EYYJ အပိုင်း ၅

အပိုင်း (၅) ပြဿနာ

ဒုတိယမိသားစုရှိ မိန်းမငယ်လေးများ၏ မျက်ရည်ဝဲနေသော မျက်နှာများကြောင့် ယွဲ့တျဲ့ဖူသည် မတတ်သာစွာ မျက်နှာလွဲရင်း ယွဲ့တာ့ဖူကို ဖျောင်းဖျလိုက်သည်။

“တာ့ဖူ ကလေးတွေအပေါ် မရက်စက်လွန်းဘူးလား။ ကျွန်တော်တို့က လူကြီးတွေပဲလေ။ ကလေးတွေကို နည်းနည်းဆူလိုက်ရင် ရပြီလေ။ အခုလို ရိုက်နှက်လို့ ကျိုးကန်းကုန်ရင် ဘယ်လိုလုပ်မလဲ”

ထိုစကားများသည် ယွဲ့တာ့ဖူအား ဤပြဿနာကို မမြင်ချင်ယောင်ဆောင်ရန် ပြောနေခြင်းဖြစ်သည်။ လယ်ဧကသုံးဆယ်ကျော်ပိုင်တဲ့လူက ကြက်ဥလေးနည်းနည်းလေးကို ဘာလို့ တွက်ကပ်နေတာလဲ။

ယွဲ့တာ့ဖူ ဘာမှမပြောခင်ပင် အဘွားချန်၏ ပါးစက်သည် မီးပွား စဉ်သကဲ့သို့ တောက်လျှောက် ပွင့်လာတော့သည်။

“ဘယ်လိုပြောလိုက်တာလဲ။ ဒီနေ့ အိမ်ကကြက်ဥခိုးရဲရင် မနက်ဖြန် ငါ့ငွေတွေခိုးတော့မှာလေ။ အဲတော့ အတင့်မရဲခင် ဒီနေ့ မှတ်လောက်အောင် ပညာပေးရမယ်”

အဘွားချန် ပြောသည်များကိုကြည့်ကာ ယွဲ့တျဲ့ဖူသည် စိတ်မကျေမချမ်းဖြစ်လာသည်။ အဲဒါကြောင့် ‌မိန်းမတစ်ယောက်ကို လက်ထပ်ရတာ ကြမ္မာကို လောင်းကြေးထပ်ရသလိုပဲတဲ့။ အခု ယွဲ့မိသားစုက အဘွားချန်ကို လက်ဆက်ခဲ့တော့ မျိုးဆက်သုံးခုစာ ဖျက်ဆီးခံရတော့မယ်။

“ကျွန်မ ဘာမှမခိုးခဲ့ပါဘူး။ ဦးလေးလီကျန်း ကျွန်မတို့အတွက် တရားမျှတအောင် လုပ်ပေးပါအုံး”

ယွဲ့ယိုကျင့်သည် သူမ၏ညီမများအား တင်းတင်းကျပ်ကျပ်ဖက်ကာ ပြောလေသည်။

“အဘွားက ကျွန်မကိုယ်ပေါ်လည်းရှာပြီးပြီ။ အခန်းတွေထဲလည်း ရှာပြီးပါပြီ။ အခုကျွန်မရဲ့ညီမတွေကို ရှာဖို့လုပ်နေတာ။ ဦးလေးလီကျန်း အခြားဒေါ်လေးတွေနဲ့ ကျွန်မတို့ ကိုယ်ပေါ်မှာ ရှာခိုင်းလို့ရပါတယ်။ ကျွန်မတို့ ဘာမှမခိုးခဲ့ပါဘူး”

“သမီးတို့က သူခိုးတွေမဟုတ်ပါဘူး။ တကယ်ပြောတာပါ” ယိုကျင့်၏အနောက်ရှိ ယိုရင်နှင့် အခြားညီမများသည် ကြောက်ရွံ့စွာတိုးတိုးလေးပြောလာကြသည်။

အမျိုးသမီးစုသည် သူမ၏မျက်ရည်များကို သုတ်ကာ သူမ၏သမီးများအတွက် ကူပြောပေးလေသည်။

“အဖေ အမေ ကျွန်မရဲ့သမီးတွေက အဖေတို့ရှေ့မှာ ကြီးလာတာ‌လေ။ အိမ်က ပစ္စည်း အသေးတွေတောင် မခိုးဖူးတာ ကြက်ဥတွေ ခိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ဒုတိယမိသားစုရှိ ကလေးများ ငိုကြွေးနေသည်ကို တွေ့ရသဖြင့် ယွဲ့တျဲ့ဖူသည် မတတ်သာဘဲ သက်ပြင်းချလိုက်တော့သည်။

“ဦးလေးတာ့ဖူ အဲ့ကလေးတွေ ဘယ်လိုကြီးပြင်းလာလဲ ကျွန်တော်တို့တွေ့လာတာပဲ။ အဲ့လိုမျိုး မခိုးဝှက်ရဲကြပါဘူး။ ဒီတိုင်းပျောက်သွားတာ ဖြစ်မှာပါ။ ကျွန်တော့်မျက်နှာကို ထောက်ထားပြီး ဒီတိုင်း ထားလိုက်ရအောင်”

ယွဲ့တျဲ့ဖူသည် ထိုဆန်ကုန်မြေလေးများအတွက် ပြောနေသည်ကို မြင်လိုက်ရသောကြောင့် အဘွားချန်၏ မျက်နှာမှာ ပို၍ပင်အကျည်းတန်လာသည်။ ယွဲ့တျဲ့ဖူသည် တုန်ရှန်း(အရည်းအချင်းစစ်စာ‌မေးပွဲ )၌ တစ်ဦးတည်းသော အောင်မြင်သည့် လီကျန်း(ပညာရှိ) ဖြစ်သည်။ ထို့အတွက် သူမသည် မတတ်သာဘဲ နှုတ်ဆိတ်၍သာ နေရတော့သည်။ သူမစိတ်ထဲ၌ ထိုကလေးများအား ထိုသို့ သက်သက်သာသာ လွှတ်ပေးရန် အစီအစဉ်မရှိပေ။

လူတိုင်း၏အမြင်ကို သိလိုက်ရ၍ ယိုကျင့်သည် စိတ်ထဲ၌ ရှုတ်ချလိုက်သည်။ အဘွားချန်သည် ချွေ့ဖုန်းရွာ၌ အပေါက်ဆိုးသည်ဟု ကျော်ကြားပေသည်။ ရွာသားအများစုသည် အဘွားချန်တို့ဘက်၌ ရှိနေ‌ကာ ကိစ္စသည် မရှင်းမလင်းဖြစ်တော့မည်ကို ယိုကျင့်လက်မခံနိုင်ချေ။ ထို့ကြောင့် အံကြိတ်ကာ တင်းမာစွာ ပြောလိုက်သည်။

“ဦးလေးလီကျန်း အဘွားက အိမ်ထဲကကြက်ဥတွေကို မရေရသေးဘူး။ သမီးက တောင်ပေါ်သွားပြီး ၀က်စာသွားစုတာပါ။ ပြန်ရောက်ရောက်ချင်း ဖမ်းချုပ်ပြီး သူခိုးလို့ စွပ်စွဲခံရတာ။ အဘွားကို ကြက်ဥတွေကို ရေဖို့ ဘာလို့ မထုတ်ခိုင်းရမှာလဲ”

ယွဲ့ယိုကျင့် ပြောသည့်စကားများကြောင့် ယွဲ့တျဲ့ဖူသည် အပြုံးလေးဖြင့် လက်ဖျောက်တီးကာ ပြောတော့သည်။

“ဟုတ်သားပဲ အရီးရယ်။ ဘာလို့ သွားမစစ်ကြည့်တာလဲ။ အရီးအမှတ်မှားတာ ဖြစ်ချင်ဖြစ်မှာပေါ့”

ရွာသားများသည် ယိုကျင့်ပြောသည်ကို ကြားသော် အဘွားချန်သည် အိမ်ထဲရှိ ကြက်ဥပင် မရေတွက်ရသေးခင် ကလေးအား သူခိုးဟု စွပ်စွဲသည်ဟု ထေ့ငေါ့ကာ တီးတိုးပြောကြတော့သည်။ လင်းမိသားစု၏ လူငယ်လေးသည် အားပါးတရ ရယ်သွမ်းကာ လှောင်ရယ်တော့သည်။ “အရီးမှာ မျက်လုံးတစ်ထောင် ရှိတယ်ထင်ပါ့။ ကြက်ဥတောင် မရေရသေးဘူး။ အခိုးခံ‌ရတယ်ဆိုတာ သိနေပြီ။ အံ့ဩစရာကြီး”

ထိုကလေး၏ စကားများနှင့် လှောင်ပြောင်ခံရသည့် အဘွားချန်သည် မျက်နှာပျက်သွားတော့သည်။ သို့သော်လည်း သူမ၏မြေးဖြစ်သူ စကားများကို ယုံကြည်နေဆဲပင်ဖြစ်သည်။ “၀မ်ဝေ့ပြောတာ သူကြက်ဥတွေ ခိုးပြီး စားနေတာတွေ့တယ်တဲ့။ ဘယ်လိုလုပ် ငါအထင်မှားရမှာလဲ”

အနောက်၌ ရပ်ကြည့်နေသော ယွဲ့၀မ်ဝေ့သည် အဘွားချန်၏ ခေါ်သံကြောင့် ထိတ်လန့်သွားတော့သည်။ လူအများ၏ မျက်၀န်းများသည် သူ့အပေါ် ကျရောက်လာသောကြောင့် အနည်းငယ် ကြောက်ရွံ့နေသော်လည်း ၀င့်ကြွားဟန်ဖြင့် “သူသေချာပေါက် ကြက်ဥတွေ ခိုးထားတာ သေချာတယ်။ သူ့ဆီက အနံ့ရတယ်”

“ဟားဟား” ရွာသားများ၏ ရယ်သံသည် တစ်မုဟုတ်ချင်း ပေါ်ပေါက်လာတော့သည်။ မာမိသားစု၏ အမျိုးသမီးကြီးသည် ခါးထောက်ကာ စနောက်လိုက်သည်။

“ကလေး မင်းက ခွေးနှာခေါင်းပါတာလား။ ကြက်ဥတောင် အနံ့ခံလို့ရတယ်ပေါ့။ တစ်ခုခု‌များ ပျောက်လား ကြည့်ရအောင် ကြက်ဥတွေ ထုတ်ရေဖို့ မင်းအဘွားကို သွားပြောချည်” ထိုသို့ပြောပြီး ခဏ၌ သူမသည် ထပ်မံခနဲ့လိုက်သည်။

“အဲဒါမှ ကြက်ဥတွေပျောက်နေတယ်ဆိုလည်း ဘယ်သူက သူခိုးလဲ သိရပြီပေါ့”

သူမပြောသည်ကို ကြားသည်နှင့် အမျိုးသမီးချန်၏ မျက်နှာသည် အနည်းငယ် ပျက်ယွင်းသွားလေသည်။ သူမ၏ကလေး လေးယောက်ကို အာဟာရဖြည့်ပေးရန် ကြက်ဥများကို ပေါ်တင်ယူကာ တိတ်တိတ်လေး ခိုးကျွေးတတ်သည်။ သို့သော်လည်း သူမ၏ယောက္ခမဖြစ်သူသည် ထိုအရာကို မသိချင်ယောင် ဆောင်ပေးထားသည်။ ထိုသို့ တွေးပြီးသည်နှင့် သူမသည် ယုံကြည်ချက် မြင့်လာကာ ခေါင်းမော့ရင်ကော့ရင်း မာအမျိုးသမီးကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။

အဘွားချန်သည် မကျေမနပ်ဖြင့် အံကြိတ်ကာ ပြော‌လိုက်သည်။ “ကောင်းပြီလေ ငါ့ကြက်ဥတွေ တစ်လုံးလျော့ကြည့် အဲ့အမိုက်မတွေကို သတ်ပစ်မယ်” ထိုသို့ပြောပြီးသည်နှင့် အဘွားချန်သည် ပင်မ၏ဘေးရှိ သိုလှောင်ခန်းသို့ သွားကာ ကြက်ဥများကို ထုတ်ဖို့ပြင်တော့သည်။ ထိုအခန်း၏သော့သည် အဘွားချန်၏ လက်ထဲ၌သာရှိသည်။

ခဏအကြာ၌ အဘွားချန်သည် ခြင်းအပြည့်ဖြစ်နေသော ကြက်ဥများကို ထုတ်လာတော့သည်။ သူမသည် အလုပ်ကြိုးစားကာ စာလေ့လာနေသည့် သူမ၏ မြေးနှစ်ယောက်အတွက် စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။

ကြက်ဥများကို ထုတ်လာချိန်၌ အဘွားချန်၏ မျက်နှာသည် အခြေအနေသိပ်မကောင်းချေ။ သူမသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ကြက်ဥများ မပျောက်ကြောင်း သိလိုက်သည်။ သို့သော်လည်း သူမပြောခဲ့သည်များက ပြဿနာတက်နိုင်လာသည်။

ယွဲ့တျဲ့ဖူသည် သူမ၏မျက်နှာဆိုးရွားနေသည်ကို တွေ့သည်နှင့် အပြုံးလေးဖြင့် မေးခွန်းထုတ်လိုက်သည်။

“အရီး ကြက်ဥတွေက အရေအတွက် ပြည့်ရဲ့လား။ လျော့နေသေးလား” အဘွားချန်၏ မလုံမလဲ အနေအထားကို ကြည့်ရုံဖြင့် သူ၏စိတ်ထဲ၌ အကြမ်းဖျင်း ကောက်ချက်ချပြီးသွားပြီဖြစ်သည်။ မိန်းမငယ်လေးများသည် မှားယွင်းစွပ်စွဲခံရသည်ပင်။

အဘွားချန် ထူးဆန်းနေသည်ကို ယွဲ့တျဲ့ဖူ ရိပ်မိသကဲ့သို့ အခြားသူများလည်း ရိပ်မိပေသည်။ ယွဲ့တာ့ဖူသည် အဘွားချန်ကို စာလုံးအနည်းငယ်ဖြင့် ဆူငေါက်လိုက်သည်။

“ဘာလုပ်နေတာလဲ။ ကြက်ဥတွေကို အမြန်အထဲသိမ်းတော့။ မင်းက အသက်ကြီးလေ မိသားစုရဲ့ အကြီးအကဲအနေနဲ့ မပြုမူတတ်တော့လေပဲ။ ကိုယ့်အိမ်မှာ ကြက်ဥ ဘယ်နှလုံးရှိမှန်းတောင် မသိဘူးလား”

ထိုစကားများသည် အဘွားချန်ကို လွတ်အောင် ကူညီနေခြင်းဖြစ်သည်။ ထို့သို့ပြောပြီးသည်နှင့် ယွဲ့တျဲ့ဖူဘက်သို့လှည့်ကာ စကားနည်းနည်းဆိုလိုက်သည်။

“ကြည့်ရတာ ဒီနေ့ နည်းနည်းအထင်လွဲသွားတာပဲ။ ကလေးတွေက ငယ်သေးတော့ အချင်းချင်း နောက်ပြောင်ကြတာပါ။ ငါ့တူကို ပင်ပန်းစေမိပြီ”

ယွဲ့တာ့ဖူသည် နှစ်ပေါင်းများစွာ ရှင်သန်လာပြီး၍ မည်သို့ စကားလမ်းကြောင်းလွှဲရမည်ကို သိပေသည်။ ယွဲ့တာ့ဖူသည် ထိုသို့ လမ်းကြောင်းလွဲပြီးသည့်အတွက် ယွဲ့တျဲ့ဖူသည်လည်း အခြားမိသားစု၏ အရေးကိစ္စကို ၀င်စွက်ဖက်ရန် မသင့်တော့ချေ။

“အကုန်လုံးက ဦးလေးရဲ့ မြေးတွေပဲ။ အကုန်လုံးကို ညီတူမျှတူ ဆက်ဆံမယ်လို့ ယုံပါတယ်။ အထင်လွဲတာ ပြေသွားပြီဆိုတော့လည်း ကောင်းပါတယ်” ထိုသို့ပြောပြီးသည်နှင့် ယွဲ့တျဲ့ဖူသည် လက်နှစ်ဖက်ဖြင့် ဂါရ၀ပြုကာ ယွဲ့မိသားစုခြံ၀န်းထဲမှ ထွက်ခွာသွားတော့သည်။

ယွဲ့တျဲ့ဖူထွက်သွားသည်ကိုမြင်သည်နှင့် ယွဲ့တာ့ဖူသည် အမျိုးသမီးချန်ကို ကြည့်လိုက်သည်။ သူမ၏ ယောက္ခထီးဖြစ်သူ အချက်ပြသည်ကို မြင်သည်နှင့် အမျိုးသမီးချန်သည် ခြံတံခါးကို ပိတ်ကာ ကြည့်ရှုနေသော ရွာသားများကို လက်ဝှေ့ရမ်းကာ နှင်ထုတ်လိုက်သည်။ “သွားကြ သွားကြ။ ဘာတွေလာကြည့်နေတာလဲ။ ဇာတ်ပွဲလဲမဟုတ်ဘဲနဲ့”

ရွာသားများသည် စိတ်၀င်စားစရာမရှိတော့သည်ကို တွေ့လိုက်ရသည့်အပြင် အမျိုးသမီးချန်မှ ထိုသို့ ပြောလာသည့်အတွက် နှစ်ယောက်စ သုံးယောက်စဖြင့် နှာခေါင်းရှုံကာ ထွက်သွားကြတော့သည်။ ယွဲ့မိသားစု၏ခြံ၀န်းထဲ၌ လူအနည်းငယ်သာ ကျန်ရှိတော့သည်။

ယွဲ့တာ့ဖူသည် မြေပေါ်၌ ရွံ့လူးနေသည့် မျောက်များကဲ့သို့ စုပုံထိုင်နေကြသော ဒုတိယမိသားစုရှိ မြေးဖြစ်သူများကို ကြည့်ကာ အခဲမကြေဖြစ်မိသည်။ “ဘာလုပ်ရမလဲ သိတယ်မလား။ ဟိုဟိုဒီဒီ လျှောက်သွားမနေနဲ့” ထိုသို့ပြောပြီးသည်နှင့် ပင်မဆောင်ထဲသို့ လှည့်ထွက်သွားတော့သည်။

သူမ၏ယောက္ခမနှစ်ဦးလုံး မရှိသည်ကို တွေ့သည်နှင့် အမျိုးသမီးချန်သည် ယွဲ့၀မ်ဝေ့ကို ခေါ်ကာ အရှေ့ခြံ၀န်းသို့ အမြန်ပြေးသွားတော့သည်။ ပထမမိသားစုနှင့် တတိယမိသားစုသည် သက်သောင့်သက်သာရှိကာ အခန်းနှစ်ခန်းစီ တွဲလျက်ရှိသော ကျယ်၀န်းသည့် အရှေ့ခြံထဲ၌ နေထိုင်ရသော်လည်း ဒုတိယမိသားစုသည် မှောင်မည်း၍ ကျဉ်းကျုတ်သည့် အခန်းကျဉ်းထဲ၌ သမီးခုနှစ်ယောက်နှင့် နေရလေသည်။ ထိုအခန်းသည် ဆောင်းရာသီ၌ အေးစိမ့်နေကာ နွေရာသီ၌ အလွန်ပူအိုက်လှသည်။

ဘယ်သူမှမရှိသည်ကို တွေ့သည်နှင့် ယွဲ့ယိုကျင့်သည် သက်ပြင်းချလိုက်သည်။ထို့နောက် အားအကုန်သုံးကာ မြေပေါ်၌ ထိုင်နေသော အမျိုးသမီးစုကို ဆွဲထူလိုက်သည်။

“အမေ မြေကြီးက အေးတယ်။ ညီမလေးတွေနဲ့ အခန်းပြန်တော့နော်။ ၀က်စာစည်းပြီးတာနဲ့ သမီးပြန်လာခဲ့မယ်” ထိုသို့ပြောပြီးသည့်နောက်တွင် သူမ၏ညီမဖြစ်သူများကို ဆွဲထူကာ ရှောင်လျှို့၏ မျက်ရည်စီးကြောင်းများကို သုတ်ပေးလိုက်သည်။

“ညီမလေးက လိမ္မာပါတယ်။ အမေနဲ့ အခန်းပြန်လိုက်နော်”

ရှောင်လျှို့သည် ကြောက်ရွံနေသေး၍ အမျိုးသမီးစု၏လက်ကို တွဲကာ ငိုရှိုက်ရင်း ပြန်သွားလေသည်။ ယိုကျူး၊ ယိုပေါင်နှင့် ယိုလင်တို့သည်လည်း အမျိုးသမီးစု၏အနောက်မှ လိုက်ကာ အခန်းသို့ ပြန်သွားကြသည်။ ယိုရင်သည် ယိုကျင်းနှင့်အတူ ပြန့်ကျဲနေသော ၀က်စာများကို ကူသိမ်းပေးရန်နေခဲ့သည်။ ညီမနှစ်ယောက်သည် ၀က်စာများကို အတူစုပြီးသည်နှင့် ပြန်သွားကြတော့သည်။

အမျိုးသမီးချန်သည် ယွဲ့၀မ်ဝေ့ကို အရှေ့ခြံထဲ၌ ထားကာ ပင်မဆောင်သို့ သွားလေသည်။

“အမေရယ် အဲ့မိန်းမယုတ်တွေ လုပ်ပုံကိုလည်းကြည့်ဦး။ ‌အမေ့ကို ဒေါသထွက်အောင် သေချာလုပ်တာ။ အထူးသဖြင့် ယွဲ့ယိုကျင့်ပေါ့။ သူသာ လင်းမိသားစုရဲ့ လောင်စန်းကို မပြောခဲ့ရင် လီကျန်းကို သွားခေါ်ပါ့မလား။ မဟုတ်ရင် အမေက ဒီလောက်ထိ ဒေါသထွက်ပါ့မလား။ အဲ့ယွဲ့ယိုကျင့်ကလေ အသက်ကြီးလေ မနာခံလေပဲ။ ဒီနေ့ လင်းမိသားစုက လူကို အပြင်လူခေါ်ဖို့ ခေါ်ရဲရင် နောက်ကျ တရားရုံးမှာ တိုင်ချက်ဖွင့်လောက်တယ်မလား”

အဘွားချန်သည် ဒေါသထွက်၍ အိပ်ရာ၌ လှဲနေသော်လည်း အမျိုးသမီးချန် ပြောသည်များကို ‌ကြားသည်နှင့် ထထိုင်လိုက်သည်။ အသက်မဲ့နေသော မျက်၀န်းအိမ်များသည် ရုတ်တရက် တောက်ပလာကာ “အဲ့ဆန်ကုန်မြေတွေကများ လုပ်ရဲတယ်ပေါ့”

အမျိုးသမီးချန်သည် ယွဲ့ယိုကျင့်၏ အန္တရာယ်ရှိသည့် အကြည့်များ‌ကို ပြန်တွေးရင်း မတင်မကျဖြစ်လာသည်။

“အမေရယ် အဲ့ကောင်မရဲ့ အကြည့်တွေကို မမြင်လိုက်ဘူးလား။ ကျွန်မတို့ကို ကိုက်စားမတတ် ကြည့်နေတာ။ တကယ်မလုပ်ဘူးလို့ ပြောနိုင်လား။ အမေက သူ့ကို ကြက်ဥခိုးတယ်လို့ ပြောမိရုံနဲ့ သူက ဒီလောက် ပြဿာနာကြီးအောင် လုပ်‌လိုက်တာကိုပဲကြည့်လေ။ ယိုထင်းက အခုဆို ဆယ့်လေးနှစ် ရှိနေပြီ။ ယိုဟယ်ကလည်း တစ်ဆယ့်သုံးနော်။ ယွဲ့မိသားစုက သမီးမိန်းကလေးတွေက မနာခံဘဲ ရိုင်းစိုင်းနေရင် နောက်ကျ ဘယ်လို လက်ထပ်ဖို့ စီစဉ်မလဲ” ယွဲ့ယိုထင်းသည် အမျိုးသမီးချန်၏ သမီးဖြစ်ကာ ယိုဟယ်သည် တတိယမိသားစုမှဖြစ်ပေသည်။

အဘွားချန်သည် ပထမမိသားစုနှင့် တတိယမိသားစုကို မျက်နှာသာပေးပေသည်။ ယိုထင်းနှင့် ယိုဟယ်နှစ်ဦးကိုလည်း ပိုက်ဆံကုန်ပေါက်တစ်ခုအဖြစ် မြင်သော်လည်း သူမတို့နှစ်‌ဦးကို ကောင်းကောင်းဆက်ဆံပေသည်။ သူမသည် ပထမသားနှင့် အငယ်ဆုံးသားကို နှစ်သက်သဖြင့် ထိုမြေးနှစ်ယောက်ကိုလည်း မျက်နှာသာပေးလေသည်။ ထိုကလေးများအား ဒုတိယမိသားစုထက် ပိုပိုသာသာ ပေးကျွေးသဖြင့် ကလေးနှစ်ဦးသည် အရွယ်မတိုင်သေးခင်ပင် ရွာရှိ မိန်းကလေးများထက် ပို၍လှပနေ‌သည်။ ထို့အတွက် အဘွားချန်သည် ထိုမြေးမနှစ်ဦးအား မိသားစုကောင်းနှင့် လက်ထပ်ပေးရန် ရည်မှန်းထားလေသည်။

အမျိုးသမီးချန်၏ စကားများအရ ပထမမိသားစုနှင့် တတိယမိသားစု၏ လက်ဆက်မှုများကိုပါ နှောင့်ယှက်နိုင်သည်ကို တွေးမိသည်နှင့် ထိုအရာသည် အဘွားချန်၏ နောက်ဆုံး ကန့်သတ်ချက်ကို ရိုက်းချိုးလိုက်တော့သည်။

“တကယ့်ကို ကြမ္မာဆိုးပဲ။ ငါတို့လူအိုနှစ်ယောက်ကိုပဲ ကံဆိုးစေရင် ရပြီလေ။ အခုပထမမိသားစုနဲ့ တတိယမိသားစုကိုပါ ကံဆိုးစေတော့မှာလား” အဘွားချန်သည် ခုတင်၌ ထိုင်ကာ သူမ၏လက်သီးဆုပ်များဖြင့် ထုထောင်းနေတော့သည်။ ဒုတိယမိသားစု၏ ကလေးများ ထိုနေရာ၌ ရှိ‌ပါက သူမ၏‌ဒေါသများ ပြေပျောက်ရန် ထိုကလေးများကို ရိုက်နှက်လိမ့်မည်မှာ သေချာပေသည်။

အမျိုးသမီးချန်သည် အဘွားချန်၏ အပြုအမူများကို ကြည့်ရင်း ယွဲ့ယိုကျင့်၏ အကြည့်များကို ပြန်တွေးမိကာ အဘွားချန်ကို အကြံပေးလိုက်သည်။

“အမေ ညကျ အမေ့သားနှစ်ယောက် ပြန်လာမှာ စောင့်ပြီး….”

အမျိုးသမီးချန်၏ အကြံကို နားထောင်ရင်း အဘွားချန်၏ မျက်နှာ၌ ညစ်ကျယ်ကျယ်အပြုံးတစ် ခုပေါ်လာလေသည်။ “ဟုတ်တယ်။ သူတို့နှစ်ယောက်က ငါဒေါသထွက်ရင် သည်းခံကြမှာ မဟုတ်ဘူး။ သည်းပြောသလိုလုပ်ကြတာပေါ့” ‌သမီးယောက္ခမနှစ်ဦးသည် ဒုတိယမိသားစုရှိ ဆန်ကုန်မြေများကို အပြစ်ပေးရန် စဉ်းစားနေကြလေသည်။ သူမတို့ ပြောလေလေ ပျော်ရွှင်လာလေဖြစ်သည်။ အိပ်ရာ၌ လှဲနေသော ယွဲ့တာ့ဖူသည် မျက်လုံးတဝှက်မှေးထားသည်။ သူသည် အိပ်ပျော်ကာ ထိုစကားဝိုင်းကို မကြားချင်ယောင်ဆောင်ထားလေသည်။ ဒုတိယမိသားစုကကလေးတွေက ပညာပေးဖို့ လိုနေပြီ။

လီကျန်းက ရွာသူကြီးကို ပြောတာပါ။

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset