အခန်း(၆၉)
သူဌေးလက်သစ်၏မျက်နှာ
စစ်ရေးလေ့ကျင့်မှု၏ ပထမနေ့ရက်တွင် ဖွင့်ပွဲပြီးနောက် ဖုန်းယွီသည် သူ၏ ဆေးစစ်ချက်ကို တင်ပြပြီး ခွင့်ယူလိုက်သည်။ သူက ဘယ်ညာဘယ်ညာကို တင်မည့်အစား ဘက်စကက်ဘော ကစားရန်သာ ရွေးချယ်မည် ဖြစ်သည်။
သို့သော် အုပ်ချုပ်သူကို လွယ်လွယ်နှင့် အရူးလုပ်ခွင့် မရပေ။
‘‘မင်းသင်တန်းကို မတက်နိုင်ဘူးလား။ ကိစ္စမရှိဘူး။ မင်း ဒီမှာပဲနေပြီးတော့ ကျန်တဲ့ ကျောင်းသားတွေရဲ့ ရေဘူးတွေကို စောင့်ကြည့်နေ။ မင်းအိမ်ကို ပြန်ချင်တာလား လုံးဝမဖြစ်နိုင်ဘူး။ ’’
ဝမ်တုန့်ကျွင်းက အလွန်ကံကောင်းသည်။ လက်ရှိတွင် သူက အိမ်တွင်သာ ဗီဒီယိုဂိမ်း ကစားနေပြီး သူ့အခြေအနေက အိမ်တွင်နေရန် ခွင့်ပြုသည်။ သူ့အတွက် ဆေးခွင့်ယူပေးသည့် သူက ဖုန်းယွီဖြစ်သည်။ သူက ယနေ့တွင် ကျောင်းကိုတောင် မလာရပေ။
လျိုခွင်းနှင့် ဖုန်းယွီက အတူထိုင်ပြီး စကားစမြည် ပြောနေ၏။ သူသည်လည်း အိမ်ကိုပြန်ခွင့် မရသည့်သူ ဖြစ်သည်။ သို့သော် ဖုန်းယွီနှင့် ထိပ်တန်းကျောင်းသားဖြစ်သည့် လျိုခွင်းတွင် ပြောစရာ စကား များများစားစား မရှိပေ။ တစ်ခဏကြာပြီးနောက် သူတို့တွေက ပြောစရာစကား မရှိတော့ပေ။
အခြား စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် သူများက သူတို့ကို ကြည့်သည့်အခါ သူတို့ မသက်မသာ ဖြစ်သွားစေ၏။ စီမံအုပ်ချုပ်သူက အရမ်းကြီး မတင်းကြပ်ပေ။ ထိုအရာက ဖုန်းယွီကို စိတ်ပျက်စေသည်။ စီမံအုပ်ချုပ်သူက စစ်ရေးတွင် ပါဝင်သည့်သူများကို အနားပေးပြီး သူတို့က ဘက်စကက်ဘောတောင် ကစားနိုင်သည်။ သို့သော် ဖုန်းယွီနှင့် လျိုခွင်က သူတို့နှင့် ပါဝင်ခွင့် မရပေ။
“ဟမ်း ကစားကွင်းက အက်ကြောင်း အရာတွေကြီးပဲ။ ဘက်စကက်ဘောရဲ့ အတားအဆီးတွေတောင်မှ အကုန်လုံး ပျက်စီးနေတာ ဒီနေရာမှာ ကစားတာ ဘယ်လိုလုပ် ကောင်းမှာလဲ”
ဖုန်းယွီက မကျေနပ်သည့်အလား ညဉ်းတွားသွားသည်။
‘‘ငါတို့တွေ ကံမကောင်းတာလို့ ငါခန့်မှန်းမိတယ်။ ငါတို့တွေ မူလတန်း အောင်တုန်းက ကျောင်းကပြန်လည် ပြုပြင်နေတယ်။ အလယ်တန်း ဂျုနီယာ အထက်တန်းကျောင်း ပြီးတဲ့အခါမှာလည်း ကျောင်းက အဆောက်ဦးအသစ်တွေဆောက် အားကစားခန်းမကို ပြန်လည် ပြုပြင်နေတယ်။ ငါတို့တွေ ကစားကွင်းသစ်နဲ့ ကစားချင်ရင် ဒီကနေ အောင်မြင်ပြီးမှပဲ ဖြစ်လိမ့်မယ်။ ’’
လျိုခွင်းက စိတ်ပျက် အားငယ်စွာဖြင့် ပြောနေ၏။ သူ၏ အရင်ဘဝတွင်တောင် လျိုခွင်းက ထိုအတိုင်း ပြောခဲ့သည်။ ထိုအရာက သူတို့အသုတ် ကျောင်းသားများအတွက် ဈေးမြို့တော်၏ ကူညီထောက်ပံ့ကြေးက မရတာ ဖြစ်ပုံပေါ်သည်။ သို့သော် ယခုတွင် ကွဲပြားခြားနားသည် ဖြစ်သည်။ ဖုန်းယွီက ချမ်းသာသည်။ ဘာကြောင့် ဘက်စကက်ဘော ကစားကွင်းအသစ်ကို မဆောက်ဘဲ နေမည်နည်း။
ထိုနေ့လည်တွင် ဒုကျောင်းအုပ်၏ ရုံခန်းတွင် ဧည့်သည်တစ်ယောက် ရောက်လာ၏။
“ရှောင်လီ အော်မဟုတ်ဘူး မင်းကို မစ္စတာလီလို့ ခေါ်သင့်တာ။ မင်းဖုန်းမှာပြောတဲ့ အကြောင်းအရာတွေက တကယ်ပြောနေတာလား။”
ဒုကျောင်းအုပ်က မေးလိုက်၏။
“ကျောင်းအုပ်စွန်း ကျွန်တော် အဲ့လိုမျိုးအရာတွေကို မလိမ်ပါဘူး။ ကျွန်တော်က ဒီကျောင်းအတွက်ကို ဘက်ဘစက်ဘောကွင်း အသစ်ကို တကယ်လှူဒါန်းချင်တာပါ။ ဘက်စကက်ကွင်း အဟောင်းကို ဖြိုပြီးတော့ အဲ့ဒီနေရာမှာပဲ အသစ်ကို ဆောက်မယ်။ ဘက်စကက်ဘောခြင်းတွေ အကုန်လုံးကို အသစ်တွေနဲ့ ပြန်အစားထိုးမယ်။ ကျွန်တော် အလုပ်သမားတွေနဲ့တောင် စာချုပ်ချုပ်ပြီးပြီ။’’
လီရှစ်ချင်က ထိုင်ကာ ပြောလိုက်၏။ မွန်းလွဲပိုင်း မရောက်သေးသည့် အချိန်တွင် သူသည် ဖုန်းယွီထံမှ ဘက်စကက်ဘောကစားကွင်း ပြန်တည်ဆောက်ချင်ကြောင်း သူ့ကို ဖုန်းဆက်ခဲ့သည်။ ဖုန်းယွီက ပိုက်ဆံက အဓိကမဟုတ်ဘူးလို့တောင် ပြောလိုက်သေး၏။ လီရှစ်ချင်က ပိုက်ဆံသည် ပြဿနာတစ်ခု မဟုတ်မှန်း နားလည်သည်။ သို့သော် ကျောင်းအုပ်ချုပ်သူအဖွဲ့ကို လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်က ယခုလက်ရှိ ပညာရေးစနစ်ကို အထောက်အပံ့ ပြုရန် ဖြစ်သည်။ သို့သော် ထိုလှူဒါန်းမှုက ဖုန်းယွီသည် ဘက်စကက်ဘော ကစားရတာ နှစ်ခြိုက်သည့်အတွက်ပင်။
လီရှစ်ချင်က ပတ်ဝန်းကျင်ကို မေးမြန်းလိုက်သည်။ အမှတ်သုံး အထက်တန်းကျောင်း၏ ဘက်စကက်ဘော ကစားကွင်းအသစ် ပြန်လည်တည်ဆောက်ခြင်းက ယွမ်(100,000)ခန့် ရှိပေသည်။ ထိုကုန်ကျငွေတွင် ကစားကွင်းအဟောင်း၊ ဘက်စကက်ဘောကွင်း အကာကို ဖြိုဖျက်ခြင်းနှင့် ဆောက်လုပ်ရေး အသုံးအဆောင်ပစ္စည်းများ အလုပ်သမား၏ လုပ်ခလစာများ ပါဝင်သည်။ ယောက်ဖလောင်း၏ စကားတစ်ခွန်းဖြင့်ပင် ယွမ်(100,000)က သုံးစွဲပြီးဖြစ်သည်။ သို့သော် ထိုအရာများ အားလုံးက ဖုန်းယွီ၏ ပိုက်ဆံဖြစ်သည်။ ထိုပိုက်ဆံများကို သူကိုယ်တိုင် ရှာထားတာပင် ဖြစ်၏။
ကျောင်းအုပ်စွန်းက လီရှစ်ချင်ကို ကျေးဇူးတင်နေသည်။ ပြီးနောက် သူက လီရှစ်ချင်ပြောသည့် ကျောင်းသားသုံးယောက်ကို ကောင်းကောင်းဂရုစိုက်မည်ဟု ကတိပင် ပေးလိုက်သည်။ ထိုကျောင်းသားသုံးယောက်သည် အနာဂတ်တွင် တက္ကသိုလ်သွားရာတွင် မည်သည့် ပြဿနာမှ ကြုံရတော့မည် မဟုတ်ပေ။
အချက်အချို့က ဒုကျောင်းအုပ်ကို စိတ်မကောင်း ဖြစ်သွားစေသည်။ လီရှစ်ချင်သည် အလုပ်သမားများကို စာချုပ်ချုပ်ပြီး ဖြစ်သည်။ အကယ်၍ အလုပ်သမားများသာ စာချုပ် မချုပ်ရသေးလျှင်…..
ထိုညတွင် လီရှစ်ချင်က ဖုန်းယွီကို ဒုကျောင်းအုပ်နှင့် စကားပြောပြီးဖြစ်ကြောင်းနှင့် ဆောက်လုပ်ခြင်းက နောက်တစ်ပတ်တွင် စတင်မည်ဖြစ်ကြောင်း ပြောသည်။ စုစုပေါင်း ကုန်ကျငွေက ယွမ်(100,000)ပင် ဖြစ်၏။
“သက်သာလှချေလား ’’
“အစ်ကိုလီ အစ်ကိုဘယ်လိုများ တွက်လိုက်တာတုန်း။ ယွမ်(100,000)က လောက်ရဲ့လား။ ’’ ဖုန်းယွီက မေးလိုက်သည်။
‘‘ယွမ်(100,000)ကို ဈေးပေါတယ်လို့ မင်းတွေးနေတာလား။ ငါကတော့ အဲ့ဒါကို ဈေးအရမ်းကြီးတယ်လို့ ထင်တယ်။ဘိလပ်မြေအလွှာကို ဖျက်ဆီးပြီးတော့ အဲ့ဒီအပေါ်ကို ဘိလပ်မြေ လောင်းရုံပဲ။ ဘက်စကက်ဘော အကာအရံတွေကို ပြောင်းပြီးတော့ အဟောင်းတွေကို ရောင်း…. ’’
လီရှစ်ချင်က ပြန်ပြောလိုက်သည်။
‘‘ခဏလေး အစ်ကိုလီ ဘာကြောင့် ဘက်စကက်ဘောကွင်း အဟောင်းရဲ့ အကာတွေကို ရောင်းမှာလဲ။ အဲ့ဒါတွေကို ကျောင်းကို ပေးလို့ရတယ်မလား။ ကျွန်တော်တို့တွေက ဒီပိုက်ဆံ နည်းနည်းလေးကို လိုတာမှမဟုတ်တာ။ ပြီးတော့ ကျွန်တော်တို့တွေ ဘက်စကက်ဘောကွင်း အကာတွေကို အကောင်းဆုံး သုံးနိုင်တယ်။ ပြီးတော့ ဘက်စကက်ဘောကွင်းအချို့ ဘောလုံးကွင်းအချို့ အစရှိတဲ့ အကုန်လုံး အရာအားလုံးက အကောင်းဆုံးပဲ ဖြစ်ရမယ်။ တစ်ချိန်တည်းမှာ ဘောလီဘောကစားကွင်းကိုလည်း ပြန်ပြီး ပြုပြင်ရမယ်။’’
ဖုန်းယွီက ပြောလိုက်၏။ လီရှစ်ချင်က ဖုန်းယွီ၏ သူဌေးလက်သစ် အသွင်အပြင် ဖြစ်နေသည့် ဖုန်းယွီကို ကြည့်လိုက်ပြီး ပြောလိုက်၏။ ‘
“ငါတို့တွေ ပြေးလမ်းကိုပြောင်းလိုက် ရင်ရော ဘယ်လိုလဲ။ အဲ့ဒါလည်း ဈေးအများကြီး မကုန်ပါဘူး။ ယွမ်(100,000)လောက်ပါပဲ။ ငါတို့တွေ ဘောလုံးကွင်းက မြက်တွေလည်း Change လိုက်လို့ ရသေးတယ်နော်။ ငါတို့တွေ အဲ့ဒါတွေအတွက်လည်း အားကစားကွင်းတွေ လုပ်လို့ရသေးတယ်။ မင်းလိုချင်တဲ့ အရာတွေနဲ့ဆိုရင် ယွမ်တစ်သန်းတောင် ကုန်မယ်လို့ မထင်ဘူး။ ’’
ဖုန်းယွီက လန့်သွား၏။ ထို့နောက် သူကမေးလိုက်သည်။
‘‘ဘာ အဲ့ဒါတွေအကုန်လုံးတောင်မှ ယွမ်တစ်သန်းလောက်ဘဲလား။ ’’
‘‘အဲ့ဒါဆို မင်းဘာတွေ တွေးနေတာလဲ။ နိုင်လွန်ကတ္တရာက အရမ်းဈေးကြီးတယ်။ ပြီးတော့ ဈေးအချိုဆုံးနဲ့ ဈေးအကြီးဆုံး ဘက်စကက်ဘော အကာတွေက အဆပေါင်းများစွာ ကွာခြားတယ်။ မင်းက အဲ့ဒီကျောင်းမှာ သုံးနှစ်ပဲ တက်ရမှာ။ အဲ့ဒါတွေကို လုပ်အုံးမှာ အဲ့ဒီပိုက်ဆံတွေနဲ့ဆိုရင် ငါတို့တွေ ကျေးလက်မှာရှိတဲ့ ကျောင်းတွေကိုတောင် လှူနိုင်သေးတယ်။ ကျေးလက်မှာ ပိုက်ဆံမတက်နိုင်လို့ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ အများကြီး ရှိတယ်။ ’’
လီရှစ်ချင်က ပြောလိုက်သည်။
ဖုန်းယွီက ခေါင်းညိမ့်လိုက်သည်။ သူအရင်ဘဝက သူမသေခင်တောင် ကျေးလက်တွင် အလွန်ဆင်းရဲသည့် ကလေးငယ်များ ရှိပြီး သူတို့က ပညာသင်ကြားခွင့်ကိုတောင် မရကြပေ။
“အစ်ကိုမှာ အဲ့လိုအကြံရှိနေတာ ကျွန်တော်တို့ အစ်ကိုအကြံအတိုင်း လုပ်ကြမယ်လေ။ ကျွန်တော်တို့တွေ ပြေးလမ်းအသစ် ဒါမှမဟုတ် တစ်ခုခုကို လှူကြမယ်။ နောက်နှစ်နှစ်နေရင်ပေါ့။ ကျေးလက်မှာရှိတဲ့ကျောင်းတွေကို လှူဒါန်းဖို့အတွက်က ရွာကျောင်းတစ်ကျောင်းအတွက် ယွမ်(500,000)ဆိုတာ လွတ်လပ်တယ်။ ကျွန်တော်တို့ ဒီနှစ်မှာ စလှူကြမယ်။ ဒီနှစ် ကျွန်တော်တို့တွေ ကျောင်းနှစ်ကျောင်းကို လှူမယ်။ နောက်နှစ်ကျရင် သုံးကျောင်းကနေ လေးကျောင်း နောက်နှစ်တွေ နှစ်တွေကျရင် ကျွန်တော်တို့တွေ တစ်နှစ်ကို ဆယ်ကျောင်းလှူမယ်။ ပြီးရင် ကျွန်တော်တို့တွေက ရှောဖောင်ဒေးရှင်းကိုတောင် ကျော်တက်သွားပြီးတော့ တရုတ်ပြည်မှာ နံပါတ်တစ် ပညာရေး အလှူလုပ်သူ ဖြစ်လာမယ်။ ’’
ဖုန်းယွီက သူပြောလိုက်သည့် အချိန်တွင် စိတ်လှုပ်ရှားလာသည်။ ဖုန်းယွီသည် သူပြောနေရင်း စိတ်လှုပ်ရှားလာသည်။ ထိုအရာက သူရှေ့ဆက် ဘာလုပ်ရမည်ကို လမ်းညွှန်ပြလိုက်သည့်အလား မြင်လိုက်ခြင်းပင် ဖြစ်သည်။ သူက အသက်သုံးဆယ်အရွယ်တွင် အနားမယူနိုင်လျှင်တောင် အကြွေးတစ်ပြားမှ ရှိမည်မဟုတ်။ သူ၏ဘဝက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမည်ပင်။
လီရှစ်ချင်က သူ့လက်ကို ဆွဲထုတ်လိုက်ပြီး ဖုန်းယွီ၏ နဖူးကို ထိလိုက်၏။
“မင်းနေမကောင်း မဖြစ်ပါဘူး။ အဓိပ္ပာယ်မရှိ ပြောတာတွေကို ရပ်လိုက်တော့။ တစ်ကျောင်းနှစ်ကျောင်း လှူဒါန်းတာက ကိစ္စမရှိဘူး။ မင်းက တစ်နှစ်ကို နှစ်တိုင်းနှစ်တိုင်း ဆယ်ကျောင်း လှူချင်တာလား။ မင်းရဲ့ ခန့်မှန်းတွက်ချက်မှုအရဆိုရင် နှစ်တိုင်း ငါးမီလီယံ ကုန်လိမ့်မယ်။ ငါတို့ကုမ္မဏီတစ်ခုထဲနဲ့ဆိုရင် ငါတို့တွေ နောက်ထပ်ငါးနှစ်တောင် ခံမယ်လို့ မင်းတွေးနေတာလား။”
ဖုန်းယွီက အထက်ကျောင်း တက်နေဆဲ ကျောင်းသားတစ်ယောက် ဖြစ်သည်။ သူသည် ပိုက်ဆံများ ရလျှင်တောင် သူ့အတွက် စုဆောင်းဖို့ရာ မရှိပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူက အခြားသူများ တစ်သက်စာလုပ်စာကို ဖြုန်းခဲ့သည်။
ဖုန်းယွီက လီရှစ်ချင်ကို မနှစ်မြို့သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“တရုတ်နှစ်သစ်ကူးတုန်းက ကျွန်တော် ငွေတိုက်စာချုပ်တွေက ကျွန်တော်တို့ကို အမြတ်များများ ရစေမယ်လို့ ပြောခဲ့တယ်။ ပြီးတော့ အစ်ကိုက အဲ့ဒါပြောတာ အဓိပ္ပာယ်မရှိဘူးလို့ ပြောခဲ့တယ်။ လအနည်းငယ် ကြာပြီးနောက် ကျွန်တော် ကုမ္မဏီတစ်ခုကို ထောင်ပြီးတော့ ငွေတွေရမယ်ဆိုတဲ့ အကြောင်းကို ပြောခဲ့တယ်။ ပြီးတော့ အစ်ကိုက ကျွန်တော့်ကို မယုံပြန်ဘူး။ နောက်ထပ် နှစ်လကြာတော့ လျှပ်စစ်ပလက်စတစ် ပန်ကာတွေကို ထုတ်လုပ်ပြီး ကျွန်တော်တို့ ချမ်းသာမယ်လို့ ပြောခဲ့တယ်။ အစ်ကိုအတွေးက အဲ့ဒီပန်ကာတွေက ကျွန်တော်တို့ရဲ့ သိုလှောင်ရုံမှာပဲ ပျက်စီးသွားမယ်လို့ တွေးခဲ့တယ်။ လွန်ခဲ့တဲ့ လတုန်းက ကျွန်တော် တစ်ပတ်ရစ် ကားတွေကနေပြီးတော့ ငွေရမယ့်အကြောင်း ပြောခဲ့တယ်။ ပြီးတော့ အစ်ကိုတွေးတာက ဒီကားတွေ အရမ်းဈေးကြီးနေရင် ဝယ်မှာမဟုတ်ဘူး။ လူတွေဝယ်မှာ မဟုတ်ဘူးလို့ တွေးခဲ့တယ်။ ပြီးတော့ … ”
“ကောင်းပြီ။ တော်တော့ သွားတော့ သွားတော့ မင်းပြောတာ မှန်တယ်။ ”
လီရှစ်ချင်က ဖုန်းယွီပြောတာကို ဖြည့်ပြောလိုက်ပြီး တစ်ချိန်ထဲတွင် သူ့မျက်စိက တောက်ပသွားကာ
“နောက်ခဏကြာရင် တစ်ပတ်ရစ်ကားတွေ ထပ်မရောက်တော့ဘူးလို့ မင်းပြောခဲ့တယ်မလား။ ပုံမှန်တစ်ပတ်ရစ်ကားတွေရဲ့ အမြတ်က အရမ်းနည်းနေပြီ ဆိုတာကိုလည်း မင်းတွေးထားသင့်တယ်။ ငါတို့နောက်ထပ် စီးပွားရေးလုပ်ဖို့ မင်းမှာ ဘာအကြံတွေ ရှိသေးတာလဲ။ ”
“ကျွန်တော် ဘာမှတော့ မတွေးသေးပါဘူး။ ဒါပေမဲ့ စိတ်မပူနဲ့ နောက်နှစ်ဒီအချိန်ကျရင် ကျွန်တော်တို့တွေ ပိုက်ဆံအလုံးအရင်းကြီး ရလိမ့်မယ်။ ”
ဖုန်းယွီက ပြန်ပြောလိုက်သည်။
ဖုန်းယွီ၏ တွက်ချက်မှုအရ နောက်တစ်သုတ် တစ်ပတ်ရစ်ကားများသည် ယခုနှစ်ကုန်ပိုင်းတွင်း အားလုံး ရောင်းချပြီးမှာပင် ဖြစ်သည်။ သို့သော် ထိုကားအသုတ်များက သူ့ကို ယွမ်ဆယ်သန်း အမြတ် ရယူပေးခဲ့သည်။ လွန်ခဲ့သည့်အသုတ်က တစ်ပတ်ရစ်ကား ရောင်းချငွေ၏ အမြတ်ငါးသန်း၊ လျှပ်စစ်ပန်ကာ၏ ရောင်းအားနှင့် ကီရီလန်ကိုနှင့် ကုန်သွယ်မှုမှ ရရှိသည့် ပိုက်ဆံပမာဏက သူ့ကို နောက်နှစ်တွင် ယွမ်သန်းနှစ်ဆယ်ခန့် ရမည်ပင်။
ဤယွမ်နှစ်ဆယ်နှင့် သူသည် တစ်နှစ်အတွင်း ယွမ်သန်းနှစ်ရာဖြစ်အောင် ပြောင်းလဲနိုင်စွမ်း ရှိသည်။ ထိုအရာဖြစ်ပါက သူသည် ကျောင်းများကိုသာ လှူဒါန်းရုံနိုင်သာမက သူ့၏ သူ့အမကို ဆေးရုံဆောက်ပေးမည့် သူ့ကတိကိုလည်း ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သည်။
ဖုန်းယွီသည် လီရှစ်ချင်ကို စတော့ဈေးကွက်အကြောင်း မပြောရသေးပေ။ ယခု တရုတ်ပြည်တွင် စတော့ လဲလှယ်မှုလည်း မရှိသေးပေ။ စတော့နှင့် ငွေတိုက်စာချုပ်က ဘဏ်များတွင်သာ ထုတ်ရောင်းကြတာ သို့မဟုတ် ဘဏ်ခွဲများတွင်သာ ရောင်းချခြင်းသာ ဖြစ်သည်။ စတော့ရောင်းဝယ်ခြင်းက အသစ် စတင်လုပ်ကိုင်သူများ အတွက်တော့ အခက်အခဲ ရှိပေမည်။ ထိုအရာက ငွေတိုက်စာချုပ်ထက် စာလျှင် ပိုတောင် ခက်ခဲနေသေး၏။
သူက ခဏကျော်ကျော်ကြာ စောင့်ဆိုင်းရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ပေါ်လစီအသစ် မကြေညာရသေးသမျှ သူက ရှယ်ယာများကို ဝယ်နိုင်မည်ပင်။ ယခုအချိန်တွင်မူ သူက စုန်းရှောင်ဖုန်းကို ဘယ်လိုလုပ်ရမည် ဆိုတာကိုသာ စဉ်းစားရမည် ဖြစ်သည်။
စာရေးဆရာမှတ်ချက်-နောက်ထပ် ဈေးကွက်တွင် ဆိုဖီယက် ပြည်ထောင်စုနှင့် ကုန်သွယ်ရေး ပါဝင်လိမ့်မည်။