ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ
အပိုင်း ၁၀
ယုချူးရွှယ် ကွန်မန့်များကို မသိသေးဘဲ ကြာပန်းအား ခူးနေလျက်”ချင်းယောင် ကြာပန်းတွေကိုတဲထဲမှာ အလှဆင်ဖို့ ခူးနေတာလား”
အလှဆင်ဖို့။ ကုန်းချင်းယောင် ထိုမျှအထိ မအားနေပါချေ။
ကုန်းချင်းယောင်”မဟုတ်ပါဘူး”
“အာ့တာဆို ဘာလုပ်ဖို့လဲ”ကျုံးရှင်းရင်မှ မေးလာ၏။
“စားဖို့”
ယူချူးရွှယ် အံ့ဩသွားပြီး”ဒီပန်းက စားလို့ရတယ်လား”
“ရတာပေါ့”
ကြာပန်းများအား ခူးလိုက်ပြီးနောက် ကုန်းချင်းယောင် ပွင့်ဖတ်များကို ခြွေကာ ဆေးကြောလိုက်ပြီး ဘေးသို့ဖယ်ထားလိုက်၏။ ဖန်ဘူးထဲမှ ရေဆူလာသောအခါ သူမ ရေများကို သွန်လိုက်ပြီး ဖန်ဘူးအား မီးပေါ်သို့ ပြန်တင်ထားလိုက်လေသည်။ ထို့နောက် ကြီးမားသော ကြာပန်းအား ဆေးလိုက်ပြီး ပန်းကန်းကဲ့သို့ ခေါက်လိုက်၏။
ကျုံးရှင်းရင် အနားသို့လာရပ်ပြီး”ကြည့်လို့ကောင်းလိုက်တာ”
ကုန်းချင်းယောင် ယုချူးရွှယ် ယူလာသော ကြက်ဥအားခွဲ၍ ကြာပွင့်ဖတ်များကို ကြက်ဥထဲသို့ နှစ်လိုက်၏။ ဖန်ဘူးထဲမှရေသည် အပူချိန်ကြောင့် အငွေ့ပြန်သွားချိန် ဆီအနည်းငယ်ထည့်ကာ ကြာပွင့်ဖတ်များကို ထည့်၍ ကြော်လိုက်သည်။
ကျုံးရှင်းရင် အနည်းငယ် စိတ်လှုပ်ရှားနေပြီး”ဒါက တကယ်စားဖို့လား”
မကြာမီတွင် ကြာပွင့်ဖတ်များ ကြော်ပြီးသွားသောအခါ အခြားသူများ မလှုပ်ရှားလာသည်ကိုတွေ့၍ ကုန်းချင်းယောင်မှ”နင်တို့ စားလို့ရပြီလေ”
ကော်ယွမ်ခိုင် ချက်ချင်း အရှေ့တက်လာပြီး မုန့်တဖက်ယူလိုက်ကာ”အရမ်းပူတာပဲ”
ကျုံးရှင်းရင်မှ”ဘယ်သူက အမြန်ယူခိုင်းနေလို့လဲ”
ယုချူးရွှယ်လည်း မုန့်တဖက်ယူလိုက်၏။ သူမ ကြာပွင့်ဖတ်အား စားဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်ပင်။ ကြက်ဥအရသာသည် မစပိုင်း၌ ပြင်းသော်လည်း မုန့်တဖက်စားပြီး ချိန်တွင် ပါးစပ်ထဲ၌ ပန်းရနံလေး ကျန်နေခဲ့လေသည်။ ယုချူးရွှယ် ဤအရသာသည် ကြာပန်းရနံမှန်း ချက်ချင်း သိလိုက်လေသည်။
တခြားသူများ စားနေကြချိန် ကုန်းချင်းယောင်မှ ကြာပွင့်ဖတ်များကို ကြော်ပေးနေလေသည်။ ခဏမျှအကြာတွင် သူတို့ ခူးလာသော ကြာပန်းများ အားလုံးစားကုန်သွားချေပြီ။ ကျုံးရှင်းရင်မှ အကြံပေးလာ၏။”ကြာပန်းတွေ ထပ်ခူးကြရအောင်”
ကုန်းချင်းယောင်”ဒါပေမယ့် ကြက်ဥတွေ မကျန်တော့ဘူး”
အားလုံး နောင်တရသော အရိပ်အယောင်များ ပြလာကြပြီး”အာ့တာက ဆိုးတာပဲ”
ကုန်းချင်းယောင် မီးဖိုပေါ်၌ ကင်ထားသည်များကို ညွှန်ပြလာကာ”ငါးတွေတော့ ရှိသေးတယ်လေ”
“အိုး… ဟုတ်သား ငါးတွေရှိသေးတာပဲ”လုယုံရီ ချက်ချင်း ထယူလိုက်ပြီး တစ်ယောက် ငါးနှစ်ကောင်စီ ခွဲပေးလာသည်။
အားလုံး စားသောက်ပြီးချိန်တွင် ညမှောင်လာ၏။ ယဲ့တောင်မှ ညရှုခင်းသည် မဆိုးလှပေ။ သူမတို့ ထိုင်သည့်နေရာမှ ကြယ်အချို့ပင်မြင်ရလေသည်။ ခဏမျှ စကားစမြည် ပြောကြပြီးနောက် ပစ္စည်းများကို ဗလာကျင်းနေသော တဲထဲသို့ ရွှေ့လိုက်ပြီး ဒေါနပန်းများကို ဟုန်းဟုန်းတောက်အောင် မီးရှို့လိုက်တော့သည်။
ကော်ယွမ်ခိုင်”အိပ်ကြရအောင်၊ မနက်ဖြန် အစောကြီးထပြီး ရှင်သန်ဖို့ ကြိုးစားရဦးမယ်”
ကျုံးရှင်းရင်”ဟော့ပေါ့ တကယ်စားချင်နေပြီ”
ယုချူးရွှယ် သူမ ဗိုက်အား ဆုပ်ကိုင်လိုက်ပြီး”အိပ်လိုက် အိပ်လိုက်ရင် ဘာမှစဉ်းစားမိမှာ မဟုတ်တော့ဘူး”
အားလုံး အိပ်ရန် လဲလျောင်သွားကြသည်ကို မြင်သည်နှင့် တိုက်ရိုက်ရှိူးကို ကြည့်ရှု့သူများ စတင်ပြီး ဆွေးနွေးလာကြတော့သည်။
[ဘုရားရေ ရှင်းယွီ တကယ်ပဲ ဒီလိုနေရာမှာ ညအိပ်ရမှာလား]
[သူ ဘယ်လိုများ အိပ်နိုင်တာလဲ]
[ရှင်းယွီအတွက် စိတ်မကောင်းဘူး၊ တခြားဧည့်သည်တွေအတွက်လဲ စိတ်မကောင်းဘူး ]
ည ၁၀နာရီ၌ ကင်မရာသမားများသည် မောင်လီချမ်းထံမှ ည၌ ကင်မရာအား တဲအိမ်ထဲမှ အပြင်သို့ ထုတ်ရန် ပြောကြားလာခြင်းကို ခံရလိုက်လေသည်။ ကျုံးရှင်းရင်နှင့် ယုချူးရွှယ်သည် အချင်းချင်းကြည့်လိုက်ကာ ထရပ်ပြီး တဲအနောက်သို့သွားကာ မိတ်ကပ်များ ဖြတ်ကြတော့သည်။
10 02
ယခုမှ အားလုံး ဆေးကြောသန့်စင်ထားသော်လည်း သူမတို့ မျက်နှာသစ်ချင်ယောင် ဆောင်ထားခြင်းဖြစ်၏။ မိတ်ကပ်ပျက်သွားသည်နှင့် ကြည့်ရှု့သူများရှေ့တွင် မျက်နှာပြောင်များ ပေါ်လာမည်ဖြစ်ပြီး မျက်နှာအား မအိပ်ခင် မဆေးကြောလျှင် အသားအရေသည် မနက်ရောက်လျှင် ဆိုးဝါးနေမည်ပင်။
အားလုံး တောင်ပေါ်သို့ တက်လာခါနီး၌ ပစ္စည်းများအားလုံး ပေးခဲ့ရသော်လည်း ထုတ်လုပ်မှုအသင်းသည် သူမတို့၂ယောက်၏ မိတ်ကပ်ပစ္စည်းများကို တဲအနောက်ထဲ၌ ဖွက်ထားပေးထား၏။ ကင်မရာသမားများသည် ၆နာရီ မထိုးခင်လာမည်ဖြစ်ပြီး သူမတို့ ၆နာရီ မတိုင်ခင် မိတ်ကပ်လိမ်းပြင်ဆင်ရမည်ဖြစ်သည်။
ကုန်းချင်းယောင်မှာ အစကတည်းက မိတ်ကပ် မလိမ်းထား၍ ဆေးကြောပြီးသည်နှင့် အိပ်နေလေတော့သည်။
ယုချူးရွှယ်နှင့် ကျုံးရှင်းရင်တို့ တဲထဲသို့ ကြည့်လာကြပြီး ကုန်းချင်းယောင်သည် မိတ်ကပ်မလိမ်းတောင် ဓာတ်ပုံစားပြီး အသားအရေအား ဤမျှ ကြည့်ကောင်းအောင် မည်သို့ထိန်းသိမ်းမှန်း သူမတို့ မသိကြချေ။ သူတို့သည် ငယ်ရွယ်သော သရုပ်ဆောင်များပေမယ့် မိတ်ကပ်အထူကြီးများလိမ်း၍ ညည့်နက်သည်အထိ နေတတ်ကြ၍ အသားအရေအခြေအနေမှာ အနည်းငယ် ဆိုးဝါးပေသည်။ ထပ်ပေါင်းပြောရလျှင် သူမတို့ ဒီနေ့ည အသားရေအစိုဓာတ်ထိန်းသော မက်စ်အား အသုံးမပြုရသေး၍ မနက်ဖြန် အသားအရေအခြေနေမှာ မည်သို့ဖြစ်နေမည်မှန်း မသိတော့ပေ။
သူမတို့နှစ်ယောက် သက်ပြင်းချလိုက်ကြပြီး မက်စ်ကို ယူလိုက်ကာ မျက်နှာ၌ ကပ်လိုက်ကြ၏။ သူမတို့ မက်စ်ကပ်နေသည်မှာ အချိန်တဝက်မျှသာ ရှိသေးသော်လည်း ငိုသံကို ကြားလိုက်ရ၏။
မှောင်နေသော ဘေးပတ်ဝန်းကျင်ကို ကြည့်လျက် ယုချူးရွှယ် အသံများ တုန်ယင်လာပြီး”ဒါက ဘာအသံလဲ”
ကျုံးရှင်းရင် မက်စ်ခွာလိုက်ပြီး မြေပြင်ပေါ်သို့ အေးစက်သော အမူအရာနှင့် ပစ်ထုတ်လိုက်ကာ”ထားလိုက်ပါ အထဲဝင်ရအောင်”
ကျုံးရှင်းရင် တဲထဲသို့ ပြေးဝင်သွားပြီး ယုချူးရွှယ်လည်း သူမ အနောက်မှ လိုက်သွားလိုက်၏။ သို့သော် ကလေးငိုသံသည် သူမတို့နားထဲ၌ ပို၍ကျယ်လောင်လာလေသည်။
ယုချူးရွှယ် တီးတိုး”ကလေးငိုနေတာနဲ့တူတယ်”
ဘေးနားရှိ ကျုံးရှင်းရင်မှ”စကားမပြောတော့နဲ့ အိပ်တော့”
ဤမြင်ကွင်းကိုသာ မြင်ပါက ကြည့်ရှု့သူများသည် ယုချူးရွှယ်နှင့် ကျူံရှင်းရင်၏ မျက်နှာပြောင်များကို ကြည့်မိကာ အော်ဟစ်လာကြမည်ပင်။
ဘေးမှ အိပ်နေသော ကုန်းချင်းယောင် ထထိုင်လိုက်ပြီး တံခါးအပြင်သို့ လမ်းလျှောက်သွားလိုက်၏။
ယုချူးရွှယ်”ကုန်းချင်းယောင် နင် ဘာလုပ်မလို့လဲ”
“နင်တို့ပဲ ကောင်းကောင်းနားကြပါ”ကုန်းချင်းယောင် ပြောပြီးသည်နှင့် တဲထဲမှ ထွက်သွားတော့သည်။
ယုချူးရွှယ်……
ဒီလိုတွေဖြစ်နေတာကို ငါတို့က ဘယ်လိုကောင်းကောင်းအနားယူရမှာလဲ။
တဲအိမ်၏အခြားခန်းရှိ လုယုံရီသည် ကလေးငိုသံကြား၍ ထထိုင်လာပြီး”မင်းတို့ အသံများ ကြားကြသေးလား”
ယိုရှင်းယွီ မျက်လုံးပွတ်လျက် ထလာ၏။ ဤနေရာသည် သက်တောင့်သက်သာ မရှိသော်လည်း နေ့ခင်း၌ ပင်ပန်းထားသောကြောင့် သူအိပ်ပျော်သွားလေသည်။ သူ လုယုံရီ မေးခွန်းကြောင့် အနည်းငယ်စိတ်ရှုပ်သွားပေမယ့် ခဏ၌ နားလည်လာပြီး ချက်ချင်း”ငိုသံဖြစ်ပုံရတယ်”
ကွောယွမ်ခိုင်လည်း နိုးလာပြီး”ဘယ်လို ငိုသံလဲ”
သူ ပြောပြီးသည်နှင့် စူးရှသော ငိုသံသည် ဝင်ရောက်လာပြီး လူတိုင်း ကြက်သီးများ ထသွားကြ၏။
လုယုံရီ ထရပ်လာပြီး တခြားအခန်းနှင့် ကပ်နေသော နံရံအား ခေါက်လိုက်ပြီး”အိပ်ပျော်ကြလား”
ယုချူးရွှယ် တီးတိုးအသံနှင့်”မပျော်ဘူး၊ ကုန်းချင်းယောင် အခုပဲ လမ်းလျှောက်ထွက်သွားတယ်”
10 03
လုယုံရီ သူမပြောသည်အား ကြားသည်နှင့် ချက်ချင်း ထွက်သွာပြီး ယိုရှင်းယွီလည်း သူ့နောက်မှ လိုက်လာ၏။ ကော်ယွမ်ခိုင် မိန်းမောနေရာမှ ထရပ်လာပြီး သူတို့နောက်မှ လိုက်လာသည်။
ကျုံးရှင်းရင်နှင့် ယုချူးရွှယ်သာ အခန်းထဲ ကျန်ခဲ့တော့သည်။ ယုချူးရွှယ် ကျုံးရှင်းရင်၏ အင်္ကျီစကို ဆုပ်ကိုင်လာပြီး”ငါတို့လည်း အပြင်ထွက်ပြီး သွားကြည့်သင့်လား”
“မကြည့်ဘူး”ကျုံးရှင်းရင် ပြောပြီးသည်နှင့် ချက်ချင်းလှဲအိပ်သွားတော့သည်။
ငိုသံသည် ကုန်းချင်းယောင် မနက်၌ ဟင်းရွက်သွားတောင်းသော လယ်သမားအိမ်မှဖြစ်သည်။ ကုန်းချင်ယောင် လမ်းလျှောက်သွားပြီး အိမ်တံခါး ခေါက်လိုက်၏။ သက်လတ်ပိုင်းမိန်းမကြီးသည် အော်ဟစ်လာပြီး အိမ်ထဲမှ ထလာကာ”ရှူး… ငါတို့ကို မရှုပ်နဲ့၊ နင်၊ နင် မြန်မြန်ထွက်သွား”
ကုန်းချင်းယောင်”ကျွန်မက ကုန်းချင်းယောင်ပါ မနက်က ဒီကို ဟင်းရွက်တွေ လာတောင်းခဲ့တယ်လေ”
သက်လတ်ပိုင်း မိန်းမကြီးမှ အော်ဟစ်လာ၏။”နင် ဘယ်သူဖြစ်ဖြစ် မြန်မြန်ထွက်သွား”
“တံခါးဖွင့်ပေးပါ၊ ကလေးရဲ့ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးပါ့မယ်”
အခုမှရောက်လာသော လုယုံရီ၊ ယိုရှင်းယွီနှင့် ကော်ယွင်ခိုင်တို့ သူမပြောသည်ကိုကြားပြီး နေရာ၌ ကြောင်အနေလေသည်။
သူတို့အားလုံး ထိုသက်လတ်ပိုင်းမိန်းမကြီးမှ ကလေးအမေဖြစ်မှန်း မထင်ထားကြပေ။ မိန်းမကြီးအား ကလေး၏ အဖွားဟု ထင်ထားကြခြင်းပင်။ အဓိကမှာ ကုန်းချင်းယောင်မှ ပြဿနာကို သူမဖြေရှင်းတတ်ပါသည်ဟု ယခုလေးတင် ပြောခဲ့ခြင်းပင်။ သို့သော် သူတို့ ဘယ်လိုကြည့်ကြည့် ကုန်းချင်းယောင်သည် အမေတစ်ယောက်နှင့် မတူပေ။
သို့သော် ကုန်းချင်းယောင်၏အသံသည် ခိုင်မာနေ၍ မိန်းမကြီးမှ တံခါးဖွင့်ပေးလာ၏။ ကုန်းချင်းယောင် ဝင်လိုက်သောအခါ ယောက်ျားလေး၃ယောက်လည်း သူမနောက်မှ လိုက်လာကြလေသည်။ မိနိးမကြီးသည် အခန်းအား ဘာအတွေးမှမရှိဘဲ ငေးကြည့်နေလေသည်။ သူမ ထိုအရာကို ညတိုင်းဖြတ်ကျော်နေရ၍ မကြာခင် မေ့လဲကျတော့မည်ဟုပင် ခံစားနေရလေသည်။
ညမှ လက်စွပ်၏ အပြင်သို့ အထုတ်ခံလိုက်ရသော လုချမ်ချမ်သည် အမြန်ထွက်လာ၏။ ကုန်းချင်းယောင်”ပြန်လာခဲ့”
လုချမ်ချမ် ကုန်းချင်းယောင် ပြောသည်ကိုကြားသည်နှင့် သူမ အနောက်သို့ အမြန်ပြန်သွားလိုက်၏။ အကြောင်းအချို့ကြောင့် ကုန်းချင်းယောင် နောက်မှလိုက်နေသော လုယုံရီနှင့် အခြားလူ၂ယောက်သည် မဲမှောင်သောတိမ်များ စုဝေးလာသည်ဟု ခံစားလိုက်ရသည်။
အခန်းထဲသို့ ဝင်လိုက်သောအခါ ကလေးငယ်သည် ကြမ်းပြင်ပေါ်၌ ထိုင်နေပြီး ပခုံးအား လက်ဖြင့် ဆိပ်နေပြီး အူလှိုက်အသည်းလှိုက် အော်ဟစ်နေ၏။ လုယုံရီနှင့် အခြားသူများ ဤမြင်ကွင်းသည် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
ကုန်းချင်းယောင် အဆောင်လက်ဖွဲ့အား ပိုက်ဆံအိတ်ထဲမှ ထုတ်လိုက်ပြီး ကလေး ကိုယ်ပေါ်၌ ကပ်ပေးလိုက်ပြီးနောက် ကလေးငယ်သည် ချက်ချင်းငြိမ်ကျကာ မေ့မြောသွားတော့သည်။
ကော်ယွမ်ခိုင်သည် ပထမ၌ အနည်းငယ် အိပ်ချင်နေသော်လည်း မြင်ကွင်းကိုတွေ့၍ ကြောက်လန့်သွားလေသည်။ လုယုံရီနှင့် ယိုရှင်းယွီတို့လည်း ကြက်သေသေသွားကြ၏။ ကုန်းချင်းယောင်သည် တခုခုအား ပစ်လိုက်ပုံရပြီးနောက် ကလေးသည် ပြဿနာရှာနေသည်ကို ချက်ချင်းရပ်သွားသည်လား။
ကုန်းချင်းယောင် ကလေး၏ အနောက်ဖက်ကို ကြည့်လိုက်ပြီး”နင်က သေပြီးတာတောင် သူများတွေကို ဒုက္ခပေးသေးတယ်၊ ကံကြမ္မာဆိုးဆိုတာဘာလဲ နင်သိလား”
အကြောင်းတချို့ကြောင့် ယောက်ျားလေး၃ယောက်သည် ကုန်းချင်းယောင် ကြည့်နေသည့် အခန်းထောင့်၌ တခုခုရှိနေသည်ဟု ခံစားနေရလေသည်။
သို့သော် သူတို့ မမြင်ရပေမယ့် လုချမ်ချမ်နှင့် ကုန်းချင်းယောင်မှ မြင်နေရသည်။ ထို့ကြောင့် လုချမ်ချမ်မှ”ဟမ့်… နင်မကောင်းဆိုးဝါး ငါက စနောက်တာတွေ လုပ်ပေမယ့်လဲ ဘယ်သူ့ကိုမှ မထိခိုက်ဖူးဘူး၊ နင်က ကလေးကို တကယ်တိုက်ခိုက်နေတာပဲ”
သူတို့၏မျက်နှာချင်းဆိုင်မှ အမျိုးသမီးသရဲသည် ခေါင်းမော့လာ၏။ သူမတွင် ခြေထောက်တဖက်သာရှိနေပြီး မျက်လုံးများမှာ အပြင်ထွက်ကျနေပြီး လျှာ်သည်လည်း တဝက်အဖြတ်ခံထားရပြီး သူမပုံစံမှာ ကြောက်စရာအလွန်ကောင်းနေပေသည်။
10 04
လုချမ်ချမ်”သာမန်မဖြစ်နေတာက အဆင်ပြေတယ်မဟုတ်ဘူးလား၊ နင် ငါ့ကို ခြောက်လို့မရဘူး၊ သူမဆိုရင် ပြောမနေနဲ့တော့”သူမ ကုန်းချင်းယောင်ထံသို့ ငေးကြည့်လိုက်၏။
အမျိုးသမီးသရဲသည် ရှေ့၌ရပ်နေသော မိန်းကလေးနှင့် သရဲတို့သည် သူမအား မကြောက်မှန်းမြင်ရသောအခါ နူးညံ့သောအမျိုးသမီးအသွင် ပုံစံပြောင်းလိုက်၏။”ငါက ကောင်းမွန်တဲ့ မိသားစုက မွေးလာပြီး မိသားစုကလဲ အမြဲတမ်း သင့်မြတ်ပြီး ပျော်ရွှင်ခဲ့ရတယ်၊ ငါက တက္ကလိုလ်ဝင်ခွင့် စာမေးပွဲမှာ အမှတ်ကောင်းပြီး ထိပ်တန်းတက္ကလိုလ်မဟုတိပေမယ့် တခြားတက္ကသိုလ်မှာ တက်ခဲ့တရယ်၊ ပြဿနာက တည ငါ စာလေ့လာရာကနေ အိမ်ကိုပြန်လာတဲ့အခါ ဒီစဉ်းလဲတဲ့ လူတွေကနေ ပြန်ပေးဆွဲတာကို ခံလိုက်ရတယ်၊ ငါ အကြိမ်ပေါင်းများစွာ ထွက်ပြေးဖို့ ကြိုးစားပြီး အမြဲတမ်း ပြန်အဖမ်းခံရတယ်၊ နင်တွေ့တယ်မလား၊ ပထမတခါ ထွက်ပြေးတုန်းက ပြန်ဆွဲခေါ်လာပြီး ခြေထောက်ဖြတ်တာကို ခံလိုက်ရတယ်၊ ဒုတိယတခါမှာတော့ ငါ့ရဲ့ မျက်လုံးတွေကို နှိုက်ထုတ်ပစ်ကြတယ်”
လုချမ်ချမ် သူမပြောသည်ကို ကြားပြီးနောက် စိတ်သောကရောက်လာလေသည်။
“ဒါပေမယ့် တတိယအကြိမ်မှာ သေချာပြင်ဆင်ပြီး ရဲသားတွေစီကို ပြေးသွားတယ်၊ ရဲတွေက ငါ့ကို ပြန်ပေးဆွဲခံရတယ်ဆိုတာ မယုံဘဲ ဒီကို ပြန်ဆွဲခေါ်လာတာကို ခံလိုက်ရတယ်၊ အာ့အချိန်မှာ ငါ့ကို စကားမပြောနိုင်အောင် လျှာတဝက်ဖြတ်ပစ်ကြတယ်”
လုချမ်ချမ်”ဟုတ်ပါတယ်၊ ဒါပေမယ့် ကလေးကို ဒီလိုလုပ်လို့မရဘူးလေ”
“ဘာလို့ မဟုတ်ရမှာလဲ၊ နင် မနက်ကနေ ညအထိ လူတွေအများကြီးက မုဒိန်းကျင့်ခံရတာ ဘယ်လိုလဲ သိလား၊ ကိုယ်ဝန်ရအောင် တွန်းအားပေးခံရပြီး ကလေးမွေးရတာ ဘယ်လိုလဲလို့ နင်သိလား၊ ဒါတွေအားလုံးက ဒီကလေးရဲ့ အဖေကြောင့်ပဲ၊ သူက ငါ့ကို ပြန်ပေးဆွဲခဲ့တဲ့သူပဲ”အမျိုးသမီးသရဲသည် ဝမ်းနည်းကြေကွဲစွာဖြင့် ပြောပြလာ၏။
ကုန်းချင်းယောင်”ဒီကလေးက နင့်အပေါ် ဘာအပြစ်မှမလုပ်ထားဘူးလေ၊ ဒီလိုလုပ်တာမှားတာပဲ”
အမျိုးသမီးသရဲသည် ငိုကြွေးလျက်”အာ့တာဆို ငါလည်း ဒီကလေးရဲ့ အဖေကို ဘာအပြစ်မှ မလုပ်ထားဘူးလေ၊ ဘာလို့ ငါ့ကို ပြန်ပေးဆွဲရတာလဲ၊ သူဒါတွေကို သူတို့အတွက်သာမဟုတ်ရင် လုပ်ပါ့မလား၊ မဟုတ်ရင် အခုငါ တက္ကသိုလ်တက်နေရပြီး ပျော်ရွှင်တဲ့ မိသားစုနဲ့ အတူတူရှိနေရမှာ”
ကုန်းချင်းယောင်”မကောင်းတဲ့သူတွေက သူတို့ရဲ့ကံကြမ္မာကို ပြန်ဒဏ်ခံရမှာပါ”
“မကောင်းတဲ့သူတွေ ဒဏ်ခတ်ခံရတယ်ဆိုတာကို ငါ ဘယ်တော့မှ မယုံဘူး၊ ငါ ဘယ်တုန်းကမှ မကောင်းတာ မလုပ်ဖူးဘူး၊ အာ့တာကို ဘာလို့ ဒီလိုအခြေအနေမှာ အဆုံးသတ်သွားရတာလဲ၊ ငါ့မိဘတွေကလဲ လူကောင်းတွေ၊ ငါ ပျောက်သွားပြီးတဲ့နောက် သူတို့ ဘယ်လိုနေနေရလဲ ငါမသိဘူး”အမျိုးသမီးသရဲသည် ကလေးငယ်နှင့် မိန်းမကြီးအား လက်ညိုးထိုးလိုက်ပြီး”ဘာလို့သူတို့ကတော့ ကောင်းကောင်းနေနေရတာလဲ”
ကုန်းချင်းယောင် ခေါင်းခါရမ်းလျက်”နင် ကလေးကို ထိခိုက်စေချင်တုန်းပဲလား”
အမျိုးသမီးသရဲသည် တင်းမာစွာနှင့်”သူ့ကိုတင်မဟုတ်ဘူး၊ ဒီကရှိတဲ့ လူတွေတိုင်းကိုပါ ငါနဲ့အတူ သေစေချင်တယ်”
စကားပြောပြီးနောကိ အမျိုးသမီးသရဲသည် သူမ၏ဝမ်းနည်းမှု အငွေ့အသက်များကို အခန်းထဲသို့ လွှမ်းခြုံလိုက်သည်။ အခန်းထဲမှ သိပ်မလင်းသောမီးသည် အကြိမ်အနည်းငယ် ဖျက်ဖျက်ခတ်ပြီး ငြိမ်းသွားလေသည်။
ကော်ယွမ်ခိုင် မအောင့်နိုင်ဘဲ အော်လိုက်မိတော့သည်။
“အား…………”