ERSY အခန်း ၁၇၅

အခန်း ၁၇၅ ။ အစားထိုးဇာတ်လိုက်မင်းသမီး

သူတို့အနားယူချိန်အတွက် တောင်ထွတ်ဆီ ပြန်ရောက်လာပြီးတဲ့နောက် ကူယွဲ့က ရှန်းရင်ကို အိမ်ထဲ ချက်ချင်းဆွဲသွင်းလိုက်တယ်။ သူက အရင်ကထက်တောင် ပိုပြီးလေးနက်နေတယ်။

“ငါကို့ပြော အဲဒီလက်ဖက်စိမ်း… ဟွေ့လင်နဲ့ပတ်သက်ပြီး ဘာထင်လဲ”

“ဘာလဲ” ရှန်းရင် အူကြောင်ကြောင်ဖြစ်နေတယ်။

“ဘာထင်စရာရှိလို့လဲ”

“တစ်ခုခုထူးဆန်းနေတာရှိတယ်လို့ မခံစားရဘူးလား၊ သူက ချန်ကောတပည့်၊ အောက်ဘုံကလာတာ၊ ချန်ကောက အမြဲသူလိုချင်တာ လုပ်ခွင့်ပေးတဲ့ပုံစံရော၊ သူက သူမကို တခြားတပည့်တွေနဲ့ တခြားစီ ဆက်ဆံတယ်လေ” ဒါက တပည့်တစ်ယောက်ကို ဆက်ဆံတဲ့ပုံလုံးဝမဟုတ်ဘူး။

“နင်ပြောနေတာက…” မျက်စိတစ်ဖက်မှိတ်ပြပြီး ရှန်းရင်က အတည်ပေါက်ကြီးဖြေလာတယ်။

“သူတို့က ချစ်သူတွေပေါ့”

ကူယွဲ့ ။ ။ “…”

ယိချင်း ။ ။ “…”

နည်းနည်း စကားကြမ်းပေမဲ့… ပြောရရင်တော့ အဲလိုပဲပေါ့။

“မင်း သူ့ကို ရင်းနှီးနေတယ်မထင်ဘူးလား” ကူယွဲ့က နည်းနည်းစိတ်ပူပန်စွာနဲ့ မေးလိုက်တယ်။

“သူက ဇာတ်လိုက်မင်းသမီးရဲ့ ဇာတ်ကောင်ဖွဲ့စည်းပုံဆိုတာ မသိသာဘူးလား”

ဒီလိုစဉ်းစားရင်… သူမနဲ့တကယ်ကိုဆင်တာ။

“ရွှမ်ထုံက ကျွန်တော်တို့ဂိုဏ်းထဲမှာပဲမဟုတ်လား” ယိချင်းက ‌မျက်မှောင်ကြုတ်မေးလာတယ်။

“ဟုတ်တယ် အဲဒါကြောင့် ငါထူးဆန်းနေတာ” ကူယွဲ့ သုန်မှုန်စွာ ရှင်းပြလိုက်တယ်။

“တကယ်ဆို ရွှမ်ထုံက ဇာတ်လိုက်မင်းသမီး၊ ဟွေ့လင်လို့ခေါ်တဲ့သူက နဂိုဇာတ်လမ်းထဲ လုံးဝပေါ်မလာခဲ့ဘူး၊ ပြီးတော့ ငါစုဆောင်းခဲ့ရသလောက်ဆို ဒီလူ့ကို ချန်ကောက လွန်ခဲ့တဲ့လေးနှစ်က ကောင်းကင်အလွန်မှကောင်းကင်များဆီ ခေါ်လာခဲ့တာ၊ ရှန်းရင် ရွှမ်ထုံ့ကို‌ ပြန်ခေါ်လာချိန်နဲ့ တစ်ချိန်တည်းပဲ၊ ပြီးတော့ ဒီဟွေ့လင်က မူလဇာတ်လမ်းက ဇာတ်လိုက်မင်းသမီးနဲ့ ဇာတ်ကောင်ချင်း မတူတာကလွဲရင် ချန်ကော သူ့ကို တပည့်အဖြစ် လက်ခံပုံနဲ့ ဆက်ဆံတဲ့နည်းလမ်းပုံစံက ဇာတ်လိုက်မင်းသမီးအပိုင်းနဲ့ ကွက်တိပဲ၊ အတိအကျကို… ဇာတ်လိုက်မင်းသမီး ပြောင်းသွားတဲ့အတိုင်းပဲ”

ဒါက သူတို့ ကြားဝင်မှုကြောင့် ဇာတ်ညွှန်းသွေဖည်သွားတာလို့ မှန်းဆမိစေတယ်။ ဇာတ်လိုက်မင်းသမီးက ပျောက်သွားတော့ ဇာတ်ညွှန်က တခြားဇာတ်လိုင်မင်းသမီးနဲ့ အစားထိုးပြီး အလိုလိုပြင်လိုက်တာလား။

“ခင်ဗျားပြောတာက… ဟွေ့လင်က ရွှမ်ထုံရဲ့ ဇာတ်ကောင်အစားထိုးလား၊ ဒါပေမဲ့ ရွှမ်ထုံက သူ့စိတ်နတ်ဆိုးကနေ ဖြစ်တည်တာလေ၊ ဒါကြောင့် ချန်ကော သူမကို မမှတ်မိဘူးဆိုတာ မဖြစ်နိုင်ဘူးမလား”

“ချန်ကောက လူမှားတယ်လို့ ငါမဆိုလိုဘူး၊ ဖြစ်နိုင်တာက သူက ဇာတ်လမ်းထဲက ရွှမ်ထုံ့နေရာအတွက် အစားထိုးသက်သက်ပဲ” အဲရွှမ်ထုံဆိုတဲ့ ကလေးမက ဝတ္ထုထဲမှာ တကယ့်ကို ဂြိုဟ်ဆိုး။ သူမကိုယ်က ကိုနန် ဝင်ပူးထားတဲ့အတိုင်းပဲ။

[ကိုနန် – ဂျပန်animeမှဇာတ်ကောင်]

ကူယွဲ့ စဉ်းစားလေ ဒါကဖြစ်နိုင်ခြေ ပိုများ‌လာလေပဲ။ သူ့ဘေးကလူကို တံတောင်နဲ့ တွတ်ပြီး မေးလိုက်တယ်။

“ဘယ်လိုထင်လဲ၊ တစ်ခုခုပြောဦး”

“အာ ငါထင်တာတော့…” ရှန်းရင်က ပျင်းတိပျင်းရွဲဖြေလာတယ်။

“အဲဒီ… ငါးဆားနယ်ကောင်လေးက ဂျပုလေးနဲ့ ချစ်ကြိုက်ဖို့ အခွင့်အရေးမရှိတော့ သူ့အာရုံကို နောက်ထပ်မိန်းကလေးတစ်ယောက်ဆီ ပြောင်းလိုက်တာပဲ၊ ဒါက အတော်လေးပုံမှန်ကျပါတယ်” သူ့ကို တစ်ဘဝလုံး တစ်ကိုယ်တည်းနေခိုင်းလို့မဖြစ်ဘူးလေ။

“တကယ်လို့ သူကြိုက်တဲ့ မိန်းကလေးက နည်းနည်း စိတ်ပျက်… ဘာမှမမှားပါဘူးလေ၊ နင်တို့တွေ သူ့ကို တစ်ဖက်သတ်မမုန်းသင့်ဘူး”

“…” မင်း သူ့ကိုစိတ်ပျက်စရာလို့ ပြောတော့မှာ မဟုတ်လား။ ဘယ်သူက တစ်ဖက်သတ်မုန်းနေတဲ့သူလဲ။

မျက်မှောင်ကြုတ်ပြီး ကူယွဲ့ပြောလိုက်တယ်။

“မင်းဆိုလိုတာက ဇာတ်ညွှန်းထဲ မှားနေတာ ဘာမှမရှိဘူးပေါ့” သူပဲအတွေးလွန်နေမိတာလား။

“မှားနေတာတော့ ရှိတယ်” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။ တစ်ခဏစဉ်းစားနေပြီးတော့ သူမက ထပ်ပြောလာတယ်။

“ငါတို့ အောက်ဘုံမှာ ရှိနေတဲ့အချိန်တည်းကပဲ”

အဲတည်းက အားလုံးမှားသွားတာ။

ယိချင်း ။ ။ “…”

ကူယွဲ့ ။ ။ “…”

“ဟိုလီရှစ် မင်းဘာ‌ဆိုလိုတာလဲ၊ တစ်ခါတည်းပြောလို့မရဘူးလား”

“စားဖိုမှူးလေ” ရှန်းရင်က ယိချင်းကို လက်ညှိုးထိုးပြလိုက်တယ်။

နှစ်ယောက်သား ကြောင်အမ်းနေမိတယ်။

တစ်အောင့်နေတော့ ကူယွဲ့က တစ်စုံတစ်ရာကို တွေးမိသွားတယ်။

“မင်းဆိုလိုတာက… ဇာတ်ညွှန်းက ယိချင်း ဇာတ်လမ်းထဲဝင်လာချိန်တည်းက စသွေဖည်လာတာလား”

“ဟုတ်တယ်”

ကူယွဲ့ ဇာတ်ညွှန်းထဲက ဇာတ်ကောင်နှစ်ယောက်အကြောင်း ပြန်စဉ်းစားနေမိတယ်။ ယိချင်းနဲ့ ပိုင်ဇယ်။

ယိချင်းက ဇာတ်လမ်းအဆုံးမှာ ပေါ်လာတဲ့ ဓားအမတဇာတ်ကောင်။ အောက်ဘုံက လေလွင့်အမတစ်ယောက်အနေနဲ့ အမတဘုံဆီတက်လှမ်းဖို့က သူ့အတွက် အရမ်းကိုခက်ခဲခဲ့မှာ။ ဒါပေမဲ့ ရှန်းရင်ကြောင့် သူ့ကျင့်ကြံဆင့်ကို အများကြီးမြှင့်တင်ပေးတဲ့ ဉာဏ်အလင်းပွင့်မှုတွေရခဲ့လို့ တက်လှမ်းတဲ့အဆင့်ထိ ရောက်သွားခဲ့တာပဲ။

ဒါပေမဲ့ အဲဒီအချိန်တုန်းက ထျန်းလန်လောကက ချင်းထုံအမတဘုံဗိမာန် ထိန်းချုပ်တာခံရဆဲ။ နဂိုဇာတ်ညွှန်းမှာ သူတက်လှမ်းချင်ရင် ချင်းထုံအုပ်စုနဲ့ တိုက်ပွဲကြီးဆင်နွှဲရပြီး အရမ်းကိုရှည်ကြာတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်မှာ။

ပိုင်ဇယ်အတွက်တော့…။

အရင်က ပိထောင်ပြောခဲ့တဲ့စကားအရ ကောင်းကင်မျိုးနွယ်တည်ရှိမှုကို အာရုံခံမိတာကြောင့် လောကကြီးကို သုတ်သင်ဖို့ အချိန်နောက်ဆုတ်ခဲ့တာတဲ့။ ပိုင်ဇယ်က သေချာပေါက် ဒီကောင်းကင်မျိုးနွယ်ဝင်ပဲ။ ပိုင်ဇယ်က ကောင်းကင်လောကဆီ ရှန်းရင်ပြန်ပို့တာ ခံလိုက်ရတာမို့ လူဆိုးတွေက သုတ်သင်ရေးအစီအစဉ်ကို စတင်ခဲ့တယ်။

ဒါကြောင့် စာအုပ်ထဲ မပြောထားတဲ့ ဇာတ်ကြောင်းက ယိချင်းက အထက်ဘုံဆီ မတက်လှမ်းခင် ပိုင်ဇယ်နဲ့အတူတူ ချင်းထုံအမတဘုံဗိမာန်ရဲ့ အကောက်ကြံမှုအစီအစဉ်ကို ဖျက်ဆီးခဲ့တာပဲနေလိမ့်မယ်။

တစ်နည်းပြောရရင်တော့ ဇာတ်ညွှန်းက ဟိုးအစတည်းကနေ အမြန်ရှေ့ကိုသွားနေတာ။

တက်လှမ်းပြီးတဲ့နောက်မှာ ယိချင်းက ရှန်းရင်တပည့်အနေနဲ့ သူတပည့်သင်ကာလ မပြီးမချင်း တပည့်ထားလို့မရဘူး။ ဒါကြောင့် ဆိုလိုတာက သူနဲ့ ဇာတ်လိုက်မင်းသားနဉ်ဇီအန်းရဲ့ ဆရာတပည့်ဆက်ဆံရေးက ပျက်စီးသွားတယ်။ ဇာတ်လိုက်မင်းသားတစ်ယောက်ဆိုတာ အင်အားမကြီးရင် ဇာတ်လိုက်မင်းသားလို့ ခေါ်လို့မရဘူး။

ဒါပေမဲ့ သူတို့က နဉ်ဇီအန်းနဲ့ ဆုံပြီးပြီ။ သူတို့က သူ့ရဲ့ဓားချီရောဂါကို ကုသပေးခဲ့ရုံတင်မက စိတ်နတ်ဆိုးတွေကိုပါ ကူရှင်းပေးခဲ့တယ်။ ဒါက သူ့ကို ဧကရာဇ်အဖြစ်နဂိုဇာတ်ကောင်နေရာ‌ဆီ ပြန်ရောက်သွားစေတယ်။ သေချာပေါက် ယိချင်းတပည့်ဖြစ်ဖို့မလိုတော့ဘူးပေါ့။

ဒါတွေအားလုံးက တိုက်ဆိုင်မှုလို့ ထင်ရပေမဲ့ ဆက်ပြီးတွေးကြည့်ရင် တကယ်ပဲ ဇာတ်ညွှန်းက သူ့ဘာသာပြန်ပြင်ဆင်နေတာနဲ့တူတယ်။

ယိချင်းရဲ့ ဉာဏ်အလင်း‌ပွင့်မှုတွေကြောင့် နဂိုဇာတ်ညွှန်းထက် စောစီးပြီး တက်လှမ်းမှုကို ပြီးမြောက်ခဲ့တယ်။ ဒါကြောင့် အဓိကဇာတ်လိုက်လည်း စောစောပေါ်လာတယ်။

ယိချင်းက တပည့်အဖြစ် လက်မခံတာမို့ ဇာတ်လိုက်ရဲ့ကျင့်ကြံဆင့်ကို အပြည့်အဝပြန်ရပြီး အဆင့်မြင့်ဆုံး ဧကရာဇ်ဖြစ်လာခဲ့တယ်။

ရှန်းရင်က နဂိုဇာတ်လိုက်မင်းသမီးကို လုယူသွားတော့ ဟွေ့လင်က ဇာတ်လိုက်မင်းသမီးအသစ်နေရာကို ယူဖို့ ပေါ်လာတယ်။

ဖြစ်ပျက်သမျှက ဇာတ်ညွှန်းနဲ့ ကွဲသွားပေမဲ့ အလှည့်အပြောင်းတွေ အများကြီးအပြီးမှာ အားလုံးက ဇာတ်ကြောင်းနောက် ပြန်လိုက်သွားတဲ့ပုံ။

ကြည့်ရတာ မမြင်ရတဲ့လက်ကြီးတစ်ခုက ဘာတွေဖြစ်နေလဲ ဘယ်သူမှမသိခင် အဖြစ်အပျက်တွေကို တိတ်တဆိတ် လမ်းညွှန်နေတဲ့အတိုင်းပဲ။ တစ်ခုခုကို ဖာထေးသလိုမျိုးပဲ – အက်ကွဲနေတဲ့ ထောင့်တစ်နေရာရှိနေရင် အဲဒီထောင့်ကို ဖာတယ်။ နည်းလမ်းမျိုးစုံကိုသုံးပြီး ဇာတ်ကြောင်းကို ဆက်ပြေးအောင်လုပ်နေတာပဲ။

ကူယွဲ့က စိတ်ညစ်သွားတယ်။ ရှန်းရင်ကို ကြည့်ပြီး သူမေးလိုက်တယ်။

“မင်းဘယ်တုန်းက ဒါကိုနားလည်သွားတာလဲ” သူက ဇာတ်ကြောင်းနဲ့ အရင်းနှီးဆုံးဆိုပေမဲ့ ဇာတ်ကြောင်းအပြောင်းအလဲတွေကို သတိမထားမိခဲ့ဘူး။

ရှန်းရင် တစ်ခဏတွေးပြီး ဖြေလိုက်တယ်။

“နတ်ဆိုးဘုံတံခါး ပိတ်သွားတဲ့အချိန် ထင်တယ်”

“အဲတံခါးကို… နတ်ဆိုးမျိုးနွယ်က ပိတ်တာမဟုတ်ဘူးလား” ကူယွဲ့ အံ့ဩသွားတယ်။ သူတစ်လျှောက်လုံး အထဲက နတ်ဆိုးတွေက ရှန်းရင်ထုထောင်းတာခံရတာ ကြောက်လို့ တံခါးတွေကို ပိတ်ပစ်ခဲ့တယ်ထင်နေခဲ့တာ။

အခုတွေးကြည့်တော့မှ နတ်ဆိုးဘုံက ဇာတ်လိုက်နှစ်ယောက် နောက်ဆုံးဇာတ်ဝင်ခန်းနေရာမို့ အဲလောက်မြန်မြန် အပြီးသတ်သွားမှာ မဟုတ်ဘူး။ ဒါဆို… တံခါးက ဇာတ်ကြောင်း လိုအပ်ချက်တွေကြောင့် ပိတ်သွားတာလား။

ဇာတ်ကြောင်းမှာ အဲလောက်အစွမ်းကြီးတဲ့အာဏာရှိတာလား။

“ဒီကမ္ဘာက ဝတ္ထုထဲမှာပဲရှိတာလား” ဒါမှမဟုတ် ဒီကမ္ဘာက ဝတ္ထုဇာတ်ကြောင်းအရ စီမံနေတဲ့ ကမ္ဘာလား။ ဇာတ်ညွှန်းကို လမ်းညွှန်နေသူက ဘယ်သူလဲ။ စာရေးဆရာလား။

ကူယွဲ့က စဉ်းစားလေ ပိုပြီးဇဝေဇဝါဖြစ်လာလေပဲ။ အဆုံးမှာတော့ သူတွေးတာ‌ရပ်လိုက်တယ်။ ဘာဂရုစိုက်စရာလိုလဲ၊ သူတို့နဲ့ ဘာပတ်သက်မှုမှမရှိတော့တာ။ ဇာတ်လိုက်နှစ်ယောက် ဝူတိဂိုဏ်းကို လာမဆွသရွေ့ သူတို့နှစ်ယောက်ကြား ဘာဖြစ်နေလဲ စိတ်ရှုပ်ခံစဉ်းစားဖို့ ပျင်းလွန်းတယ်။

“ဒါပေမဲ့… ဟွေ့လင်က တကယ်ပဲ ဇာတ်လိုက်မင်းသမီးအသစ်ဖြစ်လာတာလား”

ဇာတ်လိုက်ပြောင်းသွားရင်တော့ သူတို့အတွက်အကျိုးရှိမယ်။ ရွှမ်ထုံက အခုဝူတိဂိုဏ်းဝင်ဖြစ်နေပြီကိုး။

ရှန်းရင် တစ်ခဏစဉ်းစားနေပြီးမှ ရုတ်တရက် ကောက်မေးလာတယ်။

“ဖေဖေနျို စာအုပ်ထဲမှာ နောက်တစ်ခန်းကဘာလဲ”

“ဘာနောက်တစ်ခန်းလဲ” ကူယွဲ့ သူမမေးခွန်းကြောင့် နည်းနည်းဇဝေဇဝါဖြစ်သွားပေမဲ့ သမူ ဘာဆိုလိုလဲ မြန်မြန်ပဲ နားလည်သွားခဲ့တယ်။ သူမပြောတာမှန်တယ်။ ဟွေ့လင်က အစားထိုးဇာတ်လိုက်မင်းသမီး ဟုတ်၊ မဟုတ် သိချင်ရင် ဇာတ်ညွှန်းအတိုင်း သူမ ‌‌ ဆောင်ရွက်မလားဆိုတာ ကြည့်ရုံပဲ။

“ချန်ကောတပည့်ဖြစ်လာပြီး ဇာတ်လိုက်မင်းသမီး ပထမဆုံးလုပ်တာက… ကိုယ့်ကိုယ်ကိုယ် ပြန်ပေးဆွဲခံတာထင်တယ်” ဝတ္ထုထဲက ဇာတ်ကွက်တစ်ခုမှာ ဇာတ်လိုက်မင်းသားက အကူအညီလိုနေတဲ့မိန်းမပျိုကို ကယ်တင်တဲ့ သူရဲကောင်းနေရာကနေ သရုပ်ဆောင်သွားတာကို ဖော်ပြထားတာ ခပ်ရေးရေးမှတ်မိနေတုန်းပဲ။

“ဘယ်သူက ပြန်ပေးဆွဲတာလဲ”

“မေ့ပြီပေါ့၊ ကြာလှပြီလေ၊ ဇာတ်လိုက်မင်းသားရဲ့ အဓိကရန်ဘက်ထင်တာပဲ”

“… ချူရွှမ်” ယိချင်းက ရုတ်တရက် ထပြောလာတယ်။

ကူယွဲ့ သေချာစဉ်းစားကြည့်လိုက်တော့ ဒါတကယ်ပဲဖြစ်နိုင်တာ။ ဟိုလီရှစ် နောက်ဇာတ်ဝင်ခန်းက မနက်ဖြန်ဖြစ်တော့မှာလား။

“မမလေး တို့ပြန်လာပြီ” ဒီအချိန် မုန်လာဥဖြူက ရုတ်တရက် အခန်းတံခါးကို ကန်ဖွင့်လာပြီး ရှန်းရင်ဆီ လူအမြောက်စာလုံးလို တစ်ရှိန်ထိုးပြေးလာတယ်။ သူ သူမရင်ခွင်ထဲ ပစ်သွင်းတော့မဲ့ဆဲဆဲ ဘေးမှာရှိနေတဲ့ယိချင်းက အင်္ကျီလည်ကုပ်ကနေ အမြန်ဆွဲဖမ်းထားပြီး အဝေးကို ပစ်လွှဲလိုက်တယ်။ သွားစမ်း အစုတ်ပလုတ်လေး

“ဟမ့်” မုန်လာဥဖြူက သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပေမဲ့ ရှန်းရင်ကို သနားစရာအမူအရာနဲ့ ကြည့်ရုံကလွဲ တခြားဘာမှမလုပ်ရဲရှာဘူး။

“မမလေး… မုန်လာဥဖြူက အရမ်းလွမ်းနေတာ”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset