32 01
အခန်း (၃၂)
“ဝမ်ဖောင်မိန်သည် တုံ့ဆိုင်းခြင်း မရှိဘဲ ပြောလိုက်လေသည်။ “သေချာပေါက် ပိုက်ဆံပဲပေါ့”။
“အန်တီ…အဲဒါကြောင့် ကျွန်မ ကွာရှင်းလိုက်တာလေ”
“ဟင်…မင်း ဘာပြောလိုက်တာလဲ”
သူမ၏ သမီးဖြစ်သူသည် ယောင်းမကို လှည့်စားနေခြင်းကို တွေ့သောအခါ နံဘေးတွင်ထိုင်နေသော အမျိုးသမီးအန်းသည် မရယ်ဘဲနှင့် မနေနိုင်တော့ချေ။
“ဟားဟား…ရှရှ ဒီကလေးမလေးကတော့..”
“ဟေး…”
ဝမ်ဖောင်မိန်သည် အတူတကွ ရယ်မောနေကြသော သားအမိနှစ်ယောက်ကို ကြည့်လိုက်လေသည်။ သူမသည် ထိုနှစ်ဦးကို စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လျက် မေးလိုက်လေသည်။ “ရှင်တို့နှစ်ယောက် ဘာတွေရယ်နေကြတာလဲ”
“ယောင်းမလေး…ရှရှက ပိုင်ဆိုင်မှုတွေ အများကြီးရလိုက်တယ်။ သူ ဒီတစ်ခေါက်ပြန်လာတာက ကျွန်မနဲ့ သူ့အဖေအတွက် စံအိမ်တစ်လုံး ဝယ်ပေးမလို့လေ။ ကျွန်မရဲ့ အသက် ၅၀ ပြည့်မွေးနေ့အတွက် ကုန်ကျစရိတ်ကိုလည်း ကျွန်မသမီး ပေးဖို့အဆင်ပြေနေပြီလေ။ အဲဒီတော့ ကျွန်မတို့ကို စိတ်မပူလည်း ရပါတယ်”
အမျိုးသမီးအန်းသည် ယောင်းမဖြစ်သူ၏ အနိုင်ယူမှုကို အမြဲခံစားခဲ့ရသူဖြစ်သည်။ ယခုအချိန်တွင်တော့ အခြေအနေများသည် ပြောင်းပြန် ဖြစ်သွားလေပြီဖြစ်သောကြောင့် ခံစားချက်အသစ်ကို ရရှိလိုက်ရသည်။
သို့သော်လည်း သူမသည် တမင်ရည်ရွယ်၍ ပြုလုပ်လိုက်ခြင်း မဟုတ်ဘဲ အမှန်တရားကိုသာ ပြောလိုက်ခြင်းဖြစ်သည်။
“ဟင်…ရှရှက ကွာရှင်းလိုက်တော့ သူ့ရဲ့ချမ်းသာတဲ့ ယောက်ျားဆီက ပိုင်ဆိုင်မှုတွေ အများကြီး ရလိုက်တယ်ပေါ့ …ဘယ်လောက်တောင်လဲ”
ဝမ်ဖောင်မိန်သည် ပြန်လည်သတိကပ်သွားပြီးနောက် သူမ၏ မျက်လုံးများကို လှန်ကြည့်လိုက်၍ ပိုက်ဆံအကြောင်းကို မေးလေတော့သည်။
ကြွယ်ဝချမ်းသာမှုကို ထုတ်ဖော်မပြောကြားခြင်းအားဖြင့် အန်းမိသားစုသည် စွန့်စားမှု မပြုလုပ်လိုက်ပါ။
ထို့အပြင် သူတို့၏ ဆွေမျိုးများနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သူမ၏ သမီးသည် ပို၍ အရေးကြီးပေသည်။
ထို့ကြောင့် အန်းရှတွင် ငွေးကြေးမြောက်များစွာ ရှိနေလျှင်တောင် သူမ၏မိဘများသည် ဆွေမျိုးများကို ကူညီပေးရန် သူတို့၏ သမီးဖြစ်သူကို မေးမြန်းလိမ့်မည်တောင် မဟုတ်ချေ။
ထို့ကြောင့် သူတို့သည် အခြားသူများကို ပြောရုံမျှသာ ပြောပြရန် ဆုံးဖြတ်ခဲ့လေသည်။
“သြော်…အဲဒီလူက ထက်မြတ်တယ်လေ။ သူက ရှရှရဲ့ ပိုင်ဆိုင်မှုတွေကို ရင်းနှီးမြုပ်နှံပေးထားတယ်။ ရှရှက တစ်လတစ်ခါ ပိုက်ဆံသွားသိမ်းရုံပဲ။ အဲဒီတော့ ပိုက်ဆံကို ပေါ့ပေါ့လေး မဖြုန်တီးမိတော့ဘူးပေါ့”
သူမသည် ရိုးသားသူတစ်ဦး ဖြစ်သော်လည်း သူမ၏သမီးကို ပိုမို၍ ချစ်လေသောကြောင့် လိမ်ညာပြောလိုက်လေသည်။
အန်းရှနှင့် အမျိုးသမီးအန်း၏ ရှင်းပြမှုကြောင့် ဝမ်ဖောင်မိန်သည် ငွေကြေးများအကြောင်းကို သိနားလည်သွားတော့သည်။
ဝမ်ဖောင်မိန်သည် အန်းရှထံမှ ငွေကြေးရယူလိုစိတ် မရှိလေဘဲ စိတ်ခံစားချက်အရသာ ပြောလိုက်လေတော့သည်။ “မြို့ပေါ်ကလူတွေက သဘောထားဆိုးဝါးကြတယ်။ ရှရှက အဲဒီလူကို သည်းမခံနိုင်တာ အံ့သြစရာတော့ မရှိပါဘူး။ ကွာရှင်းပြီးတာတောင် ရှရှကို ငွေအလွယ်တကူမသုံးနိုင်အောင် စီမံထားသေးတာပဲ”
ဝမ်ဖောင်မိန် ပြန်သွားပြီးနောက်တွင်တော့ အန်းရှနှင့် အမျိုးသမီးအန်းသည် တစ်ဖန် ပင်ပန်းနွမ်းနယ်သွားကြလေသည်။
32 02
ထို့နောက် သားအမိနှစ်ဦးသည် အသီးအရွက်ဈေးတန်းသို့ အသီးအရွက်များဝယ်ယူရန် ထွက်ခွာလာခဲ့ကြသည်။ ပြီးနောက်တွင် အမျိုးသမီးအန်းသည် သမီးဖြစ်သူကို ထိုဈေးသို့ ဘယ်သောအခါမှ ထပ်မံ၍ ခေါ်မလာချင်တော့ပေ။
သူတို့ကို ဝိုင်းဝန်း၍ ကြည့်ရှုနေကြသူများရှိနေလေသည်။ ထိုသူများသည် များစွာသော အစ်မကြီးများဖြစ်၍ သူမ၏ သမီးဖြစ်သူကို သူတို့နှင့် မိတ်ဆက်ပေးစေချင်နေကြလေသည်။
အမျိုးသမီးအန်းသည် ယခင်တုန်းက အသီးအရွက်ဈေးတန်းသို့ လာသောအခါ ဈေးသည်များသည် တစ်ခါမျှ ယခုကဲ့သို့ တတ်ကြွနေခြင်းမရှိခဲ့သလို ဈေးတန်းကိုလည်း စည်ကားလှသည်ဟု တစ်ခါမျှ မခံစားခဲ့ရဖူးပေ။
ယခုအချိန်တွင် သူမသည် အန်းရှကို ဈေးသို့ ခေါ်ဆောင်လာခဲ့သောကြောင့် လူစည်ကားနေသကဲ့သို့ ခံစားလိုက်ရလေသည်။ သူတို့သည် မည်သည့် အသီးအရွက်ဆိုင်သို့ သွားနေစေကာမူ လူအများအပြားနှင့် စည်ကားသွားလေတော့သည်။
ကံကောင်းသည်က နွေရာသီမဟုတ်လေသောကြောင့် စိတ်မသက်မသာမဖြစ်သလို မွန်းကြပ်ခြင်းလည်း မရှိခဲ့ပေ။
သို့သော်လည်း လူအများက ယခုကဲ့သို့ ပြုံတိုးနေခြင်းကြောင့် နေရထိုင်ရ ခက်ခဲနေလေသည်။
သူမသည် အသီးအရွက်များ ဝယ်ယူပြီးသွားသောပခါ သမီးဖြစ်သူ၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်လေသည်။ ထိုအခါ သူမသမီး၏ လက်ကောက်ဝတ်သည် ဖြူဖပ်ဖြူရော်နေသောကြောင့် ပို၍ပင် စိတ်မသက်မသာ ဖြစ်သွားရလေတော့သည်။
ထို့ကြောင့်သူမသည် နောက်တစ်ကြိမ်တွင် အသီးအရွက် လာဝယ်သောအခါ သူမ၏သမီးကို ဘယ်သောအခါမှ ထပ်မခေါ်လာရန် ဆုံးဖြတ်လိုက်လေတော့သည်။
သူမ၏ သမီးလေးသည် ရှက်ကြောက်တတ်သူဖြစ်သောကြောင့် တစ်နေရာရာတွင် ထိခိုက်ပွန်းပဲ့သွားလျှင် မကောင်းလှပါ။
“အာ…ရှရှ အမေ ငါးဝယ်ဖို့မေ့သွားလို့။ သမီး ဒီမှာခဏစောင့် အမေ ငါးဝယ်ပြီး ပြန်လာခဲ့မယ်”
“အင်း ဟုတ်ကဲ့ပါ အမေ”
အန်းရှသည် ပြောထားသည့်အတိုင်းပင် ထိုနေရာတွင်အိတ်များကို စောင့်ကြည့်ထား၍ သူ့အမေပြန်အလာကိုသာ စောင့်နေလေသည်။
အန်းရှသည် အနည်းငယ် ပျင်းရိလာသောကြောင့် နံရံကိုမီလျက် စောင့်ကြောင့်ထိုင်၍ ပုရွက်ဆိတ်လေးများကို ရေတွက်နေလေသည်။ ထိုစဉ်တွင် သူမ၏နံဘေးမှ မိန်းမငယ်လေးများစွာသည် ဖြတ်သန်းသွားလာနေကြလေသည်။
“နင်မနေ့က ‘ဘဝရဲ့ အနားယူအပန်းဖြေချိန်’ ဆိုတဲ့ တီဗီ အစီအစဉ်ကို ကြည့်လိုက်သေးလား။ အဲဒီ အနုပညာရှင်တွေက ဟင်းချက်တတ်တယ်လို့ ထင်လား”
“အင်း…ဟော်စီက ချောလိုက်တာဟယ်။ ကျောင်မီမီကလည်း အရမ်းချစ်ဖို့ကောင်းတာပဲ။ သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်တယ်”
“ဖွီ….ဘာကို လိုက်ဖက်တာလဲ။ ဟာသတွေ ပြောမနေနဲ့။ စက်ရုပ်လူသား ဟော်စီက မိဘမဲ့ ဖြစ်ဖို့ပဲ ထိုက်တန်တယ်”
“ဟီးဟီး…သူက အရမ်းခံ့ညားတာပဲ။ လူတော်တော်များများက သူ့ကို လိုချင်နေကြတာ”
“‘ဘဝရဲ့ အနားယူအပန်းဖြေချိန်’…ငါ ဒီနာမည်ကို တစ်နေရာရာမှာ ကြားဖူးနေသလိုပဲ…”။