RENH အပိုင်း ၄၅

အပိုင်း(၄၅) သူမရဲ့မျက်နှာပေါ်ကမျက်နှာဖုံး။

အထက်တန်းကျောင်း ဒုတိယနှစ်နှင့် တတိယနှစ်တွင် လူအများက အတန်းပြီးသည်နှင့် ကျောင်းအပြင်သို့သာ တိုက်ရိုက်ထွက်ကာ မုန့်ဝယ်လေ့ရှိသည်။

“လျိုရွှမ်း နင် မနေ့က စီနီယာအစ်မတွေကို ရန်စမိခဲ့သေးလား”

သူမ၏ တစ်တန်းထဲထိုင်သည့် အတန်းဖော်က ရုတ်တရက်ထမေးလိုက်သည်။

လျိုရွှမ်းက ကြောင်သွားပြီးနောက် ပြန်ဖြေသည်။

“မစပါဘူး။ ငါတတိယနှစ်က ဘယ်သူနဲ့မှမသိဘူး”

ဂျူရီယာနှစ်နှင့် ဒုတိယနှစ်က လျှောက်လမ်းများနှင့် သာမန်အသုံးပြုသောနေရာများကို ဝေမျှ၍ အသုံးပြုသော်လည်း သူတို့ကြားတွင် မည်သည့်ဆက်နွယ်မှုမှ မရှိချေ။ သူတို့က ကိုယ့်အဆောက်ဦးသို့သာ တိုက်ရိုက်သွားလေ့ရှိကြလေသည်။

သူမ၏အတူထိုင်ဖော်ကျောင်းသူက ပဟေဠိဖြစ်သလိုပြောလာသည်။

“ဒါဆို ဘာလို့ မနေ့ကနဲ့ဒီနေ့မှာ လူတစ်ယောက်ကလာပြီး နင့်ရဲ့အကြောင်းကို စုံစမ်းတာလဲ ပြောရရင် နင်မနေ့မှ ဘာဖြစ်ခဲ့တာလဲ နင်ငါ့ကိုတောင် မပြောပြဘူး။ ဆရာမကတောင် နင်ဘာဖြစ်နေတာလဲလို့ ငါ့ကိုလာမေးသေးတယ်”

လျိုရွှမ်း က ခါးသီးသောမျက်နှာထားဖြင့် တောင်းပန်သည်။

“ငါတောင်းပန်ပါတယ်”

သူမအတန်းဖော်က ဒေါသအနည်းငယ်ထွက်သွားသည်။ သူမကတောင်းပန်မှုကို လိုချင်ခြင်းမဟုတ်ချေ။

“ငါတို့အတူထိုင်နေတာ ဘယ်လောက်ကြာပြီလဲ နင်ငါ့ဆီက ဖုံးကွယ်ထားနေသေးတာလား ငါနင်တောင်းပန်တာကို မကြားချင်ဘူး။”

သူမက ဘာမှလုပ်စရာမရှိလျှင် မှန်သာကြည့်နေတတ်သည်။ ထို့ကြောင့် ကျောင်းသို့ လက်တဝါးစာရှိသော မှန်အဝိုင်းကို ယူဆောင်လာလေ့ရှိသည်။ သူမ မနေ့ညက စာလေ့လာနေချိန်က လျိုရွှမ်း က ဘာဖြစ်သည်မသိ ရုတ်တရက်မှန်မှ သူမ၏ပုံရိပ်ကိုကြည့်ပြီး ထအော်လေသည်။ ထိုသို့ဖြင့် မှန်ကအသိမ်းခံရပြီး ပြန်လည်သုံးသပ်မှု စာစီစာကုံးကို‌ ရေးရတော့မည်ဖြစ်သည်။

ဒါကပြဿနာမရှိသေးချေ။ အဓိကပြဿနာက လျှိုရွှမ်း က ထိုအချိန်က ဖြစ်နေသောမျက်နှာထားက သူမကိုအံ့ဩစေခြင်းဖြစ်သည်။ ဒါကပုံမှန်မဟုတ်ချေ။ သူမက သရဲတစ်ကောင်ကို မြင်ရသလိုမျိုး ဖြစ်နေခြင်းဖြစ်သည်။

တကယ်ပဲ ဒီလောက်ထိကြောက်သွားရလောက်အောင် မှန်ထဲမှာ ဘာကိုမြင်လိုက်ရလို့လဲ

မှန်ထဲကလူက ကိုယ့်ရုပ်ကိုပြန်မြင်ရတာပဲ။ ဘာကိုကြောက်စရာကောင်းနေမှာလဲ

လျိုရွှမ်း က မဖြေချေ။ ခေါင်းကိုသာငုံ့ထားသည်။

သူမရဲ့အတန်းဖော်ကသာ သူမ၏ထိုသို့ အ နေသလိုမျိုး ဟန်ဆောင်နေကြောင်းကို မြင်သောအခါ နှလုံးသားထဲမှမီးတောက်က ပို၍ကြီးမားလာပြီး ခေါင်းကိုလှည့်ကာ သူမကို ဆက်စကားမပြောတော့ချေ။ သူမက အလွန်ဒေါသထွက်သွားသည်။

လျိုရွှမ်း ကလည်း လှုပ်ရှားမှုကိုကြားသောအခါ သူမ၏နှလုံးသားက စိတ်အေးသွားသလို ခံစားလိုက်ရသည်။ သူမကလည်း ပြောပြချင်သည်။ သို့သော် သူမကသာ ထိုထူးခြားပြီး ကွဲပြားသောအရာကို မြင်နေရသူဖြစ်သည်။

ငါကပြောပြရင်တောင် ငါ့ကိုယုံကြည်ကြမှာလား သေချာပေါက် သံသယဝင်ကြမှာပဲ။

လွန်ခဲ့သောနှစ်ရက်အတွင်း သူမက ဘုရားကျောင်းများစွာသို့ သွားရောက်ကာ ဆုတောင်းဝတ်ပြုခဲ့သည်။ သို့သော် မည်သည့်အသုံးဝင်မှုက မရှိလာခဲ့ချေ။ သူမကို အပြင်ထွက်ဆော့ကစားရန် ဖိတ်ခေါ်ခဲ့သော ထိုသူငယ်ချင်းများကိုပင် ကျိန်ဆဲမိသွားသည်။

ယခု သူမက ဒီလိုဆိုးရွားသော အခြေအနေမျိုးတွင် ပိတ်မိနေသော်လည်း အခြားသူများက မမြင်နိုင်သလို သက်ရောက်ခံရခြင်းလည်း မရှိနေခဲ့ချေ။

သူမ၏မှန်ထဲမှ မျက်နှာအကြောင်း တွေးမိသော် သူမ၏အတွေးများက အေးစက်သွားသလို ခံစားလိုက်ရသည်။

မတော်တဆမှုဖြစ်ပြီး လဝက်ခန့်ကြာပြီးနောက် နင်မုန့် က လျိုရွှမ်း ကို ထပ်တွေ့ရသည်။

သူမဘက်မှကြည့်လျှင် သူမ၏မျက်နှာရှိ အမဲစက်များပြည့်နေသောကြောင့် ဖြစ်နေသည်။ ထိုအနက်ရောင်လေထုက သိပ်သည်းလွန်းပြီး မျက်နှာရုပ်သွင် အားလုံးကို ဖုံးကွယ်လုမတတ် ဖြစ်နေသည်။ သူမ၏မျက်နှာကိုပင် ထင်ထင်ရှားရှား မမြင်နိုင်တော့ချေ။

ချုံခယ့်ခယ့် က မျက်မှောင်ကျုံ့သည်။

“ဘာလို့ ဒီကောင်မလေးက အသက်မဲ့သလိုဖြစ်နေတာလဲ သူမကြည့်ရတာ အရမ်းကြောက်နေသလိုပဲ။ ငါ့ရဲ့မသိစိတ်အရ သူမရဲ့အနားကိုမကပ်နဲ့လို့ ပြောနေသလိုပဲ”

ထိုမသိစိတ်အရ သူမထိုမိန်းကလေး၏အနားသို့ မကပ်ခြင်းက အကောင်းဆုံးဖြစ်နိုင်သည်။

နင်မုန့်က ထိုစကားကြောင့် ဆွံ့အသွားသည်။ သူမ အချိန်အတော်တန်ကြာသည်အထိ ဘာစကားမှ မပြောနိုင်တော့ချေ။

ထိုကောင်မလေးက လက်ဆေးပြီးနောက် မှန်ကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။ ယခင်တစ်ခေါက်ကကဲ့သို့ မအော်တော့ချေ။ သူမက ကျင့်သားရနေသလိုမျိုး ဒီတစ်ကြိမ်တွင် ဘာကိုမှမမြင်တော့သလိုမျိုး ဖြစ်သွားသည်။

သို့ရာတွင် သူမကနောက်ပြန်လှည့်ပြီး သူတို့နှစ်ယောက်ကိုမြင်သောအခါ ကြောင်သွားသည်။

နင်မုန့်က မနေနိုင်ဘဲ ရှေ့တက်ကာ အသံတိုးတိုးဖြင့်မေးလိုက်သည်။

“အတန်းဖော် နင်နောက်ဆုံးတစ်ကြိမ် ငါတို့ကိုတွေ့တုန်းက နင့်ရဲ့မျက်နှာက….”

လျိုရွှမ်းက စကားကိုဖြတ်ပြောသည်။

“နင်မြင်နိုင်တာလား နင်တစ်ခုခု မမြင်နိုင်ဘူးဆိုရင် ကိုယ့်ကိစ္စကိုပဲ ဂရုစိုက်။ နင်မြင်နိုင်တော့မှ ငါ့ကိုလာပြော”

ထိုသို့ပြောပြီးနောက် သူမက နောက်လှည့်ကာ ထွက်သွားသည်။

ချုံခယ့်ခယ့် က သူမကို လှမ်းဆွဲပြီး အံ့အားတကြီးမေးလိုက်သည်။

“သောက်ကျိုးနဲ ငါတို့က ကြင်ကြင်နာနာနဲ့ မေးမြန်းတာကို ငါတို့ကိုဒီလိုဆက်ဆံစရာလား နင်နင် ဒီကောင်မလေးကို မေ့လိုက်တော့။ ဒီအတိုင်း အဲ့ဒီကောင်မလေးက အဆင့်လည်းမကောင်းသလို မိသားစုမှာလည်း ပြဿနာတွေရှိနေတာ”

သူမက ထိုသို့သောလူမျိုးတွေနှင့် ယခင်ကလည်း ဆုံဖူးသည်။ သို့သော် ထိုမျှအထိ ကြီးကျယ်သော အမူအရာမျိုးကိုမူ မကြုံဖူးသေးချေ။

နောက်ဆုံးတစ်ကြိမ် သူမက လျိုရွှမ်းကို မြင်ခဲ့ချိန်က သူမကယဉ်ကျေးကာ အပြုအမူကောင်းသေးသည်။ သို့သော် လဝက်ခန့်သာ ကြာသေးသော်လည်း အမူအရာက အလွန်အမင်းဆိုးရွားနေပြီး စရိုက်ကပင်ပြောင်းသွားသည်။

နင်မုန့်က မနေနိုင်ဘဲ စနစ်ကို ရုတ်တရက်မေးလိုက်သည်။

“ဒီကောင်မလေးက အဆုံးသတ်တော့မယ်”

ချုံခယ့်ခယ့် က သူမကိုဆွဲသည်။

“သွားစို့”

သူမကို ချုံခယ့်ခယ့်က ဆွဲခေါ်သွားခြင်းနောက် လိုက်သွားလိုက်ပြီးနောက် စနစ်ကိုလည်း မေးလိုက်သည်။

“ဘာကို အဆုံးသတ်မှာလဲ ဘာလို့ မျက်နှာကိုဝိုင်းထားတဲ့ အဲ့ဒီအနက်ရောင်လေထုက ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကျက်သွားတာလဲ”

စနစ်ကရှင်းပြသည်။

“အဲ့ကောင်မလေးက မထိခဲ့သင့်တဲ့ အရာတစ်ခုခုကို ထိခဲ့မိလို့ဖြစ်လိမ့်မယ်။ ဒါကြောင့် တန်ကြေးပေးရတာပဲ။ မင်းက သူမဘာကို ထိခဲ့သလဲဆိုတာကို မေးကြည့်သင့်တယ်”

သူတို့၏လက်ရှိနောက်ခံနှင့် သေချာပေါက် ဘာကိုမှမေး၍ရမည် မဟုတ်ချေ။

အတန်းသို့ပြန်ပြီးနောက် နင်မုန့် က ထိုအကြောင်းကို ဆက်တွေးမိနေသေးသည်။ သူမ၏ဘေးနားမှ ရှီချီ က သူမ၏စက္ကူရုပ်လေးကို စာအုပ်အဖုံးအဖြစ်သုံးပြီး သူမကိုတို့နေသည်။ နင်မုန့် က လျင်မြန်စွာဖြင့် ရှောင်လုရီ လေးကိုကယ်ပြီး သူ့ကိုစကြည့်လိုက်သည်။ သို့သော် သူမက မမျှော်လင့်ထားသည်မှာ ရှီချီက မျက်မှောင်ကျုံ့ပြီး အသံတိုးတိုးဖြင့် မေးလာသည်။

“မင်း မသန့်ရှင်းတဲ့ အရာတစ်ခုခုနဲ့ တွေ့ခဲ့မိသေးလား”

နင်မုန့် က ခေါင်းခါသည်။

“မတွေ့ပါဘူး”

သူမက ယခုတလော အလွန်ခပ်အေးအေး ဖြစ်နေခဲ့သည်။ သရဲတစ်ကောင်နှင့်မျှ မတွေ့ချေ။ ဒါက ကောင်းမွန်သောဘဝကို ပိုင်ဆိုင်နေသည်ဟု ဆို၍ရသည်။ ကြောက်လန့်စရာအကြောင်းလည်း မရှိချေ။

ရှီချီ ၏ နှာခေါင်းထိပ်ဖျားက အနားသို့ကပ်လာပြီး တရှုံ့ရှုံ့လုပ်သွားကာ အမူအရာက မသက်မသာဖြစ်သွားသည်။ ထိုအခြေအနေကို မြင်သောအခါ နင်မုန့် က လေသံတိုးတိုးဖြင့်မေးသည်။

“နင်မြင်လို့လား နင်တစ်ခုခုကို အနံ့ရလို့လား”

ငါ့ရဲ့နားမှာ သရဲရှိနေတာလား စနစ်ကတောင် မမြင်နိုင်ဘူးလား

ရှီချီ က ထူးမခြားနားသလို ပြောလိုက်သည်။

“ငါ သေဆုံးခြင်းအနံ့ရတယ်”

နင်မုန့် က နေရာတွင်ပင် အေးခဲသွားသည်။

သူမက ထိုသေဆုံးခြင်းအနံ့က ဘာဖြစ်ကြောင်း သိသည်။ သဘာဝအလျောက်ပင် သေခါနီးလူများ၊ သေပြီးသော လူများထံမှသာ ရနိုင်သည်။ ထိုသေဆုံးခြင်းရနံ့က သေရမည့်အချိန် နီးကပ်လာသည့်အခါ ပို၍ပြင်းထန်လာလေ့ရှိပြီး ပုပ်သိုးဆွေးမြည့်နေသော အနံ့မျိုးဖြစ်သည်။

ငါ့ပေါ်မှာ ရနေတယ်။ နင်မုန့်က အထိတ်တလန့်စနစ်ကိုမေးသည်။

“ဒီခန္ဓာကိုယ်က သေပြီးတာကြာလို့များ အခုက နွေရာသီရောက်တော့ အနံ့ဆိုးတွေ ထွက်လာတာလား”

စနစ်ကပြောသည်။

“မင်းအတွေးများနေပြီ။ ဒါက စနစ်က သေချာရွေးချယ်ပေးထားတာပဲ။ ဒီလိုကိစ္စမျိုး ဘယ်လိုဖြစ်နိုင်မှာလဲ မင်းက လျိုရွှမ်းရဲ့ အနားကို အတင်းကပ်မိသွားလို့ အနံ့အသက်စွဲလာတာ ဖြစ်လောက်တယ်”

နင်မုန့် က ထိုစကားကြားမှသာ စိတ်အေးသွားရသည်။

သူမက ရှီချီကို လျိုရွှမ်းရဲ့အကြောင်း ပြောပြလိုက်ပြီးနောက်တွင် သူမ၏မျက်နှာပေါ်ရှိ မကောင်းသော လေထုအခြေအနေအကြောင်းကိုလည်း ပြောပြလိုက်သည်။ သူမက အချိန်မီတွေ့သွားမည့် ပုံစံရကြောင်း ခံစားရလေသည်။

ရှီချီ က စားပွဲကို တဒေါက်ဒေါက်ခေါက်ပြီး နားထောင်နေသည်။

“အဲ့ဒီကောင်မလေးအနားကို မကပ်နဲ့”

နင်မုန့် က နာခံစွာဖြင့်ပြန်ဖြေသည်။

“အင်း”

ငါ့ရဲ့အကြီးဆုံးမြေးကို ဘယ်သူက ဒီလောက်ထိ အင်အားကြီးအောင် လုပ်ထားလို့လဲ။ ငါသူ့ရဲ့စကားကို နားထောင်ဖို့ပဲလိုတယ်။ သူ့ရဲ့ခြေသလုံးကို ဖက်ထားနိုင်သမျှ ကာလပတ်လုံး အန္တရာယ်ကင်းမည်။

ဘယ်သူကမှ မထင်ထားသည်မှာ လျိုရွှမ်း၏ မတော်တဆဖြစ်ရပ်က သူတို့၏အာရုံကို တစ်ကြိမ်ပြီးတစ်ကြိမ် ဆွဲဆောင်နေခဲ့ပြီး ထိုညနေ ပြန်လှန်လေ့ကျင့်ခန်းလုပ်သော အတန်းပြီးနောက်တွင်လည်း တဖန်စလာပြန်သည်။

ယခုတလော ချုံခယ့်ခယ့် က လျိုရွှမ်း ၏ အကြောင်းများကိုသာ နေ့စဉ်ရက်ဆက် စုံစမ်းနေသဖြင့် နင်မုန့် ကို သူမနှင့်တောက်လျှောက် တရွတ်တိုက်ဆွဲမခေါ်သွားနိုင်တော့ချေ။ ထို့အပြင် ရှီချီ ကလည်း တစ်တန်းပြီးတစ်တန်း အတန်းချိန်တွင် အချိန်ပြည့်ရှိနေလေရာ ချုံခယ့်ခယ့် အနေဖြင့် နင်မုန့် ကို ပေါ်တင်မဆွဲခေါ်သွားရဲချေ။

အထက်တန်းအစမှ အထက်တန်းတတိယနှစ်အထိ ချုံခယ့်ခယ့် က ဆရာများထက် ရှီချီကို အကြောက်ဆုံးဖြစ်သည်။

သူက သူမ၏ရှေ့တွင် ဘာမှမလုပ်ခဲ့ဖူးသော်လည်း၊ ဆိုးရွားသောအပြုအမူမျိုး မရှိခဲ့ဖူးသော်လည်း သူမ၏နှလုံးသားထဲမှပင် အလိုလိုကြောက်နေသည်။

သူမ၏မသိစိတ်ကလည်း သူ့ကိုရန်မစရန်ပြောနေသည်။

ချုံခယ့်ခယ့် ၏ မသိစိတ်က အမြဲတိကျသည်။ သူမငယ်စဉ်ကတည်းက တစ်ကြိမ်သော်မျှ အမှားမဖြစ်စေခဲ့ဘူးချေ။ သူမကိုပင် ကားတိုက်မှုမှ ကယ်တင်ခဲ့ပေးသည်။ ထို့ကြောင့် သူမက ထိုမသိစိတ်ကို အလွန်ယုံသည်။ သူမက နင်နင်ကို နှောက်ယှက်သည့်အချိန်တိုင်း သူမ၏နှလုံးသားပေါ်တွင် ခပ်ရေးရေး မကောင်းသောခံစားချက်ကိုရသည်။ သူမကသာ ဂရုမစိုက်လျှင် သတိမထားမိလောက်အောင် နည်းပါးသည်။

ထိုသို့ဖြစ်ခဲ့ဖူးသော်လည်း နောက်ဆုံးတစ်ကြိမ်တွင် သရဲပုံပြင်အကြောင်းပြောသောအချိန်က ထိုခံစားချက်က ပို၍ပီပြင်လာခဲ့ပြီး ပြင်းထန်လာခဲ့သည်။

ထို့ကြောင့် သူမက ရေချိုးခန်းအတူသွားမည်ဟု ဖုံးကွယ်ကာခေါ်သွားမှသာ ခံစားချက်ပိုကောင်းသည်။

နောက်ဆုံးပြန်လှန်လေ့ကျင့်ခန်းလုပ်သည့် အချိန်ဖြစ်သဖြင့် အဆောင်ထဲရှိလူတိုင်းနီးပါးက ပြန်သွားကြပြီဖြစ်သည်။

ချုံခယ့်ခယ့် နှင့် နင်မုန့် တို့က ပစ္စည်းများကိုသိမ်းရင်းဖြင့် နောက်ကျသွားခဲ့သည်။ သူတို့က စာသင်ခန်းထဲမှ ထွက်လိုက်သည့်အချိန်တွင် လျှောက်လမ်းပေါ်မှလာသော ငြင်းခုံသံများကို ကြားလိုက်ရသည်။ ထိုအသံထဲမှတစ်သံက လျိုရွှမ်း ၏ အသံမှန်း သူတို့က သိလိုက်ရသည်။

မျက်နှာချင်းဆိုင်မှကောင်မလေးက အလွန်ဒေါသထွက်နေသည်။

“နင်ငါ့ကို ဘာမှမပြောပြဘူး။ နင်ငါ့ကို စိုးရိမ်အောင်လုပ်တယ်။ နင်ငါ့ကို သောက်ကျိုးနဲစိတ်အေးအောင် မလုပ်နိုင်ဘူးလား လျိုရွှမ်း နင့်ရဲ့ဦးနှောက်မှာ အပေါက်ရှိနေလား”

လျိုရွှမ်း က ခေါင်းကိုငုံ့ထားပြီး ခေါင်းကိုထပ်ခါပြသည်။

တစ်ဖက်ကကောင်မလေးက အချိန်အတန်ကြာပြောနေသော်လည်း နောက်ဆုံးတွင်မူ အသံကနူးညံ့သွားပြီး မေးလိုက်သည်။

“နင်ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကိုမပြောပြနိုင်ဘူးလား ငါတို့လေးနှစ်တောင်အတူရှိခဲ့ကြတာလေ”

ဂျူနီယာအထက်တန်းတွင် သုံးနှစ်ဖြစ်ပြီး စီနီယာတန်းတွင် တစ်နှစ်ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက် မည်သည့်အသံမှ ထွက်မလာသည့်အခါ ကောင်မလေးက ဆက်မေးသည်။

“နင်ဒါကိုတောင် ပြောဖို့တွန့်ဆုတ်နေတုန်းပဲလား ဒါဆိုရင် ငါတို့ရဲ့ဆက်ဆံရေးကို ဒီနေရာပဲဖြတ်တောက်ရအောင်။ အခုကစပြီး ငါတို့ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးသလိုမျိုးပဲ ဆက်ဆံကြရအောင်။ နင်ငါ့ကို ထပ်ပြီးလည်းဖုံးကွယ်ထားစရာ မလိုတော့ဘူးပေါ့”

လျှောက်လမ်းတွင် မီးထွန်းထားသည်။ သို့သော် သူတို့၏အသံကမူ တိုးသထက်တိုးသွားလေသည်။

ချုံခယ့်ခယ့် က နင်မုန့် ကိုဆွဲသည်။

“ချောင်းနားထောင်တာ မကောင်းဘူးဆိုပေမဲ့လည်း အဲ့ဒီကောင်မလေးဘာဖြစ်သွားလဲ ငါတကယ်သိချင်တယ်။ သူမရဲ့အသားအရည်က တော်တော်လေးကိုဆိုးနေတာ။ နောက်ပြီး တစ်ဖက်ကကောင်မလေးက လျိုရွှမ်း ရဲ့ အတူထိုင်တဲ့ ထိုင်ခုံဖော်လေ”

နင်မုန့်က လွန်ဆွဲနေသော ခံစားချက်မျိုး ရနေပြီးနောက် သူမ၏တောက်ပသောမျက်ဝန်းများဖြင့် ခပ်တိုးတိုးပြောလိုက်သည်။

“ငါတို့… သွားနားထောင်ကြမလား”

ချုံခယ့်ကလည်း ခေါင်းညိမ့်သည်။

“ကောင်းပြီ။ ခဏလောက်ပါပဲ”

အဆောင်ထဲရှိ အတန်းအများစုက ပြီးသွားသဖြင့် မီးများမှိတ်သွားကြပြီဖြစ်ပြီး လျှောက်လမ်းမှမီးရောင်ဖျော့ဖျော့ကသာ ကျန်ရစ်တော့ကာ သူတို့၏တည်ရှိမှုကို ဖုံးကွယ်ပေးထားနိုင်သည်။

လျိုရွှမ်း ၏ အသံကထွက်လာသည်။

“ငါပြောရင် နင်ယုံမှာလား”

သူမ၏အတန်းဖော်က အေးစက်သောမျက်နှာထားဖြင့် ပြန်မေးသည်။

“နင်ငါ့ကိုမပြောသေးဘဲ ငါယုံမယုံနင်ဘယ်လိုလုပ်သိမှာလဲ”

သို့ရာတွင် ထိုမှတခဏတွင် လျိုရွှမ်း ၏ စကားကြောင့် သူမက‌ကြောင်သွားပြီး အချိန်အတန်ကြာသည်အထိ မတုံ့ပြန်နိုင်တော့ချေ။ သူမက မယုံကြည်နိုင်သလိုဖြစ်သွားသည်။

လျိုရွှမ်း က ပြောသည်။

“ငါငါ့ရဲ့မျက်နှာပေါ်မှာ သရဲမျက်နှာဖုံးကို မြင်ရတယ်။ ဒါက ငါရဲ့မျက်နှာတစ်ခုလုံးကို ကာနေပြီး ဖယ်ရှားလို့လည်း မရဘူး။ အဲ့ဒါတင်မကပဲ မျက်နှာဖုံးပေါ်က သင်္ကေတတွေက အသက်ဝင်လာသလို တဖြည်းဖြည်း ပြောင်းနိုင်နေတယ်”

ချောင်းနားထောင်သောနှစ်ယောက်လုံးက ဆံပင်မွှေးထောင်သွားကြသည်။

ဒါက လျိုရွှမ်း အဲ့ဒီ့နေ့က သူတို့ကိုမေးခဲ့တော့ သူမမျှော်လင့်ထားတဲ့အဖြေလား

လျိုရွှမ်း က ဆက်ပြောပြသည်။

“ငါလွန်ခဲ့တဲ့တစ်လက စမြင်ရတာ။ အဲ့ဒီ့အချိန် ငါထင်ယောင်ထင်မှား ဖြစ်တယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့လဝက်လောက်ကအထိ ငါမှန်ကိုကြည့်တိုင်း အချိန်တိုင်းမြင်နေရတယ်။ ငါ ငါ့ရဲ့မျက်နှာကိုတောင် မမြင်နိုင်တော့ဘူး”

သူမ၏နောက်ဆုံးစကားက အသံတိုးသွားပြီး အော်သံကပါလာသည်။

နင်မုန့် ၏ ကျောများက စိမ့်တက်သွားသလို ခံစားလိုက်ရသည်။ သူမက မှန်တွင်သူမ၏ကိုယ်ပိုင်မျက်နှာကို မမြင်ရပဲ ထူးဆန်းသော သရဲမျက်နှာကိုသာ အချိန်တိုင်းမြင်နိုင်နေပြီဆိုလျှင် သာမန်လူတစ်ယောက်ဆိုရင် ရူးသွားနိုင်သည်။

ချုံခယ့် က သူမ၏လက်မောင်းကို ဆိတ်သည်။

“နင်နင် ငါတို့မကြားသင့်တာကို ကြားလိုက်မိပြီထင်တယ်။ ငါတို့နှုတ်ပိတ်ခံရတော့မှာလား”

အဆောင်ထဲမှ မီးတိုင်းကပိတ်သွားပြီး သူတို့ဘက်အခြမ်းက ပိုမှောင်သွားသဖြင့် နှစ်ယောက်လုံး၏ ရေချိုးခန်းထဲမှအရိပ်က မှန်တွင်ထင်ဟပ်နေကာ ဝေဝါးလာသည်။

“နင်မယုံဘူးမဟုတ်လား”

လျိုရွှမ်း က မေးသည်။

အခြားလူများက သူမကို မယုံကြည်နိုင်ကြောင်း သူမကသိထားပြီးသားဖြစ်သည်။ သူမကိုယ်တိုင်သာအတွေ့အကြုံမရှိလျှင် သူမကလည်း အခြားလူများကလာပြောလျှင် ယုံလိမ့်မည်မဟုတ်ပေ။

သူမ၏အတန်းဖော်က အတွေးယာဉ်ကြောက နိုးထလာသလိုမျိုး အံ့အားတကြီးပြောလာသည်။

“ငါမယုံတာမဟုတ်ဘူး။ နင်ပြောတာက ကြောက်စရာကောင်းလွန်းလို့ ငါတခဏလောက်ကြောင်သွားတာပါ။ နင် နင့်ရဲ့မျက်နှာပေါ်မှာ မျက်နှာဖုံးတစ်ခုရှိနေတာလား”

လျိုရွှမ်း ၏ စကားက ကျောချမ်းစရာကောင်းလွန်းသဖြင့် သူမကကြောက်သွားသည်။ ဒါကသရဲပုံပြင်ကို နားထောင်နေရသလိုမျိုး သူမအသံကျယ်ကျယ်ပင် မပြောရဲတော့ချေ။ သူမ၏အတန်းဖော်က တံတွေးမြိုချပြီးမေးသည်။

“နင်ပြောတဲ့မျက်နှာဖုံးက ဘာနဲ့တူလဲ ငါတို့အရင်ကမြင်ဖူးလား”

လျိုရွှမ်း ၏စိတ်က ပြန်ငြိမ်သွားသည်။

“ငါအရင်က မမြင်ဖူးဘူး။ ဒါက ငါတို့မြင်ခဲ့ဖူးတဲ့ မျက်နှာဖုံးတွေနဲ့လည်းမတူဘူး။ အရောင်ကအနက်ရောင်၊ သင်္ကေတကတော့ နေ့တိုင်းပြောင်းနေတာ”

နေ့တိုင်းလိုလို သူမကမှန်ကိုကြည့်သမျှကာလပတ်လုံး ကွာခြားမှုကို သတိထားမိမည်ဖြစ်သည်။ သင်္ကေတ၏အရေအတွက်က တိုးသထက်တိုးလာပြီး ကြောင်တောင်တောင်ပို၍နိုင်လာသည်။ သူမ၏မျက်လုံးများကပင် ပြူးထွက်တော့မလို ခံစားရသည်။

သူမ၏မျက်လုံးကိုပင် နှိုက်ထုတ်ချင်စိတ်ပေါက်ခဲ့ရသည်။ သို့သော် သူမက ပြန်ထိန်းထားနိုင်ခဲ့သည်။

အချိန်တစ်ခုကြာပြီးနောက် ထိုလျှောက်လမ်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။

နင်မုန့် က ဒီနေရာမှ ထွက်သွားချင်နေပြီဖြစ်သည်။ သူမက အနားရှိလူကိုပြောလိုက်သည်။

“ခယ်ခယ် နားမထောင်တော့ဘဲ နေရအောင်။ ငါတို့ဆက်ပြီးနားထောင်နေရင် ငါတို့ပြန်တဲ့အခါ ညအမှောင်မှာ လမ်းလျှောက်ရမှာ”

ချုံခယ့်ခယ့်က တည်ငြိမ်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။

“ကောင်းပြီ။ နားမထောင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အမှန်တရားကို သိရပြီးပြီပဲ။ ဒီလိုဖြစ်နေမယ်လို့ ငါမထင်ထားမိဘူး။ သူမက အမှန်တရားကိုပြောနေလား လိမ်နေလား ဆိုတာဘယ်သူသိနိုင်မှာလဲ”

သို့ရာတွင် ထိုကိစ္စက အမှန်တရားဖြစ်နေမည်ဟု သူတို့က မမျှော်လင့်ထားလောက်ချေ။

သူမက ကြောက်နေသော်လည်း တစ်ချိန်ထဲတွင်ပဲ သိချင်စိတ်ကပြင်းပြနေသည်။

ထိုမျက်နှာဖုံးက မည်သည့်ပုံသဏ္ဍာန်နှင့်တူကြောင်း၊ မည်သည့်အတွက်ကြောင့် လျိုရွှမ်း ၏မျက်နှာပေါ်ရောက်နေကြောင်း သိချင်သေးသည်။

လျိုရွှမ်း က လိမ်သည်လည်း ဖြစ်နိုင်သည်။ သို့သော် သူမအတွက် မည်သည့်အတွက်မှ အကျိုးအမြတ်မရှိလေရာ သူမက အလိမ်အညာစကားကို ပြောရန်မလိုလောက်ချေ။ ထို့ကြောင့် အချက်အလက်များစွာက ပုံမှန်မဟုတ်ကြောင်း ပြသနေသည်။

နင်မုန့် နှင့် ချုံခယ့်ခယ့် တို့က လှည့်လိုက်သောအခါ သူတို့၏အနောက်တွင် လူတစ်ယောက်ရှိနေကြောင်း သိလိုက်ပြီး အသားကုန်အော်လိုက်ကြသည်။

“အား…”

ရှီချီကလည်း ကူကယ်ရာမဲ့စွာဖြင့်ပြောသည်။

“ဘာတွေအော်နေတာလဲ”

နင်မုန့်က ပါးစပ်ကိုအုပ်ပြီးနောက် ချောင်းနှစ်ကြိမ်ခန့်ဟမ့်ကာ ချုံခယ့်ခယ့် ကို တံတောင်ဖြင့်တွတ်လျက်မေးသည်။

“နင်ကဘာလို့ ငါတို့ရဲ့နောက်မှာ ရုတ်တရက်ပေါ်လာတာလဲ”

ကြောက်လွန်းလို့ သေတော့မလို့။ သူကရပ်နေတာ အနက်ရောင်အရိပ်တစ်ခုလိုပဲ။

ရှီချီ ၏အကြည့်က နင်မုန့် ထံရောက်သွားသည်။

“အဲ့ဒီ မိန်းကလေးအနားကို မကပ်နဲ့လို့ ငါမပြောထားဘူးလား”

သူ၏အကြည့်က အတန်းဖော်နှင့်အတူ သူတို့ထံလျှောက်လာသော လျိုရွှမ်း ထံရောက်သွားသည်။ သူ၏ကျောက်စိမ်းကဲ့သို့ တောက်ပလွန်းသော မျက်နှာက ထူးဆန်းသောအကြည့်ကို ပြောင်းသွားသည်။

ရှီချီက အကြည့်ကို ရုတ်ပြီးနောက် လေသံကပြောင်းသွားသည်။

“မင်းရဲ့ခန္ဓာကိုယ်အတွက် မကောင်းဘူး”

ငါ့ကို ကြောက်လွန်းလို့အော်တယ်တဲ့ ဘယ်တောင်တောင်မုန်းဖို့ကောင်းလိုက်သလဲ။

ရှီချီ ရဲ့လျှို့ဝှက်ဒိုင်ယာရီ

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset