အမည်မှတ်ရန်

Hello
အသုံးအနှုန်း ကိစ္စက အရင်ကလဲ ပြောဖူးပါတယ်၊ တရုတ်အသံထွက်တွေနဲ့ သုံးရတာ ကြိုက်လို့ပါ၊ ပြီးတော့ အဲလိုလေးတွေ သုံးရေးရင် အသံကို ပိုကြားယောင်မိလို့ပါ

ဒီတိုင်း ဖတ်ရတာ အဆင်ပြေသူလဲ ရှိသလို မပြေကြသးတွေလဲ ရှိမှာပါ၊ ဒါပေမဲ့ ပြောင်းရေးဖို့ စိတ်ကူး မရှိပါဘူး၊ စာဖတ်သူကို မလေးစားတာ ဘာညာ လုံးဝ မဟုတ်ပါဘူး

ဖတ်တဲ့သူတွေ အဆင်ပြေအောင် နည်းနည်းစီ ရှင်းပြသွားပေးပါမယ်

ရှစ်ကျဲ= အစ်မ (ဆရာတူ၊ ဂိုဏ်းတူ)
ရှစ်ရှိုး= အစ်ကို ။
ရှစ်စွင်း= ဆရာ

အရှေ့ကနေ နံပါတ်စဉ်တွေ တပ်ခေါ်သွားရုံပါပဲ၊ အသံထွက်တွေကို အနီးစပ်ဆုံးတော့ ရေးပေးထားတာပါ
တစ်= ယိ
နှစ်= အာ့
သုံး= စန်း
လေး = စစ်
ငါး= ဝူ
ခြောက်= လျို
ခုနစ်= ချီ
ရှစ်= ပါ့
ကိုး= ကျို

လောင်စန်း၊ လောင်ပါ့ eng လိုဆို old three, old eight အဲလိုတွေပါ၊ ရင်းနှီးသူအချင်းချင်းခေါ်တာမျိုး( မှားရင်ထောက်ပြပေးလို့ရပါတယ်)

တပည့် အစဉ်လိုက်ကိုလဲ ပြောပြသွားပါမယ်
ယွီကျန့်ဟိုင် (တပည့်ကြီး)
ယွီရှန်းရုန် (ဒုတိယ တပည့်) ဓားနတ်ဆိုး (တင်စားပြီး ခေါ်တာ)
တွမ့်မူရှန်း (တတိယ တပည့်) လောင်စန်း, သုံးယောက်မြောက်
မင်ရှစ်ရင် (စတုတ္ထ တပည့်)
ကျောင်းယွဲ့ (ပဉ္စမ တပည့်)
ယဲ့ထျန်းရှင်း (ဆဋ္ဌမ) ကျောက်စိမ်းမျက်နှာ သူရာလို့လဲ ခေါ်ပါတယ်
စီးဝူယာ့ (သတ္တမတပည့်)
ကျူးဟုန်ကုန်း (အဋ္ဌမ တပည့်) မကောင်းဆိုးဝါး ဘုရင်
စီယွမ်အာ (နဝမ/ အငယ်ဆုံးလေး)

စာဖတ်သူတစ်ယောက်ပြောသလိုမျိုး update က ကျဲရတဲ့ကြားထဲ အသုံးအနှုန်းက ဒီလိုတွေဆိုတော့ အဆင်မပြေ ဖြစ်ကြမှာ နားလည်ပါတယ်၊ ဒီတော့ update ကတော့ မှန်မှန် တင်ပေးတော့မှာပါ၊ ဒါဆိုရင် အသားမကျသေးပေမဲ့ တဖြည်းဖြည်း ပြေသွားမယ်လို့ မျှော်လင့်ပါတယ်၊ အားပေးသူ အားလုံး ကျေးဇူးပါ

ERLZ
Author: ERLZ
ငါ့တပည့်တွေ အကုန်ဗီလိန်တွေချည်းပဲ

ငါ့တပည့်တွေ အကုန်ဗီလိန်တွေချည်းပဲ

My Apprentices Are All Villains, 我的徒弟都是大反派
Score 7.8
Status: Ongoing Type: Author: , Artist: Released: 2019 Native Language: Chinese
Mou Sheng Ren Zhuan Peng ရေးသားသည့် My Disciples Are All Villains ကို ဘာသာပြန်ဆိုသည်အကျဉ်းချုပ်လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုးနဲ့ ကျော်စောတဲ့ တပည့် ကိုးယောက်ရှိနေတာကို သိလိုက်ရတယ်။ သူ့အကြီးဆုံးတပည့်က ဂိုဏ်းသားထောင်ကျော်ရှိတဲ့ ငရဲဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဒုတိယ တပည့်ကတော့ နည်းနည်းလေး သဘောထားကွဲလွဲတာနဲ့ သူများကို သတ်ဖြတ်လေ့ရှိတဲ့ ဓားနတ်ဆိုးဖြစ်တယ်။သူ့ကျင့်ကြံမှုအခြေခံမရှိဘဲ အဲဒီ မိစ္ဆာတပည့်တွေကို ဘယ်လို ထိန်းချုပ်ရမလဲ။သူ့တပည့်အကြီးဆုံး ယွီကျန့်ဟိုင်က ပြောတယ်။“ကျုပ် ဘ၀မှာ ရန်သူ တစ်ယောက်ဆို တစ်ယောက်မှ မရှိဘူး၊ ဒါပေမဲ့ ကျုပ်ရှစ်စွင်းက ကျုပ်ကို ဦးညွတ်လာအောင် လုပ်နိုင်တယ်”သူ့သတ္တမတပည့် စီးဝူယာ့က“ရှစ်စွင်း မသေသရွေ့ ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း စားနိုင် အိပ်နိုင်မှာ မဟုတ်ဘူး”...သူ့န၀မတပည့် ယွမ်အာကတော့“ရှစ်စွင်းပြောသမျှ မှတ်ထားပြီး လူကောင်းတစ်ယောက် ဖြစ်အောင် လုပ်မယ်”

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset