပြီး မီးကလည်း ရုတ်တရက် ပျက်သွားတယ်ဆိုကတည်းက ပုံမှန်မဟုတ်တော့ဘူး။

သူမက ခေါင်းလှည့်ကြည့်လိုက်သောအခါ စင်မြင့်အောက်ဘက်ခြမ်းတွင် အဟကြားလေးတစ်နေရာ ရှိကြောင်း တွေ့လိုက်ရသည်။

ထိုသို့ဖြင့် ကောင်လေးနှစ်ယောက်က ကိစ္စတစ်ခုကြောင့် ရန်ဖြစ်ကာ လုံးထွေးသတ်ပုတ်ကြရင်း ဒီစင်မြင့်ကို ပျက်စီးစေမိသွားသဖြင့် ပြင်ရန် တင်ပြထားသော်လည်း မပြင်ရသေးကြောင်း သတိရသွားသည်။

သူမက ရှီချီကို တံတောင်ဖြင့် တို့လိုက်လျက် တိတ်တဆိတ် အနားသို့ ကပ်သွားလိုက်ပြီး သူ၏ နားအနားသို့ ခပ်တိုးတိုး ပြောလိုက်သည်။

“နင် ဒီနေရာကနေ ကြည့်ရင် မြင်ရလိမ့်မယ်”

ရှီချီ၏ နားက ယားယံသွားသည်။ သူက နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်လိုက်မိသည်။

သူက မျက်နှာသေဖြင့် ရှိနေသေးကြောင်း မြင်သောအခါ နင်မုန့်က သူ့ကို ဂရုမစိုက်တော့ဘဲ အဟကြားနားသို့ သွားကပ်ကြည့်လိုက်သည်။

သူတို့နှင့် မျက်နှာချင်းဆိုင်တွင် အခန်းတစ်ခန်း ရှိနေပြီး မီးမဖွင့်ထားသဖြင့် အပြင်ဘက်ပြတင်းပေါက်မှတဆင့် ဖျော့တော့သော အလင်းရောင်က အခန်းထဲသို့ ဝင်ရောက်လာကာ ဝေဝါးသော ပုံရိပ်ကို ရှင်းရှင်းလင်းလင်း ပေါ်လာစေသည်။

သို့ရာတွင် အတန်းက အလွန်မှောင်မည်းနေလေသောကြောင့် ဖြစ်လောက်သည်။ ထိုလူက အလွန်ဂရုတစိုက်နိုင်ပြီး ခြေတစ်လှမ်းချင်းစီတိုင်း ဖြည်းဖြည်းချင်း လျှောက်သွားသည်။ သို့သော် သူ၏ ဆံပင်ရှည်များကနောက်တွင် လွင့်နေသည်။

သူမက အမှိုက်ပစ်တုန်းက တွေ့တဲ့ ကောင်မလေးပဲ။

နင်မုန့်က ကြောင်သွားသည်။ သူမက သူမ ရပ်နေသော နေရာကို အာရုံမစိုက်နိုင်ဘဲ ထိုကောင်မလေးက အတန်းထဲက ပြေးထွက်သွားသည်။ သူမ ခြေလှမ်းသံများက ဝေးကွာသွားသည်။

မိနစ်အနည်းငယ်ကြာပြီးမှ ရှီချီက ခြေထောက်ကို ပြန်ဆွဲထုတ်လိုက်ပြီး စင်မြင့်ထဲမှ ထွက်လိုက်သည်။ ထို့နောက် ထိုနေရာတွင် ပြန်ရပ်နေလိုက်သည်။

နင်မုန့်က အောက်ခြေတွင် ရှိနေသေးသည်။ သူမက လေသံတိုးတိုးဖြင့် မေးသည်။

“ငါ အခု ထွက်လို့ရပြီလား”

ရှီချီက စသလိုပြောသည်။

“သဘောပဲ”

နင်မုန့်က သူနောက်မှန်း ချက်ချင်းသိသွားသဖြင့် အပြင်သို့ ထွက်လိုက်ကာ သူ၏ ခြေ‌ထောက်နား လက်ဖြင့် ပုတ်လိုက်သည်။ ရှီချီက သူမကို ဆွဲထူပေးသည်။

သူမက ဝင်ပေါက်ထံသို့ ကြည့်လိုက်ပြီးသောအခါ မည်သည့်ပုံရိပ်ကိုမှ မမြင်ရတော့ချေ။

အမှိုက်ကန်မှ အချိန်ကို ပြန်တွေးလိုက်မိသည်။ ထိုအချိန်ကလည်း ထိုမိန်းကလေး၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသလို သူမ၏ အဝတ်အစားအရောင်ကိုလည်း အမှောင်ထဲတွင် ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ချေ။

ရှီချီက ရုတ်တရက် ဖုန်းကို ဖွင့်လိုက်ပြီးနောက် ကျောင်းအနောက်ဘက်ပိုင်းမှ စားပွဲတစ်ခုထံ လျှောက်သွားသည်။

သူက ဒီနေရာတွင် ရှိနေသောအခါ သူမ၏ သတ္တိကလည်း ကြီးသည်ထက်ကြီးလာပြီးနောက် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

“အဲ့ဒါ ဘယ်သူလဲ၊ ဘာလို့ ဒီလိုအချိန်ကြီးမှာ ငါတို့ရဲ့အတန်းကို လာတာလဲ၊ တစ်ခုခု အရှက်ရစရာကိစ္စများလုပ်ချင်လို့လား”

သူမက သူခိုးတစ်ယောက်လို ပြုမူသွားခြင်း ဖြစ်သည်။ တစ်ခုခုများ ခိုးသွားတာလား။

အဲ့ဒါနဲ့လည်း မတူပါဘူး။ ဒီလို ညအချိန်ကြီးမှာ သူခိုးခိုးချင်ရင် ပြတင်းပေါက်တွေကနေ ဖြတ်ဝင်လာသင့်တာပဲ။ ဘာလို့ လူရှိနေသေးတဲ့အချိန်မှာ လာခိုးရမှာလဲ။

ရှီချီကမူ မတုန့်ပြန်လာသဖြင့် နင်မုန့်က သူ့ကို တိတ်တဆိတ် ဆက်ပြောလာသည်။

“ငါ ဒီည ဂျူတီကျလို့ အမှိုက်သွားပစ်တုန်းက အဲ့ဒီနားမှာ ကြောက်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ ရပ်နေတာကို တွေ့လိုက်ရတယ်”

သူတို့က လူတစ်ယောက်တည်း ဖြစ်လောက်သည်။ သို့သော် သူမ၏ မျက်နှာကို မမြင်ရပြန်ချေ။

ရှီချီက နောက်ပြန်လှည့်ပြီး ကြည့်လာကာ တည်ငြိမ်စွာပြောသည်။

“ခြေရာက ဒီနေရာမှာ ရပ်သွားတာ”

နင်မုန့်က ခြေဖျားထောက်လိုက်ပြီးနောက် အံ့အားတကြီးပြောသည်။

“ခယ်ခယ်ပဲ”

ဘာလို့ ဒီကောင်မလေးက ညလယ်ခေါင်မှ အတန်းထဲကို လာပြီး ချုံခယ့်ခယ့်ရဲ့ စားပွဲရှေ့မှာ ရပ်သွားတာလဲ။

တကယ်ပဲ ဘာလုပ်ချင်နေတာလဲ။

ငါ ငါ့ရဲ့အဝတ်ကိုတောင် ပြန်မဆွဲထုတ်နိုင်ဘူး။

ဒီသကြားလုံးရဲ့ အင်အားက အံ့ဩစရာပဲ။

ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset