ERSY အခန်း ၃၅

အခန်း ၃၅။ ရှေးဟောင်းအစီအရင်အခင်းအကျင်း

“မင်းက ဒီနေရာကို တကယ်ကြီးခြေရာခံနိုင်တာပဲ” အမျိုးသားသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာတယ်။ အနီရောင်ဝတ်ရုံနဲ့ပုံရိပ်က စင်မြင့်ထက်မှာ ရပ်နေလေရဲ့။ အမျိုးသားတစ်ယောက်ဆိုတာ သိသာနေပေမဲ့ သူ့ရဲ့အကြည့်ထဲမှာ ကလူတူတူ ညှို့ငင်တဲ့အကြည့် ရှိနေတယ်။ သူ့ရဲ့နောက်ကျောမှာ အနီရောင်အမြီးကြီးကိုးချောင်းရှိပြီး နှစ်ချောင်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီးတော့ ဒဏ်ရာရထားတဲ့နေရာမှာ သွေးတွေ စွန်းထင်းနေတာကို မြင်ရနေတုန်းပဲ။ ဒါက သူတို့လိုက်ခဲ့တဲ့အမြီးကိုးချောင်းသွေးမြေခွေးပဲ။

“သွေးမြေခွေး မင်းလူအများကြီးကို သတ်ပြီး သူတို့ကို အူ၊ အသည်းနုတ်တဲ့ ရည်ရွယ်ချက်က သွေးစတေးခံအစီအရင်တစ်ခု တည်ဆောက်ဖို့လား” ကူယွဲ့က မျက်မှောင်ကျုံ့လိုက်ပြီးတော့ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တယ်။

“မင်းဘာလုပ်ဖို့ စီစဉ်နေတာလဲ” သွေးစတေးခံအစီအရင်ဆိုတာ ၎င်းကိုအသက်သွင်းဖို့အတွက် လူ့နှလုံးသားနဲ့ လူသားထောင်ချီရဲ့ သွေးလိုအပ်တဲ့ ဆိုးယုတ်တဲ့မိစ္ဆာအစီအရင် အခင်းအကျင်းတစ်မျိုးပဲ။ အစီအရင်က စွမ်းအင်အမြောက်အများကို ထိန်းထားနိုင်တယ်။ အစီအရင် ပြီးမြောက်သွားပြီဆိုတာနဲ့ သွေးတိမ်တိုက်က ဖွဲ့တည်နိုင်ပြီး မိုင်ထောင်ချီကို ရွေ့လျားနိုင်တယ်။ သူ့အောက်မှာ ဘယ်အရာမှ အသက်မရှင်နိုင်ဘူးလို့ ကောလာဟလရှိတယ်။

ဒီအစီအရင်တစ်ဝက်ပဲပြီးသေးတာသိသာနေတယ်။ ဒီအစီအရင်ထဲက သွေးက သွေးတိမ်တစ်ခုအဖြစ် သိပ်သည်းဖို့မလုံလောက်ဘူး။ ဆိုလိုတာက နောက်ထပ်ခြေလှမ်းက …။

“မင်းက တစ်မြို့လုံးကို သတ်ချင်နေတာပဲ” ယိချင်းကပြောပြီး ရှေ့တိုးလိုက်တယ်။ သူကလည်း ကူယွဲ့နဲ့ ကောက်ချက်တူတူချမိတာပဲ။ သူသတ်ခဲ့တဲ့ လူတစ်ဒါဇင်လောက်က သွေးစတေးခံအစီအရင်ကို အသက်သွင်းဖို့ မလုံလောက်တာ သိသာနေတာ။ ဒါပေမဲ့ မြို့ထဲက လူအားလုံးပေါင်းလိုက်ပြီဆို လုံလောက်သွားမှာပဲ။ သူတို့သာ အချိန်မီရောက်မလာဘူးဆိုရင် တစ်မြို့လုံးက အလောင်းတွေနဲ့ ပြည့်နေလောက်ပြီ။

“ဪ ငါ ဒီလိုလုပ်ဖို့ရည်ရွယ်ခဲ့တာပဲ” သွေးမြေခွေးက နှာခေါင်းရှုံ့ပြီးတော့ သူ့အမြီးတွေထဲက တစ်ချောင်းက တစ်စုံတစ်ခုကို ဝှက်လိုက်တဲ့ပုံစံလိုမျိုး ခန္ဓာကိုယ်ရဲ့ရှေ့ကို အနည်းငယ် ရုတ်တရက် ရွေ့လာတယ်။ သူက ခေါင်းငုံ့ကြည့်လိုက်ပြီးတော့ သူ့ရဲ့မျက်နှာပေါ်က ရက်စက်တဲ့အမူအရာက သိမ်မွေ့တဲ့ပုံစံအဖြစ် ပြောင်းသွားတော့တာပဲ။ လက်မြှောက်ပြီးတော့ သူ့အမြီးကို ပွတ်သပ်နေလိုက်တာ သူ့အပြုအမူက ညင်သာလွန်းတော့ တစ်စုံတစ်ခုကို နှိုးထသွားစေမှာ ကြောက်ရွံ့နေသလိုထင်ရတယ်။

“ကြောင်ကတိုးက ငါ့အတွက်ပိုတောင်ကောင်းတဲ့ တစ်စုံတစ်ခုကိုယူလာတာက မြို့က ကံကောင်းတယ်လို့ သတ်မှတ်လို့ရတယ်”

ဒီတော့မှ သူတို့တွေက သူ့အမြီးထဲမှာ ကလေးတစ်ယောက်ရှိတာကို သိသွားတာ။ ကလေးကို အဝတ်ထူထူနဲ့ရစ်ပတ်ပြီး သူ့ရဲ့မျက်နှာတစ်ဝက်ပဲပေါ်တာ။ မျက်နှာက မွေးကင်းစလိုမျိုး ဝါကျင်ကျင်ဖြစ်နေပြီး သူ့နောက်က စင်မြင်ပေါ်မှာ ပွင့်နေတဲ့သေတ္တာတစ်ခုရှိတယ်။

“မြောင် မြောင် ငါ့ရဲ့လက်ဆောင်နော်”

ကြောင်ကတိုးက ငိုကြွေးပြီး အသုံးပြုပြီးတာသိသာနေတဲ့ သေတ္တာကို ကြည့်နေလိုက်တယ်။ သူရင်တွေကွဲနေပါပြီ။ အိုး အိုး သူ့မျိုးနွယ်စုခေါင်းဆောင်က သူ့အရေခွံဆုတ်တော့မှာပဲ။

သွေးမြေခွေးကတော့ စိတ်လှုပ်ရှားနေပုံပေါ်ပြီး သူ့မျက်လုံးထဲက အမူအရာက ရူးသွပ်မှုတစ်စွန်း တစ်စကို ပြနေတယ်။ အမြီးထဲမှာ ကလေးကိုကိုင်ထားပြီး သူကရေရွတ်ပြောလိုက်လေရဲ့။

“ဒီနှစ်တစ်ထောင်လင်ဇီးရဲ့အငွေ့အသက်အားလုံးကို စုပ်ယူပြီးသွားတာနဲ့ ငါ့ရဲ့သားက မကြာခင်မှာ နိုးလာလိမ့်မယ်”

သွေးမြေခွေးက သွေးစတေးခံအစီအရင်တည်ဆောက်တဲ့ရည်ရွယ်ချက်က ကောင်းကင်နဲ့မြေကြီးရဲ့ ဆိုးယုတ်တဲ့ချီတွေကို ပြောင်းပြန်လှန်ဖို့ပဲ။ ဒါမှ သူ့ရဲ့မြေခွေးပေါက်လေးကို ကုသပေးနိုင်မှာ။ ဒါပေမဲ့ သူက ပိုတောင်ကောင်းတဲ့အရာ၊ ကြောင်ကတိုးသယ်လာတဲ့ လင်ဇီးကိုရှာတွေ့သွားတယ်။ ဒီတော့သူ ကြောင်ကတိုးဆီကနေ အဲ့ဒါကို ခိုးယူဖို့အတွက် နည်းမျိုးစုံကြံဖန်ပြီး တွေးတောခဲ့တာ။

ဒါပေမဲ့

“အသုံးမဝင်ဘူး။ မင်းရဲ့ကလေးက နှိုးလာမှာမဟုတ်ဘူး” ယိချင်းက ရုတ်တရက် အေးတိအေးစက် ပြောလိုက်တယ်။

“မင်းဘာပြောလိုက်တာလဲ” သွေးမြေခွေးက ရုတ်တရက်ဒေါသထွက်သွားပြီး သူ့ရဲ့ သွေးနီရောင်မျက်လုံးတွေနဲ့ ယိချင်းကို စိုက်ကြည့်လိုက်တယ်။

“လင်ဇီးက သေဆုံးသွားတဲ့အသားတွေနဲ့အရိုးတွေကို အသက်ဓာတ်ပြန်ဖြည့်ပေးနိုင်တဲ့ အကောင်းဆုံး နတ်ဆေးတစ်လက်ပဲ။ ဒီတော့ ဘယ်လိုလုပ်အသုံးမဝင်ဘဲနေမှာလဲ။ ငါ့ရဲ့သားက မကြာခင်မှာ နိုးလာလိမ့်မယ်။ အခုပဲ။”

“အဲ့ဒါက နတ်ဆေးတစ်လက်ပဲဆိုတာ မင်းသိတယ်။ အသက်ပြန်ရှင်လာဖို့အတွက် ဆေးမဟုတ်ဘူး။ လင်ဇီးက ခန္ဓာကိုယ်ထဲက ဝိညာဉ်ထွက်သွားပြီး သားအလောင်းကို အသက်ပြန်ရှင်အောင် မလုပ်ပေးနိုင်ဘူး။ ဒီကလေးအခုချိန်အထိမနိုးသေးတာက အဲ့တာကို သက်သေပြပြီးသားပဲလေ” ယိချင်းက ဆက်ပြောလိုက်တယ်။

“သွေးမြေခွေး မင်းကိုင်ထားတဲ့ကလေးက မွေးတည်းက သေနေပြီးသား”

“မဟုတ်ဘူး။ မဖြစ်နိုင်တာ” သွေးမြေခွေးက ပိုတောင်တောင့်တင်းသွားတယ်။

“သူက နှင်းလွှာနဲ့ ငါ့ရဲ့သား။ ဒီလောကထဲမှာ သူငါ့အတွက် ချန်ထားပေးတဲ့ တစ်ခုတည်းသော သွေးမျိုးဆက်ပဲ။ သူသေလို့မရဘူး။ မင်းအဓိပ္ပါယ်မရှိတာတွေပြောနေတာ။ အဓိပ္ပါယ်မရှိတာ”

ရုတ်တရက် သွေးမြေခွေးရဲ့ဆိုးယုတ်တဲ့ ချီတွေက တက်လာပြီး ယင်လေပြင်းက ဧရိယာတစ်ခုလုံးကို တုန်လှုပ်သွားစေတယ်။ သူက မျက်ခုံးပင့်လိုက်ပြီး ကူယွဲ့နဲ့ ယိချင်းက အကြည့်ချင်း ဖလှယ်လိုက်တော့တာပဲ။ နှစ်ယောက်လုံးက တဟုန်ထိုးရှေ့တက်သွားကြပြီး ဒီရူးနေတာသိသာတဲ့ ဒီမြေခွေးနတ်ဆိုးနဲ့ အကျိုးမရှိတာတွေမပြောချင်ဘူး။ ခဏအတွင်းမှာပဲ ဧရိယာတစ်ခုလုံးက သူတို့ဓားတွေရဲ့ ဓားသွားကနေ အလင်းတွေပြည့်သွားတယ်။ တိုက်ကွက်တစ်ကွက်ပြီးတစ်ကွက် ချောချောမွေ့မွေ့ထုတ်သုံးနေသလိုပဲ။

သွေးမိစ္ဆာက ကျယ်လောင်စွာအော်ဟစ်လိုက်လေရဲ့။ ကျန်ရှိတဲ့ အမြီးခုနစ်ချောင်းက ရုတ်တရက်ကြီး ပိုရှည်လာပြီး အစီအရင်အခင်းအကျင်းဆီကို ချွန်ထက်တဲ့ဓားသွားတွေလိုမျိုး တဟုန်ထိုး ပေါ်ထွက်လာပြီး သူတို့နှစ်ယောက်ဆီကို တိုးဝင်သွားတယ်။

“ယိချင်း သူ့ခြေထောက်ကို တိုက်ခိုက်” သွေးစတေးခံအစီအရင်ထဲမှာ ဘယ်သက်ရှိမှ အသက်မရှင်နိုင်ဘူး။ အစီအရင်က မပြီးမြောက်သေးဘူးဆိုပေမဲ့ သွေးမြေခွေးက အစီအရင်ရဲ့ မျက်လုံးမှာ ရပ်နေတာကြောင့် သွေးတိမ်တွေက သူတို့သခင်တွေကို ကာကွယ်ပေးနေသေးတုန်းပဲ။ သူတို့ရဲ့အစီအရင်ထဲကနေ သူ့ကိုမထုတ်ရင် သူ့ကိုထိနိုင်မှာမဟုတ်ဘူး။

ယိချင်းက ခေါင်းညိတ်ပြီးတော့ သူ့နားမှာရှိတဲ့ဝိညာဉ်ဓားတွေကို သွေးမြေခွေးဆီ တိုက်ခိုက်ဖို့ ထိန်းညှိလိုက်တယ်။ ပြီးတော့ မြေခွေးရဲ့ခြေထောက်ကို ဓားထိပ်ဖျားနဲ့တိုက်ခိုက်တော့တာပဲ။

“သေစမ်း” မြေခွေးနတ်ဆိုးက ဒေါသတကြီး ဟိန်းဟောက်ပြီးတော့ သူ့ကိုယ်သူကာကွယ်ဖို့ အမြီးတစ်ချောင်းကို အမြန်ရုပ်လိုက်တယ်။ အမြီးက ချက်ချင်းအဖြတ်ခံလိုက်ရတယ်။ သူက ဓားတိုက်ခိုက်မှု ပထမဆုံးလှိုင်းကို ပိတ်ဆို့နိုင်ခဲ့တယ်ဆိုပေမဲ့ ဒုတိယလှိုင်းကို မတားနိုင်ခဲ့ဘူး။

ဝိညာဉ်ဓားတွေက မြေပြင်ထဲရောက်လာပြီး သူ့ခြေထောက်အောက်ကနေပေါ်လာပြီး အစီအရင်ရဲ့မျက်လုံးနားကပ်လာတယ်။ အစီအရင်ကို ရုတ်တရက် မဲမှောင်သွားစေတော့တာပဲ။ ဓားတွေပြည့်နှက်နေတဲ့ကောင်းကင်က သူ့ဆီကို ရွာသွန်းကျလာပြီး သွေးမြေခွေးက ရွေးချယ်စရာ မရှိတော့ဘဲ နောက်ဆုတ်ပြီး အစီအရင်အခင်းအကျင်းအပြင်ဖက်ကို ပြန်ထွက်သွားရတယ်။

သွေးစတေးခံအစီအရင်ရဲ့ထောက်ပံ့မှုမရှိဘဲ သွေးမြေခွေးရဲ့ ဆိုးယုတ်တဲ့ချီတွေက ချက်ချင်း တစ်ဝက်လျှော့ခံလိုက်ရတယ်။ လေထဲက ဓားချီက ပိုတောင်သိပ်သည်းလာတော့တာပဲ။ ကူယွဲ့နဲ့ ယိချင်းက ဒီအခွင့်အရေးကို ယူပြီးအစီအရင်ထဲဖောက်ဝင်တယ်။ ပြီးတော့ အစီအရင်ကို ဖျက်ဆီးတော့မဲ့အချိန်မှာ မြေပြင်က အဖြူရောင်အလင်းနဲ့ ရုတ်တရက်လင်းထိန်လာပြီး နေရာတစ်ခုလုံးအဖြူရောင်အလင်းတွေပြည့်သွားတယ်။

ဧရာမအစီအရင်အခင်းအကျင်းတစ်ခုက ရုတ်တရက်ထွက်ပေါ်လာပြီးတော့ မူလသွေးအစီအရင်ကို ချက်ချင်းလွှမ်းသွားတယ်။ သူတို့တစ်ကိုယ်လုံးလေးလံလာတယ်လို့ခံစားမိလာတယ်။ အစီအရင်က သူတို့ဒူးတစ်ဖက် ထောက်ချသွားတဲ့အထိ ဖိအားပေးနိုင်တဲ့ အားတစ်မျိုးကို ထုတ်လွှင့်နေတယ်။ ဝိညာဉ်ချီက သူတို့ခန္ဓာကိုယ်ထဲကနေ စီးထွက်လာပြီး အစီအရင်ထဲ ဆက်တိုက်ရောက်သွားတာ။

သေစမ်း သူတို့လှည့်စားခံလိုက်ရပြီ။

“ဟား ဟား ဟား” အစီအရင်အပြင်ဖက်မှာ မတ်တပ်ရပ်နေတဲ့ သွေးမြေခွေးက ရုတ်တရက် အူလှိုက်သည်းလှိုက် ရယ်လိုက်တယ်။ သူတို့နှစ်ယောက်ကို အေးတိအေးစက်ကြည့်ပြီး ပြောလိုက်တယ်။ “ဟေ့ ဘာမှ ကြိုမပြင်ဆင်ထားဘူးလို့ မင်းတို့ တကယ်ထင်နေလား။ ဒါကို ငါက ဒီမှာထိုင်နေပြီး သေမှာစောင့်နေရမှာလား”

ကူယွဲ့ရဲ့မျက်နှာက ဒေါသကြောင့်သုန်မှုန်လာတယ်။ ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်က အုတ်ခဲတစ်တန်နဲ့ အဖိခံထားရသလိုမျိုး လေးလံနေတာ မလှုပ်ရှားနိုင်တော့ဘူး။ သူလက်သင်္ကေတ တချို့ ဖွဲ့တည်ဖို့ ကြိုးစားပေမဲ့လည်း အချည်းနှီးပဲ။ သူတောင် ဖောက်မထွက်နိုင်တဲ့ ဒီအစီအရင်က ဘာလဲ။ ပြီးတော့ သူတို့ဝိညာဉ်ချီကို စုပ်ယူနိုင်စွမ်းရှိတဲ့ပုံပဲ။ အစီအရင်အခင်းအကျင်းပေါ်က အမှတ်အသားတွေကို အနီးကပ် ကြည့်လိုက်ပေမဲ့ သူတို့တွေက သူနားမလည်နိုင်တဲ့ ဓမ္မအဆောင်အက္ခရာတွေနဲ့ ဖော်ပြထားတာကို တွေ့လိုက်ရတယ်။ သူတို့တွေက ရှေးဟောင်းစာလုံးတွေလိုပဲ။

“ဒါက ရှေးဟောင်းဝိညာဉ်သုတ်သင်ခြင်း အစီအရင်ပဲ” သူက တအံ့တဩနဲ့ အံ့ဩပြီး မျက်လုံး ပြူးကျယ်သွားတယ်။

“ဪ ခင်ဗျားက ဒီအစီအရင်ကို သိတာကို” မြေခွေးနတ်ဆိုးက သူ့ကို ကြည့်ပြီး အနည်းငယ် အံ့ဩသွားတယ်။ ဒါပေမဲ့သူ့မျက်လုံးထဲက အလင်းက ပိုတောင်ရက်စက်သွားတော့တာပဲ။

“ဟုတ်တယ်။ အဲ့ဒါက ရှေးဟောင်းအစီအရင်အခင်းအကျင်းပဲ။ ဒါပေမဲ့ ဘာလဲဆိုတာတော့ အတိအကျ မသိဘူး။ ဒါ ဘာပဲဖြစ်ဖြစ်ကိစ္စမရှိပါဘူးလေ။ မင်းတို့နှစ်ယောက်ကို ထိန်းထားနိုင်သရွေ့ပေါ့”

“မင်းက ငါတို့ကို တမင်တကာ ဒီအစီအရင်ထဲ ခေါ်နေတာပဲ” ရှေးဟောင်းဝိညာဉ်သုတ်သင်ခြင်း အစီအရင်က ရေရှည်ဆုံးရှုံးမှုဖြစ်စေတဲ့ အစီအရင်အခင်းအကျင်းတစ်ခုပဲ။ ဒဏ္ဍာရီတွေအရတော့ အစီအရင်ထဲမှာရှိတဲ့ သတ္တဝါတွေအားလုံးရဲ့ဝိညာဉ်ချီကို စုပ်ယူနိုင်တယ်လို့ပြောကြတယ်။ ကူယွဲ့က ရှေးဟောင်းမှတ်တမ်းတချို့မှာ ဖော်ပြထားတာကိုပဲဖတ်ခဲ့တာ။

ဒီအစီအရင်က မြေခွေးနတ်ဆိုးတည်ဆောက်တာမဖြစ်နိုင်ဘူး။ အစောတည်းကရှိနေတာဖြစ်မယ်။ မြေခွေးနတ်ဆိုးက ဒါကိုရှာတွေ့သွားပြီး တမင်တကာ သွေးစတေးခံအစီအရင်ကို တည်ဆောက်ပြီး သူတို့ တိုက်ခိုက်နေတုန်းမှာ မြေခွေးနတ်ဆိုးက အစီအရင်ကို အသက်သွင်းဖို့အတွက် ဝိညာဉ်ချီတွေကို သုံးလိုက်တာပဲ။

“ဟန့် မင်းပြောတာမှန်တယ်။ ငါက လင်ဇီးကို အသုံးပြုဖို့ကြိုးစားနေရုံပဲ။ ဒါက ငါ့ရဲ့သားကို အသက်ရှင်အောင် မလုပ်ပေးနိုင်ဘူး” အမြီးကိုဝှေ့ယမ်းပြီးတော့ မြေခွေးနတ်ဆိုးက စင်မြင့်ပေါ်က သေတ္တာကိုမြေပြင်ပေါ်ချလိုက်တယ်။

“ငါရဲ့လက်ဆောင်” ကြောင်ကတိုးက သေတ္တာကို ပြန်ယူချင်ပေမဲ့ သူက မထနိုင်ဘူးလေ။ အစီအရင်နဲ့ ဖိချခံထားရတာ။

“ဒါပေမဲ့ မင်းတတ်နိုင်တယ်” သွေးမြေခွေးက အော်လိုက်ပြီး သူ့အမူအရာကစိတ်လှုပ်ရှားမှုတွေ တိုးလာတယ်။ သူက ယိချင်းနဲ့ ကူယွဲ့ကို စားသောက်ပွဲကြီးကိုကြည့်နေသလိုမျိုးကြည့်နေတာ။

“ဟား ဟား ဟား မဟူရာကောင်းကင်ဂိုဏ်းကငါ့ဆီကို နတ်ဝိညာဉ်တည်အဆင့်နဲ့ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်လွှတ်ပေးလိမ့်မယ်လို့ ငါမထင်ထားဘူး။ မင်းတို့နှစ်ယောက်ဆီက ကျင့်ကြံဆင့်နဲ့ဆိုရင် ဒီသွေးစတေးခံအစီအရင်မှာပေါင်းလိုက်ရင် ငါ့ကလေးရဲ့ ဝိညာဉ်ကို ပြန်ခေါ်လို့ရပြီ။ သူအသက်ပြန်ရှင်လာနိုင်တယ်”

“မင်းက မြို့မှာနေထိုင်သူတွေအားလုံးကို သတ်ဖို့တွေးနေသေးတာလား” ကူယွဲ့ကအော်လိုက်ပြီး သူက သွေးမြေခွေးကို စိတ်ပူပန်စွာကြည့်မိသွားတယ်။

“ငါ သူတို့ကို သတ်တော့ကော ဘာဖြစ်သေးလဲ” သွေးမြေခွေးရဲ့အမူအရာက ပျက်ယွင်းမှုတွေ တိုးလာတယ်။ တစ်စုံတစ်ခုကို တွေးမိသွားတဲ့ပုံနဲ့ သူက အံကြိတ်ပြီး သူ့ရဲ့မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်တွေ ပေါ်လာတယ်။

“တုံးအတဲ့ သေမျိုးတစ်စုလေ။ သူတို့အစောတည်းက သေသင့်တာ။ ပြီးတော့သူတို့က ငါ့ရဲ့နှင်းလွှာကို သတ်ခဲ့တဲ့သူတွေ။ လူသားနဲ့နတ်ဆိုးတွေက အတူရှိလို့မရဘူးတဲ့။ အဓိပ္ပါယ်မရှိတဲ့စကားတွေ။ နှင်းလွှာနဲ့ ငါက တစ်ယောက်ကိုတစ်ယောက် ချစ်ကြတာ။ အဲဒါ သူတို့နဲ့ဘာဆိုင်လို့လဲ။ နှင်းလွှာက ငါ့ဘဝရဲ့အချစ်ပဲ။ သူတို့ကြောင့် သူမ သေသွားတာ။ ဒီတော့ သူတို့လုပ်ခဲ့တာအတွက် ပြန်ပေးဆပ်သင့်တယ်”

“…” ဟိုလီရှစ် ဒီနောက်ကွယ်မှာ အချစ်ဇာတ်လမ်းတစ်ပုဒ်ရှိနေတာကို။

မြေခွေးနတ်ဆိုးရဲ့လက်ထဲမှာ သေသွားတဲ့ကလေးက လူသားပုံစံဘာကြောင့်ဖြစ်နေတာလဲဆိုတာကို သိချင်နေတာ။ လက်စသတ်တော့ သူ့အမေက လူသားတစ်ယောက် ဖြစ်နေတာကြောင့်ကို။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset