ERSY အခန်း ၅၁

အခန်း ၅၁။ ဂိုဏ်းကနေထွက်ခွာခြင်း

ကြာပွင့်ပေါ်က လူအုပ်ကြီးက တွေဝေသွားတော့တယ်။

သူက ကျန်တဲ့အကြီးအကဲနှစ်ယောက်ကိုသတ်လိုက်တာတဲ့။

သူတို့တွေက သလင်းလုံးနားကိုအနီးကပ်ကြည့်လိုက်တော့မှ ချင်းယင်မသေခင် အဲ့ဒီမိန်းမက သူ့ဘေးမှာရပ်နေတာကို သဘောပေါက်သွားကြတယ်။ သူတို့မျက်လုံးထဲမှာ သတိတရားတွေ ပြည့်ကုန်ရောပဲ။ ပိုဆိုးတာက သူတို့တွေက သူမရဲ့ကျင့်ကြံဆင့်ကို မထုတ်ဖော်နိုင်တာလေ။

“ဟမ့် … ဒီတာအိုရောင်းရင်းက အဓိပ္ပာယ်မရှိတာတွေပြောနေတာပဲ။ ရွက်တစ်ထောင်ဝိညာဉ်ဆိုတာ ငါ့ရွှမ်းယန်မိသားစုရတနာလေ … ဘယ်အချိန်ကစပြီး မင်းဟာဖြစ်သွားတာလဲ”

“အဲဒါက နင်တို့မိသားစုဟာဆိုတာ သေချာလား” အထက်ထျန်းလန်လောကက လူတိုင်း အဲဒါကို သိတယ်။

“ဒါဆို…” ရှန်းရင်က မျက်လုံးတွေမှေးကျဉ်းကြည့်လိုက်တယ်။

“ခေါ်ကြည့်လေ … ထူးလားကြည့်ရအောင်”

ခရီးသွားမသေမျိုးက တန့်သွားရောပဲ ဘာပေါက်ပန်းဈေးတွေလျှောက်ပြောနေတာလဲ …

“အဓိပ္ပာယ်မရှိလိုက်တာ၊ အပင်ဝိညာဉ်ဆိုတာ မိုးနဲ့မြေရဲ့ဝိညာဉ်ချီတွေပေါင်းစည်းထားတာ … အသိစိတ် ရှိတယ်ဆိုရင်တောင် သူ့ကိုယ်သူ သာလွန်တယ်လို့မြင်နေတုန်းပဲ။ သခင်တစ်ယောက် ရွေးမယ်ဆိုရင်တောင် အဲဒါက မခေါ် …”

“နင် မခေါ်ရင် ငါခေါ်လိုက်မယ်” သူပြောတာမပြီးသေးခင် ရှန်းရင်က ကြားဖြတ်ပြောလိုက်တော့တာပဲ။ “မုန်လာဥရေ … ဒီကိုခဏထွက်လာခဲ့ပါဦး”

“ကျိ …”

သူမပြောပြီးတဲ့အချိန်မှပဲ လူအုပ်ကြီးက ကူယွဲ့ရဲ့ခြေထောက်အောက်ကနေ အဖြူရောင်အလင်းတန်း တစ်ခုပေါ်လာတာကိုတွေ့လိုက်ရတယ်။ တစ်စုံတစ်ခုက ရှန်းရင်ရှေ့ကို ဖျတ်ခနဲ ရောက်သွားတာ … အဆီပြည့်ပြည့်တွေအပြင် အဖြူရောင်ခန္ဓာကိုယ်ကြီးက အစိမ်းရောင်အရွက်ဖားဖားတွေနဲ့ အဲဒီအရွက် တွေကြားထဲမှာ ဒုဓလီအပွင့်တွေ အများကြီးပေါက်နေတာ … သူက သူ့ပန်းလေးကို မြှောက်ပြီး အော်ပြောနေတယ်။ “ကျိ ကျိ ကျိ …”

“ငါနဲ့ဝေးဝေးနေ” ဒုဓလီပန်းတွေက သူ့ရဲ့ပွင့်ချပ်တွေကို ခါချနေတာ။

“ကျီ” မုန်လာဥတစ်ကိုယ်လုံးက ငြင်းပယ်ခံလိုက်ရတာကြောင့် ညှိုးငယ်သွားပုံပေါ်တယ်။

“ရွက်တစ်ထောင်အပင်ဝိညာဉ်” ကြာပွင့်ပေါ်က လူတွေက တစ်ယောက်ပြီးတစ်ယောက် ထုတ်ပြောတော့တာပဲ။ သူတို့မျက်လုံးသူတို့မယုံနိုင်ကြဘူး။ ဖြူဖြူဝဝခန္ဓာကိုယ်က ရွက်တစ်ထောင် အပင်ဝိညာဉ်ပဲ … သူ့အသိစိတ်ကလည်း ပစ်ချက်မရှိဘူး။ ပြီးပြည့်စုံတယ်။ ဆန်းကြယ်ဘုံက ဒီလိုရတနာမျိုး ထုတ်ပေးနိုင်လိမ့်မယ်လို့ သူတို့မတွေးခဲ့မိဘူးလေ။

“မုန်လာဥ” ရှန်းရင်က ထပ်ခေါ်လိုက်ပြီး မြေပြင်ပေါ်က မုန်လာဥကိုစိုက်ကြည့်လိုက်တယ်။ သူက ကြာပွင့်ပေါ်က လူတွေကိုလက်ညှိုးထိုးပြီးမေးလိုက်တော့တယ်။ “နင်က သူတို့အပိုင်လို့ သူတို့ပြောတယ်”

မုန်လာဥက တွေဝေနေပြီး သူမလက်ညှိုးထိုးပြတဲ့ဖက်ကိုလှည့်ကြည့်လိုက်တယ်။ ပြီးတော့ တစ်ဖက်ပြန်လှည့်လာပြီး အသံတစ်သံပြုလိုက်တော့တာပဲ …

“ဖွီ…” လူတွေအများကြီးက ငါ့ရဲ့ခန္ဓာကိုယ်တပ်မက်နေကြတာ …။

လူအုပ်ကြီး “…” အားလုံးတိတ်ဆိတ်ကုန်ရောပဲ။

“ဒီမုန်လာဥကို ဘယ်သူပိုင်တယ်လို့ထင်တာလဲ” ရှန်းရင်က လူအုပ်ကြီးကို လှည့်ကြည့်လိုက်တယ်။

လူအုပ်ကြီးရဲ့အမူအရာက ဇဝေဇဝါဖြစ်မှုတွေ ရောင်ပြန်ဟပ်နေတယ်။ ရွှမ်းယန်မိသားစုက အမှန်တရားအကြောင်း အသိဆုံးပေါ့ … အစတုန်းက မဟူရာကောင်းကင်ဂိုဏ်းကို ပြဿနာရှာဖို့ လာတာပဲ ဒါပေမဲ့ ဆန်းကြယ်ဘုံထဲမှာ ရွက်တစ်ထောင်အပင်ဝိညာဉ်တစ်ခု တကယ် ရှာတွေ့လိမ့်မယ်လို့ မထင်ထားဘူး။ ပြီးတော့ အဲဒါက ဒီမှာတကယ်ကြီး တစ်ခုရှိနေတယ်လေ။

“မင်း … မင်းမှာ ဘာကြောင့် ရွက်တစ်ထောင် အပင်ဝိညာဉ်ရှိနေတာလဲ” ခရီးသွားမသေမျိုးက မျက်မှောင်ကျုံ့ပြီးတော့ ဆက်ပြောတော့တယ်။

“ဒါက ငါ့ရွှမ်းယန်မိသားစုက ပိုင်ဆိုင်တဲ့ ရွက်တစ်ထောင်အပင်ဝိညာဉ်ပဲ … သူတို့တွေက ရွက်တစ်ထောင်အပင်ဝိညာဉ်ကို မိစ္ဆာအတတ်တွေနဲ့ ပြုစားထားတာပဲဖြစ်ရမယ်။ ဒါကြောင့် သခင်အမှန်ကို မသိတော့တာ … ဒါကြောင့် မင်းစကားနားထောင်နေတာလေ”

သူက မြေကြီးပေါ်မှာမတ်မတ်ရပ်နေတဲ့အပင်ဝိညာဉ်ကို စိုက်ကြည့်လိုက်တယ်။ သူတို့မှာ အပင်ဝိညာဉ်တစ်ခု ရှိပြီဆိုတာ အခုသိပြီဆိုတော့ အဲဒါမပါဘဲ သူ မထွက်သွားနိုင်ဘူး။ မဟူရာကောင်းကင်ဂိုဏ်းကနေ လုယူရမယ်ဆိုရင်တောင် သူလုယူမှာပဲ။

“သခင်ကို အသိအမှတ်ပြုထားတယ်လို့ ဘယ်သူကပြောလဲ” ရှန်းရင်က မုန်လာဥကိုကောက်ကိုင်ပြီး တပတ်လှည့်ပြလိုက်တယ်။ နှင်းလိုဖြူဆွတ်နေတဲ့ ခန္ဓာကိုယ်မှာ ဘာစာချုပ်အရိပ်အယောင်မှ ရှိမနေဘူး။

မရှိ … ပိုင်ရှင် မရှိဘူး။

လူအုပ်ကြီးက သူတို့နားသူတို့မယုံနိုင်ဘဲ အားလုံးမျက်လုံးပြူးကျယ်ကုန်ရောပဲ … ဒီလူက တုံးအတာလား … ရတနာကိုတွေ့တဲ့သူက သူတို့ကိုယ်သူတို့ ပိုင်ရှင်အဖြစ် အသိအမှတ် ပြုကြမှာပဲလေ။ ကြာပွင့်ပေါ်က လူအုပ်ကြီးအမူအရာက သုန်မှုန်သွားရောပဲ ရတနာက သူတို့ အပိုင်လို့ ထပ်မပြောနိုင်တော့ဘူး။ သခင်ကိုအသိအမှတ်မပြုထားတဲ့ရတနာက ရွှမ်းယန်မိသားစု အပိုင်ဆိုတာ ဘယ်သူကယုံကြည်မှာလဲ။

ခဏအတွင်းမှာပဲ သူတို့ရဲ့မြင့်မားတဲ့စိတ်ဓာတ်ခွန်အားတွေက ပြုတ်ကျကုန်ရောပဲ။ သူတို့တွေထဲက တချို့တွေရဲ့အမူအရာကို ညိုမှုန်နေတယ် … တချို့တွေက မသက်မသာဖြစ်နေတာ။ ရွှမ်းယန်မိသားစုက လူတွေက သူတို့ခြေထောက်ပေါ်သူတို့ခဲတွေပစ်ချမိတယ်လို့ခံစားမိလေရဲ့။

“နင်တိုတွေဘာမှလုပ်စရာမရှိဘူးပဲ” ရှန်းရင်က သက်ပြင်းချလိုက်တယ်။ သူတို့တွေကသာ အားနေတဲ့အချိန်ကို စားကောင်းသောက်ဖွယ်တချို့မြည်းစမ်းရင်ဘယ်လောက်ကောင်းလိုက်မလဲ။ သူမက မဟူရာကောင်းကင်ဂိုဏ်းက လူအုပ်ကြီးကို သိမ်းကြုံးကြည့်လိုက်တယ်။ အားလုံးကို လှည့်ကြည့်ပြီး ဘယ်သူ့ကိုမှစိုက်မကြည့်ခဲ့ဘူး။ သူက ယိချင်းဘက်လှည့်ကြည့်ပြီးပြောလိုက်တယ်။

“စားဖိုမှူး … ဒီဂိုဏ်းက စားစရာတွေကို စားရတာငြီးငွေ့နေပြီ … တည်နေရာပြောင်းကြရအောင်”

“ဆရာ…” ယိချင်းက တွေဝေနေတယ်။ ခဏကြာပြီးတော့ သူမဆိုလိုတာကို သူသဘောပေါက်သွားတော့တာပဲ။ သူက အံကြိတ်ပြီးတော့ သူ့နောက်က လူအုပ်ကြီးကို စိန်းစိန်းဝါးဝါးလှည့်ကြည့်လိုက်တယ်။ သူ့ရဲ့ဆရာက ရွှမ်းယန်ကနေအာရုံလွှဲပေးဖို့ မဟူရာကောင်းကင်ဂိုဏ်းကပ်ဘေးကနေဖယ်ရှားနိုင်မှုကို ကူညီပေးဖို့အတွက် ဖယ်ရှားမှုကို သူ့ဆီရောက်အောင်လုပ်ချင်နေတာ။

သတ္တိကြောင်တဲ့ လူတစ်စု ကျေးဇူးမသိတတ်တဲ့လူတစ်စုက ဒါမျိုးကိုဘယ်လိုလုပ်ရဲရတာလဲ။

“ဟုတ်ကဲ့ ဆရာ” ယိချင်းက လက်သီးကျစ်ကျစ်ဆုပ်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။ သူက တဖက်လှည့်ပြီးတော့ပြောလိုက်တော့တယ်။ “ခန်းမသခင်ချို … ခင်ဗျားကို ဒုက္ခပေးမိပြီ။ ယိချင်းက ခြေသလုံးတိုင်အိမ်တိုင်ကျင့်ကြံသူတစ်ယောက် ဂိုဏ်းရဲ့စည်းမျဉ်းတွေကို ဘယ်တုန်းကမှ မလိုက်နာ ချင်ခဲ့ဘူး … ဒီအကြောင်းကြောင့် ဒီဂိုဏ်းကနေထွက်ခွင့်တောင်းပါတယ်။ အားလုံးပဲ ထာဝရ ရှင်သန်မှုဆီကို ကောင်းကောင်းတက်လှမ်းနိုင်ပါစေ” သူ့ပါးစပ်ကနေအဲ့ဒီစကားတွေ ထွက်ပေါ်လာ ပြီးတာနဲ့ ခန်းမရဲ့ထွက်ပေါက်ဆီကို သူလျှောက်သွားတော့တယ်။ သူ့ရဲ့တပည့်ကျောက်စိမ်း တံဆိပ်ပြားကို မဟူရာကောင်းကင်ဂိုဏ်းကလူတွေဆီလှမ်းပေးလိုက်တယ်။

“ယိချင်း …” ကူယွဲ့ရဲ့မျက်လုံးတွေပြူးကျယ်သွားရောပဲ။ “မင်း ဘာလုပ်တာလဲ”

“ဆရာသခင် … အားလုံးပဲအဆင်ပြေပါစေလို့ဆုတောင်းပါတယ်” ရှီးချိုးက ကျောက်စိမ်းပြားကို လက်ခံတဲ့အချိန် သူ့လက်တွေ တုန်နေလေတော့တယ်။ သူ့ကိုယ်သူ ရုတ်တရက်ကြီး အရှက်ရမိသွားတယ်။ သူတို့တွေက ဒီအခြေအနေကြီးတစ်ခုလုံးမှာ အပြစ်ကင်းဆုံးလူတွေပဲ။ ဒါတောင်မှ ဂိုဏ်းအတွက် …။

“ရှီးချိုး မင်း …” ကူယွဲ့က ရှီးချိုးကိုမယုံနိုင်သလိုနဲ့ကြည့်နေမိတယ်။

ရှီးချိုးက သူဂိုဏ်းကနေထွက်လာရတာ ဂရုမစိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မဟူရာကောင်းကင်ဂိုဏ်းကို သူမှ သံယောဇဉ်မရှိတာ။ ဂိုဏ်းတွေအလုပ်လုပ်ပုံကို လူတိုင်းထက် သူပိုသိတယ်။ သလင်းလုံးကပုံရိပ်တွေကို သူမြင်လိုက်တဲ့အချိန်မှာပဲ မဟူရာကောင်းကင်ဂိုဏ်းကလူတွေ တုံ့ပြန်မဲ့ပုံကို သူသိပြီးသားပဲ။

ရွှမ်းယန်မိသားစုက မဟူရာကောင်းကင်ဂိုဏ်းကို ဖျက်ဆီးဖို့အကြောင်းအရင်းမရှိတော့ဘူး။ ဒါပေမဲ့ ရှန်းရင်နဲ့ ယိချင်းမှာ ရွက်တစ်ထောင်အပင်ဝိညာဉ်ရှိနေသရွေ့ ရွှမ်းယန်မိသားစုက သူတို့ကို မဟူရာကောင်းကင်ဂိုဏ်းနဲ့ တစ်ဖွဲ့တည်းလို့မှတ်နေဦးမှာ။ အထက်ထျန်းလန်လောကက အောက်ဘုံက မိသားစုတွေကို ဖြေရှင်းဖို့အကြမ်းဖက်တာက ရှားပါးလွန်းတယ်။ အချိန်ကြာလာတာနဲ့အမျှ အောက်ဘုံက အဲ့ဒီဂိုဏ်းတွေက အထက်လောကရဲ့မိသားစုတွေကို မမုန်းတီးဘူးလို့ ဘယ်သူမှအာမမခံနိုင်တာ။ ဒီတော့အထက်ထျန်းလန်လောကအတွက် ရှင်းရှင်းလင်းလင်း သီးခြားနေတာက ပိုပြီးကောင်းတယ်လေ။

“ဆရာ …” ယိချင်းက ကျောခိုင်းလိုက်ပြီး ကူယွဲ့ခေါ်တာကို လျစ်လျူရှုလိုက်တယ်။

ရှန်းရင်က ခေါင်းညိတ်လိုက်တော့တယ်။ သူက ခေါင်းညိတ်ပြီး ကြာပွင့်ပေါ်ကလူတွေကို ကြည့်ပြီး ပြောလိုက်လေရဲ့။ “လူကြီးမင်းတို့ ဘယ်သူဖြစ်ဖြစ် နင်တို့လူကို ငါသတ်ခဲ့တာ … မုန်လာဥကို ကောက်လာတာလည်း ငါပဲ။ နင်တို့စိတ်မပျော်ရင် ငါနဲ့စာရင်းရှင်းလို့ရတယ် … တခြားသူတွေနဲ့ ဘာမှမဆိုင်ဘူး”

သူမပါးစပ်ထဲက အဲ့ဒီစကားတွေထွက်လာတာနဲ့ ယိချင်းက ဓားပျံကိုထုတ်ပြီး မိုးကုပ်စက်ဝိုင်းထဲ ပျံသန်းသွားတော့တယ်။

“နေဦး … မင်း” ကူယွဲ့ကရှေ့တိုးပြီး သူတို့ကိုဖို့ပြင်လိုက်တယ်။

ယွီယွမ်က ကူယွဲ့ကိုလှမ်းတားလိုက်လေရဲ့။

“ဂိုဏ်းတူညီလေး … သူတို့တွေက ထွက်သွားပြီ။ ငါတို့ဂိုဏ်းအတွက်လုပ်ပေးခဲ့တာ။ ငါတို့ဂိုဏ်းအတွက်အားစိုက်ထုတ်မှုကိုမဖြုန်းတီးနဲ့”

ကူယွဲ့က လက်သီးကျစ်ကျစ်ဆုပ်လိုက်တယ်။

ဂိုဏ်းအတွက် ဒီလောက်ပေးဆပ်ခဲ့ပြီးပြီပဲ … ရှန်းရင်က ဂိုဏ်းအတွက်ဘာမှဂရုစိုက်မနေဘူး။ ရွှမ်းယန်မိသားစုမသေမျိုးတွေက သူမကို ဘာမှမလုပ်နိုင်မှာပဲ သေချာတယ်။ တမင်တကာပဲ ရွက်တစ်ထောင်အပင်ဝိညာဉ်ကို သူနဲ့အတူယူသွားတာ ဒါပေမဲ့ … ဒါပေမဲ့ တမင်တကာလုပ်ပေးခဲ့တာပဲ။ ဒါမှ ကူယွဲ့က ဆွဲထည့်မခံရမှာ ပြောရရင် သူက မဟူရာကောင်းကင်သခင်ဂိုဏ်းရဲ့ဆရာသခင်ကူယွဲ့လေ။

“ကျူပ်ရဲ့ဆရာတူအစ်ကိုနှစ်ယောက်…” ကူယွဲ့က သက်ပြင်းချလိုက်တယ်။ သူ စိတ်ပြင်ဆင်ပြီး သွားပြီ။ လက်သီးကျစ်ကျစ်ဆုပ်ပြီးတော့ယွီယန်ဖက်လှည့်လိုက်တယ်။

“ကူယွဲ့က ရှန်းရင်နဲ့ ယိချင်းတို့ မျက်နှာသာပေးခဲ့တာကို ဂရုမစိုက်ဘဲမနေနိုင်ပါဘူး။ သူတို့တွေက ကျုပ်ကြောင့် လျှို့ဝှက်ဆန်းကြယ်ဘုံထဲဝင်ခဲ့တာ … မဟူရာကောင်းကင်ဂိုဏ်းက သူတို့ကို မကာကွယ်နိုင်ဘူး။ ကျုပ်က ဘာမှမလုပ်ဘဲရပ်ကြည့်မနေနိုင်ဘူးလေ။ အခုကစပြီး ကူယွဲ့မဟူရာကောင်းကင်ဂိုဏ်းနဲ့ ခွဲထွက်သွားပြီလို့ ကျေးဇူးပြုပြီးသတ်မှတ်ပေးပါ” “ဂိုဏ်းထဲမှာ နေနေလို့ကော ဘာကောင်းတာရှိမှာလဲ … ဆရာတူညီလေး”

“ဆရာဦးလေး”

မဟူရာကောင်းကင်ဂိုဏ်းရဲ့အမူအရာတွေကပြောင်းလဲကုန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ရှီးချိုးဆီ ကျောက်စိမ်းပြားကို ပေးရင်း လှည့်ထွက်သွားပြီး ဓားပျံနဲ့ ယိချင်းနောက်ကိုလိုက်သွားတော့တယ်။

“မင်းတို့နှစ်ယောက် နေဦး”

ယိချင်း၊ ရှန်းရင်နဲ့ကူယွဲ့တို့က သူတို့နဲ့အတူ ရွက်တစ်ထောင်အပင်ဝိညာဉ်ယူသွားတာကိုမြင်တော့ ရွှမ်းယန်မိသားစုက လူတွေက မဟူရာကောင်းကင်ဂိုဏ်းကို ဝိုင်းလို့အကျိုးမထူးမှန်းသိသွားပြီး

“ဒါတွေအားလုံးက နားလည်မှုလွဲတာဆိုတော့ မဟူရာကောင်းကင်ဂိုဏ်းကို ဖိအားမပေးတော့ဘူး” ခရီးသွားမသေမျိုးက လက်ဝေ့ယမ်းလိုက်ပြီး ကြာပွင့်တစ်ခုလုံးက ပင်မတောင်ထွက်ကနေ ထွက်သွားတော့တယ်။ သူတို့နောက်မှက လေက လိမ်ယှက်သွားပြီး ထွက်လမ်းတစ်ခုကို ဖန်တီးလိုက်တော့တယ်။ ကြီးမားတဲ့ကြာပွင့်ချပ်တွေက အဲ့ဒီလမ်းကြောင်းကနေထွက်ပေါ်လာတယ်။ ဒါပေမဲ့ ခရီးသွားမသေမျိုးငါးယောက်က ရုတ်တရက် ပျောက်သွားတော့တယ်။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset