အခန်း(၂၁)
အိမ်ပြန်ဖို့အချိန်ပဲ
ရှီချီသည် ရှေ့နောက်ဝေ့ယမ်းနေသည့် အမြီးကိုသာ မြင်ခဲ့ရကာ ထိုအမြီးက သူ့ကို လှမ်းကိုင်ချင်စိတ် လှုပ်ဆွနေ၏။
သူလှမ်းကိုင်ရန်ပြင်လိုက်သည့် အချိန် အမြီးက ရုတ်တရက်ပြန်သိမ်းလိုက်သည်။ပြီးနောက် သူ့လက်ကောက်ဝတ်က ရွယ်လိုက်သည်။သို့သော် အမြီးကိုထိလိုက်သည့်အခါ ထိုအကောင်၏ အမွှေးများ မီးကျွင်းသကဲ့သို့ ကျွတ်ကုန်သည်။
လျိုယွမ်ယွမ်သည် ဓာတ်လိုက်သကဲ့သို့ ရုတ်တရက် တုန်ခါသွားသည်။သူမရှေ့တွင် ရပ်နေသည့် ယန်ထျန်းရွယ်သည် ထိုဖြစ်စဉ်ကို မြင်လိုက်သည်။ပဟေဠိဖြစ်သွားသော်လည်း သူ့အနေဖြင့် ဘာမှမကူညီနိုင်ဘဲ မေးလိုက်၏။
“ဘာမှားလို့တုန်း..ချမ်းလို့လား”
လျိုယွမ်ယွမ်သည် သူမဘာဖြစ်နေမှန်းမသိပေ။ သူမက ခေါင်းခါလိုက်ပြီး
“ကျွန်မ မသိဘူး”
သူမသည် ရုတ်တရက်ကျဉ်းကျပ်သလိုသာ ခံစားလိုက်ရသည်။သူမနောက်ကို လှည့်လိုက်သည့်အခါ နောက်တွင် အစိမ်းရောင်မျက်လုံးနှင့် ကလေးရပ်နေသည်ကို မြင်လိုက်ရ၏။ပြီးနောက် ချက်ချင်းဆိုသလိုပင် သူ့၏အကြည့်ကို ခံလိုက်ရသည်။
ယခုလက်ရှိတွင် ရှီချီသည် အမွှေးပြောင်သွားသည့်အမြီးကို စိုက်ကြည့်နေသော်ငြား လျိုယွမ်ယွမ်၏မျက်လုံးတွင် သူ့၏အကြည့်သည် သူမ၏တင်ပါးတွင် ရောက်နေသည်ဟုမြင်သည်။
လျိုယွမ်ယွမ်က ဒေါသထွက်သွားကာ
“ဒီလို ငယ်ငယ်ရွယ်ရွယ်တုန်းမှာတောင် ဒီလောက်အောက်တန်းကျ ရိုင်းပြနေတဲ့အခါ နင်ကြီးလာရင် ဘယ်လောက်တောင် ဆိုးမလဲဆိုတာ ငါတွေးလို့တောင်မရနိုင်ဘူးဟဲ့”
ရှီချီသည် အောက်တန်းကျသည်ဆိုသည့် အဓိပ္ပာယ်ကို အမှန်တကယ်ပင် နားမလည်သည်ပင်။
သို့သော် ဆိုရင်းအဓိပ္ပာယ်က မကောင်းမှန်းတော့ သူခံစားမိသည်။တိတ်တိတ်လေးသာ နေရင်း သူသည် ရှီရှန်းကျင်း၏ဘေးဘက်တွင်သွားရပ်လိုက်သည်။
ရှီရှန်းကျင်းတွင် သူ့အား မေးစရာ တစ်စုံတခုရှိပုံ ပေါ်၏။
“သား ဘာကိုမြင်လိုက်လို့လဲ”
ရှီချီ၏ရှေ့တွင် သူ့၏မိုဘိုင်းဖုန်းကို ဖွင့်လိုက်ပြီး ထူးဆန်းသည့် တိရစ္ဆာန်တစ်ကောင်၏ ပုံကိုပြသလိုက်သည်။ထိုအကောင်၏ အဝါရောင်ခန္ဓာကိုယ်သည် အလွန်ရှည်လျားသော်ငြား သူ့၏ဦးခေါင်းသည်တော့ အလွန်ပင်သေးငယ်လွန်းလှသည်။ထိုအကောင်တွင် နက်မှောင်သည့် မျက်လုံးများရှိကာ ခြေလေးချောင်း ပါ၏။
စိတ်ဝင်စားစရာ အကောင်းဆုံးနေရာသည် ထိုအကောင်၏ ရှည်လျားပြီး မျက်စိပဒါသရှိသည့် အမြီးပင် ဖြစ်ပေသည်။
ရှီချီသည် လျိုယွမ်ယွမ်ဘက်သို့ ပြန်မလှည့်ခင် ထိုပုံကို စက္ကန့်အနည်းငယ် ကြည့်လိုက်သည်။
ထိုအမြီးရှည်က သူမ၏ခါးကိုတစ်ဖန် ပတ်ပြန်၏။သို့သော် အမြီး၏ထိပ်သည် လောင်ကျွမ်းပြီး အမွှေးပြောင်နေကာ မည်သည့်ထောင့်မှ ကြည့်သည်ဖြစ်စေ အလွန်အကျည်းတန်လှပေသည်။
သူက ပြတ်ပြတ်သားသားဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
“ဒီပုံနဲ့ အဲ့ဒီအရာက အရမ်းကို ဆင်တူတယ်။ဒါပေမဲ့ သားက သူရဲ့အမြီးကို မြင်ရတာမို့လို့ သိပ်တောင်မသေချာဘူး”
ရှီရှန်းကျန်းသည် သူ၏ဖုန်းကို ပြန်သိမ်းကာ ခေါင်းညိတ်လိုက်သည်။ ထိုအရာနှင့် ၈၀မှ ၉၀%ခန့် သူမှန်း သဘောပေါက်ပေသည်။
လှည့်ဖျားတတ်သည့် ဝိညာဉ်တစ်ကောင်ကို တွေ့ကြုံရသည့် ကိစ္စက အထူးအဆန်းတော့ မဟုတ်ပေ။အရှေ့မြောက်ဘက်အပိုင်းက သူတို့ကို ကြီးမြတ်သည့် အဝါရောင်အင်မော်တယ်ဟု ခေါ်ကာ ဘေးအန္တရာယ်ကို ယူဆောင်လာသည့်သူဟူ၍လည်း သိကြသည်။
ရှီချီက သိချင်စိတ်ဖြင့် မေးလိုက်၏။
“ဦးလေး အဲ့အကောင်က ဘာအကောင်လဲ”
ရှီးရှန်းကျင်းက ခွန်းတုံပြန်လိုက်သည်။
“မြွေပါ လူတွေက သူတို့ကို ကြီးမြတ်တဲ့ အဝါရောင် အင်မော်တယ်တွေလို့ ခေါ်ကြတယ်”
သူကမေးလိုက်ပြန်သည်။
“ခုနက ဘာလို့အမြီးကို ကိုင်လိုက်တာလဲ”
ရှီချီက ပြာသွားသည်။
ရှီရှန်းကျင်းက ပြောလိုက်ကာ
“ဦးလေး မင်းကို အပြစ်မပေးပါဘူး။ ဦးလေးက ဘာဖြစ်သွားတယ်ဆိုတာကိုပဲ သိချင်ရုံပါ”
ထိုကလေးသည် အထူးစွမ်းရည်တစ်ခုရှိပေသည်။သို့သော် သူ့အနေဖြင့် ယင်းကို အသားမကျသေးပေ။လွန်ခဲ့သည့်တစ်ခေါက်က သူသည် အမျိုးသမီး တစ္ဆေနှင့် လွယ်လွယ်ကူကူဖြင့် ဆက်သွယ်နိုင်ခဲ့ကာ ချက်ချင်းဆိုသလိုပင် သူမကို လောင်ကျွမ်းစေသည်။ရှီရှန်းကျင်းသည်လည်း ထိုအချိန်တွင် မီးလောင်ရာကို မြင်နိုင်ပေ၏။
ရှီချီက တိုးတိုးလေးပြောလိုက်သည်။
“….အမြီးရဲ့ထိပ်ကလေ လောင်ပြီးတော့ ပြောင်သွားပြီ”
“ဟားဟားဟားဟား”
ရှီရှန်းကျင်းက ကျယ်ကျယ်လောင်လောင်ဖြင့်ရီလိုက်သည်။ယခုအချိန်တွင်လည်း တူညီသည့်အရာ ဖြစ်ပုံပေါ်၏။သူသည် ဝိညာဉ်တစ္ဆေအမျိုးမျိုးအပေါ် လောင်ကျွမ်းစေနိုင်သည့် အကျိုးသက်ရောက်မှုကို ချန်ထားနိုင်ခဲ့ပေသည်ဖြစ်သည်။
ယန်ထျန်းရှန်းသည် သူတို့ပြောနေသည့် စကားများကို နားထောင်နေကာ ဘေးတွင် တစ်ချိန်လုံးရှိနေသည်။သူသည် ဘုရင့်အမိန့်ပြန်တမ်းတစ်ခုကို ရရှိနေသည့်ပုံပေါ်နေ၏။သူသည် သူတို့ပြောနေသည့် အကြောင်းအရာများကို တစိုးတစေ့မျှသာ နားမလည်နိုင်ပေ။သို့သော် ရှီရှန်းကျင်း အားရပါးရ ရယ်ပုံထားသည့်အတွက် သူသည်လည်း သိချင်စိတ်ပြင်းပြလာကာ မေးလိုက်၏။
“မစ္စတာရှီ ဖြေရှင်းဖို့ အဖြေရှာတွေ့ပြီလား”
ရှီရှန်းကျင်း သူတို့အိမ်ဝင်လာသည်မှ ယခုလက်ရှိအချိန်ထိ သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့်တောင် မတွေ့ရပေ။သူသည် အင်တာနက်တွင် သူ့အကြောင်း ရှာဖွေတွေ့ရှိထားသကဲ့သို့ သူ မျက်နှာလေဖြန်းနေသည်ဟုတောင် တွေးမိခဲ့သည်။
ယင်းကို ကုသရန်အတွက် တစ်ခုတည်းသောနည်းလမ်းသည် သူ့၏သဘာဝရန်သူကို သဘာဝအတိုင်းရှာဖွေရန်သာဖြစ်သည်။
ရှီရှန်းကျင်းသည် ခေါင်းညိတ်လိုက်ကာ ဝေခွဲမရဖြစ်ဟန်ဖြင့်
“ဈေးထဲကိုသွား ပြီးတော့ အဖြူရောင် ငန်းအကြီးတစ်ကောင် ဝယ်လာခဲ့”
ယန်ထျန်းရှင်း၏မျက်လုံးများ ပြူးသွားကာ
“ငန်းအဖြူရောင်အကြီးကြီးလား”
သူကဒီငန်းဖြူအကြီးကြီးနဲ့ ဘာလုပ်မို့တုန်း အစကနေအခုလက်ရှိအထိ သူ့ရဲ့တစ်နေရာက ကြီးကြီးလာတယ်လို့ ငါခံစားနေရတယ်။
သို့သော် သူသည် ပြန်မပြောပေ။တစ်ခဏတာ လမ်းလျှောက်သွားပြီးနောက် သူ့၏ဒါရိုက်ဘာ၏ဖုန်းကို ခေါ်ကာ
“ရှောင်လင် အနီးဈေးကို သွား၊ ပြီးတော့ ငန်းဖြူကြီးကြီး အရှင် တစ်ကောင်ဝယ်လာခဲ့”
“သူဌေး ကျွန်တော် ငန်းဘယ်နှစ်ကောင်ဝယ်ခဲ့ရမလဲ”
ယန်ထျန်းကျင်းသည် တွေ့လိုက်ပြီး
“နှစ်ကောင် မင်းအနေနဲ့ အကြီးဆုံးနဲ့အလှဆုံးအကောင်တွေကိုပဲဝယ်ခဲ့ရမယ် ငါနေမကောင်းတာ မလိုချင်ဘူး ပြီးတော့ငန်းဖြူကိုမှ ကြီးကြီးလေးဖြစ်ရမယ်။ငါပြောတာကြားရဲ့လား”
အကြောင်းမှာ အကယ်၍ ငန်းတစ်ကောင်သေသွားပါက တခြားတစ်ကောင်ကို အစားထိုး အသုံးပြုနိုင်သည်။
ဒါရိုက်ဘာသည် မြန်မြန်ဆန်ဆန်ဖြင့် အကြောင်းပြန်လာ၏။
“ကျွန်တော်ပြန်လာပါပြီ သူဌေး ကျွန်တော် မြန်နိုင်သမျှ မြန်မြန်ပြန်လာခဲ့ပါမယ်”
ယန်ထျန်းရှန်သည် သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်သည်။ သူ့အနေဖြင့် ငန်းအဖြူကြီး ဒါမှမဟုတ်ဆို ငန်းမဲအကြီးကြီးကို စိတ်ထဲမထားပေ။သူ၏မကောင်းမဲ့ကံကို ချိုးဖျက်နိုင်သ၍ သူသည် ဘာမဆိုလုပ်မည်ဖြစ်သည်။သူသည် ယခုလက်ရှိ အိပ်မပျော်သည့် အခြေအနေနှင့်စိတ်ပိုင်းဆိုင်ရာ အားနည်းသည့် ခံစားချက်ကို စိတ်ကုန်နေပြီဖြစ်သည်။
လျိုယွမ်ယွမ်သည် ရှီရှန်းကျင်းအပေါ် ကောင်းမွန်သည့် တစ်စုံတစ်ရာမျှတောင် မရှိပေ။ငန်းဝယ်ခိုင်းသည့် သူ၏ပြောစကားကိုကြားသည့်အခါ သူ့အပေါ်ထားရှိသော အမုန်းတရားက ပိုလိုတောင်ကြီးထွားလာခဲ့သည်။
သူမသည် ငယ်ရွယ်စဉ်ကတည်းက တိရစ္ဆာန်များကို မနှစ်သက်ပေ။ပြီးနောက် သူသည် အသားလည်းမကြိုက်ပေ။ထို့ကြောင့် ကြီးပြင်းလာသည့်တစ်လျှောက်လုံး သူမသည် ပြုလုပ်ပြီးသား အစားအစာများကိုသာ စားသုံးသည်။ယခုအချိန်တွင် ရှင်နေသည့် တိရစ္ဆာန်တစ်ကောင်က အိမ်ကိုသေချာပေါက် ရောက်လာလိမ့်မည်ဖြစ်သည်။ပြီးနောက် ထိုအရာသည် ရုတ်ရုတ်ယုတ်ယုတ် သေချာပေါက် လုပ်မည်ဖြစ်သည်။
ဒါရိုက်ဘာသည် မြန်မြန်ပြန်လာပြီး တံခါးကို ခေါက်လိုက်ကာ ကြီးမားသည့် အဖြူရောင်ငန်းတစ်ကောင်ကို ကိုင်ထားသည်။
ယန်ထန်းရွှမ်သည် တံခါးကို မြန်မြန်ဖွင့်လိုက်ပြီး အပြင်တွင် ချွေးထွက်နေသည့် ဒါရိုက်ဘာကို တွေ့လိုက်ကာ
“သူဌေး သူဌေးလိုချင်တဲ့အဖြူရောင်ငန်းကြီးနှစ်ကောင်ပါ”
ထိုအဖြူရောင်ငန်းနှစ်ကောင်ကို အတူတကွချည်ထားပြီး သူ့ကိုကျယ်လောင်ပြီး ကြည်လင်သည့် ဂတ် ဂတ် အော်မြည်သံပြုသည်။အမွေး၏အရောင်ကို ကြည့်ရင်း ရင်အမွှေးသည် ဖြူစွတ်ပြီး တောက်ပနေသည်။အရည်အသွေးကောင်းမွန်သည့်ပုံပေါ်၏။
ယန်ထျန်းရွှမ်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ကာ
“ငါ မင်းကို ဒီလ အပိုဆုကြေးပေးမယ်”
ဒါရိုက်ဘာက အပျော်လွန်ပြီး မေးလိုက်၏။
“သူဌေး ဒီငန်းတွေနဲ့ ဘာလုပ်မလို့တုန်း သူဌေးကိုယ်တိုင် လုပ်ဖို့အတွက် ဒီလောက်အများကြီးဆိုရင် အခက်အခဲတွေ တွေ့နေမှာပေါ့ ကျွန်တော် သူဌေးအတွက် ဒီငန်းတွေကို သတ်ပေးရမလား”
“ငါကရှင်တာကို လိုချင်တာလေ” ယန်ထျန်းရွှမ်သည် သူ့၏လက်ထဲမှ ငန်းများကို ယူရင်း သူ့ကို အဝေးသို့ သွားရန် လက်ပြလိုက်ကာ
“အဆင်ပြေပါတယ် ငါကိုယ်တိုင်လုပ်လိုက်မယ် မင်း အရင်ဆုံးပြန်တော့ တကယ်လို့ ငါတစ်ခုခုလိုတယ်ဆိုရင် ငါမင်းကိုဖုန်းခေါ်လိုက်မယ်”
ဒါရိုက်ဘာသည် ခေါင်းညိမ့်လျက်ပြန်သွားကာ ပဟေဠိဆန်သည့်ခံစားချက်မျိုးရနေသည်။
သူ၏သူဌေးသည် ပျော်ပျော်ရွှင်ရွှင် နေတတ်သည့်သူတစ်ယောက်ဟု နာမည်ကျော်ကြားသည်။သူအမြဲတမ်း အပြင်မစားသည့်အကြောင်းအရင်းသည် မေ့လျော်သည့် သူ့အတွက် တစ်ခုခုချက်ထားသည့်အတွက် ဖြစ်ရပေမည်။အဘယ့်အတွက် သူ့ကို ရုတ်တရက်ငန်များကို ဝယ်ခိုင်းသနည်း။ထူးဆန်းပေစွ။
ယန်ထျန်းရွှမ်သည် တံခါးကို ပိတ်လိုက်သည်။
ထိုငန်းနှစ်ကောင်သည် အလွန်ကြီးပြီး အလွန်ဆူညံ၏။သူ့၏လက်ထဲတွင်တောင် တောင်ပံများကို ဆက်တိုက်ခတ်နေပြီး သူ့ကိုတောင် ပုတ်မိသည်။
ယန်ထျန်းရွှမ်သည် နာနာကျင်ကျင် အော်လိုက်ပြီးနောက် သူတို့ကို လွှတ်လိုက်သည်။
ထိုငန်းနှစ်ကောင်သည် သူ့၏ဘက်ဘက် ညာဘက်ခြေထောက်တွင် အသီးသီးချည်နှောင်ထားပြီး မြေပေါ်သို့ ရောက်သည်နှင့် ခြေထောက်သုံးချောင်းပေါ် ပြေးခုန်တက်လွှားကြလေသည်။ လေးလံလွန်းကြောင့်သာ မဟုတ်လျှင် သူသည် နေရာအနှံ့ပျံဝဲနေမည် ဖြစ်သည်။
ယန်ထျန်းရွှမ်သည် သူ့၏လက်မောင်းကိုဂရုမစိုက်ပေ။သူတိူ့နှစ်ကောင်ကို ဧည့်ခန်းထဲသို့ မရောက်ခင် ချက်ချင်းဖမ်းလိုက်ကာ
“မစ္စတာရှီ ခင်ဗျားလိုချင်တဲ့ငန်းနှစ်ကောင်ကို ကျွန်တော် အခုပဲ ဝယ်ပြီးပါပြီ”
ထို့နောက် ထူးဆန်းသည့် အရာတစ်ခု စတင်ဖြစ်ပေါ်လာတော့သည်။ရှီရှန်းကျင်း၏ရှေ့တွင် ထိုငန်းနှစ်ကောင် ရောက်သည်နှင့် သူတို့သည် တိတ်ဆိတ်နေကြကာ တစ်ခါတစ်ရံမှ ဂွတ် ဂွတ် အော်သံကို ကွက် ကွက် ဟု အော်သည်။
ထိုအရာကိုကြည့်ခြင်းအားဖြင့် ယန်ထျန်းရွှမ်သည် ရှီရှန်းကျင်းက တကယ်ပင် မတွေးတတ်အောင်ကို ခက်ခဲနက်နဲသည်ဟုခံစားလိုက်ရကာ သူသည် လူအမှားတစ်ေယာက်ကို မရှာခင်ပဲသဘောပေါက်ခဲ့သည်။
ထို့ကြောင့် သူသည် ရှီမိသားစု၏အကြောင်းကို များစွာကြားဖူးသည်။သို့သော် ထိုအရာများအားလုံးသည် ရှီမိသားစု၏ဒုတိယသခင်လေးအကြောင်းပင်ဖြစ်သည်။အကယ်၍ ထိုအကြောင်းကို သူ့၏သူငယ်ချင်းထံမှ မကြားခဲ့ပါက သူ့အနေဖြင့် ရှီမိသားစုသည် ယခုကဲ့သို့သော လုပ်ငန်းမျိုးတွင် ပါဝင်ပတ်သက်လိမ့်မည်ဟု သိလိမ့်မည်မဟုတ်ပေ။
သို့သော် အမှန်တကယ်ပင် ယင်းက ပဒါသမကျပေ။အကြောင်းမှာ လူအများစုကို ငှားရန်အတွက် သူမတတ်နိုင်သောကြောင့်ဖြစ်သည်။ယခုတစ်ခေါက်တွင် သူတ့်ုကိုသာ ဖိတ်ကြားရန်စီစဉ်ခဲ့ပြီး သူသည် ထိုမိသားစုကို ကျေးဇူးတင်မိသည်။ ပြီးနောက်ယခုလက်ရှိတွင် သူ့၏ကံတရားသည် ကောင်းလာသည်ဟုခံစားရနေကာ သူသည် ထိုအရာကို ရောင်းရမည် မရောင်းရမည်ကိုတော့ မဆုံးဖြတ်ရသေးပေ။
ရှီချီသည်လည်း အရင်က ငန်းကို မြင်ဖူးသည်။ ပြီးနောက် သူတို့ကို အိမ်နီးချင်းများကိုရောင်းရန်အတွက် မွေးကြသည်။သို့သော် သူ့အနေဖြင့် မည်သို့သောနေရာမျိုးတွင် အသုံးချနိုင်သည်ကို မသိရှိပေ။
“ဒီကိုမလာနဲ့”
လျိုယွမ်ယွမ်က အော်လိုက်သည်။
ယန်ထျန်းရွှမ်၏ မျက်နှာက မကောင်းပေ။ ထို့ကြောင့် သူရှင်းပြလိုက်သည်။
“သူက ငယ်ငယ်လေးကတည်းက တိရစ္ဆာန်တွေကို ကြောက်တာ။ ဒါကြောင့်မလို့ သူက ငန်းကို ကြောက်တာ။ သူ့ကို စိတ်မကွက်ပါနဲ့ မစ္စတာရှီ”
ရှီရှန်းကျင်းသည် စကားတစ်ခွန်းမျှ မပြောပေ။ သူသည် ငန်းကို ဖြည်လိုက်ရုံသာ ဖြစ်ပြီး လည်ပင်းကို ဆွဲကိုင်ပြီး သေချာကြည့်ကာ ပြောလိုက်သည်။
“သူမကို ဒီကို ခေါ်ခဲ့လိုက်”
ယန်ထျန်းရွှမ်က နားမလည်ပေ။
ရှီရှန်းကျင်း၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားကာ
“မင်းရဲ့ ချစ်သူ”
လျိုယွမ်ယွမ်က ခေါင်းခါလိုက်ကာ
“မစ္စတာရှီ။ ကျွန်မက တကယ်ပဲ တိရစ္ဆာန်တွေကို ကြောက်တာပါ။ ကျွန်မကို အဲ့ကို မသွားခိုင်းပါနဲ့။ ယန်ထျန်းရွှမ် ကျွန်မ မသွားဘူးနော်။ မသွားဘူး”
သူမသည် ယန်ထျန်းရွှမ်လောက် မသန်ပေပေ။ အချိန်အတော် ကြာပြီးနောက် သူမ နောက်ဆုံးတွင် ဆွဲခေါ်ခံခဲ့ရသည်။
ရှီရှန်းကျင်းသည် ငန်း၏ ဖင်ပိုင်းကို ကိုင်လိုက်ကာ ငန်းဖြူကြီးသည် မီးလောင်သကဲ့သို့ ခုန်တက်ကာ မရပ်မနား တဂွက်ဂွက် အော်ပြီး တောင်ပုံကို ခက်နေကာ လျိုယွမ်ယွမ်ကို တိုက်ရိုက် တိုက်မိသွားတော့သည်။
ထို့နောက် ထူးဆန်းသည့် အရာ တစ်ခု ဖြစ်လာတော့သည်။
ရှီချီက စူးစူးစိုက်စိုက် ကြည့်နေသည်။
ငန်းဖြူကြီးသည် လျိုယွမ်ယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် တစ်စုံ တစ်ရာကို မြင်လိုက်ရသည်ပင်။ ၎င်းသည် သူမကို ဝန်းရံလျက် ရှိကာ တုန်လှုပ်ခြောက်ခြားစွာ အော်သံက ပိုပိုကျယ်လာသည်။ အဆုံးတွင် အနားယူနေသည့် အခြား ငန်းဖြူတစ်ကောင်သည် ပြေးလာပြီး အတူတူ တဂွက်ဂွက် အော်တော့သည်။
သူတို့ နှစ်ကောင်သားသည် အတူတူ အော်နေကြဆဲ ဖြစ်ကာ သူတို့ု အသံက ကောင်းကင်ကိုတောင် တုန်လှုပ်နေသည်။
အချိန် တခုကြာ ကုန်ဆုံးသွားပြီးနောက် ထိုငန်းများသည်လည်း နောက်ဆုံးတွင် ငြိမ်ကုတ်သွားတော့သည်။
သူတို့ဘေးတွင် ရပ်နေသည့် ယန်ထျန်းရွမ်သည်လည်း ချိနဲ့နေပုံ ပေါက်နေသည်။ သူသည် နားပင်းသွားသလို ခံစားလိုက်ရပြီး သူ ကူညီပေးနေသည့် လျိုယွမ်ယွမ်သည်လည်း ချက်ခြင်းပင် မေ့လဲသွားတော့သည်။
ရှီရှန်းကျင်းသည် အချိန် အတော်ကြာ စောင့်ပြီးနောက် ပြောလိုက်သည်။
“သူ့ကို နှိုးလိုက်တော့”
ယန်ထျန်းရွှမ်သည် သူမလက်ကို ဆွဲဆိတ်လိုက်သည်။ လျိုယွမ်ယွမ်သည်လည်း ဖြည်းဖြည်းချင်း နိုးလာသည်။ သို့သော် သူမ မျက်နှာက အသက်မရှိသလိုပင်။
သူမကို ငတုံးငကြောက်ဟု ထင်လိုက်သည့်အခါတွင် လျိုယွမ်ယွမ်သည် ရုတ်တရက် ပါးစပ် ပွင့်လာပြီးနောက် ပြောလိုက်သည်။
“မင်းရဲ့ ကြက်ကို ငါ ခိုးတောင် မခိုးဘူး”
အခန်းက ငြိမ်သက်သွားသည်။
ယျန်ထျန်းရွှမ်သည် ထိုနေရာတွင်သာ ရပ်နေကာ တုန်ယင်နေသည်။
ရှီချီသည် သူမ၏ လေသံများထဲတွင် ဝမ်နည်းသည့် လေသံကို အမှန်တကယ် ကြားနေရသည်။
သူ့မျက်လုံးကို တခြားကို လွှဲကြည့်လိုက်သည့်အါ အမြီးက ရန်သူနှင့် တွေ့သကဲ့သို့ ထီးထီးကြီး ရပ်နေသည်ကို တွေ့လိုက်ရကာ သူ့ခေါင်းထိပ်ရှိ ဆံပင်တွေက ထောင်နေပြီး အလွန် သတိကြီးနေပုံပေါ်နေ၏။
အစပိုင်းတွင် သူသည် အမြီးကိုသာ မြင်ခဲ့ရသော်ငြား ယခုလက်ရှိတွင် တစ်ကိုယ်လုံးသည် မှုန်ဝါးဝါး ပေါ်လာခဲ့သည်။ လျိုယွမ်ယွမ်၏ မျက်နှာသည်လည်း သူ ပုံတွင် တွေ့ထားသည်နှင့် ဆင်တူနေသည်။ လူ့မျက်နှာနှင့် တိရစ္ဆာန်မျက်နှာသည် ရောယှက်နေကာ အလွန်ပင် ထူးဆန်းစရာ ကောင်းနေသည်။
ရှီရှန်းကျင်းသည် ခံစားချက်မဲ့စွာ ဆက်ရှိနေကာ
“နင်က တခြားတစ်ယောက်ရဲ့ ကိုယ်ကို ပူးထားတာ။ ဒါက အပြစ်တစ်ခုပဲ”
လျိုယွမ်ယွမ်သည် တုန်လှုပ်သွားကာ ယန်ထျန်းရွှမ်ကိုပိုတောင် ကြောက်လာခဲ့သည်။ သူ့ကိုယ်သူ ယုံကြည်ဖို့ ဘယ်လောက်ပဲ ကြိုးစား လုပ်သော်ငြား တစ်ခုခု မှားနေပြီဆိုသည်ကို ဆိုတာကို သိသည်။
ရှီရှန်းကျင်းသည် အဆောင်စာရွက်ကို ထုတ်လိုက်ပြီးနောက် မီးဖိုချောင်မှ ရေတစ်ဝက် ထည့်လုာသည့် ပန်ကန်ပြားကို ယူလာကာ ရေထဲတွင် အဆောင်စာရွက်ကို နှစ်လိုက်သည်။
ယခုကဲ့သို့ ယုတ္တိမဆန်သည့် မြင်ကွင်းကြောင့် ရှီချီသည် သူ့မျက်လုံးများကို အဝေးသို့ မလွဲနိုင်ခဲ့ပေ။
စက္ကန့်အနည်းငယ် ကြာပြီးနောက် အဆောင်စာရွက်သည် ပြာအဖြစ် လောင်ကျွမ်းသားကာ ဖြည်းဖြည်းချင်း ရေထဲတွင် နှစ်လိုက်သည်။
ရှီရှန်းကျင်းသည် ထိုရေကို ငန်းဖြူကြီးများကို တိုက်လိုက်ပြီးနောက် သူတို့ခေါင်းကို ပုတ်လိုက်တော့သည်။ ငန်းဖြူကြီးများကို အားပေးလိုက်သကဲ့သို့ ဖြစ်သွာသည့်အတွက် သူတို့သည် အားရဝမ်းသာဖြင့် တဂွက်ဂွက် ပြန်သွားသည်။
ဆူညံသံနှင့်အတူ ရှီချီသည် လိုယွမ်ယွမ်၏ ခန္ဓာကိုယ်သည် ပိုပိုပြီး ထင်ရှားလာသည်ကို မြင်ရသည်။
နောက်ဆုံးတွင် သူသည် မျက်လုံး ပြာသွားခဲ့သည်။ အဝါရောင် အရိပ်သည် သူမခန္ဓာကိုယ်ထဲမှ ခုန်ထွက်လာပြီး အဝေးကို မြန်မြန်ဆန်ဆန်ပင် ပြေးထွက်သွားသည်။ သူသည် လွတ်မြောက်ရန်အတွက် ပြတင်းပေါက်ကို ခုန်သွားလိုက်ခြင်း ဖြစ်သည်။
ရှီရှန်းကျင်းသည် မလှုပ်မရှားဘဲ နေသည်။
ယင်းအဆောက်အဦးသည် အထပ်နှစ်ဆယ်မြင့် အဆောက်အဦး ဖြစ်သည်။ ပြီးနောက် ခုန်ချလိုက်ပါက သေခြင်း တရားတာ စောင့်ဆိုင်းနေသည်။
ရှီချီသည် ပြတင်းပေါက်ဘောင်တွင် လဲလျောင်းနေသည့် မြွေပါကို မြင်လိုက်ရသည်။ ထိုအကောင်သည် ခုန်မချခင် သူတို့ကို ပြန်လှည့်ကြည့်နိုင်သည်။ သူ့ မျက်ရည်များ ကျလာသည့်အတွက် တွေးကြည့်ရုံတင် ဝမ်းနည်းစရာ ကောင်း၏။
‘အရမ်းဝမ်းနည်းဖို့ ကောင်းတာပဲ”
သူက တွေးလိုက်သည်။
ငန်းဖြူကြီးများသည် မြွေပါဆီ ပြေးသွားကာ တောင်ပံများဖြင့် ခပ်နေဆဲ ဖြစ်သည်။ ပြီးနောက် သူတို့သည် ပြတင်းပေါက်ပေါ် တက်ရန် ကြိုးစားသည်။ ကံကောင်းချင်တော့ ထိုငန်းနှစ်ကောင်သည် အောက်ခြေတွင်သာ ရှိပြီး အောက်တွင်သာ မြွေပါကို ဂွက်ဂွက်နဲ့ အော်နေသည်။
လျိုယွမ်ယွမ်သည်လည်း တဖန် အတိတ်ပြန်မေ့သွားကာ ယန်ထျန်းရွှမ်ပေါ်ကို လဲကျသွားပြနသည်။
သူမ မကြာခင်ပင် ပြန်လည် နိုးထလာခဲ့ကာ တုန်လှုပ်နေသော ယန်ထျန်းရွှမ်ကို ဘာမှ မသိသကဲ့သို့ ကြည့်လိုက်ကာ
“ဘာဖြစ်တာလဲ။ ဘာလို့ ရှင် ဒီရောက်နေတာလဲ…..”
ယန်ထျန်းရွှမ်၏ အသံက အနည်းငယ် ဝမ်းနည်းသယောင် ပေါ်နေကာ
“မစ္စတာရှီ”
ရှီရှန်းကျင်းက ပြောလိုက်သည်။
“မရှိတော့ဘူး။…..”
ယန်ထျန်းရွှမ်သည်လည်း ချက်ခြင်းပင် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်နေသည်။ မည်သူပင် ဖြစ်စေ သူနှင့် အတူတူ အိပ်သည့်သူသည် ဝင်ပူးခံနေနရသည်ကို သိသည့်အခါ ကြောက်လန့်ကြမည်ပင် ဖြစ်၏။
ရှီရှန်းကျင်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ကာလရှည်ကြာ ကျင့်ကြံသူ တစ်ယောက်နဲ့ မတွေ့တာ သူကံကောင်းတယ်။ မဟုတ်ရှင် သူ ဒီနေ့ အထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
မြွေပါ၏ ဝင်ပူးခံရသည့်သူ အများအပြားသည် နောက်ဆုံးတွင် ရူးသွားကြသည်။ သူတို့ စိတ်ကို တဖြည်းဖြည်းစားသွားကာ သတိလွတ်သွားစေသည်။ ကာလရှည်ကြာ အပူးခံရပြီးနောက် ထိုသူသည် ရူးသွားသည်ကား ပုံမှန်ပင် ဖြစ်သည်။
“ဟုတ်တယ်။ ဟုတ်တယ်။ မစ္စတာရှီပြောတာ မှန်တယ်”
ယန်ထျန်းရွှမ်သည်လည်း ခေါင်းကို ဆက်တိုက် ညိတ်လိုက်သည်။ သူ့ နဖူးနှင့် ကျောသည် ချွေးများထွက်နေပြီး သူ့အင်္ကျီပင် စိုရွှဲနေသည်။
ရှီရှန်းကျင်းသည် သူတို့ကို လျစ်လျူရှုလိုက်ပြီးနောက် ရှေ့သို့တိုးကာ ပြတင်းပေါက်ပေါ်ရှိ မွေးနှီဖျံကို ဖမ်းလိုက်သည်။
ထိုအကောင်၏ နောက်မြီး ထိပ်ဖျားသည် မီးလောင်ရာ ပေါ်နေသည်။ သူ့အနေဖြင့် ရှီချီတွင် ယခုကဲ့သို့ ဖွဲ့စည်းမှုမျိုး ရှိမည်ဟု လုံးဝ မထင်ထားခဲ့ချေ။
မြွေပါသည် ရုန်းကန်ချင်သော်လည်း နောက်ဆုံတွင် အလျော့ပေးလိုက်ရသည်။ သူ့ခေါင်းကို ငုံ့လိုက်ကာ သနားစဖွယ် သွင်ပြင် လုပ်လိုက်တော့သည်။
ငန်းဖြူကြီးနှစ်ကောင်သည်လည်း ထိုနေရာတွင် ရှိနေဆဲ ဖြစ်ကာ ထိုမြွေပါကို ဆိတ်ရန် စောင့်နေခြင်း ဖြစ်သည်။
ရှီချီက ထိုအကောင်ကို ကြည့်ပြီးနောက် သူပြောသည့် စကားကို ပြန်ပြောလိုက်သည်။
“ငါမင်းရဲ့ ကြက်ကိုမခိုးပါဘူး”
ပြီးနောက် သူ့အတွေးတွင် ရယ်ချင်သလို ဖြစ်သွားသည်။
“ငါတို့တွေ အခု ပြန်လို့ရပြီ”
ရှီရှန်းကျင်းက သူ့ဆီကို လျှောက်သွားသည်။
ရှီချီက ခေါင်းညိတ်လိုက်သည်။
မြွေပါကို သယ်သွားသည့်အခါ သူ့အရပ်က ရှီရှန်းကျင်း၏ ရင်ဘတ်အထိ ရောက်သည်။ ထိုအကောင်က ရှီချီကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေသည်။ သူ့အတွေးထဲတွင် လက်သည်းထုတ်ပြီး ကုတ်ပစ်ချင်နေသည်။
ထို့သော် သူ့မြီးလောင်သွားသည်ကို တွေးလိုက်သည့်အခါ ရှီချီ၏ လက်များကို ဒေါသထွက်ရုံသာ တကန်နိုင်သည်။
ရှီချီသည် သိချင်စိတ် ဖြတ်နေသော်ငြား သူ့အနေဖြင့် မကိုင်ရဲပေ။ သူသည် ထိုအကောင်၏ တစ်ကိုယ်လုံးရှိ အမွေးများ လောင်ကျွမ်းမည် ဆိုးသည့်အတွက် ဖြစ်သည်။ ယင်းက ဖျက်ဆီးခြင်းဖြစ်၏။
ထိုအခိုက်အတန့်တွင် ယန်ထျန်းရွှမ်သည်လည်း ပြန်ပြီး သတိရလာခဲ့သည်။ သူ့မျက်နှာသည် ဖြူရော်နေဆဲ ဖြစ်ကာ
“မစ္စတာရှီ ကျွန်တော် အောက်ထပ်ကို လိုက်ပို့ပေးပါမယ်”
ရှီရှန်းကျင်းက ပြောလိုက်သည်။
“မလိုပါဘူး”
ထိုစကားလုံးများကို ကြားသည့်အတွက် ယန်ထျန်းရွှမ်သည် စိုးရိမ်စိတ် ဖြစ်ပေါ်လောသည်။ သူ့အနေဖြင့် ထိုမြွေပါဖြင့် ဆက်မနေရဲပေ။
“အိမ်ထဲက ငန်းဖြူကြီးတွေကိုကော ဘာလုပ်ရမှာလဲ”
ရှီရှန်းကျင်းက ထိုအကောင်များကို ကြည့်လိုက်ကာ
“မင်း သူတို့ကို စားလို့ရတယ်”
ထိုစကားပြောပြီး နောက် သူသည် ရှီချီကို ခေါ်သွားတော့သည်။ သူတို့နှစ်ယောက်နှင့် မြွေပါသည် အိမ်ထဲမှ ထွက်သွားတော့သည်။
***
နောက်ဆုံး အဘွားနဲ့ တွေ့ရတော့မယ်။ မစောင့်နိုင်တော့ဘူး
ရှီချီ၏ လျှို့ဝှက်ဒိုင်ယာရီလေး။
***
စာရေးဆရာမှာ ပြောစရာ ရှိပါတယ်။
မြွေပါ “ငါတကယ်ပဲ ဘယ်ကြက်သားကိုမှ ခိုးမစားပါဘူး”
စိတ်တိုစွာဖြင့် ငိုမြည်းလျက်
တကယ်တော့ မြွေပါတွေက တကယ်ကို ချစ်ဖို့ ကောင်းကြပါတယ်။ အထူးသဖြင့် အဖြူရောင်လေးတွေပါ။ ဖြူဖြူလေးဆိုရင်တော့ သေလောက်အောင် ချစ်ဖို့ကောင်း။