ERSY အခန်း ၄၃

အခန်း ၄၃။ အဂ္ဂိရတ်ဂိုဏ်း၏ အမွေအနှစ်

“တာအိုရောင်းရင်း ဒီရွက်တစ်ထောင်အပင်ဝိညာဉ်က တန်ဖိုးရှိကောင်းရှိနိုင်ပေမဲ့ အမြုတေ ကျင့်ကြံသူတွေအတွက်ပဲလေ။ မင်းအတွက် အသုံးမဝင်နိုင်ဘူး။ ရွှမ်းယန်မိသားစုဆီ လွှဲပေးလိုက် ပါလား” ခရီးသွားမသေမျိုးချင်းလန်က ရုတ်တရက်ကြီး သူ့နားမှာဖော်ရွေတဲ့အပြုံးရှိလာတယ်။ ရှေ့တိုးလိုက်လေပြီး သူက ဆက်ပြောလိုက်လေရဲ့။

“စိတ်ချထားလိုက် တာအိုရောင်းရင်း။ မင်းသာ ရွက်တစ်ထောင်အပင်ဝိညာဉ်ကို ငါ့ဆီပေးမယ်ဆိုရင် မသေမျိုးမျှော်နန်းထဲမှာရှာတွေ့သမျှ ရတနာတွေအားလုံးပေးမယ်လို့ ငါ ကတိပေးတယ်။ ဘာကိုမှ ငါ ယူထားမှာ မဟုတ်ဘူး”

ကူယွဲ့အမူအရာက သုန်မှုန်သွားတော့တယ်။ သူအရင်တုန်းက အရေထူတဲ့သူတွေကို တွေ့ဖူးတယ်။ ဒါပေမဲ့ ချင်းလန်လောက် အရေထူတဲ့သူကိုတစ်ခါမှမတွေ့ဖူးဘူး။ သူ စကားလှအောင် ဘယ်လိုပဲ ပြောနေပြောနေ နောက်ဆုံးကျတော့ ရွက်တစ်ထောင်ဝိညာဉ်ကို သူ့ကို ာသူတို့ဆီ ပေးစေချင်နေတာပဲလေ။

“မင်း ကောင်းကောင်းစီစဉ်ထားတာပဲမဟုတ်ဘူးလား တာအိုရောင်းရင်း။ အချည်းအနှီးစကားလုံး တချို့အတွက်နဲ့ အပြန်အလှန်အနေနဲ့မင်းကို ရွက်တစ်ထောင်အပင်ဝိညာဉ် ငါတို့ပေးလိမ့်မယ်လို့ ထင်နေတာလား။ ရွက်တစ်ထောင်အပင်ဝိညာဉ်က အသိဉာဏ်ပိုင်ဆိုင်ပြီးသားဆိုတာ မင်းသတိပြုမှန်း ငါသေချာသိတယ်။ သူက မင်းနောက်လိုက်မလားတောင် မသိရသေးဘူးလေ။ ပြီးတော့ ရိုးရိုး သားသားပြောရရင်…” သူက သူတို့ရဲ့ကြမ်းတမ်းတဲ့အမူအရာတွေကို ကြည့်ပြီး တစ်ခွန်းချင်းစီကို ဖိပြောလိုက်တယ်။ “ထူးဆန်းတဲ့လေးစားမှုတချို့ရှိနေတာ”

သူတို့မျက်နှာတွေက ချက်ချင်း သုန်မှုန်ကျသွားတော့တာပဲ။ ချင်းယွင်က နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်။

“ငါတို့တွေက မင်းကို ကောင်းကောင်းမွန်မွန်ပြောဖို့ကြိုးစားနေတာ။ ဒါတောင် မင်းက ကိစ္စတွေကိုခက်ခဲအောင်လုပ်နေသေးတုန်းပဲ။ မင်းတို့ကောင်တွေ ဘာလုပ်နိုင်မလဲဆိုတာ မြင်ချင်သား။ ဆရာတူအစ်ကို သူတို့နဲ့အချိန်ဖြုန်းနေဖို့မလိုတော့ဘူး။ ကျွန်တော်တို့ သူတို့ကို ဖြေရှင်းနိုင်တာပဲ”

ပြောပြီးတာနဲ့ သူ့ရဲ့ဓမ္မအသုံးအဆောင်ကို ထုတ်လိုက်ပြီး သူတို့ဆီ တစ်ဟုန်ထိုးဝင်သွားခဲ့တာပဲ။ အခုတော့ ခြိမ်းခြောက်မှုကျရှုံးပြီးတဲ့နောက် လုယက်မှု ကျူးလွန်တာကိုပြတဲ့ အဓိပ္ပာယ်ကို ပြနေပြီ။ ကူယွဲ့က နှာခေါင်းရှုံ့ပြီးနောက် သူရဲ့အိတ်ထဲကို ရွက်တစ်ထောင်အပင်ဝိညာဉ်ကိုပစ်ထည့် လိုက်တယ်။ ပြီးတော့ သူ့ရဲ့လက်နက်ကို ဆွဲထုတ်ပြီးရေရွတ်ပြောလိုက်တော့တာပဲ။

“ရှန်းရင် ဒီတစ်ခေါက်မင်းအလယ်မှာနေ” “ဟုတ်ပြီလေ” ရှန်းရင်က ပြန်ပြောလိုက်တယ်။

ကူယွဲ့က ဓားကိုဆွဲထုတ်ပြီး ချင်းယွင်ရဲ့ပိတ်ဆို့မှုကို တိုက်ထုတ်လိုက်တယ်။ ဓားနှစ်လက်ရဲ့ တိုက်ခိုက်မှုက ဓားချီကိုပေါ်လာစေပြီး ပတ်ဝန်းကျင်မှာ ပိုင်းဖြတ်ရာတွေဖြစ်သွားစေတော့တာပဲ။ နှစ်ယောက်လုံးက ကျင့်ကြံတဲ့အရာမှာတူညီလုနီးပါးပဲ။ ဒါပေမဲ့ ကူယွဲ့က ဓားကျင့်ကြံသူ တစ်ယောက်လေ။ သူ့ရဲ့ ဓားချီက သာမန်ကျင့်ကြံသူတွေနဲ့မတူဘူး။ ချင်းယွင်က သက်ရောက်မှုကြောင့် နောက်ဆုတ်လိုက်ရတယ်။

“ဟူး မင်းကိုမင်းအထင်ကြီးလွန်းနေတာပဲ” ခရီးသွားမသေမျိုးချင်းလန်က မျက်ခုံးပင့်လိုက်တယ်။ သူက နှာခေါင်းရှုံ့ပြီးတော့ ကူယွဲ့ဘေးက ကျင့်ကြံသူကို တစ်ချက်ကြည့်ပြီး ဝင်ရောက်တိုက်ခိုက်တော့တာပဲ။ ယိချင်းက နောက်ဆုံးကျင့်ကြံသူကို တိုက်ခိုက်ဖို့လှုပ်ရှားတယ်။

…..

ချင်းလန်က ခရီးသွား မသေမျိုးတစ်ယောက်ပဲ။ ယိချင်းက သူ့မျက်လုံးထဲမှာ ပြောပလောက်အောင် မရှိဘူး။ သူက သုံးယောက်ထဲမှာ အားအကြီးဆုံးထင်ရတဲ့ကူယွဲ့ကို တိုက်ခိုက်ဖို့အတွက် ချင်းယွင်နဲ့ ပူးပေါင်းခဲ့တယ်။

ကူယွဲ့က ချင်းယွင်နဲ့ ရင်ဆိုင်တိုက်ခိုက်နေတုန်းမှာ ခရီးသွားမသေမျိုးချင်းလန်ဆီကနေ ဖြုံလောက်တဲ့ တိုက်ကွက်တစ်ကွက်က သူ့ဘေးကိုရောက်လာတယ်။ ကူယွဲ့ကိုတိုက်ခိုက်ဖို့အတွက် ဓားနဲ့ထိုးလိုက် တယ်။ ဒါပေမဲ့ ရုတ်တရက်ကြီး ချင်းလန်ရဲ့ဓားက ရပ်တန့်သွားတော့တာပဲ။ သူ စုစည်းထားတဲ့ ဝိညာဉ်ချီတွေက ရုတ်တရက်ကြီး ပျောက်သွားပြီး တစ်ခုခုက သူ့လက်ထဲမှာ ရပ်တန့်သွားတာ။

ချင်းလန်နှလုံးခုန်လာတယ်။ အခုခေတ်မှာ စစ်သည်တော်တစ်ယောက်အနေနဲ့ သူ့နေ့ရက်တွေအရ ဒီလိုမျိုးတစ်ခါမှ မကြုံတွေ့ဖူးဘူး။ သူ့ရဲ့ခန္ဓာကိုယ်က ပူးကပ်ခံထားရသလိုပဲ။ သူမျက်လုံးအပြူးသားနဲ့ လှည့်ကြည့်လိုက်တယ်။ ပိုပြီးစိတ်အေးလက်အေးအမူအရာနဲ့ လူတစ်ယောက်ကို မြင်လိုက်ရတော့ သူမျက်နှာပျက်ယွင်းလုနီးပါးဖြစ်သွားတော့တယ်။

ဒါ ဘယ်သူလဲ။ သူ ဘယ်အချိန်က ပေါ်လာတာလဲ။

သူ့အတွေးတွေ မစုစည်းနိုင်ခင်မှာပဲ အမျိုးသမီးက ပြုံးပြီးပြောတာကိုတွေ့လိုက်ရတယ်။

“ဟိုနားကလူ ပြောတာတော့ ငါ နင့်ကိုဖြေရှင်းရမယ်တဲ့။ သူ ငါ့ကိုပိုက်ဆံပေးထားတာလေ။ ဒီတော့ နင်ပူးပေါင်း မယ်ဆိုရင် ငါ ကျေးဇူးတင်မှာပဲ”

ချင်းလန်က အလိုလိုပဲနောက်ဆုတ်ချင်သွားတယ်။ သူဆန့်ထုတ်သွားတဲ့ လက်ကိုပြန်ရုတ်လိုက် တယ်။ ဒါပေမဲ့ သူသဘောပေါက်လိုက်တာက ဒါကိုပြန်ရုတ်လို့မရဘူး။ သူ့ရဲ့လက်က နေရာတစ်ခုထဲ ဆွဲနှစ်ခံထားရသလိုမျိုးခံစားရတယ်။ လက်တစ်ဖက်ကို သုံးပြီး သူက ဓမ္မဂါထာကို ရွတ်ဆိုလိုက် တယ်။ ဒါပေမဲ့ အသုံးမဝင်ဘူးလေ။ သူ အဖမ်းခံထားရတဲ့လက်က မလွတ်နိုင်သေးဘူးဖြစ်နေတယ်။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီမိန်းမရဲ့ကျင့်ကြံဆင့်က ထူထဲပြီးနက်ရှိုင်းလွန်းလှတာ။ အတွေးတစ်ထောင်က သူ့စိတ်ထဲနဲ့ သူ့ရင်ထဲမှာပေါ်လာတော့တယ်။ သူသတိမဲ့လွန်းတယ်။ မထင်မရှား အလယ်ထျန်းလန်လောကက ခရီးသွားမသေမျိုးနဲ့ယှဉ်နိုင်တဲ့ကျင့်ကြံသူတစ်ယောက်ကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ သူတစ်ခါမှမတွေးခဲ့ဖူးဘူး။

သူ အံကြိတ်ပြီးတော့ သူ့ကိုယ်ပိုင်ဓမ္မအသုံးအဆောင်ကို ဆင့်ခေါ်ဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တယ်။ သုံးပေလောက်ရှည်တဲ့ဓားမြှောင်က အမျိုးသမီးရဲ့ရင်ဘတ်ကို တန်းတန်းမတ်မတ် ထိုးဖောက် သွားတော့တာပဲ။

အမျိုးသမီးက သူ့နေရာမှာရှိနေတယ်။ ဓားမြှောင်က ချက်ချင်းဆိုသလို သူမကို ထိုးဖောက်သွားတဲ့ပုံပေါ်တာ။ ဒါပေမဲ့ ရွှေရောင်ဓားမြှောင်က ပြိုကွဲသွားပြီးတော့ အပိုင်းအစ တစ်ထောင်အဖြစ် ပြိုကွဲသွားတော့တယ်။ အမျိုးသမီးရဲ့ကိုယ်ပေါ်မှာ ခြစ်ရာတောင် မရှိနေဘူးလေ။

ဟူး

ကိုယ်ပိုင်အသုံးအဆောင်က သူ့ရဲ့ကနဦးဝိညာဉ်နဲ့ ချိတ်ဆက်ထားတာ။ ချင်းလန်ရဲ့ပါးစပ်ထဲကနေ သွေးတွေ ဖူးကနဲထွက်လာတော့တယ်။

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

အမျိုးသမီးက မြေပြင်ကို ရွှေရောင်အမျှင်လေးတွေနဲ့ ပုတ်လိုက်တယ်။ စိတ်မရှည်လက်မရှည်နဲ့ မျက်မှောင်ကျုံ့ပြီးပြောလိုက်လေရဲ့။ “ငါ နင့်ကို ထပ်ပြောမယ်နော်။ နင် ပူးပေါင်းလိုက်တာ ပိုကောင်းမယ်။ မဟုတ်ရင် …” သူမက သူ့ကို သေစေနိုင်တဲ့အကြည့်တွေနဲ့စိုက်ကြည့်နေပြီး သူ့လက်ကိုဆွဲယူပြီးတော့ အတွင်းအားနဲ့ ဖျစ်ညှစ်လိုက်တယ်။ အတွင်းအားကိုသုံးလိုက်တယ်။ သူ့တစ်ကိုယ်လုံးလွင့်ထွက်သွားတော့တာပဲ။

“ငါ နင့်ကိုရိုက်မယ်”

“…”

ချင်းလန်ကြားသမျှက သူ့နားထဲတဝီဝီနဲ့ လေတွေပဲလေ။ သူ့တစ်ကိုယ်လုံးက လေးညှို့က ထွက်တဲ့ မြှားတစ်စင်းလိုလွင့်ထွက်သွားတော့တယ်။ သူ့နောက်မှာရှိတဲ့ မသေမျိုးမျှော်နန်းဆီ တန်းတန်းမတ်မတ် ပျံသန်းသွားတော့တာပဲ။ သူ သဘောမပေါက်လိုက်ခင်မှာပဲ မသေမျိုးမျှော်နန်းရဲ့တံခါးကို ဖြတ်သွားပြီ။ အဲ့ဒီမှာ အပေါက်ကြီးတစ်ပေါက်ဖြစ်သွားစေပြီလေ။ သက်ရောက်မှုက သူ့ကိုဟန့်တားလိုက်တယ်။ သူက ကြမ်းပြင်ပေါ်ပြုတ်ကျပြီး လှိမ့်သွားသေးတာ။ သူမထနိုင်တော့ဘူး။

သူအဖမ်းခံရပြီးပြုတ်ကျခံရတဲ့အချိန်က ဆယ်စက္ကန့်မကြာလိုက်ဘူးလေ။

အဲ့ဒီအချိန်မှာ ပိန်းပိတ်အောင်မှောင်နေတဲ့ မသေမျိုးမျှော်နန်းက ကျူးကျော်ခံရတာကြောင့် လင်းထိန်လာတယ်။ သီးခြားကမ္ဘာရဲ့အသံက အမတချီနဲ့ရောင်စုံအလင်းတွေကြောင့် တစ်ခန်းလုံး လင်းလာတာကြောင့် သီးခြားလောကရဲ့အသံက စတင်မြည်လာတယ်။ အလွန်သိမ်မွေ့နူးညံ့တဲ့ ဝိညာဉ်တွေကနေ ရှေးကနေ ရုတ်တရက်ပေါ်ထွက်လာသလိုမျိုးပဲ။

“ကောင်းကင်ဘုံက ဒီနေ့ မင်းနဲ့လမ်းကြောင်းဖြတ်ကျော်ဖို့ခွင့်ပြုပေးလိုက်တယ်။ ကို ကျော်လာနိုင်တဲ့သူက ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံနိုင်ရမယ်” ဖြည်းဖြည်းချင်းနဲ့ တစ်ဝက် ဖောက်ထွင်းမြင်ရတဲ့ အမတဝိညာဉ်က စင်ပေါ်မှာပေါ်လာတယ်။ အမတချီနဲ့တိမ်ဖြူက သူ့နားမှာ ရစ်ဝဲနေလေရဲ့။

“ကြမ်းကြုတ်တဲ့ မီးပြင်းဖိုကို ဖြတ်ကျော်ြပီးမြင်နိုင်တဲ့သူကပဲ ဒီမျှော်စင်ထဲဝင်လို့ရမယ်။ ငါက တင်းယန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်။ ရွှေအမတပိတောက်ရဲ့ ကျင့်ကြံဝိညာဉ်ပဲ။ မင်းက အနှစ်ငါးသောင်းအတွင်း ငါ့ရဲ့မသေမျိုးမျှော်နန်းထဲ ဝင်လာနိုင်တဲ့ ပထမဆုံးသူ။ မင်းဆီကို ငါရဲ့ အဂ္ဂိရတ်ဂိုဏ်း လက်ဆင့်ကမ်းမယ်။ မင်းရဲ့စိတ်နှလုံးထဲမှာကျင့်ကြံခြင်းအသီးအပွင့်တွေကို ခံနိုင်ရည်ရှိပါစေ”

သူက လက်ဝှေ့ယမ်းလိုက်တော့တယ်။ လေထဲက အမတချီတွေက နောက်ဆုံးထွက်သက်ကိုရှူရှိုက် နေတဲ့ ချင်းလန်ဆီကိုတိုးဝင်သွားတော့တယ်။ ချင်းလန်ရဲ့တစ်ကိုယ်လုံးက မြေပြင်အထက်မှာစတင် မျောလွင့်သွားတော့တာပေါ့။

“မင်းရဲ့အမတအရိုးတွေက ကျိုးကုန်ပြီ။ မင်းနဲ့ငါက ရေစက်ကြောင့်ဆုံကြတာပဲ။ ဒီတော့ မင်းရဲ့ အရိုးတွေကို အရင်ကုခွင့်ပေး”

အမတဝိညာဉ်က မသေမျိုးမျှော်နန်းထဲမှာတစ်စုံတစ်ခုပေါက်ကွဲသွားတဲ့အချိန် ဒဏ်ရာရသွားတဲ့ ချင်းလန်ကိုကုသပေးကာစပဲ မျောလွင့်နေတဲ့ချင်းလန်ကလည်း အမတဝိညာဉ်က ဒဏ်ရာရနေတဲ့ ချင်းလန်ကို ကုသပေးတဲ့အချိန်မှာ မသေမျိုးမျှော်နန်းထဲတစ်စုံတစ်ခုပေါက်ကွဲလာတယ်။ လေပေါ်မျောလွင့်နေတဲ့ချင်းလန်က ရုတ်တရက်ကြီး ခြေထောက်တစ်ဖက်နဲ့နင်းခြေခံလိုက်ရတယ်။

ရှန်းရင်က ချင်းလန်ကို ခြေထောက်နဲ့နင်းထားတုန်းပဲ။ သူမက ပျင်းတိပျင်းရွဲနဲ့အမတ ဝိညာဉ်ဖက်လှည့်ပြောလိုက်တယ်။ “နင် ဘာပြောလိုက်တာလဲအေ”

အမတဝိညာဉ်က တိတ်ဆိတ်သွားရောပဲ။ နှစ်မိနစ်ကြာပြီးတော့ …

“ကောင်းကင်ဘုံက ဒီနေ့မင်းနဲ့လမ်းကြောင်းကိုဖြတ်ကျော်ဖို့ခွင့်ပြုပေးခဲ့တယ်။ ဖုံးကွယ်ထားတာကို ကျော်လွှားနိုင်တဲ့သူက ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံရမယ်။ ကြမ်းကြုတ်တဲ့မီးပြင်းဖိုကို မြင်နိုင်တဲ့သူက …”

“နင်က NPC(non player character) လား။ ဘာကြောင့် ပြောပြီးသားတွေထပ်ပြောနေတာလဲ”

အမတဝိညာဉ်ရဲ့နှုတ်ခမ်းထောင့်က တွန့်ကွေးတက်သွားပြီး သူတော်စင်လိုမျိုး သူ့ရဲ့အပြုအမူတွေက ဆုံးရှုံးလုနီးပါးဖြစ်သွားတယ်။ ‘မင်းကြောင့်သာမဟုတ်ဘူးဆိုရင် ငါ ဒီလိုလုပ်စရာမလိုဘူးလေ။ မင်း ဝင်လာမယ်ဆိုတာကို ငါဘယ်လိုလုပ်သိမှာလဲ’

o(▼皿▼メ;)o

ဒါက အမွေအနှစ်ပဲလေ။ ဘယ်သူ့ကို မဆိုလက်ဆင့်ကမ်းလို့ရတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ပျောက်ကွယ်သွားတော့မှာလေ။ သူကအခု ကြွင်းကျန်ဝိညာဉ်ပဲကို။

“မင်းက အခုအနှစ်ငါးသောင်းအတွင်း ပထမဆုံးဝင်လာတဲ့သူ”

“ဒုတိယ” ရှန်းရင်က အမှန်ပြင်ပေးလိုက်တယ်။

အမတဝိညာဉ်က မြေကြီးပေါ်မှာလဲနေတဲ့သူကို တစ်ချက်ကြည့်လိုက်တယ်။ သူက သူ့ဖာသာသူ အမှန်ပြင်လိုက်တယ်။ “မသေမျိုးမျှော်နန်းထဲကို ဒုတိယဝင်လာတဲ့သူပဲ။ ဒါပေမဲ့ ကြမ်းကြုတ်တဲ့မီးပြင်းဖိုကို ဖောက်ထွင်းမြင်နိုင်တဲ့သူကပဲ မြို့ထဲမှာ အကောင်းဆုံးအမြင်ကို ရလိမ့်မယ်။ ရေစက်က မင်းနဲ့ငါ့ကို ဆုံဆည်းစေတာ”

“ဪ အမတမြို့ကလူတွေ ရေစက်ဆုံဆည်းဖို့ ဒီလောက်လွယ်တာလား။ အမတဝိညာဉ်ပြောခဲ့တာနဲ့ တစ်ထပ်တည်းပဲလေ”

“ငါ ဒါဘယ်မှာလဲ”

“ဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့ကစပြီး အဂ္ဂိရတ်ဂိုဏ်း မင်းဆီကို မင်းဆီ လက်ဆင့်ကမ်းလိုက်ပြီ”

“ငါ မလိုချင်ဘူး”

“ဒီနေ့က စပြီးမင်းက … မင်းဘာပြောလိုက်တာ” အမတဝိညာဉ်က တွေဝေသွားတယ်။ ဒီမိန်းမ စိတ်လွတ်သွားတာလား။

“ဒါက အမွေအနှစ်ပါ။ ဘယ်လိုလုပ်ငြင်းနိုင်ရတာလဲ။ ငါတို့အမွေ အနှစ် ကနေ ဆေးလုံးတစ်လုံးသန့်စင်နိုင်ခဲ့မယ်ဆိုရင် မင်းထာဝရရှင်သန်မှုကို အလွယ်တကူ ရနိုင်မယ်ဆိုတာသိလား”

“ဒါက ဒုက္ခများတယ်လေ” သူမကခေါင်းကုတ်လိုက်တယ်။

“ဆေးလုံးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ငါဆေးပညာမှာလေ့ကျင့်နေတာမှာမဟုတ်တာ။ ဒါကြောင့် ငါစိတ်မဝင်စားဘူး။ ဒါပေမဲ့ အစားကောင်းတွေအတွက် ဟင်းချက်နည်းရှိခဲ့မယ်ဆိုရင် ငါ့ဆီလွဲပေးလိုက်လေ” စားဖိုမှူးဆီယူသွားပေးလိုက်မယ်။ ဒါဆိုသူက သူတို့ကိုကြည့်လို့ရတာပဲ။

“စား စားစရာ။ ဟင်း ဟင်းချက်နည်းတဲ့လား” အမတဝိညာဉ်ရဲ့အမူအရာက သုန်မှုန်သွားတယ်။ အမွေအနှစ်တစ်ခုလုံးရဲ့ဆေးလုံးအမွေအနှစ်တွေက ဟင်းချက်နည်းတွေကို မယှဉ်နိုင်ဘူးတဲ့လား။ ဒီလူစိတ်လွတ်သွားတာဖြစ်ရမယ်။ ဒါပေမဲ့ သူ့မှာ ရွေးချယ်စရာမှမရှိတာ။

“မဟုတ်ဘူး။ မင်းက မသေမျိုးမျှော်နန်းထဲ ဝင်ပြီးနေပြီ။ ဒီအမွေအနှစ်ကို လက်ခံရမယ်” သူပြန်လည်မွေးဖွားဖို့ လိုနေပြီလေ။

အဲ့ဒီစကားတွေပြောပြီးတာနဲ့သူ့အသွင်သဏ္ဌာန်က ဖျတ်ကနဲလှုပ်သွားတယ်။ သူကရှန်းရင်ရှေ့မှာ ရုတ်တရက်ကြီးပေါ်လာပြီး သူမနဖူးကို လက်ဆန့်ထုတ်ပြီး အမွေအနှစ်ကိုလက်ဆင့်ကမ်းဖို့ အတင်းအဓမ္မမရှာလိုက်တယ်။

“အမ်း” ဘာကြောင့် တုန့်ပြန်မှုမရှိရတာလဲ။ သူက သူမနဖူးကိုပိုတောင် ပြင်းပြင်းဖိလိုက်တယ်။ ပြီးတော့မှ သူအမွေအနှစ်ကို လက်ဆင့်မကမ်းနိုင်တဲ့ကြောင်း အရင်းကို သဘောပေါက်သွားတယ်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ထပ်ပြင်းပြင်းဖိလိုက်ရင် ငါ နင့်ကိုရိုက်မယ်” ရှန်းရင်က ခပ်ပြင်းပြင်းခြိမ်းခြောက်လိုက်တော့တယ်။ ပြီးတော့ သူမက နောက်တစ်လှမ်းဆုတ်လိုက်တော့တာပဲ။

အမတဝိညာဉ်က ပြန်မပြောရဲတော့ဘူး။ ရှန်းရင်ကို လေ့လာကြည့်လိုက်တယ်။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သူ့ရှေ့က အမျိုးသမီးကို သူကြည့်ပြီး မျက်လုံးတွေပြူးကျယ်သွားတော့တယ်။

“သေစမ်း။ မင်းမှာ ဝိညာဉ်ကြောတောင်မရှိဘူး”

“ဒါက အရေးကြီးလို့လား”

“…”

“မင်း ငါ့ကို သေအောင်သတ်နေတာပဲ။ ဝိညာဉ်ကြောမရှိဘဲ… ဒီမျှော်စင်ထဲ မင်းဘယ်လိုလုပ်ဝင်လာနိုင်တာတုံး”

(╯‵□′)╯(┻━┻

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset