ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၁၁
ကော်ယွမ်ခိုင် ထိုအချိန်၌ တစ်ခုခုပြောသည်ဖြစ်စေ ထွက်ပြေးသည်ဖြစ်စေ လုပ်ချင်ပါသော်လည်း သူ့ခြေထောက်များ ရွှေ့မရတော့ပေ။
လုယုံရီနှင့် ယိုရှင်းယွီသည် သူတို့ရှေ့မှ အခြေအနေကြောင့် လှုပ်ခပ်ခံလိုက်ရပုံပေါ်သည်။ သူတို့ ယနေ့တော့ သရဲတွေ့ရပြီဟု ခံစားလိုက်ရလေသည်။ သူတို့ နှစ်ပေါင်းများစွာ သင်ယူလာသော ဗဟုသုတတို့ကြောင့် လက်မခံချင်ပါသော်လည်း ယခုဖြစ်ပျက်နေသမျှသည် သူတို့ သိထားသည်များ မှားယွင်းကြောင်း ပြောပြနေလေသည်။
ကုန်းချင်းယောင် အသံတိတ် သက်ပြင်းချလိုက်ပြီး လက်ဟန်တချို့ပြုလုပ်လိုက်ကာ ဝမ်းနည်းမှု့အငွေ့အသက်များကို ချဲ့ထွင်ပြီး အရာအားလုံးကို ဆွဲယူသွားရန် ပြုလုပ်နေသော အမျိုးသမီးသရဲအား ပိတ်ဆို့လိုက်၏။ ကုန်းချင်းယောင် အမျိုးသမီးသရဲအား လက်စွပ်ထဲ၌ ချိတ်ပိတ်လိုက်သောအခါ ပတ်ဝန်းကျင်သည် ပုံမှန်ပြန်ဖြစ်လာတော့သည်။ ငြိမ်းနေသော မီးသည် ပြန်ထွန်းလင်းလာပြီး အခန်းထဲမှ အပူချိန်သည်လည်း အရင်ကလောက် မအေးတော့ပေ။
လုချမ်ချမ် စူးရှစွာ ” နင်က သူ့ကို လက်စွပ်ထဲထည့်လိုက်ရင် ငါက ဘယ်သွားနေရမှာလဲ ”
ကုန်းချင်းယောင် လုချမ်ချမ်အား ပြန်မပြောဘဲ သက်လတ်ပိုင်းမိန်းမကြီးကို ကြည့်လိုက်ပြီး ” ဘယ်တော့ ဝန်ခံဖို့သွားမှာလဲ ”
လုယုံရီနှင့် အခြားလူ၂ယောင်သည် ကုန်းချင်းယောင် ထိုမျှရှုပ်ထွေးသော မေးခွန်းမေးသည်ကို ကြားပြီးသည်အထိ ဘာဖြစ်သွားမှန်း ပြန်မတုံ့ပြန်နိုင်သေးပေ။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါက မေးခွန်းမဟုတ်ဘူး။ ကုန်းချင်းယောင်က အေးအေးဆေးဆေး စဉ်စားချင့်ချိန်ပြီးမှ ပြောတဲ့ လေသံမျိုး။
စတင်၍ စိတ်တိုလာသူမှ ကော်ယွမ်ခိုင်ဖြစ်ပြီး ” ချင်းယောင် သူတို့ ဘာလုပ်ထားကြလို့လဲ ”
သူ့မျက်စိထဲတွင် အခန်းထဲ၌ သရဲတစ်ကောင်၊ ကလေးတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ရှိပြီး သူတို့ ၃ယောက်ကိုပါ ထည့်ပေါင်းလျှင် ထိုသရဲသည် အကြောင်းကိစ္စမရှိဘဲ ဆိုးဝါးသောအရာများကို ပြုလုပ်သည်မှာ မဖြစ်နိုင်ပေ။
ကုန်းချင်းယောင် မေးခွန်းအားကြားပြီး မိန်းမကြီး၏မျက်လုံးများ တုန်ယင်လာပြီး ” နင်ဘာပြောနေတာလဲ ငါ နားမလည်ဘူး ”
ထိုခဏ၌ ကလေးလေးသည် အိမ်မက်မက်ရာမှ နိုးလာပြီး ငိုလျှက် ” အမေ လျှိုရှီးကို အိမ်မက်ထပ်မက်ပြန်ပြီ ”
ကုန်းချင်းယောင် သူပြောသည်ကို အမှန်ပြင်သည့်အနေနှင့် ” ဒါက အိမ်မက်မဟုတ်ဘူး၊ လျှိုရှီးက တကယ်ပဲ အမြဲတမ်း နင့်အနားမှာရှိနေတာ ”
မိန်းမကြီးသည် သူမပြောသည်ကို ကြားသည်နှင့် အော်ဟစ်၍ သတိမေ့သွားတော့သည်။
လုချမ်ချမ် ” အခု သူမ မေ့လဲသွားပြီ ” -_-
” အလျင်မလိုပါနဲ့ ” ကုန်းချင်းယောင် ခုံတစ်ခုတွေ့၍ ထိုင်ချလိုင်သည်။ ယဲ့တောင်သည် အနည်းငယ်သာ ဖွံ့ဖြိုးတိုးတက်၍ ဝိညာဉ်စွမ်းအင်အများအပြား ရှိနေပြီး ထိုင်ချ၍ စွမ်းအင်ပြည့်ဝနေသော လေအားရူရှိုက်ရသည်မှာ ကောင်းမွန်လှပေသည်။
ယိုရှင်းယွီ၊ လုယုံရီ၊ ကော်ယွမ်ခိုင်:………
အလျှင်မလိုဘူးဆိုတာ ဘာကို ဆိုလိုတာလဲ။
၅မိနစ်ကြာပြီးနောက် သက်လတ်ပိုင်းမိန်းမကြီး နိုးလာ၍ သန်မာကာ တည်ငြိမ်သော ကုန်းချင်းယောင်ကို စိုက်ကြည့်နေပြီး ” စိတ်ပူပါနဲ့၊ မနက်ဖြန်ဆို ဝန်ခံလိုက်ပါ့မယ် ”
ကုန်းချင်းယောင် မိန်းမကြီး၏အကြည့်အား စိုက်ကြည့်လိုက်ပြီးနောက် ယောင်္ကျားလေး၃ယောက်အား ” သွားကြစို့ ”
လယ်သမားအိမ်မှ ထွက်လာပြီးနောက် ယိုရှင်းယွီတို့ ကုန်းချင်းယောင် ကလေး၏ပြဿနာကို ဖြေရှင်းနိုင်သည်မှာ အမေဖြစ်သောကြောင့်မဟုတ်ဘဲ အခြားတစ်ခုကြောင့်ဆိုတာ သိသွား၏။ သို့သော် ထိုကိစ္စသည် သူတို့ မျှော်မှန်းထားသည့် ကိစ္စ မဟုတ်ရုံမျှသာ။
ယိုရှင်းယွီ ” ငါတို့ ဘာလုပ်သင့်လဲ ” ရိုးသားစွာ ဆိုရလျှင် သူ ယခုည၌ ဘာဖြစ်သွားမှန်း သူ နားမလည်နိုင်သေးပေ။
ကုန်းချင်းယောင် ” အရင်ပြန်သွားနှင့်လိုက် ”
လုယုံရီမှ ချက်ချင်း ” မင်းက ဘာလုပ်မလို့လဲ ”
” အရင်လုပ်စရာလေးရှိသေးတယ် ”
စကားပြောပြီးနောက် ကုန်းချင်းယောင် အရင်ထွက်သွားတော့သည်။
11 02
လုယုံရီ သူမနောက်မှ လိုက်မည်အပြုတွင် ကော်ယွမ်ခိုင်မှ ဖမ်းဆွဲလာပြီး ” သူမက နည်းနည်းထူးခြားတာကို မတွေ့ဘူးလား၊ သူမ သေချာပေါက် အဆင်ပြေမှာပါ ”
ယနေ့ညမှ အဖြစ်အပျက်သည် ထူးဆန်းလှပေသည်။
အာ့တာက အာ့လိုဆိုပေမယ့် အဆုံးမှာ သူမက မိန်းကလေးတစ်ယောက်လေ။ လုယုံရီ နောက်လှည့်ကြည့်လိုက်သောအခါ မည်သူ့ကိုမှ မတွေ့ရတော့ပေ။ တမိနစ်မျှ မကြောသေးသည့်အချိန်တွင် ကုန်းချင်းယောင် ထွက်သွားလေပြီ။ ယောင်္ကျားလေး၃ယောက် အချင်းချင်း ကြည့်လိုက်ကြပြီး တဲထဲသို့ အရင်ပြန်ရန် စီစဉ်လိုက်ကြသည်။
ကုန်းချင်းယောင် တောင်အောက်သို့ အရင်ဆင်းသွားပြီး တောင်ထိပ်သို့ ပြန်တက်လာ၏။ တောင်ထိပ်၌ ဝိညာဉ်စွမ်းအင်သည် အများအပြားဆုံးဖြစ်ပြီး အဆောင်လက်ဖွဲ့၌ စွမ်းအင်များကို စုစည်းချင်လျှင် ထိုနေရာသည် လေ့ကျင့်ရန် အကောင်းဆုံးနေရာပင်။ ကုန်းချင်းယောင် တရားထိုင်ရန် ထိုင်လိုက်ပြီး စတင်၍လေ့ကျင့်တော့သည်။
လုချမ်ချမ် သူမဘာသာ ရေရွတ်လျှက် ” ဒါက အရမ်းထူးဆန်းလိုက်တာ၊ မမျှော်လင့်ဘဲ သရဲတွေအများကြီးကို တလမ်းလုံး တွေ့လာရတယ် ”
ကောင်းကင်ကြီး တဖြည်းဖြည်းလင်းလာသောအခါ ကုန်းချင်းယောင် မျက်လုံးဖွင့်လိုက်၏။ တညလောက် လေ့ကျင့်ရုံမျှနှင့် ချီဒုတိယအဆင့်သို့ ချိုးဖောက်သွားနိုင်မည်ဟု သူမ မမျှော်လင့်ထားပေ။ ယုချူးရွှယ်နှင့် ကျုံးရှင်းရင်သာ ရှိနေလျှင် တရက်မျှသာ ကြာပြီးနောက် သူမ၏ အသားအရေသည် ပို၍ကောင်းမွန်လာမှန်း မြင်ရပေလိမ့်မယ်။
ကုန်းချင်းယောင် မျက်လုံးဖွင့်လိုက်ပြီး အသက်ရှူထုတ်လိုက်သည်။
ဘေး၌ရှိနေသော လုချမ်ချမ် ကုန်းချင်းယောင် အဆုံး၌ လှုပ်ရှားလာသည်ကို တွေ့ရလေသည်။ ထို့ကြောင့် သူမ အနားသို့ ကပ်သွားလိုက်သောအခါ လုချမ်ချမ် သူမ ရှေ့၌ရှိသော မိန်းကလေးသည် အရင်နေ့ကထက်ပို၍ အန္တာရယ်များလာကြောင်း တွေ့လိုက်ရ၏။
ကုန်းချင်းယောင် လုချမ်ချမ်ထံသို့ ကြည့်လိုက်ပြီး ” ဝင်လာခဲ့ ”
လုချမ်ချမ် မငြင်းနိုင်ခင် ကုန်းချင်းယောင်မှ သူမအား လက်စွပ်ထဲ ထိုးသိပ်ထည့်လိုက်၏။
ကုန်းချင်းယောင် ထပြီး အကြောဆန့်လိုက်၏။ ချီဒုတိယအလွှာအား ထိုးဖောက်နိုင်ပြီးနောက် သူမ ခန္ဓာကိုယ်သည် သန့်ရှင်းစင်ကြယ်နေပြီး အရင်ကထက် ပေါ့ပါးနေသည်ဟု ခံစားရလေသည်။ ကုန်းချင်းယောင် ခြေထောက်မြှောက်လိုက်ပြီး တဲသို့ ပြေးသွားတော့သည်။
မနေ့ည၌ လုယုံရီနှင့် အခြားလူများသည် ပြန်ရောက်လာပြီး ဘာမှပြောမလာပေ။ ယုချူးရွှယ်နှင့် ကျူံရှင်းရင်သည် ကုန်းချင်းယောင် ပြန်မလာသေးသည်ကိုတွေ့၍ မအိပ်ရဲကြသေးပေ။ အဆုံးမှသာ မနက်လင်းသည်အထိ အိပ်ပျော်သွားကြသည်။ တဲထဲသို့ အရိပ်တစ်ခု ပြေးဝင်လာသည်ကို တွေ့သောအခါ သူမတို့ ထိတ်လန့်သွားကြ၏။ ကျုံးရှင်းရင် အပြင်ဘက် ကောင်းကင်အား ကြည့်လိုက်ပြီး အမြန်ထရပ်၍ မိတ်ကပ်လိမ်းရန် ထွက်သွားတော့လေသည်။
ယုချူးရွှယ်လည်း ကုန်းချင်းယောင် မည်သို့ပြန်ရောက်လာသည်ကို အံ့ဩချိန်မရဘဲ ကျုံးရှင်းရင်နောက်သို့ လိုက်သွားတော့၏။ ကင်မရာသမားသည် သူမတို့၂ယောက် အသင့်ပြင်၍ တဲထဲသို့ ပြန်ဝင်လာခိုက်၌ ရောက်လာ၏။
အပြင်မှ ယခုလေးတင် ပြန်ဝင်လာသော ယုချူးရွှယ်သည် စိတ်သက်သာ၍ သက်ပြင်းချလိုက်ပြီး ကင်မရာအား ” မင်္ဂလာပါ ”
ကျုံးရှင်းရင်လည်း လက်ယမ်းပြလိုက်၏။ ကုန်းချင်းယောင်သည် ခေါင်းသာ အသာအယာငြိမ့်ပြလိုက်၏။ သူမ ကုန်းချင်းယောင် အသားအရေမှာ အရင်ညကထက်ပို၍ ကောင်းမွန်နေမည်မှန်း မထင်ထားပေ။ ည၌ ကုန်းချင်းယောင် ဘာလုပ်ခဲ့မှန်းမသိပေ။
အပြင်ဘက်မှ အမျိုးသားတစ်ယောက်သည် အော်ဟစ်လာ၏။ ” ထကြတော့ ”
လူ၆ယောက် အတူတကွ စုဝေးလိုက်ကြသည်။ ကော်ယွမ်ခိုင်နှင့် တခြားယောင်္ကျားလေး၂ယောက်သည် ဘာမှ မထူးခြားသလို ဟန်ဆောင်နေသော်လည်း အနီးကပ်သေချာကြည့်ပါက ယောင်္ကျားလေး၃ယောက်သည် ကုန်းချင်းယောင်အား လျှို့ဝှက်စွာ အလျှင်းသင့်သလို ခိုးကြည့်နေသည်ကို မြင်နိုင်လေသည်။
လူ၆ယောက် တဲထဲမှ ထွက်လာပြီးနောက် ကျုံးရှင်းရင် ” မနက်စာ ဘာစားကြမလဲ ”
ယိုချူးရွှယ် ” မနေ့ကနဲ့ အတူတူပဲလေ ”
11 03
အခြားလူများ မငြင်းဆန်လာကြပေ။ ထို့ကြောင့် သူတို့ မက်မွန်သီး သွားခူးကြတော့သည်။ သူတို့ ပျော်ရွှင်စွာ စားသောက်နေကြစဉ် တစ်ခုခုပျံလာသည်ကို တွေ့ရလေသည်။
ယုချူးရွှယ် ကြောက်လန့်ပြီး အော်ဟစ်လိုက်ကာ ” အား………”
ကုန်းချင်းယောင် လက်ထဲမှ မက်မွန်စေ့အား အမြန်ပစ်လိုက်၏။ အခြားသူများမှာတော့ ထိုသတ္တဝါ ချက်ချင်းရပ်သွားသည်ကိုသာ မြင်ရလေသည်။
ကော်ယွမ်ခိုင် သတ္တဝါအား ကြည့်လိုက်ကာ ယုန်ဖြစ်နေ၍ ” နေ့လည်စာကတော့ ဖြေရှင်းပြီးသားဖြစ်ပြီ ”
ကျူံရှင်းရင် ပြေးလာပြီး ယုန်လေးကို ဖက်လိုက်ကာ ” ယုန်လေးက ချစ်စရာလေး၊ ဘယ်လိုလုပ်ပြီး စားရက်ကြတာလဲ ”
ဘေးမှ ကော်ယွမ်ခိုင်မှ ထိန်းချုပ်ထားသည်များ ထွက်ပေါ်လာပြီး ” သည်းမခံနိုင်ရင် မစားနဲ့ ”
အားလုံး ယုန်ကို ဘယ်လိုစားရမည်နည်း တိုင်ပင်နေကြစဉ် ကြည့်ရှူ့သူများ ကွန်မန့်များ ရေးလာကြ၏။
[ငါ ဒီနေ့ မနက်မှာ ဘာတွေ့လိုက်ရတာလဲ]
[ယုန်က အခုလေးတင် အရမ်းအမြန်ပေးလာလေ၊ ယုန်ကို မက်မွန်စေ့နဲ့ ပစ်ရုံနဲ့ ထိလို့လား]
[ထိသွားရင်တောင် မလှုပ်ရှားနေတဲ့ ယုန်ကိုပဲ ထိနိုင်မှာမလား၊ ဟုတ်တယ်မလား]
[အမေရေ ဒါ ယန်လက်များလား]
[ယုန်သာ အမြန်မပြေးနေရင် ထုတ်လုက်မှု့အသင်းက စီစဉ်ထားတာလို့ ထင်နေဦးမှာ]
[၆၆၆၆၆၆၆၆ ငါ မှတ်မိပြီ သူမက မနေ့က ဝါးချွန်နဲ့ ငါးဖမ်းခဲ့တာပဲ၊ ဒီနေ့လဲ မက်မွန်စေ့နဲ့ ယုန်ကို ဖမ်းလိုက်တယ်]
[အမှန်ပြောရရင် ဒါကို ကွန်ဖူးလို့ ခေါ်တယ်]
ယုချူးရွှယ် ယုန်အား စိုက်ကြည့်လိုက်ပြီးနောက် ” လယ်သမားရဲ့အိမ်ကို တခုခု သွားဌားရအောင် နေ့လည်စာက အဆင်ပြေမှာပါ ”
ကုန်းချင်းယောင် ” တောင်ထိပ်မှာ မှိုတွေရှိတယ်လို့ ထင်တယ်၊ အာ့တာက နေ့လည်စာအတွက် လုံလောက်မှာပါ ”
ယခု ရသစုံရှိုး ( reality show ) အတွင်း ဤသည်မှာ သူမ အရှည်ဆုံးပြောသော စာသားဖြစ်ပေသည်။ ယုချူးရွှယ် သူမ ပြောသည်အား ကြားသောအခါ အနည်းငယ် မပျော်မရွှင်ဖြစ်သွား၏။ နောက်ဆုံးမှာတော့ ကုန်းချင်းယောင်၏ အကြံဉာဏ်ပေးသည့် ကိစ္စဟု ဆိုနိုင်သော်လည်း သူမ၏အမြင်အား တိတ်တဆိတ် ဆန့်ကျင်နေလေသည်။
ဘေးနားရှိ လုယုံရီမှ ” ချင်းယောင် မှန်တယ်၊ တောင်ထိပ်သွားပြီး မှိုနည်းနည်းခူးသင့်တယ် ”
ယုချူးရွှယ် ခေါင်းညိမ့်လာ၏။ သူမ လယ်သမားအိမ်သို့သွားကာ ဘာမှ မချေးဌားရသည်ကို ကျေးဇူးတင်နေမိသည်။
လုယုံရီ ” ကောင်းပြီလေ၊ ယုန်ကို အရင်သန့်စင်လိုက်ဦးမယ် အားလုံးပြီးရင် ကြာကန်နားမှာ တွေ့ကြမယ်နော် ”
အဆုံး၌ ကျုံးရှင်းရင်နှင့် ကော်ယွမ်ခိုင်တို့ နေရာ၌သာ နေခဲ့ကြ၏။ ကုန်းချင်းယောင် ယိုရှင်းယွီနှင့် အခြားလူများအား တောင်ထိပ်သို့ ခေါ်လာလေသည်။ လူတိုင်း ရှီတခဲမှိုနှင့် ဟင်းရွက်ရိုင်းများကို အများအပြား ခူးလိုက်ကြသည်။ တောင်ခြေရင်းတွင် ကော်ယွမ်ခိုင် မီးမွှေးလိုက်ပြီး ယုန်အား ဝါးဖြင့် တုတ်ထိုး၍ ကင်လိုက်လေသည်။
ကြာကန်သို့ ပြန်လာပြီး ကုန်းချင်းယောင် ခူးလာသော မှိုများကို ဆေးလိုက်၏။ ယိုရှင်းယွီ မနေ့က ကောက်ယူလာသော ဖန်ဘူးအား မှိုစွပ်ပြုတ်ချက်ရန် ဆေးကြောလိုက်၏။ ယုချူးရွှယ် ဟင်းရွက်ရိုင်းများကို ဆေးကြောနေ၏။ ကျုံးရှင်းရင် သစ်ကိုင်းခြောက်များကို မီးစာထည့်ရန် ကောက်ယူလိုက်သည်။
အားလုံး အတွဲညီညီ ပူးပေါင်း၍ လုပ်ဆောင်ကြ၍ အချိန်အတိုတွင်း နေ့လည်စာ ကျက်သွားလေသည်။ ယုန်သားသည် အလွန်မွှေးနေပေသည်။ သို့ပေမယ့် ယုန်သည် နဂိုထဲ၌ သိပ်မကြီး၍ အားလုံး အတုံးသေးသေးလေးသာ ရကြလေသည်။
ယုန်သားအပြင် ဝါးခွက်ထဲတွင် ဟင်းရွက်ရိုင်းများလည်း ရှိပေသည်။ ယခုအကြိမ်သည် ဝါးခွက်နှင့် ချက်ပြုတ်စားရသည်မှာ ဒုတိယအကြိမ်ဖြစ်၍ ထင်သည် လုယုံရီ ချက်သော ဟင်းရွက်စွပ်ပြုတ်သည် ကုန်းချင်းယောင် ချက်သလောက် အရသာမရှိဟု ထင်မိကြလေသည်။ စားပြီးနောက် လူ၆ယောက် ဝါးခွက်များကို ဆေးလိုက်ပြီး မှိုစွပ်ပြုတ်များ ထည့်သောက်လိုက်၏။
ကျိူးရှင်းရင်မှ ” ဝိုး… ဒီမှိုစွပ်ပြုတ်က လတ်ဆတ်တာပဲ ” သူမသာ ကြိုသိရင် ဟင်းရွက်ရိုင်းစွပ်ပြုတ်ကို မစားပါဘူး။
ကော်ယွမ်ခိုင် ” ဒါက စားလို့ရရဲ့လား ”
11 04
ယုချူးရွှယ် ” ရတာပေါ့ ” သူမ အမှန်တက်တော့ မည်သည့်မှိုအမျိုးအစားမျိုးမှန်း မသိပေမယ့် သူတို့ကို ခူးနေစဉ် ကုန်းချင်းယောင်မှ မည်သည်ကို ခူးရသည်၊ ခူးမရသည်ကို ရှင်းပြပေးခဲ့၏။ ထို့အပြင် ကုန်းချင်းယောင် ကိုယ်တိုင်လည်း စားနေ၍ စားလို့ရကြောင်း သိနိုင်ပေသည်။
မနေ့၌ လယ်သမာများ စီမှ အစားအစာမချေးဌားဘဲ တောင်ပေါ်၌ ရှာခဲ့သော လုယုံရီ ” တောင်ပေါ်မှာ တခြားကောင်းတဲ့ ပစ္စည်းတွေအများကြီးပဲ ရှိသေးပုံရတယ် ”
ယိုရှင်းယွီမှ ခေါင်းညိမ့်လိုက်ပြီး ” ဟုတ်တယ်၊ စားပြီးတာနဲ့ တခါထဲ ညစာအတွက် စားစရာလိုက်ရှာရအောင် ”
ထိုစဉ် တင်းမာသော အသံတစ်ခုမှ ” ကောင်လေး၊ ထွက်မသွားနဲ့ ” အားလုံး ပြန်မတုံ့ပြန်နိုင်ခင် လူတစ်စုသည် သူတို့နှင့် အနီးဆုံးရှိ ကင်မရာအား ခွဲလိုက်ကြသည်။ ထိုသည်ကို မြင်သည်နှင့် ကင်မရာသမားများသည် ကင်မရာများကို ပိုက်၍ နေရာရွှေ့သွားကြ၏။
အခွဲခံလိုက်ရသော ကင်မရာသည် ကျူံရှင်းရင်၏ ကင်မရာဖြစ်၍ တိုက်ရှိုက်ထုတ်လွှင့်မှု့ရှိုးမှ သူမ၏ တီဗီမှ နေရာအကွက်သည် မဲမှောင်သွားသည်။
ကြည့်ရှု့သူများ ထိတ်လန့်သွားပြီး တီဗီဖန်သားအား ပြောင်းကြည့်လိုက်၏။ [????????]
[ဘာဖြစ်ကုန်တာလဲ]
[တခုခုမှား သွားတာလား]
[တောင်ပေါ်ကလူတွေထင်တယ်၊ ရဲခေါ်လိုက်ပါလား]
[နေဦး ဒါက ထုတ်လုပ်သူအသင်းက စီစဉ်တာလား တကယ်လား ]
[မဖြစ်နိုင်ဘူး၊ တကယ်စီစဉ်ရင် ကင်မရာကို ရိုက်မခွဲလောက်ဖူး၊ ငါ ဒီမှာ ရဲတောင် ခေါ်ပြီးနေပြီ ]
[အမေရေ တောင်ပေါ်မှာ လူတွေ ရာချီတာပဲ၊ ဟုတ်တယ်မလား]
[ဒါက ယဲ့တောင်မလား၊ အနီးအနားက လူတွေရှိလား၊ ကူညီပေးလို့ရမလား]
၃မိနစ်အတွင်း တီဗီဖန်သားပြင်တစ်ခုလုံး မဲမှောင်သွားလေသည်။
သို့ပေမယ့် ကြည့်ရှူ့သူများသည် ထွက်မသွားရုံမျှမက ပို၍အားကောင်းလာပေသည်။
ယဲ့တောင်ပေါ်မှ အခြေနေသည် အကောင်းဘက်၌ ရှိမျနပေ။ တောင်ပေါ်မှ လူများ၏ ခေါင်းဆောင်သည် ကုန်းချင်းယောင် တခြားလူများနှင့် အလုပ်သမားများထံသို့ တဖြည်းဖြည်း တိုးကပ်လာ၏။ အခြားသူများ နောက်ဆုတ်နေချိန်တွင် ကုန်းချင်းယောင်သာ အေးအေးလူလူထိုင်နေလျှက် မှိုစွပ်ပြုတ် သောက်နေလေသည်။
ထို့ကြောင့် ကုန်းချင်းယောင်သည် လူစု၏ထိပ်ဆုံးသို့ ရောက်လာ၏။
လုယုံရီ အခြေအနေအား မြင်၍ အနည်းငယ်စိတ်ပူလာ၏။ ဒီလိုအချိန်မှာ ဘယ်လိုမျိုး စွပ်ပြုတ်သောက်နေနိုင်ရတာလဲ ” ချင်းယောင် ဒီကိုလာခဲ့ ”
ကုန်းချင်းယောင် မှိုစွပ်ပြုတ်အား နောက်ဆုံးတလုတ်သောက်လိုက်ပြီး တောင်ပေါ်မှ လူများကို ကြည့်လိုက်ပြီး ” အဆုံးထိ လက်လျော့ဖို့ မစဉ်းစားဘူးပဲ ”
လူကြီးသည် ဟာသကြားလိုက်ရသလို ရယ်ပြီး ကျယ်လောင်စွာ ” ငါ မာစွင်း ဘဝမှာ လက်လျော့ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး ”
ဒီ မာစွင်းသည် မနေ့ညက သက်လတ်ပိုင်းမိန်းမကြီး၏ ယောင်္ကျားလေးဖြစ်ပြီး တောင်ပေါ်မှ ဩဇာအကြီးဆုံးသူဖြစ်သည်။ သူသည် မြို့အပြင်ရှိ မိန်းကလေး အမျိုးမျိုးကို ပြန်ပေးဆွဲရုံမက သူတို့အား တောင်ပေါ်ရှိ သန်မာသော ယောင်္ကျားများ၏ ဇနီးအဖြစ်ခေါ်လာပေးတတ်သည်။