RENH အပိုင်း ၂၀

အခန်း ၂၀
သူအိပ်ရာထဲက လူက လူသားလား ဒါမှမဟုတ်….”

အဝါရောင် အစောင်စာရွက်က လျိုယွမ်ယွမ်၏ နှုတ်ခမ်းထိပ်တွင် ပျောက်ကွယ်သွားသည်။

သူသည် အစက ကျိမ်းမောင်းနေသော်ငြား သူမ အသံမထွက်နိုင်သည်ကို သိပြီးနောက် ထိပ်ထိပ်ပြာပြာ ဖြစ်သွားသည်။ ထိုသူက ထိုသူကို ဘာလုပ်လိုက်သနည်း။ အဝါရောင်စာရွက်က သူမကို စကားမပြောနိုင်အောင် ဖြစ်စေခဲ့သည်လော။

ရှီရှန်းကျင်းပေါ် သူမ အကြည့်က ချက်ခြင်းဆိုသလို သတိရှိကာ သူမသည် မြန်မြန်ဆန်ဆန်ပင် နောက်တစ်လှမ်း ဆုတ်လိုက်သ်ည။

သူမက အခန်းထဲကို အထိတ်တလန့်ဖြင့် ပြေးဝင်သွားကာ အဆောက်အဦးပုံစံကို အခုလေးတင် တွေ့သည့် ယန်ထျန်းရွှမ်ကို တိုက်မိသွားကာ

“ဟေး မင်းဘာလုပ်နေတာလဲ။ တကယ်လို့ မင်းမှာ ဘာမှ လုပ်စရာ မရှိဘူးဆိုရင်တောင် ဘာလို့ အခန်းထဲ ပြေးဝင်လာတာလဲ။ ငါ အရေးကြီးတဲ့ ကိစ္စ လုပ်နေတာ လာမနှောက်ယှက်နဲံ”

လျိုယွမ်ယွမ်သည် တအီအီအသံဖြင့် ပြောကာ သူ့ပါးစပ်ကို လက်ညှိုးထိုးလိုက်သည်။

အဆုံးတွင်တော့ သူမ မထိန်းနိုင်ဘဲ မျက်ရည် ကျလာခဲ့သည်။ အစပိုင်းက သူမက မျက်နှာကောင်းကောင်း ရှိသည်။ ပြီးနောက် သာမန် မိန်းကလေးတစ်ယောက်၏ တိတ်ဆိတ်သည့် မျက်ရည်များက သနားကြင်နာစိတ် ဖြစ်စေသည်။ သို့သော် သူမ ပို ကြောက်လန့်လေလေ ပို အရုပ်ဆိုးလေလေ ဖြ်စနေသည်။

သို့သော် သူမ မထိန်းနိုင်ဘဲ နှာရည် ကျပြန်သည်။

ယန်ထျန်းရွှမ်က မျက်မှောင်ကြုံ့သွားသည်။ သူမ ဘာကို ပြောချင်မှန်း နားမလည်နိုင် ဖြစ်နေသည်။

သူနှင့် လျိုယွမ်ယွမ်သည် ကောလိပ်တုန်းက အတန်းဖော်များ ဖြစ်ခဲ့ပြီး အချစ်ဦးများ ဖြစ်ခဲ့သည်။ သို့သော် ဘွဲ့ရပြီးနောက် သူတို့သည် မတူညီသည့် နေရာများကို သွားသည့်အတွက် ကွဲကွာခဲ့ရသည်။ အဆုံးတွင် သူသည် တစ်ယောက်ယောက်နှင့် လက်ထပ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ကံတရားကြောင့် သူတို့ ပြန်လည် နီးစပ်ခဲ့ကြခြင်း ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ဖြင့် သူ့အမျိုးသမီးသည်လည်း နေမကောင်း ဖြစ်နေကာ ဆေးရုံ တက်နေရသည်။ သူမ အိမ်သို့ မပြန်ရသည်မှာ ကြာပြီ ဖြစ်ကာ ဆေးရုံက သူ့ကို သူ့မိန်းမ ဦးနှောက် သေသွားပြီ ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်။ လျိုယွမ်ယွမ်သည်လည်း လက်မထပ်သေးရသည့်အတွက် သူတို့ အချစ်များလည်း ပြန်လည် ရှင်သန်လာခဲ့သည်။

ယခုအိမ်သည် သူတို့ နှစ်ယောက် နေရန်အတွက် ဝယ်ယူခဲ့ခြင်း ဖြစ်၏။

လျိုယွမ်ယွမ်က ကြည့်လိုက်သည့် အခိုက် သူ့သွင်ပြင်က ကွဲပြားနေကာ ပဟေဠိဆန်ပြီး နားလည်ရခက်နေ၏။ နောင်တ ရသလို ဖြစ်သွားကာ ယခု လက်ရှိတွင် သူ့ကို ဘာမျှ ပြန်မပြောပေ။

ယန်ထျန်းရွှမ်က သူ့ကို နည်းနည်း ဆူလိုက်သည်။

“မစ္စတာရှီက တော်တဲ့ သူ တစ်ယောက်။ သူ့ကို ပြဿနာ သွားမရှာနဲ့။ နားလည်လား”
သူ့ကို စော်ကားသည်ကား ကောင်းသည့် လက္ခဏာ တစ်ရပ် မဟုတ်ပေ။

သူမ၏ ရန်လိုနေသည့် ပုံကို ကြည့်ပြီးနောက် သူ့ကို နှစ်သိမ့်ပေးရန် ပြောလိုက်သည်။

“ဒီပြဿနာ ဖြေရှင်းပြီးသွားတာနဲ့ အကုန် ကောင်းပြီ။ အဲ့ကို ပြန်သွားပြီ ရုပ်ရှင်သွားကြည့်ချင် မဟုတ်ရင်လည်း အဲ့အခန်းကိုပဲ ပြန်သွား”

လျိုယွမ်ယွမ်သည် ဘာမှ မပြောနိုင်ပေ။ သို့သော် သူမက ပါးစပ်ကို ကာရင်း ခေါင်းညိတ်ကာ ခွန်းတုံ့ပြန်လိုက်၏။

ထိုသူသည် သူ့ကို မျက်တောင် တစ်ချက်မှ မခတ်ပဲ သူ့ပါးစပ်ကို ပိတ်ထားသည်ကို သူမအနေဖြင့် ပြောရဲမည်လော။ ယင်းက သူ့ရုပ်ရှင်များအတိုင်းပင် ဖြစ်ကာ အလွန် ကြောက်စရာ ကောင်းသည်။

ယခုလက်ရှိ သူတို့၏ လူမှုအဖွဲ့အစည်းတွင် နည်းပညာများသည် တိုးတက်အဆင့်မြင့်နေသော်ငြား အဆုံးတွင် ထိုအရာများအားလုံးသည် အဓိပ္ပာယ် မရှိပေ။

ထိုအကြောင်းကို တွေးကြည့်သည့်အခါ သူမ၏ နှလုံးသည် လေးလံပြီး ကျယ်လောင်လာကာ ပြေးထွက်ပြီး ခပ်ဝေးဝေး ထိုင်ခုံ တစ်ခုံတွင် ထိုင်လိုက်သည်။ သူမ ထိုင်နေသည့် နေရာသည် ရှီရှန်းကျင်းနှင့် မီတာ အနည်းငယ် ကွာဝေး၏။

သူမအခြေအနေ တည်ငြိမ်သွားသည်နှင့် ယန်ထျန်းရွှမ်သည် ချက်ခြင်းပင် အဆောက်အဦးပုံစံကို ကြည့်လိုက်ကာ ပြုံးလျက် တောင်းပန်စွာဖြင့်

“ကျွန်တော် တောင်းပန်ပါတယ်။ မစ္စတာရှီ သူက အမြဲတမ်း အဲ့အတိုင်းပဲ။ တကယ်လို့ စိတ်အနှောက်ယှက် ဖြစ်ခဲ့ရင် ကျွန်တော်ကိုပဲ အပြစ်တင်လိုက်ပါ”

သူသည် အဆောက်အဦးပုံစံကို ကမ်းလိုက်ပြီး

“ဒါက ဒီရက်ကွပ်ရဲ့ ပုံစံပါ။ ဒီအိမ်က ရှေ့ဆုံး စာမျက်နှာမှာ ရှိပါတယ်။ ဒီဟာလေ”

ရှီရှန်းကျင်းသည် ခေါင်းအနည်းငယ် ငုံလိုက်ကာ သူ့လက်ထဲမှ စာရွက်ကို ယူလိုက်၏။

အတွင်းပိုင်းပုံစံသည် အပြင်တွင် ရှိသည့် အရာနှင့် ကွဲပြားမှု ရှိနေသည်။ ထိုကဲ့သို့ ပုံစံမျိုး၏ စီစဉ်မှုမျိုးကို အပြင်မှ နေ၍ တွေ့နိုင်သည်။

ရှီရှန်းကျင်းသည် ထိုင်လိုက်ကာ အိမ်ကို တစ်ချက် ကြည့်လိုက်သည့်အခါ အမှန်ပင် မကောင်းသည့် ဖုန်းရွှေတို့ ရှိနေ၏။

သာမန် အိမ်များသည် လေးဖက်ပါကြသည်။ အကယ်၍ ထိုသို့ မဟုတ်လျှင်တောင် အနည်းဆုံးတော့ ပုံစံ တစ်ခု တူကြသည်။ သို့သော် ယခုပုံစံသည် ထိုပုံစံနှင့် ကိုက်ညီမှု မရှိပေ။ ဝင်ပေါက် ဒီဇိုင်းသည် ကြီးပြီး စင်္ကြန်သည် ရှည်လျားသည်။

အတွင်းဖက် အကျဆုံးအပိုင်းသည် မီးဖိုချောင် ဖြစ်ကာ အလယ်တွင် အခွဲ တစ်ခုပါသည်။ အိပ်ခန်းနှစ်ခန်းကို ဘေးချင်းကပ် စီစဉ်ထားခြင်း ဖြစ်ကာ မာစတာ အိပ်ခန်းသည် အတွင်းပိုင်း အကျဆုံး အပိုင်းတွင် ရှိသည်။ ပြီးနောက် လသာဆောင် တစ်ခုသာ ရှိသည်။

ပုံမှန်အားဖြင့် သူကိုယ်တိုင်အတွက် ယန်ထျန်းရွှမ်သည် အိမ်သေးသေးလေးကို ဝယ်လိမ့်မည် မဟုတ်ချေ။ အတွင်းဖက် အကျဆုံး အပိုင်းသည် တော်တော်လေး ကြီးသည်။ ဧည့်ခန်းသည်လည်း အဝိုင်းပုံစံ ရှိသည်။ အိမ်တစ်ခုလုံးသည် ဗိုက်ကြီးကြီး ပန်းအိုး တစ်လုံးနှင့် တူသည်။ တံခါးပေါက်ဝသည် ပန်းအိုး၏ ပါးစပ်တွင် ရှိကာ ပန်းအိုး၏ လည်ပင်းသည် ဧည့်ခန်းကို ဦးတည်သွားကာ ယင်းက အလွန်ကို ကျဉ်းမြောင်းပေ၏။

ရှီရှန်းကျင်းသည် ပထမဆုံးအကြိမ် ထိုကဲ့သို့သော ဒီဇိုင်းကို မြင်ဖူးခြင်း ဖြစ်သည်။

သူသည် အခြားသော အဆောက်အဦးများ၏ ဒီဇိုင်းကို လှန်ကြည့်လိုက်သည့်အခါ သူ့နဖူးသည် ပို၍တောင် မှုန်ကုပ်သွားသည်။

ယေဘူယျအနေဖြင့် အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီဇိုင်းအတွက် ဖုန်းရွှေကို ကြည့်သင့်သည်ပင်။ အကြောင်းမှာ ထိုပုံစံသည် အလွန်အသုံးများသည့် ဒီဇိုင်းပုံစံ ဖြစ်သည့်အတွက် ဖြစ်၏။ သို့သော် ဤရပ်ကွက်သည် တစ်မျိုးတစ်မည် ဖြစ်ကာ အဆောက်အဦးတိုင်း၏ ဖွဲ့စည်းပုံသည် ဒီဇိုင်းအတူတူကို ယူကာ ဆောက်လုပ်ထားခြင်း ဖြစ်သည်။

အခြား အထပ်များ၏ ပုံစံများသည် ကွဲပြားနေသည်။ သို့သော် ယခုဒီဇိုင်းတော့ မဟုတ်ပေ။ သူတို့ အကုန်လုံးသည် ဒီဇိုင်း အတူတူ ဖြစ်ကာ လသာဆောင်သည်လည်း အိပ်ခန်းတွင် ရှိနေသည်။ ဧည့်ခန်းနှင့် တော်တော် ဝေး၏။

ယန်ထျန်းရွှမ်သည် သူ့ကို စိုက်ကြည့်နေ၏။ သူ့ပုံ အရုပ်ဆိုးသွားသည့် အခါ သူ့ နှလုံးသားသည် ဂလောင်ဂလင် ဆန်သွားသည်။ ထိုအိမ်ပုံစံနှင့် ပတ်သတ်ပြီး တခုခု မှားနေသည်လေ။ သူသည် အမြဲတမ်း အိမ်၏ ဒီဇိုင်းပုံစံကို ဂရုမစိုက်ပေ။ အကြောင်းမှာ ထိုအပိုင်းကို ဒီဇိုင်နာက တာဝန်ယူထားသည့်အတွက် ဖြစ်၏။ ထို ပရောဂျက် တစ်ခုလုံးအတွက် နိုင်ငံခြားမှ ဒီဇိုင်နာ တစ်ယောက်ကို ဈေးကြီးကြီးဖြင့် ငှားခဲ့သည်။ ထို စနစ်ပုံပြီးမှသာ ဆောက်လုပ်ရေးကို စ၏။

ယခုအခါ ပြဿနာသည် ထိုမှ ပေါ်လာလိမ့်မည်ဟု သူမည်သည့်အခါမျှ မတွေးခဲ့မိပေ။

သူက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

“မစ္စတာရှီ။ ဒီ အဆောက်အဦးပုံစံနဲ့ ပတ်သတ်ပြီး ဘာမှားတာများ ရှိလို့လဲ”

ရှီရှန်းကျင်းသည် ခေါင်းမော့လိုက်ကာ ရှီချီကို လက်ယမ်းပြလိုက်သည်။

ရှီချီသည် သူ့ဘေးတွင် ရှိမနေပေ။ သို့သော် သူသည် လျိုယွမ်ယွမ်ကို ကြည့်နေသည်။ ပိုပြီး သိသိကျကျ ပြောရပါက သူမ၏ အမြှီးကို စိုက်ကြည့်နေခြင်း ဖြစ်သည်။

သူ့ ယင်ယန် မျက်လုံး ပွင့်နိုင်ပြီးနောက် သူသည် ပိုများသည့် အရာများကို မြင်နိုင်လာရသည်။

လျိုယွမ်ယွမ်သည် စကားမပြောနိုင်ပေ။ သူမက ရှေ့ရှိ ကလေးကို စိုက်ကြည့်နေသည်။ သူမကို ကြည့်စဉ် မျက်လုံး အစိမ်းရောင်သို့ ပြောင်းသွားသည့်အခါ ကျော့စိမ့်သလို ခံစားရသည်။

ရှီချီသည် သူမကို ရုတ်တရက် ပြုံးပြလိုက်သည်။ သူ့ပါးစပ် ထောင့်စွန်းများက အနည်းငယ် ပင့်သက်သွားသည်။

ယင်းအပြုအမူကို မြင်သည့်အခါ လျိုယွမ်ယွမ်သည် နောက်ဆုတ်သွားပြီး ကြောက်စရာ ကောင်းသည့် အရာ တစ်ခုခု လုပ်မည်ကို စိုးရိမ်သည့်အတွက် သူ့ကို သတိထားပြီး စိုက်ကြည့်နေ၏။

ရှီရှန်းကျင်းက အော်ခေါ်လိုက်၏။

“ရှီချီ ဒီကို လာခဲ့”

သူ့ဦးလေးစီ ပြေးမသွားခင် ရှီချီ အပြုံး ပျောက်သွားပြီး ကြောက်နေသည့် အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။

ရှီရှန်းကျင်းက အဆောက်အဦးပုံစံကို ပြလိုက်သည်။

“ဒါကိုကြည့် ဒီပုံစံထဲက ဘယ်နေရာက မှားနေတယ်လို့ မင်းထင်လဲ”

သူသည် ယခုနေရာသို့ ခေါ်ခဲ့ရခြင်းသည် ရှီချီကို လက်တွေ့ သင်ကြားပေးရန် ဖြစ်သည်။ လက်တွေ့ သင်ကြားပေးခြင်းက သီအိုရီများကို သင်ကြားပေးခြင်းထက် ပိုကောင်းပေသည်။ ထပ်ပြောရပါက ယင်းက သူ့တွင် မည်မျှ ပါရမီ ရှိကြောင်း စမ်းသပ်ရန် အခွင့်အရေး တစ်ခုပင် ဖြစ်သည်။

ရှီချီ၏ အကြည့်များက ထိုစာရွက်ပေါ်တွင် ရောက်နေကာ ဂရုတစိုက် ကြည့်နေ၏။

တခဏကြာပြီးနောက် ယင်းပုံသည် သူတို့ ယခု ရောက်ရှိနေသည့် အိမ်ဖြစ်ကြောင်း သိရှိသွားကာ သူသည် အခန်းနေရာအနှံကို တစ်ဖန် သေချာ ပြန်ကြည့်လိုက်သည်။

အမှန်အားဖြင့် သူပထမဆုံး ဝင်လာသည့် အချိန်က သူ့ရင်ထဲတါင် မသက်မသာ ခံစားလိုက်ရသည်။ အဆောက်အဦးထဲ မဝင်ခင် သူ့အရိုးထဲ အေးစိမ့်ဝင်သွားသလို ခံစားလိုက်ရပြီး တံခါးထဲ ဝင်လိုက်သည်နှင့် အတွင်းထဲကို အမဲရောင် အမျှင်တန်းဝင်သွားသည်ကို တွေ့လိုက်ရသည်။

သူဝင်သွားသည်နှင့် ထိုအမဲရောင် အမျှင်တန်းသည် ပျောက်ကွယ်သွားသည်။
ရှီရှန်းကျင်းက သူ့ကို အားပေးကာ
“ဘယ်လို ထင်လဲဆိုတာကိုသာ ပြော”

ဘေးတွင် ရှိနေသည့် ယန်ထျန်းရွှမ်ကလည်း ထိုကလေးကို သင်ပေးဖို့အတွက် ရည်ရွယ်ထားသည်ဟု မြင်မိသည်။ သူ လျစ်လျူရှုခံရသည်ကို အနည်းငယ် မကျေနပ်သော်ငြား ပြဿနာကို ဖြေရှင်းရန်အတွက် သူတို့ကို အားကိုးရဦးမည် ဖြစ်သည့်အတွက် သူမကျေနပ်မှုကို ပြန်ထိန်းလိုက်ရသည်။

သူက အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်သည်။

ရှီချီသည် တခဏကြာ တွေးလိုက်ပြီးနောက် တွန့်ဆုတ်နေသည်။

“ကျွန်တော်တစ်ခုခု ဝင်လာတယ်ကို ခံစားမိတယ်။ ဒါပေမဲ့ အဲဒါက ဘာလဲ ဆိုတာ မသိဘူး။ ဒီမှာ
ဝင်ပေါက် တစ်ခုပဲ ရှိတာ။ ထွက်ပေါက်လဲ မရှိဘူး။ ဒါကြောင့် အထဲကို ဝင်လာတဲ့ အမဲရောင်လေတွေက မထွက်သွားသေးဘူးဆိုတာ သေချာတယ်”

သူသည် တစ်ခုခု မှားပြောမှာ စိုးသည့်အတွက် နည်းနည်းတော့လန့်၏။

“သားပြောတာ မှန်တယ်”

ရှီရှန်းကျင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ယန်ထျန်းရွှမ်ဖက်ကို လှည့်ကာ

“ဒီအိမ်က ဖုန်းရွှေနီးအရဆိုရင် ကျဉ်းမြောင်းတဲ့ ဖုန်းရွှေနဲ့ လုပ်ထားတာ။ ချီတွေကို ပိတ်ထားတယ်ပေါ့။ တကယ်လို့ အသက်ရှင်ချီဆိုရင်တော့ အဆင်ပြေတယ်။ ဒါပေမဲ့ ဒီမှာ ရှိနေတဲ့ ချီတွေ အကုန်လုံးက သေစေနိုင်တဲ့ ချီတွေကြီးပဲ”

“သေ…. သေစေနိုင်တဲ့ ချီလား”

ယန်ထျန်းရွှမ်သည် ကြက်သေသေသွားကာ

“ဒီမှာ တစ်ယောက်ယောက် မသေဖူးပါဘူး””

ရှီရှန်းကျင်းသည် အဆောက်အဦးပုံစံကို လက်ထောက်ကာ

“သေတဲ့သူတော့ မရှိဘူး။ ဒါပေမဲ့ ဒီမှာ ပြာမှုန့် အနည်းငယ်တော့ ရှိတယ်”

ယန်ထျန်းရွှမ်၏ မျက်နှာက ချက်ခြင်းပင် အရုပ်ဆိုးသွားသည်။

မကြာသေးခင်က ရပ်ကွက်အတွင်း ပြာထားရန်အတွက် အိမ်ဝယ်သည့် အကြောင်းက ပွတ်လော ရိုက်သွားခဲ့သေးသည်။ သူသည် ပုံမှန် ပွတ်လောရိုက်မှုသာဟု တွေးခဲ့ပြီး ဂရုမစိုက်ခဲ့ပေ။ မည်သို့ပင် ဖြစ်စေ ဤနေရာတွင် ပြာတမှုန်များ မထားနိုင်လျှင် အခြား အိမ်တစ်လုံးကို ဝယ်ရန်အတွက် လုံလောက်ပေသည်။

သို့သော် သူသည် ဤနေရာတွင် ထိုအရာကို အမှန်တကယ် လုပ်ခဲ့သည်။

သူသည် အဆောက်အဦးပုံစံကို ကြည့်လိုက်သည်။ သူ ယခု ကြားရသည့် စကားနှင့် ပေါင်းလိုက်လျှင် အိမ်ကို ကြည့်တိုင်း ပို ကံဆိုးလေဟု ခံစားလာရသည်။ ဝင်ပေါက်သည် အလွန်သေးပြီး အတွင်းပိုင်းက အလွန်ကြီးသည်။ ပြီးနောက် အဘယ်တွက် လသာဆောင် တစ်ခုသာ ပါသနည်း။

ဒီဇိုင်နာသည် ဦးနှောက် မရှိသည်လော။ လသာဆောင်ကို မာစတာ အိပ်ခန်းတွင်ပင် ထားခဲ့၏။ စတုရန်းမီတာ နှစ်ရာကျော် ကျယ်ဝန်းသည့် နေရရာကို ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် အရှုပ်အထွေး ဖြစ်စေကာ သူ့ကိုပင် ပါဝင်ပတ်သက်စေသည်။

“ကျွန်တော် သူတို့ကို ချက်ခြင်း ပြာကို ဖယ်ခိုင်းလိုက်မယ်။ ဘယ်လောက်တောင် ဆိုးဝါးလိုက်သလဲ”

ယန်ထျန်းရွှမ်သည် ဒေါသထွက်နေသည်။ သူ့ဘဝနှင့် ကျန်းမာရေးသည် အန္တာယ် ရှိနေသည့်အတွက်ကြောင့် ပုံမှန်လူကဲ့သို့ မဟုတ်ဘဲ မတည်မငြိမ် ဖြစ်နေသည်။

ထိုသို့ ကြားသည့်အခါ ရှီရှန်းကျဉ်းသည် မျက်တောင် ပင့်လိုက်သော်ငြား ဘာမျှ ပြန်မပြောပေ။

ယန်ထျန်းရွှမ်က မဝံ့မရဲဖြင့် မေးလိုက်သည်။

“အဲဒါဆိုရင် မစ္စတာရှီ။ ကျွန်တော် အိပ်မက်ဆိုးတွေ မက်တာက ဒီကိစ္စတွေကြောင့်လား”

ရှီရှင်းကျင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

“မဟုတ်ဘူး”

ယန်ထျန်းရွှမ်သည် တစ်ဖန် ကြက်သေသေသွားပြန်သည်။ အကယ်၍ ထိုအကြောင်းကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် ထိုသို့ အရေးမပါသည့် ကိစ္စများကို အများကြီး ပြောနေရသနည်း။

ရှီရှန်းကျင်းသည် ဂရုမစိုက် ပြီးနောက် သူသည် အိမ်၏ တည်ဆောက်ပုံကို ပေါ့ပေါ့တန်တန်သာ ကြည့်လိုက်သည်။

“တကယ်လို့ ချီက ထွက်ဖို့ လမ်းမရှိဘူးဆိုရင်တောင် အဲဒါက မင်းရဲ့ ကျန်းမာရေးကို ထိခိုက်ရုံပဲ ဖြစ်မှာ။ အိပ်မက်ဆိုး မက်စေတဲ့ အခြား အကြောင်းပြချက်တွေ ရှိသေးတယ်”

ထိုအိပ်မက်မျိုး ကာလကြာရှည် ဖြစ်ပါက သူ့အနေဖြင့် အိပ်ရာထဲတွင်သာ လှဲနေမည် ဖြစ်ကာ စောစောသာ ထမည် ဖြစ်သည်။

သူက ထပ်မေးလိုက်သည်။

“မင်းဘယ်လို အိပ်မက်မျိုး မက်လဲ”

ယန်ထျန်းရွှမ်က ထိုသို့သော မေးခွန်းမျိုး မေးရန်အတွက် အချိန် အတော်ကြာ စောင့်ခဲ့ရကာ ချက်ခြင်းပင် အဖြေ ပြန်ပေး၏။

“ဒီလိုဗျ။ ဒါက အိပ်မက် တစ်ခုပဲ။ ကျွန်တော်က ယွမ်ယွမ်နဲ့ ကျွန်တော်က အိပ်ရာ အတူတူမှာ အိပ်တယ်လို့ အိပ်မက် မက်တယ်။ ဒါပေမဲ့ ရုတ်တရက် သူက အကောင် တစ်ကောင်က သူ့ကို ထွေးပတ်လာတယ်လို့ အိပ်မက်မက်တယ်။ ဒါပေမဲ့ ကျွန်တော်က အဲ့တိရစ္ဆာကို ကောင်းကောင်း မမြင်ရဘူး။ ပြီးတော့ အဲ့အိပ်မက်က နေ့တိုင်းကို မက်နေတာ”

အစပိုင်းက သူသည် ထိုအိပ်မက်ကို သာမန် အိပ်မက်ဆိုး တစ်ခုဟုသာ တွေးခဲ့သည်။ ပြီးနောက် သူ့စိတ်ထဲတွင် မထားထားပေ။

သို့သော် နောက်ပိုင်းတွင် ထိုတူညီသည့် အိပ်မက်မျိုးကို ရက်ပေါင်းများစွာ မက်၏။ ထို့ကြောင့် သူသည် ရွေးချယ်စရာ မရှိတော့ဘဲ ထိုကိစ္စကို အလေးအနက် လုပ်ခဲ့ကာ ထိုကိစ္စ နောက်ကွယ်ရှိ အကြောင်းအရာကို ရှာဖွေတော့သည်။ သို့သော် သူ့အနေဖြင့် ထိုအရာတွက် ဖြေရှင်းချက် တစ်စုံတစ်ရာမှ ရှာမတွေ့ခဲ့ပေ။

နောက်ပိုင်းတွင် လျိုယွမ်ယွမ်သ် သူ့ကို မေး၏။ သူမသည်လည်း ထိုအိပ်မက်မျိုးကို ကာလရှည်ကြာ မက်ကြောင်း သူ နားလည်သည်။ ပြီးနောက် ထိုအရာသည် သူနှင့်ဆက်စပ် ပေနေလိမ့်မည်။

ထိုအကြောင်းကို တွေးမိသည့်အခါ ယန်ထျန်းရွှမ်က မေးလိုက်သည်။

“မစ္စတာရှီ ယွမ်ယွမ်ကို ပြောခွင့်ပေးလိုက်ရအောင်”

ရှီရှန်းကျင်းက စိတ်မပါတပါဖြင့် ပြုံးကာ

“သူကို စကားပြောခွင့်ပေးထားတာ အခုနဲ့ဆို တော်တော်တောင် ကြာပြီ”

ထိုစကားကို ကြားသည့်အခါ ရှီချီသည် ရင်ထဲတွင် ကျိတ်ရယ်လိုက်သည်။

ဤစကားကို ခပ်ဝေးဝေးမှ ကြားလိုက်ရသည့် လျိုယွမ်ယွမ်သည် ရှက်ရွံ့မှုကို လွှမ်းမိုးခံနေရသည်။ သို့သော် သူမသည် ဒေါသ မထွက်ရဲပေ။ သူမ ပါးစပ်ကို တိတ်တဆိတ် ဖွင့်ကာ “အ” ဆိုသည့် အသံကို ထွက်အောင် ပြုလုပ်ကြည့်လိုက်သည်။

သူမ စကားပြောနိုင်သည်မှာ သေချာသွားသည်။ ထို့ကြောင့် သူမသည် ချက်ခြင်း စိတ်သက်သာရာ ရသွားခဲ့သ်ည။

ယနေ့ တစ်နေ့လုံး မည်သူမျှ သူမကို စကားပြောခွင့် မပေးသည့်အတွက် အခြားသူများ ပြောသည့် စကားကိုသာ ဆက်၍ ခိုးနားထောင်နေခဲ့ရသည်။ သို့သော် သူမ ကြားသမျှမှာ သေစေနိုင်စေသည့် ချီနှင့် အသက်ရှင်နေသည့် ချီ နှင့် အခြားသော လုပ်ဆောင်ချက်များပင် ဖြစ်သည်။ ထိုစကားများကို နားထောင်ရုံဖြင့် သူမကို စိတ်ရှုပ်ထွေးသွားစေသည်။

ယန်ထျန်းရွှမ်က လက်ဝေ့လိုက်ကာ

“မင်းအိပ်မက်အကြောင်းကို မစ္စတာရှီကို လာပြောပြလိုက်”

လျိုယွမ်ယွမ်သည် အနည်းငယ် ကြောက်ရွံ့နေသော်ငြား သူမသည် မငြင်းဆိုရဲပေ။ သူမက ဖြည်းဖြည်းချင်း လမ်းလျှောက်လာကာ ယန်ထျန်းရွှမ်က စိတ်မရှည်စွာဖြင့်

“မြန်မြန်လာ”

ရှီရှန်းကျင်းသည် သူတို့ နှစ်ယောက်ကို တွန်းအားများ မပေးပေ။

“ကျွန်မ… ကျွန်မ ဒီအိပ်ကို မက်တာက လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကတည်းက”

သူမ ပါးစပ်ကို ကာရင်း တိုးတိုးလေး ပြောနေသည့်အတွက်ကြောင့် သူမ တုန်ယင်နေကာ

“အစကတော့ အဲဒါက ရိုးရိုး အဝါရောင် တိရစ္ဆာန် တစ်ကောင်ပဲ ဒါပေမဲ့ မကြာခင်မှာပဲ အဲ့အကောင်က ကျွန်မကို စပြီးတော့ ရစ်ပတ်လာတယ်။ တစ်ဆင့်ပြီး တဆင့် ရစ်ပတ်လာတယ်။ ရစ်ပတ်တာက တော်တော်လေး သန်တာ ကျွန်မ အသက်ရှု ရပ်လုမတက်တောင် ဖြစ်ခဲ့တယ်”

သူမအနေဖြင့် ထိုကဲ့သို့ အိပ်မက်မျိုးကို ဘာကြောင့် မက်သည်ကို မသိပေ။ သူမသည် အမြဲတမ်း မည်သည့် တိရစ္ဆာန်ကိုမျှ ထိတွေ့ မဆက်ဆံဖူးပေ။ သူမ တခါမှ မမြင်ဖူးသည့် အကောင်ကို မဆိုထားနှင့် ခွေးကလေး ကြောင်ကလေးတွေကိုတောင် မထိဘူးပေ။

အမြီးလား။

ရှီရှန်းကျင်းသည် ထိုစကားကို အမှတ်ရသွားသည်။ ရှီချီ အရင်က မြင်သည့် အရာနှင့် အတူတူပင် ဖြစ်ပေမည် ဖြစ်ကာ မှန်နိုင်ပေ၏။ လျိုယွမ်ယွမ်ကို တွေဝေစွာဖြင့် ကြည့်ရင်း မေးလိုက်သည်။

“ရှီချီ ခုနက ဘာကို စိုက်ကြည့်နေတာလဲ”

ရှီချီသည် အသိစိတ် ပြန်ဝင်လာပြီး တခဏကြာ တိတ်ဆိတ်နေကာ ပြောလိုက်၏။

“အဲ့အန်တီရဲ့ အောက်ပိုင်းမှာ အဝါရောင် အမြီးလေးကို မြင်ခဲ့တယ်။ သူ့ခြေထောက်တွေကိုတော့ မတွေ့မိဘူး”

သူ့အသံသည် ညှင်သာပြီး ဖယောင်းသားနှင့် သူက ကလေး တစ်ယောက် အသံမျိုးကို ပေါ်ထွက်လာစေသည်။

သာမန်လူ တစ်ယောက်အနေဖြင့် ချစ်ခင်မှုကို ပြသရန်အတွက် ၎င်းတို့၏ မိခင်ဗီဇက စတင် ဝင်ရောက်သော်ငြား လျိုယွမ်ယွမ်သည် သူမသွေး အေးကာ ခမ်းခြောက်သွားသလို ခံစားလိုက်ရသည်။

ရှီချီသည် ညာနေခြင်း မဟုတ်ပေ။ သူမ လမ်းလျှောက်သွားသည့်အခါ ရှည်လျားသည့် အမြီးတစ်ခုသည် သူမခါးကို ရစ်ပတ်နေသည်ကို အမှန်တကယ် မြင်ခဲ့ရခြင်း ဖြစ်သည်။

ထိုအချိန်တွင် အဝါနုရောင် လေက ရုတ်တရက် ပျောက်ကွယ်သွားကာ အရောင်ရင့်ရင့်သို့ ပြောင်းသွားပြီး သူမ ခြေထောက်နားကို လှည့်ပတ်နေသည်။

သူသည် တခဏကြာ ရပ်တန့်နေသည်။ သူ့အနေဖြင့် ထိုမြင်သည့်အရာကို ပြောရန်အတွက် စကားလုံး ရှာမရ၍ အတွက် ဖြစ်ကာ သူ့မျက်နှာသေးလေးကလည်း ရှံ့တွနေသည်။

လျိုယွမ်ယွမ်သည် ကြောက်လန့်စွာဖြင့် သူတို့နှင့် အတော်ဝေးရာသို့ ပြေးသွားပြန်သည်။

ထိုအချိန်တွင် အမြှီးရှည်သည် ပြန်ပြေသွားကာ အဝါနုအောင် လေကလည်း ရုတ်တရက် ပျောက်ကွယ်သွားပြန်သည်။

ရှီချီသည် နောက်ဆုံးတွင် မည်သို့ ပြောရမည်ကို သိသွားသည်။ ပြီးနောက် သူ တောက်ပနေသည့် မျက်လုံးကို ဖွင့်လိုက်ကာ

“အဲဒါက မြူနဲ့တူယ်။ အခုတော့ မရှိတော့ဘူး”

ယန်ထျန်းရွှမ်၏ မျက်နှာသည် အမှန်တကယ်ပင် အရုပ်ဆိုးသွားသည်။ သူနှင့် ခုတင်အတူတူတွင် အိပ်နေသည့် သူကား လူဟုတ်ချင်မှ ဟုတ်ပေမည်။ သူမကြောင့် အိပ်မက်ဆိုး မက်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။

ထိုအကြောင်းကို တွေးကြည့်သည့်အခါ လျိုယွမ်ယွမ်၏ မျက်လုံးများသည် ပိုဆိုးရွားလာခဲ့သည်။

အခြားတစ်ဖက်တွင် ရှီရှန်းကျင်းသည် ရုတ်တရက် တခုခုကို သတိရသွားပုံပေါ်သည်။

အခန်းကို ငြိမ်သက်မှုက တစ်ဖန် လွှမ်းခြုံသွားပြန်၏။ ယန်ထျန်းရွှမ်သည် သူ့ကို ဘာမှ မနှောက်ယှာက်ရဲပေ။ သူသည် ထိုအကြောင်းကို တွေးလိုကသည့်အခါ သူသည် ယခု တစ်ခေါက်တွင် ခေါ်သည့်သူ မှန်ကန်ပြီ ဖြစ်ကြောင်း သိသွားတော့သည်။

သူသည် အရင်က ကျော်ကြားသည့် တာအိုဘုန်းကြီးကိုလည်း ခေါ်ခဲ့ဖူးသည်။ သို့သော် အဆုံးတွင် သူတို့သည် ဘာမှ မလုပ်ဆောင်ခဲ့ဘဲ ငွေများကိုသာ ယူသွားခဲ့သည်။ သူတို့သည် လှည့်ဖြားရုံသာ တက်နိုင်ကြသည်။ နောက်ဆုံးတွင် သူတို့သည် သဲလွန်စတောင် ကောက်စရာ မရှိဘဲ ထွက်ပြေးသွားကြသည်။

မဝေးမကွာတွင် ရှိသည့် လျိုယွမ်ယွမ်နှလုံးသားထဲတွင် အမှန်တကယ်ပင် ကြောက်ရွံ့လာသည်။ သူမသည် ယန်ထျန်းရွှမ်ဖက်ကို ပြေားလာသည်။ သူမသည် ယခု သူ ဘာဖြစ်နေသည်ကို ဂရုမစိုက်တော့ပဲ သူမက အကြောင်းပြချက် တခုခုကို တီးတိုး ပြောလိုကု်သည်။

ရှီချီသည် သူမနောက်တွင် ရပ်လိုက်ပြီး ထိုအမြီးရှည်သည် သူ့မ ခါးကို တဖန် ပြန်ပြီး ရစ်ပတ်နေသည်ကို မြင်လိုက်ရသည်။ အမြီးဖြား ထွက်လာသည့်အခါ သူ့မျက်လုံးရှေ့တွင်တော့ အဝါနုရောင် အလင်းလေးကို စတင် ထုတ်လုပ်သည်ကို မြင်လိုက်ရသည်။

သူကို ဘယ်သူမှ အရေးမစိုက်သည်ကို တွေ့ပြီးနောက် သူ့မျက်နှာထားက တင်းမာလာပြီး လေးနက်သည့် အမူအရာ ပေါ်လာခဲ့၏။

ထို့နောက် သူသည် အမြီးထိပ်ဖျားဆီ လက်ရောက်သွားကာ ဖမ်းဆုပ်လိုက်တော့၏။

****
ဟ.. ဒါက တော်တော်လေး နူးညံ့တာပဲ

ဒီဟာနဲ့ အဘွားအတွက် လည်စည်းပဝါ လုပ်ပေးရမဘ်။

သေချာပေါက် နွေးမှာပဲ”
***
ရှီချီ၏ လျို့ဝှက်ဒိုင်ယာရီ သေးသေးလေး။

စာရေးဆရာမှာ ပြောစရာ ရှိပါတယ်။
နင်မုန့် ငါ အရမ်း ကျေးဇူးတင်ပါတယ် (တုန်တုန်ယင်ယင်ဖြင့်)

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset