ERSY အခန်း ၃၀

အခန်း (၃၀) လေ့ကျင့်ရေးခရီးစဉ်ကို ဦးဆောင်ခေါ်သွားခြင်း

ကူယွဲ့ ပြဒါးရှင်တောင်ထွတ်ထဲ သိပ်ကို အတွင်းကျကျ ဝှက်ထားတဲ့ လျှို့ဝှက်အခန်းကို သူ အစီအရင်ပုံစံတွေသာ မကျွမ်းကျင်ရင် ဘယ်တော့မှ ရှာတွေ့ခဲ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလျှို့ဝှက်အခန်းက သက်စောင့်ဆေးလုံးတွေ ဖော်ဖို့အတွက်ပဲ သာမန်အခန်းတစ်ခန်းမဟုတ်ဘူး။ ပြဒါးရှင်တောင်ထွတ်တစ်ခုလုံးကို တာဝန်ယူထားတဲ့ ခန်းဆောင်သခင် ယွီတင်းက အဆင့်ရှစ် အဂ္ဂိရတ်ပညာရှင်လည်း ဖြစ်တယ်။ မဟူရာကောင်းကင်ဂိုဏ်းရဲ့ သက်စောင့်ဆေးလုံးတွေထဲ ကိုးဆယ်ရာခိုင်နှုန်းက ပြဒါးရှင်တောင်ထွတ်ကနေ လာတာ။ ခန်းဆောင်သခင်တစ်ယောက်အနေနဲ့ ဆေးလုံးဖော်တာက သူ့အလုပ်ဖြစ်တာမို့ ဆေးဖော်ဖို့အတွက်နဲ့တော့ ဒီလိုလျှို့ဝှက်အခန်း ဆောက်ဖို့ မလိုဘူး။ ကူယွဲ့တစ်ယောက် လျှို့ဝှက်အခန်းထဲက ယွီတင်း အချိန်မီ ဝှက်မထားနိုင်ခဲ့တဲ့ ဖော်စပ်ထားတဲ့ ဆေးပုလင်းတွေ မမြင်ခင်ထိ အတော်လေးကို ဇဝေဇဝါဖြစ်နေခဲ့တာ။

အဲဒီ သက်စောင့်ဆေးတွေကြား ကျင့်ကြံဆင့် မြှင့်တင်ပေးတဲ့ ဆေးလုံးတွေ တကယ်ကိုရှိနေတာပဲ။ ဒီဆေးလုံးမျိုးတွေရဲ့ အသုံးပြုပုံက သုံးစွဲသူရဲ့ ကျင့်ကြံဆင့်နဲ့ မသက်ဆိုင်ဘူး။ ဆေးလုံးတွေကို အဆင့်မြင့်ကျင့်ကြံသူတွေရော နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းကျင့်ကြံသူတွေတောင် သုံးစွဲလို့ရတာမျိုး။ ဆေးလုံးတွေသောက်လိုက်တဲ့ ဘယ်သူမဆို သူတို့ကျင့်ကြံဆင့်က ချက်ချင်းကို ဝုန်းခနဲ မြင့်တက်သွားမှာ။ ဒါပေမဲ့ ဒီဆေးလုံးတွေကိုဖော်ဖို့ ပါဝင်ပစ္စည်းတွေက သိပ်ရှားတယ်။ အများစုက ထျန်းလန်လောကထဲ ကွယ်ပျောက်သွားနှင့်ပြီ။ သူတို့ကို ဆေးဖော်ဖို့ဆိုတာ နည်းလမ်းမရှိသလောက်ပဲ။ ဒါတောင် ယွီတင်းရဲ့ လျှို့ဝှက်အခန်းထဲ ဒီဆေးလုံးတွေ တစ်ဘူးမကရှိနေတယ်။

ဖြစ်နိုင်ခြေ မရှိပါဘူး၊ ဒီလိုမျိုးဖြစ်မှ…။

ကူယွဲ့ ဘူးတစ်ဘူးထဲကနေ ‌သက်စောင့်ဆေးလုံးတစ်လုံး မှောက်ချပြီး သိမြင်နားလည်ခြင်း အရှိန်အဝါနဲ့ ဆန်းစစ်ကြည့်လိုက်တယ်။ ထင်ထားတဲ့အတိုင်းပဲ အဲပတ်ပတ်လည်မှာ ဝိုင်းနေတဲ့ မရှင်းမလင်း အနက်ရောင်ချီကို တွေ့သွားခဲ့တာပဲ။

ကောလာဟလအရတော့ သက်ရှိကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုသုံးပြီး သက်စောင့်ဆေးတွေလုပ်တဲ့ ယုတ်မာတဲ့နည်းတစ်နည်းရှိတယ်။ ဒီဆေးလုံးတွေက ခံရသူတွေ မသေဆုံးခင် သူတို့ရဲ့ ကျင့်ကြံဆင့်ကို ဆယ်ရာခိုင်နှုန်း ထိန်းသိမ်းပေးထားနိုင်တယ်။ ဆေးကိုသောက်တဲ့ ဘယ်သူမဆိုကျင့်ကြံဆင့်မှာ တန်းပြီးတိုးတက်သွားနဲ့ ကြုံရမှာ။ ဒါပေမဲ့ ဒီနည်းလမ်းက သိပ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်။ ဘယ်ကျင့်ကြံသူကမှ သူတို့ကျင့်ကြံဆင့်ကို စိတ်လိုလက်ရ ဆွဲအနုတ်မခံချင်ကြဘူးလေ။

သက်စောင့်ဆေးလုံးဆိုပေမဲ့ ဆေးလုံးထဲမှာပါဝင်တဲ့ မလိုမုန်းတီးမှုက သုံးစွဲသူက အင်မတန်သိမ့်မွေ့တဲ့ ရေဝိညာဉ်ကြော ဒါမှမဟုတ် သစ်သားဝိညာဉ်ကြောလိုမျိုးရဲ့ ဝိညာဉ်ချီမပိုင်ဆိုင်ထားဘူးဆိုရင် အသုံးပြုသူကို တန်ပြန်သက်ရောက်မှု ဖြစ်စေတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေဝိညာဉ်ကြောရှိတဲ့လူတစ်ယောက်ကလည်း လိင်ကျွန်အဖြစ်အသုံးပြုဖို့အတွက် အသင့်တော်ဆုံးဖြစ်နေတာ ဒါကြောင့် ယွီတင်းက လျှို့ဝှက်စခန်းတစ်ခု တည်ဆောက်ပြီး ဒါမှ သူက အသက်ရှင်နေတဲ့သူတွေကို သုံးပြီးသက်စောင့်ဆေးလုံးသန့်စင်နေတာကို သူဖုံးကွယ်ထားနိုင်မှာ ပြီးတော့ ဆေးလုံးအတွက် သူ့ပါဝင်ပစ္စည်းတွေက ကန်းဇီလွေ့ သူ့ကို ထောက်ပံ့ပေးတဲ့ လိင်ကျွန်တွေပဲ။

ဒီသက်စောင့်ဆေးထဲမှာ မကျေနပ်မှုအရှိန်အဝါတွေသိပ်သိပ်သည်းသည်းပါဝင်နေတာ အံသြစရာမရှိဘူးပဲ။ ကံဆိုးတဲ့ ဝိညာဉ်က အသက်ရှင်တုန်းက ရိတ်သိမ်းခံရသေးပြီး သေပြီးတဲ့နောက်မှာ သူ့ရဲ့ခန္ဓာကိုယ်က ဆေးလုံးအဖြစ် သန့်စင်ခံရသေးတယ်။

ကူယွဲ့က တုန်ရင်သွားမိတော့တာပဲ။ သက်စောင့်ဆေး ပမာဏကိုကြည့်ရင် ယွီတင်းနဲ့ ကန်းဇီလွေ့ရဲ့လက်ထဲမှာ သေခဲ့တဲ့သူတွေက တော်တော်များတယ်လို့ တွေးလို့ရတယ်။

ထူးဆန်းတာက ဒီနှစ်တွေအတွင်းမှာ ယွီတင်းက သူ့ရဲ့ကျင့်ကြံစဉ်တိုးတက်မလာတော့ပဲ။ ဆိုလိုတာက ဒီဆေးလုံးတွေကို သူမထိဘူးဆိုတာ သိသာနေတယ်။ အရိပ်ထဲကနေ ဒီဖြစ်ရပ်ကို ကြိုးကိုင်နေတဲ့တခြားသူ ရှိနေတယ်လို့ ဆိုလိုတာပဲ။ ဒါကြောင့် ရှန်းရင် အစောပိုင်းက ကောက်နှုတ်ချက်နဲ့ ဒီကောက်ချက်ကို ပေါင်းလိုက်မယ် ဆိုရင် ယွီတင်းနဲ့ ကန်းဇီလွေ့နောက်ကွယ်ကလူတွေက အထက်ထျန်းလန်လောကကပဲ ဖြစ်ရမယ်။

အခုအချိန်မှာ ထိတ်လန့်ဖို့ကောင်းတဲ့အတွေးတစ်ခုက ကူယွဲ့စိတ်ထဲဝင်ရောက်လာတယ်။ အခုယွီတင်းက သေပြီ။ သူ့နောက်ကွယ်ကလူတွေက မဟူရာကောင်းကင်ဂိုဏ်းကို တန်ပြီးပစ်မှတ်ထားတော့မှာလား။ အဆင့်မြင့်ကျင့်ကြံသူတွေက အထက်အသူရာလောကမှာ ၁၂ ယောက်လောက်ပဲရှိတယ်။ မဟူရာကောင်းကင်ဂိုဏ်းက အလယ်ထျန်းလန်လောကရဲ့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဆိုပေမဲ့ အထက်ထျန်းလန်လောကရဲ့ အမြင်မှာ ဂိုဏ်းက အသေးအမွှားပဲလေ။ ဒါပေမဲ့ သူက ဒီမှန်းဆချက်ကို ချက်ချင်းပဲ ငြင်းပယ်လိုက်တယ်။ မဟုတ်ဘူး… သက်ရှိလူသားတစ်ယောက်ကို သက်စောင့်ဆေးထဲ ရောစပ်တဲ့ အပြုအမူက မိစ္ဆာကျင့်ကြံသူတွေရဲ့ မိစ္ဆာအတက်နဲ့ မခြားဘူး။ အထက်ထျန်းလန်လောက က တိုက်ရိုက်ဝန်ခံဖို့ မပြောနဲ့ ဒီလိုရက်စက်တဲ့အပြုအမူကို ဖုံးကွယ်ထားဖို့ အားစိုက်ထုတ်နေမှာလည်း မဟုတ်ဘူး။ ကန်းဇီလွေ့က အထက်ထျန်းလန်လောကကို တန်းပြီးပြေးသွားမဲ့အစား ဓါးရိပ်ဖမ်းတောင်ထွတ်မှာ ပုန်းနေတဲ့အချက်က ဒါကို သက်သေပြလိုက်တာပဲ။ ဒါကနေ ကူယွဲ့က ကန်းဇီလွေ့နဲ့ ယွီတင်း နောက်ကွယ်က လူတွေက အထက်ထျန်းလန်လောကမှာ သူတို့အလိုရှိတာဘာမဆို လုပ်နိုင်မဲ့သူတွေမဟုတ်ဘူးဆိုတာ မှန်းဆလိုက်မိတယ်။

ယွီတင်းက ပြစ်မှုတွေအများကြီး ကျူးလွန်ခဲ့တယ်။ ဒါပေမဲ့ ပြဿနာက သူက မဟူရာကောင်းကင်ဂိုဏ်းထဲမှာ နှစ်တွေအကြာကြီးရှိနေခဲ့တာတောင် သူက အထက်ထျန်းလန်လောကကဆိုတာဘယ်သူမှ မသိတာပဲ။ အထက်ထျန်းလန်လောကထဲက သူ့အကြီးကဲတွေကို ဒီသက်စောင့်ဆေးသန့်စင်ဖို့ကူညီပေးတာက သူ့ရဲ့အထောက်အထားအမှန်ကို ဖုံးကွယ်ဖို့အတွက် တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်လောက်ဘူး။ နောက်ထပ်တခြားလှုပ်ရှားမှုတွေရှိမှာ သေချာတယ်။ အထက်ထျန်းလန်လောကက ဘာတွေလုပ်ဖို့ စီစဉ်နေတာလဲ။ သူက မဟာနတ္ထိဂိုဏ်းကို မတွေးမိပဲမနေနိုင်တော့ဘူး။ မဟာနတ္ထိဂိုဏ်းက ကျောင်းခြောက်ကျောင်း၊ ဂိုဏ်းခြောက်ဂိုဏ်းရဲ့ အဖွဲ့ဝင်ဆိုပြီး အမည်ခံပေမဲ့ တကယ်တော့ အထက်ထျန်းလန်လောကက ထိန်းချုပ်ထားတဲ့ ရုပ်သေးတစ်ခုပဲ။ သူတို့တွေက မဟူရာကောင်းကင်ဂိုဏ်းကို ဒုတိယမြောက် မဟာနတ္ထိဂိုဏ်းအဖြစ် ပြောင်းပစ်ချင်နေတာများလား။

အချိန်နှောင်းသွားတာကြောင့် အချိန်နှောင်းသွားတဲ့အကြောက်တရားက သူ့ဆီရောက်လာတယ်။ ဒါပေမဲ့ အချိန်မီ ရှာတွေ့လိုက်တာ ကံကောင်းနေသေးတယ်။ မိစ္ဆာကျင့်ကြံသူရဲ့ဒီအရေးကိစ္စက ကိစ္စရပ်တွေ အများကြီးကို အလင်းပြပေးနိုင်မယ်လို့ သူမထင်ထားဘူး။

အစကတော့ ရှန်းရင်ရဲ့ဂရုဏာသက်မှုက အချိန်ပိုလုပ်နေတာပဲလို့ တွေးလိုက်မိတယ်။ သူက မိစ္ဆာကျင့်ကြံသူကို ဂရုဏာသက်တာကြောင့် သူမရဲ့မိုက်ရူးရဲဆန်မှုထဲ သူတို့ကိုဆွဲခေါ်လာတာပဲဖြစ်ရမယ်ပေါ့။ ဒီလိုအံသြစရာကိစ္စတစ်ခု ရှိနေမယ်လို့ သူသေချာပေါက်မထင်ထားဘူး။ ရှန်းရင်ကလည်း ပုံစံဆို ယုံကြည်အားထားရတဲ့ပုံစံမျိုး ပြတာမှ မဟုတ်တာ။ ဒီတော့ သူမ ဒီလောက် သတိအနေအထားနဲ့ ထိုးထွင်းသိမြင်နိုင်တာကို သူအံ့သြသွားတယ်။ သူမက ဖြေရှင်းရခက်တဲ့အရေးကိစ္စကို ချက်ချင်းဖမ်းဆုပ်မိတာပဲ။

“ရှန်းရင်…. မင်း… အရင်ကတည်းက ပြဿနာတစ်ခုခုရှိတယ်ဆိုတာ အာရုံခံမိပြီးသားလား… ဘာကြောင့်လဲ… မဟူရာကောင်းကင်ဂိုဏ်းရဲ့အကျိုးအတွက် မင်းသွားတာလား… မင်း.. ဟမ်… သူဘယ်ရောက်သွားတာလဲ”

သူပြောတာ မပြီးသေးခင်မှာပဲ သူရှေ့မှာထိုင်နေတဲ့သူက ရုတ်တရက်ကြီး အိမ်ပြန်သွားတာကို သဘောပေါက်လိုက်တယ်။ သူက မနှစ်မြို့တဲ့အကြည့်နဲ့ လက်ထဲက အစိမ်းရောင်သစ်ရွက်ကို စိုက်ကြည့်နေတယ်။

“စားဖိုမှူး ဒီတရုတ်နံနံလိုအနံ့နဲ့ဟာကြီးက ဘာကြီးလဲ”

“နံနံပင်လေ ဟင်းခတ်အမွှေးအကြိုင်အတွက်သုံးတယ်”

“နောက်တခါကျ ဒါကို မသုံးနဲ့ … ငါ နံနံပင်မုန်းတယ်”

“ဟုတ်ကဲ့ဆရာ… ပြဿနာမရှိဘူးဆရာ”

ကူယွဲ့ “.” ဒီသောက်..”

-_-|||

ဒီအစားသရဲက ဒီလိုပုံစံကြီးကိုတွေးနိုင်လိမ့်မယ်လို့ တွေးမိခဲ့တာ ငါကန်းနေတာပဲဖြစ်ရမယ်။ ပြီးတော့ အမတဓားအရှင် စားဖိုမှူးဘွဲ့ကို လက်ခံဖို့ အသင့်ဖြစ်နေပြီလား။ ဒီလို မြန်မြန်လက်ခံရမှဖြစ်မှာလား။

(╯‵□′)╯(┻━┻

————————

ဂိုဏ်းခေါင်းဆောင် ရှီချိုးကို ယွီတင်းရဲ့အရေးကိစ္စကြောင်း ကူယွဲ့ပြောလိုက်တဲ့အခါမှာ သူလည်း အကြောက်တရားကို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ကံကောင်းတာက ကပ်ဘေးကြီးတစ်ခု ဖြစ်မလာခင် သူတို့က အချိန်မီရှာတွေ့လိုက်တာပဲ။ ဒါပေမဲ့ ပြောရရင် ဒီအရေးကိစ္စမှာ အထက်ထျန်းလန်လောက ပါဝင်နေပြီး နောက်ကွယ်က ကြိုးကိုင်သူဘယ်သူမှန်း မသိရဘူးဆိုတော့ ရွေးချယ်စရာမရှိဘဲ သူတို့ဆုံးရှုံးမှုကို လက်ခံလိုက်ရတယ်။ ဘာမှမဖြစ်ခဲ့သလိုနေရတာပေါ့။ ချီချန်းယွီကို လိုက်ဖို့ကိုလည်း သူတို့ ပယ်ဖျက်လိုက်ရုံပဲရှိတယ်။

“ရှင် ဒီကို ကပ်ပါးရပ်ပါးလုပ်ဖို့ ရောက်လာပြန်ပြီလား” ရှန်းရင်က တနယ်တည်းသားကို ကြည့်လိုက်၏။ ထိုလူသည် သူမကို နားပူနားစာဆက်လိုက်နေလေရာ သူမက လက်ဝှေ့ယမ်းပြလိုက်တယ်။

“နေ့လယ်စာစားဖို့ အချိန်မရောက်သေးဘူး… ထမင်းချက်က ပြန်မလာသေးဘူး”

“အလေလိုက်နေတယ်လို့ဘယ်သူက ပြောလဲ” ကူယွဲ့က သူ့ကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်တယ်။ “ငါက အစာလွတ်ကျင့်စဉ်ကို ကျင့်ကြံထားပြီးသား။ မင်းရဲ့ဆန်တစ်စေ့စားလို့လား”

“စားတယ်လေ”

ကူယွဲ့က ရှုံ့မဲ့သွားတယ်။ ရုတ်တရက် သူက တစ်စုံတစ်ခုကို မှတ်မိသွားတော့တယ်။

“အစာသွပ်မုန့်တွေကို ဆန်လို့ သက်မှတ်လို့မရဘူး” သူမစားရတာကြာတော့ အလုတ် နည်းနည်းလောက်ပဲ စားမိတာပါ။ ဘာကြောင့်များ ဒီအသေးအမွှားကို မင်းရဲ့မှတ်ဉာဏ်ထဲမှာ အကြာကြီးမှတ်ထားရတာတုန်း။

“ငါ… မင်းရဲ့တပည့်က ဒီနေ့ထမင်းချက်ဖို့ ပြန်မလာနိုင်လောက်ဘူးဆိုတာ အကြောင်းကြားဖို့ ငါဒီကို ရောက်လာတာ။ ဂိုဏ်းခေါင်းဆောင်က သူ့ကို အတွေ့အကြုံအခြေခံလေ့ကျင့်ရေးခရီးစဉ်အကြောင်း ပြောနေတာ”

“အတွေ့အကြုံအခြေခံ လေ့ကျင့်ရေးခရီးစဉ်တဲ့လား”

ကူယွဲ့က သူ့ဝတ်ရုံကို တစ်ချက်ပုတ်လိုက်ပြီး သူမဘေးမှာ ထိုင်ချလိုက်တယ်။ ပြီးတော့ အားရပါးရ မကောင်းတဲ့စိတ်နဲ့ ဝမ်းသာအားရဖြစ်နေပြီး သူ့ကို သတင်းပေးတော့တာပဲ။

“ဒီနှစ် ရွှေအမြုတေအဆင့်အောက်က တပည့်တွေက အတွေ့အကြုံအခြေခံ လေ့ကျင့်ရေးခရီးစဉ်ကိုသွားပြီး သူတို့တိုက်ပွဲဝင်ဖို့တိုးတက်အောင် လုပ်ရမှာလေ။ သေမျိုးလောက က မဖြေရှင်းနိုင်တဲ့ကိစ္စတွေ၊ ဒါမှမဟုတ် နတ်ဆိုးတွေ၊ သားရဲတွေကို ယဉ်ပါးအောင်လုပ်ရတာ… အဲလိုဟာမျိုးတွေ။ အဖွဲ့လိုက်လေ့ကျင့်ရေးနဲ့ တူညီတဲ့ဟာတွေကို လုပ်ရတာပေါ့”

“ဒါက စားဖိုမှူးနဲ့ ဘာဆိုင်လို့လဲ။ သူက….” သူက နတ်ဝိညာဉ်ကျင့်ကြံသူမလား။

“မဆိုင်တာတော့မဟုတ်ဘူး” ကူယွဲ့က ဆက်ပြောလိုက်တယ်။

“ကုန်လွန်ခဲ့တဲ့နှစ်တွေမှာ ရွှေအမြုတေကျင့်ကြံသူတစ်ယောက်ပဲ နှစ်စဉ် လေ့ကျင့်ရေးခရီးစဉ် ကာလအတွင်းမှာ တပည့်တွေရဲ့ ဘေးကင်းလုံခြုံရေးစိတ်ချရဖို့အတွက် ရွှေအမြုတေကျင့်ကြံသူတစ်ယောက်ပဲ အဖွဲ့ကို ဦးဆောင်ပေးဖို့ လိုတာ။ ဒါပေမဲ့ ဒီတစ်ခေါက် ဂိုဏ်းက တောင်ပိုင်းမှာ ရုတ်တရက်ပေါ်လာတဲ့ အစွမ်းထက်တဲ့ နဝမအဆင့် နတ်ဆိုးတစ်ကောင်ကို ဖြေရှင်းဖို့ တာဝန်ရထားတယ်လေ။ သာမာန်ရွှေအမြုတေကျင့်ကြံသူတွေက ဒါကို မဖြေရှင်းနိုင်ဘူး။ ခန်းဆောင်အကြီးအကဲတွေကလည်း ယွီတင်းရဲ့ကိစ္စကို စစ်ဆေးပြီးအလုပ်များနေတာ။ ဂိုဏ်းထဲမှာ မရှိဘူး။ ဒီတော့ ရှီချိုးက မင်းရဲ့စားဖိုမှူးကိုပဲ တွေးမိတာ”

“သြော်…” အတင်းခေါ်ခံလိုက်ရတာလား။

“ဒီလေ့ကျင့်ရေးခရီးစဉ်က ဘယ်လောက်ကြာမှာလဲ”

“ကာလအတိအကျမရှိဘူး။ တိုရင်တော့ သုံးလကနေ လေးလပေါ့.. ကြာရင်တော့ နှစ်ဝက်ကနေ တစ်နှစ်ပေါ့”

တစ်နှစ် … ရှန်းရင်ပါးစပ်က တွန့်ရှုံ့သွားတယ်။ ရုတ်တရက်ပဲ သူမခေါင်းထဲမှာ ဖော်မြူလာတစ်ခုပေါ်လာတယ်။

လေ့ကျင့်ခရီးစဉ် = စားဖိုမှူးမရှိ = ငါစားစရာကို ချက်ပြုတ်ပေးမဲ့လူမရှိ = စားစရာကပ်ဘေးကို ဆိုင်းငံ့ထား။

ကူယွဲ့ကို လှည့်ကြည့်ပြီး သူမဘာသာတွေးလိုက်မိတယ်။ ဆိုလိုတာက တစ်နှစ်လုံး ဝက်စာတွေကို စားရမှာပေါ့။

မဖြစ်နိုင်တာ…

“အဲဒီအကြည့်က ဘာလား” ကူယွဲ့က မျက်မှောင်ကြုတ်သွားတယ်။ သူမ သူ့ကို တိတ်တဆိတ်ကြိမ်းမောင်းနေတယ်လို့ သူဘာကြောင့်ခံစားရတာလဲ။

“ဒါ ငါနဲ့ ဘာမှ မသက်ဆိုင်ဘူးနော်။ ဂိုဏ်းရဲ့အကြီးအကဲတွေစီမံတာ။ ဒါအပြင် သူက ဧည့်အကြီးအကဲတစ်ယောက်ပဲ၊ လေ့ကျင့်ရေးခရီးစဉ်ကို ဦးဆောင်တာက ဖြစ်သင့်….”

ဒါပေမဲ့ သူပြောတာ မပြီးသေးခင်မှာ ရှန်းရင်က ရုတ်တရက်ထရပ်ပြီး လေးနက်တည်ကြည်မျက်နှာထားနဲ့ ပြောလိုက်တယ်။

“ဆွေမျိုးတွေကော လေ့ကျင့်ရေးခရီးစဉ်မှာ လိုက်ပါလို့ရလား”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset