ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၁၂
ယုချူးရွှယ် သူမရှေ့မှ ရွာသားများအား မျက်နှာဖြူဖျော့လာပြီး ကြည့်လိုက်၏။ ရွာသား တချို့မှာ ဓားများကိုင်ထားကြပြီး တချို့မှာ တုတ်များ ကိုင်ထားကြလေသည်။ သူမ ထိုလူများဘာလုပ်ချင်နေမှန်း မသိသော်လည်း သေချာသည်မှာတော့ ကောင်းသည့်ကိစ္စမဟုတ်သည့်ပုံပင်။
ကုန်းချင်းယောင် ဘာမှမပြောသည်ကို တွေ့သည်နှင့် မာစွင်းမှဆက်၍ ” အစကတော့ မင်းတို့ ဒီမှာရိုက်ကူးရေးလုပ်မယ်ဆိုတာကို ငါငြင်းသေးတယ်၊ ဒါပေမယ့် ဒါရိုက်တာက ပိုက်ဆံပေးမယ်ပြောလို့သာပေါ့၊ ဘာပဲဖြစ်ဖြစ် အာ့စုတ်ပဲ့နေတဲ့ ထုတ်လှုပ်မှု့အသင်းက နာမည်မှမကြီးတာ အာ့တာကြောင့်ပဲ ငါခွင့်ပြုပေးခဲ့တာ၊ ငါကတော့ တောင်ပေါ်တက်ပြီး ရက်အနည်းငယ်လောက် ပုန်းနေဖို့လုပ်ခဲ့တာ မထင်မှတ်ဘဲ မင်းတို့က ငါ့ လျှို့ဝှက်ချက်ကို ရှာတွေ့သွားကြတယ်ပေါ့ ”
ပုံမှန်ဆိုလျှင် မာစွင်းသည် မြို့သို့သွား၍ မိန်းကလေးများကို ပြန်ပေးဆွဲလာတတ်၏။ ထို့ကြောင့် ကင်မရာထဲပါသွားမှာ ကြောက်ရွှံ့နေ၍ သေချာလှုပ်ရှားတတ်၏။ သို့သော် မောင်လီချမ်း ပေးမည်ဆိုသော ငွေများကြောင့် တွန့်ဆုတ်သွားပြီး တောင်ပေါ်၌ ရိုက်ကူးရေးလုပ်နေစဉ်၂ရက်အား ပုန်းနေမည်ဟု ဆုံးဖြတ်၍ ခွင့်ပြုပေးခဲ့ခြင်းပင်။
ကျုံးရှင်းရင် ချက်ချင်းငြင်းဆန်လာ၏။ ” ဘာလျှို့ဝှက်ချက်လဲ ကျွန်မတို့ မသိပါဘူး ”
မာစွင်း ဒုက္ခပေးမည့် အပြုံးမျိုး ပြုံးလာပြီး ” မင်းဘာသာ သိသိမသိသိ အားလုံး ဒီမှာပဲ နေခဲ့ကြရမယ် ”
ယုချူးရွှယ် စိတ်ထဲ၌ ပို၍ကြောက်ရွှံ့တုန်လှုပ်လာပြီး ” ရှင် ကျွန်မတို့ ရှင်တို့ကို ဖော်ထုတ်မှာ မကြောက်ဘူးလား ” အမှန်တကယ်၌ သူမသည် ကင်မရာသမားအား ရိုက်ကူးရန် ညွှန်ပြမည်ဟု စီစဉ်ထားသော်လည်း ကင်မရာအားလုံး ရိုက်ခွဲခံရပြီဟု သိလိုက်ရသောအခါ နှလုံးသားများပို၍ အေးစက်လာလေသည်။
မာစွင်း: ” မင်းတို့ ဒီနေ့ ဒီနေရာက ထွက်သွားနိုင်မယ်လို့ ထင်နေတာလား ”
စက်ဆုပ်ဖွယ်ကောင်းသော ဘေးနားရှိ လူကြီးတစ်ယောက်သည် ” မာစွင်း ငါ အာ့ကောင်မလေးကို ကြိုက်တယ် နောက်ကျရင် ငါ့ကို ပေးပါ့လား ”
ယုချူးရွှယ် သူမအား လက်ညှိုးထိုးပြနေသော လူကြီးအားမြင်၍ ကိုယ်ကျုံ့၍ နောက်ဆုတ်သွားမိလေသည်။
တခြားလူမှလည်း ” ငါက သူမကို လိုချင်တယ် ”
ရွာသားများ တစ်ယောက်ပြီးတစ်ယောက် အနားရှိသည့် မိန်းကလေးများကို လက်ညှိုးထိုးလာကြ၏။ ကျုံးရှင်းရင်သည်လည်း သူမရှေ့မှ မြင်ကွင်းကြောင့် ကြောက်ရွှံ့ထိတ်လန့်ပြီး အနောက်သို့ ဆုတ်သွားတော့သည်။
လုယုံရီသည် မိန်းကလေးများရှေ့၌ ကာရပ်ပေးလိုက်ပြီး ” သူမတို့ကို ဘာမှလုပ်ဖို့မှ စဉ်းစားမနေကြနဲ့ ”
ယိုရှင်းယွီလည်း ရှေ့သို့တက်လာ၏။
မာစွင်း လုယုံရီအား ကြည့်လိုက်ပြီး ” မင်းတို့အားလုံး ဒီမှာနေခဲ့ရမှာပဲ၊ ငါတို့စီမှာ ယောင်္ကျားလေးတွေ ကြိုက်တဲ့သူလဲ ရှိကြပါတယ် ” ထို့နောက်သူ ယိုရှင်းယွီအား လက်ညှိုးထိုးလိုက်ပြီး ” အထူးသဖြင့်သူပဲ လက်လက်ဆတ်ဆတ် အသားလေး၊ နောက်မှ သူတို့ကို မင်းရဲ့အရသာကို မြည်းစမ်းခိုင်းရမယ် ”
သူ စကားပြောပြီးသွားသည်နှင့် ” အား… ” ဟူသော အသံကြားလိုက်ရ၍ မာစွင်း နဖူးအား ကိုင်လိုက်သည်ကို မြင်လိုက်ရ၏။ ထို့နောက် ဝါးခွက်လေးသည် အောက်သို့ကျသွား၏။ သူ ကုန်းချင်းယောင်အား ကြည့်လိုက်ပြီး စိတ်တိုစွာဖြင့် ” ဟမ့်… မင်း ငါ့ကို ရိုက်ရဲတယ် ”
ကုန်းချင်းယောင် လက်ခုတ်တီးလိုက်ပြီး ” ကြွက်သားနဲ့ အရိုးတွေကို အလုပ်မပေးရတာ တော်တော်ကြာနေပြီ ” သူမ၏ အထွတ်အထိပ်ရောက်ချိန်၌ မပြောနှင့် ယခု ထိုနေရက်များ၏ အားချင်းယှဉ်လျှင် ၃%မျှသာ အားရှိလျှင်တောင် ထိုလူစုအား အသာလေး လှဲသိပ်နိုင်ပေသည်။
အခုတင် ပစ်လိုက်သည့် ဝါးခွက်၏ အရှိန်နှင့် အားသည်ပင် ပေါ့သေးသေးမဟုတ်ပေ။ မာစွင်း နဖူးမှ စီးကျလာသော သွေးအား သုတ်လိုက်ပြီး ကုန်းချင်းယောင်ထံသို့ လမ်းလျှောက်လာကာ ” မင်းရဲ့ ကြွက်သားနဲ့ အရိုးတွေကို ငါ အရင်ဆုံး အလုပ်ပေးပေးမယ် ပြီးကျရင်တော့… ”
မာစွင်း ရွှံ့ရှာဖွယ် စကားများ မပြောနိုင်ခင် ကုန်းချင်းယောင်မှ သူ့အရှေ့သို့ အမြန် ရောက်သွားသည်ကို အားလုံး မြင်လိုက်ကြရ၏။ အသက်တချက်ရှူစာမျှတွင် လူအားလုံး ဘာဖြစ်မှန်း မသိလိုက်ရသေးခင် မာစွင်း မြေပြင်သို့ လဲကျသွား၏။
” အိုး…… ” မာစွင်း သူ၏လက်နှင့် ခြေထောက်တို့အား ဖက်ထားပြီး နာကျင်မှု့ကြောင့် အော်ဟစ်လာ၏။
ထို့နောက် သူ့လူများကို ကြည့်လိုက်ကာ ” မင်းတို့က ဘာကြောင်ကြည့်နေတာလဲ သူမကို ငါ့စီ ခေါ်လာခဲ့လေ ”
သို့ပေမယ့် မည်သူမဆို ကုန်းချင်းယောင်၏ ၁မီတာရှိ စက်ဝိုင်းအတွင်းသို့ ချဉ်းကပ်လာသည်နှင့် ကုန်းချင်းယောင်မှ ၃ချက်အတွင်း အလှဲသိပ်လိုက်နိုင်သည်။ အနောက်မှ လူများသည် ထိုမိန်းကလေးမှာ အနည်းငယ် ကျွမ်းကျင်သည်ကိုမြင်၍ သူမအနားသို့ မကပ်ရဲကြတော့ပေ။
12 02
မာစွင်း သူ့အနောက်ရှိ လူများ အကူအညီဖြင့် ထရပ်လာပြီး ” ဒီကောင်မက နည်းနည်းထူးဆန်းတယ်၊ ကျန်းစန်း မင်းနဲ့ တခြားလူတွေက သူမကို တိုက်ခိုက် ကျန်တဲ့သူတွေက ဟိုမှာရှိနေတဲ့ လူတွေကို ဖမ်းလိုက်ကြ ”
ကျန်းစန်း နှင့် သူ့လူများသည် ရွာထဲ၌ အသန်မာဆုံးသူများပင်။ မာစွင်း စကားကိုကြားသည်နှင့် သူ့လူအနည်းငယ်ခေါ်ကာ ကုန်းချင်းယောင် အနားသို့ တိုးကပ်သွား၏။ ကျန်ရွာသားများသည် လုချူးရွှယ်နှင့် တခြားသူများထံသို့ ပြေးသွားကြတော့၏။ အခြေအနေသည် ခဏမျှ ဝရုန်းသုန်းကားဖြစ်နေပြီး အထူးသဖြင့် ကျုံးရှင်းရင်နှင့် ယုချူးရွှယ်တို့သည် ကျယ်လောင်စွာ အော်ဟစ်နေကြ၏။
ကုန်းချင်းယောင် ကိုယ်ပေါ်၌ အဆောင်လက်ဖွဲ့များ သိပ်မရှိတော့၍ သူမ အားလုံးအား ရွာသားများထံသို့ ပစ်ထုတ်လိုက်ကာ ” ဖွဲ့စည်း ” ဟု အော်ဟစ်လိုက်၏။
တိုက်ခိုက်ခံလိုက်ရသော ရွာသားများသည် နေရာ၌ ချက်ချင်း ရပ်သွားကြပြီး မလှုပ်နိုင်ကြတော့ပေ။ မာစွင်းသည် ကုန်းချင်းယောင်အား ကြောက်ရွှံ့တုန်လှုပ်ကာ ကြည့်လိုက်ပြီး ” မင်းဘာလုပ်တာလဲ ”
ကုန်းချင်းယောင် ” ဘာမှ မလုပ်ပါဘူး၊ ရှင်တို့ သတ်ခဲ့သမျှလူတွေကို ခေါ်လိုက်ရုံပါပဲ ” ပြောပြီးသည်နှင့် သူမ အဆောင်လက်ဖွဲ့များကို ထုတ်ကာ မာစွင်းနှင့် အခြားလူများ နှဖူးပေါ်သို့ ကပ်ပေးလိုက်၏။
သူတို့သည် အနည်းငယ် ပျင်းရိလေးကန်သွားပြီး သရဲများကို မြင်လာ၍ အော်ဟစ်လိုက်ကြတော့၏။ ” မလာနဲ့၊ မလာနဲ့ ငါ မင်းတို့ကို အန္တရာယ်မပြုချင်ပါဘူး ” သူတို့၏ ယခုကြောက်ရွှံ့နေသော မျက်နှာများသည် အစောမှ ရက်စက်သောမျက်နှာများနှင့် တခြားစီပင်။
ဧည့်သည်များအားလုံး အချင်းချင်း ကြည့်လိုက်ကြ၏။ ယောင်္ကျားလေး၃ယောက်သည် အကြည့်ချင်းဆုံလာပြီး ယခုအဖြစ်အပျက်သည် ညမှ ကိစ္စနှင့် ဘာလို့ ဆင်တူနေတာလဲ ဟု စဉ်းစားလာကြ၏။
ကုန်းချင်းယောင်၏ အဆောင်လက်ဖွဲ့များသည် ပုံမှန်ဆိုလျှင် ၁မိနစ်မျှသာ ကြာလေသည်။ ထိုအဆောင်လက်ဖွဲ့များအား လုချမ်ချမ်၏ မိဘတို့ကို ပေးသုံးခဲ့ဖူးသည်။ ရေးဆွဲသော အခါ အမှားများ ဖြစ်သွား၍ ယခုအဆောင်များမှာ မိနစ်ဝက်မျှသာ ကြာတော့လေသည်။ ဘာပဲဖြစ်ဖြစ် ကုန်းချင်းယောင်သည် သူတို့အား ကိုယ်နှင့်မကွာဆောင်ထားတတ်ပြီး ယနေ့၌ ကောင်းစွာအသုံးဝင်လာလေတော့သည်။
မိနစ်ဝက်မျှကြာပြီးနောက် မာစွင်းနှင့် အခြားသူများ နိုးထလာကြသည်။ သူ ကုန်းချင်းယောင်အား ကြည့်လိုက်ပြီး သူမကိုသာ ဖြေရှင်းနိုင်လျှင် ကျန်သူများမှာ ဒီနေရာ၌ ကျန်နေခဲ့ရမည်ဟု စဉ်းစားပြီး သူ့မျက်နှာမှာ ကြမ်းကြုတ်လာကာ ” သူမက မကောင်းဆိုးဝါးပဲ၊ သူမကိုသတ် ”
” ခင်ဗျားတို့ လုပ်ရဲလား ” ယိုရှင်းယွီ ကျယ်လောင်စွာ အော်ဟစ်လာပြီး ” လူသတ်တာက ဥပဒေနဲ့ ညီတယ်လို့များ ထင်နေကြတာလား ”
မာစွင်း တံထွေး ထွေးလိုက်ပြီး ” ဟမ့်… ယဲ့တောင်မှာ ငါကသာ ဥပဒေပဲ ”
မာစွင်းမှ ” တက်ကြ ” ဟု အော်ဟစ်လာ၏။
” ရပ်လိုက်ကြစမ်း ” စိတ်တိုနေသော အသံတစ်သံသည် ရွာသားများနောက်မှ ထွက်ပေါ်လာလေသည်။
အားလုံး ကြည့်လိုက်သောအခါ ရဲသားများဖြစ်နေသော်လည်း ရဲသား၃ယောက်သာ လာသည်ဖြစ်နေ၏။
ယုချူးရွှယ် ပျော်ရွှင်စွာနှင့် ” ရဲတွေ ရောက်လာပြီ ”
မာစွင်းသည် သူတို့အား ကြည့်ကာ ရယ်မောလာပြီး ” မင်းတို့ကရော ဘာရှာချင်ကြတာလဲ၊ ညီအကိုတို့ ဒီလူ နည်းနည်းလေးကို အရင်ဖြေရှင်းလိုက် ”
ရဲသား၃ယောက်လုံးသည် Rမြို့မှ လာကြခြင်းဖြစ်၏။ ယခုမှသာ လူသတ်ရန် ကြိုးပမ်းနေသည်ဟု သတင်းကြားရသည်ဖြစ်ပြီး လူဘယ်နှယောက်ရှိနေမှန်း သူတို့မသိပေ။ ဤနေရာသို့ ရောက်မှသာ ရွာသားရာကျော်ရှိနေမှန်း သူတို့မြင်လိုက်ရ၏။ ထို့ကြောင့် နှုတ်ခမ်းအား တင်းကြပ်စွာ စေ့ထားပြီး ရွာသားများနှင့် အရင်တိုက်ခိုက်လိုက်ကြတော့သည်။ ရဲတစ်ယောက်သည် ဝေါ်ကီတော်ကီနှင့် လူအင်အား ပို့ပေးရန် အကြောင်းကြားမည့်ဆဲဆဲတွင် လူသတ်ချင်ရိပ်စွန်းနေသော ရွာသားများသည် ဝေါ်ကီတော်ကီအား မြေပြင်သို့ ပုတ်ချ၍ ခြေထောက်ဖြင့် နင်းချေလိုက်၏။
မိနစ်ပိုင်းအတွင်း ရဲသား၃ယောင်မှာ အဝိုင်းခံလိုက်ရ၏။
ယုချူးရွှယ်နှင့် အခြားသူများ အေးစက်လာသည်ဟု ထပ်၍ ခံစားလိုက်ရပြန်သည်။ ရဲများရောက်လာသော်လည်း လူနည်းနေပြီး တဖက်ရန်သူများကို ထိန်းသိမ်းရန် မလုံလောက်နေပေ။ ရွာသားများသည် တစ်ယောက် တစ်ယောက်ချင်းဖြစ်စေ နှစ်ယောက် တစ်ယောက်ဖြစ်စေ တိုက်ခိုက်ရသည်မှာ အဆင်ပြေသော်လည်း လူအုပ်ကြီးဖြစ်နေသေ အခါ မလှုပ်သာတော့ပေ။ ရဲသားများ နောက်ထပ် ဘာဆက်ဖြစ်မည်ဆိုသည်ကို သူတို့ ထပ်၍ရှင်းပြပေးနေစရာ လိုသေးရဲ့လား။
ရဲသားတစ်ယောက် လဲကျမည့်အချိန်တွင် ယုချူးရွှယ်နှင့် ကျုံးရှင်းရင်တို့ မျက်လုံးပိတ်ထားလိုက်ကြ၏။
ထိုစဉ် ” ဖောက်…” ဟူသော သေနတ်ပစ်သံ ကြားလိုက်ရ၏။
12 03
ယူနီဖောင်းဝတ်စုံ ဝတ်ထားသော လူတစ်ယောက်သည် ရဲကား အဖြူထဲမှ အသံချဲ့စက်နှင့် အော်ဟစ်လာ၏။ ” ရှေ့မှာရှိတဲ့ ရွာသားတွေ မင်းတို့လက်တွေကို ခေါင်းပေါ်တင်ထားကြပါ ”
ကျုံးရှင်းရင် ပျော်ရွှင်သွားပြီး ” ကောင်းတယ် နောက်ထပ်ရဲတွေ အများကြီးလာတယ် ”
” မင်းတို့ တိတ်တဆိတ်နေချင်လဲ တိတ်ဆိတ်နေခွင့်ရှိတယ် ဒါပေမယ့် မင်းတို့ ပြောသမျှစကားလုံးတိုင်းကို တရားရုံးမှာ သက်သေအဖြစ် တင်သွင်းခွင့်ရှိတယ် ”
ယုချူးရွှယ် ပျော်ရွှင်စွာနှင့်ငိုလိုက်၏။ ထိုကဲ့သို့သော ခမ်းနားသည့် မြင်ကွင်းအား ရုပ်ရှင်ရိုက်လျှင်သာ မြင်ရသည်ဖြစ်ပြီး ယနေ့တော့ နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ရမည်ဟု သူမ မခန့်မှန်းခဲ့ပေ။
စကားပြောနေသူမှာ ချန်လဲ့ဖြစ်သည်။ ယဲ့တောင်သည် Rမြို့၏ပိုင်နက်ဖြစ်ပြီး Sမြို့နှင့် မသက်ဆိုင်ပေ။ သို့သော် မနေ့ည၌ ကုန်းချင်းယောင် မိန်းမကြီးအား အရှုံးပေး၍ ဝန်ခံခိုင်းသောအခါ ထိုမိန်းမကြီး ဝန်ခံပါ့မည်ဟု ပြောသည့်အချိန်၌ သူမ မြင်ကွင်းအနည်းငယ်အား ကြိုမြင်လိုက်ရ၏။
မြင်ကွင်းထံတွင် မိန်းမကြီးသည် တောင်တဝက်ရှိ အိမ်သို့ ပြေးသွားပြီး သူမ၏ ယောင်္ကျားမာစွင်းနှင့် တွေ့ပြီး သူ့အား မကောင်းဆိုးဝါး မိန်းမတစ်ယောက် ရောက်နေပြီး သူတို့အား သူတို့လုပ်ရက်များကို ဝန်ခံခိုင်းကြောင်းပြောခဲ့၏။ ထို့နောက် မာစွင်းသည် နေ့လည်ခင်းအထိအိပ်၍ ရွာသားများကို ခေါ်ကာ သူမနှင့် တခြားလူများကို ဝိုင်းလိုက်ကြ၏။ ထို့ပြင် မာစွင်းမှ သူမတို့အား ယဲ့တောင်ပေါ်၌ နေစေချင်ကြောင်းပြောခဲ့သည်။
ထို့ကြောင့် သူမ မာစွင်းအိမ်မှ ထွက်လာသောအခါ တောင်အောက်သို့ဆင်း၍ မောင်ချမ်းလီအား ရဲများကို ခေါ်ပေးရန်နှင့် ယဲ့တော်တွင် အန္တရာယ်ကျတော့မည်ဖြစ်ကြောင်း ပြောခဲ့၏။
ထို့နောက် ယနေ့ခေတ်လူများသည် ရုပ်လွန်ပညာရပ်ကို မယုံကြည်ဘူးဆိုသည်ကို သတိရသွားပြီး ချန်လဲ့အား ရှာခဲ့ပေသည်။ ချန်လဲ့သည် ထိုနေရာမှ လူကုန်ကူးသည့် နေရာဖြစ်မှန်းသိသည်နှင့် သူ ချက်ချင်းလာမည်ဟု ပြောခဲ့၏။ ကုန်းချင်းယောင်မှ ချန်လဲ့အား သန်းရှို့မင် ဖုန်းနံပါတ်အား တောင်းခဲ့၏။ အကြောင်းမှာ သန်းရှို့မင် သည် လူကုန်ကူးသည်အား အမုန်းဆုံးဖြစ်သောကြောင့်ပင်။ သူမ ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြသည်နှင့် သူသည် ရဲအရာရှိများကို လွှတ်ပေးမည်နှင့် သူတို့ နေ့လည်ခင်းမတိုင်ခင် ထိုနေရာသို့ ရောက်ပါ့မည်ဟု အာမခံလိုက်၏။
နေ့လည်၌ မောင်လီချမ်းသည် ကုန်းချင်းယောင်၏ မနေ့၌ ခိုင်မာနေသော မျက်လုံးများကို သတိရသွား၏။ ထိုအကြောင်းစဉ်းစားကာ သူ ရဲများကို ဖုန်းဆက်ခေါ်လိုက်၏။ မောင်လီချမ်းသည် အနုပညာလောကထဲမှဖြစ်၍ ရဲများအား ယဲ့တောင်တွင် အရေးပေါ်ကိစ္စဖြစ်နေပြီ ဟူ၍သာ ပြောခဲ့၏။ Rမြို့မှ ရဲဌာနသည် ယုံသွားပြီး ရဲများကို ချက်ချင်းပို့ပေးလာသည်။ ထိုရဲများမှာ အရင်ဆုံးရောက်လာသော ရဲသား ၃ယောက်ပင်။
မောင်လီချမ်း ထိုကိစ္စအား စဉ်းစားလိုက်ပြီး ရဲခေါ်ရန်ပင် လိုရဲ့လားဟု တွေးလိုက်မိ၏။ ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှု့ရှိုးသည် အနှောင့်အယှက်ခံရမှသာ သူသည် ရဲစခန်းသို့ ထပ်အကြောင်းကြားခဲ့ပြီး ထိုအချိန်၌ အကြောင်းကြသည်မှာ ပထမအကြိမ်ကထက် ပိုစိတ်ပူနေလေသည်။ သို့ပေမယ့် ရဲစခန်းမှ သူ့အား တစ်ယောက်ယောက်မှာ ကြိုတင် အကြောင်းကြား ပြီးပြီဟု ပြောလာ၏။
ဒါရိုက်တာနှင့် ကားထဲရှိလူများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး မောင်လီချမ်းသည် စိတ်ပြန်ထိန်းလိုက်၍ အသင်းသားများအား ယဲ့တောင်ပေါ်သို့ အမြန်တက်ရန် အမြန်ပြင်ဆင်ခိုင်း၍ တက်လာကြတော့၏။
Rမြိုမှ ရဲသားများသည် Sမြို့မှ ရဲသားများ ရောက်နေသည်ကိုမြင်မှ စိတ်အေးစွာ သက်ပြင်းချလိုက်၏။ ကံကောင်း၍ သူတိုရောက်လာလို့ပင်။ မဟုတ်လျှင် သူတို့ ဒီနေ့ ဒီနေရာမှ ထွက်သွားနိုင်ပါ့မလား မသေချာပေ။ သူတို့ ထိုသို့တွေးလိုက်ပြီး ခဏမျှ ကြောက်ရွှံ့သွားကြ၏။
သန်းရှို့မင် နှင့်အတူ Sမြို့ထက်ဝက်နီးပါး ရဲသားများနှင့်အတူ အခြားကြည်းတပ်၊ရေတယ်၊ လေတပ်များလည်း မိနစ်ပိုင်းအတွင်းရောက်လာကာ ရွာသားများအားလုံး အဖမ်းခံရလိုက်ကြသည်။ ထိုအချိန်၌ တိုက်ရိုက်ရှိုးပွဲအား ကြည့်ရှူ့သူများသည် အမျိုးမျိုး ဆွေးနွေးလာကြပြီး အချိန်ခဏအတွင်း hot search သို့ ဝင်သွားတော့သည်။ ကုန်းချင်းယောင်နှင့် အခြား ၅ယောက်သည် hot search ထိပ်ဆုံး၌ နေရာယူထားကြပြီး ယဲ့တောင်သည်လည်း အနောက်မှကပ်ပါလာလေသည်။
မောင်လီချမ်း ကား၁၀မိနစ်မျှ မောင်းပြီးနောက် ရဲကားများအား တွေ့လိုက်ရသည်။
ယဲ့တောင်၏ လမ်းသည် သိပ်မကျယ်ဘဲ တချိန်တည်း၌ ကား၂စီးသာ ဖြတ်သွား၍ ရပေသည်။ ကားအကြီးများဆိုလျှင် သေချာပေါက် လမ်းပိတ်နေမည်ပင်။ သူ ကားနောက်ဆုတ်ဖို့ ပြောပေးရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ သူ လမ်းဘေး၌ ကားရပ်၍ ရဲကားများကို ရေတွက်သောအခါ ရဲကား၃ကားနှင့် အချုပ်ကား၂စီးဖြတ်သွားပေသည်။
12 04
ရဲကားများ မောင်းအပြီးတွင် မောင်လီချမ်းနှင့် အခြားအသင်းသားများ ချက်ချင်းထွက်ခွာလာရာ လမ်းတဝက်တွင် ကုန်းချင်းယောင်နှင့် အခြားသူများ မြင်ကြရ၏။ ရဲသားများသည်လည်း သူတို့ဘေး၌ ရှိနေကြသည်ကိုလည်း တွေ့လိုက်ရ၏။
မောင်လီချမ်း ကားပေါ်မှ အမြန်ဆင်းလာပြီး တစ်ယောက်မှ ခြစ်ရာပင် မရှိသည်ကို မြင်ရပါမှ စိတ်ဒုန်းဒုန်းချလိုက်မိ၏။ အိုက်ရှောင်းယွင်သည် အနောက်မှ လိုက်လာပြီး ယုချူးရွှယ်သည် သူမအား မြင်သည်နှင့် ပြေးဖက်၍ ငိုတော့လေသည်။ ကျုံးရှင်းရင်သည်လည်း ထိုမြင်ကွင်းကို ကြည့်ကာ ရှိုက်လာတော့၏။ သူမ ဘယ်သောအခါမှ တိုက်ရိုက်ရှိုးရိုက်ကူးနေရင်း ဤသို့ကြုံတွေ့ရမည်မှန်း မထင်မှတ်ထားပေ။
အိုက်ရှောင်းယွင် ယုချူးရွှယ်အား နှစ်သိမ့်ပေးလျှက် ကုန်းချင်းယောင်အား ကြည့်လာ၏။ ကုန်းချင်းယောင် လုံးဝကြောက်မနေသည်ကိုမြင်မှ ” ဟုတ်ပါပြီ၊ အားလုံး အဆင်ပြေသွားပြီး၊ အားလုံးအဆင်ပြေသွားပြီ၊ ကားထဲဝင်တော့၊ ပြန်ကြရအောင် ”
ကျန်ရှိသော ရဲသားများမှာ ချန်လဲ့နှင့် အခြားသူများပင်။ သူတို့သည် ခြုံခိုတိုက်ရန် စောင့်နေမည့် ရွာသားများ ရှိမည်ကိုစိုးရိမ်၍ ကားထဲသို့ မဝင်ချင်ကြ၍ ရှိရင်းဆွဲနေရာ၌သာ နေနေလေသည်။ ယခုတော့ ကားထဲ၌ နေရာချောင်နေသည်ကိုတွေ့၍ ဝင်ထိုင်လိုက်ကြ၏။
ကုန်းချင်းယောင်နှင့် အခြားသူများ ထွက်ဆိုချက်ပေးရဦးမည်ကို တွေးမိ၍ မောင်လီချမ်း Rမြို့ရှိ ရဲဌာနသို့ တန်းမောင်းသွားလေသည်။
အားလုံး ရဲဌာနမှ ထွက်လာသောအခါ မှောင်နေပြီဖြစ်၍ မောင်လီချမ်းမှ အားလုံးအတွက် ဟိုတယ်တွင် ညစာစီစဉ်ပေးလိုက်၏။ ကုန်းချင်းယောင်မှ လွဲ၍ တခြားသူများသည် ၂ကိုက်မျှသာစားပြီး အနားယူရန်သွားကြတော့၏။
ညစာစားပွဲ၌ မောင်လီချမ်းသည် တခုခုအား ပြောချင်သလို အကြိမ်ပေါင်းများစွာ ကြည့်နေသော်လည်း သူပြောမထွက်ပေ။ ကုန်းချင်းယောင် ဖြည်းညှင်းစွာ နောက်ဆုံးထမင်းလုတ်အား အဆုံးသတ်၍ နေရာမှ ထသွားလေသည်။ မောင်လီချမ်း သူ့ရှိရှိသမျှ အင်အားများကို စု၍ အဆုံး၌ စကားပြောမည်အပြုတွင် အိုက်ချင်းယောင်မှ စကားပြောလာ၏။ ” ချင်းယောင် အားလား ”
ကုန်းချင်းယောင် အိုက်ရှင်းယွင်၏ ငွေကြေးနှင့် မိသားစုနေရာအား ကြည့်လိုက်ပြီး ဘာဖြစ်သည်မှန်း ခန့်မှန်းမိကာ ” အခန်းထဲသွားရအောင် ”
အိုက်ရှောင်းယွင် ကုန်းချင်းယောင်နောက်မှလိုက်သွားပြီး သူမ ပျိုးထောင်ပေးခဲ့သော အနုပညာသည်သည် လုံးဝကွာခြားနေပြီဟု ခံစားလိုက်ရ၏။
အခန်းထဲသို့ဝင်ကာ အိုက်ရှော
င်းယီမှ တံခါးအား ပိတ်လိုက်ပြီးပြီးချင်း ကုန်းချင်းယောင်မှ မေးလာ၏။ ” ရှင့်ရဲ့ မောင်လေးကို ထပ်ပြီးပိုက်ဆံပေးဖို့ စဉ်းစားနေတုန်းပဲလား “