ERSY အခန်း ၂၄၂

အခန်း ၂၄၂ ။ ကျောင်းလုံ၊ အခစားယောက်ျား

လူအုပ်ကြီးက တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး စကားစပြောကြတော့တယ်။

“ကောင်းကင်စိတ်တန်ခိုးကျောက်တုံးကို နှစ်သောင်းချီ ရှန်းကျွင်း အားဖြည့်ပေးခဲ့တာ၊ ဒီနဂါးပြစ်မှုက အရမ်းကို ပြင်းထန်တယ်၊ အလွယ်တကူလွှတ်ပေးလို့မဖြစ်ဘူး”

“မှန်တယ်၊ ဒါက နဂါးပဲ၊ ဒီနေ့ငါတို့ ပူးပေါင်းပြီး ရှန်းကျွင်းရဲ့ ရွှေကြာပန်းကိုသုံးပြီးတော့ သူ့ကိုအလဲဖြိုရမယ်၊ တကယ်လို့ အခု အပြစ်မပေးရင် နောက်ပိုင်းကျ ဆက်ဆိုးညစ်နေဦးမှာ”

“ဒါပေမဲ့ ငါတို့ ဒဏ်ရာရအောင်လုပ်လို့ မဖြစ်ဘူးလေ၊ ငါတို့ ရှန်းကျွင်းလက်ထဲအပ်လိုက်ရင်ရော”

“မဖြစ်ဘူး၊ ရှန်းကျွင်းက အမြဲစိတ်ထားနူးညံ့တာ၊ တကယ်လို့ ဒီကျောင်းလုံက သူ့ကိုလွှတ်ပေးအောင် စကားချိုချိုသာသာနဲ့ ရှန်းကျွင်းကို ချော့မော့နားချရင်ရော”

နတ်ဘုရားတွေက ခဏတိတ်ဆိတ်သွားပြီး သူတို့ရဲ့အကြည့်က ကျောင်းလုံကို မုန်းတီးမှုအပြည့်။

ဓားစာခံနဂါး ။ ။ “…” အဲဒါငါနဲ့ဘာဆိုင်လို့လဲဟ

“ငါတို့ သူ့ကို နဂါးတောင်ကြားဆီ ပို့ရင်ရော” ညာဘက်ကတစ်ယောက်က ရုတ်တရက် အကြံပြုလာတယ်။

“ဟင့်အင်း” ဘယ်ဘက်က လူတစ်ယောက်က ချက်ချင်းကန့်ကွက်တယ်။

“သူ့ကို နဂါးတောင်ကြားထဲပို့တာက ကျားကို သူ့အသိုက်ဆီပြန်ပို့တာနဲ့ တူမနေဘူးလား” နဂါးမျိုးနွယ်က အမြဲထောင်လွှားနေတာ၊ သူတို့က ဒီကိစ္စကို အရေးစိုက်မှာမဟုတ်ဘူး။

“ငါဆိုလိုတာက သူ့ကို နဂါးတောင်ကြားထဲက နဂါးအသူတစ်ရာချောက်နက်ဆီ ပို့ဖို့ပဲ”

သူ့အသံဆုံးသွားတဲ့အချိန် လူတိုင်းရဲ့မျက်လုံးတွေက လက်သွားတယ်။

“အဲဒါအကြံကောင်းပဲ”

“အမှန်ပဲ၊ အဲကရှန်းကျွင်းက သူတို့မျိုးနွယ်တူက နဂါးထီးကို ရှာနေတာ နှစ်ထောင်ချီကြာပြီ”

“ဒီကျောင်းလုံကို အဲပို့တာကောင်းတယ်၊ သူက တက်လှမ်းကာစလေ၊ အဲတော့ အဲကရှန်းကျွင်း သေချာပေါက် ကျေနပ်မှာပဲ”

“အမှန်ပဲ၊ အဲရှန်းကျွင်းက အရမ်းသန်မာတယ်၊ ဒီကျောင်းလုံ သူ့ထိန်းချုပ်အောက်မှာ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး”

“ဒီလိုဆိုမှတော့ အဲလိုပဲဆုံးဖြတ်လိုက်ပြီနော်၊ မြန်မြန်ပို့လိုက်ကြရအောင်၊ ရှန်းကျွင်းက သူ့ပို့ချမှုကိုဆောင်ရွက်ဖို့ မကြာခင်ပြန်လာတော့မှာ၊ ဒီနဂါးကြောင့် သူစိတ်ညစ်ရတာမျိုး မဖြစ်စေနဲ့”

“ခဏနေပါဦး မင်းတို့အားလုံး ဘာလုပ်ကြမို့လဲ” ကျောင်းလုံ ချက်ချင်း မကောင်းတဲ့ခံစားချက် ရလိုက်ပြီး ထွက်ပြေးချင်ပေမဲ့ ရွှေကြာပန်းထဲ ပိတ်မိနေတာမို့ အားထုတ်လို့မရဘူး။

“ကျုပ်ကိုသွားခွင့်ပေးကြစမ်း”

တခြားနတ်ဘုရားတွေက သူ့ကို အာရုမထားဘဲ နှစ်ယောက်က ခပ်မြန်မြန် လျှေက်လာတယ်။ သူတို့က တစ်ဖက်စီကနေ မှော်အတတ်ဖန်ဆင်းလိုက်ပြီး ရွှေကြာပန်းထဲက ကျောင်းလုံကိုမကာ အပြင်ထွက်လာကြတယ်။

ကျောင်းလုံက လှုပ်မရတာမို့ ရွှေကြာပန်းနဲ့အတူ အပြင်ဆွဲခေါ်ခံရရုံပဲရှိတော့တယ်။

“သတိပေးနေတယ်နော်၊ ကျုပ်ကိုလွှတ်ပေးကြစမ်း၊ မဟုတ်ရင် မင်းတို့ ခံစားရစေမယ်”

နှစ်ယောက်က သူ့ကိုလျစ်လျူရှုပြီး အင်းကွက်အစီအရင်တစ်ခုဆီ ခပ်သုတ်သုတ်လျှောက်သွားတယ်။ ချက်ချင်း အင်းကွက်က လင်းသွားပြီး သူတို့ လင်းထိုက်တောင်ကနေ ထွက်ကာ တခြားနေရာရောက်သွားတယ်။ ရာသီဥတုက ပူလောင်လာပြီး ပတ်ဝန်းကျင်က ညှိုးနွမ်းနေတဲ့အပင်တွေနဲ့ပြည့်နေတယ်။ နှစ်ယောက်က ကျောင်းလုံကို ဆွဲခေါ်ကာ နည်းနည်းဆက်ပျံသန်းလာပြီးမှ ခပ်ရှည်ရှည် ခြေထောက်တစ်ဝိုက်မှာ ချော်ရည်တွေအပြည့် မီးတောင်တစ်ခုပေါ် ဆင်းလိုက်တယ်။

နှစ်ယောက်က ကျောင်းလုံပေါ်က ကြာပန်းရဲ့ ဆုပ်ကိုင်ထားမှုကို ဖြည်ပေးပြီး တိမ်တိုက်တွေပေါ်ကနေ ပစ်ချလိုက်တယ်။ သူတို့နောက်တော့ ပြန်လှည့်သွားပြီး တစ်ခုခုကနေ ထွက်ပြေးနေသလိုမျိုး ခပ်မြန်မြန်ပျံသန်းသွားကာ ချက်ချင်းပျောက်ကွယ်သွားတယ်။

ကျောင်းလုံက တိုက်မိပြီး မြေကြီးပေါ်လဲကျလုနီးပါးဖြစ်သွားတယ်။ ကျေးဇူးတင်စရာက ရှန်းရင်က သူ့ဘေးရပ်နေပြီး လှမ်းဆွဲထားလိုက်လို့ မြေကြီးနဲ့ မျက်နှာမိတ်ဆက်မှာကနေ တားဆီးနိုင်ခဲ့တယ်။

“ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့နတ်ဒေဝါ” ကျောင်းလုံ ခါးသက်သက်အပြုံးနဲ့ ကျေးဇူးတင်လိုက်တယ်။

“ဒါပေမဲ့… ကြီးမြတ်တဲ့ နတ်ဒေဝါ၊ နောက်ဆို အမြီးကို မဆွဲဘဲနေလို့မရဘူးလား” သူ အမြီးတစ်ဝက် ဆုံးရှုံးသွားပြီဆိုပေမဲ့ တကယ်နာတယ်။

“အာ… ကောင်းပြီလေ” သူမက အရမ်းကိုလွယ်လင့်တကူဆိုတော့ ဆုပ်ကိုင်ရတာကျင့်သားရနေခဲ့တာ။

ကျောင်းလုံ အမြီးကိုဖက်ပြီး ညင်ညင်သာသာလေးထိလိုက်တယ်။ သူက ဘေးကရှန်းရင်ကို ကြည့်ကာ မေးလာတယ်။

“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ဘာလို့ စောနက သူတို့ကို မ‌ထုထောင်းလိုက်တာလဲ” သူ့ကိုကာကွယ်ပေးမယ် ကတိပေးထားပြီးတော့။

“ဘာလို့လဲဆိုတော့…” ရှန်းရင်က မျက်နှာထားတည်တည်နဲ့ ပြန်ဖြေတယ်။

“ငါတို့က လူကျင့်ဝတ်အရ မှားနေခဲ့တာကိုး”

ဘယ်လိုပဲဖြစ်ဖြစ် သူမက ကျောက်တုံးကို တစ်စစီခွဲမိခဲ့သူလေ။ သူမက ထပ်ဖြည့်ပြောလာတယ်။

“ငါက ကျိုးကြောင်းဆီလျော်တဲ့လူပဲ” ပြီးတော့ သူမက အဖမ်းခံထားရတာမှ မဟုတ်တာ။

ကျောင်းလုံ ။ ။ “…” ဘာလို့ မင်းရဲ့ ကျိုးကြောင်းဆီလျော်တဲ့နည်းလမ်းက ငါနဲ့ကွာခြားနေရတာလဲ။

o(≧口≦)o

ကျောင်းလုံ ဘေးဘီဝဲယာ ကြည့်လိုက်တော့ ပတ်ဝန်းကျင်က နဂါးချီအပြည့်မို့ အတော်လေး သက်သောင့်သက်သာရှိသွားတယ်။ သူ့အမြီးပေါ်ကဒဏ်ရာတွေတောင် အလိုလိုပြန်ကောင်းနေပြီ။ သူ ပိုပြီးတောင် သိချင်စိတ်ဖြစ်သွားတယ်။ နဂါးတစ်ကောင်အတွက်တော့ ဒါကနေရာကောင်းပဲ။

“ဘာလို့ သူတို့က ကျွန်တော့်ကို ဒီနေရာဆီ ပစ်ထည့်တာပါလိမ့်” ဒါက ပြစ်ဒဏ်ဖြစ်ရမှာမဟုတ်ဘူးလား။ ဒီလိုနေရာကောင်းကို ပို့ဖို့ အကြောင်းရင်းမှမရှိတာ။

ရှန်းရင် ခေါင်းယမ်းလိုက်တယ်။ သူမ စဉ်းစားနေတုန်းရှိသေး အံ့ဩနေတဲ့ အသံတစ်သံပေါ်လာတယ်။

“ဟေး လူသစ်ပဲ” သူတို့ရှေ့ လေဖြတ်တိုက်သွားပြီး အဖြူရောင်နဲ့အစိမ်းရောင်ဝတ်ထားတဲ့ မိန်းကလေးနှစ်ယောက်က ဆင်းသက်လာတယ်။ သူတို့မျက်လုံးတွေက တောက်ပစွာနဲ့ ကျောင်းလုံကိုကြည့်နေတယ်။

“ဒါကောင်းတယ် သူက နဂါးထီးပဲ၊ နဂါးနန်းတော်ဆီပို့ကြရအောင်”

“သေချာပေါက်ပေါ့” ဝတ်ရုံစိမ်းနဲ့မိန်းကလေးက စိတ်လှုပ်ရှားစွာနဲ့ ပြန်ဖြေတယ်။

“ရှန်းကျွင်းက ခုတလော စိတ်မပျော်ဘူး၊ ဒါ သူ့ကိုပို့ဖို့ပြီးပြည့်စုံတဲ့အချိန်ပဲ”

“အင်းအင်း၊ သူက နည်းနည်း ပိုရုပ်ဆိုးပြီး အမြီးတောင် မရှိပေမဲ့ပေါ့” ဝတ်ရုံဖြူနဲ့မိန်းကလေးက ကျောင်းလုံကို ကြည့်ပြီး မှတ်ချက်ပြုတယ်။

“ဒါပေမဲ့ ရှန်းကျွင်းက စိတ်ထဲထားမှာမဟုတ်ပါဘူး”

သူတို့က ပြောရင်း ကျောင်းလုံဆီလျှောက်လာတယ်။

“မင်းတို့နှစ်ယောက်က ဘယ်သူလဲ” ကျောင်းလုံ ချက်ချင်း မြေကြီးပေါ်ကကုန်းရုန်းထကာ သူ့အမြီးကို သူတို့နှစ်ယောက်ဆီ လွှဲယမ်းပြီး အော်ဟစ်တော့တယ်။

“မင်းတို့ဘာလိုချင်လို့လဲ”

“သေချာပေါက် နင့်ကို ရှန်းကျွင်းအတွက် အခစားယောက်ျားလုပ်ခိုင်းဖို့ ပို့မှာလေ” ဝတ်ရုံစိမ်းနဲ့ မိန်းမပျိုက ချက်ကျလက်ကျပြောနေသလိုမျိုး ပြန်ဖြေတယ်။

“နင် ဒါအတွက် နဂါးအသူတစ်ရာချောက်နက်ထဲ ဝင်ခဲ့တာ မဟုတ်ဘူးလား”

ယောက်ျား… အခစားယောက်ျား

(๑ŐдŐ)b

“သောက်ကျိုးနည်း ဘာကြီးလဲ” ကျောင်းလုံ သူ့သိက္ခာကို လှောင်ပြောင်ခံလိုက်ရသလိုပဲ။ သူ သူတို့ကို ဒေါသတကြီးပြောတော့တယ်။

“ဘယ်သူက အခစားယောက်ျားဖြစ်ချင်လို့လဲ၊ ငါက နဂါးမျိုးနွယ်ဝင်၊ ဘယ်သူက ဒီလိုလုပ်ရဲလဲ”

ခဏနပေါဦး

သူ့ကိုဖမ်းခဲ့တဲ့လူအုပ်ကြီးက ဒီကို ပို့လိုက်တာ သောက်အခစားယောက်ျားလုပ်ခိုင်းဖို့ ဖြစ်နိုင်လား။ ဒီနဂါးချောက်နက်ထဲမှာ နဂါးထီးတွေကိုပဲ အထူးတလည်ပြန်ပေးဆွဲတဲ့ နှာဘူးရှန်းကျွင်းတော့ တကယ်မရှိနိုင်ပါဘူး။

ငါ-ိုး သူ တခြားတစ်ယောက်ရဲ့ အစေခံမဖြစ်ချင်ပါဘူး။။

“ဒီနဂါးနက်ကတော့ နင် ဘယ်လိုတောင် ဒီလောက်သောင်းကျန်းနိုင်ရတာလဲ” အစိမ်းနဲ့မိန်းကလေးက မနှစ်မျို့စွာ ကြည့်တော့တယ်။

“နင် နဂါးအသူတစ်ရာချောက်နက်ထဲတောင် ရောက်နေပြီပဲ၊ နင် ရှန်းကျွင်းရဲ့ အခစားယောက်ျားလုပ်ဖို့ မျှော်လင့်တာကလွဲ တခြားဘာကိစ္စနဲ့ ဒီကိုရောက်နေနိုင်မှာလဲ”

“ငါက ပြန်ပေးဆွဲခံရပြီး ဒီကိုပို့ခံလိုက်ရတာ” ကျောင်းလုံ စိတ်တိုပြီး မခံမချိဖြစ်မိတော့တယ်။

“မင်းတို့ရဲ့ရှန်းကျွင်းက သေချာပေါက် ရုပ်ဆိုးလွန်းတာပဲ ဖြစ်ရမယ်၊ အဲဒါကြောင့် သူ ဘယ်သူ့ကိုမှ လက်မထပ်နိုင်တာ၊ ငါသေမှပဲ သူ့ကိုလက်ထပ်မယ်” ငါ့အရည်အချင်းကိုသာ ရောင်းစားရင်ရောင်းစားမယ်၊ ခန္ဓာကိုယ်တော့ မရောင်းစားဘူး

“ရဲတင်းလိုက်တာ” မိန်းကလေးနှစ်ယောက်က ဒေါသထွက်လာပြီး သူ့ကိုလက်ညှိုးထိုးကာ အော်တော့တယ်။

“နင် ကြီးမြတ်တဲ့ရှန်းကျွင်းကို ရိုင်းပျရဲတယ်ပေါ့လေ”

ကျောင်းလုံလည်း ဒေါသပေါက်ကွဲတော့တယ်။

“ငါ့လမ်းကဖယ်နော် မဟုတ်ရင် မင်းတို့နှစ်ယောက်ကို စားပစ်မယ်”

သူက သူတို့နှစ်ယောက်ဆီ လက်သည်းတွေကို ဆန့်ထုတ်တော့တယ်။

မိန်းကလေးနှစ်ယောက်က အုံ့မှိုင်းနေတဲ့အမူအရာတွေနဲ့ သူတို့ခန္ဓာ‌ကိုယ်တွေက လှုပ်သွားတယ်။ နောက်အခိုက်အတန့်မှာ တစ်ယောက်က အစိမ်း၊ တစ်ယောက်က အဖြူရောင် နဂါးကြီးတွေအဖြစ် ပြောင်းလဲသွားတယ်။ ကျောင်းလုံထက်တောင် ပိုပြီးကြီးလေရဲ့။

ဟမ်။

သူတို့လည်း နဂါးတွေပဲပေါ့။

ကျောင်းလုံ မှင်တက်ပြီး မတုံ့ပြန်နိုင်။ သူ နဂါးနှစ်ကောင် မြေပေါ်ဖိထားတာခံရတော့တယ်။

“ဒီနဂါးရိုင်းက ဘယ်ကလာတာလဲ၊ ရှန်းကျွင်းကိုတောင် ရိုင်းပြရဲတယ်”

“ဟမ့်၊ ဒီအမြီးမရှိတဲ့အကျိုးအပဲ့နဂါးကများ ရှန်းကျွင်းကို လက်ထပ်ဖို့ ကြီးကြီးကျယ်ကျယ်ပြောရဲတယ်၊ စိတ်ကူးယဉ်နေတာပဲ”

“အရင်ဘဝက ကုသိုလ်ကောင်းမှုတွေကြောင့် ရှန်းကျွင်းရဲ့ အခစားယောက်ျားဖြစ်လာပြီး အိပ်ရာကိုနွေးအောင်လုပ်ပေးရတာကို”

“အမှန်ပဲ၊ ရှန်းကျွင်းက နင့်လို ဘာမဟုတ်တဲ့နဂါးမျိုးစိတ်ကို ဘာလို့မျက်နှာသာပေးရမှာလဲ၊ ဒီငနဲက သူ့နေရာ‌သူ မသိဘူးပဲ၊ သူ့ကိုထုထောင်းရမယ်”

ကျောင်းလုံ ဆွဲဆောင့်ခံရပြီး မချိတင်ကဲဝေဒနာနဲ့ အူရတော့တယ်။ တစ်ခဏအတွင်း သူ့အနက်ရောင်ကြေးခွံတွေ ကောင်းကင်ထဲ ဝဲပျံသွားတယ်။

“အို့~~ သေရပါတော့မယ်၊ သေရ သေရ… ကြီးမြတ်တဲ့နတ်သမီး ကြီးမြတ်တဲ့နတ်သမီး… ကျွန်တော့်ကိုကယ်ပါဦး ကြီးမြတ်တဲ့နတ်သမီး သူတို့လည်း နဂါးတွေပဲ… ကျွန်တော့်ကိုကယ်ပါ… ကျေးဇူးပြုပြီး ကယ်ပါဦး”

ရှန်းရင် ။ ။ “…” နင်အရင်တစ်ခေါက်ကနေ သင်ခန်းစာမယူထားဘူးလား။

ရှန်းရင်က သက်ပြင်းချပြီး တစ်ဖက်လှည့်ကာ နဂါးစိမ်းနဲ့နဂါးဖြူတို့ရဲ့ အမြီးတွေကိုဆုပ်ကိုင်လိုက်တယ်။

“ကလေးမတို့၊ စိတ်ငြိမ်ငြိမ်ထား…”

သူမက သူတို့ကို ကျောင်းလုံဆီကနေ ဆွဲခွာမို့

ရှိသေး အနောက်ကနေ အေးစက်တဲ့အသံတစ်သံပေါ်လာတယ်။

“ဘာလို့ အဲလောက်ဆူညံနေရတာလဲ”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset