ERSY အခန်း ၁၁၉

အခန်း ၁၁၉ ။ နျိုစတိုင်လိမ့်လုံး

ယိချင်း အလင်းတန်းဆီ ‌တည့်တည့်ဝင်လာခဲ့တယ်။ စောနတုန်းက ခက်ထန်နေတဲ့ ဓားချီက သောင်းကျန်းတာ နည်းနည်းလျော့လာတယ်- ယိချင်းကိုတော့ အန္တရာယ်ပြုပုံမပေါ်ဘူး။ အဲအစား အလင်းတန်းက ယိချင်းဝင်လာချိန် ပွေ့ဖက်လေတယ်။ ယိချင်း ကလေးဆီလျှောက်လာပြီး သူ့ဘေး ပုလ္လင်တင်ခွေထိုင်ချလိုက်တယ်။ ပိုပြီးအားကောင်းတဲ့ ဓားချီက သူ့ကိုယ်ထဲကထွက်လာပြီး ကြီးမားတဲ့နဂါးဖြူတစ်ကောင် ပေါ်လာတော့တယ်။ နဂါးက အလင်းတန်းဖြူကို ပတ်နေပြီး ကောင်းကင်ဆီ ပျံတက်သွားတယ်။ အချိန်အနည်းငယ်မှာတင် အလင်းတန်းက တဖြည်းဖြည်းပါးလာပြီး အားနည်းသွားခဲ့တယ်။

ပေါင်ဖေးဖျင်ရဲ့ပူပန်နေတဲ့စိတ်လည်း နောက်ဆုံးတော့ ပြေလျော့သွားခဲ့တယ်။ ဒီတစ်ကြိမ်တော့ နတ်ဆိုးတိုက်ခိုက်မှုတွေက ကောင်းချီးပေးမှုပဲ။ ဒီလောက်နှစ်တွေ ခက်ခက်ခဲခဲ ဓားကျင့်ကြံသူကိုရှာခဲ့ပြီးတဲ့နောက်မှ တစ်ယောက်ကသူ့တံခါးရှေ့ကို လိုလိုလားလားလျှောက်လာမယ်မထင်ခဲ့ဘူး။ ဒါက ရှောင်အန်း‌က ငယ်ငယ်နဲ့သေဆုံးရဖို့ ကံမပါလာဘူးဆိုတာ သက်သေပြနေတာပဲ။

“ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့ မြို့အရှင်” ကူယွဲ့ သူ့ကို အာမခံလိုက်တယ်။ မျက်လုံးကတော့ တလက်လက်တောက်ပနေ‌တာပေါ့။ သူက မြို့အရှင်နားကပ်ပြီး ဆက်ပြောတော့တယ်။

“ကျုပ်သူငယ်ချင်းကောင်းက ဘာပဲလုပ်လုပ်အရမ်းအားကိုးရပါတယ်၊ ခင်ဗျားကလေး ‌အဆင်ပြေသွားမှာပါ၊ ကျုပ်သူငယ်ချင်းက သူ့ဓားချီကို ရှင်းထုတ်ဖို့ အချိန်ပဲလိုတာပါ၊ ခင်ဗိားတို့ နှစ်ယောက်က စောနက နတ်ဆိုးတွေနဲ့ တိုက်ပွဲမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတော့ အနားယူသင့်ပါတယ်”

ပေါင်ဖေးဖျင်က စက္ကန့်နည်းနည်းတုံ့ဆိုင်းနေပြီးမှ တုံ့ပြန်လေတယ်။ သူက ကူယွဲ့ဘယ်ဘက်မှာရပ်နေတဲ့ လူကို လှမ်းကြည့်ပြီး ရုတ်တရက် ဖြူဖျော့သွားကာ အရှေ့ကိုပြေးတက်လာခဲ့တယ်။

“အဖေ အဆင်ပြေရဲ့လား”

“ငါအဆင်ပြေပါတယ်” အမ

အမတက သူ့သားလက်ကို ရိုက်ပြီး အလင်းတန်းထဲက သူ့မြေးကိုလှမ်းကြည့်လိုက်တယ်။

“ခဏထိုင်ပြီးရင် အဆင်ပြေသွားမှာ” သူက မြေကြီးပေါ်ထိုင်ပြီး မျက်စိမှိတ်ကာ ချီကို လည်ပတ်အောင် လုပ်လေတယ်။ သူ့အမတချီရဲ့လည်ပတ်မှုက ဒဏိရာရနေတဲ့လက်မောင်းကို စတင်ပြီးကုသတော့တယ်။

သူ့အဖေအနားယူနေတာ မြင်တော့ ပေါင်ဖေးဖျင် နောက်ဆုံးတော့ ပြန်ဆုတ်သွားပြီး ကူယွဲ့ဘက် ဂါဝရပြုလိုက်တယ်။

“ခင်ဗျားတို့နှစ်ယောက်လုံးရဲ့ ဒီနေ့အကူအညီအတွက် ကျေးဇူးပါ၊ ကျုပ်ရဲ့ပေါင်မိသားစုက ခင်ဗျားတို့လုပ်ပေးခဲ့တာအတွက် ဘယ်တော့မှ မမေ့ပါဘူး၊ ခင်ဗျားတို့နှစ်ယောက်ကို ဘယ်လိုများ ခေါ်သင့်ပါလဲ”

“ကျုပ်တို့က ဝူတိဂိုဏ်းကပါ” ကူယွဲ့က စပ်ဖြဲဖြဲပြန်ဖြေပြီး အလင်းတန်းထဲက လူကို လက်ညှိုးလှမ်းထိုး‌လိုက်တယ်။

“သူက ယိချင်း၊ သူ့ဘေးကတော့ ရှန်းရင်၊ ကျုပ်က ကူယွဲ့ပါ၊ ကျုပ်တို့အားလုံးက အမတတက်လှမ်းကာစလေ၊ ဒါကြောင့် အားလုံးက မြေအမ‌တတွေပါ”

ပေါင်ဖေးဖျင်ရပ်သွားတယ်။ သူတို့က တကယ့်ကို မသေမျိုးတက်လှမ်းကာစဆိုပေမဲ့ တစ်ခါမှ ဝူတိဂိုဏ်းကို မကြားဖူးဘူး။ အသစ်ထောင်ထားတဲ့ ဂိုဏ်းများလား။ သူ ဇဝေဇဝါဖြစ်ပေမဲ့ ဝူတိဂိုဏ်းအကြောင်း မမေးလိုက်ဖြစ်ဘူး။ ယဉ်ယဉ်ကျေးကျေးပဲ သူကပြောလိုက်တယ်။

“တကယ်လို့ ခင်ဗျားတို့ အကူအညီကြောင့်သာမဟုတ်ရင် ချီရွှမ်းမြို့ကို အကြီးအကျယ်ထိခိုက်တော့မှာ၊ ကျုပ်တို့ အဲဒီနတ်ဆိုးတွေလက်ထဲ ကျရောက်သွားနိုင်တယ်”

“မြို့အရှင် ခင်ဗျားက ကြင်နာလွန်းနေပါပြီ” ကူယွဲ့က ‌ထပ်ပြီး အလင်းတန်းထဲက ကလေးကို လှမ်းကြည့်မိလိုက်တယ်။

“ဒါပေမဲ့ကျုပ်နားမလည်ဘူး၊ သွေးကြောထဲ မူလဝိညာဥ်ဓားချီနဲ့ မွေးလာတဲ့ ဓားကျင့်ကြံသူတွေက သူတို့အကျိုးအမြတ်အတွက်ပဲ အလုပ်ဖြစ်သင့်တာလေ၊ ဘာလို့ ကလေးက… နတ်ဆိုးတွေ ထောင်ချောက်ဆင်တာပါခံနေရတယ်” နတ်ဆိုးတွေကနေစပြီး ရှန်းရင် ခြံဝန်းထဲမှာ နှိမ်နင်းခဲ့တဲ့လူတွေအထိ အားလုံးက ဒီကလေးနောက် လိုက်နေတာ အသိသာကြီး။

ပေါင်ဖေးဖျင် ကူယွဲ့မေးခွန်းကို ထိတ်လန့်သွားတဲ့ပုံ။ ကူယွဲ့က မူလဝိညာဉ်ဓားချီအကြောင်း သိနေတာ ထူးဆန်းတယ်။ ဒါပေမဲ့ ထပ်တွေးကြည့်တော့ မွေးရာပါဓားသရုပ်သကန်ရှိတဲ့ ယိချင်းနဲ့ အဖော်တွေ။ ကူယွဲ့ မူလဝိညာဉ်ဓားချီအကြောင်း သိရင်တောင် အံ့ဩစရာမရှိဘူးပဲ။ သူ သီးခြားအင်းကွက်တစ်ခုဆင့်ခေါ်ပြီး သက်ပြင်းချလိုက်တယ်။

“မူလဝိညာဉ်ဓားချီဆိုတာ တကယ်ပဲ ဓားကျင့်ကြံသူတွေအတွက် အကျိုးရှိပေမဲ့ ကျုပ်သားအတွက်တော့ မဟုတ်ပါဘူး” ဖုံးကွယ်ထားစရာ အကြောင်းမှမရှိတော့တာ။ ပေါင်ဖေးဖျင် သိထားသမျှအားလုံး ကူယွဲ့ကိုပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။

“သူ့မှာ မွေးရာပါဓားသရုပ်သကန်ရှိပေမဲ့ မွေးဖွားလာတဲ့အမတလည်းဖြစ်နေတယ်၊ သူက အမတဘုံမှာမေံးလာတာမို့ ဒီလောကထဲရောက်လာတည်းက အမတအရိုးတွေရှိနေပြီ၊ လေ့ကျင့်စရာမလိုဘဲ မြေအမတဖြစ်လာခဲ့တာ၊ ဒါကြောင့် သု့ကိုယ်ထဲက မူလဝိညာဉ်ဓားချီက အရမ်းကိုမြန်မြန် အားကောင်းလာတာပဲ၊ သူက အခု၈နှစ်ပဲရှိသေးပေမဲ့ အမတခန္ဓာကိုယ်ကတော့ အရမ်းကိုအားနည်းတယ်၊ သူ့ကိုယ်ထဲ ဒီလိုအားကောင်းတဲ့ ဓားချီကို လက်ခံထားဖို့ သေချာပေါက် မသန်မာဘူးပေါ့၊ မူလဝိညာဉ်ဓားချီက အင်မတန်ကြမ်းတမ်းတယ်ဆိုပြီး နာမည်ကြီးတာ၊ မွေးရာပါဓားသရုပ်သကန်ပါလာတဲ့လူတွေကလွဲပြီး တခြားဘယ်သူမှ မထိန်းချုပ်နိုင်ဘူး၊ ဒါကြောင့် ကျုပ်အဖေက ထိန်းချုပ်အင်းကွက်ချခဲ့တာပဲ၊ ရှောင်အန်း သူ့ကိုယ်ထဲကဓားချီကိုထိန်းချုပ်နိုင်လောက်တဲ့အထိ သန်မာတော့မှ အင်းကွက်ကို ဖယ်ရှားတာအကောင်းဆုံးဖြစ်မယ်လို့ တွေးခဲ့တာ၊ ဒါပေမဲ့ ဘယ်သူသိမှာ…”

တစ်ခုခုကို သတိပြန်ရသွားသလိုမျိုး ပေါင်ဖေးဖျင်က ခေါင်းယမ်းပြီး ဆက်ပြောတော့တယ်။

“ကျုပ်အဖေရော ကျုပ်ရောက ဓားအမတတွေမဟုတ်ဘူး၊ ဒီဓားချီအကြောင်း ဘာမှမသိဘူးပေါ့၊ ကျုပ်တို့ မူလဝိညာဉ်ဓားချီကို ထိန်းချုပ်ဖို့ ကြိုးစားလေ ပိုပြီးအားကောင်းလာလိမ့်မယ်လို့ မထင်ခဲ့ဘူး၊ ဒါပေမဲ့ကျုပ်သားခန္ဓာကိုယ်က… လှည့်စားမှုကို ခံနိုင်ရည်မရှိဘူး၊ ဒါကြောင့်ဒီဝန်လေးလံမျှော်စင်ကိုဆောက်ခဲ့တာပဲ၊ ပထမတချက်က သူ့ကိုယ်ထဲက အားကြီးလာတဲ့ဓားချီကို ဖိနှိပ်ဖို့၊ ဒုတိယတစ်ချက်က သူ့မွေးရာပါဓားသရုပ်သကန်ကို ဖုံးကွယ်ဖို့၊ ဒီတစ်ချိန်လုံး သူ့လိုမျိုး နောက်ထပ်ဓားအမတကို တိတ်တိတ်လေးလိုက်ရှာနေခဲ့တာ”

“ဒါပေမဲ့ ဓားကျင့်ကြံသူတွေအတွက်က လေ့ကျင့်ဖို့ မလွယ်ကူဘူးလေ၊ မသေမျိုးတက်လှမ်းလာတဲ့ ဓားကျင့်ကြံသူက နည်းသထက်နည်းလာတယ်၊ ပြီးတော့ ဓားကျင့်ကြံသူတိုင်း သူ့ကို ကူညီနိုင်တာမဟုတ်ဘူးလေ- ဓားသရုပ်သကန်နဲ့မွေးဖွားလာတဲ့သူတွေပဲ ကူညီနိုင်မှာ၊ ဒီနှစ်တွေမှာ ကျုပ်တို့ ဒီတိုင်းပြည်နဲ့တခြားနေရာတွေမှာ မြင့်မြင့်နိမ့်နိမ့် လိုက်ရှာခဲ့တယ်၊ ဒါပေမဲ့ ကျုပ်သားကို ကူညီဖို့ ဒီလိုအမတမျိုးမရှာနိုင်ခဲ့ဘူး၊ လွန်ခဲ့တဲ့သုံးနှစ်က သူ့ကိုယ်ထဲက ဓားချီတွေ ရုတ်တရက် ပေါက်ကွဲလာတယ်၊ ကျုပ်အဖေ ရှိသမျှအားနဲ့ ဓားချီကိုပြန်ဖိနှိပ်ခဲ့ပေမဲ့ ဓားချီရဲ့ရုတ်တရက် ထကြွလာမှုက ကျုပ်သားခန္ဓာကိုယ်ကို လှည့်စားဖို့ကြံနေတဲ့ လူတွေကိုဆွဲဆောင်မိလိုက်တာပဲ”

“အဲဒီနတ်ဆိုးတွေလား”

“အမှန်ပဲ” ပေါင်ဖေးဖျင် ခေါင်းညိတ်လိုက်တယ်။

“ဒီနှစ်တွေမှာ နတ်ဆိုးတွေက ဒီမြို့ထဲ မဝင်ရဲကြဘူး၊ ဒါပေမဲ့ သူတို့က ကျင့်ကြံသူတချို့ကိုဆွဲဆောင်ပြီး ကျုပ်ဗိမာန်ထဲကိုဝင် သားကိုပြန်ပေးဆွဲပြီး မြို့ပြင်ခေါ်ထုတ်ခိုင်းထားတာ၊ ဒီနေ့အထိ သူတို့မအောင်မြင်သေးဘူး၊ နတ်ဆိုးတွေက ဒီတစ်ကြိမ် ကျုပ်ဗိမာန်ထဲထိဝင်ရဲလိမ့်မယ် မထင်ခဲ့တာ”

ဒီလိုကိုး။ သူတို့အချိန်မီရောက်လာခဲ့တာ ကံကောင်းလွန်းတယ်။

“ကျုပ်တို့ ခင်ဗျားတို့နှစ်ယောက်ကို တကယ်ကျေးဇူးတင်ပါတယ်” ပေါင်ဖေးဖျင်က ကူယွဲ့ကို ထပ်ကျေးဇူးတင်လိုက်တယ်။

“ကျုပ်သားဘေးကင်းသွားပြီဆိုတာနဲ့ ခင်ဗျားတို့ဂိုဏ်းဆီ လာပြီး တရားဝင်ကျေးဇူးတင်ပါ့မယ်”

“ကျုပ်တို့အားလုံးက အမတရောင်းရင်းတွေပဲ၊ တစ်ဖက်တည်းသားတွေ နတ်ဆိုးတွေကို ဆန့်ကျင်နေတာ၊ ဒါက ကျုပ်ဝူတိဂိုဏ်းရဲ့ လုပ်ထုံးလုပ်နည်းပါပဲ”

ဒါကတော့ ကူယွဲ့ ပြောတဲ့ပုံပေါ့။

ဒါပေမဲ့ နတ်ဆိုးတွေပေါ်လာချိန် မြို့အရှင်ဗိမာန်မှာ မနေတဲ့ အမတတွေအားလုံး သူတို့အသက်အတွက် ပြေးသွားကြတဲ့အချက်က ကျန်နေတုန်းပဲ။ ကူယွဲ့နဲ့ယိချင်းသာ သူတို့ကို လာကူညီပေးခဲ့တာ။ ပေါင်ဖေးဖျင် ဒါစဉ်းစား‌မိလေ ကျေးဇူးတင်လာမိလေပဲ။

“ဒီလိုပြောနေတော့ ခင်ဗျားတို့ဂိုဏ်းကိုပိုတောင်စိတ်ဝင်စားမိလာပြီ၊ ဒါပေမဲ့တစ်ခါမှမကြားဖူးဘူး”

“ဒါက ဇာတ်လမ်းအရှည်ကြီးပါပဲ၊ ကျုပ်ဝူတိဂိုဏ်းက…”

ကူယွဲ့ ဖြီးနေတာ မျက်လုံးတွေတောင် ပွင့်တယ်ဆိုရုံလေးပဲ။ ရုတ်တရက် ဒါကပေါင်ဖေးဖျင်ကို အရူးလုပ်လို့ ပြီးပြည့်စုံတဲ့အခွင့်အရေးမှန်း ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။

ဒါတွေအားလုံးကို ကြည့်နေတဲ့ရှန်းရင် ရုတ်တရက်သမ်းမိလိုက်တယ်။ သူမ ကူယွဲ့နဲ့ပေါင်ဖေးဖျင်ကိုလှမ်းကြည့်လိုက်တော့ နှစ်ယောက်လုံးက အသည်းအသန်ဆွေးနွေးနေတာ သတိထားမိလိုက်တယ်။ သူတို့က အဆင်ပြေလွန်းလို့ မကြာခင် သွေးသောက်ညီကိုတွေ ဖြစ်တော့မဲ့အတိုင်းပဲ။ ဒီနောက်တော့ ကြိုးစားနေဆဲ သူမစားဖိုမှူးကို လှည့်ကြည့်လိုက်‌တယ်။

သူတို့ ဘယ်လောက်တောင် ကြာဦးမလဲမသိဘူး။ အိပ်ချင်လိုက်တာ

ဟင်း ငါအခုတစ်ရေးအိပ်ရင် သူတို့သတိမထားမိလောက်ဘူးမလားဟေ။

——————

ယိချင်းထိုင်ချလိုက်တာနဲ့ တစ်ညလုံး ထမလာတော့တာ နောက်နေ့မနက်ထိပဲ။ သူနဲ့ကလေးက တစ်ချိန်လုံး အာရုံစူးစိုက်နေကြတယ်။ တစ်ဖက်မှာတော့ ကူယွဲ့က ပေါင်ဖေးဖျင်နဲ့ သဘောတူညီချက်ကောင်းရနေပြီ။

ရှန်းရင်တော့ အဲလူကို ဖေဖေနျို ဘယ်လိုလှိမ့်လိုက်လဲမသိ။ သူမ သိသမျှက တစ်ရေးအိပ်တာကနေ နိုးလာချိန် ဝူတိဂိုဏ်းမှာ လူဆယ်ယောက်ကျော်ထပ်ရှိနေပြီ။ သူတို့တွေကလည်း အရည်အချင်းအမျိုးမျိုးနဲ့။ ဆေးလုံးကျင့်ကြံသူတွေ၊ လက်နက်ဆရာတွေ၊ အ‌ဆောင်ဆရာတွေ၊ အင်းကွက်ဆရာတွေ။ အားလုံးက ကျွမ်းကျင်ပညာရှင်တွေကြီး။

ကောင်းကောင်းပြောရရင်တော့ နှစ်ဖက်လုံးက တစ်ဖက်လူအတွက် အကောင်းဆုံးတွေ ဆောင်ရွက်ပေးဖို့ ပူးပေါင်းကြတယ်ပေါ့။

ဒါပေမဲ့ အရည်အချင်းတွေကလည်း သူတို့ဟာ၊ စွမ်းရည်တွေကလည်း သူတို့ဟာ၊ အရောင်းလမ်းကြောင်းတွေတောင် သူတို့ဟာပဲ။

ဒါတွေအားလုံးရဲ့ အကျိုးအမြတ်ကတော့ ဝူတိဂိုဏ်းဟာတဲ့

ကူယွဲ့ ညတွင်းချင်း ရွှေဥဥတဲ့ငန်းရလိုက်သလိုမျိုး ခံစားလိုက်ရတယ်။ ရှန်းရင်ကတော့ “ကောင်းတယ်” ဆိုတာကလွဲ ဘာမှပြောစရာမရှိတော့ဘူး။

“ဒါဆို မြို့အရှင်ပေါင်ကို အားကိုးလိုက်ပြီနော်”

ကူယွဲ့က နားရွက်ချိတ်မတတ် ပြုံးနေလေတယ်။

“ကျုပ်ကိုသာ လွှဲထားလိုက်ပါ၊ အမတရောင်းရင်း ကူယွဲ့” ပေါင်ဖေးဖျင်ကလည်း မတရားအကျိုးအမြတ်ရလိုက်တဲ့လူမဟုတ်တဲ့အတိုင်း ထပ်တူထပ်မျှပြုံးနေလေတယ်။

“ကျုပ်ပေါင်ဗိမာန်ကသာ ခင်ဗျားတို့ဂိုဏ်းကို အလုပ်ရှုပ်စေတာပါ”

ပေါင်ဖေးဖျင်ရဲ့ အဖေ၊ ချီရွှမ်းမြို့မှာ အသန်မာဆုံး အဆင့်မြင့်အမတ ပေါင်ရီတောင် အသည်းအသန်ခေါင်းညိတ်နေတယ်။ သူနိုးလာတော့ ဆွေးနွေးမှုထဲ ဆွဲခေါ်ခံလိုက်ရတာပဲ။

“အမှန်ပဲ၊ ငါတို့ကသာ မင်းတို့ကို အလုပ်ရှုပ်စေတာပါ”

“ဒီလောက်ကြာတာတောင် မင်းတို့ဂိုဏ်းဘယ်မှာရှိလဲ မသိသေးဘူး”

ကူယွဲ့ သူ့ဝတ်ရုံထဲက မြေပုံကိုထုတ်ပြီး အစွန်ဆုံးမြေကွက်တစ်ကွက်ကို ထောက်ပြလိုက်တယ်။

“ဒီမှာပါ”

ပေါင်ဖေးဖျင်တန့်သွညးပြီး အားတုံ့အားနာပြောတော့တယ်။

“ဘာလို့ခင်ဗျားတို့ဂိုဏ်းက ဒီလောက်လူသူဝေးတဲ့နေရာမှာရှိနေတာလဲ၊ သတိမထားမိတာ ကျုပ်တို့အပြစ်ပါ – အဲနေရာက ခင်ဗျားတို့လိုဂိုဏ်းအတွက် အကျိုးမရှိဘူး မသေမျိုးချီပိုထူတဲ့ နေရာကိုရွေးပါလား၊ ချီရွှမ်းမြို့အတွင်းဆို ခင်ဗျားတို့ကြိုက်သရွေ့ ကျုပ်တို့ပေးမယ်လေ”

“အမှန်ပဲ ချီရွှမ်းမြို့အတွင်းဖြစ်သရွေ့ မင်းတို့ဟာပဲ” ပေါင်ရီကလည်း ထပ်ဖြည့်ပြောလာတယ်။

ရှန်းရင် ။ ။ “…” သောက်ကျိုးနည်း

ဆုံးဖြတ်ပြီးပြီ။ ဒီနေ့အတွက် ‌ဟင်းပွဲတွေ ပိုစားရမယ်

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset