RENH အပိုင်း ၄၆

အပိုင်း(၄၆) သူမဂရုအစိုက်ဆုံးက ငါဘဲ။
နင်မုန့်က အပြစ်မကင်းသလို ဖြစ်သွားသည်။ သူမ၏မြေးရှေ့တွင် လက်ပူးလက်ကြပ် မိသွားသည်။
“ရှက်စရာကောင်းလိုက်တာ”
သူမက ချုံခယ့်ခယ့်နှင့်အတူ ရှိနေရင်း အလန့်တကြား ယခုလေးတင် အော်လိုက်လေသည်။ ထိုသို့ အော်လိုက်ခြင်းက သူ့ကြောင့်မှန်းသာ သိသွားလျှင် သူ၏သူမအပေါ် အမြင်ကပြင်းပြင်းထန်ထန် ပျက်ဆီးသွားနိုင်သည်။
“အာ.. ချီရှီ ဘာလို့ဒီကို ရောက်နေတာလဲ”
ရှီချီကပြောသည်။
“ငါမင်းကိုတစ်ချက် ကြည့်ရုံနှင့် မြင်တယ်”
နင်မုန့် “…”
“အဖြေကလဲ ကြောက်ဖို့ကောင်းလိုက်တာ”
အနောက်မှ ခြေလှမ်းသံတိုးတိုး ထွက်လာပြီးနောက်တွင် ရေချိုးခန်းထဲမှ ကောင်မလေးနှစ်ယောက်ကလဲ သတိထားမိကြပြီး ထွက်လာကြသည်။
လျိုရွှမ်းရီ မျက်နှာကလဲ ပျက်နေသည်။ သူမကမေးသည်။
“နင်တို့ချောင်းနားထောင်နေတာလား”
သူမကဒီကိစ္စကို အခြားလူများကို မပြောချင်ချေ။ သူမ၏ရင်ထဲတွင်သာ တစ်သက်လုံးသိမ်းထားရန် ဆုံးဖြတ်ထားခဲ့သည်။ သူမ၏အတန်းဖော်က ဖိအားပေးသောကြောင့်သာ ဒီညတွင်ဝန်ခံ လိုက်ရသည်။ သို့သော်အခြားလူများက ချောင်းနားထောင်မည်ဟု မမျှော်လင့်ထားမိချေ။ သူမ၏အတန်းဖော်ကလဲ စီနီယာအထက်တန်းမှ အမများကို မြင်သောအခါ ယခင်အကြောင်းများကို ပြန်သတိရသွားပြီး သံသယအပြည့်ဖြင့် မေးလိုက်သည်။
“စီနီယာအစ်မတို စီနီယာအစ်မတို့ ဘာလို့လျိုရွှမ်းရီ ကိစ္စကိုအရမ်း ဂရုစိုက်နေတာလဲ”
ချောင်ခက်ခဲ့က လှည့်ကြည့်ပြီးမေးလာသည်။
“အစကတည်းက နင်ကအလန့်တကြား ရုတ်တရက် ထအော်တာလေ ဒီတော့အခြား လူတွေကအာရုံစိုက်မိ သွားတာပေါ့”
သူမကမူလက သိချင်စိတ်ပြင်းပြ ရုံသာဖြစ်ခဲ့သည်။ ယခုတွင်လည်း သိချင်စိတ်က ရှိနေသေးပြန်သည်။
နင်မုန့်က သူမကိုတတောင်နှင့် ထိုးပြီးရှင်းပြသည်။
“ငါတို့ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး တစ်ကယ်တော့ နင်တို့နှစ်ယောက် ငြင်းခုန်သံကို ကြားပြီးတစ်ခုခု ဖြစ်နေပြီလို့ ထင်လိုက်တာ မမျှော်လင့်ထားဘဲ ချောင်းနားထောင်သလို ဖြစ်သွားတော့တာဘဲ”
လျိုရွှမ်းက ဆက်ပြောမလာတော့ချေ။
သူမတို့၏ အစပိုင်းက အသံကမတိုးကြောင်း သေချာသည်။ ထို့ကြောင့် အခြားလူများက ဆူညံသံကြောင့် ရောက်လာသည်မှာလဲ အံ့ဩစရာမရှိချေ။ သူမတို့က ဆူလွန်းသောကြောင့် ဟုသာလက်ခံ ရတော့ပေမည်။
အဆုံးတွင်နင်မုန့်က မနေနိုင်တော့ဘဲ မေးလာသည်။
“လျိုရွှမ်း နင် နင့်ရဲ့အတန်းဖော်ကို ပြောလိုက်တာအမှန်ဘဲလား”
သူမ၏မျက်နှာတွင် မျက်နှာဖုန်းတစ်ခု ရှိနေပြီး အသက်ဝင်နေသလို သင်္ကေတများက ဆက်တိုက်ပြောင်းလဲ နေခြင်းဆိုလျှင် … မည်သို့ပင်ကြားရစေကာမူ ဇာတ်ညွှန်းရေးထားသော ပုံပြင်တစ်ပုဒ်နှင့် တူနေပေလိမ့်မည်။
လျိုရွှမ်းက ပြောသည်။
“ဒါကနင့်နဲ့မဆိုင်ပါဘူး”
နင်မုန့်က နှာခေါင်းတစ်ရှုံ့ရှုံ့ လုပ်ကြည်သော် ထိူကောင်းမလေး၏ ကိုယ်ပေါ်မှမည်သည့် အနံ့မှမရချေ။ သူမကစနစ်ကို မေးလိုက်သည်။
“ဒီကောင်မလေးက ကိုယ်ပေါ်မှ သေဆုံးခြင်း ရနံ့ရှိလား”
စနစ်ကပြောသည်။
“ရှိတယ် မင်းမြင်နေရတဲ့ အနက်ရောင်လေထုဘဲ”
သူမကနားမလည်သည်။ကို စိုးရိမ်သဖြင့် စနစ်ကထပ်မှန်ရှင်းပြသည်။
“သေဆုံးခြင်းလေထု ဒါပေါ့ဒါက သေလူတစ်ယောက် ရဲ့ဝင်သက်ဘဲ အညှိုးအတေးနဲ့လဲ တူတယ်ဒါပေမဲ့ တော်တော်လေးကွာခြားတယ် ဒီအနံ့ကပုတ်လုနီးပါး ဖြစ်နေပြီး သေဆုံးခြင်း လေထဲကထွက်လာတဲ့ အနံ့ပြင်းအားက သိပ်မကြာခင်မှ သေတော့မယ်လို့ ထင်ရလောက်အောင် နီးကပ်နေတယ်”
နင်မုန့်၏အမြင်တွင် လျိုရွှမ်း၏ရုပ်သွင်ကိုပင် ထင်ရှားစွာမမြင် နိုင်တော့ချေ။ အနက်ရောင် လေထုက သိပ်သည်းစွာဖြင့် အပြည့်ရှိနေပြီး မည်းမှောင်နေသောအရာကိုသာ မြင်ရတော့သည်။ သူမက တစ်ဖက်သူ၏ မျက်နှာကို ယခင်ကတည်းက မမြင်ဖူးခဲ့လျှင် သာမန်လူတစ်ယောက်က ဒီလိုမျက်နှာထား ပြောင်းလဲသွားမည်ဟု မယုံကြည်နိုင်လောက်ချေ။
ရှီချီကနင်မုန့်ကို သူ၏အနားသို့ ဆွဲခေါ်ပြီးခပ်တိုးတိုး ပြောသည်။
“ဟုတ်လား မင်းကြည့်ရတာ မျက်နှာဖုံးပြဿနာကို ဖြေရှင်းဖိုမလိုတော့ဘူးဘဲ”
ချုံခယ့်ခယ့်ကလဲ သူ၏အနားသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ လျိုရွှမ်းက မျက်လုံးပြူသွားပြီး မယုံကြည်နိုင်သလို ဖြစ်သွားသည်။
“နင်ကဘယ်လို ဖြေရှင်းရမယ်ဆိုတာကို သိတာလား”
သူမ၏အတန်းဖော်က သူမထက်ပို၍ တည်ငြိမ်သည်။ သူမယဉ်ကျေးစွာ ပြောလာသည်။
“စီနီယာ ကျွန်မရဲသူငယ်ချင်းကို ဘယ်လိုကယ်ရမလဲ ဆိုတာသိပါသလား ဒီကိစ္စကို လုံလုံခြုံခြုံနှင့် ဖြေရှင်းနိုင်မှာပါလား”
သူမကအစက မယုံချေ။ ယခုမူသူမ တွေးကြည့်ပြီးနောက်တွင် လျိုရွှမ်းကသူမကို လိမ်စရာအကြောင်း မရှိဟုထင်သည်။ ပို၍ဆိုးသည်မှာ တစ်ဖက်သူက မည်သို့ပြုမူ နေကြောင်းကိုပင် သူမကထင်ထင်ရှားရှား မြင်ခဲ့ပြီးသားသာ ဖြစ်သည်။ အလွန်ဘဲကြောက်လန့် နေသောကြောင့်သာ မဟုတ်ရင်ယခုလို ဟန်ဆောင်နေခဲ့မည် မဟုတ်ချေ။
သူမကရှီချီ၏ အိင်္ကျီလက်ကို ဆွဲသည်။
“နင်ယခင်တစ်ခေါက်က နင့်ရဲ့မျက်နှာက အရမ်းကိုဖြူဖျော့ သွားတာနော်”
သူမကထိုသို့ ပြောလာမည်ဟု မျှော်လင့်ထားသော ရှီချီက တစ်ခဏခန့် ကြောင်သွားပြီးမှသာ ရယ်လိုက်သည်။ သူ၏အသံက ပိုတိုးသွားသည်။
“အဲ့ဒီအချိန်က ငါနည်းနည်း နေလို့မကောင်းရုံပါ”
သူကလျိုရွှမ်းကို လှည့်ကြည့်ပြီးနောက် နဂိုအတိုင်း မျက်နှာသေဖြစ်သွားသည်။
“အဖြစ်အပျက်အားလုံးကို ငါသိဖို့လိုတယ်”
လျိုရွှမ်းက မယုံချေ။ သို့သော်သူမ၏ အတန်းဖော်က လေသံတိုးတိုးဖြင့် ဆွဲဆောင်နေသည်။
“နင်ဒီအခွင့်ရေးကို ယူသင့်တယ် ဒီစီနီယာရဲ့ နောက်ခံက သာမာန်မဟုတ်ဘူးလို့ သူတို့ပြောတာ ငါကြားထားတယ် သူကတစ်ခုခုကို သိထားလောက်တယ်”
သူမ၏စကားများက စိတ်ပိုင်းဆိုင်ရာ နှစ်သိပ်မှုပေးနိုင်သော အသံမျိုးသကဲ့သို့ ဖြစ်လာသဖြင့် အဆုံးတွင်လျိုရွှမ်းက ရွေးချယ်စရာ မရှိဘဲလက်ခံ လိုက်ရတော့သည်။ သူမကပြောသည်။
“အခန်းလွတ်တစ်ခုကို ရှာရအောင် ငါဒီနေရာမှာတော့ မပြောနိုင်ဘူး နင်တို့အားလုံး ငါ့ကိုယုံနိုင်ဖို့ဘဲ မျှော်လင့်တယ်”
ကျောင်းက ညတိုင်း(၁၂)နာရီတွင် ပိတ်ပြီးလက်ရှိက (၁၀)နာရီထိုးနေလေရာ အချိန်အများအပြား ရလေသည်။
တစ်ခန်းလုံးက လူရှင်းပြီး မည်းမှောင်နေသည်။က ကြောက်စရာကောင်းသည်။ နင်မုန့်ကရှီချီကို ခပ်တိုးတိုးမေးပြန်သည်။
“နင်တစ်ကယ်သွားမှာလား”
သူမကထိုကိစ္စတွင် ဘာမှမကူညီနိုင်ချေ။ သူမ၏မြေးကိုလဲ ဒဏ်ရာမရစေချင်ချေ။ မည်သို့ပင်ဆိုစေ မည်သည့်ကိစ္စတွင်မဆို လုံခြုံးရေးက အရေးကြီးဆုံးပင် ဖြစ်သည်။ သူမတစ်ကိုယ်ကောင်း ဆန်သည်။ဟု ပြော၍လည်းရသည်။ ရှီချီကမျက်မှောင် နည်းနည်းကျုံ့ပြီးနောက် သူ၏မျက်နှာထားကို ပြန်ဖြေလျော့လိုက်ကာ တောင့်တင်းစွာပြောလာသည်။
“ငါတို့အားလုံးက အတန်းဖော်တွေ ဖြစ်နေမှတော့ တစ်ယောက်ကိုတစ်ယောက် ကူညီသင့်တာပေါ့”
ချုံခယ့်ခယ့်က နှုတ်ခမ်းကိုမဲ့သည်။
“သူကရိုးသားသလိုလိုနဲ့ ပြောနေတာဘဲ”
သူမကဒီအတိုင်း ဘေးတွင်ရပ်နေသူသာ ဖြစ်သည်။ ထို့ကြောင့်ရှီချီက သူမကြောင့်သွားခြင်း မဟုတ်လောက်ချေ။ သူကအရာအားလုံးကို မြင်ထားပြီး သောကြောင့်သာ ဖြစ်လောက်သည်။
သူတို့အဖွဲ့က လျိုရွှမ်း၏အတန်းသို့ သွားလိုက်သည်။ ထိုအတန်းတွင်လည်း မည်သူမှမရှိတော့ချေ။ နောက်ဆုံး တစ်ယောက်ကိုလည်း လျိုရွှမ်းကတံခါးမပိတ်ရန် ပြောထားသဖြင့် သူမတို့ကမီးဖွင့်ရန်သာ လိုအပ်သည်။ လူတိုင်းကထို်ငပြီးသောအခါ လျိုရွှမ်းကသူမ၏ အတွေးကိုစုစည်းပြီးနောက် ပြောပြလာသည်။
“ငါ..”
သူမကစပြောပြီးနောက် ပြန်ရပ်သွားပြန်ရာ မိနစ်အနည်းငယ် ကြာပြီးနောက်ပါးစပ်ကို ပြန်ဖွင့်လာပြီး ပြောသည်။
“လွန်ခဲ့တဲ့ တစ်လကဘဲစရအောင်”
နင်မုန့်က သတိလက်လွတ် ရှီချီအနားသို့ တိုးသွားသည်။ သူတို့ကပြတင်းပေါက် နားတွင်ထိုင်နေခြင်း ဖြစ်ပြီးအပြင်က အလွန်မှောင်နေသည်။ အခန်းတစ်ခုတည်းကသာ မီးလင်းနေသဖြင့် ကြောင်တောင်တောင် နိုင်ပြီးကျောချမ်းစရာ ကောင်းလွန်းနေသည်။
ရှီချီကသူမကို ကြည့်လာသော်လည်း ဘာစကားမှ မဆိုချေ။
လျိုရွှမ်းက သူမတို့၏ လှုပ်ရှားမှုကို သတိမထားမိဘဲ ပြောလာခဲ့သည်။
“လွန်ခဲ့တဲ့လ အမျိုးသားနေ့ကပေါ့ ငါအိမ်မှာပျင်းနေပြီး ဘာမှလုပ်စရာ ရှိမနေဘူး အထက်တန်းဂျူနီယာ အတန်းဖော်အနည်းငယ်ကလဲ ငါ့ကိုအပြင်ထွက်ပြီး ပျော်ပါးဖို့ဖိတ်ခေါ်ကြတယ် သူတို့ကဆွေးနွေးရင်းနဲ့ နေရာတစ်ခုကို ရွေးလိုက်တယ်”
သူမကထိုနေရာကို ယခင်ကမကြားဖူးခဲ့ချေ။ အကြောင်းမူကာ ထိုနေရာက လူသိနည်းလွန်းသောကြောင့် ဖြစ်သည်။ လူအများအပြားကလဲ မသိကြချေ။ သို့သော်ထိုနေရာက အလွန်ပျော်စရာ ကောင်းလေသည်။
ထိုနေရာတွင် အလွန်ရှည်သော မြစ်ကြီးရှိပြီး တစ်ချက်ကြည့်ရုံဖြင့် မြစ်၏အဆုံးကို မြင်နိုင်သည်။
ထိုညကသူတို့က မြစ်ဘေးရှိရွာတွင် နေခဲ့ကြပြီး နောက်နေ့မှသာ မြစ်စီသွားကာ အသားကင်စားရင်း ငါးဖမ်းရင်း စခန်းချကာ ဆော့ကစားရန် ဆုံးဖြတ်ခဲ့ကြသည်။ ပို၍ဆိုးသည်မှာ မြစ်နားကအေးသဖြင့် အပူကိုလည်း စိုးရိမ်ရန်မလိုအပ်ချေ။
လျိုရွှမ်းက ယခင်ကထိုသို့ တောရွာနေသော ခံစားချက်မျိုးကို မရခဲ့ဖူးချေ။ ထို့ကြောင့်အလွန် စိတ်လှုပ်ရှားခဲ့သည်။
ရွာရှိလူများကလဲ သူတို့ကဒီလို ကျေးရွာဘဝကို အတွေ့အကြုံ ယူရန်ရောက်လာသည်။ဟုသာ သိထားကြသည်။ ထို့ကြောင့် မြစ်ကမ်းဘေးသို့ သွားပြီးနောက်ရက်တွင် ဆော့ကစားချင်ကြောင်း ကြားသောအခါ အဝေးသို့လျှောက် မသွားရန်နှင့် ရေထဲမဆင်းရန် ပြောခဲ့ကြသည်။
လျိုရွှမ်းတို့ကလဲ ဒါကိုစိတ်ထဲမထား ခဲ့ချေ။ သူတို့ကလဲ ရေထဲဆင်းရန် ဆန္ဒမရှိခဲ့ကြချေ။ အကြောင်းမူကာ နွေရာသီတွင် အပူရှပ်တက် သောကြောင့် မစမ်းသပ်ကြည့်ရဲသောကြောင့် ဖြစ်သည်။
သူတို့က သူတို့စခန်းချရန် ရွက်ဖျင်တဲအသီးသီးကို ယူပြီးနောက်တစ်နေ့ညနေတွင် မြစ်အနားသို့ စားစရာအပြည့်ဖြင့် သွားလိုက်ကြသည်။
စခန်းချပြင်ဆင်ပြီးနောက် မြစ်ကိုအလွန်သိချင်စိတ် ပြင်းပြလာသဖြင့် ငါဖမ်းကာမစားသောက်ခင် လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့်သူတို့က သိပ်သည်းသော တောအုပ်များ ဝိုင်းပတ်နေသော မြစ်နားတွင် လမ်းလျောက်ကြပြီး ဝေးသည်။ထက်ဝေးသည့် နေရာသို့ လျောက်သွားခဲ့မိကြသည်။ သို့သော်အဆုံးကို မမြင်ရသေးချေ။ သို့ရာတွင်သူတို့က မြစ်တစ်ဖက်ခြမ်းနှင့် ဆက်ထားဟန်တူသော တံတားတစ်စင်းကို မြင်လိုက်ရသည်။ မျက်နှာချင်းဆိုင်တွင်လည်း တောအုပ်တစ်ခုက ရှိနေပြီးသူတို့ လာခဲ့သောဖက်နှင့် တူသည်။
သိချင်စိတ်ပြင်းပြသွားသော လျိုရွှမ်းက သူတို့နှင့်အတူ တံတားပေါ်သို့ တက်လိုက်သွားလိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ကျောက်တုံးတံတားက အလွန်အိုနေမှန်း သိသာပြီးမျက်နှာ ပြင်ပေါ်တွင်လည်း သစ်ရွက်များနှင့် ရှုပ်ပွနေသည်။ သူတို့ကလဲ ဓာတ်ပုံရိုက်ယူကြသည်။ အားလုံးက တစ်ဖက်ခြမ်းသို့ သွားပြီးတစ်ချက် ကြည့်လိုက်ကြသည်။
ဟိုဖက်ကလဲ တူညီနေလောက်မလား ပိုပြီးစိတ်လှုပ်ရှားစရာ ကောင်းလောက်မလား ပိုပြီးပျော်စရာ ကောင်းလောက်မလား။
သူမ၏နားထဲတွင် ရေစီးသံကို ဆက်တိုက်ကြားနေရသည်။
လျိုရွှမ်းက အဖွဲ့၏နောက်ဆုံးမှ လျှောက်လာနေခြင်းဖြစ်ပြီး သူမကတံတားပေါ် တက်လိုက်ချိန်တွင် တစ်စုံတစ်ရာပေါ် တက်နင်းလိုက်မိကာ မြေပြင်သို့လဲ ကြသွားသည်။ သူမက တက်နင်းမိသော အရာကိုကောက်ကြည့် လိုက်သောအခါ မျက်နှာဖုံးတစ်ခု ဖြစ်နေကြောင်းမြင်လိုက်ရသည်။ မျက်နှာဖုံးတစ်ခုလုံးက မဲနေပြီးဘာမှ ရှိမနေခဲ့ချေ။ အပေါ်ပိုင်း မျက်နှာပုံပန်း သွင်ပြင်နေရာကို လှီးဖြတ်ထားသလို ဖြစ်နေပြီး မျက်နှာဖုံးကို ကိုင်ထားသောလက်ကပင် ခြစ်ရာအများ ပြားကိုစမ်းမိလိုက်သည်။
အခြားလူများက သိချင်စိတ်ပြင်းပြစွာဖြင့် အနားကပ်လာသည်။ လျိုရွှမ်း၏ခြေထောက်က မနာချေ။ သူမကပြောပြီး မျက်နှာဖုံးကို မျက်နှာပေါ်ကပ်ပြလိုက်ကာ ကြည့်ကောင်းမကောင်း မေးလိုက်သည်။ မျက်နှာဖုံးတွင် မည်သည့်ရုပ်သွင်မှ မရှိသလို သင်္ကေတများလဲ မရှိချေ။ထို့ကြောင့် သူမကကပ်လိုက်သောအခါ သူမ၏မျက်လုံးက ဟိုရွှေ့ဒီရွှေ့ လုပ်ပြခြင်းသာ ပေါ်လာသည်။ သို့သော်ကွက်တိ မကျနေချေ။ တစ်ခုလုံးက မည်းမှောင်နေခြင်း ဖြစ်သည်။ မိန်းကလေးများကမူ မလှဟုဆိုကြသည်။ မပျော်မရွှင် ဖြစ်သွားသော လျိုရွှမ်းကမျက်နှာဖုံးကို လွှင့်ပစ်လိုက်ပြီး ထရပ်ကာ သူတို့နှင့်အတူ မူလနေရာသို့ ပြန်လာခဲ့ကြသည်။ ထိုသို့ဖြင့် အသားကင်စားရင်း ထိုမျက်နှာဖုံ အကြောင်းကို မေ့သွားသည်။
စခန်းရှိရာသို့ ပြန်လာခဲ့ပြီးနောက်တွင် သူမကထိုကိစ္စကို စိတ်ထဲမထားတော့ချေ။
သိပ်မကြာခင် ကျောင်းကပြန်စတက်ရသည်။
လျိုရွှမ်းက သူမ၏မျက်နှာကို မထိရဲချေ။
“ငါ့ရဲ့အိမ်မှာ ကိုယ်လုံးပေါ်မှန်ကြီး ရှိတယ်ငါအဲ့ဒီနေ့က ဝတ်စုံအသစ်ဝယ်လာပြီး အိမ်မှာစမ်းဝတ် ကြည့်ခဲ့တာ မမျှော်လင့်ထားဘဲ ငါ့ရဲ့မျက်နှာပေါ်မှာ အဲ့ဒီအနက်ရောင် မျက်နှာဖုံးက ဖျက်ခနဲပေါ်လာတာကို မြင်လိုက်ရတယ်”
သို့သော်ဖျက်ခနဲ ပေါ်လာသဖြင့် သူမရှင်းရှင်းလင်းလင်း မမြင်ခဲ့ရချေ။
ထိုအချိန်က သူမကများများစားစား မတွေးခဲ့ဘဲ စိတ်ကဂယောင် ချောက်ချားဖြစ်နေသည်။ဟု တွေးခဲ့ပြီးဝတ်စုံ ကိုသာအာရုံစိုက်လိုက်မိသဖြင့် ချက်ချင်းဆိုသလို မေ့သွားသည်။
နောက်တစ်ရက်တွင် သူမကကျောင်းသို့ လာပြီးမှန်ကြည့်သည်။ ရေချိုခန်းထဲတွင် သူမကမျက်နှာဖုံးကို ပြန်မြင်သောအခါ သူမတံတားပေါ်တွင် မြင်ခဲ့သောတစ်ခုနှင့် တစ်ထေရာတည်း တူကြောင်းသိလိုက် ရသည်။
ထိုအချိန်တွင် ဒါကအချိန်တို မဟုတ်တော့ဘဲ ဆယ်စက္ကန့်အတိ ကြာသည်။ သူမရှင်းရှင်းလင်းလင်း မြင်ရန်လုံလောက် နေပြီဖြစ်သည်။ လျိုရွှမ်းက ပြောသည်။
“ငါအဲ့ဒီအချိန်က အရမ်းအံံဩသွားတာ နောက်တော့မျက်နှာဖုံးက ပြန်ပြောက်သွားတယ် ငါဒါကို မမေ့နိုင်တော့ဘူး တတိယတစ်ကြိမ် ငါပြန်မြင်တာကတော့ နင်တို့နဲ့ဒီရေချိုးခန်းထဲမှာ ဆုံတဲ့အချိန်ဘဲ အဲ့ဒီအချိန်က အဲ့ဒီမျက်နှာဖုံး ပေါ်မှာသင်္ကေတတွေ စပေါ်လာတာကို မြင်တွေ့ခဲ့ရတယ်”
သူမကစကားကို ရပ်ပြီးထိုသင်္ကေတများကို ဖော်ပြရန် ကြိုးစားသည်။
ရှီချီကရုတ်တရက် ပြောသည်။
“ဆွဲပြလိုက်”
လျိုရွှမ်းက ကြောင်သွားသည်။
သူမကလဲ ထိုစီနီယာကို ကြည့်သည်။ သူမကအထက်တန်းသို့ ပထဦးဆုံး ဝင်လာခဲ့စဉ်ကတည်းက သူမတို့၏ ကျောင်းတွင်အလွန် ကြည့်ကောင်းသော စီနီယာတစ်ယောက် ရှိကြောင်းကြားထား ဖူးလေသည်။
သူတို့ကတစ်ထပ်တည်း ဖြစ်သောကြောင့်လည်း ကောင်မလေးအမျာစုက နေ့တိုင်းလိုလို အိမ်သာထဲသို့ အတူသွားတတ်လေရာ သူနှင့်မမျှော်လင့်ဘဲ တွေ့နိုင်ရန် မျှော်လင့်ကြလေသည်။ သို့သော်မည်သူကမှ သူနဲ့အောင်မြင်စွာ ပက်ပင်းတိုးခြင်း မရှိကြောင်း ကြားခဲ့ရလေသည်။
သူမ၏အတန်းဖော်က တစ်တောင်ဖြင့် တို့လာပြီးနောက် လျိုရွှမ်းကိုအသိ ပြန်ဝင်စေသည်။ သူမကခပ်မြန်မြန် ပြောလိုက်သည်။
“ကောင်းပြီ”
သူမ၏ပုံဆွဲ စွမ်းရည်က ဖြစ်ဖြစ်မြောက်မြောက် ပြောလောက်အောင် ပြောင်မြောက်ခြင်း မရှိသော်လည်း ရိုးရှင်းသောပုံစံ များကိုဆွဲနိုင်သေးသည်။ သူမကလျှင်မြန်စွာဖြင့် အကြမ်းစာရွက်ပေါ်တွင် ရေးဆွဲပြပြီး သူတို့ကိုပြသည်။
“ဒီလိုအတိုင်းဘဲ အစပိုင်းတုန်းက ဒီလိုသင်္ကေတ ပေါ်လာတာ”
နင်မုန့်က ခေါင်းဆန့်ကာကြည်သည်။
စာရွက်ပြောင်ပေါ်တွင် မျက်နှာဖုံး၏ ပုံကြမ်းရှိနေပြီး မျက်နှာသွင်ပြင်လည်း ပါသည်။ အလွန်ရိုးရှင်းပြီး သာမာန်ဟန်ဖြင့် ဆွဲထားခြင်းသာလျှင် ဖြစ်သည်။ သင်္ကေတကမူ အကြမ်းဖျင်းခြစ်ထား သလိုမျိုးမျက်နှာဖုံး၏ ဘယ်ဘက်ခြမ်းတွင် ရှိသည်။
လျိုရွှမ်းက ဝိုင်းပြပြီးနောက် ဆက်ဆွဲရင်းပြောသည်။
“ရက်နည်းနည်းကြာတော့ မျက်နှာဖုံးငါ့ရဲ့ မျက်နှာမှာ ရှိတဲ့အချိန်က နည်းနည်းကြာလာတာကို ငါတွေ့ရတယ် မိနစ်ပိုင်းကနေ တစ်နာရီထိ ဖြစ်လာပြီး သင်္ကေတတွေကလဲ ပိုများလာတယ်”
နင်မုန့်ကသူမ၏ မျက်နှာကို စိုက်ကြည့်နေပြီးနောက်တွင် အနက်ရောင်လေထု ကိုသာမြင်ရပြန်သည်။
မျက်နှာဖုံးက သေချာပေါက် ရှိနေမှာဘဲ ဒါကကျိမ်စာ ဖြစ်လောက်တယ် သရဲတစ်ယောက်ယောက်က ဝတ်သွားလို့များလား ကောင်းတဲ့ဟာတော့ မဖြစ်နိုင်ဘူး
ရှီချီကလက်ဆန့်ပြီးနောက် ထိုစာရွက်ကိုယူကာ အာရုံစိုက်လိုက်သည်။
သင်္ကေတပုံစံက ထပ်မနေသော်လည်း တစ်ခုနဲ့တစ်ခုထပ်နေသည်။ မျက်နှာဖုံးတစ်ခုလုံးကို သိပ်သည်းစွာဖြင့် ရှုပ်နေသော အစင်းကြောင်းများလို အစီစဉ်မကျစွာ ရှိနေခြင်းလဲ ဖြစ်သည်။
လျိုရွှမ်းက နှုတ်ခမ်းကိုသပ်ပြီးနောက် ခြောက်ကပ်လာသလို ခံစားလာရသည်။
“လွန်ခဲ့တဲ့လဝက်က စပြီးနာရီအနည်းငယ်ထိ ကြာလာတယ် အခုတော့အမြဲတမ်း ငါ့ရဲ့မျက်နှာမှာ ရှိနေပြီ ငါကတစ်နေကုန် မျက်နှာဖုံး ဝတ်ထားရတဲ့ လူတစ်ယောက်လိုဘဲ”
သူမကဒီမျက်နှာဖုံးကို နေ့တိုင်းမြင်နေရသည်။ သူမ၏စိတ်ထဲတွင် တွေးရုံဖြင့်မျက်နှာဖုံး၏ ပုံစံတိုင်းကို အတိအကျ မှတ်မိနိုင်သည်။
သူမကအခြား လူများကိုမေးသည့် အချိန်တိုင်း သူမ၏ရုပ်ရည်ကိုသာ မြင်ရကြောင်းပြောကြသည်။ သူမကမည်သူ့ကို မေးစေကာမူ ထိုအတိုင်းသာ ဖြစ်သည်။
တစ်ခါတစ်လေတွင် သူမဘာသာ တွေးမိသည်။ သူတို့မြင်ရသမျှက အမှန်ဖြစ်ပြီး သူမမြင်ရသမျှက ပုံရိပ်ယောင်သာ ဖြစ်လိုက်ချင်သည်။
တစ်ခါတစ်ရံတွင်လည်း သူမမြင်နေရသောအရာက အမှန်ဖြစ်ပြီး အခြားလူများ မြင်နေရသောအရာက ပုံရိပ်ယောင် ဖြစ်ကြောင်း ပြန်တွေးမိပြန်သည်။ တစ်ရက်တွင် သူမ၏မျက်နှာကို ဆုံးရှုံးရတော့မည်ဟု ခံစားရလာသည်။ အချိန်ကြာလာသည့်အခါ သူမကအခြားလူများကို မေးမြန်းခြင်းမရှိတော့ဘဲ အမှန်တရားကိုသာ မျိုသိပ်ထားလိုက်တော့သည်။
သူမကဖျော့တော့စွာ ပြောနေသော်လည်း လူတိုင်းကဂရုတစ်စိုက် နားထောင်နေကြသဖြင့် ကောင်းစွာကြားရသည်။ အားလုံး၏သွေားများက အေးစက်သွားကြသည်။
လျိုရွှမ်းက ဆက်ပြောနေသေးသည်။
“ငါမျက်နှာဖုံး တွေ့ခဲ့တဲ့နေရာကို သွားချင်ခဲ့ပေမဲ့ အဲ့ဒီနေရာကို ဘယ်လိုသွားရလဲ ဆိုတာ မမှတ်မိတော့ဘူး ငါ့ရဲ့အတန်းဖော်တွေ အားလုံးကလဲ ကျောင်းတက်နေကြတော့ ငါပိတ်ရက်မှ သူတို့ကိုဆက်သွယ် လိုရတယ်”
တိုက်ဆိုင်လွန်းသည်မှာ မနက်ဖြန်က ပိတ်ရက်ဖြစ်သည်။ သူမကအဓိက သော့ချက်က ထိုမျက်နှာဖုံးနှင့် သက်ဆိုင်နေသည်။ဟု ခံစားနေရသည်။ သူမထိုလွှင့်ပစ် ခဲ့သောမျက်နှာဖုံးကို ပြန်ရှာတွေ့လျှင် ပြဿနာကို‌ ဖြေရှင်းနိုင်ပေလိမ့်မည်။
ရှီချီက စာရွက်ကို ပြန်ချပြီးနောက် သူမမျက်နှာကို ပတ်နေသော အနက်ရောင်လေထုကို ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာစကား ပြောလိုက်သည်။
“မင်းသာရက်အနည်းငယ် နောက်ကျသွားရင် ကယ်ဖို့မျှော်လင့်ချက် မရှိတော့ဘူး”
လျိုရွှမ်းက အေးခဲသွားသည်။
သူမ၏အတန်းဖော်နှင့် ချုံခယ့်ခယ့်တို့က သူမ၏ရုပ်ရည်ကို မြင်နိုင်သောကြောင့် သူမ၏မျက်နှာပေါ်မှ ကြောက်လန့်မှုက ပို၍ပြင်းထန်ကြောင်းကိုသာ ခံစားမိလိုက်သည်။

“သူမကအရင်တိုင်းဘဲ ဟိုကိစ္စ ဒီကိစ္စတွေကို အရမ်းဂရုစိုက်နေတယ် ဒါပေမဲ့ သူမဂရုအစိုက်ဆုံးက ငါဖြစ်နေတုန်းပါဘဲ”
ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီအပိုင်း(၄၆) သူမဂရုအစိုက်ဆုံးက ငါဘဲ။

ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset