RENH အပိုင်း ၁၉

အခန်း ၁၉/၁
နောက်ဆုံး သူ့မျက်လုံး မြင်ခဲ့ပြီ အပိုင်း-၁

နောက်တစ်နေ့ နေမထွက်ခင် ရှီချီကို ပင်မစံအိမ်တော်ကို ခေါ်ခဲ့သည်။ နင်မုန့်သည် အလွန်စိုးရိမ်နေကာ လီရှကသာ ထိန်းသိမ်းနေရပြီး လက်ရှိတွင် အိပ်ရာထဲ၌ လှဲလျက်သာ နားနေ၏။

သူမသည် မြေညီထပ်ရှိ တူညီသည့် အခန်းထဲတွင်သာ ရှိသည်။

ရှီချီသည် လမ်းနှင့် အကျွမ်းတဝင် ရှိနေပြီ ဖြစ်ကာ တံခါးကို ဖွင့်လိုက်ပြီး အထဲကို ဝင်သွား၏။ သူ့ဦးလေး တစ်ခုခု ဟိုရွေ့ဒီရွေ့ လုပ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် သူ့ဦးလေးကို မနှောင့်ယှက်ရဲဘဲ ထိုင်ခုံတွင်သာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။

သူ့ပထမဆုံး မြင်ခဲ့သည့် အချိန်နှင့် ယှဉ်လျှင် အခန်းသည် ဘာမျှ ကွဲပြားသွားခြင်း မရှိပေ။

ရှီရှန်းကျင်းသည် စားပွဲပေါ်တွင် တစ်ခုခု ရေးနေ၏။ ရှီချီ၏ အမြင်တွင် စာအုပ်တစ်အုပ်၏ ခေါက်နေသည့် အနားသပ်များကိုသာ မြင်ရသည်။

အတန်ကြာပြီးနောက် ရှီရှန်းကျင်းသည် သူ့ခေါင်းကို မော့လိုက်ကာ ပြောလိုက်၏။

“နောက်ပိုင်းကျ မင်းအနေနဲ့ မျက်လုံးဖွင့်လိုက်တဲ့အခါ အဆင်မပြေသလို ခံစားရလိမ့်မယ်။ ဒါပေမဲ့ ဦးလေး မင်းကို မျက်လုံးဖွင့်လို့ ပြောတဲ့ ညွှန်ကြားတဲ့ အချိန်ထိ မင်း သည်းခံရမယ်”

ရှီချီက နာနာခံခံဖြင့် ခေါင်းညိတ်လိုက်သည်။

တွေးကြည့်ရုံနှင့်တင် သူ့အနေဖြင့် ယင်ယန်မျက်လုံးကို ဖွင့်လှစ်မည် ဖြစ်ကာ သူ့ မျက်လုံးများ ဝေဝါးမှုကို ဖြေရှင်းပြီး သူ့ သရဲအမျိုးအစားအကုန်ကို မြင်ရမည် ဖြစ်သည်။ ယင်းခံစားချက်မျိုးသည် ပြောပြရ ခက်ပေလိမ့်မည်။

ရှီရှန်းကျင်းသည် သေတ္တာ တစ်လုံးကို ဖွင့်လိုက်ပြီးနောက် အထဲရှိ ရှိနေသည့် ပစ္စည်းသည် ယမန်နေ့က ထားရှိသည့်အတိုင်း ရှိနေ၏။

ရှီချီသည် ထိန်းမထားနိုင်ဘဲ ကြည့်မိလိုက်သည်။ ယမန်နေ့မှ အမှောင်ထုကြောင့် ချောင်းကြည့်စိတ်ကို မထိန်းထားနိုင်သည့်ကတည်းက သူ့အနေဖြင့် ယခုတစ်ကြိမ်တွင် ပိုကောင်းကောင်း မြင်ရမည် ဖြစ်သည်။

ယင်းက လက်သည်းခွံအရွယ် သေးငယ်သည့် အလုံးလေး ဖြစ်ကာ လုံးဝ ဖောက်ထွင်းမြင်နိုင်ပေသည်။ သို့သော် နီးနီးကပ်ကပ် ကြည့်ပါ ထိုအလုံးထဲတွင် သေးငယ်သည့် သစ်ရွက်ကို မြင်နိုင်ကာ ထူးထူးခြားခြား လှပပေ၏။

ရှီရှန်းကျင်းသည် အရင်ကကဲ့သို့ မျက်စိကို အဝတ်ဖြင့် စည်းလိုက်ပြီးနောက် အလုံးကို မိုးမခရေထဲကို နစ်လိုက်ပြီးနောက် ရှီချီ၏ ပါးစပ်ထဲကို မထည့်ခင်။

“မင်းပါးစပ်ကို ဖွင့်လိုက်။ “

ရှီချီသည် သူ့ဦးလေး ညွှန်ကြားချက် အတိုင်း လုပ်လိုက်ပြီး သူ့လျှာထိပ်ဖြားတွင် အေးမြမြခံစားချက်ကို ခံစားလိုက်ရ၏။ ပြီးနောက် မျိုချလိုက်သည်။ ယင်းက ထူးခြားသည့် အရသာ မရှိပေ။ ထိုအစား အေးမြမြနှင့် လန်းဆန်းမှုကိုသာ ဖြစ်စေ၏။

သူ့အသံကို နိမ့်ချလိုက်ပြီး မေးလိုက်၏။

“ဦးလေး ဒါက ဘာလဲ”

ရှီရှန်းကျင်းက ပြုံးကာ

“မင်းမသိသာက ကောင်းပါတယ်”

ရှီချီသည် ချက်ခြင်းပင် ယင်းက ကောင်းသည့် အရာမဟုတ်မှန်း ချက်ခြင်းပင် သိလိုက်သည်။ သို့သော် အနည်းဆုံးတော့ ရွံ့စရာတော့ မကောင်းဘူးပဲ။ထို့ကြောင့်သာ သူ့အနေဖြင့် ပါးစပ်ထဲ ထည့်နိုင်ခြင်း ဖြစ်သည်။ ထို့အပြင် သူအရင်က စားခဲ့သည့် အရာသည် ယခုနှင့် မနှုန်းယှဉ်နိုင်ပေ။ ထိုအရာသည် ပြင်ပတွင် အိပ်စက်ရာ၌ ပိုကောင်းပေ၏။

အချိန်အတော်ကြာ ဖြတ်သန်းပြီးနောက် ရှီရှန်းကျင်းသည် သူ့လက်ပက်နာရီကို ကြည့်လိုက်ပြဂီးနောက် မနက် ခြောက်နာရီ ထိုးပြီး ဖြစ်သည်ကို သိလိုက်သည်။ တစ်ချိန်တည်းတွင် အိမ်ဖော်မှ နေထွက်ပြီဟု အော်သံ ထွက်ပေါ်လာ၏။

သူသည် ရှီချီ မျက်လုံးကို ဖုံးထားသည့် အဝတ်ကို မဖယ်ရသေးပေ။ ပြီးနောက် ထိုကလေးသည် သူ့မျက်လုံးကို မှိတ်လိုက်ပြီးနောက် သူ့ညွှန်ကြားချက်အတိုင်း လိုက်နာ၏။

“မင်းမျက်လုံးကို ဖွင့်လိုက်”

ရှီချီ၏ မျက်တောင်များသည် အပြည့်မပွင့်ခင် တခဏကြာ ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်၏။

သူ့အမြင်သည် အရင်ကအတိုင်း အကောင်းအတိုင်း ပြန်မြင်လာခြင်း ဖြစ်သည်။ မှုန်ဝါးဝါး မရှိတော့ပေ။ သူ့အနေဖြင့် ခုံစောင်းထက်ရှိ မတူညီသည့်အရောင်မျိုးစုံကိုတောင် မြင်လာရသည်။ တချို့သည် ပူနေပုံရကာ တချို့သည် အေးနေပုံပေါ်ပြီး မတူညီသည့်ခံစားချက် မျိုးစုံကို ပေးစွမ်း၏။

ထိုအရာကို မဝါးမျိုခင်က သူ့အနေဖြင့် မည်သည့်အရာမျှ ကောင်းကောင်း မမြင်ရပေ။ မျိုချပြီးနောက် သူ့အမြင်သည် အလုံးစုံ ပြောင်းလဲသွားတော့သည်။ ယင်းက စစ်မှန်သည့် အဆန်းတကြယ် ဖြစ်ရပ်ပင်။

ရှီရှန်းကျင်းက သူ့နောက်ရှိ အရာကို လက်ညှိုးထိုးကာ

“အဲ့မှာ မင်း ဘာကို မြင်လဲ”

ရှီချီသည် သူ့ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကာ သူ့ထိုင်ခုံမှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သို့သော် ကံကောင်းချင်တော့ ရှီရှန်းကျင်းက သူ့ကို ထိန်းထား၏။

နောက်ကွယ်ရှိ နံရံတွင် လိမ်နေသည့် အကောင် တစ်ကောင် ရှိသည်။ သူသည် ထိုအရာ၏ မျက်နှာကို အနည်းငယ် ရှင်းရှင်းလင်းလင်း မြင်နိုင်ကာ ယင်းက ကြောက်မက်ဖွယ်ကောင်းသည့် ပုံပေါက်၏။ ထိုအရာသည် သူ့ခန္ဓာကိုယ်အစစ် သို့မဟုတ် အတု ပြောရန်ကား ခက်ခဲသည်။ အကြောင်းမှာ ယင်းက ဆက်တိုက် ပုံစံ ပြောင်းနေသည့်အတွက် ဖြစ်သည်။ သို့သော် သူ့လက်များနှင့် ခြေထောက်များကိုတော့ ကွဲကွဲပြားပြား မြင်နိုင်သည်။

ရှီချီ သူ့ကို ကြည့်နေသည်ကို မြင်သောအခါ ထိုအရာသည် ကြောက်လန့်သည်ပုံ ပြကာ လွမ်းဆွေးတမ်းတနေသည့်ပုံပေါ်၏။

ရှီချီသည် သူမြင်ရသည့် အရာကို ပြောပြီးနောက် ရှီရှန်းကျင်းက သူ့ပြောပြသည်ကို ခေါင်းညိတ်လိုက်သည်။ သူပြောသည့် အကြောင်းအရာများသည် သူ့ကြားသည့် အတိုင်း ဖြစ်သည်။ ယင်းက အောင်မြင်သည့်ပုံပေါ်၏။

သူသည် ထိုအကောင်ကို ပြောလိုက်ကာ

“မင်းထွက်သွားလို့ ရပြီ”

ထိုအကောင်သည် တံခါးဆီသို့ ခပ်မြန်မြန်ပင် ခုန်ကူးသွားသည်။ သို့သော် မထွက်သွားခင် သူသည် ထိုကလေးကို နောက်ဆုံးအကြိမ် တစ်ချက် ကြည့်လိုက်ပြီး အမျိုးအမည် မသိသည့် အရည်များသည့် သူ့ပါးစပ်ထောင့်မှ ကျလာ၏။

ရှီရှန်းကျင်းသည် သူ့ကို အသံနိမ့်နိမ့်ဖြင့် ညွှန်ကြားလိုက်သည်။

“အခု မင်းမျက်လုံးတွေ ပွင့်သွားပြီ။ မင်းအနေနဲ့ သာမန်လူသားတွေ မမြင်နိုင်တဲ့ အရာအများကို မြင်တော့မှာ။ မင်းအနေနဲ့ ခံစားချက်ကင်းမဲ့တဲ့ မျက်နှာထားမျိုး ဖြစ်အောင် သင်ယူဖို့ လိုသေးတယ်။ မဟုတ်ရင် မင်း အရိပ်အယောင်ကိုပဲ သိနိုင်လိမ့်မယ်”

“နားလည်ပါပြီ။ ဦးလေး”

ရှီချီက ပြန်ပြော၏။

လက်ရှိတွင် သူ့အနေဖြင့် သည်းခံရန် လိုသေးသည်။ သူ့အနေဖြင့် လက်ရှိတွင် ကိုယ်တိုင် ဖမ်းနိုင်ဦးမည် မဟုတ်ပေ။ အကြောင်းမှာ သူ့အနေဖြင့် အသက်ကြီးရန် လိုသေးကာ သူ့အဘွားကို ကျွေးမွေးရန်အတွက် ငွေများ ရှာရဦးမည် ဖြစ်သည်။

သူ့စဉ်းစားပုံကို ကြည့်ရင်း ရှီရှန်းကျင်းသည် အားရကျေနပ်နေ၏။

အရည်အချင်း ရှိသူ တစ်ယောက် ရှီမိသားစုဆီ ရောက်လာခြင်းက ဘိုးဘွားအမွေကို ဆက်ခံနိုင်မည့် လက္ခဏာ တစ်ရပ်ပင် ဖြစ်၏။ ဒုတိယညီ၏ ကလေးနှစ်ယောက်သည် လုံးဝ ပျက်ဆီးပြီး ဖြစ်ကာ သူတို့ လေ့လာမှုချင်စိတ် မည်သို့မျှ မရှိပေ။

သူတို့သည် ကျောင်းတက်ရန် ပြင်တော့မည့် ရှီချီနှင့် အဘယ်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
ရှီချီကို တစ်ဝက်သာ အားထုတ်ပြီး နှစ်ဆ ရလဒ် ရအောင် လုပ်ပေးနိုင်ခြ့ကာ မဝေးတော့သည့် အနာဂတ်အတွင်း သူသည် ကိစ္စအဝဝကို တာဝန် ယူနိုင်လိမ့်မည် ဖြစ်သည်။

ရှီချီက တဖန် မေးလိုက်၏။

“ဦးလေး ကျွန်တော် သွားလို့ ရပြီလား”

ရှီချီသည် သူ့အဘွားကို တွေ့ပြီး သူသည် နောက်ဆုံးတွင် သရဲကို မြင်ရပြီ ဖြစ်ကြောင်း ပြောရန် မစောင့်နိုင်တောပေ။ သို့သော် သူ့အဘွားသည် သူတို့ကို ကြောက်တက်တမ်းကို ပြန်လည် အမှတ်ရလိုက်ကာ တစ်ယောက်ယောက်၏ အသံကြောင့် သူတုန်တောင် တုန်သွားခဲ့ပြီး သူ့အနေဖြင့် ဘာမျှ မတက်နိုင်ဘဲ ပြုံးလိုက်တော့သည်။

သို့သော် ရှီရှန်းကျင်းက မေးလိုက်သည်။

“ငါတို့ နောက်ထပ် နေရာ တစ်နေရာကို သွားရအောင်”
****
သို့သော် ရှီချီ သူအသိပြန်ဝင်လာသည့် အချိန်တွင် သူတို့သည် ရှီမိသားစုစံအိမ်မှ ထွက်သွားပြီ ဖြစ်ကာ ကားသည် သူတို့ အရင်က မမြင်ဘူးသည့် နေရာသို့ ဦးတည်သွားတောသည်။

သူသည် ပြတင်းပေါက်နားကပ်ကာ မှီလိုက်ပြီး အပြင်ဖက်ရှိ မြင်ကွင်းကို စိတ်ဝင်စားစွာဖြင့် စိုက်ကြည့်နေ၏။

တိုက်မြင့်ကြီးများနှင့် အသစ်အသစ်သော အပြင်ရှိ အရာများက သူ့မျက်လုံးကို ဖမ်းစားထားသည်ပင်။ သူ့အရင်ဘဝက ထိုအရာများနှင့် ထိတွေ့ရန် တစ်ခါမျှ ခွင့်မပြုခဲ့ပေ။ပြီးနောက် တစ်ယောက်ယောက်နှင့် အပြင်ထွက်သည့် အချိန်တိုင်း သူသည် ထိုအရာများကို ရံဖန်ရံခါတွင်သာ တစ်ခဏ ကြည့်ခွက်ရသည်။

ရှီရှန်းကျင်း၏ လေသံက ပေါ်ထွက်လာ၏။

“နေ့အခါ အပြင်ဖက်မှာ ဘာမှ မြင်နိုင်မှာ မဟုတ်ဘူး။ အထူးအရာတွေကိုသာ မင်းမြင်နိုင်မှာ ဒါကြောင့်မလို့ အရမ်းကြီး စိတ်မလှုပ်ရှားနဲ့။

ရှီချီသည် ယင်းကိစ္စနှင့် ပတ်သက်ကာ စိတ်ပျက်သွားခြင်း မရှိပေ။ ပြီးနောက် သူက “အ….” ခွန်းတုံ့ကို ပြန်လိုက်၏။

တစ်နေ့တွင် သူ့အနေဖြင့် မြင်နိုင်လာပြီး သူ့ဦးလေးကဲ့သို့ မည်သည့် ကိစ္စမဆို လုပ်နိုင်လာလိမ့်မည် ဖြစ်သည်။ မဟုတ်ဘူး။ သူသည် သူ့ဦးလေးထက်ပင် တော်ပေဦးမည်။ ထိုနေ့သည် သေချာပေါက် ရောက်ရှိလာမည် ဖြစ်၏။

မြန်မြန်ဆန်ဆန်ပင် ကားသည် မြို့အပြင်ဖက် ရပ်ကွက် တစ်ခုတွင် ရပ်လိုက်သည်။

မြို့ပြင်ရှိ ရပ်ကွက်ငယ်လေးသည် ကြည့်ကောင်းသော်ငြား ရှီချီသည် ရှီမိသားစု စံအိမ်တော်နှင့်တောင် ယှဉ်လို့ မရမှန်း ခံစားမိသည်။ သူ့အဘွား၏ တစ်လွှာတိုက်လေးကိုပင် မယှဉ်နိုင်ပေ။

ရှီရှန်းကျင်းသည် ကားထဲမှ ထွက်ပြီးနောက် သူ့ဖက်ကို လှည့်ကာ

“ငါ့နားမှာပဲနေ”

သူတို့ နှစ်ယောက်သား အတွင်းထဲကို ဝင်သွားကြသည်။ ရှီချီသည် ယနေ့တွင် ဤနေရာသို့ လာရသည့် အကြောင်းအရင်းကို မသိကာ သိချင်စိတ်လည်း ဖြစ်ပေါ်နေ၏။ သို့သော် သူသည် ဘာမျှ မမေးပေ။

သူတို့ အပြင်တွင် ရပ်နေစဉ် သူသည် အထဲကို မထိန်းနိုင်ဘဲ ကြည့်မိလိုက်သည်။

ထိုရပ်ကွက်လေးသည် အသစ်ပုံစံ ရှိနေသည့်အတွက် ထိုရက်ကွက်သည် အသစ် တည်ထောင်ထားခြင်း ဖြစ်ရပေမည်။ သို့သော် သူ့အနေဖြင့် တချို့အထပ်များတွင် တချို့ အခန်းများကို မြင်နိုင်ကာ ကြောင်တိကြောင်တောင် အရောင်များရှိပြီး ယင်းက အထင်းသား ပေါ်နေကာ တစ်ယောက်ယောက်ကို အဆင်မပြေသလို ခံစားချက်မျိုးကို ခံစားရစေ၏။

သူတို့သည် ထိုရပ်ကွက်တွင်းကို ခြေချလိုက်သည့်အခါ ရန်လိုသည့် အသံကထိုနေရာမှ ပေါ်ထွက်လာခဲ့၏။

“ဒါက ငါတို့ ဝယ်ထားတဲ့အိမ်။ ငါတို့က ကိုယ့်စီးပွားကို လုပ်နေတာ။ မင်းတို့ မိသားစုက ကျွေးတဲ့ ထမင်းကို စားနေတာ မဟုတ်ဘူး။ မင်းနဲ့ ဘာဆိုင်လို့လဲ။ မင်းက ချမ်းသာလို့လား”

“မင်းအိမ်ထောင့်တိုင်မှာ ဘာလို့ လူသေတွေရဲ့ ပြာကို ချဖို့ ဘာလို့ မစဉ်းစားတာလဲ။ မင်းမှာ ကြင်နာမှ အရိပ်အယောင် သေးသေးလေးတောင် ရှိလို့လား။ မင်း အရမ်းချမ်းသာမယ်ဆိုရင် ဘာလို့ ဒီလူတွေကို မောင်းထုတ်ဖို့အတွက် အိမ်ဝယ်မဲ့အစား ဂူမဝယ်ရတာလဲ”

“မင်းအနေနဲ့ ဒီဟာကို ဘာမှ မြင်ရမှာမဟုတ်ဘူး။ ငါဝယ်ထားတဲ့ အိမ် ငါလုပ်ချင်တာ လုပ်မယ်။ တကယ်လို့ မင်းနိုင်တယ်ဆိုရင် မင်းရဲ့ အိမ်ကို ရပ်ကွက်ကို ရောင်းဖို့ ဘာလို့ မတောင်းဆိုရမှာလဲ”

သူတို့ အချင်းများခြင်းက တွေးထင်ထားသကဲသို့ မဟုတ်ပေ။ ယင်းက မကြာခင်တွင် အပေးအယူလုပ်တာ ပြီးဆုံးတော့မည့်အစား အသံများက ပိုပို လေးနက်လာသည်။ သူတို့ အသံများက တဖြည်းဖြည်းချင်း ကျယ်လောင်လာခဲ့၏။

ရှီချီသည် တချက် ခိုးကြည့်လိုက်ကာ အရွယ်ရောက်ပြီးသားသူ နှစ်ယောက်ကား စတင် ထိုးကြိတ်တော့မည့် ပုံ ပေါ်နေသည်ကို တွေ့လိုက်ရသည်။

လူတစ်ဦးက ရောက်လာပြီး ဘာတွေ ဖြစ်နေသနည်းဟု မေးလိုက်သည်။

အိမ်တွင် နေသည့် သူက ဆက်တိုက် သက်ပြင်းချလိုက်ကာ နောက်ဆုံးတွင် ပြောလိုက်၏။

“ဒီ အိမ်ရဲ့ ပုံစံကြောင့် အိမ်ဈေးက ကျသထက် ကျလာခဲ့တယ်။ ငါတို့နေတဲ့ အိမ်က ပြာချဖို့အ အတွက် နေရာ ဖြစ်တယ်ဆိုပြီး အကြောင်းပြချက်တက်တာကို ဘယ်သူက သိနေမှာလဲ။ တကယ်တော့ တစ်လွှာထဲမှာ သေတဲ့သူ တစ်ယောက်နဲ့ အတူတူနေရတယ်ဆိုတဲ့ ခံစားချက်မျိုးကို ဘယ်သူကမှ ပျော်ရွှင်မှာ မဟုတ်ဘူး”

အမှန်တိုင်း ပြောရမည် ဆိုလျှင် သူ့အနေဖြင့် ပြာအိုးကို သိမ်းထားသည့် အိမ်နီးချင်းနှင့် နေရာမည်ကိုလည်း ဆန္ဒမရှိပေ။ ယင်းက ကြောက်မက်ဖွယ်ရာ ကောင်းရုံတင်မက ကံမကောင်းသည်ဟုပါ စဉ်းစား၍ ရနိုင်ပေသည်။ ဤနေရာတွင် သက်ကြီးရွယ်အိုများကို ပြုစုရန်အတွက် မည်သူမျှ သတ္တိရှိမနေကြချေ။

သို့သော်လည်း သူတို့အလိုရှိသည့်အတိုင်း ပြင်ဆင်၍လည်း မရနိုင်ကြပေ။ သူတို့ ဝယ်ယူခဲ့သည့် အိမ်သည် သူတို့ လုပ်ချင်သည့်အတိုင်း လုပ်နိုင်ရမည် သို့သော် သူတို့၏ နည်းလမ်းသည် အမှန်တကယ်ပင် လူမဆန်သကဲ့သို့ အော်ဂလီဆန်စရာလည်းကောင်းပေ၏။

“…. နောက်ဆုံးတစ်ခေါက်က မင်းအသုဘယာဉ် မမောင်းဖူးဘူးလား။ ကလေးတွေ ဘာတွေ တွေးနေမလဲဆိုတာ မင်းတွေးကြည့်ရဲ့လား။ မင်းသူတို့ စိတ်ဒဏ်ရာအတွက် လျှော်ကြေး ပေးနိုင်မှာမို့လား။ မင်းက တကယ်တော့ ဒီလိုမျိုး အရာမျိုးလုပ်ဖို့အတွက် ကျင့်ဝတ်က လုံးဝကို သုညပဲ”

ထိုအချိန်တွင် ရှီချီ၏ မျက်လုံးများ ပြူးလာတော့သည်။

သူသည် အသုဘယာဉ်ကို သိ၏။ ထိုယာဉ် လမ်းမထက်တွင် ဖြတ်သွားသည့် အချိန်တိုင်း သူ့ခန္ဓာကိုယ် အေးသွားသလို ခံစားလိုက်ရသည်။ ထိုအသုဘယာဉ် ဖြတ်သွားသည့် အချိန်တိုင်း တစ်ယောက်ယောက်က သူ့အား စိုက်ကြည့်နေသလို ခံစားရ၏။

ယခုလက်ရှိတွင် သူ၏ ယင်ယန် မျက်လုံး ပွင့်သွားပြီ ဖြစ်ကာ သရဲများကိုလည်း မြင်လာနိုင်တော့မည်။ အဲ့မှာ သရဲတစ်ကောင် ရှိနေတာ မဖြစ်နိုင်ဘူးလား။

ရှီရှန်းကျင်းသည်လည်း မျက်မှောင် ကျုံ့လိုက်၏။

အခန်း ၁၉.၂
သူ့မျက်လုံးတွေက နောက်ဆုံးတွင် မြင်လာနိုင်ပြီ။ ၂

တစ်လွှာထဲတွင် သေသည့်သူနှင့် အတူတူနေရခြင်းက ကောင်းသည့် အရာမဟုတ်ပေ။ တစ်ယောက်သည် သက်မဲ့ လေကို ရှုနေရပြီး ကျန်တစ်ယောက်သည် သက်ရှိလေကို ရှုနေရသည်။ အကယ်၍ သူတို့သာ ကာလရှည်ကြာ အတူတူ ဆက်နေလျှင် မတော်တဆ ထိုခိုက်မှု ဖြစ်လာသည်မှာ မလွဲမသွေပင် ဖြစ်သည်.

ယင်းအတွက်ကြောင့်ပင် ရှေးခေတ်က သင်္ချိုင်းများသည် အမြဲတမ်း လူသူကင်းမဲ့သည့် အရပ်တွင် ရှိခဲ့ကြသည်။ ပြီးနောက် ယခုခေတ် သင်္ချိုင်းများသည်လည်း ထိုထုံးတမ်းအတိုင်း လိုက်ခဲ့ကြသည်။ မည်သူမျှ မြို့လည်ခေါင်တွင် သင်္ချိုင်း တည်လိမ့်မည် မဟုတ်ပေ။

အကယ်၍ သက်ရှိ လူတစ်ယောက်၏ အသက်ရှိမှုနှင့် သေဆုံးသူ၏ ချီနှင့် ထိတွေ့မှု ဖြစ်သည့်အခါ သူတို့၏ ကံကောင်းမှုသည် ပြောင်းလဲသွားမည် ဖြစ်ကာသူတို့သည် ဒုက္ခများကို ရက်များစွာ ခံရမည် ဖြစ်သည်။ ကံမကောင်းမှုကို ကြုံတွေ့ရသည့်သူအဖို့ ကျန်းမာရေး အားနည်းကာ အဆုံးဆုံး ရလဒ်အနေဖြင့် သေဆုံးသည်အထိ ဖြစ်နိုင်ပေ၏။

သို့သော်ငြား ထိုကိစ္စမျိုးကို သေချာပေါက် ပြုပြင်နိုင်ပေမည်။

သူတို့၏ အချင်းများမှ ပြီးဆုံးလု အခြေအနေတွင် ခပ်ဝဝဖြင့် သက်လတ်ပိုင်း အယူ တစ်ယောက်သည် ရပ်ကွက်ထဲမှ အမြန်ထွက်လာကာ သူသည် ရှီရှန်းကျင်းကို မြင်လိုက်ရသည့် အချိန်တွင် သူ့မျက်လုံးများက တောက်ပလာကာ သူ့ခြေလှမ်းများကိုလည်း အရှိန်မြင့်လိုက်သည်။

“မစ္စတာရှီ”

ထိုလာခဲ့သည့်သူက ရင်းရင်းနှီးနှီးဖြင့် အော်ခေါ်လိုက်သည်။

ထို သက်လက်ပိုင်းလူကို ယန်ထျန်းရွမ်ဟု ခေါ်ကာ သူသည် အိမ်ခြံမြေ လုပ်ငန်းတွင် အလုပ်လုပ်နေသူ ဖြစ်၏။ ယခု ရပ်ကွက် တည်ဆောက်ပြီးသည်နှင့် သူ့မိသားစုအတွက် ပျော်ရွှင်စရာ နှစ်ယောက်တည်း ကမ္ဘာမှာ နေထိုင်ရန်အတွက် သူကိုယ်တိုင်ဒီနေရာကို စီမံခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူသည် ရှီမိသားစုကို ဖိတ်ခေါ်နိင်ခဲ့သည်။ အကြောင်းမှာသူသည် ကံအားလျှော်စွာဖြင့် တရုတ်ရွှေသစ်သားသေတ္တာကို ဝယ်နိုင်ခဲ့သည့်အတွက် ဖြစ်သည်။ သူသည် ချက်ခြင်းပင် ထိုအရာကို ရှီရှန်းကျင်းကို ပေးကာ သူ့ဆီမှ နှစ်သက်မှုကို ရယူခဲ့သည်။

ယန်ထျန်းရွမ်၏ အကြည့်များသည့် သူ့ဘေးရှိ ကလေးအပေါ် ရောက်သွားကာ သူ့ဦးနှောက်ကို ခပ်မြန်မြန် စဉ်းခိုင်းလိုက်သည်။ သူသည် ယခင်က ရှီမိသားစု၏ ဒုတိယ သခင်လေး၏ သားဖြစ်သူကို တွေ့ဖူးသည်။ ပြီးနောက် ထိုကလေးသူသည် ထိုကလေးနှင့် တစ်စက်လေးမျှ မတူချေ။

“မစ္စတာရှိ။ ဒီသခင်လေးက…..”

ရှီရှန်းကျင်းက ပြန်ပြောလိုက်သည်။
“ငါ့တူ ရှီချီလေ”

ယန်ထျန်းရွမ်သည် ထိုကလေးနှင့် အကြည့်ချင်း ဖလှယ်လိုက်ကာ သူ့မျက်လုံးများသည် အမှန်ပင် အစိမ်းရောင် ဖြစ်နေသည်မှန်း နားလည်လိုက်သည်။ နိုင်ငံခြားသား တစ်ယောက်ယောက်နှင့် အမျိုးစပ်မှု မရှိဘဲနှင့် သူတို့ မျိုးဆက်များသည် မျက်လုံးစိမ်းမည်မဟုတ်ကာ ပြီးနောက် ထိုမျက်လုံးစိမ်းရှိသူများသည် သွေးနှောများသာ ဖြစ်ကြောင်း သူသိရှိသည်။

သို့သော်လည်း ထိုကလေးသည် အလွန်ပင် ကြည့်ကောင်း၏။ သူသည် တီဗွီတွင် မြင်နေကျ ကလေးသရုပ်ဆောင်များကဲ့သို့ ထိုကလေးကို ဖျာလိလိပ် ထပ်ပေါ်တင်ထားချင်မိသည်။ ထို့ပြင် သူသည် ရှီမိသားစုဝင် တစ်ယောက် ဖြစ်သည်။

ယန်ထျန်းရွမ်က သူ ခပ်မြန်မြန်ပြန်မပြောခင် အချိန်ခဏတာ ရှိခဲ့သည်။

“မစ္စတာရှီနဲ့ သခင်လေး ဒီအတိုင်းလာခဲ့ပါ”

ငွေကြေးနှင့် အဆက်အသွယ်ကြောင့် သူတို့ကို ဖိတ်ခေါ်ရန်သာ တက်နိုင်ခဲ့ကာ လွယ်ကူမှု ရှိမည် မဟုတ်သည့်အတွက်ကြောင့် သူ၏ ကြိုးစားအားထုတ်မှုများအား ဖြုတ်းတီးပြီး ထွက်ခွာခိုင်းရန် မဖြစ်နိုင်ပေ။

ရပ်ကွက်ကို အမှန်တကယ်တွင် ဇိမ်ခံရပ်ကွက်ဟုတောင် စဉ်းစား၍ ရနိုင်ပေသည်။ အထဲရှိ တည်ဆောက်ထားမှုများသည် အံ့အားသင့်ဖွယ် ဖြစ်ကာ ထိုရပ်ကွက်ကို ရင်းနှီးမြှပ်နှံထားသည့် ငွေကြေးပမာဏသည် အတော်လေးပမာဏ များသည် ဖြစ်၏။ သို့သော် မည်သူမျှ မမျှော်လင့်ထားသည့် အချက်သည် တစ်ယောက်ယောက်သည် တိုက်ခန်းတစ်ခန်းကို လူသေတစ်ယောက်၏ အရိုးပြာအတွက် ဝယ်ထားခြင်း ဖြစ်သည်ဆိုသည့် အချက်ပင်။

ယန်ထျန်းရွမ်က လမ်းလျှောက်ရင်း ရှင်းပြလိုက်သည်။

“မစ္စတာရှီ။။ ကျွန်တော်ချစ်သူနဲ့ ကျွန်တော်နဲ့ အိမ်ကို ဝယ်ပြီးနေတာ နှစ်ဝက်လောက် ရှိပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်လ သုံးလက ကျွန်တော်တို့ ညတိုင်း အိပ်မက်ဆိုးမက်တယ်။ ပြီးတော့ အဲ့အိပ်မက်ဆိုးက တစ်ညလုံးမက်တာ။ ကျွန်တော်စောစောနိုးတဲ့ တစ်နေမှာ ကျွန်တော် ချစ်သူက သူမကို သူမ နာကြင်အောင် လုပ်လုဆဲဆဲ ဖြစ်တာကို တွေ့ခဲ့တယ်”

ရှီရှန်းကျင်းက ရုတ်တရက် ဖြတ်ပြောလိုက်၏။

“ချစ်သူလား”

သူမေးလိုက်သည့်အခါ သူ့လေသံက တည်ငြိမ်နေပြီး ယန်ထျန်းရွမ်၏ မျက်လုံးများက အံ့အားသင့်သွားသည့်အတွက် သူသည် အကြောင်းအရာကို ပြောင်းလိုက်သည်။

ရှီရှန်းကျင်း၏ မျက်လုံးများက ပြက်ရယ် ပြုသလို ဖြစ်သွားသည်။ သူ့သိသလောက် ယန်ထျန်းရွမ်၏ ချစ်သူ ဖြစ်သူသည် ဆေးရုံတွင် အချိန်ကြာမြင့်စွာ နေပြီ ဖြစ်သည်။

မြန်မြန်ဆန်ဆန်ပင် သူတို့သည် ယန်ထျန်းရွမ် နေသည့် အဆောက်အဦးဆီ ရောက်လာခဲ့သည်။

သူတို့ အဆောက်အဦးထဲ ဝင်လိုက်သည့်အခါ ရှီချီသည် အေးစိမ့်စိမ့် ခံစားလိုက်ရသည်။

ရှီရှန်းကျင်းက သူ့ကို လှမ်းကိုင်လိုက်ကာ လက်လေးကို ပွတ်ရင်း

“သားအေးနေလား”

ရှီချီက ခေါင်းခါလိုက်သည်။ ယင်းက အတော်လေး ထူးဆန်နေသည်ပင်။ သူသည် တံခါးကို ဖြတ်ဝင်လာသည့် အချိန်ကသာ ထိုကဲ့သို့ ခံစားချက်မျိုး ရခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတွင်တော့ ပြန်ကောင်းသွားပြီ ဖြစ်သည်။

“သခင်လေး တစ်ခုခုများ ဖြစ်လို့လား”

ယန်ထျန်းရွမ်က မေးလိုက်သည်။ ယခုလက်ရှိ ရာသီဥတုမျိုးတွင် အအေးမိသလို ခံစားရပါက ကျန်းမာရေး တစ်ခုခု ဖြစ်နေခြင်း ဖြစ်ကြောင်း သေချာပေ၏။

ရှီရှန်းကျင်းသည် သူ့မေးခွန်းကို ပြန်မတုံ့ပြန်ဘဲ

“ဆက်ပြောပါ”

ယန်ထျန်းရွမ်က မခံမရပ်နိုင် ဖြစ်စွာဖြင့် ပြောလိုက်၏။

“ဒီနေ့အထိ ကျွန်တော် အိပ်မက်ဆိုးတွေ မက်နေတုန်းပဲ။ အဲဒါက ကျွန်တော် အလုပ်ကို အမြဲတမ်း ဆိုးဆိုးဝါးဝါး ဖြစ်စေတယ်။ မစ္စတာရှီနဲ့ တွေ့ရတာ တကယ်ကို ကံကောင်းတာပဲ။ မစ္စတာ ရှီ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

သူသည် ထိုသို့ ပြောရင်း တံခါးကို ဖွင့်လိုက်၏။

အိမ်ထဲတွင် မိန်းမ တစ်ယောက်က စောင့်နေ၏။ ရှီရှန်းကျင်း၏ မျက်နှာနှင့် သွင်ပြင်ကို တွေ့ပြီး သူမ မျက်နှာထက်ရှိ ဒေသသည် ချက်ခြင်းဆိုသလို တည်ငြိမ်သွားတော့သည်။

သို့သော် သူမသည် ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေဆဲပင်။ အိမ်တွင် အကြာကြီး စောင့်ပြီးနောက် နောက်ဆုံးတွင် တစ်ယောက်ယောက်က ပြန်လာခဲ့သည်။ ပြီးနောက် ပြောလိုက်၏။

“ဘာလို့ အခုမှပြန်လာတာလဲ။ ငါနင့်ကို စောင့်နေတာ တစ်နာရီလောက် ရှိပြီ”

ရှီချီက ထိုပြောစကားများသည် သူ့ဦးလေးကို ပြောနေခြင်း ဖြစ်ကြောင်း သိသည်။ မသက်မသာ ခံစားရ၏။

“လျိုယွမ်ယွမ်။ အဓိပ္ပာယ် မရှိတာတွေ မပြောနဲ””

ယန်ထျန်းရွမ်သည် နောက်ကို ပြန်လှည့်မပြောပင် မျက်စ တစ်စ ပစ်လိုက်ကာ

“မစ္စတာရှိ ဝင်ပါ။ အိမ်မှာ ကျွန်တော်တို့ နှစ်ယောက်ပဲ ရှိပါတယ်”

ရှီရှန်းကျင်း အိမ်သို့ ဝင်သည်နှင့် သူသည် ချက်ခြင်းပင် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိ၏။

သူမြင်ဖူးသမျှ အခန်းများတွင် ယခု အခန်း၏ ဖုန်းရွှေသည် အဆိုးဆုံးပင် ဖြစ်သည်။

ထိုအခန်း၏ တည်ဆောက်ပုံသည် လမ်းအရှည် တစ်ခုတည်းဖြင့် တည်ဆောက်ထားကာ သူသည် ထိုအခန်းကို လေ့လာကြည့်လိုက်ကာ လှေကား တစ်စင်းတောင် ရှာမတွေ့သည် ဖြစ်သည့်အတွက် အထဲတွင် မာစတာ အိပ်ခန်းရှိမည်ဟု ကောက်ချက်ချခဲ့သည်။ ယခုလက်ရှိ ကြည့်သည့်ပုံအရ ထိုအခန်းက အရမ်းကောင်းပုံ မပေါ်ပေ။

သူက ယန်ထျန်းရွမ်ဖက်ကို ပြောလိုက်၏။

“ဒီအိမ်ရဲ့ အဆောက်အအုံ ပုံစံစာရွက်ကို ယူခဲ့”

ယန်ထျန်းရွမ်သည် ကြက်သေသေသွားကာ

“ဘာလို့ အဆောက်အဦး ပုံစံစာရွက်ကို လိုတာလဲ။ ဒီအိမ်ရဲ့ တည်ဆောက်ပုံနဲ့ ပတ်သက်ပြီးတော့ တစ်ခုခု ပြဿနာ ရှိလို့လား”

“မင်းက သေချာပေါက် လိမ်နေတာပဲ မဟုတ်လား။ ရှင် အရည်အချင်း မရှိဘူးဆိုရင် ဘာလို့ အလိမ်အညာ မလုပ်တာလဲ။ မင်းရဲ့ လိမ်မှုထဲက ကလေး တစ်ယောက်ကို ခေါ်လာတာ ငါတောင် အံ့ဩမိတယ်။ ယန်ထျန်းရွမ် ငါ့ အလုပ်သွားရဦးမယ်။ ငါ့မှာ အချိန်ဖြုန်းနေဖို့ မရှိဘူး”

လျိုယွမ်ယွမ်က မသက်သာသည့်အဆုံး ပြောလိုက်သည်။

ထိုလူ၏ ပုံစံသည် မဆိုးသော်ငြား ထိုသူ၏ စိတ်သည် အလွန်ခက်ထန်၏။ ပြီးနောက် သူသည်လည်း လုံးဝ အသုံးဝင်မည့်ပုံ မပေါ်ပေ။ ပြီးနောက် ထိုသူသည် အရင်ကလူ လူများကဲ့သို့ ဝတ်ဆင်၏။

ရှီရှန်းကျင်းသည် သူမကို လျစ်လျူရှုလိုက်ကာ ယန်ထျန်းရွှမ်ဖက်ကို လှည့်ရင်း။

“ငါက ဒီအိမ်ရဲ့ ဖုန်းရွှေကို ကြည့်မလို့”

ယန်ထျန်းရွှမ်သည်ချက်ခြင်းပင် နားလည်သွားကာ ခွန်းတုံ့ပြန်လိုက်၏။

“ဒီမှာ ခဏ စောင့်ပါ။ မစ္စတာရှီ။ ကျွန်တော် ချက်ချင်း သွားရှာလိုက်ပါမယ်”
သူသည် အဆောက်အဦးပုံစံ စာရွက်ကို သူ့ခုတင်အောက်တွင် ထားထားခြင်း ဖြ်စသည်။

ဧည့်ခန်းထဲတွင် လူသုံးယောက်သာ ရှိတော့၏။ လျိုယွမ်ယွမ်၏ အကြည့်များက ရှီရှန်းကျင်းပေါ်တွင် ရှိနေ၏။ သူမသည် တစ်ခုခု ပြောချင်နေသည်။ သို့သော် ပြောမထွက်လာ‌ေ၌။

ရှီရှန်းကျင်းသည်သူမကို မကြည့်ပေ။ သူခါးကို ကိုင်းကာ မေးလိုက်သည်။

“သားဘာမြင်လဲ”

သူသည် မကောင်းသည့်ယင်လေကို မခံမိသော်ငြား သူ၏ ပင်ကိုယ် စိတ်အရ ဤနေရာတွင် မသင်္ကာဖွယ် တစ်ခုခု ရှိမှန်းသိသည်။ ပြီးနောက် ယခုအချိန်တွင် သူတို့ရင်ဆိုင်ရန်အတွက် သဲလွန်စ တစ်ခုတောင် မရှိပေ။

ရှီချီက ဆိုဖာပေါ်တွင် ထိုင်နေသည့် စိတ်တိုနေသည့် အမျိုးသမီးကို ပခုံးတွန့်လျက် ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းများသည် အနည်းငယ် လှုပ်သွားသော်ငြား ဘာပြောရမည်မှန်း မသိချေ။

ရှီရှန်းကျင်းက ပြောလိုက်၏။

“စိတ်မပူနဲ့သား။ သားတစ်ခုခု မြင်တယ်ဆိုရင် ဦးလေးကို ပြော”

ရှီချီသည် သူ့အဝက်ရှိရာ အနားခေါက်သို့ လှမ်းဆွဲလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။

“အဲ့အန်တီရဲ့ ခန္ဓာကိုယ်မှာ အမြီးရှည်ကြီး ရှိနေသလိုပဲ ပြီးတော့ အမွေး အရမ်းပွတယ်”

ယခုတကြိမ်တွင် ရှီရှန်းကျင်း အဲ့အားသင့်သည့် အလှည့် ဖြစ်၏။ အမြီးရှည်ကြီးလား။

ဒါက ဘယ်လိုမျိုးလဲ။ လူတစ်ယောက်ရဲ့ ကိုယ်ကနေပြီးတော့ အမြီးတစ်ချောင်း ထွက်သာလား။ သူ့မှတ်ဉာဏ်ထဲမှ အကြောင်းအရာများကို ပြန်လည် တွေးတောကြည့်လိုက်သည်။ သို့သော် သူ့အနေဖြင့် တူညီသည့် ခံစားချက်မျိုး ပြန်မရပေ။

ဆိုဖာပေါ်တွင် ထိုင်နေသည့် အမျိုးသမီးသည် နားကောင်းသည်ပင်။ ထိုစကားများကို ကြားပြီးနောက် သူ့ဒေါ်သများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

“နင့်ကလေးက ဘာပြောနေတာလဲ။ သူ့မှာ သိတက်မှု နည်းနည်းလေးတောင် မရှိဘူးလား။ နင်တို့ မိသားစုက သူ့ကို ဘယ်လို သွန်သင်ခဲ့တာလဲ။ ကြည့်လိုက် သူက အရေမရ အဖက်မရ စကားတွေနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ ပြောနေတာ။

သူမ ပိုပြောပြောလေ သူမ ပိုစိတ်တိုတိုလေ ဖြစ်သည်။

ရှီချီသည် မျက်နှာမဲ့သွားတော့သည်။ သူငယ်စဉ်ကတည်းက သူ့အမေကို မမြင်ခဲ့ရကာ သူ့အဖေလည်း စောစောစီးစီး ကွယ်လွန်သွားသည် ဖြစ်၏။ ယခုလက်ရှိတွင် သူ့ကို သူ့အဘွားနှင့် သူ့ဦးလေးကတောင် သွန်သင် ဆုံးမနေ၏။

ရှီရှန်းကျင်သည် သူ့အိပ်ကပ်ထဲမှ အဆောင် တစ်ခုကို ထုတ်လိုက်ပြီးနောက် သူ့စိတ်ထဲမှ ဂါထာအချို့ကို ရွတ်ဆိုလိုက်သည်။

ရှီချီသည် သူ့ဦးလေးကို စိတ်ဝင်တစား ကြည့်နေ၏။ သူသည် အဝါရောင်စက္ကူ ရုတ်တရက် ပြန်လာသည်ကို တွေ့ရပြီး အမျိုးသမီးဆီသို့ သွားကာ သူ့ပါးစပ်ကို ကပ်မိလိုက်တော့၏။

သူဆက်ပြီး နားထောင်သည့်အခါ ထိုအရာက သူမ အသံကို မထွက်နိုင်စေမှန်း သိရှိသွားခဲ့၏။

ရှီချီ၏ စိတ်ဝင်စားနေသည့် ပုံကို တွေ့သွားကာ ရှီရှန်းချင်းက ရယ်လိုက်တော့၏။

“တကယ်လို အဲ့တာကို ဘယ်လိုလုပ်ရလဲ သိချင်ရင် ပြန်တဲ့အခါ ဦးလေး သင်ပေးမယ်”

“ဦးလေး ကျေးဇူးတင်ပါတယ်”

ရှီချီက ခွန်းတုန့်ပြန်လိုျက်သည်။
……
တကယ်တော့လေ ငါမလိုက်ချင်ဘူး။
အဘွားကို တွေ့ဖို့အတွက် စောင့်နေတုန်း။
ဟမ့်…..
—–ရှီချီ၏ လျို့ဝှက်ဒိုင်ယာရီ သေးသေးလေး။
……
စာရေးစရာမှာ ပြောစရာ ရှိပါတယ်။
နင်မုန့်- မြေးလေး သူ့တို့ကို ငါလည်း လုပ်နိုင်တယ်ဆိုတာ ပြလိုက်နော်။
ရေး….. ယင်ယန် မျက်လုံး နောက်ဆုံးတော့ ပွင့်သွားပြီ။

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset