ERSY အခန်း ၂၂

အခန်း ၂၂ ။ ခေတ္တ ဓားစာခံ

ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက်မို့ မိစ္ဆာကျင့်ကြံသူတွေအကြောင်းကို တခြားလူတွေထက်ပိုပြီး ယိချင်းသိထားတယ်။ သူတို့ရဲ့ ရနံ့တွေကို‌လည်း အရမ်းရင်းနှီးပေမဲ့ သူတို့ထဲကတစ်ယောက်က မဟူရာကောင်းကင်ဂိုဏ်းထဲကိုဝင်လာပြီး နတ်ဝိညာဥ်ကျင့်ကြံသူကို သတ်ဖို့ဆိုတာ သူတို့သေချာကြံစည်ထားတဲ့အကြံဖြစ်ကြောင်းထင်ရှားတယ်။ သူ့မှာ အတော်ကောင်းတဲ့ အနံခံအာရုံရှိတာတောင် ယင်ချီစွမ်းအင်ကို အနံ့ခံမိဖို့ အချိန်တစ်နာရီလောက် သုံးလိုက်ရတယ်။ ထူးထူးဆန်းဆန်းပဲ အဲဒီယင်ချီစွမ်းအင်တွေက ဘယ်နေရာမှာမှမတွေ့ရဘဲ ယင်းယွမ်တောင်ထိပ်ရဲ့ အခြေနားမှာ ရှိနေတယ်။

ခန်းဆောင်သခင်တွေကို ဦးဆောင်ပြီး အနံ့လာရာလမ်းကြောင်းဖြစ်တဲ့ သူနေတဲ့တဲရှိရာကို ယိချင်းသွားလိုက်တယ်။ တဲနားလေးမှာတင်ကိုပဲ သွေးညှီနံ့တွေ လှိုင်ထနေပြီ။ သူရုတ်တရက် လန့်သွားမိပြီး အိမ်ထဲကို ပြေးဝင်လိုက်တယ်။ တွေ့ရသမျှက အရှုပ်အပွတွေပဲ။ ကျောက်တုံးစားပွဲပေါ်က ပန်းကန်တွေက အခုတော့မြေပေါ်မှာ ပြန့်ကျဲလို့။ သွေးတွေနဲ့ ရောနေတဲ့ဟင်းအနှစ်တွေက စားပွဲခုံတစ်ခုလုံးအပေါ်မှာ ပေကျံနေတယ်။

“ဒါ…ဒါက…” ယန်ချိုးလန့်သွားတယ်။ “ဒါဘယ်လိုဖြစ်ရတာလဲ”

“ရှန်းရင်ဘယ်မှာလဲ” ကူယွဲ့ပတ်ရှာနေပေမဲ့ အရိပ်အယောင်လေးတောင်မတွေ့။

ယိချင်းလည်း အိမ်အနှံ့ပတ်ရှာနေပေမဲ့ ဘယ်မှာမှမတွေ့ဘူး။ နောက်တော့ သူလှည့်လိုက်ပြီး သွေးတွေနဲ့ပေကျံနေတဲ့ ကျောက်တုံးစားပွဲဆီသွားကာ လက်သင်္ကေတတချို့ ဖွဲ့စည်းလိုက်တယ်။ ချက်ချင်းပဲ ကျောက်တုံးစားပွဲတစ်ခုလုံး လင်းလာပြီး လွန်ခဲ့တဲ့တစ်နာရီက ဖြစ်ခဲ့တဲ့ပုံ ရိပ်တွေပေါ်လာတော့တယ်။

ရင်းနှီးတဲ့ပုံရိပ်တစ်ခုက ထမင်းစားနေလေရဲ့။ သူမရဲ့ အာရုံက ဟင်းပွဲတွေပေါ်မှာပဲ ရှိတယ်။ အကယ်၍ တစ်ယောက်ယောက်ကသာ ဟင်းပွဲတွေ စားလို့ကုန်သွားတာကို မျက်မြင်ကြည့်နေတာ မဟုတ်ဘူးဆိုရင် ရုပ်ရှင်ထဲကလို ရစ်လိုက်တယ်လို့ထင်ကြမှာပဲ။ မြင်ကွင်းထဲကဟင်းပွဲတွေ ပြောင်သလင်းခါသွားတော့ သွေးတွေရွှဲနစ်နေတဲ့ လူတစ်ယောက် အပေါ်က ဆင်းလာတယ်။ အနီရောင်အကျီကို ဝတ်ထားပြီး ဆံပင်တွေက ဖရိုဖရဲနဲ့မျက်နှာတစ်ခြမ်းက သွေးတွေရွဲနစ်နေတယ်ဆိုပေမဲ့ မိန်းမလှတစ်ဦးဆိုတာ သိသာနေတုန်းပဲ။

“မိစ္ဆာကျင့်ကြံသူ” ရှီးချိုးက ရုတ်တရက် ထအော်တယ်။ သူကတော့ စားပွဲပေါ်က ပုံရိပ်တွေကိုပဲ သေချာကြည့်နေမိတယ်။ အဲဒီအချိန် အတွေးတစ်ခု ရုတ်တရက် ဝင်လာတာမို့ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။

“နတ်ဝိညာဥ်အဆင့် မိစ္ဆာကျင့်ကြံသူ…အနီရောင်အင်္ကျီဝတ်ထားတယ်၊ အဆိပ်ပြင်းကဝေ ချီချန်းယွီများလား…”

ပုံရိပ်ထဲက ဒဏ်ရာအပြင်းအထန်ရနေတဲ့အမျိုးသမီးက စားပွဲနားကမိန်းကလေးကို စကားပြောနေသလိုပဲ။ ရုတ်တရက် သူမက ပန်းကန်ကိုင်ထားတဲ့မိန်းကလေးကို ကုပ်ကဆွဲမပြီး အနောက်တောင်ကို လွှင့်ပစ်လိုက်တယ်။

အဲဒါကို ကြည့်ရင်း ယိချင်းမျက်လုံးတွေပြူးသွားပြီး ထအော်မိသွားတယ်။ “ဆရာ” သူချက်ချင်း လှည့်လိုက်ပြီး အနောက်တောင်ဘက်ကို ချက်ချင်းမျက်နှာမူလိုက်တယ်။

“နေဦး” ကူယွဲ့စကားတောင် မဆုံးသေးဘူး ယိချင်းကပျောက်သွားပြီ။ ကူယွဲ့လည်း မတတ်သာတော့ပဲ ဓားဆွဲပြီး လိုက်ရတော့တာပေါ့။ ဒါပေမဲ့ ယိချင်းသွားတာမြန်လွန်းလို့ ကူယွဲ့ခမျာ အတော်လေးကွာပြီးမှ မှီတယ်။

“ယိချင်း..စိတ်အေးအေးထား…မဟူရာကောင်းကင်ဂိုဏ်းက စည်းပိတ်ထားပြီးသားပါ။ အဲ့ဒီမိစ္ဆာကဝေမက ရှန်းရင်ကို ခေါ်မသွားခင် ဘာလုပ်ခဲ့လဲဆိုတာကို အရင်ရှာရအောင်။ ရှန်းရင် ဘာမှဖြစ်မှာမဟုတ်…”

ခဏနေပါအုံး။

“သူ့လို အားကြီးပုံမျိုးနဲ့ မိစ္ဆာကျင့်ကြံသူလောက်ကို စိတ်ပူစရာရှိလို့လား။ မင်းက ဘာတွေစိုးရိမ်နေတာလဲ”

“ဆရာအဆင်ပြေမယ်ဆိုတာကျွန်တော်သိပါတယ်” ဒါပေမဲ့ ရပ်သွားရမဲ့အစား ယိချင်းက ပိုပြီးတောင် မြန်မြန် ပျံသွားသေးတယ်။

“ကျွန်တော်က ဆရာတစ်ယောက်တည်း အပြင်ထွက်လို့ စိတ်ပူတာ။

“အဲဒါဆိုပြဿနာကဘာလဲ”

“ပြဿနာက…” သူကခေါင်းကိုလှည့်လိုက်ပြီး သေချာအောင်တစ်ချက်ကြည့်လိုက်သေးတယ်။ ပြီးမှ

“လမ်းပျောက်ပြီး ပြန်မလာတတ်မှာစိုးလို့”

“…”

ဟိုလီရှစ်…ဒါဆို ဒီဟာမလေးက အစားသောင်းကျန်းရုံတင်မကဘဲ လမ်းက သောက်ကျိုးနည်း ပျောက်သေးတယ်။ ဘယ်လိုဟာမျိုးကို မင်းရဲ့ဆရာအဖြစ် ရွေးထားတာလဲကွာ။ ငါတကယ်မသိတော့ဘူး။

“ဒါနဲ့သူကဘယ်လိုလုပ် မိစ္ဆာကျင့်ကြံသူလက်ထဲရောက်သွားရတာလဲ” စားပွဲပေါ်ကပုံရိပ်တွေမှာ အသံမပါလို့ မိစ္ဆာကျင့်ကြံသူနဲ့ဘာတွေပြောကြလဲဆိုတာ သူတို့မကြားရဘူး။

“ကျွန်တော်သိသလောက်ဆိုရင်တော့…” ယိချင်းကမျက်မှောင်ကျုံ့ပြီး ခဏစဉ်းစားလိုက်သေးတယ်။

“ကြည့်ရတာ သူ မနိုင်လို့တော့မဟုတ်လောက်ဘူး”

“ဒါဆိုဘာလဲ”

“ဆရာက ချဖို့ပျင်းနေလို့ပဲဖြစ်ရမယ်”

“……..”

(╯‵□′)╯(┻━┻

ဒီတန်ဖိုးမဲ့တဲ့သတ္တဝါကတော့ သေခါနီးတောင်ပျင်းနေနိုင်သေးတယ်…..

——

သူမရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ခြေထောက်တွေနဲ့ မဟူရာကောင်းကင်ဂိုဏ်းကနေ ထွက်ပြေးလာခဲ့တယ်။ ဒဏ်ရာအတော်လေး ရထားတော့ နတ်ဝိညာဥ်အဆင့်ရောက်နေတာတောင် လဲကျသွားသေးတယ်။ သူမရဲ့အတွင်းအင်္ဂါတွေက အတော်လေး ထိခိုက်နေပြီ။ အဲဒီသူခိုးကောင်ယွီတင်းကို သူမ လက်စားပြန်ချေကိုချေရမယ်။ အဲ့အတွက် နှစ်ပေါင်းများစွာ အစီအစဉ်ချပြီးစောင့်နေခဲ့တာတောင် အဲကောင်က မသေခင်မှာ သူမကိုဒဏ်ရာရအောင်လုပ်ပြီး ဒုက္ခထပ်ပေးသွားသေးတယ်။

သူမဗိုင်းခနဲ လဲကျသွားတယ်။ သူမရဲ့အတွင်းအင်္ဂါတွေကို ပြန်ပြီးကုစားရတော့မယ်။ သူမ သေတော့မယ်။ ဘာရွေးချယ်စရာမှမရှိတော့တဲ့အချိန်မှာ လူမရှိတဲ့နေရာတစ်ခုကို တွေ့ပြီး ရပ်သွားခဲ့တယ်။ ဓားစာခံကို ကိုင်ထားတဲ့ လက်ကိုလွှတ်ပြီး သူမကိုတွန်းထုတ်ဖို့ပြင်လိုက်တယ်။

ဒဏ်ရာအတော်ရထားလို့ပဲ အားမရှိတာလားဆိုတာ ချီချန်းယွီ မသိပေမဲ့ အဲ့ကောင်မလေးကို တွန်းလို့မရဘူး ဖြစ်နေတယ်။ အဲ့အစားသူမသာ နောက်ကိုခြေတစ်လှမ်းဆုတ်သွားတယ်။ နှလုံးထဲက လျှံထွက်လာတဲ့‌သွေးတွေကို ရှိသမျှအားသုံးပြီးဖိထားပြီး ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။

“မင်းကို ကြည့်ရတာ အရမ်းနာခံတတ်တဲ့ပုံပဲ။ သွားလို့ရပြီ။ ငါမင်းကိုမသတ်ဘူး”

အချက်ပေးခေါင်းလောင်းသံထွက်လာတာမို့ မဟူရာကောင်းကင်ဂိုဏ်းက သူမလုပ်ခဲ့တာတွေကို သိသွားပြီထင်တယ်။ ထွက်ပေါက်တွေအကုန်လုံးလည်းပိတ်သွားပြီဆိုတော့ သူမ ဒီထဲကထွက်ဖို့ ခဲယဉ်းသွားပြီ။ သူမရဲ့မူလရည်ရွယ်ချက်က ဓားစာခံတစ်ယောက်လောက်ရှာပြီး ထွက်ပြေးဖို့ပဲ။ ကံကောင်းချင်တော့ ဓားစာခံရှာရခဲ့ရုံတင်မကဘဲ တောင်ကနေလည်း လွယ်လွယ်ကူကူထွက်နိုင်ခဲ့တယ်။ အစောင့်တွေနဲ့ ပက်ပင်းတိုးတာတောင် သူတို့ကသူမကို မြင်ပုံမရဘူး။ ကြည့်ရတာ ဘုရားရှင်က သူမကို လက်စားချေဖို့ခွင့်ပြုပုံပဲ။

သူမလက်ကို မြှောက်ပြီး ဓားစာခံကိုချုပ်ထားတဲ့စည်းကို ဖြည်ပေးလိုက်တယ်။ ဒါပေမဲ့ သူမရဲ့ ချီစွမ်းအင်တွေကို ပြန်ပြီး စီးဆင်းစေလိုက်တယ်ဆိုရင်ပဲ အတွင်းအင်္ဂါတွေ အကုန် မခံမရပ်နိုင်အောင် နာကျင်လာတော့တယ်။ သွေးချီတွေကလျံထွက်လာတော့မလို ဖြစ်လာပြန်တာမို့ သူမ ချက်ချင်း မျိုချလိုက်ရပြန်တယ်။ ဒေါသတကြီးပဲရေရွတ်လိုက်ရင်း “ငါစိတ်မပြောင်းခင် မြန်မြန်သွားတော့။”

ဓားစာခံက ခဏလောက်တိတ်ဆိတ်နေပြီးမှ ခေါင်းငြိမ့်ပြတယ်။ “ဟုတ်ပြီ” သူမလှည့်ထွက်သွားတော့တယ်။

ရှန်းရင် အဝေးကို ရောက်သွားတာသေချာသွားပြီဆိုတော့မှ ချီချန်းယွီလည်း ပဒုမ္မာကြာပွင့်ပုံစံ ထိုင်လိုက်ပြီးအတွင်းအင်္ဂါတွေကို ကုစားဖို့ပြင်လိုက်တယ်။ ဒါပေမဲ့ သူမခန္ဓာကိုယ်မှာ ချီစွမ်းအင်စက်ဝိုင်းဆောက်လို့တောင် မပြီးသေးဘူး ရင်းနှီးနေတဲ့အသံတစ်သံက သူမနားထဲထွက်ပေါ်လာတော့တယ်။

“အစ်မ…ငါတို့ဘယ်ကနေပျံလာတာလဲဆိုတာ နင်မှတ်မိလား”

ကောင်မလေးရဲ့အသံကို ကြားလိုက်ရတာ ချီချန်းယွီတစ်ယောက် ချီစွမ်းအင်တွေတောင် ပျက်သွားတော့မလိုပဲ။ ပါးစပ်ထဲကလှိုက်တက်လာတဲ့ သွေးတွေကိုအတင်းမျိုချလိုက်ပြီး ရှန်းရင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်တယ်။ ဒီကလေးမက သေချင်နေတာလား။ သူ့ကို ငါမသတ်ဘူးလို့များ ထင်နေသလား။

ဒေါသတွေကို မျိုချရင်း ညာဖက်ကိူ သူမညွှန်ပြလိုက်တယ်။ “အဲဘက်က..”

“အို့…ကျေးဇူးတင်ပါတယ်။” ရှန်းရင်ကပြုံးပြပြီး အဲ့လမ်းအတိုင်း လျှောက်သွားလိုက်တယ်။

ချီချန်းယွီကမျက်လုံးကိုပြန်ပိတ်လိုက်ပြီး အတွင်းအင်္ဂါတွေကို ပြန်ပြီးကုစားနေတယ်။ သူမ ဖန်တီးထားတဲ့စက်၀န်းပြည့်လုပြည့်ခင် အချိန်မှာပဲ….

“အစ်မ…အဲလမ်းဆိုတာ သေချာရဲ့လား?”

ရင်းနှီးနေတဲ့အသံက ထပ်ပြီးထွက်လာပြန်တယ်။

“အဲဘက်မှာ ပင်လယ်လည်းမရှိဘူး၊ မြစ်ကြီးပဲရှိတယ်”

“မြစ်ကိုကူးလေ၊ ပြီးရင်သစ်တောကို ဖြတ်လိုက်၊ အဲ့ဒါဆိုပင်လယ်ကိုရောက်ပြီ”

“ဟုတ် ဟုတ်…ကျေးဇူး”

“နင် နောက်ထပ် ထပ်လာရင် ငါသတ်တော့မှာ”

သူမထွက်သွားတာကို ကြည့်ရင်း ကုသဖို့နေရာထပ်ရှာလိုက်တယ်။ ဒါပေမဲ့ ဆယ်မိနစ်လောက်လည်း ကြာရော….

“အစ်မရေ….ငါ မြစ်ကို ရှာလို့ မတွေ့တော့ဘူး”

“…”

ချီချန်းယွီခမျာ သွေးအန်မှာစိုးလို့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားရတယ်။

“နင်သေချင်နေတာလား၊ ညာဘက်ကို တည့်တည့်သွားပါလို့ ပြောထားတယ်လေ၊ လမ်းညွှန်ထားတာတောင် သေချာမသွားတတ်ဘူးလား”

“မသွားတတ်ဘူး”

သူမ အမှန်အတိုင်းပဲပြောလိုက်တယ်။

“ငါလမ်းပျောက်နေပြီထင်တယ်”

“နင်…”

သူမ လူသတ်ချင်စိတ်တွေကို မဟားတရားထိန်းချုပ်လိုက်ရတယ်။ တစ်ဖက်ကို လက်ညှိုး ထိုးလိုက်ပြီး

“နင်ထပ်လာရဲ လာကြည့် နင့်အရိုးတွေကို ငါ ၀ိညာဥ်ကျင့်ကြံတဲ့အထဲ ထည့်ပစ်လိုက်မယ်၊ ဟိုဘက်လမ်း”

“ဟုတ်…ငါမှတ်မိပြီ”

အဲဒီနောက် သူမထွက်သွားပြန်တယ်။ ဆယ်မိနစ်လောက်လဲ ကြာရော….

“အစ်မ”

“ဟင်…နင်ပြန်လာရဲသေးတယ်။ တွေ့မယ် နင်သေပြီပဲ”

ချီချန်းယွီက မီးလုံးတစ်လုံးဖန်ဆင်းပြီး ရှန်းရင်ရှိတဲ့နေရာကို လှမ်းပစ်လိုက်တယ်။ သူမနောက်နားလေးကို ကျပြီး မီတာ၀က်လောက်လောင်ကျွမ်းသွားရော။

“အဲလိုမျိုးမဟုတ်ပါဘူး”

ရှန်းရင်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ခေါင်းလေးယမ်းပြတယ်။

“နောက်ကျနေပြီဆိုတော့ ငါဒီမှာနေမလို့ပါ”

ပြီးတာနဲ့ ရှန်းရင်က မှော်ပညာနဲ့ ငှက်နှစ်ကောင်ကို သူမနောက်ကနေဆွဲထုတ်လိုက်တယ်။

“အစ်မ…နင် ကြက်ကင်တတ်လား?”

ချီချန်းယွီ: “…”

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset