အပိုင်း (၃၆) အဘွားက ဆူညံနေတာကို ကြိုက်တယ်နဲ့ အားအင်ကုန်ခမ်း၍ မောပန်းနွမ်းနယ်သွားခြင်း
ရှီချီ၏ စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးပေါင်းများစွာ လွှမ်းခြုံလာပြီး နောက်မှသာ သူက သက်ပြင်းကို လေးလံစွာချ၍ မျက်လုံးကို လေးလံစွာ မှိတ်လိုက်သည်။ ထိုအကြောင်းအရာကို မေးမြန်းခြင်း မပြုတော့ချေ။ သူက ပြတင်းပေါက်ကို လှည့်ကြည့်လိုက်သောအခါ ပြောင်ရှင်းနေသော ဖန်သားကိုသာ မြင်ရသည်။ သို့ရာတွင် သူက လက်ဆန့်တန်းပြီး ထိတွေ့လိုက်ချိန်တွင် သေချာစွာဖြင့် ထိုနေရာတွင် အမှုန့်များ ရှိနေပြန်သည်။
ယခင်တစ်ခေါက်နှင့် တူညီနေသည်။ သူ၏ခန္ဓာကိုယ်ကို ထိတွေ့လိုက်မိသော အေးစိမ့်သွားသလို ခံစားချက်ကလဲ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။
ဒီဆယ်နှစ်အတွင်း သူ၏ဦးလေးဖြစ်သူ၏ အကူအညီကြောင့် သူကိုယ်တိုင်ကလည်း သူ၏ကိုယ်ပိုင် ခန္ဓာကိုယ် တည်ဆောက်မှုအပေါ် လုံလောက်အောင် နားလည်ခဲ့ပြီးသား ဖြစ်သည်။ ယင်သဘာဝအရာများနှင့် ပတ်သတ်သော တစ်စုံတစ်ရာမျိုးက သူ့ကို ထိတွေ့လိုက်မိသည့် အချိန်တိုင်း သူတို့က သူ၏အနားတွင် နီးကပ်စွာ မရပ်နေနိုင်ကြသလို လောင်ကျွမ်း ပြာကြသွားနိုင်တတ်သည်။ သို့မဟုတ်လျှင်လည်း သူတို့ဟာ ထွက်ပြေးသွားတတ်လေသည်။ သို့ရာတွင် ပို၍ပင် လုံးလုံးလျားလျား ဆန့်ကျင်စွာဖြင့် အံ့အားသင့်စရာ ကောင်းနေသည်မှာ ထိုယင်အရာများက သူ၏တည်ဆောက်ပုံကို နှစ်သက်ခြင်း ဖြစ်သည်။
အိမ်မှ အသိစိတ်ပင် မရှိသော ထိုတစ္ဆေငယ်များဆိုလျှင် သူ၏ခန္ဓာကိုယ်ကို ပွတ်သပ်နေရခြင်းကို သဘောကျသည်။ ထိုသို့သော အခြေအနေမျိုးတွင် သူက သူတို့ကို ထိတွေ့ရန် လက်အိတ်ကို ဝတ်ဆင်ထားလေ့ ရှိသည်။ ယခုအခါ သူက အခြားသော နည်းလမ်းတစ်ခုကို ရှာတွေ့ထားသည်။ ဒါက သူ၏လက်ကို ကြည်လင်သော ဆေးရည်ဝတ်ထား လိုက်ရုံမျှဖြင့် အထူးလက်အိတ် ဝတ်ထားသလိုမျိုး တူညီသော သက်ရောက်မှုကို ပေးစွမ်းနိုင်ခြင်း ဖြစ်သည်။ သို့သော် သူ့အနေဖြင့် ကျင့်သားမရသေးချေ။
ရှီချီက လက်ချောင်းများကို ဖြန့်ကြည့်လိုက်ပြီး နောက်တွင် ခပ်နှေးနှေး ပြန်ဆုတ်လိုက်သည်။
ဒီကျောင်းအတွင်းတွင် ပြန်ပေါ်လာသော ထိုအရာက အရိပ်အဖွဲ့နှင့် ပတ်သက်နေရပေမည်။ သူတို့က ကိုယ့်ကိစ္စ ကိုယ်လုပ်လျှင် သူကလည်း ဂရုစိုက်ရန် မလိုချေ။ သူတို့ကသာ အကန့်အသတ်ကို ကျော်လာလျှင် အခြေအနေက မတူတော့ချေ။ သာမန်အခြေအနေမျိုးအနေနှင့် လူအချို့ကို ခြောက်လှန့်ခြင်းမျိုးကိုလည်း ထည့်တွက်၍ရသည်။
သို့ရာတွင် သူက တုန်ရင်နေသော နင်နင်ကို လှည့်ကြည့်လိုက်ပြီး အဆုံးတွင် ပြတင်းပေါက် ဘောင်ပေါ်မှအရာကို ပြန်တွေးလိုက်မိသည်။
ထိုပြတင်းပေါက်ဘောင်၏ အောက်ဖက် နံရံတွင် စက္ကူအရုပ်တစ်ခုက ကပ်နေသည်။
ထိုစက္ကူအရုပ်၏ မျက်နှာက ယုတ်မာတော့မလို မျက်နှာထားမျိုး ရှိနေပြီး အပေါ်ကို ပြန်ကုတ် တက်ခြင်သည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ရာနှင့် ထိတွေ့လိုက်မိသလိုမျိုး အောက်သို့ ပြန်ကျလာကာ မြေပြင်တွင် လွင့်သွားတော့သည်။
လျင်မြန်စွာဖြင့် သူက ခြေပြန်ချနိုင်ပြီး စပြီး ပြေးသွားတော့သည်။
ပြတင်းပေါက်ဘောင်က ယခင်အတိုင်း ပြန်ငြိမ်းချမ်းသွားပြီး တိတ်ဆိတ်သွားသည်။ အခန်းများရှိ အခြားလူများကလည်း ဖြစ်သွားသော အခြေအနေများကို လုံးဝ မသိထားကြချေ။
နင်မုန့်က တည်ငြိမ်ချင်ယောင်ဆောင်နေသည့်တိုင်အောင် စိတ်အတွင်းတွင်မူ စက္ကူရုပ်အကြောင်းကို ဆက်တွေးနေလေသည်။
အချိန်အတန်ကြာပြီးမှသာ သူမက အသိများအားလုံးကို စုစည်းလိုက်ပြီး စက္ကူရုပ်ကို လှည့်ကြည့်လိုက်ကာ မရှိတော့ကြောင်းကို သိလိုက်ရသည်။ ယခင်က ဖြစ်သွားခဲ့သည့်အတိုင်း သဲလွန်စပင် မရှိအောင် ပျောက်ကွယ်သွားသည်။
အဆုံးတွင် သူမက systemကို မေးလိုက်သည်။
“ဘာလို့ စက္ကူ အရုပ်က ဒီနေရာကို ပြေးလာတာလဲ ငါ့ကို စားချင်လို့လား”
အစပိုင်းတွင် စက္ကူရုပ်က ထူးဆန်းစွာ ပြုံးပြရုံသာ လုပ်ခဲ့သည်၊ ထို့နောက်တွင် သူမကို စတင်ကာ ခြောက်လှန့်လာသည်။
နင်မုန့်အနေနှင့် သူမက မဟာလူသားစွမ်းရည်ကို ပိုင်ဆိုင်ထားသော မြေးဖြစ်သူ၏ အနားတွင်သာ ထိုင်နေခြင်း မဟုတ်လျှင် ထိုစက္ကူရုပ်က ပြတင်းပေါက်ကိုပင် ဖောက်ဝင်လာကာ သူမကို ကိုက်လိုက်မည်ဟု ခံစားရသည်။
“ငါ ဘယ်လိုဖြစ်ပြီး ဒီကိစ္စထဲမှာ ပါသွားပြန်တာလဲ”
စနစ်ကလည်း သူမကို ရှင်းပြသည်။
“မင်းရဲ့ခန္ဓာကိုယ်က ယင်သဘာဝစွမ်းအင်တွေ ပိုင်ဆိုင်ထားလို့ အလိုအလျောက် ယင်နဲ့ပတ်သက်တဲ့ အရာတွေက ဆွဲဆောင်ခံရသလို ခံစားရတာပဲ။ အခုငါတွေးမိတာက အဲ့ဒီလူအိုကြီးက မင်းကို သူတို့ဆီ မလာလည်ခိုင်းချင်တာက ဒီကိစ္စကြောင့် ဖြစ်လောက်တယ်”
နင်မုန့်က ဒေါသတကြီး အော်သည်။
“ဒီအရိပ်ပြဇာတ်အဖွဲ့က ကောင်းတဲ့လူတွေ မဟုတ်မှန်း ငါသိနေတယ် သူတို့က ဒီလိုအရာမျိုးတွေတောင် ရှိနေတာပဲ”
လျှို့ဝှက်စွာဖြင့် စက္ကူအရုပ်များဖြင့် မျက်လုံးဆွဲပြီး လူအများကို ခြောက်လှန့်နေခြင်း ဖြစ်လောက်သည်။ သာမန်အရိပ် ပြဇာတ်အဖွဲ့က ဒီလိုအရာမျိုးကို မလုပ်နိုင်ချေ။
ကံကောင်းစွာဖြင့် ထိုစက္ကူအရုပ်က ထွက်ပြေးသွားနှင့်နေပြီ ဖြစ်သည်။ သူမက ထပ်ခါတလဲလဲ ရပ်ကြည့်သော်လည်း ပြန်ပေါ်မလာတော့ကြောင်း မြင်ရမှသာ အနည်းဆုံး သူမ၏ အဖြေစာလွှာများကို လေ့ကျင့်နိုင်တော့သည်။
သူမ၏စာမေးပွဲတွင် အမှတ်ကောင်းကောင်း မရလျှင် စက္ကူအရုပ်ကိုသာ အပြစ်တင်ရတော့ပေမည်။
…
နောက်ရက်အနည်းငယ် အတွင်းတွင် အချို့သော အကြောင်းပြချက်များကြောင့် နင်မုန့်က သာမန်နှင့်ထူးခြားစွာ ကွဲထွက်နေသော အရာများကို မမြင်ရသည့်အတွက် သူမ၏တင်းနေသော သွေးကြောများကလဲ ပြေလျော့သွားခဲ့ရသည်။
ထိုအချိန်အတောအတွင်းတွင် သူမအနေဖြင့် ပြဇာတ်ရုံသို့ ဘယ်သောအခါမှ မသွားတော့ချေ ကျောင်းဆင်းသည့်နှင့် ကျောင်းသားကျောင်းသူများ စုပုံကာထွက်နေကြသော အချိန်ကို ယူပြီး တစ်ချိန်တည်းတွင် ပြေးထွက်လေ့ရှိသည်။
သူမအနေဖြင့် တစ်ယောက်တည်းသာ ကျန်ခဲ့လျှင် မျက်စိဒေါက်ထောက် အကြည့်ခံရမည်ကို စိုးရိမ်နေသည်။
မုန့်ဆိုင်မှ စီးပွားရေးကလည်း အနည်းငယ် ကျသွားသော်လည်း ကောင်းမွန်နေသေးသည်ဟု သတ်မှတ်၍ရသည်။
လျန်ဖုန်းမိန်၏ လက်ရာက မဆိုးရွားချေ။ ကျောင်းလာတက်သူ အများအပြားက မကြာခဏ လာဝယ်စားလေ့ရှိသည်။ ပို၍ဆိုးသည်မှာ သူတို့မှာ စူပါမားကတ်မှ မုန့်များကို မကြာခဏ စားနေရသဖြင့် လက်ဆတ်သော အရာများကို စားချင်ကြသည်။
နင်မုန့်ကလည်း ဆိုင်ကို ကျောင်းဆင်းသည့်အခါ မကြာခဏ ကူပေးလေ့ ရှိသဖြင့် သူမ၏ အတန်းဖော်များ လာဝယ်သည့်အချိန်နှင့် ကြုံ၍စကားစမြည် ပြောဖြစ်သည်။
တတိယနှစ်၏ ဘဝက သူမမျှော်လင့်ထားသလောက် ထိတ်လန့်စရာ မကောင်းချေ။
ထို့အပြင် နင်နင်၏ မှတ်ဉာဏ်ကလဲ ရှိနေသေးလေးရာ ဒါက သူမအတွက် ကြီးမားသော အကူအညီကြီး ဖြစ်သည်။ အတန်းအတွင်းတွင် နားထောင်ရုံနှင့် နားလည် သဘောပေါက်နိုင်စွမ်းအားက နင်မုန့်၏ မှတ်ဉာဏ်အတွင်းတွင် ရှိနေပြီးသား ဖြစ်သည့်အလျောက် သူမလုပ်သင့်သည့် အရာများကို လုပ်နိုင်စေရန် ကူညီပေးသလို ဖြစ်သွားသည်။
အတန်းအတွင်းတွင် စမ်းသပ်စာမေးပွဲ အသေးစားတစ်ခု ဖြေဆိုပြီးသောအခါ နင်မုန့်က ထိပ်ဆုံးဆယ်ယောက် စာရင်းဝင်ဖြစ်သွားသည်။ သူမတွက် မမျှော်လင့်ထားသော အရာက ရှီချီက ပထမနေရာရပြီး ဒုတိယနေရာထက်ပင် အမှတ်များနေခြင်းဖြစ်သည်။ ထို့အပြင် သူမ၏အတန်းဖော်များကလည်း ထိုအချက်ကို ကျင့်သားရနေသလိုမျိုး မေးခွန်းမေးမြန်းခြင်း စသည်ဖြင့် လာလုပ်သည့် အခါတွင်လည်း ရှီချီက စိတ်ထဲမထားဘဲ အားလုံးကို ဖြေဆို ပေးသေးသည်။
“ရှီချီက ငါတို့ကျောင်းရဲ ထိပ်ဆုံးအဆင့်တစ် ငါ့တို့ရဲ့ကျောင်းအုပ်က နောက်နှစ်ကောလိပ် ဝင်ခွင့်စာမေးပွဲမှာလည်း ထိပ်ဆုံးအမှတ်ကို ရဖို့ မျှော်လင့်နေမယ်လို့ ငါထင်တယ် အဲ့ဒီအတိုင်းသာ ဖြစ်လာလျှင် သူ ပျော်လွန်းလို့ သေသွားလောက်တယ်”
“အင်း ငါတို့စားမေးပွဲဖြေတိုင်း သူက အဆင့်တစ်ရနေကျပဲလေ ငါတို့တွေက ကျင့်သားရနေပါပြီ”
“ကျောင်းစတက်တုန်းက သူ့ရဲ့အမှတ်တွေက ကောင်းနေပြီးသား ဆိုတော့ ဒီတိုင်းဖြစ်နေတာက ပုံမှန်လိုဖြစ်နေပါပြီ သူက လွန်ခဲ့တဲ့ နှစ်နှစ်လုံးလည်း အမှတ်ကျသွားတာမျိုး မရှိတော့ ဆရာတွေ အားလုံးကလည်း သူ့ဆို တအားချစ်ကြတာ”
“မင်းတို့နားမလည်တဲ့ မေးခွန်းတွေရှိရင် သူ့ကို သွားမေးလိုက် သူ အားလုံးဖြေပေးနိုင်တယ်”
…
နင်မုန့်ကမူ သူမ၏အတန်းဖော်များစကားကို မယုံကြည်နိုင်တော့ချေ။ ထိုကလေး၏အမှတ်က ဝတ္ထုတွင် ရေးထားသလိုမျိုး ကောင်းမွန်လွန်းနေသည်။ သူက မောက်မာထောင်လွှားခြင်းလည်း မရှိသလို စိတ်မရှည်လဲ မဖြစ်ပေ။
သို့ရာတွင် ဒါကလဲ ဖြစ်နိုင်ချေရှိသည်။ မည်သို့ပင်ဆိုစေ သူက အမြဲတစေ ကျောင်းတွင် စာရေးနေခြင်း အစမ်းမေးခွန်းပုံစံများကို တစ်ခါပြီးတစ်ခါ ဖြေဆိုခြင်းကိုသာ မြင်နေရလေရာ သူ၏အမှတ်က ထိပ်ဆုံးမရောက်မှသာ ထူးဆန်းနေပေမည်။
အခြေအနေကို အတန်ငယ် နားလည်သွားပြီးနောက်တွင် နင်မုန့်က ဂရုစိုက်မနေတော့ချေ။ သူမက နဂိုမူလကမူ ထိုကောင်စုတ်ကလေးက ပုံမှန်အတိုင်း ကြီးပြင်းရန် မျှော်လင့်ထားပြီး ဝတ္ထုထဲတွင် ရေးထားသလိုမျိုး ဆိုးရွားရက်စက်သောအရာများကို မလုပ်မိစေရန် ပါဝင်မပတ်သက်မိစေရန် မျှော်လင့်ခဲ့သည်။ ယခုကြည့်ရသည်မှာ သူက လမ်းကြောင်းမှန်ပေါ်တွင် ရှိနေသည်။ အနည်းဆုံး ရှီမိသားစုက မကျဆုံးသွားသလို သူကလည်း ကောင်းကောင်းမွန်မွန် စာလေ့လာနိုင်ခဲ့လေသည်။
ရှီရှန်ကျင်းက မည်သည့်အခြေအနေအထိ တိုးတက်နေပြီ ဖြစ်ကြောင်း သူမက မသိသော်လည်း အစပိုင်းတွင်လည်း သူက သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်သာ ဖြစ်သည်။
နင်မုန့်က တစ်တန်းလုံးတွင် ပေါက်ကရအကြောင်းများကို တုန်တုန်ရီရီ တွေးတောနေပြီး နောက်ဆုံးအသိ ပြန်ဝင်လာသောအခါ သူမ၏ ပတ်ဝန်းကျင်မှ လူများ၏စကားက အကြောင်းအရာတစ်ခု အဖြစ်ပြောင်းလဲသွားပြီ ဖြစ်သည်။
“တကယ်လား ကြားရတာ ဘာလို့ကျောချမ်းစရာ ကောင်းနေတာလဲ ကြောက်စရာကောင်းလိုက်တာ”
ထိုစကားကို ကြားလိုက်ရသည့် အချိန်တွင် သူတို့၏ မျက်နှာထားများကလည်း မကောင်းကြောင်း မြင်လိုက်ရသဖြင့် သူမက မတ်တပ်ထရပ်ကာ ထိုနားသို့ လျှောက်သွားပြီး တအံ့တဩ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
သူမက ဒီအတန်းတွင် ရက်ပေါင်းများစွာ တက်ခဲ့ပြီးသာဖြစ်ပြီး အတန်းဖော် အများစုနှင့် ရင်းနှီးနေပြီးသား ဖြစ်သည်။ ပို၍ဆိုးသည်မှာ သူမ၏စရိုက်ကလဲ ကောင်းမွန်သလို အများစုကလဲ သူမနှင့်ပေါင်းသင်း ဆက်ဆံရသည်မှာ အဆင်ပြေသည်ဟု ထင်ကြသည်။
ချုံခယ့်ခယ့်ဆိုသော အမည်ရသည့် မိန်းကလေးကလဲ ဉာဏ်အလွန်ကောင်းသည်။ သတင်း(9:27)
သူမက ထိုထိပ်တန်းသတင်းများကို မည်သို့ချက်ချင်း သိနိုင်ကြောင်း မည်သူကမျှ မသိနိုင်ချေ။
ချုံခယ့်ခယ့်ကလည်း နင်မုန့်၏ ညှင်သာသိမ်မွေ့ပြီး သေးသွယ်သော ခန္ဓာကိုယ်ပုံပန်းသွင်ပြင်ကို သဘောကျကာ မကြာခဏပင် ဦးစွာစကား လာပြောလေ့ရှိကာ သူမကို နောက်ပြောင် တတ်လေ့ရှိသည်။
သို့ရာတွင်မူ သူမက ထိုသို့နောက်ပြောင်ရန် စိတ်အခြေအနေ ရှိနေပုံမရချေ ချုံခယ့်ခယ့်၏ မျက်နှာကအလွန် နွမ်းလျှနေသည် သူမကခပ်တိုးတိုး ပြောလာသည်။
“နင်နင် နင်သိအုံးမှာ မဟုတ်ဘူး အပေါ်ထပ်က အတန်း(၆)ကလေ အချို့ အကြောင်းပြချက်ကြောင့် ကောင်မလေး တစ်ယောက်က ရုတ်တရက် အားအင် ကုန်ခမ်း နွမ်းနယ်ပြီး မေ့မျောသွားတယ်”
ထိုစကားကို သူမ ထိုအခန်းထဲရှိ သူငယ်ချင်းတစ်ယောက်ထံမှ ကြားထားခြင်းဖြစ်သည်။
အခန်(၆)က ဒုတိယထပ်တွင် ရှိပြီး အခန်း(၁)ကမူ လျှောက်လမ်းတစ်လျှောက် ထောင့်စွန်းအစွန်းတွင် တည်ရှိခြင်းဖြစ်သည်။ အဆောက်အဦး တစ်ခုချင်းစီတိုင်းက နှစ်ထပ်စီရှိပြီး အဆုံးနားတွင် လှေကားထစ်များ ရှိသည်။ အခန်း(၆)က အခြားတစ်ဖက်တွင် ရှိခြင်းလည်း ဖြစ်သည်။
နင်မုန့်က ထိုအကြောင်းကို မသိထားလျှင် မျက်လုံးအပြူးသား ဖြစ်သွားလေပြီး ထိုအကြောင်းအရာကို ဆက်မေးလေသည်။
“ရုတ်တရက်ကြီးလား နေပါအုံး သူ နဂိုကတည်းက မောပန်းနွမ်းနယ်တဲ့ လက္ခဏာမျိုး မပြခဲ့လို့လား”
ချုံခယ့်ခယ့်က ခေါင်းညိတ်သည်။
“ဟုတ်တယ် ပုံမှန်အားဖြင့် မောပန်းနွမ်းနယ် တာမျိုးဆိုရင် ကြိုပြီးတော့ အားအင်ပြတ်လတ်တဲ့ ပုံစံမျိုးပြသင့် ပေမဲ့ဒါက အခြေအနေမတူတော့ဘူး သူမရဲ့အတန်းဖော် ပြောတဲ့အတိုင်းဆို အဲ့ဒီကောင်မလေးက ရုတ်တရက် အဆောင်ဝင်ပေါက် အရှေ့မှာ မေ့လဲသွားပြီး ဘယ်တောမှ နိုးမလာတော့ဘူးတဲ့ အဲ့ဒီအတိုင်း ဆေးရုံကို ရောက်သွားခဲ့တာ”
ကံကောင်းစွာဖြင့် ထိုအချိန်က ညလယ်ခေါင် ဖြစ်နေသဖြင့် လူတိုင်းက အိပ်နေကြပြီ ဖြစ်သည်။
သူမရဲ့အတန်းဖော်က ညလယ်ခေါင်တွင် အိမ်သာသွားသည်။ တိုက်ဆိုင်စွာဖြင့်လည်း ထိုကောင်မလေး၏ အနောက်တွင် လိုက်သွားခြင်း ဖြစ်သည်။ လူနှစ်ယောက်က ရှေ့တစ်ယောက် နောက်တစ်ယောက် သွားကြခြင်းဖြစ်သည်။ လမ်းတွင်လည်း မည်သည့်စကားမျှ မဆိုဖြစ်ကြချေ။
သူတို့က ပြန်လာသည့်အချိန်တွင် အတန်းဖော်က ဝင်ပေါက်အပြင်ဘက်တွင် ရပ်နေကြောင်းကို မြင်လိုက်ရပြီး အထဲသို့ မဝင်သေးကြောင်း သိလိုက်ရသည်။ ထို့အပြင် ဒါက ညလယ်ခေါင် ဖြစ်နေလေရာ တွေးကြည့်ရုံဖြင့်ပင် ကို့ရိုးကားယားနိုင်ပြီး အနည်းငယ်ကြောက်လန့် လာသဖြင့် သူမက အော်ခေါ်လိုက်သည်။ ထို့နောက် အနည်းငယ် တွန်းလိုက်ဖြစ်သည်။ ထိုသို့တွန်းလိုက်ခြင်းက ထိုသူကို အရှေ့သို့ ချက်ချင်းလဲကျသွားစေပြီး ပြန်မနိုးလာစေတော့ချေ။
ထိုအခြေအနေက ကောင်မလေးကို အလွန်ထိတ်လန့် သွားစေခဲ့သည်။ သူမက အချိန်မီ မတုန့်ပြန်နိုင်ခဲ့ချေ။ ထို့နောက် သူမက သတ္တိများကို စုစည်းပြီး အသက်ရှိမရှိ သွားစစ်ဆေးကြည့်မှာသာ စိတ်အေးသွားခဲ့ရသည်။ သူမက ချက်ချင်းဆိုသလို အဆောင်က အခြားသူများကို ခေါ်ပြီး အဆောင်ကို ထိန်းသိမ်းစောင့်ရှောက်ပေးသော ဒေါ်လေးကိုလည်း သွားနှိုးလိုက်သည်။
သူမကို ဆေးရုံသို့ ပို့ပြီးနောက်တွင် ဆရာဝန်များကလဲ ခပ်မြန်မြန်ဖြင့် သူမက မောပန်း နွမ်းနယ်လွန်းသောကြောင့် မေမျောသွားကြောင်း ပြောသည်။ ဒါဟာ အားအင်ပြတ်လပ်မှု ရောဂါအသစ် တစ်မျိုးဟုပင် သူတို့က သတ်မှတ် နေကြသည်။ ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိသောပုံစံ လက္ခဏာအသွင်အပြင် များနှင့်မတူညီချေ။ ထိုကိစ္စက ဒီမနက်မှသာ စတင်သတင်း ပြန့်လာခြင်းဖြစ်သည်။
သူတို့နားတွင် ဝိုင်းထိုင်နေသာ လူအားလုံးကလဲ ကိုယ့်လက်မောင်းကိုယ် ပုတ်လိုက်မိကြသည်။ သူတို့ ထိုဇာတ်လမ်းကို နားထောင်နေရင်းမှ ကြက်သီးထလာ ကြသည်။ ဒါက ကြောက်စရာ ကောင်းသည်ဟု ခံစားလာကြသည်။
ကောင်မလေးတစ်ယောက်က ဝင်မေးသည်။
“ဘာလို့ တစ်ချက်တွန်းရုံနှင့် လဲကျသွားတာလဲ နားထောင်ကြည့်ရတာ မဖြစ်နိုင်စရာပဲ။ အဲ့ဒီလူက အရမ်းအားနည်းနေဖို့က မဖြစ်နိုင်ဘူးလေ ပိုဆိုးတာက ဝင်ပေါက်အရှေ့မှာ ရပ်နေရုံနဲ့တင် နင်ပြောတဲ့အတိုင်းသာ ဆိုရင် အခြေအနေက ကြောက်စရာကောင်းနေပြီ”
ညလယ်ခေါင်ကြီး ဝင်ပေါက်အရှေ့တွင် ရပ်နေပြီး မဝင်ဘဲနေနေခြင်းကတင် အခြားလူများကို မသင့်တော်သော အရာများကို တွေးမိသွားစေလောက်သည်။ ရှင်းလင်းစွာဖြင့်ပင် သူမ၏အခန်းဖော်က ထိုမိန်းကလေးက မတုန့်ပြန်မှသာ တစ်ကြိမ်သာ တွန်းလိုက်ခြင်းပင်ဖြစ်သည်။
ထိုအားက မသန်မာနိုင်ချေ။ မည်သို့ပင်ဆိုစေ လူတစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားခြင်းက မဖြစ်သင့်ချေ။
ချုံခယ့်ခယ့်ကလည်း လက်ကို ကာပြပြီးနောက် ရှင်းပြသည်။
“ငါလည်း အကြောင်းပြချက် အစစ်က ဘာလဲတော့မသိဘူး ဒါက ငါရထားတဲ့ သတင်းပဲ အဲဒီကောင်မလေးရဲ့ အခန်းဖော်ဆိုရင် အခုသူ့အမေနှင့် ပြန်လိုက်သွားပြီ ဒီကိစ္စကြောင့် ကြောက်သွားတာ ဖြစ်လောက်တယ်”
ကျောင်းသူတိုင်းကလဲ ထိုကောင်မလေး ထိုသို့ပြန်သွားခြင်းက ဖြစ်သင့်သည်ဟု ထင်သည်။ သူတို့ကသာ သူမ၏နေရာတွင် ဆိုလျှင် အကြောင်းပြချက်မရှိ ကြောက်ကြလောက်သည်။
ကံကောင်းစွာဖြင့် အတန်းခေါင်းလောင်းက မြည်လာသည် ထို့ကြောင့် ကျောင်းသူအားလုံးက သူ့နေရာသူ ပြန်ထိုင်ကြသည်။
နင်မုန့်ကလဲ မဲ့နေသော မျက်နှာထားဖြင့် ထိုင်ခုံတွင်ဝင်ထိုင်သည် သူမကစနစ်ကို မေးသည်။
“စနစ် ဒီအခြေအနေက ဘာကြောင့်ဖြစ်တယ်လို့ နင်ထင်လဲလူလုပ်တာ”
စနစ်ကဖြေသည်။
“လူလုပ်တယ်လို့တော့ ငါမထင်ဘူး လက်ရှိအချိန်မှာ သာမန်လူတစ်ယောက်ရဲ့ စွမ်းရည်က ဒီလိုအခြေအနေ ဖြစ်အောင်မလုပ်နိုင်လောက်ဘူး သူမရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အားအရမ်းနည်းနေလို့ ဒါမှမဟုတ်ရင် တစ်ယောက်ယောက်က ဒီလိုဖြစ်သွားအောင် လုပ်လိုက်တာဘဲ”
ထိုရှင်းပြချက်များကို ကြားသောအခါ နင်မုန့်ကလဲ ဒုတိယမြောက်က ပို၍ဖြစ်နိုင်ချေ ရှိသည်ဟုထင်သည်။
ဆက်စပ်ခြင်းရှိမရှိ မသေချာသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က ကြုံတွေ့လိုက်ရသော စက္ကူရုပ်နှင့် ပတ်သက်သော မတော်တစ်ဆမှုကို တွေးမိပြီး ဒါက အရုပ်ပြဇာတ်က ကျောင်းအတွင်းတွင် နေနေသောကိစ္စနှင့် ပတ်သက်လောက်သည်ဟု တွေးမိသည်။ ထိုလူများက မြင်ရသလောက် မရိုးရှင်းနိုင်ချေ။
သို့ရာတွင် နောက်ပိုင်းတွင်လည်း ဘာမှဆက်မဖြစ်နိုင်ချေ။ ထိုစက္ကူအရုပ်ကလည်း သူမအရှေ့တွင် ပေါ်မလာတော့သလို သူမကိုယ်တိုင်ကလဲ ပြဇာတ်ရုံသို့ သွားရန် သတ္တိမရှိသဖြင့် စက္ကူအရုပ်က မည်သည့်အတွက်ကြောင့် အသက်ဝင်လာကြောင်း မေး၍မရချေ။
နင်မုန့်က အတွေးနက်နေချိန်တွင် ထိုင်ခုံဘေးနားက လူက ပြန်လာကြောင်းကို သတိမထားမိချေ။
ရှီချီက ဦးစွာမေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
“ဟမ်”
နင်မုန့်က အသိပြန်ဝင်လာပြီး တစ်ခဏခန့် တွေးတောပြီးမှသာလျှင် ချုံခယ့်ခယ့်က ပြောပြလာသော ဇာတ်လမ်းကို ပြောပြလိုက်သည်။ သူမက ထပ်ဖြည့်ပြောသေးသည်။
“ငါ့အထင် ဒီကိစ္စက ထင်ထားသလောက် မရိုးရှင်းနိုင်ဘူး”
“ဘယ်လိုလူက ရုတ်တရက်ကြီး အားအင်ပြတ်လှပ်ပြီး မေ့လဲသွားမှာလဲ”
ချုံခယ့်ခယ့်၏ စကားအရဆိုလျှင် သူမ၏အတန်းဖော်က ထိုမိန်းကလေးနှင့်အတူ လွန်ခဲ့သော တစ်မိနစ်ခန့်ကတွင် ရေချိုးခန်းသို့ သွားခဲ့သည်။ သူတို့ကပြန်လာသည့် အချိန်တွင် သူမက ရုတ်တရက် ပြောင်းလဲသွားသည် ဒါကတင် မဖြစ်နိုင်လွန်းရာ ရောက်သည်။
ရှီချီကအချိန်အတန်ကြာ စကားမပြောဘဲ ငြိမ်သက်နေပြီးမှသာ ရုတ်တရက် မျက်နှာကလေးနက် သွားပြီးပြောသည်။
“မင်းဒီကိစ္စကို ဝင်မပါသင့်ဘူး”
နင်မုန့်က သူ့ကို စိုက်ကြည့်သည်။
“ငါလည်း ဝင်မပါပါဘူး ဒီတိုင်း ခန့်မှန်းကြည့်တာပါ ငါတို့အားလုံးက အတန်းဖော်တွေဘဲလေ မြေး… အတန်းဖော် ငါနင့်ကို ပြောမယ် လူသားတစ်ယောက် အနေနဲ့နှလုံးသားက အရမ်းမအေးစက်သင့်ဘူး”
ကံကောင်းစွာဖြင့် သူမက သူ့ကို မခေါ်မိခင် တားလိုက်နိုင်သည်။
ရှီချီက ရုတ်တရက် ထပြောသည်။ သူ၏နူးညံ့သော မျက်နှာက လှုပ်ရှားသွားသည့်အခါ ပုံမှန်မျက်နှာသေသည့် မျက်နှာထားမျိုးထက်ပို၍ ကြည့်ကောင်းသွားသည်။
သူ နဂိုပြောလိုသော စကားကို ရပ်လိုက်ပြီးနောက် စကားကို ပြောင်းပြောသည်။
“ကောင်းပြီ”
နင်မုန့်ကအလွန်အံ့ဩသွားသည်။
“အခုငါ့ရဲ့စကားကို နာခံလိုက်တာလား”
“ငါအဘွားနေရာမှာ အကြာကြီး သရုပ်ဆောင်လိုက်လို့များ ဒဏ္ဍာရီလာ တန်ပြန်သက်ရောက်မှု ဆိုတာမျိုး ဖြစ်လာတာလား”
အတွေးပေါင်းများစွာက သူမ၏စိတ်အတွင်း ဝင်လာပြီးနောက် ထိုစကားပြောခန်းကို မဆက်တော့ချေ။ နာခံစွာဖြင့်သာ စာအုပ်ကို ထုတ်ပြီးနောက် အတန်းကို သေချာ အာရုံစိုက်နားထောင်သည်။
အရှေ့စင်မြင့်ပေါ်တွင်လည်း အင်္ဂလိပ်ဆရာမက ဆက်လက်ပြီး အသံထွက်မှန်စွာဖြင့် ပြောနေသေးသည်။
နင်မုန့်က ထိုကိစ္စကို ဆက်တွေးနေသည် သူမအနေဖြင့် ပြဇာတ်ရုံသို့ သွားပြီးထိုလူများက လုပ်ခြင်းဟုတ်မဟုတ် တစ်ချက်သွားကြည့်ချင်သည်။
ဘေးဘက်တွင်ထိုင်နေသော ရှီချီကလည်း သူမဘက်ကို လှည့်ကြည့်လိုက်ပြီး နောက်တွင် သူမ၏အတွေးကို သိသလိုဖြင့် အတွေးနက်သွားသည်။
သူမက တွေးတောနေပြီး နေ့လည်ခင်းတွင် သရဲများက မထွက်လာနိုင်ဟု ယူဆလိုက်သည်။ စနစ်ကလဲ ဒါက အကြံကောင်းဟု ထင်သည်။
နေ့လည်ခင်းတွင် ကျောင်းက အလွန် တိတ်ဆိတ်နေသည်။ အရှေ့တွင် လူတစ်ယောက်မှ ရှိမနေခဲ့ချေ။ နင်မုန့်က လမ်းပေါ်တွင် လျှောက်နေရင်းမှ ထိတ်လန့်လာသလို ခံစားနေရပြီး တစ်စုံတစ်ရာက ရုတ်တရက် မည်သည့်နေရာမှ ထွက်လာမည်ကို စိုးရိမ်လာသည်။ သူမက ကျောပိုးအိတ်ကို လွယ်ပြီး ပြဇာတ်ရုံဘက်သို့ သွားသည်။
လကုန်ရန် ရက်အနည်းငယ်သာ လိုတော့ပြီး ထိုအရိပ်ပြဇာတ်က ဖျော်ဖြေရန် ရက်လည်း နီးလာသည်။ ဒီနှစ်ရက်အတွင်းတွင် ကျောင်းသူကျောင်းသားများက တစ်ဖက်အဖွဲ့က ပစ္စည်းများကို ပြင်ဆင်ရန်အတွက် ညအချိန်ထိ အချိန်ပိုဆင်းကာ လုပ်နေကြောင်းကို မြင်ခဲ့ရသည်။ ယခုနေ့လည်ခင်းတွင် နေလည်စာ သွားစားနေလေရာ သူတို့အနေဖြင့် ပြဇာတ်ရုံသို့ မသွားနိုင်ကြချေ။
အခန်းနံပါတ်(၆)မှ ကောင်မလေးက မေ့မျောသွားသော အခြေအနေ ဖြစ်နေသည့်တိုင်အောင် ကျောင်းက ထိုကိစ္စကို ပေါက်ကရလျောက်တွေးခွင့် ပြုလိမ့်မည် မဟုတ်ချေ။ အချို့လူများ အနေဖြင့်မူ ဒီကိစ္စကို မယုံကြည်နိုင်လောက်ချေ။
ပြဇာတ်ရုံ၏ ဝင်ပေါက်က အေးစိမ့်နေသည်။ နင်မုန့်က ထိုနေရာတွင် ရပ်ပြီး တံတွေးမျိုချကာ ပတ်ဝန်းကျင်ကို ချောင်းကြည့်လိုက်သည်။
“ကောင်းလိုက်တာ ဘယ်သူမှမရှိဘူး”
သူမက အကြည့်ကို ပြန်ရုတ်ပြီးနောက်တွင် သေရမည်ကို မကြောက်သော ပုံသဏ္ဌာန်မျိုးဖြင့် အရှေ့သို့ ဆက်သွားသည်။
…
“ငါသိခဲ့သင့်တာ အဘွားက သူများကိစ္စတွေကို ဝင်ပါရတာကို အရမ်းကြိုက်တယ်”
ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီ