ERSY အခန်း ၂၁၈

အခန်း ၂၁၈ ။ အမတလောကတွင် ပြောင်းလဲမှု

“ဆိုရိုးရှိတယ်မလား၊ ပန်းတိုင်းမှာ ကမ္ဘာတစ်ခုရှိတယ်တဲ့” စာအုပ်တစ်အုပ်မှာ ကမ္ဘာတစ်ခုပါဝင်နေတာ မထူးဆန်းတာများလား။

“ပန်းတစ်ပွင့်မှာ ကမ္ဘာတစ်ခု ပါ၊ မပါမသိပေမဲ့ အနည်းဆုံးတော့ ပန်းက အသက်ရှိတယ်၊ စာအုပ်ဆိုတာ အမျှင်တွေနဲ့ မင်ရည်တွေပဲပါတာ၊ ဒါတွေက သက်ရှိကို မွေးထုတ်နိုင်မယ်ထင်လို့လား”

“အာ…” ဒါအဓိပ္ပာယ်ရှိလို့ ကူယွဲ့ ဆွံ့အသွားတယ်။

“တကယ်လို့ စာအုပ်ထဲ ကမ္ဘာတစ်ခုရှိနေရင်တောင် အဲဒါက နှစ်ဖက်မြင်ကမ္ဘာတစ်ခုပဲ ဖြစ်လောက်မှာ၊ ဘယ်လိုလုပ် နင့်လိုသုံးဖက်မြင်ကမ္ဘာကလူကို ဆွဲခေါ်နိုင်မှာလဲ” ရှန်းရင်က အသီးကို ဝါးရင်း ဆက်ပြောတယ်။

“တကယ်လို့ ငါတို့ ခြေလှမ်းတစ်သောင်းလောက် ပြန်ဆုတ်ပြီး စာအုပ်ထဲ ကမ္ဘာတစ်ခု ပါဝင်နေတယ်လို့ ဝန်ခံရင်တောင် ငါတို့က ခဲဖျက်တွေမှမဟုတ်တာ၊ ဘယ်လိုလုပ် ရေးပြီးသား ဇာတ်လမ်းကို ပြောင်းလဲနိုင်မှာလဲ”

“…” ကူယွဲ့က မှင်တက်သွားပြီး ရင်ထိတ်သွားခဲ့တယ်။

“ဒီကမ္ဘာထဲက တစ်ယောက်ယောက်က ငါတို့ကို ဒီကမ္ဘာဆီ တမင်သက်သက် ဆင့်ခေါ်ဖို့ စာအုပ်ကို ရေးခဲ့တယ်လို့ပြောတာလား၊ ဒါပေမဲ့ စာအုပ်ထဲက ဇာတ်ကြောင်းတွေက ငါကူးပြောင်းလာပြီးတဲ့နောက် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အားလုံးလေ၊ ဒါဆို ဒီစာအုပ်က…”

“ရှေ့ဖြစ်ဟောစာအုပ်” ရှန်းရင်က သူ့စကားကို အဆုံးသတ်ပေးလိုက်တယ်။

“ငါ-ိုး” တကယ်ပဲ အနာဂတ်ကို ခန့်မှန်းနိုင်တဲ့ ဂါထာတွေ ရှိတယ်ဆိုပေမဲ့ ဘာလို့ သူတို့ကို ညစ်ညမ်းဝတ္ထုပုံစံ ရေးထားတာလဲဟ။ ဒါပေမဲ့ သူ ဒီနည်းအတိုင်း စဉ်းစားကြည့်ရင် ဇာတ်ကြောင်းကို အဲလောက်အလွယ်လေး ပြောင်းနိုင်တာက အနာဂတ်ဆိုတာ မသေချာ မရေရာလို့ပဲ။

“ဒီခွေးသားက ဘယ်သူလဲ၊ မင်း ဟွေ့လင်ဆီက ဘယ်သူလဲဆိုတာ သိခွင့်ရလိုက်လား”

“ဟင့်အင်း”

ရှန်းရင်ခေါင်းယမ်းပြီး ခွေး*လေးရဲ့ ပျောက်ဆုံးသွားပုံအသေးစိတ်ကို ပြောပြလိုက်တယ်။

ကူယွဲ့ပိုပြီးတောင် မျက်မှောင်ကြုတ်မိပြီး သူတစ်ခါမှ မခံစားဖူးတဲ့ စိတ်ပူမှုပုံစံတစ်မျိုး ပြေးဝင်လာတယ်။

တခြားတစ်ယောက်ယောက် ထိန်းချုပ်တာခံနေရတယ်ဆိုတဲ့ ဒီခံစားချက်က ဆိုးဝါးပြီး ဘယ်သူလဲ မသိရတာက ပိုပြီးတောင် ဆိုးသွားစေတယ်။

“ဒါဆို ဟွေ့လင်က အဲလိုမျိုးပဲ သေသွားတာပေါ့”

“အင်း”

“ဒါဆို မင်းထင်လား ဟွေ့လင်က ဘယ်သူလဲသိမယ်လို့…”

ရှန်းရင်က တစ်ခဏစဉ်းစားနေပြီး ခေါင်းယမ်းလိုက်တယ်။

“မသိလောက်ဘူး”

ခွေး*လေးရဲ့ ကနဦးတုံ့ပြန်မှုကိုမြင်ရချိန် လိမ်နေတဲ့ပုံ မပေါ်ဘူး။ သူမ ဘာမေးနေလဲဆိုတာ တကယ်ပဲ မသိဘူး။ သူက တခြားသူတွေ ခြယ်လှယ်တာခံနေရတဲ့ စစ်တုရင်အရုပ်တစ်ခုခုသာသာပဲ။

“ဒါဆို ကြိုးကိုင်သူက ငါတို့ကို ဒီကမ္ဘာကူးပြောင်းစေပြီးတော့ ဘာလုပ်စေချင်တာလဲ”

ကူယွဲ့ သေသေချာချာစဉ်းစားကြည့်ပေမဲ့ ဆန်းကြယ်မှုက ပိုသာကြီးမားလာတယ်။

“ပြီးတော့ အဲစာအုပ်နဲ့ ပတ်သက်ပြီးတော့လေ၊ သူက သူကြိုတင်ခန့်မှန်းထားတဲ့ အဖြစ်အပျက်တွေကို ငါ့ကို ပြောပြဖို့အတွက်ရေးခဲ့တာ၊ ဘာရည်ရွယ်ချက်အတွက်လဲ”

ရှန်းရင်က မျက်မှောင်ကြုတ်ပြီး တစ်ခဏကြာမှ သုန်သုန်မှုန်မှုန်ပြန်ဖြေတယ်။

“အဲတံခါးကို ဖွင့်ဖို့အတွက်များ… ဖြစ်နိုင်မလား”

“ဘယ်တံခါး… နတ်ဆိုးဘုံဆီ သွားတဲ့တံခါး”

ကူယွဲ့က မျက်လုံးတွေ အသားကုန်ပြူးသွားပြီး စာအုပ်ရဲ့ ဇာတ်ကြောင်းကို စဉ်းစားလိုက်တယ်။ နောက်ဆုံးတိုက်ပွဲက တကယ်ပဲ နတ်ဆိုးဘုံဆီ သွားတဲ့တံခါးပဲ။ ဒါပေမဲ့ တံခါးက အပြည့်မပွင့်ခင် ယိချင်းရဲ့ ချိပ်ပိတ်ခြင်းကို ခံခဲ့ရတယ်။ အစတည်းက သူက ဇာတ်လမ်းထဲက ယိချင်းကို အားကျခဲ့တာ။ ဟုတ်တာပေါ့၊ အဲဒါက သူ စားဖိုမှူး ဖြစ်မလာခင်ကပေါ့။ ဇာတ်ကြောင်းကို သိပြီးတဲ့နောက် နတ်ဆိုးဘုံဆီတံခါးကို ချိပ်ပိတ်ဖို့ကြောင့် သူသေတွင်းတူးမှာကို တားဖို့ အတော်လေးအားထုတ်ခဲ့တယ်။ တကယ်လို့ စာအုပ်ကသာ လမ်းလွဲအောင် ကြိုးစားမှုဆို အဲဒါက တစ်ဖက်လူလိုချင်နေတဲ့ ရလဒ်ဖြစ်မှာပဲ။

“ငါတို့ကို ဝိညာဉ်ကူးပြောင်းစေခဲ့တဲ့လူက… နတ်ဆိုး‌ဘုံက ဖြစ်‌နိုင်ချေအရမ်းများတယ်လို့ ပြောနေတာလား”

“ဟုတ်တယ်” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။

“ဒါကြောင့်… သူက ဟွေ့လင်ကို မင်းကို အဆွယ်အပွားနယ်ပယ်ထဲ ပိတ်ထားဖို့ ညွှန်ကြားခဲ့တာပဲ” ရှန်းရင် အနားမှာ မရှိသရွေ့ နတ်ဆိုးဘုံက အမတလောကကို ကျူးကျော်လာမှာကို တားဆီးမဲ့သူ ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဆွယ်အပွားနယ်ပယ်က ရှန်းရင်ကို လုံးဝမချုပ်နှောင်ထားနိုင်ဘူးဆိုတာ တစ်ဖက်လူက ခန့်မှန်းမိခဲ့တဲ့ပုံ မပေါ်ဘူး။

ကူယွဲ့ ကသုတ်ကရိုက် ထရပ်ပြီး အပြင်ကိုလှမ်းကြည့်ကာ အမိန့်ပေးလိုက်တယ်။

“ယွီဟုန် မင်း လန်ဟွားကို သွားရှာချေ၊ ငါတို့ကို ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီ ခေါ်သွားပေးဖို့ အင်းကွက်အစီအရင်ပြင်ထားခိုင်းလိုက်” အဲတုန်းက ရှန်းရင်က ငမည်းလေးကို အမတလောကထဲ သူလျှိုလုပ်နေတဲ့ နတ်ဆိုးတွေအားလုံးကို ပြန်ဆင့်ခေါ်ဖို့ ၃ရက်အချိန်ပေးခဲ့တယ်။ အခု တစ်လ‌ကျော်သွားပြီဆိုတော့ တံခါးက ပျောက်သွားသင့်ပြီ။

“နတ်ဆိုးလောကဆီတံခါးက ရှိသေးလား သွားကြည့်ရ…”

သူ စကားမဆုံးခင် မြေကြီးက လှုပ်သွားပြီး အုန်းအုန်းမြည်သံကြီးက အလွန်ဝေးကွာတဲ့ နေရာတစ်နေရာဆီကနေ ထွက်လာတယ်။ မသေမျိုးချီတွေ အများကြီး သူတို့ဆီ ပြေးဝင်လာပြီး နန်းတော်တစ်ခုလုံးထဲ လေပြင်းလို ဖြတ်ပြေးသွားတယ်။

ကူယွဲ့ ရင်ထိတ်သွားပြီး ချက်ချင်း မကောင်းတဲ့ခံစားချက်ရလိုက်တယ်။ သူ ရှန်းရင်နဲ့ အကြည့်ချင်း ဖလှယ်ပြီး နန်းတော်အပြင် ပြေးထွက်ခဲ့တယ်။

‌အုန်းအုန်းမြည်သံကြီးက မရပ်ဘဲ ဝူတိဂိုဏ်းတင် မဟုတ် တခြား‌နေရာတွေပါ တုန်ယင်နေတာက ကမ္ဘာမြေကြီး အသက်ဝင်လာတဲ့အတိုင်းပဲ။ တပည့်တွေအားလုံး နန်းတော်အပြင်ဘက် စုဝေးလိုက်ကြတယ်။

“ဆရာ…” ဟင်းချက်နေတဲ့ယိချင်းပါ ပြေးထွက်လာပြီး သူ့ယောက်မကတော့ လက်ထဲရှိနေဆဲ။

သူက ရှန်းရင်ကို လှည့်ကြည့်ပြီးနောက်မှာတော့ အဝေးကို လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။

“မင်းတစ်ခုခု ခံစားရတာလား” ကူယွဲ့ ကအမြန်မေးလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယိချင်းက အရှိန်အဝါတွေနဲ့ ပတ်သက်ရင် ထိလွယ်ရှလွယ်အရှိဆုံးပဲ။

ယိချင်း သူ့ယောက်မကိုမြှောက်ပြီး အဝေးကို ညွှန်ပြလိုက်တယ်။

“မသေမျိုးချီတွေက အဲကနေ ပြေးဝင်လာကြတဲ့ပုံပဲ၊ ကြည့်ရတာ… တစ်ခုခုက သူတို့ကို မောင်းထုတ်နေတဲ့ပုံ ပေါ်တယ်၊ ဘာလဲဆိုတာတော့ မသိဘူး”

“သူတို့ကို မောင်းထုတ်နေတာလား”

“တစ်ခုခု ပြုတ်ကျလာတာပဲ” ရှန်းရင်က ရုတ်တရက် ပြောလာတယ်။

“ဘာလဲ” ကူယွဲ့ထိတ်လန့်သွားတယ်။

“ဘာကြီး…”

သူ စကားမဆုံးခင် မြူခိုးနက်တစ်ခု ပေါ်လာပြီး သူတို့ဆီ အန္တရာယ်ဖြစ်နိုင်တဲ့ အမြန်နှုန်းမျိုးနဲ့ ပျံသန်းလာကာ ရှန်းရင်ဆီ တန်းတန်းမတ်မတ်ဦးတည်တော့တယ်။

“စိတ်…”

“ဘယ်သူလဲ” ရှန်းရင်ဘေး ရပ်နေတဲ့ယိချင်းက အကျင့်အတိုင်း သူ့ယောက်မကို ဝှေ့ယမ်းလိုက်တယ်။

ချွင် ပြင်းထန်တဲ့အသံ ကြားလိုက်ရပြီး မြူခိုးနက်တစ်ခုလုံး လွင့်ထွက်ကာ ကျောက်လှေကားထစ်တွေပေါ် အရှိန်နဲ့ ပြုတ်ကျသွားလေရဲ့။

“ချီးပဲ စားဖိုမှူး ငါ့ကို ဘာလို့ရိုက်တာတုံး”

အဲအသံက…။

ကြမ်းပြင်ပေါ်‌ကနေ သူ့ဘာသာထနေတဲ့လူကို ကြည့်ပြီး ကူယွဲ့မင်သက်နေမိတယ်။

“မင်းက လန်ဟွားလား”

“အဲဒါသိသာတယ် မဟုတ်ဘူးလား သေချာပေါက်ငါပေါ့၊ ဒီမှာ တခြားဘယ်သူက သူတို့ကိုယ်ပေါ် နတ်ဆိုးချီရှိလို့လဲ”

သူ ဒေါသတကြီး ထရပ်ပြီး လက်သိုင်းကွက်တစ်ခု ထုတ်လိုက်တယ်။ ချက်ချင်းပဲ သူ့ကိုယ်ပေါ်က နတ်ဆိုးချီက ပျောက်ကွယ်သွားပြီး မူလလူအသွင်ပုံစံဆီ ပြန်‌ပြောင်းသွားခဲ့တယ်။

“ဘာလုပ်နေတာလဲ၊ နတ်ဆိုးချီတွေကို အဲလိုမျိုး လွှတ်ပြီး” ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။ အဲမြူခိုးနက်တွေထဲ မင်းဘယ်သူလဲဆိုတာ ဘယ်သူမြင်ရမှာတုံး။ အထုထောင်းခံသင့်တယ်။

“အဲဒါဘာသဘောလဲ၊ ငါလည်း လုပ်ချင်လို့မဟုတ်ဘူး၊ အဲဒါက… ဟုတ်သား” သူက အရေးကြီးတဲ့ တစ်စုံတစ်ရာကို မှတ်မိသွားပုံပေါ်ပြီး ရှန်းရင်ဘက်လှည့်ကာ လှမ်းဆုပ်ကိုင် အသေးစိတ်‌ စစ်ဆေးတော့တယ်။

“စိတ်နှလုံးကောင်း၊ မင်းအဆင်ပြေရဲ့လား၊ လက်တစ်ဖက်၊ ခြေထောက်တစ်ဖက်ဖက်များ ဆုံးရှုံးသွားသေးလား၊ ငါ့မြန်မြန်ပြော”

ရှန်းရင် ။ ။ “…”

ယိချင်း မျက်မှောင်ကြုတ်ပြီး သူ့ရဲ့ ထိန်းမနိုင်သိမ်းမရလက်ကို ယောက်မနဲ့ ရိုက်ထုတ်လိုက်တယ်။

“ဆရာက အဆင်ပြေတယ်၊ ခင်ဗျားက အဲဒါမေးတာ ဘာအကြံအစည်တွေရှိလို့တုံး”

“မင်း တကယ်အဆင်ပြေတာလား” သူက မယုံတယုံကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။

“ဒါဆို ငါဘာလို့ ရုတ်တရက် ကောင်းကင်မိစ္ဆာ ဖြစ်လာတာလဲ”

“ကောင်းကင်မိစ္ဆာ” လူတိုင်းက ထိတ်လန့်သွားကြတယ်။

“မင်းကျင့်ကြံဆင့် တက်လှမ်းသွားပြီပေါ့”

“ဟုတ်တယ်” သူခေါင်းညိတ်ပြလိုက်တယ်။

“ခုလေးတင် ငါ့ကျင့်ကြံဆင့်က ရုတ်တရက် အမြန်နှုန်းနဲ့မြင့်တက်လာပြီး ကောင်းကင်မိစ္ဆာအဆင့် ရောက်သွားတာပဲ၊ စိတ်နှလုံးကောင်း တစ်ခုခုဖြစ်တယ်ထင်လို့ ငါလာကြည့်တာ”

ယေဘုယျကျကျပြောရရင် သူ့ရဲ့ နောက်ဆုံးစိတ်နှလုံးကောင်းလက်ကျန်ကို ရှင်းထုတ်ပြီးမှ ကောင်းကင်မိစ္ဆာအဆင့်ကို တက်လှမ်းနိုင်မှာ။ ဒါပေမဲ့ သူ အနောက်တောင်မှာ တွင်းကို မုန်လာဥဖြူနဲ့ အတူ ဖြည့်နေတုန်းရှိသေး ကျင့်ကြံဆင့်က ရုတ်တရက် မြင့်တက်လာတာပဲ။

“စောနက ဘာမှမခံစားရဘူးလား” ကူယွဲ့ရင်ထဲက မကောင်းတဲ့ခံစားချက် ပိုပြီးပြင်းထန်လာတယ်။

“ဟင့်အင်း” သူက ခေါင်းယမ်းပြတယ်။

“ရုတ်တရက်ကြီး နတ်ဆိုးချီတွေ အများကြီးပေါ်လာရုံပဲ၊ ငါအကုန်လုံးတောင် မစုပ်ယူနိုင်ဘူး” သူ ပြောသလိုပဲ အမည်းရောင်ချီက ရုတ်တရက် သူ့ကိုယ်တစ်ဝိုက်မှာပေါ်လာပြီး မြူခိုးနက်‌အဖြစ် ပြန်ပြောင်းတော့မဲ့ပုံစံနဲ့။

“နတ်ဆိုးချီ…” ကူယွဲ့မျက်လုံးပြူးလာပြီး ရင်ထိတ်သွားတယ်။ သူ ရှန်းရင်ကို ပြန်လှည့်ကြည့်ပြီး တည်ကြည်စွာပြောလိုက်တယ်။

“လန်ဟွား၊ ငါတို့ကို အခု ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆီပို့ဖို့ အင်းကွက်ဖန်တီးပေးပါ”

“ဟမ်” လန်ဟွားကြည့်ရတာ အူကြောင်ကြောင်ဖြစ်နေပြီး ဘာဆိုလိုလဲဆိုတာ နားမလည်ပေမဲ့ လေကို ဖြတ်သွားဖို့ နတ်ဆိုးချီသုံးလိုက်သေးတယ်။

ကျင့်ကြံဆင့် မြင့်တက်သွားလို့ထင် အင်းကွက်ဖန်တီးတဲ့ကြာချိန်ကလည်း မြန်ဆန်လာတယ်။ မကြာခင်ပဲ အက်ကွဲကြောင်းတစ်ခု သူတို့ရှေ့ပေါ်လာတယ်။

“သွား” ကူယွဲ့ ချက်ချင်း ပြေးဝင်ပြီး သုံးယောက်သားလည်း ‌အမြန် နောက်ကလိုက်လာကြတယ်။

ချက်ချင်းပဲ မျက်စိရှေ့ကမြင်ကွင်းက ပြောင်းလဲပြီး နောက်တစ်နေရာ ရောက်သွားပြီ။ သူတို့ အက်ကွဲကြောင်းထဲက ထွက်ထွက်ချင်း လေးယောက်သား ဝူတိဂိုဏ်းမှာကြုံခဲ့ရသလိုမျိုးပဲ ရင်းနှီးနေတဲ့တုန်ခါမှုကို ခံစားလိုက်ရတယ်။

ဒါပေမဲ့ ဒါက အများကြီးပိုအားပြင်းထန်ပြီး နောက်အခိုက်အတန့်မှာတင် သူတို့မျက်စိရှေ့က မြင်ကွင်းကြောင့် အံ့ဩမင်သက်သွားခဲ့တယ်။

အရင်က မသေမျိုးချီအပြည့် ဖြစ်နေခဲ့တဲ့ကောင်းကင်က ခုတော့ မသေမျိုးချီ ကင်းမဲ့လုနီးပါးဖြစ်နေပြီ။

ဧကရာဇ်တက်လှမ်းမှုစင်မြင့်နောက်က နေရာလွတ်က ခုတော့ ကွင်းပြင်တစ်ခုလုံး မည်းနက်နေတယ်။ ကောင်းကင်က ထက်ခြမ်းပိုင်းခံထားရသလိုမျိုး တစ်ဝက်က လုံးဝမည်းမှောင် တစ်ဝက်က လုံးဝဖြူဖွေးနေတယ်။

သူတို့ မည်းမှောင်နေတဲ့ကွင်းပြင်ထဲ ထူးဆန်းတဲ့ကျောက်တုံးတွေ၊ ချော်ရည်တွေစီးနေတာကို ခပ်ရေးရေး မြင်နေရတယ်။ အားလုံးကို မြူခိုးမည်းကြီးနဲ့ဝိုင်းထားတာပဲ။

အဲနေရာက ရင်းနှီးနေတဲ့ပုံပေါ်တာမို့ ရှန်းရင်မျက်လုံးမှေးလိုက်မိတယ်။ အဲနေရာက…။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset