DBFFL အပိုင်း ၄၆

အပိုင်း (၄၆)

လက်ထောက်တစ်ဦးအနေဖြင့် ချန်မင်သည် သူ၏ အနုပညာရှင်များသည် မည်သို့သော အပြုအမူများရှိသည်ကို သိရှိလေသည်။

သူပျိုးထောင်ပေးခဲ့ရသော ဟော်စစ်၏ အပြုအမူများကိုလည်း သူ့အနေဖြင့် ရှင်းရှင်း သိရှိနားလည်လေသည်။

ထိုအနုပညာရှင်သည် ရိုးသားလှလေသည်။ သူ၏ ပင်ကိုယ်စရိုက်သည် ဖျော်ဖြေရေးနယ်ပယ်နှင့် တကယ်ကို မကိုက်ညီလှပေ။

ဖျော်ဖြေရေးနယ်ပယ်မှ အမျိုးသားအနုပညာရှင်များ အားလုံးကို အနိုင်ယူနိုင်သည့် သူ၏ ရုပ်ရည်သွင်ပြင်ကြောင့်နှင့် သူ၏ ရုပ်ရည်အတိုင်းပင် သာလွန်ကောင်းမွန်လှသော သူ၏ သရုပ်ဆောင်စွမ်းရည်ကြောင့်သာ မဟုတ်လျှင် ထိုသူ၏ အနုပညာလုပ်ငန်းများသည် ပိတ်ပင်ခံရနိုင်လေသည်။

သူသည် ဆင်းရဲပြီး အနုပညာနောက်ခံ မရှိသလို ပညာရေးလည်း မကောင်းမွန်လှချေ။

ဖျော်ဖြေရေးနယ်ပယ်တွင် ဆင်းရဲပြီး အနုပညာနောက်ခံမရှိကြသလို ပညာရေးလည်း မကောင်းမွန်ကြသူများသည်လည်း များစွာရှိနေကြလေသည်။

သို့သော်လည်း အဓိကအချက်မှာ သူ၏ ရိုးရှင်းလှသော သံမဏိလူသားကဲ့သို့ စိတ်ခံစားခံဖြစ်လေသည်။ (တစ်နည်းအားဖြင့် သူသည် အမျိုးသမီးများအပေါ်တွင် စာနာစိတ် ကင်းမဲ့ခြင်း ဖြစ်လေသည်)။ သူ့ကြောင့် စိတ် မကျေမနပ်ဖြစ်ခဲ့ရသော အမျိုးသမီး အနုပညာရှင်များနှင့် အမျိုးသမီး ရင်းနှီးမြှုပ်နှံသူများလည်း များစွာ ရှိနေကြလေသည်။

အခြားသော အမျိုးသား အနုပညာရှင်များသည် စုံတွဲပုံစံများဖြင့် သူတို့၏ အနုပညာကို အလွန်အမင်း ကြော်ငြာကြလေသည်။

အနုပညာရှင်တစ်ယောက်သည် တော်လာသည့်အခါတွင် သူသည် စုံတွဲသတ်မှတ်မှုများနှင့် ချည်နှောင်ခံလိုက်ရပြီး ထိုအချိန်တွင် ဝေဖန်မှုများစွာလည်း ထွက်ပေါ်လာတော့သည်။ မကျေနပ်ကြသော ဝေဖန်မှုများပင်။

အခြားသော အမျိုးသား အနုပညာရှင်များသည် ကောင်းစွာ မပြောအပ်လောက်သော စည်းမျဉ်းစည်ကမ်းများနှင့် တွေ့ကြုံရသောအခါ သူတို့သည် ပျော်ရွှင်စွာဖြင့် လက်ခံလိုက်ကြသည်။ သို့မဟုတ် ယဉ်ကျေးစွာဖြင့်ပင် ထိုဆက်ဆံရေးအပေါ်တွင် ဝေဝါးကုန်ကြလေသည်။

သို့သော် ဒီတစ်ယောက်သည် အမျိုးသမီး ရင်းနှီးမြှုပ်နှံသူများကို မျက်နှာသာပြ၍ ပွင့်ပွင့်လင်းလင်းဖြင့် အန်တီဟုသာ ခေါ်ဆိုလေသည်…

ကောင်းမွန်သော အချက်တစ်ချက်မှာ ဟော်စစ်သည် မည်သည့်ကိစ္စနှင့် ကြုံလာရသည်ဖြစ်စေ အမျိုးသမီးများကို ရိုက်နှက်ခြင်းတော့ မရှိပေ။

သို့သော် သူသည် အမျိုးသား ရင်းနှီးမြှုပ်နှံသူများကို အလျှော့မပေးလေဘဲ စော်စော်ကားကားပြောဆိုသည် ဟူသော နောက်ကြောင်းရာဇဝင်တော့ ရှိလေသည်။

ထို့ကြောင့် အမျိုးသမီးများနှင့် အနုပညာရှင်များသည် ဟော်စစ်၏ ခန့်ညားချောမောမှု၊ ဒေါသကြီးမှုနှင့် သူ၏ အပြစ်အနာအဆာကင်းစင်သော မျက်နှာကို သဘောကျကြသော်လည်း ခွန်အားများစွာစိုက်ထုတ်၍ စိတ်ရှည်သည်းခံစွာ ရင်ဆိုင်ရမည့် ထိုသူကို တွေ့ဆုံရန် လက်လျှော့ထားလိုက်ကြသည်။

နောက်တစ်ချက်မှာ ဟော်စစ်၏ စိတ်အနှောင့်အယှက်ဖြစ်စေမှုကို ခံစားလိုက်ရသူများ၏ ဒေါပုန်ထမှုများကိုပါ သည်းခံနိုင်စွမ်းရှိရမည် ဖြစ်သည်။

သို့သော်ငြားလည်း ထိုသူသည် လူကောင်းတစ်ယောက်ဖြစ်လေသည်။ အနည်းဆုံးတော့ သူသည် ယုတ်ညံ့သူတစ်ယောက် မဟုတ်ပေ။ သူသည် အမျိုးသမီး အနုပညာရှင်များနှင့် မပြတ်မသားကိစ္စများ မရှိပေ။

သို့သော်လည်း ထိုသူတွင် သေစေနိုင်လောက်အောင် ပြင်းထန်လှသော ဒဏ်ရာများရှိလေသည်။

ထိုအရာမှာ သူသည် ပိုက်ဆံကိစ္စနှင့် ပတ်သက်၍ ခံယူချက်မရှိခြင်း ဖြစ်သည်။ သူသည် စုဆောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းလည်း မရှိသလို သုံးဖြုန်းရန်သာ သိခြင်းဖြစ်သည်။

သူသည် ပိုက်ဆံများများ ရှာဖွေနိုင်လေလေ များများ သုန်းဖြုန်းလေလေသာ ဖြစ်သည်။

ရသစုံအစီအစဉ်များအတွက်သာ မဟုတ်လျှင် သူ၏ အကြွေးဝယ်ကဒ်ကို ကန့်သတ် သိမ်းဆည်းခြင်းခံရမည်သာ ဖြစ်သည်။ သူ၏ လက်ထောက် ချန်မင်အပါအဝင် အားလုံးသည် ထိုသို့ ဝင်ငွေကောင်းလှသော သူသည် သူ၏ငွေများကို အပြောင်အစင်သုံး၍ အကြွေးများစွာတင်နေရခြင်း အကြောင်းအရင်းကို မရှာဖွေနိုင်ကြပေ။

ဟော်စစ်သည် ဖျော်ဖြေရေးနယ်ပယ်တွင် ဆန့်ကျင်ဘက်လိင်များကို ဆွဲဆောင်နိုင်သူတစ်ဦး ဖြစ်လာခဲ့လေသည်။ သူ၏မျက်နှာသည် ခန့်ညားချောမော၍ သူ၏အသွင်အပြင်သည် ဆွဲဆောင်မှုရှိလှသောကြောင့် မြင်သူတကာသည် ချစ်မြတ်နိုးကြမည်သာ ဖြစ်သည်။

ဟော်စစ်သည် သံမဏိလူသားကဲ့သို့သာ ပြုမူနေထိုင်ပြီး လူပေါင်းများစွာကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ကာမူ သူသည် နာမည်ကြီးနေဆဲ ဖြစ်သည်။

သူသည် ဖျော်ဖြေရေးနယ်ပယ်တွင် အံ့သြဖွယ် လူတစ်ယောက် ဖြစ်လို့နေပြီး သူ့ကို အားကျသူများနှင့် မုန်းတီးသူများမှာလည်း မရေမတွက်နိုင်အောင် ရှိနေကြသည်။

သူ၏ ပွဲဦးထွက် ရုပ်ရှင်တစ်ကားတွင် သူသည် ဇာတ်ပို့အနေဖြင့်သာ ပါဝင် သရုပ်ဆောင်ခဲ့ရသော်လည်း လွန်စွာ နာမည်ကြီးသွားလေသည်။

နောက်ပိုင်းတွင် သူသည် ရင်းနှီးမြှုပ်နှံသူများကို စော်ကားသော အပြုအမူများကို ပြုလုပ်ခဲ့သောကြောင့် ပိတ်ပင်ခံလိုက်ရလေသည်။ သူသည် သူ၏ သရုပ်ဆောင်စွမ်းရည်များကို အသုံးချလျက် ဗီလိမ်ဇာတ်ရုပ်ဖြင့် အနုပညာနယ်ပယ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အမာခံ ပရိတ်သတ်ပေါင်းများစွာကိုလည်း ရရှိခဲ့လေသည်။

သူ၏ သံမဏိလူသား အပြုအမူများကို မဖုံးကွယ်ထားခဲ့သော်လည်း များစွာသော အမျိုးသမီး အနုပညာရှင်များ၊ ပရိသတ်များနှင့် ဝေဖန်သူများစွာ၏ အားပေးမှုများကိုပါ ရရှိခဲ့လေသည်။ သူ၏ငွေများကို အပြောင်အစင်သုံး၍ အကြွေးများစွာတင်နေရခြင်း အကြောင်းအရင်းများသည်လည်း အင်တာနက်တစ်ခွင်တွင် ပျံ့နှံ့နေလေတော့သည်။

သို့သော် ပရိသတ်များသည် ငွေကြေးများစွာကို အသုံးပြုနေကြလေသည်။

ဟော်စစ်၏ ပရိသတ်များသည် ချမ်းသာလှသော ပရိတ်သတ်အဖွဲ့အစည်း ဖြစ်လာလေသည်။ သူတို့ရောက်ရှိရာနေရာတိုင်းတွင် ပရိတ်သတ်များ ယူဆောင်လာကြသော အစားအသောက်များနှင့် လက်ဆောင်ပစ္စည်းများသည် အခြားသော စီနီယာများနှင့် အောင်မြင်နေကြသော အခြားအနုပညာရှင်များကို ရိုက်ချလိုက်သကဲ့သို့ပင်။

အကယ်၍ လက်ဆောင်ပစ္စည်းများကို တစ်ခါမျှ လက်မခံခဲ့သော ဟော်စစ်သည်သာ ထိုလက်ဆောင်ပစ္စည်းများကို လက်ခံလိုက်မည်ဆိုလျှင် သူ့အနေဖြင့် အလုပ်ပင် ဆက်လုပ်နေစရာ မလိုတော့ချေ။ နေ့တိုင်းတွင် သူသည် ချမ်းသာသော အမျိုးသမီးပရိသတ်များထံမှ လက်ဆောင်များကို လက်ခံ၍ အိမ်ပင် ဝယ်နိုင်မည်သာ ဖြစ်သည်။

အတင်းအဖျင်းများထဲတွင် မပါဝင်သော ထိုသံမဏိလူသားသည် ဝိန်းပေါ်တို့ကဲ့သို့ အင်တာနက်များကို အသုံးပြုလေ့မရှိပါ။ သူသည် သရုပ်ဆောင်ခြင်းနှင့် ဂိမ်းများကစားရခြင်းကိုသာ နှစ်သက်သည် ဖြစ်သည်။ သူသည် အင်တာနက်ကို နေ့စဉ် အချိန်မှန် ဖွင့်ကြည့်ခြင်းသာ ရှိသည်။

အကောင့်များသည် အတူတူသာ ဖြစ်လေသည်။

အကယ်၍သာ ဟော်စစ်သည် သူမ၏မျက်နှာကိုပင် မပြသသော အစားအသောက် စားသောက်တင်ဆက်ပြသူကို လိုက်လံကြည့်ရှုနေခြင်းကိုသာ သူသတိမထားမိခဲ့လျှင် ဟော်စစ်သည် သူနှစ်သက်နေသော သူတစ်ယောက် ရှိနေပြီဟူ၍ပင် ထင်မိလောက်လေသည်။

ချန်မင်သည် အံ့သြမိနေတုန်းပင်။

ဟော်စစ်သည် ထိုစားသောက်တင်ဆက်ပြသူကို အဘယ်ကြောင့်များ အရေးတယူပြုနေရသနည်း။

“ကောင်းပါပြီ… ဒီနေ့တော့ ဆာကူရာ ကိတ်မုန့်ကို ပြုလုပ်ပြပြီးသွားပါပြီ။ သူငယ်ချင်းတို့ ဒါကိုကြိုက်တယ်ဆိုရင် ကောမန့်လေး ပေးသွားကြပြီး ဖြန့်ဝေပေးကြပါဦးနော်။ ကျွန်မက ကြည့်ရှုသူတွေထဲက ကံကောင်းတဲ့ သူဆယ်ယောက်ကို ရွေးထုတ်ပြီး ကျွန်မဒီနေ့ ပြုလုပ်ပြလိုက်တဲ့ ကိတ်မုန့်ကို လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်…”

ထိုအစီအစဉ်ပြီးဆုံးသွားသောအခါ ဟော်စစ်သည် မျက်ဝန်းများ ဝင်းပနေ၍ ဖုန်းမျက်နှာပြင်ကို သူ၏ သွယ်လျသော လက်ချောင်းများဖြင့် ရွှေ့လိုက်လေတော့သည်။

သူသည် ကျေနပ်သွားပြီးနောက် ဖုန်းကို ချထားလိုက်လေတော့သည်။

“ဟော်စစ်… မင်း ဝိန်းပေါ်မှာ ပိုစ့်တင်လိုက်တာလား။ ဒါပေမဲ့ မင်းက လူအများ အာရုံစိုက်ခံနေရတဲ့သူဖြစ်လို့ တစ်ခုခုကို တင်မယ်တိုရင် သတိထားရမယ်လေ။ အခုလိုမျိုး ပိုစ့်တင်ဖို့ မကြိုးစားပါနဲ့လား…”။ ချန်မင်သည် ဝိန်းပေါ် တွင် အရှုပ်များ ပြုလုပ်ထားသော သူ၏ အနုပညာရှင်ကိုကြည့်၍ သတိပေးနေလေသည်။

ထိုသူသည် ဝိန်းပေါ် တွင် ပိုစ့်တင်ခြင်း၊ ပြန်လည်မျှဝေခြင်း၊ ကောမန့်ပေးခြင်းများကို အမှန်တကယ် ပြုလုပ်လိုက်လိမ့်မည်ဟု ထင်မထားခဲ့ချေ။

ထိုအရာများသည် သူ၏ ပင်ကိုယ်စရိုက်မဟုတ်ချေ။

သူသည် လွန်စွာ ပျင်းရိသူ ဖြစ်သောကြောင့် သူ၏ ကိုယ်ပိုင်ဝိန်းပေါ်တွင်ပင် စာတိုတစ်ကြောင်း တင်ဖူးခြင်း မဟုတ်ပေ။ ရုပ်ရှင်၊ အစီအစဉ်များနှင့် ကြော်ငြာကိစ္စများကို သူ၏ လက်ထောက်ကသာ ဆောင်ရွက်ပေးခြင်း ဖြစ်လေသည်။

သို့သော် ယခုအချိန်တွင်တော့ သူ၏ ကိုယ်ပိုင်ဝိန်းပေါ်တွင်ပင် စာတိုတစ်ကြောင်း တင်ဖူးခြင်း မဟုတ်သူသည် လူသိနည်းသော အစားအသောက် တင်ဆက်သူ၏ ဗီဒီယိုကို မျှဝေလိုက်လိမ့်မည်ဟု သူ့အနေဖြင့် ထင်မထားခဲ့ချေ။

“အစ်ကိုချန်… အစ်ကိုစစ်ရဲ့ ဝိန်းပေါ် အကောင့်က ခိုးယူခံလိုက်ရတာလား…”

“ဘာပြောတယ်…”

“အစ်ကိုစစ်က အခု ရှာဖွေမှု အများဆုံးနေရာကို ရောက်နေတယ်။ သူက အစားအသောက် တင်ဆက်သူတစ်ယောက်ရဲ့ ကံစမ်းမဲ အစီအစဉ်ကို ဝိန်းပေါ်မှာ ပြန်တင်ထားတယ်။ ပန်းရောင် ဆာကူရာ ကိတ်မုန့်ဆိုတာလေ။ ပခု အင်တာနက်မှာ အရမ်းကိုပျံ့နေတယ်…”

“ဟေ… မင်း ဘာပြောလိုက်တယ်…”

ချန်မင်၏ မျက်ဝန်းများသည် ပြူးကျယ်သွား၍ ယုံရခက်လှသော မျက်နှာပေးဖြင့် ဗီဒီယိုဂိမ်း ဆော့ကစားနေသော ဟော်စစ်ကို ကြည့်လိုက်၍ သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေတော့သည်။ “ဟော်စစ်… မင်း ကိတ်မုန့် ကံစမ်းမဲအကြောင်းကို မျှဝေလိုက်တာလား…”

“အင်း…” ဟော်စစ်သည် သူ၏ ဦးခေါင်းကိုပင် မမော့လိုက်လေဘဲ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်လေသည်။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset