ERSY အခန်း ၂၀၆

အခန်း ၂၀၆ ။ မိန်းကလေးကိုခိုးယူခြင်း

တိမ်ပင်လယ်ထိပ်။

“ဟေး၊ အဲသွားတဲ့ အမတရောင်းရင်း… အဆင်ပြေပါ့မလား” ယင်းကျီမျက်နှာက စိုးရိမ်နေဟန်။ အဲအမျိုးသမီးရှန်းက မြေအမတပဲ ရှိသေးတဲ့ပုံ ပေါ်ပေမဲ့ ဘာကြောင့်မှန်းမသိ ဒီလူတွေအားလုံးက သူ့ကိုဖန်သားနန်းတော်‌ဆီပို့ဖို့ ယုံကြည်ချက်အပြည့်ပဲ။ ယင်းကျီက တိမ်သားရဲအကြောင်း အသိဆုံးမို့ တစ်ခုခုများ အဲမှာလွဲချော်သွားမလားကို စိုးရိမ်နေမိတယ်။

“မစိုးရိမ်ပါနဲ့ အဇဋာဧကရာဇ်၊ ရှန်းရင်က ဘာလုပ်ရမလဲသိပါတယ်” ကူယွဲ့က တုံ့ပြန်ပြီး တစ်ခဏစဉ်းစားကာ ထပ်ဖြည့်ပြောလိုက်တယ်။

“ထင်တာပဲ” သူပြဿနာမရှာဘူးပဲ မျှော်လင့်တာ။

“…” ထင်တာပဲဆိုတာ ဘာအဓိပ္ပာယ်လဲ။ အခု ယင်းကျီ အရင်ကထက်တောင် ပိုစိုးရိမ်သွားပြီ။

“ပင်လယ်ပေါ်ကဝဲဂယက်ကြီးပျောက်သွားပြီ” တစ်ယောက်က အော်လာတယ်။

သူတို့အားလုံးက တန့်သွားပြီး လှည့်ကြည့်လိုက်ကြတယ်။

တကယ်ပဲ သူတို့နဲ့မီတာအနည်းငယ်အကွာက ရွှေရောင်အင်းကွက်နဲ့ကာကွယ်ထားတဲ့ ဝဲဂယက်က ပျောက်ဆုံးသွားခဲ့ပြီ။ အဲအစား တည်ငြိမ်မှုပဲ ရှိနေတယ်။ လှိုင်းတွေတောင် ရပ်သွားခဲ့ပြီ။

အခု ဝဲဂယက်ပျောက်သွားတော့ တိမ်သားရဲကြောင့် ပွင့်သွားခဲ့တဲ့အပေါက်လည်း ပိတ်သွားလောက်ပြီ။ ယင်းကျီဝမ်းမြောက်သွားတယ်။ တကယ်ပဲ အမတတစ်ယောက်က ခဏနေတော့ တိမ်ပင်လယ် ယိုမနေတော့ဘူးဆိုတာ လာတင်ပြလာတယ်။ ယင်းကျီ စိတ်သက်သာရကာ သက်ပြင်းချလိုက်တယ်။ ကြည့်ရတာ တိမ်သားရဲကို နားချပြီးတဲ့ပုံပဲ။

သူတို့တွေ ခဏထပ်စောင့်ပြီးတဲ့နောက် ပူဖောင်းကြီးတစ်ခု ပင်လယ်ကြမ်းပြင်ကနေ မြင့်တက်လာတာကို မြင်လိုက်ရတယ်။ အဲဒါက ပင်လယ်ကိုဖြတ်ပြီး လူအုပ်ကြီးဆီ ပျံသန်းလာတယ်။ ပူဖောင်းထဲမှာတော့ လူနှစ်ယောက် – အရပ်ရှည်ရှည်နဲ့အရပ်ပုပု။ အရပ်ရှည်တဲ့သူက ရှန်းရင်ဆိုပေမဲ့ သူမဘေးကလူက ကလေးတစ်ယောက်လိုပဲ။ ‌တိမ်သားရဲဖြစ်ရမယ်။

“ယင်းကျီ…” သူတို့ဆီ မရောက်ခင် တိမ်သားရဲက ရုတ်တရက် ပူဖောင်းထဲကနေ ပြေးထွက်လာပြီး ယင်းကျီရင်ခွင်ထဲ ပြေးဝင်တယ်။ သူက ကလေးလို အသည်းအသန် စငိုကြွေးတော့တယ်။

“ဝါး ငါမင်းကို ဘယ်တော့မှထပ်ပြီး မမုန်းတီးတော့ပါဘူး တိမ်ပင်လယ်က ထွက်သွားမယ်လို့လည်း ဘယ်တော့မှ မခြိမ်းခြောက်တော့ပါဘူး” အဲကအစ်မကြီးက အရမ်းကြောက်ဖို့ကောင်းတယ်။

ယင်းကျီက ရုတ်တရက် လုံးဝအပြုအမူပြောင်းလဲသွားတဲ့ တိမ်သားရဲကို အူကြောင်ကြောင် စိုက်ကြည့်နေမိတယ်။ သူက ယင်းကျီရဲ့ လိင်အစစ်အမှန်ကို မသိခင်တုန်းကထက်တောင် ပိုပြီးကြင်နာနေတယ်။ ယင်းကျီ ဘယ်လိုတုံ့ပြန်ရမလဲတောင် မသိတော့ဘူး။ သူက အနေရခက်ခက်နဲ့ တိမ်သားရဲကို ပုတ်ပေးလိုက်ပြီး သက်ပြင်းချလိုက်တယ်။

“မင်းနားလည်သွားတာ ကောင်းပါတယ်”

“မင်းဘယ်လိုလုပ်ခဲ့တာလဲ” ကူယွဲ့ ယိချင်းဓားပေါ်ရပ်နေတဲ့ ရှန်းရင်ကို တီးတိုးမေးလိုက်တယ်။ တိမ်သားရဲက ယင်းကျီကို အရင်က ဘယ်လောက်မုန်းတီးလဲဆိုတာ လူတိုင်းကြားခဲ့ပြီးသား။ ငါးမိနစ်အကြာမှာတင် သူမက သူတို့ပြန်သင့်မြတ်အောင် ဘယ်လိုလုပ်နိုင်ခဲ့တာလဲ။ ဖျောင်းဖျတဲ့အတတ်မှာ အဲလောက်တောင် တော်တာလား။

“ငါဘာမှမလုပ်ခဲ့ပါဘူး၊ အသိစိတ်ဝင်လာအောင် စကားပြောခဲ့ရုံပါ” ရှန်းရင်က တည်တည်ငြိမ်ငြိမ် ဖြေလာတယ်။

“အော်” ကူယွဲ့ ခေါင်းညိတ်ပြပြီးနောက်မှ ထခုန်မိသွားတယ်။

ခဏနပေါဦး

ရှန်းရင်ရဲ့ အကျိုးသင့်အကြောင်းသင့် နည်းလမ်းတွေ ဆိုတာက…။

သူလှည့်ပြီး နှုတ်ခမ်းကို ဖိမိလိုက်တယ်။ တိမ်သားရဲမျက်နှာက တကယ်ကို ယောင်ကိုင်းနေဆဲပဲ။ အဲ‌ငကြောင်ပဲ တာဝန်ရှိတာနေမှာ။

“ကျေးဇူးတင်ပါတယ် အမတရောင်းရင်းတို့၊ နင်တို့က ငါ့တိမ်ပင်လယ်ကို အန္တရာယ်ကြီးတစ်ခုကနေ ရှောင်ကွင်းနိုင်အောင် ကူညီပေးခဲ့တာပဲ” ယင်းကျီက သူတို့ကို လေးလေးနက်နက်ကျေးဇူးတင်ပြီး ရှန်းရင်ကို ကျေးဇူးတင်စွာနဲ့ ကြည့်လာတယ်။

“နင့်အတွက် ခက်ခဲခဲ့မှာပဲ အမတရောင်းရင်း၊ တကယ်လို့ အနာဂတ်မှာ တိမ်ပင်လယ်ဆီက အကူအညီလိုရင် ယင်းကျီက တတ်နိုင်တာ ဘာမဆို သေချာပေါက်ကူညီပါ့မယ်”

“ရပါတယ်၊ လူတိုင်းရဲ့အိမ်မှာ စည်းကမ်းထိန်းသိမ်းဖို့လိုတဲ့ ကလေးတွေ ရှိကြတာပဲ”

ယင်းကျီရင်ခွင်ထဲက ကလေးက တုန်ယင်သွားပြီး ယင်းကျီရင်ခွင်ထဲ ပိုပြီးခေါင်းတိုးဝင်သွားတယ်။ သူက ရှန်းရင်ကို ပြန်တောင် လှည့်မကြည့်ရဲ။

“အဲလိုဆိုမှတော့ ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး” ကူယွဲ့ကြေညာလိုက်တယ်။ သူရှေ့ကိုတက်ပြီး လက်သီးနှစ်ဖက် ဆုပ်နှုတ်ဆက်လိုက်တယ်။ ယင်းကျီ တစ်ခုခုလွဲနေတယ်ဆိုတာ နားမလည်ခင် သူအခွင့်အရေးယူပြီး ထွက်ပြေးတော့မယ်။

“မိတ်ဆွေတို့… ဒီလောက်အစောကြီးပြန်တော့မှာလား” ယင်းကျီက လန်ဟွားကို တမ်းတမ်းတတ ကြည့်နေတယ်။ သူ့ကို မပြန်စေချင်တာ အသိသာကြီးပဲ။

လန်ဟွားက ကြက်သီးထသွားတယ်။ သူ့လက်ပေါ်က ကြက်သီးတွေကို ပွတ်လိုက်ပြီး မုန်လာဥဖြူကို ကူယွဲ့လက်ထဲထိုးထည့်လိုက်တယ်။

“မြန်မြန်သွားကြရအောင်၊ ရှင်းဟန်ကို ရှာချင်နေတာမဟုတ်လား”

လန်ဟွားက တစ်ဖက်လှည့်ပြီး ပျံထွက်လာတော့တယ်။

“အာ့ဟွား…” ယင်းကျီက သူ့ကိုတားဖို့ကြိုးစားပေမဲ့ တိမ်သားရဲတားတာခံလိုက်ရပြီး အလျင်လည်း မမှီခဲ့ဘူး။

သူတို့တွေ လန်ဟွားနောက်ကနေ ကပ်ပျံလိုက်ခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်တံခါးတွေကနေ ပျံထွက်လာခဲ့တော့တယ်။

“ငါတို့ခုဘယ်သွားမှာလဲ” လန်ဟွားမေးလိုက်တယ်။

“ဟင်းလင်းပြင်နယ်မြေထဲက ပေါ်ပင်လယ်ဆီ”

ကူယွဲ့ဖြေလိုက်တယ်။

“အဇဋာဧကရာဇ်လန်ဟွား၊ ပေါ်ပင်လယ်က အဇဋာဧကရာဇ်ကနေရာကို စစ်ဆေးပြီးပြီလို့ ပြောပေမဲ့ ပေါ်ပင်လယ်က ဒီနေရာနဲ့ သိပ်မဝေးဘူးလေ၊ အဲသွားပြီးတစ်ချက်ကြည့်တာ သိပ်အလုပ်မရှုပ်ပါဘူး”

ချန်ကောက ရှင်းပြလာတယ်။

“ငါသိပါတယ်၊ ဒါပေမဲ့…” လန်ဟွားက နှုတ်ခမ်းစေ့ပြီး လန်ယွီ့ဘက်လှည့်လိုက်တယ်။

“မင်းက ဘာလို့ ငါ‌တို့နောက် လိုက်နေတာလဲ၊ ဒီကိစ္စတွေက မင်းနဲ့တောင်ဆိုင်လို့လား”

“ငါဘယ်သွားသွား မင်းနဲ့ဘာလို့ဆိုင်မှာလဲ” လန်ယွီက ပြန်ရန်တွေ့ပြီး လန်ဟွားကို ဒေါသတကြီး စိုက်ကြည့်တယ်။

“ဟမ့်၊ ငါတို့ကြားကစာရင်းတွေကို နောက်ကျရှင်းကြမယ် မင်းကိုအလွတ်ပေးမယ်မထင်နဲ့” လန်ယွီက လှည့်ပြီး ရှန်းရင်ကို စိုက်ကြည့်တော့တယ်။ အခု သူ့အကြည့်က ပိုနူးညံ့သွားပြီး မြတ်နိုးမှုတွေနဲ့။ သူက အားပါးတရပြုံးကာ ပြောတော့တယ်။

“မိန်းကလေးရှန်း၊ ဟင်းလင်းပြင်နယ်မြေဆီသွားတဲ့လမ်းက အင်မတန်အန္တရာယ်များတာ၊ လန်ယွီ့ကို မင်းနောက်လိုက်ပြီး စောင့်ရှောက်ခွင့်ပေးရင့ရော”

“အာ…” ရှန်းရင်တန့်သွားတယ်။ ငါနင့်ကို ရင်းနှီးလို့လား။

“မစိုးရိမ်ပါနဲ့ – ကျုပ်က အဇဋာဧကရာဇ်ဖြစ်ပြီး အဆောင်ကျွမ်းကျင်သူပါ၊ ဓမ္မအဆောင်တွေရဲ့ သိသင့်သိထိုက်တာမှန်သမျှ အားလုံးသိတယ်၊ အဆောင်အမျိုးမျိုးလည်း ရှိတာမို့ ဘာလိုချင်လဲသာ ပြောလိုက်ပါ” သူကရှေ့တက်လာပြီး အိတ်ထဲကနေ အဆောင်စာရင်းရှည်ကြီး ဆွဲထုတ်လာတယ်။ စာရင်းက အဘိဓာန်နီးပါးထူလေရဲ့။ လန်ယွီက ရှန်းရင်လက်ထဲ ထိုးထည့်ပေးလာတော့တယ်။

အားလုံး ။ ။ “…”

အဲဒါပြောဦးမှ… သူတို့ရဲ့ မိသားစုပိုင်ဥစ္စာတွေကို ပေးကမ်းပစ်တာ လန်မိသားစုရဲ့ရိုးရာလား။

( ̄△̄;)

“မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ” ဘယ်သူမှ လန်ယွီ့ကို မတုံ့ပြန်နိုင်ခင် လန်ဟွားက ပေါက်ကွဲသွားတော့တယ်။ သူက သူတို့နှစ်ယောက်ကြားဝင်ပြီး ညီကို ဒေါသတကြီး စိုက်ကြည့်တော့တယ်။

“မင်း ငါ့ကိုဖယ်ရှားဖို့ ငါ့စိတ်နှလုံးကောင်းကို အသုံးချနေတာလား၊ အိပ်မက်‌မက်နေလိုက် ငါမင်းကိုသတိပေးမယ် – တိုက်ခိုက်ချင်ရင် ငါ့ကို တိုက်ခိုက် သူ့ကို တစ်ယောက်တည်း လွှတ်ထားလိုက်”

“ဟမ့်၊ မင်းကျ ငါ့လူတွေကိုခိုးခွင့်ရှိပေမဲ့ ငါကျတော့ မင်းဟာကို ခိုးခွင့်မရှိဘူးတဲ့လား”

“ဘယ်သူက မင်းလူကို ခိုးလို့လဲ”

“ငြင်းဖို့ ကြိုးစားနေတယ်ပေါ့-”

“မင်းမိန်းကလေးကို လိုက်တဲ့သူက ငါမှမဟုတ်တာ၊ ငါဘာမှမလုပ်ခဲ့ဘူးလေ”

“မင်းကြောင့်သာ မဟုတ်ရင် သူက ငါ့ကို အဲလိုဆက်ဆံပါ့မလား”

“အဲဒါငါနဲ့ဘာဆိုင်တုံး”

နှစ်ယောက်သား ငြင်းခုန်ကြပြန်တယ်။ ယိချင်း မနေနိုင်တော့ ဓားဆွဲထုတ်ကာ အော်လိုက်တယ်။

“ဆရာ ဘယ်တစ်ယောက်ကို အရင်သတ်စေချင်လဲ” ဒီခွေးကောင်နှစ်ကောင်က ငါ့ဆရာကို ခိုးဖို့ ကြိုးစားနေကြတာ။

凸(艹皿艹)

ကူယွဲ့ ။ ။ “…”

ချန်ကော ။ ။ “…”

ရှန်းရင် ။ ။ “…”

လန်ယွီက ရိုးရိုးပဲတွေးတာ။ သူ့အစ်ကိုက သူ့မိန်းကလေးကို ခိုးခဲ့တာမို့ သူလည်း မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်ပေးဆပ်ခိုင်းမယ်။ ဒီနှစ်တွေအားလုံးမှာ သူ့အမေကလွဲရင် လန်ဟွားဘေးမှာ ဘယ်မိန်းမမှ မရှိခဲ့ဘူး။ ရှန်းရင်က လန်ဟွားထားဖူးတဲ့ ပထမဆုံး စိတ်ဝင်စားသူပဲ။ ပြီးတော့ သူမကလည်း အတော်လေးလှတယ်။ လန်ယွီခန့်မှန်းကြည့်တာတော့ သူမက လန်ဟွားရဲ့ အဖော်ပဲ – အဲတော့ သူမကို ခိုးယူဖို့ ဆုံးဖြတ်ထားတယ်။

လန်ဟွားရဲ့တွေးခေါ်ပုံက ပိုတောင်ရိုးရှင်းသေးတယ်။ သူ့ရဲ့ဒီညီက သူ့ပိုင်ဆိုင်မှုအားလုံးကို လှည့်ဖျားချင်နေတာ။ သူ့ညီက အမြဲ သူ့ကိုလိုက်တုပချင်ပေမဲ့ ဒါက နားလည်နိုင်သေးတယ်။ အကြီးကောင်အနေနဲ့ လန်ဟွားက လန်ယွီသူ့အပေါ် တင်ထားတဲ့အကြွေးတွေအားလုံးကို မေ့ပစ်ဖို့ ဆန္ဒရှိတယ်။ ဒါပေမဲ့ လန်ယွီက လက်စားချေဖို့ သူ့စိတ်နှလုံးကောင်းကို မျက်စိကျ‌တာတော့ မှားတာ အသိသာကြီး။ သူ့စိတ်နှလုံးကောင်း သတ်ခံလိုက်ရရင် လန်ဟွားအတွက် တကယ်အကျိုးရှိမှာဆိုပေမဲ့… သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘူး တစ်စုံတစ်ယောက် သူ့စိတ်နှလုံးကောင်းကို နာကျင်အောင်လုပ်မယ်ဆိုတဲ့ အတွေးကတင် သူ့အတွက်သည်းခံဖို့ ခက်လွန်းတယ်

(╯°Д°)╯(┻━┻

“မိန်းကလေးရှန်း ကျုပ်အတည်ပြောနေတာပါ” လန်ယွီက လှည့်သွားပြီး ရှန်းရင်လက်ကို ဆုပ်ကိုင်လိုက်တယ်။ အင်မတန်စိတ်အားထက်သန်စွာနဲ့ သူကပြောတော့တယ်။

“ကျုပ်ကိုယုံပါ၊ ကျုပ်မင်းအပေါ်ကောင်းပါ့မယ်၊ ဟင်းလင်းပြင်နယ်မြေဆီသွားဖို့ မေ့လိုက်ကြရအောင် – ယွင်ဖုန့်ဆီ ကျုပ်နဲ့ ပြန်လိုက်ခဲ့ပါလား”

“ခွေးကောင် သူ့ကိုလွှတ်လိုက်စမ်း” လန်ဟွားက လက်ကို ဆွဲထုတ်ပြီး သူ့ညီဆီဦးတည်တော့တယ်။

နှစ်ယောက်လုံးက တိုက်ပွဲဖြစ်ကြတော့မယ်။

“အင်း…”

ရှန်းရင်က ရုတ်တရက် အင်မတန်တည်ငြိမ်စွာနဲ့ စကားပြောလာတယ်။

“လန်လု…”

“လန်ယွီပါ” လန်လုက ဘယ်သူကြီးတုံး။

“အိုး၊ နင့်ကိုတစ်ခုမေးပါရစေ”

“ကျေးဇူးပြုပြီး မေးပါ မိန်းကလေး”

“အပိုဘီးဖြစ်ရတာ…

စွဲလမ်းဖို့ကောင်းတာလား”

လန်ယွီ ။ ။ “…”

လန်ဟွား ။ ။ “…”

သူတို့ကိုတိုက်ခိုက်တော့မဲ့ ယိချင်း ။ ။ “…”

အားလုံး ။ ။ “…”

ဂျွတ် ခုလေးတင် တစ်စုံတစ်ရာ ကျိုးသွားတဲ့ပုံပဲ။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset