အခန်း(၆၇)
ကုန်းကုန်းစုန့်
ဖုန်းယွီက အတွေးနက်နေ၏။ သမိုင်းကြောင်းက ပြောင်းလဲသွားသည်ပင် ဖြစ်သည်။ ထိုအရာက ကောင်းမွန်သည့် အရာလော။ ဆိုးဝါးသည့်အရာလော။ တစ်ဖက်တွင်မူ ဂိုဏ်းဃနများက စောစော ပျောက်ကွယ်သွားဟန် တူသည်။ သို့သော် အခြားတစ်ဖက်တွင် ဖုန်းယွီက ကမ္ဘာစီးပွားရေး အလားအလာကို စိုးရိမ်မိသည်။ သူ့ကြောင့် လိပ်ပြာ သက်ရောက်မှု့ ဖြစ်သွားသည်လား (လိပ်ပြာ သက်ရောက်မှု ဟူသည် ၁။ လိပ်ပြာ တောင်ပံ ခက်ခြင်းက အခြား ကမ္ဘာတစ်ချက်ဆီတွင် မုန်တိုင်းထန်သလို သက်ရောက်စေ၏။ ပို စိတ်ဝင်စားဖို့ ကောင်းသည်ကား မည်သည့် သေးငယ်သည့် အရာမဆို ပြဿနာကြီး/ပြောင်းလဲမှုကြီး ဖြစ်ရန်အတွက် ကြီးမားသည့် သက်ရောက်မှု ဖြစ်စေ၏။)
တစ်ခဏကြာပြီးနောက် ဖုန်းယွီ စိတ်သက်သာရာ ရသွားသည်။ သူ၏ အရင်ဘဝတွင် အောင်မြင်ကျော်ကြားသည့် ရင်းနှီးမြုပ်နှံသူတစ်ယောက် မဟုတ်သော်ငြား သူ့တွင် နှစ်(၂၀)ခန့် ရင်းနှီးမြုပ်နှံမှု့ အတွေ့အကြုံ ရှိသည်။ သူက ယခု ထိုခေတ်အခါက အကောင်းဆုံး မဟုတ်ပေ။ သို့သော် ဖုန်းယွီက အခြားသူများထက် ပိုပြီး တော်သည်ဟု ယုံကြည်ချက် ရှိ၏။
ထပ်ပြောရလျှင် စီးပွားရေး အလားအလာက သူ့ကြောင့် ပြောင်းလဲပါက သူ့ အရင်ဘဝက အတွေ့အကြုံများအား သုံးနိုင်မည် မဟုတ်တော့ပေ။ လက်ရှိမှာ သူ့တွင် ယွမ်သန်းပေါင်းများစွာ ရှိနေ၏။ သူက ရှေးရိုးစွဲမြေနှင့် အဆောက်အဦးများတွင် ရင်းနှီးမြုပ်နှံလျှင်တောင် သူ့ကျန်ရှိသည့် ဘဝအတွက် စိုးရိမ်နေစရာ မလိုပေ။ ထပ်ပြောရလျှင် သူမကြာသေးမှီက စတော့ဈေးကွက်ကို ကြည့်ခဲ့ပြီး ထိုအရာက သူ့အရင်ဘဝနှင့် မတူပေ။ ယခုနှစ်တွင် တရုတ်ပြည်သည် စတော့ဈေးကွက် ကို စတင်မည် ဖြစ်သည်။ ပြီးနောက် စတော့ အိတ်ချိန်းလည်း မရှိသေးပေ။ စတော့များသည် ငွေတိုက်စာချုပ် အစိတ်အပိုင်းများနှင့် တူ၏။
စုန့်ရှောင်ဖုန့် မသေသော်ငြား ထိုအရာက သူ့အတွက် ပြင်းထန်သည့် သင်ခန်းစာတစ်ခုပင် ဖြစ်သည်။ ပြောစရာ မလိုပေ။ ယခု မြို့တော်၏ ခေါင်းဆောင်က ပြောခဲ့ပြီ။ စုန့်ရှောင်ဖုန့် နေနေသာသာ စုန့်လောင်စီတောင် အနည်းငယ် လိမ်နေရပြီ ဖြစ်သည်။
မကြာမှီတွင် ဖုန်းယွီက နောက်ထပ် သတင်းကောင်းများ ကြားလိုက်ရသည်။ ကီရီလန်ကိုက သူ့ကို ဒုတိယအသုတ် တစ်ပတ်ရစ်ကားများ အဆင်သင့် ဖြစ်ပြီဖြစ်ကြောင်း သတိပေးခြင်းဖြစ်၏။ ဖုန်းယွီက ပိုက်ဆံများကို နန်းကြိုးမှတစ်ဆင့် လွဲပြီးနောက် သူက ကားများကို ပြန်ပို့ပေးမည် ဖြစ်သည်။
ပုံမှန်အတိုင်း တစ်ဆယ်ရာခိုင်နှုန်း ငွေကြိုတင် ချေပြီး ကျန်လက်ကျန်ငွေများအား ပစ္စည်းရယူပြီးမှ ပေးချေရမည် ဖြစ်သည်။ နောက်ပိုင်းတွင် ဖုန်းယွီက ခဏကြာ တွေးလိုက်ပြီး ကီရီလန်ကို ခေါ်သည့် ဈေးများက မြင့်မှာ အသေအချာပင် ဖြစ်သည်။
သို့သော် သူတို့တွေ စီးပွားရေးလုပ်ကထဲက နှစ်ဦးနှစ်ဖက်လုံးအနေဖြင့် ကာလရှည်ကြာ ပိုက်ဆံရှာရန် လိုအပ်သည်။ ထပ်ပြောရလျှင် ထိုဈေးနှုန်းများကို ဖုန်းယွီ လက်ခံနိုင်ပေ၏။ အရင်အသုတ် ကားများက ဘင်းမြို့တော်တွင်တောင် အကုန် ရောင်းချပြီး ဖြစ်သည်။ ပြီးနောက် သူသည် ဘင်းမြို့တော် ပြင်ပတွင်တောင် မရောင်းချရသေးပေ။
ဖုန်းယွီက ဘဏ်ကို ကျေးဇူးတင်နေ၏။ ထိုကဲ့သို့သော အသေးစား စီးပွားရေး လုပ်ငန်းရှင်များအတွက် ချေးငွေများ အဆင်သင့် ရရှိပါက သူတို့ထဲမှ အများစုက ဘဏ်မှ ချေးငွေကို ရယူပြီး ကားအသစ်စက်စက်များ ဝယ်လိမ့်မည် ဖြစ်သည်။
ကီရီလန်ကိုသည်လည်း ပြင်တွင်းထုတ်ကုန်များ တစ်သုတ်ကိုလည်း မှာယူလိုက်သည်။ အဓိကအားဖြင့် ချည်ထည်များနှင့် စားသောက်ကုန်များ ဖြစ်သည်။ ကျန်ရှိသည့် ရူဘယ်လ် နှစ်သောင်းအတွက် ဖုန်းယွီစိတ်ကြိုက် ကုန်ပစ္စည်းများကို ထည့်ခိုင်းလိုက်ပေသည်။
ကီရီလန်ကိုသည် လက်ရှိတွင် ဖုန်းယွီကို အသေအချာ ယုံကြည်သည်။ ဖုန်းယွီ မည်သည့်ကုန်ပစ္စည်း ထည့်စေကာမူ ထိုကုန်ပစ္စည်းများက ဆိုဗီယက် ပြည်ထောင်စုအတွင်း ဈေးတန်တန်ဖြင့် ရောင်းနိုင်မည် ဖြစ်သည်။
ဖုန်းယွီနှင့် တွေ့ရှိပြီးနောက် ကီရီလန်ကိုက သူ့၏ ကံကောင်းမှု့က ညချင်း ပြောင်းလဲသွားသည်ဟု ခံစားရသည်။ သူက အရင်ကထက် ပိုက်ဆံများကို ပိုများများ ရှာနိုင်လာသည်။ သူ့ဂုဏ်သတင်းကလည်း ဆိုဗီယက်တပ်မတော်၏ ဒုတိယမြောက် မျိုးဆက်တွင် တဖြည်းဖြည်းနှင့် နာမည် ကြီးထွားလာတော့သည်။ သူ့ ဖခင်ကိုတောင် သူ့ကြောင့် အကျိုးရလဒ်များ ရလေ၏။
……
စုန့်ရှောင်ဖုန်းမျက်စိ တဖြည်းဖြည်း ဖွင့်လာပြီး သူ့တစ်ကိုယ်လုံး နာကျင်နေသည်ဟု ခံစားနေရသည်။ သူက အောက်ငုံ့ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပတ်တီးများဖြင့် ဖုံးထားသည်ကို တွေ့လိုက်ရသည်။ ပတ်တီးများက မံမီတစ်ကောင်လို မချည်နှောင်ထားလျှင်တောင် ထိုပတ်တီးများက အလွန်များပြားလှပေ၏။
‘‘သခင်စုန့် နိုးလာပြီလား တစ်နေရာရာမှာ အဆင်မပြေသလို ခံစားနေရလား ’’
‘‘ငါ့ခန္ဓာကိုယ်တစ်ခုလုံး အဆင်ပြေမနေဘူး ဘယ်မှာလဲ ငါ့ရဲ့ဦးလေး မြေသယ်ကားရဲ့ ယာဉ်မောင်းရော ဖမ်းမိပြီလား ’’
စုန့်ရှောင်ဖုန်း၏ ပထမအတွေးက မြေသယ်ကား၏ ယာဉ်မောင်းကို သတ်ရန် ဖြစ်သည်။
‘‘မဖမ်းမိရသေးဘူး ထရပ်ကားက ခိုးထားတဲ့ယာဉ် တစ်ယောက်ယောက်က ဒါရိုက်ဘာကို လွှတ်မြောက်အောင် ကူညီသွားတဲ့ပုံပဲ ’’
စုန့်ရှောင်ဖုန်းက ထိတ်လန့်သွားသည်။
‘‘သူတို့တွေက ငါ့ကို သတ်ဖို့ စီစဉ်ခဲ့တယ်လို့ ဆိုလိုတာလား ’’
နောက်လိုက်က ခေါင်းညိမ့်လိုက်သည်။ ကြိုတင်ပြင်ဆင်ထားခြင်း မရှိလျှင် မောင်းသူက မြေသယ်ကားကို ခိုးပြီး အခင်းဖြစ်ပွားရာနေရာက ဘယ်လိုလုပ် လွှတ်မြောက်သွားတာလဲ သူမလွှတ်မြောက်သေးခင် Landrover ကားကို ကျောက်စရစ်များတောင် ဖုံးထားခဲ့လိုက်သေး၏။ ထိုယာဉ်မောင်းက သူ့ကို အရှင်လက်လက် မြေမြုပ်ချင်တာလား ရှင်းရှင်းလင်းလင်း သိနိုင်ပေ၏။
နောက်လိုက်များက စုန့်လောင်စီကို ခေါ်ရန် ထွက်လာကြသည်။ စုန့်ရှောင်ဖုန်းသည် လက်တွေ့တွင် စံအိမ်တွင် ဖြစ်သည်။ စုန့်လောင်စုသည် အခန်းတစ်ခန်းကို ဆေးရုံ ပြောင်းလဲထား၏။ ထိုနေရာတွင် ဒေါက်တာများနှင့် သူနာပြု ဆရာမများလည်း ရှိသည်။
စုန့်လောင်စု အခန်းထဲ ဝင်လာသောအခါ စုန့်ရှောင်ဖုန်းက မတ်မတ်ထိုင်ရန် ကြိုးပမ်းလိုက်သည်။ သူက ချက်ချင်းပင် မေးလိုက်၏။
‘‘ဦးလေး ခြေကျိုးဝမ့် မဟုတ်လား ’’
စုန့်လောင်စုက သူ့ခေါင်းကို ခါကာ ပြောလိုက်သည်။
‘‘ငါမသေချာဘူး ဘာသက်သေမှ မရှိဘူး ကောလဟာလတွေ ပြောကြတာကတော့ အနောက်တိုင်း ပေါက်စီနဲ့ သူ့ညီအစ်ကိုတွေ လုပ်တာပဲ ဒါပေမဲ့ အနောက်တိုင်း ပေါက်စီက မင်းကိုသတ်ဖို့ အကြောင်းပြချက်မှ မရှိတာ များများစားစား အခုမပြောနဲ့တော့ ဆရာဝန်တွေမင်းကို အရင်စစ်ဆေးလိမ့်မယ်’’
စုန့်ရှောင်ဖုန်း၏ ဒဏ်ရာများက ပြင်းထန်ပုံ ပေါ်သော်လည်း တကယ်လက်တွေ့တွင် ထိုအနာများက မပြင်းထန်ပေ။ သူ့အနာ အများစုမှာ ပွန်းပဲ့ဒဏ်ရာများနှင့် သတိမေ့သွားပြီး သူ့တွင် ကျိုးပဲ့ဒဏ်ရာများတောင် မရှိပေ။ သူကောင်းကောင်း တွေးနိုင်သည်ကို မြင်ရပြီးနောက် သူက ကောင်းမွန်သည် ဖြစ်သည်။
‘‘သခင်ကြီးစီ သခင်လေးစုန့်နဲ့ ပတ်သတ်ပြီး မှားတာ ဘာမှမရှိပါဘူး။ သူနာပြုဆရာမက သူ့ရဲ့ အဝတ်အစားတွေကို လဲပေးပါမယ်။ ပြီးတော့ နောက်ထပ် ဆေးသွင်းဖို့လဲ မလိုပါဘူး ဆေးတိုက်ရုံပါပဲ ’’
ဆရာဝန်က စိတ်သက်သာရာ ရသွားသည်။ စုန့်ရှောင်ဖုန်း တစ်ခုခု မှားယွင်းလျှင် စုန့်လောင်စီက သူ့ကို ဤနေရာတွင် အရှင်လတ်လတ် မြုပ်ပစ်မည်ဟု ပြောခဲ့သည်။
စုန့်လောင်စီနှင့် ကျန်သည့်သူများက အခန်းအတွင်းမှ ထွက်လာကြသည်။ စုန့်ရှောင်ဖုန်း၏ အဝတ်အစားများကို လဲရန်အတွက် သူနာပြုဆရာမ တစ်ယောက်သာ ကျန်ခဲ့သည်။ ပတ်တီးများကို ဖြည်ပြီနောက် စုန့်ရှောင်ဖုန်းသည် ကိုယ်လုံးတီး ဖြစ်သွားသည်။
သူနာပြုဆရာမသည် အသံထွက်ခြင်း သို့မဟုတ် ခုခံခြင်းကို မလုပ်ရဲပေ။ သူအော်လိုက်ပါက ထိုနေ့က စံအိမ်တော်မှ သူမအတင်း နှင်ထုတ်ခံရမည့် နေ့ဖြစ်သည်ကို သူမသိပေ၏။
စုန့်ရှောင်ဖုန်းက ပျော်ရွှင်စွာ ပြုံးနေဆဲဖြစ်သည်။ ပြီးနောက် သူ့သွင်ပြင်က ချက်ချင်း ပြောင်းလဲသွား၏။
ဘာဖြစ်တာတုန်း အရင်က သူက မိန်းကလေးကို တွေ့သောအခါ ကြမ်းကြမ်းတမ်းတမ်း ပွတ်သီးပွတ်သပ် လုပ်သည်။ သို့သော် ယခုအခါတွင် သူမအား အချိန်ကြာမြင့်စွာ ထိသည့်တိုင်အောင် သူက မည်သည့်တုန့်ပြန်မှု့ကိုမှ မခံစားရသည်လား။
ထိုအရာဖြစ်သည်ကို သူမယုံကြည်နိုင် ဖြစ်နေသည်။ သူက သူနာပြု စကပ်ထဲကို သူ့လက်ကို ထည့်လိုက်ပြီး အတွင်းခံဆီ သူ့လက်ကို ထားလိုက်သည်။ သို့သော် သူက မည်သည့် တုန့်ပြန်မှု့ကိုမှ မခံစားရ။
‘‘သွား ဆရာဝန်ကို သွားခေါ်။ ’’
စုန့်ရှောင်ဖုန်းက အော်လိုက်သည်။
သူနာပြုဆရာမက ဆရာဝန်ကိုခေါ်ရန် ထွက်သွား၏။
‘‘သခင်လေးစုန့် ဘာဖြစ်လို့လဲ မင်းခန္ဓာကိုယ်မှာ တစ်ခုခု မှားနေတာ ရှိလို့လား ’’ ဆရာဝန်က အခန်းထဲကို အပြေးအလွှားဖြင့် လာပြီး စုန့်ရှောင်ဖုန်း ကုတင်ပေါ်တွင် ကိုယ်လုံးတီး ဖြစ်နေတာကို မြင်လိုက်ရသည်။ သူက အံ့သြမှု့ မရှိပေ။ အကြောင်းမှာ သူက သူနာပြုဆရာမလေးကို တစ်ခုခု လုပ်ပုံပေါ်သည်။ ယခု စုန့်ရှောင်ဖုန်းက သူမအား တစ်ခုခု လုပ်ခဲ့သည်မှာ သေချာ၏။
‘‘ဘာကြောင့် ငါတုန့်ပြန်မှု့ မရှိရတာလဲ ’’
‘‘ဘာလဲ ’’
ဆရာဝန်က စုန့်ရှောင်ဖုန်းက မေးခွန်းကို နားမလည်ပေ။ စုန့်ရှောင်ဖုန်းက သူနာပြုဆရာမကို လက်ယက်ခေါ်လိုက်ပြီး သူမက ခါးကိုကိုင်လျှက် လမ်းလျှောက်လာ၏။ စုန့်ရှောင်ဖုန်းက ဆွဲလိုက်တော့သည်။
ဆရာဝန်မျက်လုံး ပြုးကျယ်သွားပြီး သူက တစ်ခုခု ဖြစ်လာသည်ကို ခံစားလိုက်ရသည်။ သို့သော် သူက စုန့်ရှောင်ဖုန်းကို မြင်သည့်အခါ စုန့်ရှောင်ဖုန်းက သူ့ကို အေးတိအေးစက်ဖြင့် ကြည့်လိုက်ပြီး သူက ချက်ချင်းပင် အဝေးကို ကြည့်လိုက်သည်။ စုန့်ရှောင်ဖုန်းပြောသည့် မည်သည့် တုန့်ပြန်မှု့မှ မရသည့်အချက်ကို သူယခုတွင် နားလည်သွားပြီ ဖြစ်သည်။
‘‘သခင်လေးစုန့် တကယ်ပဲ တုန့်ပြန်မှု့ မရတာလား ’’
ဆရာဝန်က မေးလိုက်သည်။
‘‘မင်းကိုယ်တိုင် မြင်နေတာပဲ ’’
‘‘ဒါက မတော်တဆမှု့က ရတဲ့ ဒဏ်ရာမဟုတ်ဘူး အို ဟုတ်သားပဲ အဲ့ဒီမတော်တဆမှု့ ဖြစ်တဲ့အချိန်မှာ မင်းကားထဲမှာ ဘာလုပ်နေတာလဲ ’’
ဆရာဝန်က ချက်ချင်းပင် အတွေးတစ်ခု ပေါ်လာ၏။
မတော်တဆမှု့ ဖြစ်သည့်အချိန်တွင် သူ့ခေါင်းသည် မိန်းကလေး၏ ရင်ဘက်နှစ်ခုကြား ရောက်နေသည်ကို စုန့်ရှောင်ဖုန်း မှတ်မိသည်။ သူက ထိုအချိန်က သူ့ လိင်တံက တောင်နေ၏။ သို့သော် ကားတိုက်မှု့၏ ထိတ်လန့်မှု့ကြောင့် ချက်ချင်း ပျော့ခွေသွားသည်။
သူ မတောင်နိုင်ရသည့် အကြောင်းအရင်းများ ဖြစ်နိုင်မလား။ စုန့်ရှောင်ဖုန်း ပြောသည်ကို ကြားပြီးနောက် ဆရာဝန်က ထိုအရာက စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ကြောင်း မှတ်ချက် ပြုလိုက်သည်။ သူက စုန့်ရှောင်ဖုန်းကို အချို့သော လှုံ့ဆော်မှု့များနှင့် စမ်းကြည့်ရန်လည်း မေးခဲ့သည်။ အကယ်၍ ပြဿနာက ဆက်လက်ရှိနေပါက သူသည် အချို့သော တိုင်းရင်းဆေးများနှင့်လည်း စမ်းသပ်ကြည့်နိုင်သေးသည်။
‘‘အကုန်လုံး ဒီကထွက်သွားကြ ’’
သူအော်သံ ကြားသည့်အခါ စုန့်လောင်စီက တံခါးဖွင့်ပြီး ဝင်လာ၏။ သူက ဆရာဝန်ကို အေးစက်စက်ဖြင့် ကြည့်ကာ မေးလိုက်သည်။
‘‘ဘာမှားနေတာလဲ ’’
‘‘သခင်ကြီးစီ သခင်လေးစုန့်မှာ အချို့သော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နေတယ် ကျွန်တော် အကြံပြုတာက သူ့ကို ပေကျင်း သို့မဟုတ် ရှန်ဟိုင်းကို ကုသမှု့အတွက် ပို့သင့်တယ်လို့ ကျွန်တော်အကြံပြုတယ် တကယ်လို့ သခင်ကြီးစုန့်မှာ အဆက်အသွယ်ရှိရင် သူ့ကို ဟောင်ကောင်ပို့တာ အကောင်းဆုံး ဖြစ်လိမ့်မယ် ကျွန်တော် အဲ့ဒီအချက်ကလွဲပြီး ကျန်တဲ့အရာတွေ အားလုံးကို အကူအညီ ပေးနိုင်ပါတယ် ’’
ဆရာဝန်က ပြောလိုက်သည်။ စုန့်လောင်စီက စုန့်ရှောင်ဖုန်း ပေါင်ကြားရှိ ပျော့ခွေနေသည့် အသားကို ကြည့်လိုက်သည်။ ပြီးနောက် ဆရာဝန် ဘာပြောသလဲဆိုတာ နားလည်သွားသည်။ စုန့်မိသားစု၏ ကျန်ရှိသည့် တစ်ဦးတည်းသော ယောကျာ်းလေး မျိုးဆက်က ကုန်းကုန်း ဖြစ်သွားသည်လား။