FY အခန်း ၆၈

အခန်း(၆၈)

အထက်တန်းပထမနှစ်

‘‘ဖြောင့်မတ်သည့် စရိုက်နှင့် အသိပညာကို လုံ့လဝီရိယရှိရှိဖြင့် စုဆောင်းသင်ယူပါ ’’

ထိုဆောင်ပုဒ်က အမှတ်သုံး အထက်တန်းကျောင်း၏ ကျောင်းဂိတ်ဝတွင် မားမားမတ်မတ် ရှိနေသည်။ မည်သူမဆို ကျောင်း၏ဆောင်ပုဒ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေ၏။

ဖုန်းယွီသည် အင်တင်တင်ဖြင့် အသစ်စက်စက် ကျောင်းလွယ်အိတ်ကို သယ်လာသည်။ သူက ကျောင်းလွယ်အိတ်သည် သူနှင့် မအပ်စက်ဟု ခံစားနေရ၏။ သူ၏ အဆင့်အတန်းကို ပြသဖို့ရာ အနည်းဆုံး ရွှေရောင်တော့ ဖြစ်သင့်သည်။

ကျောင်းက ပထမနှစ်တွင် နှစ်ပတ်စောပြီး စတင်၏။လန်ကျန်း ပြည်နယ်တွင် အထက်တန်း ကျောင်းသားများက စစ်ရေးလေ့ကျင့်မှု သင်တန်းကို တက်ရောက်ရန် လိုအပ်သည်။ ထိုအရာက ပြောသည်ကား ကျောင်းသားနှင့် စည်းမျဉ်းစည်းကမ်းကြား ရင်းနှီးမှု ရရှိရန် ဆိုသည်ဟူ၍ ဖြစ်သည်။ ထိုအချက်က မည်မျှ အစွမ်းထက်မည်နည်း။ မည်သူက သိမည်နည်း။

ဖုန်းယွီက ရိုးရိုးရှင်းရှင်းနှင့် ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်ရင်း နာမည် မကြီးအောင် နေသော်ငြား သူသည် အခြားကျောင်းသားများနှင့် ဆရာဆရာမများ၏ အကြည့်များကို ရရှိနေဆဲ ဖြစ်သည်။ ထိုအရာများ အားလုံးက သူ့ကို ကျောင်းကို ကားဖြင့်လိုက်ပို့သည့် လီရှစ်ချင်ကြောင့်သာ ဖြစ်သည်။

အချို့သော အရာရှိ သားသမီးများ သို့မဟုတ် သူဌေးရဲ့ သားသမီးများလား။ ကျောင်းကို ကားနဲ့ လာသည် ဆိုတော့ကား။

ဝမ်တုန့်ကျွင်း၊ လီနနှင့် လျိုခွင်းသည်လည်း ကျောင်းကို ကားနှင့်လာ၏။ လီနနှင့် လျိုခွင်းက သူတို့၏ ခရီးဆောင်အိတ်များကို သူတို့နှင့်အတူ ယူဆောင်လာကြသည်။ သူတို့က ကျောင်းအိပ်ဆောင်တွင် နေမည် ဖြစ်သည်။

သူတို့ ရောက်ရှိပြီးနောက် ဖုန်းယွီက သူတို့ကို ရှေးဦးစွာ ကျောင်းလခပေးပြီး သူတို့၏ ခရီးဆောင်အိတ်များကို ကျောင်းဆောင်ထဲသို့ သွားရောက် ချထားသည်။ လီရှစ်ချင်က သူ၏ အဆက်အသွယ်ကို အသုံးချပြီး သူတို့လေးယောက်စလုံးကို အတန်းတူ တစ်ခန်းထဲတွင် ဖြစ်ရန် စီစဉ်ခဲ့၏။

‘‘ဖုန်းယွီ တုန့်ကျွင်း မင်းတို့တွေက ကျောင်းဆောင်မှာ မနေဘူးလား ’’ လျိုခွင်းက သူ၏ အိပ်ယာခင်းကို ဖြန့်နေစဉ် စိတ်ဝင်စားစွာဖြင့် မေးလိုက်၏။

‘‘ငါ့ရဲ့အမက ဈေးမြို့တော်မှာ တိုက်ခန်းတစ်ခန်း ဝယ်ထားတယ် ငါတို့နှစ်ယောက်လုံးက အဲ့ဒီမှာနေမှာ မင်းရဲ့ အထုတ်အပိုးတွေ မြန်မြန်ပြင် ငါ့ရဲ့ ယောက်ဖလောင်းက အစားအသောက်ကောင်းတွေ စားဖို့ ခေါ်သွားမှာ ’’

ဖုန်းယွီက ပြန်ပြောသည်။

သူတို့၏ မိဘများက သူတို့နှင့်အတူ မလိုက်လာပေ။ လယ်တောရှိ ကလေးများက ပိုပြီး လွတ်လပ်ပေ၏။

အမျိုးသမီးအိပ်ဆောင်၏ အပြင်ဘက်တွင် ရပ်နေစဉ် သူတို့က လီနအပြာရောင်စကပ်ဖြင့် လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။ သူတို့သုံးယောက်စလုံးက သူမ၏ ညို့ယူဖမ်းစားမှု့အောက် ကျရောက်သွားပြီး သူတို့၏ မျက်လုံးများက သူမတွင်သာ ကြောင်အန်းအန်း ဖြစ်သွားစေသည်။

‘‘အဟမ်း ’’

ဖုန်းယွီက မပျော်ရွှင်ပေ။ တခြားနှစ်ယောက် ကြည့်ရှု့နေသောကြောင့်ပင်။

ဖုန်းယွီနှင့် လီနက တရားဝင် ချစ်သူများ မဟုတ်ပေ။ သို့သော် သူတို့အရင်ကျောင်းရှိ ဆရာများက သူတို့ နေ့တိုင်းအတူတူ ရှိနေကြသည်ကို သိသည်။ လီနက ဖုန်းယွီနှင့် အတူ ရှိနေသည့်အခါ သူမမျက်နှာတွင် အပြုံးများ အပြည့်နှင့် ဖြစ်နေပြီး တခြားသူများနှင့်ဆိုလျှင် သူမက တိတ်ဆိတ်နေ၏။

အစားအစာ စားချိန်တွင် ဝမ်တုန့်ကျွင်းက လုံလဝီရိယ အရှိဆုံးဖြစ်သည်။ ဖုန်းယွီ သူ့ကို လွန်ခဲ့တဲ့ နေများက တွေ့ခဲ့သည်ထက် ထိုလူက ပိုကြီးလာပြီး ပိုသန်မာလာတာကို မြင်ရသည်။ ဖုန်းယွီ မစားရသေးခင် သူက လီနအတွက် သိုးပေါင်တစ်ချောင်းကို ကိုက်ယူလိုက်ပြီး ထည့်လိုက်၏။

‘‘ဒီသိုးသားက အစိမ်းနှပ်ထားတာ မင်းမြည်းစမ်းကြည့်သင့်တယ် ’’

လီနက ရှက်သွေးဖြန်းသွားပြီး ဖုန်းယွီ၏ ပန်းကန်ထဲသို့ နောက်ထပ် သိုးပေါင်ကို ဖုန်းယွီ ပန်းကန်ထဲ ထည့်လိုက်သည်။ သူမက နူးညံ့စွာဖြင့် ပြော၏။

‘‘ငါ ငါကိုယ်တိုင် ယူလို့ရပါတယ် ’’

ဖုန်းယွီက ပြုံးကာ ပျော်ရွှင်နေသည်။ ထိုဆိတ်သားတုံးကို သူ့ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် ဆိတ်သားပန်းကန်ကို လီနရှေ့သို့ တွန်းလိုက်သည်။ ဝမ်တုန့်ကျွင်း၏ စားသည့် အရှိန်နှင့်ဆို သိုးသားပန်းကန်သည် တစ်မိနစ်အတွင်းတောင် ကုန်သွားနိုင်သည်။

‘‘ကောင်းကောင်းစား မနက်ဖြန်ကျရင် စစ်ရေးလေ့ကျင့်မှု့ သင်တန်းစတော့မယ် မင်းတို့တွေ အဲ့ဒီသင်တန်းမှာ ဘာအသားမှ စားနိုင်မှာ မဟုတ်ဘူး ’’

လီရှစ်ချင်က ပြောလိုက်၏။

သူတို့က စစ်ရေး လေ့ကျင့်မှု့ သင်တန်းအကြောင်းကို ကြားသောအခါ ဝမ်တုန့်ကျွင်းက ငြိမ်ကျသွားတော့သည်။ သူက အလွန်ကြံခိုင်သန်မာပြီး ပင်ပန်းမှု့များကို သည်းခံနိုင်သည့်တိုင် သူက စစ်ရေးလေ့ကျင့်မှု့တွင် ပျင်းရိပြီး သည်းမခံနိုင်ပေ။ သူက ဘယ်ညာဘယ်ညာ ချီတက်ရပေမည်။ သင်တန်းကာလအတွင်း သူက ဘတ်စကတ်ဘော ဒါမှမဟုတ် ဘောလုံးသာ ကစားရနိုင်၏။

လျိုခွင်းက ဖုန်းယွီသင်တန်းအကြောင်းကို စိတ်ပူနေတာကို သတိပြုမိသွားသည်။ ပြီးနောက် သူက စိတ်ဝင်စားစွာဖြင့် မေးလိုက်၏။

‘‘ဖုန်းယွီ မစိုးရိမ်ဘူးလား ’’

ဖုန်းယွီက ဝမ်းနည်းသည့် သွင်ပြင်ဖြင့် ပြန်ပြောလိုက်၏။

‘‘ငါတက်ချင်ပါတယ် ဒါပေမဲ့ ငါတက်လို့မရဘူး ငါက နေမကောင်းဘူး ပြီးတော့ ငါအဲ့သင်တန်းကနေ ကင်းလွတ်ခွင့်ရမှာ ’’

‘‘နင်နေမကောင်းဘူးလား နင်ဘယ်နေရာက နာမကျန်း ဖြစ်နေတာလဲ ’’

လီနက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

ဖုန်းယွီက သူ့လွယ်အိတ်ထဲမှ ဆေးစစ်ချက်ကို ထုတ်လိုက်ပြီး စားပွဲပေါ်တွင် တင်ကာ ‘‘အဆစ်ရောင်ရောဂါ အဲ့ဒါက ငါ့ရဲ့ ဒူးဆစ်တွေကို နာကျင်စေတယ် ငါရပ်ရင် ဒါမှမဟုတ် လမ်းလျှောက်ရင်ပေါ့ ’’

ဝမ်တုန့်ကျွင်းက ဆေးစစ်ချက်ကို ဇက်ခနဲ ဆွဲယူပြီး ဖတ်လိုက်၏။ ထို့နောက် သူက အေးစက်သည့် အပြုံးဖြင့် ပြောလိုက်သည်။

‘‘တောက် အဆစ်ရောင်ရောဂါ ငါမင်းအကြောင်း ကောင်းကောင်းသိတာပေါ့ မင်းက ယုန်တစ်ကောင်ထက်တောင် ပိုပြေးနိုင်သေးတယ် မင်းစစ်ရေးလေ့ကျင့်မှု့မှာ မပါဘူးဆိုရင် မင်းရဲ့ ဒူးဆစ်တွေက မနာဘူးမလား ’’

ဖုန်းယွီက ပြုံးကာ

‘‘မင်းအဲ့အကြောင်းတွေကို ကျယ်ကျယ်ပြောဖို့ မလိုပါဘူး ’’

‘‘တရုတ်နိုင်ငံသား တစ်ယေက်အနေနဲ့ ရှေ့တန်း စစ်မျက်နှာ နှစ်ခုရှိတယ်။ ဒါတောင် မင်းက စစ်ရေးလေ့ကျင့်မှု့ သင်တန်းကို မတက်ချင်တာလား ’’

ဝမ်တုန့်ကျွင်းက ဖုန်းယွီကို အထင်မြင် သေးစွာဖြင့် ကြည့်လိုက်သည်။

ဖုန်းယွီက အကြောင်းအရာကို ပြောင်းလဲရန် ကြိုးပမ်းသည့် အချိန်တွင် ဝမ်တုန့်ကျွင်းက သူ့လက်ကို ဖြတ်ခနဲဆွဲယူလိုက်ပြီး မေးလိုက်၏။

‘‘ငါ့ရဲ့ ဆေးစစ်ချက်ကရော ဘယ်မှာလဲ ’’

“ အရင်က ဝမ်တုန့်ကျွင်းနဲ့ အတူတူပင်။ အဲ့တစ်ယောက်ကလည်း ငါ့ကို အပစ်ဖော် ဆုံးမဖို့ကြီးပဲ ’’ ဖုန်းယွီက သူ့ကိုယ်သူ တွေးလိုက်သည်။

‘‘ငါဒီအရာတွေ အားလုံးကို နာမည်ရှိတဲ့ ဆေးရုံတစ်ရုံကနေ အရင်ကထဲက ပြင်ဆင်ပြီးသား လီန နင့်ရဲ့ ဆေးစစ်ချက်က ခြေထောက်ပြားနေတာ မင်းကြာကြာ ရပ်လို့မရဘူး ခုန်လို့မရဘူး ကာယချိန်တွေမှာတောင် နင်ခွင့်တောင်းလို့ရတယ်”

ဖုန်းယွီက ပြောလိုက်သည်။ သူက နောက်ထပ် ဆေးစစ်ချက်တစ်ခုကို ထပ်ယူလိုက်ပြီး လီနထံ ကမ်းပေးလိုက်၏။

‘‘ငါ့ကို ကြည့်ခွင့်ပေးအုံးလေ ဒီဆေးစစ်ချက်က လျိုခွင်းအတွက် ခြေစွယ်ငုပ်တာ ငုပ်နေတဲ့ ခြေသည်းတွေကြောင့်ဖြစ်တာ။ ခြေစွယ်ငုပ်တာ အကွာအဝေးတို လမ်းလျှောက်ခြင်းကတောင် မင်းအတွက် နာကျင်မှု့ကို ဖြစ်စေတယ် ’’

‘‘ဒါက တုန့်ကျွင်းအတွက် ငါမင်းရဲ့ ဆေးစစ်ချက်အဖြေကို မဖတ်ပြတော့ဘူး မင်းကိုယ်တိုင် ဖတ်ကြည့်လိုက် ’’

ဝမ်တုန့်ကျွင်းက သူ၏ ဆေးစစ်ချက်ကို ကြည့်လိုက်ပြီး ဖုန်းယွီကို စိုက်ကြည့်လိုက်သည်။ ဖုန်းယွီက သူ့ပုခုံးနှစ်ဖက်ကိုသာ တွန့်လိုက်၏။ ပန်းငုံသည်ကို ခွဲစိတ်ရန်လား သူက ထိုဆေးစစ်ချက်ကို သေချာ မသိပေ။ သို့သော် ထိုအရာက ခွဲစိတ်ရန်လိုပြီး သူ့အတွက် လေ့ကျင့်ခြင်းမှ သေချာပေါက် ပျက်ခွင့်ရမည်ပင် ဖြစ်သည်။ ဘာကြောင့် ဝမ်တုန့်ကျွန်းက သူ့ကို စိုက်ကြည့်နေတာလဲ။ သူက ဆေးစစ်ချက်ကို မလိုချင်လျှင် သူဖုန်းယွီကို ပြန်ပေးနိုင်၏။

‘‘တုန့်ကျွင်း မင်းရဲ့ဆေးစစ်ချက်က ဘာလဲ ငါတို့ကို အသိပေးလေ နောင်ကျ ကာယအချိန်တွေမှာ အဲဒါကို ငါသုံးပြီးတော့ အတန်းလစ်လို့ ရတာပေါ့ ’’

လျိုခွင်းက မေးလိုက်ပြီး ဝမ်တုန့်ကျွင်း၏ ဆေးစစ်ချက်ကို သူ့ဆီပေးရန် ကြိုးပမ်းလိုက်သည်။

ဝမ်တုန့်ကျွင်းက သူ၏ ဆေးစစ်ချက်ကို မြန်မြန်ဆန်ဆန်ဖြင့် ဆုပ်ကိုင်လိုက်ပြီးနောက် သူ၏ လွယ်အိတ်ထဲတွင် ထည့်လိုက်သည်။ သူက အော်လိုက်၏။

‘‘မပြနိုင်ပါဘူး မင်းတို့တွေ အားလုံးကို ငါ့ရဲ့ ဆေးစစ်ချက်ကို ကြည့်ခွင့် မပေးဘူး ’’

လီနက ဖုန်းယွီပေးသည့် ဆေးစစ်ချက်ကို ပြန်ပေးလိုက်ပြီး ပြောလိုက်၏။

‘‘ငါဒီဆေးစစ်ချက်ကို မလိုဘူး ငါ့အထင်တော့ ဒီသင်တန်းက အရမ်းဆိုးမဲ့ပုံ မပေါ်ဘူး။ ငါသူငယ်ချင်းတွေ အများကြီးနဲ့တောင် သိနိုင်သေးတယ်။ ထပ်ပြောရရင် ရောဂါရှိ ဟန်ဆောင်တာက မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူး ကျောင်းနဲ့ ဆရာတွေအားလုံးကို လိမ်လိုက်တာပဲ ’’

လီနပြောသည်ကို ကြားပြီးနောက် လီရှစ်ချင်ကို စိုက်ကြည့်လိုက်သည်။ လီရှစ်ချင်က တစ်ခုခု မှားသည်ကို တွေးလိုက်မိ၏။ ထိုဆေးစစ်ချက်များက သူ့ထံမှ မဟုတ်ပေ။ သူက ထိုအရာများကို ခွင့်ပြုရန်တောင် ဖုန်းတန့်ယင်းက ထိုသို့ ပြုလုပ်ရန် သဘောတူမည် မဟုတ်ပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်က ဝူကျီကန်းက သူနာပြုဆရာမလေး၏ နှလုံးသားကို အောင်အောင်မြင်မြင်ဖြင့် သိမ်းပိုက်နိုင်ခဲ့သည်။ ထိုသူနာပြုဆရာမလေးက ကောင်းမွန်တဲ့ မိသားစုမှ လာသည်ဖြစ်ကြောင်း သိရှိသွားသည်။ သူမ၏ မိခင်က ဆရာမဖြစ်ပြီး သူမ၏ ဖခင်က ဆေးရုံအုပ်ကြီး ဖြစ်သည်။

ဝူကျီကန်းက နောက်ပြန်ဆုတ်ချင်ခဲ့သည်။ သူ့အဖေက ဆေးရုံတွင်သာ အလုပ်လုပ်သည့်အတွက် ဖြစ်၏။ သို့သော် ဖုန်းယွီက သူ့ကို အားပေး၏။

‘‘သူ့ရဲ့ နောက်ခံက မင်းထက်ကောင်းရင်တောင် မင်းသိမ်ငယ်တယ်လို့ ခံစားဖို့ မလိုဘူး။ မင်းဒီတစ်လထဲမှာ ပိုက်ဆံ ဘယ်လောက်ရလဲဆိုတာကိုပဲ တွေးကြည့်။ မင်းရဲ့ လစာက သူမရဲ့အဖေထက် မနည်းဘူး။ ပြီးတော့ နောက်နှစ်ကျရင် မင်းရဲ့လစာ နှစ်ဆဖြစ်နိုင်မယ်လို့ ငါအာမခံတယ်။’’

ဖုန်းယွီ၏ အားပေးမှု့နှင့် လမ်းညွှန်မှု့အောက်တွင် ပိုက်ဆံကိုသုံးပြီး အရှက်မဲ့စွာဖြင့် ချဉ်းကပ်တော့သည်။ ဝူကျီကန်းက ဆေးရုံတွင် သူနာပြုဆရာမကို နေ့တိုင်း စောင့်၏။ သူက သူမကို လက်ဆောင်လေးနှင့် ပန်းများကို သူတို့တွေ့တိုင်း ပေးသည်။ သူမ၏ နှလုံးသားကို ရရန်အတွက် သူက တစ်ပတ်သာ အချိန်ယူခဲ့ရ၏။ သို့သော် ဝမ်တုန့်ကျွင်း၏ ဆေးစစ်ချက်က ပန်းငုံသည်ကို ခွဲစိတ်ရန် ဖြစ်သည်ကို ဖုန်းယွီက လုံးဝ မမျှော်လင့်ခဲ့ပေ။ သူက ထိုအချက်ကို စဉ်းစားပြီးနောက် အကျယ်ကြီး ဟားတိုက်ပြီး ရယ်ပစ်ချင်၏။

‘‘ငါက စစ်ရေးလေ့ကျင့်မှု့ရဲ့ ပထမရက်နဲ့ နောက်ဆုံးရက်မှာတော့ တက်မှာပေါ့။ မဟုတ်ရင် ဒီအလိမ်အညာ ဖန်းတီးထားတဲ့ ရောဂါတွေက အလကား ဖြစ်သွားမယ်။ သင်တန်းအတွက်ဆိုရင်တော့ မင်းရက်အနည်းငယ် ကြာရင် သိလာလိမ့်မယ် နင့်မှာ နင့်ရဲ့ သူငယ်ချင်းတွေနဲ့ စကားပြောဖို့ အချိန်မရှိဘူး ပြောရရင် နင်ဒီဆေးစစ်ချက်တွေနဲ့ ပါဝင်နိုင်ပါသေးတယ်။တခြားသူတွေ ချီတက် လေ့ကျင့်နေရင်တော့ နင်က ဘေးမှာ သူတို့တွေကို ကြည့်ရုံပဲ ’’

ဖုန်းယွီက ပြောလိုက်သည်။ လီရှစ်ချင်က ပြုံးပြီး ခေါင်းကို ခါယမ်းလိုက်၏။

‘‘ဒီအနာဂတ် ယောက်ဖလောင်းလေးက အရမ်းကိုလိမ်တာပဲ ’’

ညစာ စားပြီးနောက် သူတို့တွေ အားလုံးကို အပန်းဖြေဥယာဉ်ကို သွားကြကာ တစ်နေ့လုံး ကစားကြသည်။ ဝမ်တုန့်ကျွင်းနှင့် လျိုခွင်းက စိတ်လှုပ်ရှားစရာကောင်းသည့် ကစားနည်းများကိုသာ ရွေးချယ်ကြသည်။ ဖုန်းယွီက လီနနှင့်အတူ ဂိမ်းကစားနည်း ဈေးတန်းကိုသာ သွားသည်။ သူက ယွမ်ပေါင်း ဒါဇင်ပေါင်းများစွာ သုံးခဲ့ပြီး အမွှေးပွရုပ် သေးသေးလေး နှစ်ရုပ်သာ ရသည်။ ထိုအရာများက ယွမ်အနည်းငယ်သာ တန်ကြေးရှိ၏။ ထိုအရာများက လီနအတွက် ဖြစ်သည်။ သို့သော် သူက လီန၏ မျက်နှာထက်တွင် အပြုံးကို မြင်ရသည့်အခါ ပိုက်ဆံများကို ဖြုန်းတီးသည်ဟု မခံစားရတော့ပေ။ ဖုန်းယွီက လီနနှင့် လျိုခွင်းကို ညမမှောင်ခင် ကျောင်းကို လိုက်ပို့လိုက်၏။ ကျောင်းတံခါးတွင် ဖုန်းယွီက အော်လိုက်သည်။ ‘‘ဘာကြောင့် ငါက အထက်တန်း ပထမနှစ်မှာ ရှိနေတာလဲ ဘယ်တော့မှ ငါတက္ကသိုလ်ကို တက်ခွင့် ရမှာလဲ။ အဲ့ဒီအချိန်ဆိုရင် ငါလီနနဲ့အတူတူ အိပ်နိုင်ပြီ ’’

စာရေးသူ မှတ်ချက်(၁)-ရှေ့တန်း စစ်မျက်နှာ နှစ်ခုသည် ဗီယက်နမ် စစ်ပွဲကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဗီယက်နမ် စစ်ပွဲသည် ၁၉၉၃အထိ ရှိခဲ့ပြီဖြစ်သည်။ ထို့နောက် စစ်ပွဲငြိမ်းသွားသည်။

စာရေးသူ မှတ်ချက်(၂)-ဂျုနီယာ အထက်တန်းကျောင်းတွင် ဆယ်ရက်တာ စစ်ရေး လေ့ကျင့်မှု့ သင်တန်းကို တက်ခဲ့ရသည်။ အထက်တန်းကျောင်းတွင် အချိန် နှစ်ပတ်ဖြစ်သည်။ တက္ကသိုလ် ရောက်သည့်အခါတွင် တစ်လဖြစ်သည်။

FY
Author: FY
အံ့မခန်းပါရမီရှင် ဖုန်းယွီ

အံ့မခန်းပါရမီရှင် ဖုန်းယွီ

Extraordinary Genius, Chāo pǐn qícái, 超品奇才
Score 7
Status: Ongoing Type: Author: , Artist: , Released: 2015 Native Language: Chinese
၂၀၁၇ ခုနှစ်တွင် ဆုံးရှုံးမှုများနှင့် တွေ့ကြံခဲ့ရသည့် ရင်းနှီးမြှပ်နှံသူ တစ်ယောက်ဖြစ်သည့် ဖုန်းယွီတစ်ယောက် အမူးလွန်ပြီး ကားမတော်တဆမှု တစ်ခုကြောင့် ၁၉၈၀ ခုနှစ်များမှာ ပြန်လည်နိုးထလာခဲ့သည်။ ယင်းအချိန်ကာလသည် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တံခါးဖွင့် စီးပွားရေးစနစ်ကို စတင်ကျင့်သုံးကာ စီးပွားရေး တဟုန်ထိုး တိုးတက် အောင်မြင်နေသည့် ကာလ ဖြစ်သည်။ ထိုအချိန်သည် ကမ္ဘာအကြီးဆုံး ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၏ နောက်ဆုံးနေ့ရက်များ ဖြစ်ပေသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း နည်းပညာဆိုင်ရာကဏ္ဍများနှင့် အင်တာနက်ပေါ်တွင် အမှီပြုသည့် ရင်းနှီးမြှပ်နှံမှုများက တချိန်တည်း အားကောင်းနေသည့် အချိန်ဖြစ်ကာ ငွေကြေးအကျပ်အတည်းအများဆုံး ဖြစ်ပွားနေသည့် ကာလလည်း ဖြစ်သည်။ယခုဇာတ်လမ်းထဲတွင် ပါဝင်သည့် ဖြစ်ရပ်များတွင် လက်တွေ့အဖြစ်အပျက်ကို အခြေခံကာ စာရေးသူ၏ စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဇာတ်လမ်းသာဖြစ်ပါသည်။ပေါ့ပေါ့ပါးပါးနှင့် စီးပွားရေးဗဟုသုတ၊ သမိုင်းဆိုင်ရာတွေကို စိတ်ဝင်စားသူအဖို့ လက်မလွှတ်သင့်သည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။ဘယ်သူ အချမ်းသာဆုံး ဖြစ်မလဲ။   

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset