ERSY အခန်း ၂၀၈

အခန်း ၂၀၈ ။ ဧကရာဇ်တက်လှမ်းမှုအင်းကွက်

လန်ဟွားက မုန်လာဥဖြူက တောင်အနောက်ဘက်မှာ အချိန်ဖြုန်းတာအများဆုံးလို့ ပြောတယ်။ သူ့အရှိန်အဝါကို အဲမှာ အာရုံခံမိနိုင်သေးတယ်။ အဲဒါကြောင့် အင်းကွက်ကိုအဲနေရာမှာ ချဖို့ အသင့်တော်ဆုံးပဲ။ ယွီဟုန်က သူ့ညွှန်ကြားချက်တွေနောက်လိုင်ပြီး မုန်လာဥဖြူရဲ့ ဒုဓလီပန်းကို သူအမြဲလဲလျောင်းတဲ့တွင်းထဲ ချလိုက်တယ်။ လန်ဟွားက တောင်အနောက်ဘက်ထိပ်မှာ ‌တင်ပုလ္လင်ခွေထိုင်ပြီး လက်နဲ့ဂါထာအမျိုးမျိုး ဖန်တီးနေတယ်။ အချိန်တိုအတွင်း နတ်ဆိုးချီပမာဏအများကြီးက တောင်အနောက်ဘက်တစ်ခုလုံးကို ပြည့်သွားခဲ့တယ်။ အမည်းရောင်အမျှင်တန်းတွေက အမည်းအင်းကွက်အစီအရင်ကြီးအဖြစ် ငွေ့ရည်ဖွဲ့သွားခဲ့တယ်။

သူတို့တွေ ပတ်ပတ်လည်ကအရာရာ မှောင်သထက်မှောင်လာတာကို ကြည့်နေရတယ်။ စောနက ဝိညာဉ်ချီအပြည့်ဒုဓလီပန်းကခုတော့ အလင်းရောင်မှိန်မှိန်အောက် အနည်းငယ်ညှိုးခြောက်နေပြီ။ ကွင်းထဲက တခြားအမတဆေးပင်တွေလည်း လေထုထဲနတ်ဆိုးချီတွေပြည့်လာလို့ နုံးချည့်သွားတဲ့ပုံ စတင်ပေါ်ပေါက်လာတယ်။

ဒါပေမဲ့ မုန်လာဥဖြူဘက်ကနေ တွင်းထဲ လှုပ်ရှားမှုမရှိသေးဘူး။ ကြည့်ရတာ အချိန်တိုအတွင်း တစ်ယောက်ယောက် ပေါ်လာမဲ့ပုံစံတောင် မပေါ်။ တစ်ဖက်မှာတော့ လန်ဟွားက ချွေးတွေထွက်လာပြီ။ သူ့နဖူးမှာ ချွေးစက်တွေသီးလာပြီး လေထဲက နတ်ဆိုးချီက ပိုပြီးအားနည်းလာတဲ့ပုံ။

“ဒီက မသေမျိုးချီက ပြင်းလွန်းတယ်” ပြောင်ထင်က တစ်ခုခုကို အာရုံခံမိသွားဟန်နဲ့ ရုတ်တရက် ပြောလာတယ်။

“နတ်ဆိုးချီက ဖိနှိပ်ခံနေရတာ၊ ကျွန်တော်သူ့ကို ကူလိုက်ဦးမယ်”

သူဂါထာတစ်ခုရွတ်လိုက်တော့ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာတယ်။ အနောက်တောင်ဘက်က အမတဆေးပင်တွေကြား ခပ်ဖျော့ဖျော့ ရွှေရောင်သွေးကြောတစ်ခုရှိနေတာ။ ဒါကလန်ဟွားရဲ့ နတ်ဆိုးချီတွေကို ဘေးတွန်းပို့နေတာပဲ။ ပြောင်ထင် နောက်ထပ်ဂါထာတစ်ခု အမြန်ရွတ်ပြီး ရှည်လျားတဲ့ လေးထောင့်ကျောက်စိမ်းသေတ္ထာကိုထုတ်လိုက်တယ်။ သူအမြန် သူဖန်တီးထားတဲ့ ဂါထာကို ပြန်ရုတ်သိမ်းလိုက်တော့ ရွှေရောင်အလင်းတန်းက ရွှေမှုန်လေးတွေအဖြစ်ပြောင်းသွားပြီး သေတ္တာထဲတန်းတန်းမတ်မတ်ပျံသန်းသွားခဲ့တယ်။

“ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော်ဒီမြေပေါ်က အမတသွေးကြောကို ယာယီချိပ်ပိတ်ပြီးပါပြီ” ပြောင်ထင်က ရှန်းရင်ဆီ သေတ္တာကမ်းပေးတယ်။

“ဖိနှိပ်နေတဲ့အမတသွေးကြောမရှိရင် အဇဋာဧကရာဇ် သူ့အင်းကွက်ကို မြန်မြန်ချနိုင်ပြီ”

ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။

“ကြိုးစားပေးလို့ ကျေးဇူးပါ” သူမ သေတ္တာကိုယူပြီး ယွီဟုန့်ဆီကမ်းပေးကာ အနောက်တောင်ဘက်က ကျွန်းဆီ လှည့်လိုက်တယ်။ တကယ်ပဲ ပြောင်ထင် သွေးကြောကို သိမ်းပြီးတဲ့နောက် နတ်ဆိုးချီက ပိုပြီးကြွယ်ဝလာတယ်။ အမတဆေးပင်တွေအားလုံး အခု မြေပြင်ပေါ် ပြိုလဲနေပြီး ညှိုးနွမ်းသွားဟန်။

နှလုံးထောင်ချောက်အင်းကွက်က ပြီးလုနီးပါး။ အင်းကွက်က တစ်ခုလုံးအပြည့်ဖြစ်တော့မယ်။ ဘာနဲ့တူလဲဆိုရင် ထူထဲတဲ့ပင့်ကူအိမ်ကြီးက တောင်အနောက်ဘက်ကို လွှမ်းခြုံထားသလိုပဲ။ မုန်လာဥဖြူကျွင်းကလည်း တဖြည်းဖြည်း အနီရောင်တောက်ပလာပြီး ကြည့်ရတာ တစ်စုံတစ်ရာအဖြစ် ဖွဲ့စည်းတော့မဲ့ပုံပဲ။

သူတို့တွေအောင်မြင်တော့မယ်

————

တစ်ချိန်တည်းမှာပဲ။

ကူယွဲ့က အင်းကွက်ထဲထိုင်ရင်း မျက်နှာက မကြည်မလင်။

“မုန်လာဥဖြူ၊ မင်း တစ်ခုခုတွေ့လား”

“ဟင့်အင်း” မုန်လာဥဖြူ သူ့သစ်ရွက်ရှည်တွေကို ပြန်ဆုတ်ပြီး ခေါင်းယမ်းလိုက်တယ်။

“သစ်ရွက်တွေက ဒီနေရာကနေ ထွက်လို့မရဘူး၊ တစ်ခုခုကို ထိမိတာနဲ့ ပြန်ကန်ထွက်လာတယ်”

ကူယွဲ့ရဲ့ အမူအရာက ပိုပြီးရုပ်ဆိုးလာတယ်။ သူတို့ အင်းကွက်ထဲပိတ်မိနေတာ ရက်ပိုင်းရှိနေပြီ။ သူ့ကိုယ်ထဲက အမတစွမ်းအင်တွေအားလုံး ဖိနှိပ်ခံထားရတယ်။ သူ လှုပ်တောင်လှုပ်မရဘူး။ ပိုဆိုးတာက သူ့ခြေထောက်အောက်က အင်းကွက်က အရမ်းကိုထူးဆန်းတာ။ သူ တစ်ခါမှမမြင်ဖူးဘူး။ ကြည့်ရတာ အရပ်မျက်နှာအားလုံးဆီ မိုင်တွေအများကြီးဆန့်ထွက်နိုင်ပုံပေါ်ပေမဲ့ မြင်နေရတာကတော့ အချင်းနှစ်ပေထက် မပိုဘူး။ အခြားအရာအားလုံးက မြူခိုးဖြူတွေနဲ့ဖုံးနေတယ်။

အဲဒါကြောင့် သူတို့ဘယ်နေရာမှာ ချောင်ပိတ်နေလဲဆိုတာ မပြောနိုင်တာ။ သူ့ခြေထောက်ပေါ်က ဖြန့်ကျက်နိုင်တဲ့ မုန်လာဥဖြူတောင် ကန့်သတ်ခံထားရတယ်။ သစ်ရွက်နှစ်ရွက်ပဲ လှုပ်နိုင်တာ။ အစကတော့ အင်းကွက်ထဲက ထွက်နိုင်အောင် မုန်လာဥဖြူရဲ့သစ်ရွက်တွေကို သုံးချင်ပေမဲ့ အခုတော့ မုန်လာဥဖြူရဲ့ သစ်ရွက်တွေကတောင် လုံလုံလောက်လောက် မဆန့်ထွက်နိုင်ဘူး။

“မမလေးက သေချာပေါက် လာပြီး မုန်လာဥဖြူကို ကယ်မှာပါ”

မုန်လာဥဖြူက ကူယွဲ့ကို အခိုင်အမာပြောလိုက်တယ်။ သူတို့ဖမ်းခံရတဲ့ပုံစံကိုထောက်ရင် ရှန်းရင် သူတို့ဘယ်မှာရှိလဲဆိုတာကို သဲလွန်စတွေရှာဖို့ အရမ်းခက်မယ်လို့ ခန့်မှန်းမိတယ်။ သူ ရှန်းရင်ကို ဘယ်လိုသတင်းစကားပို့ရမလဲ စဉ်းစားနေတုန်းရှိသေး မျက်စိကျိန်းစရာ အလင်းတန်းကြီးက သူတို့အောက်က အင်းကွက်ကနေ ထွက်လာတယ်။ မြူခိုးဖြူတွေတောင် လွင့်စင်စပြုလာပြီ။ သူတို့အနားမှာ ပုံသဏ္ဌာန်တစ်ခုကိုတွေ့လိုက်ရတယ်။

“မုန်လာဥဖြူ မြန်မြန်ပုန်း” ကူယွဲ့ လှမ်းပြောပြီး သူ့ညာဘက်ကလူကိုအာရုံစိုက်လိုက်တယ်။

သူ့ဘေးမှာတော့ လူပုံရိပ်က တဖြည်းဖြည်း ရှင်းလင်းသထက် ရှင်းလင်းလာတယ်။ တစ်အောင့်နေတော့ အဲလူက ဝတ်ရုံပြာဝတ်ထားတာမြင်လိုက်ရပြီး အင်မတန်ရင်းနှီးနေတယ်။

“ရွှင်ရှူးလား” ဘယ်လိုလုပ်သူဖြစ်နေတာလဲ

ကူယွဲ့ အော်သံကြားတော့ အဲလူကထခုန်တယ်။

“ကူယွဲ့ မင်း ဒီမှာဘာလုပ်နေတာလဲ”

ကူယွဲ့စရှင်းပြရုံရှိသေး ဘယ်ဘက်ကနေ ရင်းနှီးနေတဲ့ အသံတစ်သံထွက်လာတယ်။

“ကူယွဲ့လား၊ ဒါဧကရာဇ်ငယ်ကူယွဲ့ပဲ”

သူ လှည့်လိုက်တော့ မျက်လုံးပြူးသွားတယ်။

“ငှက် အာ ဖွီ… အဇဋာဧကရာဇ်ဝူဟုန်ပါ ဘာလို့ဒီရောက်နေတာတုံး”

“ကျုပ်လည်းမသိဘူး” သူက ခေါင်းယမ်းတယ်။

“ကျုပ်မျက်စိဖွင့်ချိန် ဒီနေရာရောက်နေတာမြင်လိုက်ရတာပဲ၊ တခြားသူတွေရှိဦးမယ်ထင်တယ်”

ကူယွဲ့ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တယ်။ တကယ်ပဲ သူ့ရှေ့က မလှမ်းမကမ်းမှာ လူတချို့ ထပ်ရှိနေပြီ။ မြူခိုးတွေလုံးဝပျောက်သွားမှပဲ သူအားလုံးကို သေချာမှတ်မိတော့တယ်။

ပြောစရာမလိုအောင် ချန်ကောရှိနေတယ်။ တခြားလေးယောက်လည်း ရှိနေပြီး အားလုံးက အဇဋာဧကရာဇ်တွေ။ လန်ယွီ၊ ယင်းကျီ၊ ကျီကျယ်နဲ့ ချူရွှမ်တောင်ပါသေး။ အဇဋာဧကရာဇ်ဆယ်ပါးထဲ ခြောက်ယောက်ဒီရောက်နေတာပဲ။ သူတို့က သူ့လိုမျိုး တစ်ယောက်ချင်းစီအောက်မှာ အင်းကွက်တွေ ရှိနေတယ်။ အားလုံးက နေရာအသီးသီးမှာပိတ်နေပြီး စက််ဝိုင်းပုံစံလေးတွေ။ အင်းကွက်တွေက တစ်ခုနဲ့တစ်ခု ဆက်သွားပြီး သူတစ်ခါမှ မမြင်ဖူးတဲ့ အင်းကွက်ကြီးဖြစ်နေတယ်။

“ညီကိုကူယွဲ့ မင်းလည်းဒီမှာကိုး” ချူရွှမ့်မျက်လုံးတွေ ကူယွဲ့ကိုမြင်ချိန် တောက်ပသွားတယ်။ သူက ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ကာ မေးတယ်။

“ကြီးမြတ်တဲ့နတ်ဒေဝါရောဘယ်မှာလဲ၊ ဒီမှာရှိနေလား” ကျီကျယ်၊ ဝူဟုန်နဲ့ ရွှင်ရှူးတို့လည်း ဟိုဟိုဒီဒီ ရှာကြတယ်။

“သူ မရှိဘူး” ကူယွဲ့ ခေါင်းယမ်းပြလိုက်တယ်။

“ငါရုတ်တရက်ကြီး ဒီကိုပို့ဆောင်ခံလိုက်ရတာပဲ၊ သူက အချိန်မီမတားလိုက်နိုင်သလို ငါဘယ်မှာရှိလဲတောင် မသိဘူး” သူ ပတ်ဝန်းကျင်ကို စူးစမ်းဖို့ ထရပ်ဖို့ကြိုးစားလိုက်တယ်။

“ဒါကဧကရာဇ်တက်လှမ်းမှုစင်မြင့်ပဲ” ချန်ကောက ရုတ်တရက်ပြောလာတယ်။ သူ့မျက်လုံးထဲ သွေးပျက်မှုတွေနဲ့။

သူတို့ ရပ်သွားပြီး သူ့ကိုကြည့်ကာ တစ်ယောက်ပြီးတစ်ယောက် ပတ်ဝန်းကျင်ကိုလေ့လာတော့တယ်။

“ဒါတကယ် ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပဲ” ကျီကျယ် အံ့ဩသွားတယ်။

“ဘယ်သူက ဒီလိုနေရာမှာ အင်းကွက်ထောင်ထားတာလဲ”

“အဇဋာဧကရာဇ်ချူရွှမ် မင်းက အင်းကွက်ထဲ အကျွမ်းကျင်ဆုံးပဲ၊ ဒီအင်းကွက်က ဘာလဲဆိုတာ ပြောနိုင်လား” ချန်ကောမေးလိုက်တယ်။

“ငါလည်းမသေချာဘူး” ချူရွှမ်ခေါင်းယမ်းလိုက်တယ်။

“ဘဝမှာ အဲလိုအင်းကွက်မျိုး တစ်ခါမှမမြင်ဖူးဘူး၊ ပြီးတော့… ဒီအင်းကွက်က ငါတို့ကို ပိတ်ဖို့သက်သက်လို့ မထင်ဘူး၊ ငါတို့ကိုဒီမှာ ထောင်ချောက်ဆင်ထားသူက သူ့အစီအစဉ်တွေထဲက တစ်ခုပဲရှိဦးမှာ၊ ဘာလုပ်မှာလဲမသိဘူး”

“သူဘာလုပ်တာ ဂရုစိုက်ရမှာလဲ” ဝူဟုန်က ပေါက်ကွဲတော့တယ်။

“ဒီအင်းကွက်က ငါ့ကိုဒီမှာပိတ်ထားတာ ရက်ပိုင်းရှိနေပြီ၊ ဒီအင်းကွက်ကို ဘယ်လိုဖောက်ထွက်ရမလဲဆိုတာ မင်းတို့ထဲ သိတဲ့သူရှိလား”

အားလုံးတိတ်ဆိတ်ကုန်တယ်။

“မင်းတို့ထဲက ဘယ်သူမှအစီအစဉ်မရှိဘူးလား” ဝူဟုန်ရဲ့ အမူအရာက မည်းမှောင်သွားတယ်။

“ဒါဘယ်လိုအင်းကွက်လဲ၊ ဘာလို့အဲလောက်တောင် သောက်ကျိုးနည်း အစွမ်းပြင်းရတာလဲ”

“ဒါက အင်းကွက် မဟုတ်ဘူးလေ” အသံတစ်သံက သူတို့ပေါ်ကနေ အေးစက်စက်ပြောလာတယ်။

နောက်အခိုက်အတန့်မှာတော့ လူတချို့က ဧကရာဇ်တက်လှမ်းမှုစင်မြင့်အလယ်ဆီ ဆင်းသက်လာတယ်။ ယောက်ျားနှစ်ယောက်နဲ့ မိန်းမတစ်ယောက်။ အဖွဲ့ရှေ့တည့်တည့်မှာတော့ အဖြူရောင်မုတ်‌ဆိတ်မွှေးရှည်ကြီးနဲ့ အမတတစ်ယောက်။ သူ့ကိုယ်ထဲက မသေမျိုးချီက သူတို့အားလုံးပေါင်းထက်တောင် ပိုကြွယ်ဝနေတယ်။ သူ့ကြည့်ရတာ အရမ်းကိုကြီးမြတ်ပြီး ဖြောင့််မတ်တဲ့ပုံ။ သူ့ကြည့်ရတာ ကူယွဲ့ တီဗွီမှာ အမြဲကြည့်နေကျ အဲဒီမြင့်မြတ်ပြီး ဟိတ်ဟန်ကြီးတဲ့ ကောင်းကင်မျိုးနွယ်ဝင်တွေအတိုင်းပဲ။

“အဇဋာဧကရာဇ်ကျီချန်” လူတိုင်း အံ့ဩသွားကြတယ်။

“ဘယ်သူ” ကူယွဲ့ တန့်သွတယ်။

“သူက ပေါ်ပင်လယ်က အဇဋာဧကရာဇ်လေ၊ အဇဋာဧကရာဇ်ကျီချန်ပေါ့” ရွှင်ရှူးက ခပ်တိုးတိုးရှင်းပြလာတယ်။

ကူယွဲ့ ရုတ်တရက်နားလည်သွားပြီ။ အဲတော့ သူကိုး။ သူ ကျီချန့်နောက်ကလူတွေကို သေချာကြည့်လိုက်တယ်။ သူတို့ ပေါ်ပင်လယ်ကို သွားချင်တဲ့အချိန် ချန်ကောကို ဘာထူးခြားဖြစ်စဉ်မှ မတွေ့ဘူးလို့ အသိပေးခဲ့တာ မထူးဆန်းတော့ဘူး။ သူတို့တွေက တစ်ကြိတ်တည်းတစ်ဉာဏ်တည်းတွေပဲ သူ့နောက်ကလူနှစ်ယောက်ကတော့ ရှန်းဟန်နဲ့ ဟွေ့လင်။

“ဆရာ” ဟွေ့လင်က လှမ်းအော်တယ်။

“လင်အာလား” ချန်ကောလား သိသိသာသာထိတ်လန့်သွားတယ်။

“မင်း ဒီမှာဘာလုပ်နေတာလဲ”

ဟွေ့လင်က ချန်ကောဆီလျှောက်လာပေမဲ့ ရှင်းဟန်က ပြန်ဆွဲထားတယ်။

“ရွှမ်အာ မင်းကိုကိုယ်စောနက ပြောထားတာ မေ့သွားပြီပေါ့”

“ဒါပေမဲ့… ဒါပေမဲ့…” ဟွေ့လင်က ချန်ကောကို ကြည့်ပြီး စိတ်ဝေခွဲမရဖြ

စ်နေတာ အသိသာကြီး။ အလိုလေး၊ သူမမှာ တခြားရွေးချယ်စရာမှမရှိပဲ။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset