RENH အပိုင်း ၃၇

အပိုင်း (၃၇) စက္ကူရုပ်အသစ်။
မျှော်လင့်ထားသည့်အတိုင်း ထိုပြဇာတ်ရုံက တိတ်ဆိတ်ကာ မှောင်ပင်မှောင်နေသည်။
နင်မုန့်က အပြစ်မကင်းသလို ခံစားရသည့်အပြင် ကြောက်လည်းကြောက်နေမိသည်။ သူမက ခြေသံကိုပေါ့အောင် လုပ်ပြီးအထဲသို့ တစ်ဖြည်းဖြည်းချင်းစီ ဝင်သည်။
ဒီတစ်ကြိမ် သူမ လာရသော ရည်ရွယ်ချက်က စင်နောက်ဖက်သို့ ဦးတည်ရန် ဖြစ်သည်။ ဘယ်သူမှမရှိနေသော်လည်း ထိုနေရာတွင် မီးကလင်းနေသည်။
ထိုနေရာတွင်လည်း ခုံများပေါ်တွင် တင်ထားသော စက္ကူရုပ်များကို မြင်လိုက်ရသည်။ အားလုံးက ပြီးပြည့်စုံလုနီးပါး ဖြစ်နေသည်။ နင်မုန့်က သူတို့ကို တစ်ချက် ကြည့်လိုက်သော်လည်း သူမကို ကြောက်စေသော တစ်ရုပ်ကိုမျှ မမြင်ရချေ။
ထိုနေရာရှိ စက္ကူအရုပ်များက မတူနေချေ။ အချို့က ရုပ်ဆိုးပြီး အချိုကမူ အထူးတလည် ဆွဲထာသလိုမျိုး အသက်ဝင်သယောင် ဖြစ်နေသည်။ ဒါကလုပ်သူ ကွာခြားသောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် လက်ရာက မတူနေခြင်းလည်း ဖြစ်နိုင်လေသည်။
သူမက ခေါင်းအစခြေအဆုံး လေ့လာနေပြီး နောက်ဆုံးတွင် ထောင့်နားတွင် တိတ်ဆိတ်စွာ ထိုင်နေသလိုမျိုး အသက်ဝင်သည့် အရုပ်တစ်ရုပ်ကို ရှာတွေ့လိုက်သည်။
ထိုစက္ကူရုပ်က ပန်းပွင့်များပါသော ဝတ်စုံကိုဝတ်ထားပြီး အနည်းငယ် ချစ်စဖွယ်ကောင်းသည့် လှပသည့်ဖက်ကို သာသွားသည့်ရုပ်ရည် ကိုပိုင်သည်။ မျက်လုံးက အိပ်မောကျနေသူနှင့်တူသည်။
ထိုမျက်လုံးများက လှုပ်နိုင်ခြင်းရှိမရှိကိုမူ နင်မုန့်အနေနှင့် မသေချာချေ။ ထိုမျက်လုံးများက ပိတ်လျက်သာ ဆွဲထားခြင်းလော။ သို့မဟုတ် တမင်ပိတ်နေခြင်းလော ဆိုသည်။အားလည်း မသေချာပြန်ချေ။ သို့ရာတွင် ထိုအရုပ်က အတန်ငယ်ကြောက်စရာ ကောင်းသည်။ဟုသူမက ခံစားမိနေသည်။
နင်မုန့်က အရုပ်ကို သေချာကြည့်ပြီးနောက်တွင် အပြင်ဘက်မှ အသံကိုကြားလိုက်ရသည်။ သူမက လှည့်ကြည့်လိုက်ပြီး ထွက်ခွာမည့်အချိန်တွင် သူမ၏အနောက်မှ စက္ကူအရုပ်က ရုတ်တရက် မျက်လုံး ဖွင့်လာခြင်းကို သတိမထားမိချေ။
စနစ်က သတိပေးသည်။
“မင်းရဲ့အနောက်က အရုပ်က မျက်လုံး ပွင့်လာပြီ”
နင်မုန့်က ကြောင်သွားပြီး ခပ်မြန်မြန် ခေါင်းလှည့်ကြည့် လိုက်သော်လည်း အရုပ်က နဂိုပုံစံအတိုင်း ပြန်ဖြစ်နေပြန်ကာ စနစ်က သူမကို နောက်နေခြင်း ဟုတ်မဟုတ်ပင် သံသယဝင်သွားစေသည်။
သို့သော် သူမ၏ နှလုံးခုံသံကလည်း မြန်လာသည်။ သွေးကြောများကလည်း တင်းကြပ်လာပြီး ဒီထူးဆန်းသော နေရာမှထွက်သွားရန် ဆုံးဖြတ်လိုက်သည်။
ဒီအရိပ်ပြဇာတ်အဖွဲ့က သေချာပေါက် သာမန်အဖွဲ့ မဟုတ်နိုင်တော့ချေ။ ယခင်က သူတို့ဖန်းတီးခဲ့သော စက္ကူအရုပ်က မျက်လုံထည့်လိုက်သည်။နှင့် အသက်ဝင်လာခဲ့ဖူးသည်။ ယခုမူနောက်ထပ် အရုပ်တစ်ရုပ်က မျက်လုံးဖွင့်နိုင်နေသည်။ တစ်ယောက်ယောက်က အတည်ပြုပေးစရာ မလိုလောက်အောင် သူမကစတင် ပြေးသွားပြီဖြစ်သည်။
သူမ၏စူးစိုက် ကြည့်နေသော အကြည့်အောက်တွင် သူမ၏အနောက်မှ စက္ကူအရုပ်က မည်သည့်လှုပ်ရှားမှုမှ လုပ်မနေခဲ့ချေ။
အဆုံးတွင် နင်မုန့်က နောက်ပြန်လှည့်ပြီး ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူမက အသံ ကျယ်ကျယ်လောင်လောင် ထွက်သွားအောင် မလုပ်ရဲချေ။ သူမ၏အနည်းငယ် ပြေးမယောင် လမ်းလျှောက်နေခြင်းကပင် ကြမ်းပြင်တွင် ဆူညံသံကို ထွက်ပေါ်လာစေနေသည်။
သူမက နောက်လှည့်လိုက်သည့် အချိန်တွင်မူ စက္ကူအရုပ်က စ၍လှုပ်ရှားပြီ ဖြစ်သည်။
ပြားကပ်နေသော စက္ကူအပြားက ကြမ်းပြင်သို့ကျသွားပြီး ဖြေးညှင်းစွာပင် သူ၏လက်များ ခြေထောက်များကို သုံပြီးတွားသွား လာသည်။ အလွန်အမင်း သွက်လက်လွန်းနေသဖြင့် ထိုလူ၏အနောက်ဖက်သို့ ချက်ချင်းဆိုသလို‌ ရောက်သွားသည်။
စနစ်က အလောတကြီး တိုက်တွန်းသည်။
“မြန်မြန်ပြေး မြန်မြန်သွားတော့ စက္ကူရုပ်က နောက်ကလိုက်နေပြီ”
နင်မုန့်က အချိန်မှီ နောက်သို့ ခေါင်းပြန်မလှည့်နိုင်တော့ဘဲ စတင်ကာ ပြေးတော့သည်။ အဆုံးတွင် ပြဇာတ်ရုံဝင်ပေါက်၏ အရှေ့တွင် ရပ်မိသွားမည်ဟု သူမက မမျှော်လင့်ထားမိချေ။ အကြောင်းမူကာ စက္ကူရုပ်က တွားသွားလျက် သူမ၏အရှေ့တွင် ပေါ်လာသောကြောင့် ဖြစ်သည်။ သူ၏ပြားကပ်နေသော ကိုယ်က ကြမ်းပြင်တွင် ကပ်နေပြီး မျက်လုံးကမူ သူမကို တည့်တိုး စိုက်ကြည့်နေသည်။ ပါးစပ်ကလည်း တစ်စုံတစ်ရာကို ပြောနေသလိုမျိုး ရွတ်နေသည့်တိုင်အောင် အသံက ထွက်မလာခဲ့ချေ။
“ဒါကလည်း ဖြစ်နိုင်ချေရှိတာဘဲ အသံလျှပ်စီး ကြိုးတပ်ထားတာမျိုး မဟုတ်ရင် ဘယ်လိုလုပ် အသံက ထွက်နိုင်မှာလဲ”
နင်မုန့်က စက္ကူရုပ်ကို သတိအနေအထားဖြင့် ကြည့်နေပြီးနောက် ကိုယ့်လက်ကိုယ်ပြန် ဆိတ်လိုက်မိသည်။ သူမက စက္ကူအရုပ်က အနီးကပ်လာနေချိန်တိုင်း နောက်သို့သာ ဆုတ်နိုင်လေသည်။
ဖြစ်နိုင်သည်မှာ သူမက သက်ရှိတစ်ယောက်ဟု ခံစားမိသောကြောင့် စက္ကူအရုပ်အတွင်းရှိ မျက်ဝန်းက လင်းလက်လာလေသည်။
တကယ်ကို တကယ့်အစစ် လူသားပဲ။
နင်မုန့်ကလည်း စက္ကူရုပ်က သူမကိုချည်းကပ် လာနေခြင်းကို သိသည်။ ချည်းကပ်လာနေသော အနေအထားက ရုပ်ရှင်များအတွင်းတွင် မြင်ဖူးသည့်အတိုင်း ဖြစ်နေသဖြင့် သူမကမျက်လုံးကို မှိတ်ကာအသားကုန် အော်လိုက်သည်။
“အရှင်သခင်ကြီး.. အရှင်သခင်ကြီး အလင်းရဲ့အရှိန်နှုန်းနှင့် ငါ့ကိုလာကယ်ပါ”
အချိန်အတန်ကြာ ကုန်းဆုံးသွားပြီးနောက်တွင် သူမကမျက်လုံကို ခပ်ဖြည်းဖြည်းချင်း ဟလျက် ကြည့်လိုက်ချိန်တွင် သူမကြောင့် လန့်သွားသော စက္ကူရုပ်က လှုပ်ရှားနေမှုမှ ရပ်တန့်သွားကြောင်းကို မြင်တွေ့လိုက်ရသည်။ သူမက မနေနိုင်တော့ဘဲ စနစ်နှင့်စကား ပြောလိုက်သည်။
“ငါ့မှာ ဒီလိုစွမ်းအင် ရှိမယ်လို့ တကယ် မထင်ထားဘူး”
စနစ်က ပြန်တုံ့ပြန်သည်။
“တကယ်တော့ မင်းရဲ့မြေးက အနောက်ကို ရောက်နေတာ”
နင်မုန့်ကခေါင်း လှည့်ကြည့်လိုက်သောအခါ သူမ၏အနောက်တွင် ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာထားနှင့် ရှီချီကို မြင်လိုက်ရသည်။ သူမကဲ့သို့သော လူမျိုးကို မမြင်ခဲ့ဖူးဟု သူက တွေးနေတာ ဖြစ်လောက်သည်ဟု သူမကလည်း တွေးလိုက်မိသည်။
သူမ၏ပြီးပြည့်စုံသော လျှို့ဝှက်ဆန်းကျယ်သည့် အဘွားတစ်ယောက်၏ ရုပ်အသွင်ကို ဖျက်ဆီးလိုက်မိလေသည်။
ပြဇာတ်ရုံအတွင်းတွင် မည်သည့်မီးမှလည်း မမှိတ်ထားသလို မည်သည့်တံခါးမှလည်း ခပ်တင်းတင်း မပိတ်ထားသဖြင့် အလင်းပေါက်ဖက်က ကျနေပြီး ရှီချီ၏ ကိုယ်ပေါ်ကျဆင်းနေသည်။ ရှီချီ၏အကြည့်က သူမထံရောက်နေပြီး သူမကို ကြင်နာစွာ သတိပေးသည်။
“မင်းမသွားသေးဘူးလား”
နင်မုန့်က နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်ပြီးနောက်တွင် သူမ၏လက်ကို ပြန်ရုတ်ကာ သဏ္ဌာန်ကို ပြန်မတ်လိုက်လျက် ပြောလိုက်သည်။
“ငါသွားတော့မှာ ဒါပေါ့ သွားတော့မှာ”
ရှီချီက ဒီနေရာတွင် ရောက်လာသဖြင့် သူမက စိတ်အေးစွာဖြင့် ထိုအရုပ်က မလှုပ်နိုင်တော့ခြင်းကို နားလည်လိုက်သည်။
သူမက တံခါးမှ ဖြတ်သွားပြီးနောက်တွင် နောက်သို့တစ်ဖန် ပြန်လှည့်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ထိုစက္ကူအရုပ်၏ ကျောတွင် အဆောင်လက်ဖွဲ့တစ်ခုက ကပ်နေသည်။ ထို့ကြောင့် မလှုပ်တော့ခြင်းလည်း ဖြစ်နိုင်သည်။ အပြင်တွင် အတော်တန်ကြာအောင် စောင့်နေသည့်တိုင် ရှီချီကလိုက်မလာခဲချေ။ စနစ်ကပြောသည်။
“မင်းရဲ့မြေးက အဲဒီစက္ကူရုပ်ကို ကိုင်တွယ်နေတာ ဖြစ်လောက်တယ်”
နင်မုန့်က ခေါင်းညိတ်သည်။
“နင်ပြောတာ မှန်တယ်ဘာဘဲဖြစ်ဖြစ် သူကအခုအချိန်မှာ ဖြောင့်မတ်မှန်ကန်တဲ့ လူကောင်းတစ်ယောက်ဘဲ သူကောက်ကျစ်စွာနှင့် မကြီးပြင်းလာခဲ့ဘူး”
ပြဇာတ်ရုံအတွင်းတွင်မူ တိတ်ဆိတ်နေသည်။ …
ရှီချီက စက္ကူရုပ်ကို လှည့်ကြည့်လိုက်သောအခါ သူ၏မျက်နှာထားက လေးနက်သွားသည်။ သူက တည်ငြိမ်စွာ မေးသည်။
“သူမကို မခြောက်နဲ့ အဲ့ဒီကိစ္စက မကြာခင်ဖြေရှင်းလို့ ပြီးသွားလိမ့်မယ်”
သူက အဆောင်လက်ဖွဲ့ကို ဖြဲလိုက်သည့်အခါ စက္ကူရုပ်က တုန်ရင်သွားသည်။
အလွန်လျင်မြန်သော အရှိန်နှုန်းဖြင့် စက္ကူရုပ်က မြေပြင်သို့ ကျော်ဖြတ်သွားပြီး အပြင်ဖက်မှ ပျောက်ကွယ်သွားကာ ထောင့်တစ်နေရာသို့ ပြန်ရောက်သွားသည်။ သူကထိုနေရာမှ တစ်လက်မပင် မရွေ့ခဲ့ဖူးသည့်တိုင်း ထင်ရသည်။

ထိုညနေတွင် ချုံခယ့်ခယ့်က အိမ်သို့မပြန်ဘဲ ကန်တင်းတွင် နေသည်။ သူမက သူမ၏မိသားစုနှင့် ငြင်းခုံခဲ့ပြီး အိမ်သို့ မပြန်ချင်သဖြင့် ကန်တင်းတွင်သာ စားလိုက်ခြင်းဖြစ်သည်။
သူမနှင့်အတူ မေးခွန်းစာရွက်များကို ယူလာခဲ့သည်။ သူမကအခန်းသို့လည်း မပြန်ချင်ချေ။ အကြောင်းမူကာ ကျောင်းသားများ ပျောက်ရှမည်ကို ဆိုးကာအခန်းတံခါးများ ပိတ်ထားလေ့ရှိသောကြောင့် ဖြစ်သည်။
ကျောင်းသားများ၏ ပစ္စည်းများပျောက်မည်ကို စိုးရိမ်သောကြောင့် ပိတ်ထားလေ့ရှိသည်။
သူမက မေးခွန်းတစ်ဝက်ခန့်ကို လုပ်ပြီးသောအချိန်တွင် သူမ၏ခေါင်းကို မော့ကြည့်လိုက်သောအခါ ကန်တင်းတွင် သူမတစ်ယောက်တည်း ဖြစ်နေခြင်းမရှိဘဲ အခြားဆံပင်ရှည်သော မိန်းကလေးတစ်ယောက် ရှိနေကြောင်း မြင်လိုက်ရသည်။
ကျောင်းကန်တင်းက အိမ်ဝေးသော ကျောင်းသူများနှင့် ဆင်းရဲနွမ်းပါးသော ကျောင်းသူများကသာ လာလေ့ရှိသည်။ ဒီနေရာရှိ အစားအစာများ၏ အရသာက အပြင်ဘက်ဆိုင်များလို မကောင်းကတည်းက ဒီနေရာသို့ လာသောကျောင်းသား ကျောင်းသူများက များပြားလေ့ မရှိချေ။ တစ်ယောက်စ နှစ်ယောက်စကသာ ဒီနေရာတွင် တစ်နေ့ခင်းလုံး နေနေလေ့ရှိသည်။
ထိုမိန်းကလေးက စားပွဲပေါ်မှ မှောက်လျက်နေပြီး အိပ်ပျော်နေသဖြင့် ချုံခယ့်ခယ့်ကလည်း သူမကိုအာရုံ မစိုက်တော့ချေ။
သူမ၏ မေးခွန်းစာရွက်ကို ဖြေပြီးနောက်တွင် ကျောင်းသူများ အတန်းသွားတက်ရန် အချိန်ကျနေလေပြီ ထိုမိန်းကလေးက နဂိုအတိုင်း ဆက်ရှိနေသေးကြောင်းကို မြင်သောအခါ သူမကသွားနှိုးရန် ဆုံးဖြတ်လိုက်သည်။ ချုံခယ့်ခယ့်က အနားသို့ ဂရုတစ်စိုက် လျှောက်သွားပြီးနောက်တွင် စားပွဲကိုခေါက်လိုက်သည်။ သို့သော် ကောင်မလေးက မတုံ့ပြန်လာချေ။
သူမက ခေါ်လိုက်သည်။
“အတန်းသူ.. အတန်းသူ အတန်းတွေစတော့မယ်”
လေးကြိမ်ငါးကြိမ်သည့်တိုင် ဆက်တိုက် ခေါ်ပေးနေသော်လည်း ကောင်မလေးက မလှုပ်လာသလို အသံပင်မပြုသဖြင့် အိပ်နေရင်း သေသွားပြီဟုပင် ခံစားလိုက်ရသည်။
ချုံခယ့်ခယ့်က နောက်ဆုံးတွင် လက်ဆန့်ထုတ်လိုက်ပြီး သူမကိုအသာယာ တို့ကြည့်လိုက်သည်။
“အတန်းဖော် အတန်းက စတော့မယ် နှောင့်ယှက်ရတာတော့ စိတ်မကောင်းပါဘူး”
သူမက မျှော်လင့်ထားသည်မှာ ထိုသို့အသာလေး တို့လိုက်ရုံမျှဖြင့် ကောင်မလေးက ဘေးသို့ ရောက်သွားစေပြီး ကွေ့ကောက်သော ပုံစံအတိုင်း လှဲလျက်တုံ့ပြန်မှု မရှိဘဲရှိနေခြင်း ဖြစ်သည်။
ချုံခယ့်ခယ့်က စိတ်ထဲတွင် အထိတ်တလန့် အော်လိုက်မိသည်။
“ငါတွန်းလိုက်မိလို့ လက်မောင်းကျိုးသွားတာတော့ မဟုတ်လောက်ပါဘူးနော်”
ခံစားချက်က မကောင်းတော့သဖြင့် သူမက အားနည်းနည်း ပိုသုံးလိုက်သည်။ သို့သော် ကောင်မလေးကမူ အသိစိတ်မဲ့နေသလို ဖြစ်နေလေသည်။ ချုံခယ့်ခယ့်က တစ်ကိုယ်တော်ပြပွဲ လုပ်နေသလိုမျိုး မည်သည့်တုံ့ပြန်မှု ကိုမျှပေးမလာခဲ့ချေ။ ချုံခယ့်ခယ့်က နောက်ဆုံးတွင် တစ်စုံတစ်ရာက မှားယွင်းနေကြောင်း ခံစားလိုက်မိပြီး သူမ၏ခံမှန်းချက်ကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ဖက်က အသက်ရှူနေ သေးသော်လည်း မနိုးလာခြင်းသာ ဖြစ်သည်။ ကံကောင်းစွာဖြင့် သူမနှင့်အတူ ဖုန်းကိုယူလာခဲ့သည်။ ထို့ကြောင့် 120ကိုခေါ်လိုက်သည်။
အတန်း(၆)မှ လူများက ထိုမတော်တစ်ဆမှုအကြောင်း ပြောပြီးကတည်းက ထိုမိန်းကလေး၏ အခြေအနေက ဇာတ်လမ်းထဲမှ အခြေအနေနှင့် ကွားခြာခြင်းမရှိဟု ခံစားရသည်။ ဒါက အလွန်ပင် ခံစားရသည်။
120ကို ခေါ်ပြီး ရောက်လာမည့် အချိန်ကို စောင့်ရင်း သူမက ဆရာကို လျင်မြန်စွာ သွားရှာလိုက်သည်။

နင်မုန့်က ပြဇာတ်ရုံထဲမှ ထွက်လာသည့်အချိန်တွင် လူတစ်ယောက်နှင့် တိုက်မိပြီး လဲကျသွားသည်။ ထိုလူကလည်း အားယိုးဟု အော်ပြီးသူမ၏ ရှေ့တွင်လဲကျလာသည်။ ထိုသူက ချုံခယ့်ခယ့်ဖြစ်သည်။ သူမကလည်း မျက်နှာကအလွန် ထိတ်လန့်နေဟန်ရသည်။
“ခယ့်ခယ့်..”
နင်မုန့်က သူမကို သိလိုစိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။
“ဘာလို့ အလောတကြီး ပြေးလာတာလဲ ဘာလို့လဲ”
ချုံခယ့်ခယ့်က ခြေထောက်ကို ပွတ်ပြီးနောက်တွင် သူမ၏ ထူပေးမှုအတိုင်း ထလာကာ ခပ်တိုးတိုးပြောသည်။
“ငါတို့အတန်းကို မြန်မြန်ပြန်ပြီး ရုံးခန်းထဲမှာ ဆရာရှိမရှိ သွားကြည့်ရမယ်”
နင်မုန့်က သူမကိုတွဲပေးရင်း ကျောင်းအဆောင်များထဲ လှည့်လာသည်။
“ဘာဖြစ်လို့လဲ”
“နောက်ထပ် မိန်းကလေးတစ်ယောက် သတိမေ့သွားပြန်ပြီ”
ချုံခယ့်ခယ့်၏ မျက်နှာထားက အလွန်လေးနက်သော်လည်း ထိတ်လန့်မှုကလည်း ပါနေသည်။
“ဒီတစ်ကြိမ်မှာ ငါ့ရဲ့ကိုယ်ပိုင် မျက်လုံးနဲ့ ငါကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရတာ”
သူမက အဖြစ်အပျက်များကို ပြန်ပြောပြသည်။
နင်မုန့်၏အသက်ရှူသံက မြန်သွားပြီး တစ်စုံတစ်ရာကို တွေးမိကာပြောသည်။
“ခယ့်ခယ့် ရုံးခန်းကိုအရင်သွားပါလား ငါ ကန်တင်းကို သွားပြီးကြည့်လိုက်မယ် ဆရာဝန်က လာနေလောက်ပါပြီ”
ချုံခယ့်ခယ့်က ပြန်ပြောသည်။
“ကောင်းပြီလေ”
နှစ်ယောက်သားက လမ်းခွဲလိုက်ကြသည်။ အပြင်ဘက်တွင်လည်း ဆေရုံကားသံက ထွက်လာပြီး လုံခြုံရေးကလည်း ခပ်မြန်မြန်ပင် ကားကိုအထဲသို့ ဝင်ခိုင်းကာ ဦးဆောင်ခေါ်လာပေးသည်။
နင်မုန့်ကလည်း ထိုအခြေအနေကို မြင်သောအခါ ကန်တင်းဘက်သို့ လျင်မြန်စွာ ဦးတည်လိုက်သည်။
သူမရှိနေသော နေရာမှကန်တင်းသို့ အကွာအဝေးက မဝေးသည့်အတွက် သိပ်မကြာခင်မှာတင် ရောက်သွားသည်။ ချုံခက်ခဲ့က ထားခဲ့သောစာအုပ်က ဘေးဘက်တွင် ရှိနေပြီးကောင်မလေးကလည်း ထိုအတိုင်းသာ လည်းနေသည်။
နင်မုန့်က အရှိန်ကိုနှေး ချလိုက်ပြီး အနားသို့ကပ်သွား ရင်းတံတွေး မျိုချလိုက်သည်။ စနစ်ကသူမကို ပြောသည်။
“ဒီကောင်မလေးက စိတ်ဝိညာဉ်ပျောက်သွားပြီ”
နင်မုန့်ကမေးသည်။
“စိတ်ဝိညာဉ်ပျောက်သွားတယ် ဟုတ်လား”
စနစ်ကဖြေးညှင်းစွာ ရှင်းပြသည်။
“လူသားတွေမှာ ထာဝရစိတ်ဝိညာဉ်သုံးခုနဲ့ သေမျိုးပုံစံ(၇)ခုဆိုတာ ရှိတယ် သေမျိုးစိတ်ဝိညာဉ်က ယင်ဘက်ကို ရောက်ပြီး ထာဝရစိတ်ဝိညာဉ်က ယန်ဘက်ကို ရောက်တယ် ဒီတော့ လူတစ်ယောက်ရဲ့ ထာဝရစိတ်ဝိညာဉ်က ဆုံးရှုံးဖို့လွယ်ကူတယ် ဒါကြောင့် ထာဝရစိတ်ဝိညာဉ်ကို ဆုံးရှုံးစေတာက ပုံမှန်မဟုတ်ဘဲ ပေါ်ထွက်လာဖို့ ခက်ခဲပါတယ် ဒါပေမဲ့အခု သူမက ထာဝရစိတ်ဝိညာဉ်ကို ဆုံးရှုံးလိုက်တာဆိုတော့ အခုလိုအပေါ်ယံမှာတော့ သတိမေ့သွားသလို ပုံစံပေါ်နေတော့တာပဲ”
သူမက ဘာမှမလုပ်နိုင်ခင်မှာပင် ဆရာဝန်သူနာပြုများက ကန်တင်းထဲသို့ ဝင်လာကြပြီး ကောင်မလေးကို လျင်မြန်စွာဖြင့် တွန်းလှည်းပေါ်သို့ တင်ကြကာ သူမ၏အရှေ့မှ ပျောက်ကွယ်သွားသည်။
နောက်တွင်ကျန်နေရစ်ခဲ့သော သူနာပြုက သူမကိုပြောသည်။
“အတန်းဖော် ဘာတွေဖြစ်သွားလဲ ဆိုတာကို သိလား ဒီကောင်မလေးက အခုဘယ်လို သတိမေ့သွားတာလဲ”
နင်မုန့်က ခေါင်းခါသည်။
“ကျွန်မလည်း မသိပါဘူး ဖုန်းခေါ်လိုက်တဲ့ အတန်းဖော်က အတန်းပိုင်ဆရာမကို သွားရှာနေပါတယ် ကျွန်မက လာကြည့်ပေးရုံဘဲ”
သူမထံမှ ဘာအဖြေမှ မရနိုင်တာ သေချာသောအခါ ထိုသူနာပြုကလည်း အချိန်မဖြုန်းတော့ဘဲ ခပ်မြန်မြန်ဖြင့် အပြင်သို့ ပြေးထွက်သွားပြီး သူမ၏မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။ ချက်ချင်းဆိုသလို သူမတစ်ယောက်ထဲကသာ ကန်တင်းတွင် ကျန်နေတော့သည်။
နင်မုန့်က စနစ်၏ယခုလေးတင် ပြောသွားသောစကားများကို တွေးတောနေပြီး သတိလက်လွတ် ဖြစ်နေသူဖြစ်သည်။
“ကျောင်းထဲမှနေရင်း ဘယ်လိုဖြစ်လို့ စိတ်ဝိညာဉ်ကို ဆုံးရှုံးလိုက်ရတာလဲ ဒါကဘယ်လိုတောင် ပေါက်ကရ စကားလဲ”
“ကျောင်းထဲမှာ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ အရာမျိုးရှိနေလို့လား”
သူမ၏ခေါင်းထဲတွင် စက္ကူအရုပ်နှစ်ရုပ်၏ ပုံသဏ္ဌာန်များက ပေါ်လာပြီးနောက် သူမ၏အတွေး ဦးတည်ရာက ပြောင်းလဲသွားသည်။ ထိုအရုပ်များကြောင့် သူတို့ကကြောက်လွန်းသဖြင့် စိတ်ဝိညာဉ် လွင့်သွားခြင်းလားဟု တွေးမိသွားသည်။
နင်မုန့်ကမေးသည်။
“ဒါဆိုရင် ငါတို့ သူမရဲ့ စိတ်ဝိညာဉ်ကို ဘယ်လိုပြန်ရှာရမလဲ ပြန်ခေါ်လာလို့ ရနိုင်လား”
ကလေးများက ကြောက်လန့်နေသည့် အချိန်တွင် သူတို့၏စိတ်ဝိညာဉ်က ကိုယ်အတွင်းမှ ထွက်ခွာသည်။ဟု လူအသိတစ်ယောက်က ပြောတာကြားဖူးသည်။ ထိုအချိန်တွင် သူတို့၏စိတ်ဝိညာဉ်ကို ပြန်ခေါ်ရန်လိုအပ်သည်။ အသက်ပိုကြီးပြီး ကလေး၏စိတ်ဝိညာဉ် ပျောက်ဆုံးသွားသော နေရာမှကလေး၏ ကိုယ်ပိုင်ပစ္စည်းကိုယူကာ နေရာကျယ်ကျယ် သို့မဟုတ်ကွင်းပြင်လို နေရာမျိုးတွင် နာမည်ကိုအော်ခေါ်ရသည်။ဟု ကြားဖူးသည်။
အတိတ်တွင် သူမက ထိုကဲ့သို့သော အရာမျိုးကို မယုံကြည်ခဲ့ချေ။ သို့ရာတွင် ယခုမူသူမ၏ မျက်လုံးဖြင့်ပင် သရဲများတည်ရှိခြင်းကို မြင်ခဲ့ဖူးပြီလေရာ မယုံကြည်သော အရာဟူ၍ မရှိတော့ချေ။
စနစ်က သူမကို နောက်ထပ် တုံ့ပြန်လာသည်။
“ဒါက မဖြစ်နိုင်ဘူး ကြောက်လွန်းလို့ စိတ်ဝိညာဉ် လွှင့်သွားတာနဲ့ မတူဘူး သူမရဲ့စိတ်ဝိညာဉ်က သာမန်အခြေအနေမျိုးမှာ ပျောက်ဆုံးသွားတာ ဒီတော့ စိတ်ဝိညာဉ်ကို ခိုးသွားတဲ့လူကို လိုက်ရှာရမယ်”
နင်မုန့်ကဖြေသည်။
“ဒါဆိုရင် ငါ ဘယ်နေရာကနေ စရှာရမှာလဲ”
သူမ၏ယင်ယန် မျက်လုံးက စိတ်ဝိညာဉ်ကို မမြင်နိုင်ချေ။ သရဲများနှင့် ကြောင်တောင်တောင် အရာများကိုသာ မြင်နိုင်လေသည်။ သူမက သဘာဝလွန်သော ဖြစ်တည်မှုများကိုလည်း မမြင်နိုင်ပေ။
စနစ်ကတုံ့ပြန်သည်။
“မင်းရဲ့မြေးကို အရင်ရှာပါ”
နင်မုန့်က မျက်လုံးပြူးသွားပြီးနောက် အချိန်တန်ကြာမှ ပြန်ဖြေလာသည်။
“နင်ပြောတာလဲ ဟုတ်တာပဲ။ ဒါပေမဲ့ သူက ငါ့ကို အဘွားလို့မခေါ်တော့ဘူး ဟူး… ငါက အကြီးအကဲ ရာထူးကနေ ကျသွားပါပြီ”
သူမက ကန်တင်းတွင် ထိုင်နေပြီးနောက်တွင် ဝမ်းနည်းညှိုးငယ် နေခဲ့သည်။ အချိန်တစ်ခုကြာမှသာ အတန်းသို့ ပြန်လေသည်။
အတန်းထဲတွင် လူအများရောက်နေကြပြီ ဖြစ်သည်။ ချုံခယ့်ခယ့်ကလည်း သူမ၏နေရာတွင် ပြန်ရောက်နေပြီး မျက်နှာထားက မကောင်းချေ။
ချုံခယ့်ခယ့်က သူမကို မြင်သောအခါ မေးလာသည်။
“နင်နင် ဆေးရုံကို ပို့လိုက်ပြီလား”
နင်မုန့်က ခေါင်းညိတ်သည်။
“ဆရာဝန်တွေက ခေါ်သွားကြတယ်”
ထိုကဲ့သို့သောကိစ္စက ကျောင်းတွင် ဖြစ်လာလေသည်။ တစ်ကြိမ်ဖြစ်လာလျှင် ပြဿနာမရှိသော်လည်း နှစ်ကြိမ်ဖြစ်လာလေရာ လူအများက စတင်ကာ ကြောက်စရာ ကောင်းသည်များကို တွေးတောနေကြသည်။ သူမက ချုံခယ့်ခယ့်ကို နှစ်သိမ့်ပေးပြီး တစ်ခဏခန့်ကြာမှသာ ခေါင်းလောင်းမြည်သဖြင့် သူမ၏နေရာသို့ ပြန်သည်။ သို့သော် သူမ၏ မြေးဖြစ်သူက မရောက်သေးကြောင်း သိလိုက်ရသည်။
အတန်းစပြီး တစ်ဝက်ခန့်ကြာမှသာ ရှီချီက ပြန်ရောက်လာသည်။ မျက်နှာထားကမူ အတန်ငယ် ဖြူဖျော့နေပြီး ဖျားနာနေသော မင်းသားငယ် တစ်ပါးလား ထင်ရသည်။
ဆရာကလည်း သူ့ကို အကြောင်းပြချက် မမေးချေ။ ဒီအတိုင်း သူ့နေရာသို့ ပြန်ထိုင်ခိုင်းလိုက်သည်။
နင်မုန့်က သက်ပြင်းချသည်။ ကျောင်းသားကောင်းများက ကွဲပြားစွာ ဆက်ဆံခံရသည်ဟု တွေးလိုက်မိလိုက်သည်။ သို့ရာတွင် ရှီချီက ဒီနေ့လည်တွင် တွေ့ရသောမြင်ကွင်းကို ပြန်တွေးမိသော် သူမက မျက်နှာကို အုပ်ချင်သွားသည်။ သူမက ဖြောင့်မတ်ပြီး ဂုဏ်ယူဖွယ်ရာ မဟာအဘွား ဖြစ်ခဲ့သည်။
“ဒါတောင် သူ့ရဲ့ရှေ့မှာ ဘယ်လိုရူးကြောင်ကြောင် ပြုမှုလိုက်တာလဲ”
ကံကောင်းစွာဖြင့် ရှီချီက သူမကို လက်ပူးလက်ကြပ် မမိသွားခဲ့ချေ။

“ငါ မမျှော်လင့်ထားဘူး အဘွားက တာအိုပညာရှင်ဖြစ်နေတယ်”
“ဒါပေမဲ့ ဘာလို့ တာအိုပညာတွေက သူမကို လက်မခံကြတာလဲ”
ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီ
####

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset