အပိုင်း (၃၈) ကျောင်းသားကောင်းတွေက အရွယ်မရောက်ခင် ဒိတ်မလုပ်သင့်ဘူး။
အတန်းတက်နေသော အချိန်တစ်လျှောက်လုံး နင်မုန့်က ရှီချီကိုသာ ခိုးကြည့်နေခဲ့သည်။ သူ၏အသားအရေက အလွန်ဖြူဖျော့လွန်းနေဟန် မပေါက်သော်လည်း သူ၏နှုတ်ခမ်းက အနည်းငယ် ဖြူဖတ်ဖြူရော် ဖြစ်နေသဖြင့် သူက လေတိုက်ရုံဖြင့် လွင့်ထွက်သွားလောက်အောင် အားနည်း လွန်းသည်။ဟု ခံစားရစေသည်။ အဆုံးတွင် အတန်းက အဆုံးသတ်ခါနီးချိန် ရောက်သောအခါ သူမအနေဖြင့် မနေနိုင်တော့ဘဲ သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။
“ရှီချီ နင့်အသားအရောင်က ဘာလို့ ဒီလောက် ဆိုးရွားနေတာလဲ။ ဖြစ်နိုင်တာက…”
ရှီချီက ဘေးကို လက်ထောက်လျက် လက်ချောင်းများကို ဖြန့်ကားလျက်မှ မျက်လုံးဝင့်လာပြီး ပေါ့ပါးစွာ မေးသည်။
“ဘာရယ်မဟုတ်ပါဘူး။ ငါ ဒီအတိုင်း ကောင်းကောင်း မအိပ်ခဲ့ရလို့..”
သူက ဖြေရန် ငြင်းဆန်နေကြောင်း မြင်သောအခါ နင်မုန့်က ဆက်မေးလျှင်လည်း သက်ရောက်မှုရှိတော့မှာ မဟုတ်ကြောင်း သိလိုက်သည်။ သို့ရာတွင် အတန်းက ပြီးသွားသောအခါ အခန်းက ဆူပူပွက်လောရိုက်နေချိန်တွင် သူမက အနားကပ်ပြီး ထပ်မေးလိုက်ပြန်သည်။
“နင် ဒီနေ့လယ်က မြင်ခဲ့တဲ့ အဲဒီစက္ကူအရုပ်က..”
ရှီချီက သူမ၏စကားကို ဖြတ်ပြောလိုက်သည်။
“ဘာစက္ကူရုပ်လဲ”
နင်မုန့်က သူ့ကို သံသယအပြည့်ဖြင့် ကြည့်သည်။
“ငါတို့တွေ ပြဇာတ်ရုံမှာ တွေ့ခဲ့တဲ့ တစ်ရုပ်လေ။ လှုပ်လည်း လှုပ်နိုင်တယ်။ ခုန်လည်းခုန်နိုင်တယ်။ ပြေးလည်း ပြေးနိုင်တယ်။ နေရာမှာလဲ ကပ်နေနိုင်တယ်လေ”
သူမက လက်ရှိတွင် လူငယ်တစ်ယောက်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေရာ သတိမေ့တတ်ခြင်းလည်း မရှိချေ။ ဒီအချိန်တွင် သူမအနေဖြင့် သူ၏အဆောင်လက်ဖွဲ့က နေရာတွင် ကပ်နေခဲ့ကြောင်းကို သေချာမြင်နိုင်ခဲ့သည်။
ဒါကို ဘာလို့ ပြန်မေးနေတာလဲ။
ရှီချီက ‘ဪ’ ဆို၍ နားလည်ဟန် လုပ်ပြလေရာ နင်မုန့်က ဆက်မေးလိုက်သည်။
“အဲဒါ မရှိတော့ဘူး မဟုတ်လား”
ရှီချီ၏ မျက်ဝန်းက မှေးကျဉ်းသွားပြီး မေးလာသည်။
“အဲဒီမှာ ဘာရှိရမှာလဲ။ မင်းက ဘာကို သိချင်တာလဲ။ မဟုတ်ရင်လည်း မင်း ငါ့ကို ပြောချင်တာက ဘာလည်း”
နောက်ဆုံးစကားကို ပြောပြီးနောက်တွင် သူက ခပ်မတ်မတ် ထိုင်သည်။ သူ၏ကျောရိုးကပင် ဖြောင့်သွားသည်။
နင်မုန့်ကလည်း ကပ်ဘေးကို အာရုံခံမိလိုက်သလို ရုတ်တရက် ခံစားလိုက်ရပြီး အချိန်အတော်ကြာ တုံ့ဆိုင်းပြီးမှသာ ပြန်ဖြေလိုက်သည်။
“ဘာမှမဟုတ်တော့ဘူး ငါ အခု ပြန်လည်လေ့ကျင့်ခန်းပဲ လုပ်တော့မယ်”
သူမက စနစ်ကို လျှို့ဝှက်စွာဖြင့် မေးသည်။
“ရှီချီက တစ်နေရာရာမှာ ခေါင်းကိုများ အရိုက်ခံခဲ့ရတာလား”
စနစ်က ပြန်ဖြေသည်။
“မင်းရဲ့မြေးသာ ဒီစကားကို ကြားရင် မင်းကို ရိုက်မှာတော့ သေချာတယ်”
နင်မုန့်ကလည်း ထိုကိစ္စကို အချိန်အကြာကြီး ဆက်တွေးမနေတော့ဘဲ နာခံစွာဖြင့်သာ ပြန်လည်လေ့ကျင့်ခန်းများ လုပ်တော့သည်။
အခြားတစ်ဖက်တွင် ရှီချီ၏ခံစားချက်က မကောင်းပေ။ သူက မျက်မှောင်ကို ကြုတ်ပြီး လူတိုင်းကို အနားမကပ်ရ အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ထို့ကြောင့် နင်မုန့်ကလည်း မကြာခဏ သူ့ကို ကြည့်နေမိသည်။
အတန်းတစ်တန်း အချိန် ကုန်သွားပြီးနောက် သူမက သူ ထုတ်လွှတ်နေသော ပုံမှန်မဟုတ်သည့် ကိစ္စများကို အနောက်ဘက်သို့ ပစ်ထားလိုက်ပြီး စိတ်ဝိညာဉ်ပျောက်ဆုံးသွားသော မိန်းကလေးများ၏ အကြောင်းကိုသာ ပြန်တွေးသည်။ မည်သို့ပင်ဆိုစေ ထိုကိစ္စ၏ နောက်ကွယ်က အရိပ်ပြဇာတ်အဖွဲ့က ပါဝင်ပတ်သက်နေမည်မှာ သေချာသည်။
သူမက ဒီနေ့ မြင်ခဲ့ရသော စက္ကူအရုပ်ကို ပြန်တွေးလိုက်မိပြီးနောက်တွင် လူအစစ်အမှန်နှင့် မည်မျှ တူကြောင်းကို ပြန်တွေးမိသွားသည်။ အသက်ဝင်နေသလိုမျိုး ကိုယ်တိုင်လည်း လှုပ်ရှားလို့ရသည်။
စက္ကူရုပ်ထဲမှာ စိတ်ဝိညာဉ်က အပိတ်ခံထားရတာများ ဖြစ်နေမလား။ သို့ရာတွင် မည်သူကမှလည်း ထိန်းချုပ်နေခြင်း မရှိချေ။
ဒါကို ဘာလို့ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ရှိနေတဲ့ စက္ကူအရုပ်က ငါ့ကို အနောက်ကနေ အခွင့်အရေးချောင်းပြီး တိုက်ခိုက်ဖို့ ကြိုးစားရတာလဲ။
သင်ခန်းစာအချိန်များအတွင်းတွင် နင်မုန့်က ချုံခယ့်ခယ့်ကို သွားရှာပြီး မေးလိုက်သည်။
“ခယ့်ခယ့် အတန်းခြောက်က ကောင်မလေးရဲ့ဓာတ်ပုံရှိလား”
ချုံခယ့်ခယ့်က ခေါင်းခါသည်။
“ငါ တကယ်တော့ အဲဒီကောင်မလေးနဲ့ မသိဘူး။ နင်က လိုချင်လို့လား”
နင်မုန့်က ကြုံရာ အကြောင်းပြချက် တစ်ခုပေးပြီး သူမကို ယုံကြည်အောင် သိမ်းသွင်းလိုက်သည်။ သူမ၏ မျက်နှာထားကို ကြည့်ပြီးနောက်တွင် ချုံခယ့်ခယ့်က တခစ်ခစ် ရယ်ကာ ရင်ဘတ်ကို တစ်ချက် ပုတ်ပြသည်။
“နင် မေ့သွားပြီလား ငါ့ သူငယ်ချင်းက အတန်းခြောက်မှာ ရှိတယ်လေ။ ငါ သွားပြီး မေးလိုက်မယ်”
နင်မုန့်က ခပ်မြန်မြန် ကျေးဇူးတင်လိုက်သည်။
ချုံခယ့်ခယ့်က မိန်းမဆိုးလေး မဟုတ်ချေ။ သူမနှင့် အချိန်အတန်ကြာ ပြောဆိုဆက်ဆံဖူးခြင်း မရှိသော်လည်း သူမကို ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံသည်။ ပို၍ ဆိုးသည်။မှာ သူမက စားရန်အတွက် မကြာခဏ သကြားလုံး ပေးလေ့ရှိသည်။ သူမက ထိုသို့တွေးလိုက်သည့် အချိန်တွင်ပင် ချုံခယ့်ခယ့်က သူမ၏အိတ်ကပ်ထဲမှ သကြားလုံး နည်းနည်း ထုတ်လိုက်ပြန်သည်။
ကျောင်းက ငြိမ်သက်သွားသလို ထင်ရသည်။ ချုံခယ့်ခယ့်ထံမှ သတင်းကို ရရှိပြီးနောက် မိန်းကလေးနှစ်ယောက်ကလည်း ဆေးရုံအဆောင်ခန်းထဲတွင် လိုက်လွှင့်သေးကြောင်း ကြားရသည့်အပြင် ဆရာဝန်များကလည်း ဒါက အားအင်ကုန်ခမ်း ခြောက်ကပ်သွားပြီး မေ့လဲသွားသည့် လက္ခဏာဖြစ်ကြောင်းကို ပြောပြခဲ့ကြကြောင်းကို အားလုံးက သိခဲ့ကြသည်။ ထိုနှစ်ယောက်အပြင် အတန်းခြောက်မှ ကျောင်းသူ လာလည်သူများ ရှိသည်။ သို့ရာတွင် သတင်းများအရ မိန်းကလေး၏မိဘများက ဆရာသခင်တစ်ယောက်ကို ပင့်ဖိတ်ကာ ကြည့်ခိုင်းခဲ့သော်လည်း အဆုံးတွင်မူ အလိမ်ခံရပြီး သူတို့၏ပိုက်ဆံများကို လှည့်စားကာ ထွက်ပြေးသွားကြောင်းကို သိလိုက်ရသည်။
ချုံခယ့်ခယ့်က အတန်းခြောက်မှ ကျောင်းသူ၏ဓာတ်ပုံကို ယူလာပြီး နင်မုန့်ကို ပေးသည်။
ဆရာအတုကို ဖိတ်ခေါ်ခဲ့သော သတင်းက ပြန့်နှံ့သွားသောအခါ တစ်တန်းလုံး၏ အာရုံက တခြားသို့ ပြောင်းသွားသည်။
ချုံခယ့်ခယ့်ကလည်း သူမ ယခင်က တွေ့ကြုံခဲ့သော အခြေအနေ အကြောင်းကို ပြန်ပြောပြလိုက်သည်။
“ငါ ငယ်ငယ်တုန်းက အပူချိန် တအားမြင့်တော့ အဘွားက ရုတ်တရက် စုန်းမတစ်ယောက်လိုမျိုး ငါ့ကို ဘာတွေမှန်း မသိတဲ့ အရာတွေ တိုက်တယ်”
သူမက ထိုသို့ ဇာတ်ကြောင်းပြန် ပြောပြနေချိန်တွင် အတန်းခေါင်းလောင်းက မြည်လာပြီး အတန်းပိုင်ဆရာမ အမျိုးသမီးချန်းကလည်း စာအုပ်များကို သယ်လျက် ဝင်လာသည်။
ထိုအခါ အားလုံးက ကိုယ့်နေရာကိုယ် ပြန်ထိုင်ကြသည်။
နင်မုန့်ကလည်း လက်ထဲတွင် ကိုင်ထားသည့် ဓာတ်ပုံကို စိုက်ကြည့်နေသည်။ အမြင့်ပိုင်းမှ ရိုက်ထားသော ပုံမျိုးဖြစ်ပြီး မိန်းကလေး၏ မျက်နှာက သူမ နေ့ခင်းက မြင်ခဲ့ရသော စက္ကူရုပ်၏မျက်နှာနှင့် တစ်ထေရာတည်း ဖြစ်နေသည်။ တစ်ခုတည်းသော ကွာခြားချက်က စက္ကူရုပ်၏ မျက်နှာထားက အနည်းငယ် ထူးဆန်းသလိုမျိုး ဖြစ်နေခြင်းဖြစ်သည်။ စက္ကူအရုပ်က လူတစ်ယောက်ရဲ့မျက်နှာကို ပိုင်ဆိုင်ထားပြီး တစ်ထေရာတည်းပင် တူလုနီးပါး ဖြစ်နေသည်။ သူမက ဒီနှစ်ရက်အတွင်း တွေ့ကြုံခဲ့ရသည့် ကိစ္စများကို ပြန်လည်ဆက်စပ် တွေးတောကြည့်ပြီးနောက်တွင် နင်မုန့်က တစ်စိတ်တစ်ပိုင်းချင်းစီကို ဆက်စပ်နိုင်လိုက်သလို ဖြစ်သွားသည်။
အတန်းခြောက်မှ ကျောင်းသူ၏ ဝိညာဉ်ကို လူတစ်ယောက်မှ စုပ်ယူခဲ့သည်။မှာ သေချာလောက်သည်။ ထို့အပြင် စက္ကူကိုလည်း တစ်ထေရာတည်း တူအောင် လုပ်ခဲ့ပြီး အသက်သွင်းခဲ့ခြင်း ဖြစ်နိုင်သည်။
စိတ်ဝိညာဉ် ပျောက်ဆုံးသွားသော မိန်းကလေးက သတိမေ့သွားပြီး ဘယ်တော့အခါမှ မနိုးထတော့သည်။လည်း ဖြစ်နိုင်သည်။ နင်မုန့်က ထိုအကြောင်းကို တွေးလေလေ ပို၍ ကြောက်လန့်လာလေလေ ဖြစ်သည်။ အရိပ်ပြဇာတ်အဖွဲ့တွင် စက္ကူရုပ်များစွာ ရှိသည်။ ထိုသို့ဆိုလျှင် သည်။ဖြစ်စဉ်တွင် စိတ်ဝိညာဉ် ပျောက်ဆုံးသည့် လူပေါင်းများစွာ ရှိလာနိုင်သည်။
သူမက တစ်ခဏခန့် တွေးတောပြီးနောက် စနစ်ကို မေးသည်။
“ငါတို့ အဲဒီပျောက်သွားတဲ့ စိတ်ဝိညာဉ်တွေကို ဘယ်လို ပြန်ခေါ်ကြမလဲ”
စနစ်ကလည်း နာမည်ကြီး ရိုးရာဓလေ့နည်းများကို ပြောပြလာသည်။
“ပထမနည်းလမ်းကတော့ ဝိညာဉ်ပိုက်ဆံပဲ။ နောက်ပြီး အမွှေးနံ့သာတိုင်အချို့လည်း လိုအပ်တယ်။ အဲဒီနောက်မှာ ပျောက်ဆုံးသွားတဲ့လူရဲ့ အဝတ်တွေကို မီးတောက်အထက်မှာ ယမ်းနေရမယ်။ နောက်ဆုံးတစ်ခုကတော့ ပတ်ဝန်းကျင်မှာ ဆန်တွေ ကျဲထားဖို့ပဲ။ နောက်ထပ် နည်းလမ်းတစ်ခုက လူအိုကြီးတစ်ယောက်ကို မြေပြင်မှာ ကြက်ခြေခတ်ဆွဲခိုင်းရမယ်။ အဲဒီအပေါ်မှာမှ တက်ရပ်ပြီး အော်ဟစ်ရမယ်…”
ထိုနည်းလမ်းတစ်ခုပြီး တစ်ခုကို ကြားသောအခါ နင်မုန့်၏ဦးနှောက်ကပင် ရေကြီးသွားသလိုမျိူး သတင်းအချက်အလက်များဖြင့် ပြည့်သွားသည်။
သူမက မနေနိုင်ဘဲ မေးလိုက်သည်။
“ဒါတွေက တကယ် အသုံးဝင်လား။ အရင်က မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား”
စနစ်ကလည်း ပြန်ပြောသည်။
“မင်းက ငါ့ကို စိတ်ဝိညာဉ်ကို ပြန်ခေါ်တဲ့ နည်းလမ်းကိုပဲ မေးတာလေ။ ဒါက ငါ သိတဲ့ နည်းလမ်းတွေပဲ။ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်က စုပ်ယူခံရတဲ့ ကိစ္စတွေမှာ ဒီနည်းလမ်းတွေကို သုံးပြီးတော့ ပြန်ရှာကြရတာပဲ။ မဟုတ်ရင် အသက်ပြန်ဝင်လာရင်တောင်မှ ပုံမှန်မဟုတ်တဲ့ အခြေအနေ ဖြစ်လာနိုင်တယ်”
နင်မုန့်က ထိုစကားများကြောင့် စိတ်ရှုပ်သွားပြီး စနစ်ကို အာရုံမစိုက်တော့ချေ။
ထိုအခိုက် အတန်းစသော အချက်ပြခေါင်းလောင်းက မြည်လာသည်။
ထိုအတန်းပြီးသွားချိန်တွင်လည်း ချန်းရန်က ထွက်မသွားသေးဘဲ ပြောလာသည်။
“မနက်ဖြန်မှာ အားလုံး ညနေခြောက်နာရီမှာ အရိပ်ပြဇာတ်ကြည့်ဖို့အတွက် ပြဇာတ်ရုံမှာ စုရမယ်။ အားလုံး အဲဒီအချိန်မှာ တက်ရောက်နေဖို့ လိုအပ်သလို ပြန်သွားတဲ့အချိန်မှာလဲ သုံးသပ်ချက် စာလွှာရေးဖို့ လိုအပ်တယ်”
“အား..”
နောက်ဆုံးစကား ပြောလိုက်ပြီးနောက်တွင် အားလုံးက တိတ်ဆိတ်သွားကြလေသည်။
သူတို့က သွားကြည့်ရမည်ဆိုလည်း သွားကြည့်၍ ရသည်။ အားလုံး တက်ရောက်ရမည် ဆိုလျှင်လည်း အဆင်ပြေသည်။ သို့သော် နောက်ဆုံးတွင်မူ သုံးသပ်ချက်စာလွှာ ရေးရမည့် ကိစ္စက ဒုက္ခများလောက်သည်။
တာဝန်တစ်ခု ပေးလိုက်ပြီး လုပ်ကိုလုပ်ရမည် ဆိုသောအရာမျိုး ပါဝင်လာသည်။နှင့် ပုံမှန်အားဖြင့် လူတိုင်းက စိတ်ဓာတ်ကျသွားလေ့ ရှိသည်။ အထူးသဖြင့် သူတို့က ထိုအရိပ်ပြဇာတ်ကို ကြည့်ရန် စိတ်ဓာတ်တက်ကြွနေခြင်းလည်း မဟုတ်ပေ။ သို့ရာတွင် မည်သူကမှလည်း အတန်းပိုင်ဆရာမ၏ အမိန့်ကို မနာခံ၍ မရချေ။ နင်မုန့်က ခေါင်းလှည့်ပြီး မေးသည်။
“ရှီချီ နင်သွားမှာလား”
သူမက မူလက သူ ထိုစိတ်ဝိညာဉ်များကို ပြန်ခေါ်နိုင်ပြီလားဟု မေးလိုခဲ့သည်။ သို့ရာတွင် သူ၏အသားအရောင်က ယခင်နေ့လည်ခင်း အချိန်ကထက်ပင် ဆိုးရွားလာကြောင်း မြင်သောအခါ သူမ စကားများကို ပြန်လည် ရုတ်သိမ်းလိုက်သည်။
ရှီချီက ထိုင်ခုံနေရာတွင် ကျောမတ်ကာ ပြန်ထိုင်ပြီးနောက်တွင် သူ၏ရှည်လျား သွယ်လျသော လက်များက ဘောပင်ကို ကိုင်လိုက်သည်။ သူ၏အဆစ်များက ထင်ရှားစွာ ပေါ်နေပြီး မေးစေ့ကို အနည်းငယ် မော့ထားသဖြင့် ပြစ်ချက်ကင်းသော ပုံပန်းသွင်ပြင်ဘက်ထောင့်မှတစ်ဆင့် မြင်ရသည်။ သို့သော် သူ၏ရုပ်သွင်၏ ဖြူဖျော့မှုကလည်း သူ့ကို ပို၍ ဆွဲဆောင်မှု ပြင်းထန်သွားစေသည်။
သူမက သူ့ကို ကြည့်နေရင်းမှ သူက ခေါင်းလှည့်လာကာ ဖြည်းညင်းစွာ ပြန်ဖြေလာသည်။
“ငါ သွားမယ်”
သူ ဒီလို လူများပြီး စည်ကားတဲ့ပွဲကို မသွားလို့ ဘယ်ရမလဲ။ ပိုပြီးဆိုးတာက သူမက သေချာပေါက် သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ဘယ်လိုအရာမျိုးကို ဆွဲဆောင်မိသွားမလဲဆိုတာ ဘယ်သူက သိမှာလဲ။ သူသာ မသွားရင် သူ ဘယ်စိတ်အေးနိုင်ပါ့မလဲ။
နင်မုန့်က သူ၏အစိမ်းရင့်ရောင် မျက်ဝန်းများကို တစ်ခဏခန့် စိုက်ကြည့်လိုက်ပြီး သူမ၏အတန်းဖော်က လူမဟုတ်ဘဲ နတ်ဆိုးဝိညာဉ်တစ်ခုဟု ပြောလာလျှင် သူမက ထိုစကားများကို ယုံကြည်လောက်သည်။
ရှီချီက မိခင်ဖြစ်သူ၏ ရုပ်သွင်ကို ဆက်ခံထားပြီး ကောက်ကျစ်ကာ ဆွဲဆောင်မှု ပြင်းထန်သော ပုံစံမျိုးကို ပိုင်ဆိုင်ထားလေရာ အလွန်အမင်း ဆွဲဆောင်မှု ပြင်းထန်ခြင်း ဖြစ်လေသည်။ ကံကောင်းစွာဖြင့် သူက မပြုံးနေခဲ့ချေ။ မဟုတ်လျှင် လူအများကို ဖမ်းစားနိုင်မိလိမ့်မည်။
သူက အမြဲတစေ မျက်နှာသေဖြင့် နေနေသည့်တိုင်အောင် သူ၏ကြည်လင်သော အစိမ်းရောင်မျက်ဝန်းများက အလင်းရောင်များ တလက်လက် တောက်ပနေသလိုမျိုး စိတ်ဝိညာဉ်ကို ပျောက်ဆုံးစေနိုင်စွမ်း ရှိသည်။
နင်မုန့်က ရုတ်တရက် သက်ပြင်းချပြီးနောက် စနစ်ကို မေးလိုက်သည်။
“ငါ ထင်တယ် အနာဂတ်မှာ ဘယ်မိန်းကလေးကမှ ငါ့မြေးနဲ့ လက်မထပ်ရဲလောက်ဘူး”
စနစ်ကလည်း အံ့ဩသွားသည်။
“ဘာလို့ အဲဒီလို ထင်တာလဲ”
နင်မုန့်က ကြင်နာစွာဖြင့် ရှင်းပြသည်။
“သူ ဘယ်လောက် ကြည့်ကောင်းလဲ ကြည့်လိုက်ပါအုံး။ မိန်းကလေးတွေက သူ့ရုပ်ရည်နဲ့ ယှဉ်ရင် သေချာပေါက် နှိမ့်ကျနေတယ်လို့ ရှက်ရွံ့သွားလိမ့်မယ်”
စနစ်က ပြန်ဖြေသည်။
“အတွေးများနေပြီ”
ထိုစကားပြောပြီး ချိန်မှာတင် ဝင်ပေါက်နားတွင် ထိုင်သော အတန်းတူ တစ်ယောက်က လှမ်းအော်လိုက်သည်။
“ရှီချီ အပြင်မှာ လူတစ်ယောက် လာရှာတယ်”
နင်မုန့်က သူ့ဘက်သို့ တစ်ချက် ကြည့်လိုက်သောအခါ သူမ မသိသော ကျောင်းသူတစ်ယောက်ကို မြင်လိုက်ရသည်။ သူမ၏မျက်ဝန်းများက ချက်ချင်းလိုလို စူးရှသွားသည်။ အရွယ်မရောက်ခင် ချစ်ကြိုက်သည့် ကိစ္စများကို မလုပ်သင့်ချေ။ အရွယ်မရောက်ခင်အပြင် ကောလိပ်ဝင်ခွင့်စာမေးပွဲကလည်း ပါဝင်နေသေးသည်။
ထို့နောက် သူမက ခေါင်းလှည့်ပြီး ရှီချီကို ကြည့်လိုက်သည့်အခါ အလျင်မလိုဟန်ဖြင့် စာအုပ်ကို အသာအယာသာ လှန်နေကြောင်းကိုသာ မြင်လိုက်ရသည်။ သူ၏လက်ချောင်းများက ကျောက်စိမ်းကဲ့သို့ တောက်ပသွယ်လျနေပြီး အပြင်မှ ဆူညံသံကို မကြားရသည့်အလား ရှိနေသည်။ ကြည့်ရသည်။မှာ မန်ဒရင်းဘဲကို ရိုက်တော့အလား ထင်ရသည်။
ဝင်ပေါက်တွင် ထိုင်နေသော ကျောင်းသူကလည်း ရှီချီက မတုံ့ပြန်ကြောင်း မြင်သောအခါ သူ၏ရည်ရွယ်ချက်ကို သိလိုက်ပြီး ကျောင်းသူကို သိလိုက်သည်။
“စိတ်မကောင်းပါဘူး”
ထိုမိန်းကလေးကလည်း အတန်းထဲသို့ တိုက်ရိုက်ဝင်လာပြီးနောက်တွင် ကော်ရစ်တာအဆုံးသို့ တောက်လျှောက် လျှောက်သွားလိုက်သည်။ လူတိုင်း၏ အကြည့်အောက်တွင်ပင် သူမက နင်မုန့်၏စားပွဲဘေးနားတွင် ရပ်လိုက်သည်။
နင်မုန့်ကလည်း ခေါင်းမော့ပြီး ကြည့်လိုက်သည်။ ထိုကျောင်းသူက ယခင်တစ်ခေါက်က ဓာတ်ပုံခိုးရိုက်ခိုင်းသော ကောင်မလေးနှင့် မတူဘဲ ပို၍လှပြီး ပို၍ မာနကြီးပုံရသည်။ အရေးအကြီးဆုံးအချက်က သူမ၏ခန္ဓာကိုယ်က လှသည်။ သူမက ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်သည်။ သူမ၏ကိုယ်က ပဲစေ့ဖူးနှင့် တူပြီး ရင်ဘတ်အရွယ်အစားကလည်း ပေါက်စီကဲ့သို့သာ ရှိသည်။ သူမက သည်။သေးသွယ်လျသော အနေအထားမျိုးကို မကြိုက်ချေ။ တစ်လောကလုံးက ငုံ့ကြည့်နေသလို ခံစားရသည်။
ထိုမိန်းကလေးက ပြုံးပြီးပြောသည်။
“ရှီချီ နင် ဒီပိတ်ရက်မှာ အားလား”
သူမက ရှီချီ၏ စားပွဲပေါ်တွင် သေသပ်စွာ ထုပ်ပိုးထားသော လက်ဆောင်ဘူးလေးကို ချလိုက်သည်။ ထိုလက်ဆောင်ဘူးက ဈေးကြီးမည့်ဟန်ရသည်။ ထို့ကြောင့် လူအများ၏ အာရုံက ထိုပစ္စည်းထံ ရောက်သွားသည်။ ချက်ချင်းလိုလို တစ်တန်းလုံးက တိတ်ကျသွားတော့သည်။
ကျောင်းတွင် ရှီချီကို လိုက်ချင်သော လူများစွာ ရှိသည်။ သို့ရာတွင် နှစ်ဝက်ခန့် ရောက်လာပြီးနောက်တွင် အရေအတွက်က လျော့သထက်လျော့ကျ သွားသည်။ အတန်းထဲတွင် ယခင်ကလောက် ဆူပူပွက်လောရိုက်ခြင်း မရှိတော့သလို ရသော လက်ဆောင်ကလည်း နည်းသထက် နည်းလာသည်။
ရှီချီက ပြတင်းကို ဖွင့်လိုက်သောအခါ လေပူများက ပွင့်လာသည်။
“ငါ အရင်ကတည်းက ပြောပြီးပြီ”
သူ၏အသံတိုးတိုးက ထွက်လာသည်။ မိန်းကလေး၏ မျက်နှာထားက မပြောင်းဘဲ ဆက်၍ပြုံးကာ ပြောသည်။
“ငါက ထူးခြားတဲ့သူ ဖြစ်လို့ မရဘူးလား။ ငါ ဒါကို ကိုယ်တိုင် လုပ်လာခဲ့တာ”
နင်မုန့်က ထိုမိန်းကလေးကို ကြည့်ပြီး နောက်မှသာ ရှီချီကို ကြည့်လျက် ထိုကိစ္စကို မည်သို့ကိုင်တွယ်မည်နည်းဟု ကြည့်နေလိုက်သည်။
ရှီချီ၏အကြည့်က မပြောင်းလဲပေ။
“ဒါမှမဟုတ် မင်း လွှင့်ပစ်လိုက်လို့ရတယ်”
ထိုကျောင်းသူကို ပြသော ရန်လိုမှုက နင်မုန့်ထံမှ အသိအမှတ်ပြုမှုကို ရသွားသည်။ ထိုမိန်းကလေး၏ မျက်နှာထားက နောက်ဆုံးတွင် ကွဲအက်သွားလေပြီး ရှက်သွားဟန်ရလေသည်။ သူမကို သိသလိုမျိုး ထိုကျောင်းသူက ဘေးဘက်သို့ ရောက်လာပြီးနောက်တွင် သူတို့၏စကားကို ဖြတ်ပြောလိုက်သည်။
“ယိုယို ငါ ပြောထားသားပဲ…”
သူမ၏အကောင်းဆုံး သူငယ်ချင်းက အသစ်ပြောင်းလာသော ကျောင်းသူတစ်ယောက် ဖြစ်ပြီး သူ့ကို လိုက်ချင်ခဲ့သည်။ သူမက တားမြစ်ခဲ့သည့်တိုင်အောင် နားမထောင်ခဲ့ချေ။ သူတို့က အတန်းဖော်ြဖစ်သည်။မှာ သုံးနှစ်ခန့် ကြာပြီဖြစ်သောလည်း ရှီချီက အတန်းထဲမှ ကျောင်းသူများနှင့် စကားပြောသော အရေအတွက်က လက်ချောင်းများဖြင့်ပင် ရေလို့ရသည်။ ထိုကိစ္စကတင် သူ၏စရိုက်ကို သိနိုင်သည်။ သို့ရာတွင် သိပ်မကြာခင်ကမှ ပြောင်းလာသော ကျောင်းသူတစ်ယောက်နှင့်အတူ တစ်စားပွဲတည်း အတူထိုင်နေပြီး မကြာခဏ စကားဖလှယ်နေကေကာင်းကိုလည်း မြင်ခဲ့ရသည်။ သူမက သူ၏အတန်းဖော်အဖြစ်သောကြောင့်လည်း ဒါက နားလည်၍ ရသည်။ မည်သို့ပင် ဆိုစေ ရှီချီက ယခင်က တစ်ယောက်တည်းသာ ထိုင်ခဲ့ဖူးခြင်းလည်း ဖြစ်သည်။
အတန်းခေါင်းဆောင် မြည်လာသောအခါ ထိုမိန်းကလေးက နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဟန်ဖြင့် နောက်လှည့်ကာ ထွက်သွားပြီး လက်ဆောင်ဘူးကိုလည်း အမှိုက်ပုံးထဲသို့ ထည့်သွားသည်။ ရှီချီ၏ လက်ညှိုးက ကွေးသွားပြီးနောက် စားပွဲကို တဒေါက်ဒေါက် ခေါက်လိုက်ကာ ခေါင်းလှည့်ပြီး သူ့ကို စိုက်ကြည့်နေသေးသော နင်မုန့်ကို ကြည့်ကာ မေးသည်။
“မင်းက ဘာကြည့်တာလဲ”
နင်မုန့်ကလည်း အသိပြန်ဝင်လာပြီးနောက် ပြုံးလိုက်သည်။ သူမ၏အကြည့်က လခြမ်းကွေးလို ကွေးသွားသောအခါ နူးညံ့ပြီး သဘောကျစရာ ဖြစ်သွားသည်။
အာရာ.. ငါ့မြေးလေးက တကယ်ကို ထူးချွန်တာပဲ။
သူမက သူ၏ပခုံးကို ပုတ်နေရင်းမှလည်း ရိုးသားစွာဖြင့် ပြောလိုက်သည်။
“ကျောင်းသားကောင်းတွေက အရွယ်မရောက်ခင် ဒိတ်မလုပ်သင့်ဘူး”
ရှီချီ “…”
သူက သက်ပြင်းချပြီး ဆံပင်ကို တစ်ချက်သပ်လိုက်ကာ ခေါင်းလှည့်လိုက်သည်။ သူမကိုမူ လျစ်လျူရှုလိုက်သည်။
…
အဘွား.. ဒါက အဘွားချန်ခဲ့တဲ့ သက်သေပါ။
ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီ
RENH အပိုင်း ၃၈
? Views, Released on October 24, 2023
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး
每次都死在男主懷裏【快穿】
Status: Ongoing Type: Web Novel Author: Jiang Zhi Yu, 姜之魚, 姜之鱼 Artist: Swae Novella 2, Swae Nyoe Team Released: 2017 Native Language: Chinese
Description
'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။