EYYJ အပိုင်း ၆

အပိုင်း (၆) စည်းကမ်း

ယိုကျင့် ယူပြန်လာသည့် ဥများကို အနောက်ဖက်ဆောင်တွင် ပုန်းကာ တိတ်တိတ်ကလေး စားနေကြသည့် ညီအစ်မ ၇ယောက်တို့မှာ ထိုဂြိုဟ်ဆိုး တိတ်တဆိတ် ဝင်ရောက်လာသည်ကို မသိလိုက်ကြပေ။ သူတို့တစ်ယောက်စီသည် သူတို့အစ်မကြီးက ပြတင်းပေါက်အပြင်ဘက်က သစ်ရွက်စိမ်းဖြင့်ထုပ်ထားသည့်အထုပ်ကို တိတ်တိတ်ကလေး လှမ်းပေးလိုက်သည်ကို ပျော်ရွှင်စွာ ကြည့်နေကြလေသည်။

ယိုရင်က ယိုကျင့်လှမ်းပေးလိုက်သည့် ဥများကို သိမ်းလိုက်သည်နှင့် ယိုကျင့်က ခြံ၏တံခါးမကြီးဘက်သို့ ပြန်သွားကာ အပြင်မှနေ၍ အနောက်ဆောင်သို့ လူမြင်အောင် ပြန်လာလိုက်လေသည်။ ညီမငယ်လေးများသည် ခုတင်ပေါ်က စားပွဲပေါ်ရှိ သစ်ရွက်စိမ်းထုပ်လေးကို အတန်ကြာအောင် ငေးကြည့်နေကြလေသည်။ တံခါးတွန်းဖွင့်သံကြားလိုက်ချိန်တွင် သူတို့အားလုံးက ဝင်လာသည့် ယိုကျင့်ကို ကြည့်လိုက်ကြ၏။

“ မမ”

ယိုကျင့်လဲ ခုတင်ပေါ်တက်လိုက်ပြီး ညီမငယ် ၆ယောက်၏အကြည့်အောက်တွင် ဥများကိုထုပ်ထားသည့် ကောက်ရိုးကို ဂရုတစိုက် ဖြေလိုက်လေသည်။ ကံအားလျော်စွာ သူမ အိမ်သို့ ဝင်မလာမီ စိတ်အတွင်းက ပျော်ရွှင်မှု နီးကပ်လာသည်နှင့် ဉာဏ်ပွင့်လာတောသည်။ အနောက်ဆောင်အပြင်ဘက်က ချုံပုလေးအောက်တွင် ဥများကို ဝှက်ထားခဲ့ပြီးနောက် ပြန်လာခဲ့လိုက်သည်။ အဘွားကြီးနှင့် အမျိုးသမီးချန် တွေ့သွားလျှင် ဥမစားရသည်က ကိစ္စသေးသေးလေးဖြစ်ပြီး အရိုက်ခံရသဖြင့် သေအောင်ခံရပေလိမ့်မည်။

အမျိုးသမီးစုက ဘေးတွင်ထိုင်လျက် သမီးဖြစ်သူ သစ်ရွက်များကို ဖယ်နေသည်ကို ကြည့်နေလေသည်။ ကြက်ဥ ၈လုံးနှင့် ငှက်ဥ ၁၀လုံးနီးပါး ရှိ၏။ သူမသည် အနည်းငယ် ပူသွားပြီး မစဥ်းစားဘဲ မနေနိုင်ဖြစ်သွားတော့သည်။

“ ကျင့်အာ သမီး တောင်အတွင်းပိုင်းအထိ သွားလို့ မဖြစ်ဘူးလေ၊ ဒီလောက်များတဲ့ တောရိုင်းဥတွေကို ဘယ်လိုရှာခဲ့တာလဲ”

ဥတွေမှ အများကြီးပါလား။ လူတွေအများကြီးတောင်ခြေမှာ နေ့တိုင်း သွားလိုက်လာလိုက်လုပ်နေတာ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ ဥတွေရနိုင်မှာလဲ။ ဒီသမီးကတော့ တောင်အတွင်းပိုင်းအထိ သွားခဲ့တာပဲ ဖြစ်ရမယ်။

ယိုကျင့်မှာ တောင်ပေါ် မကြာခဏတက်ကာ ဥများရှာပြီး ညီမငယ်လေးများကို အာဟာရဖြစ်အောင် ကျွေးတတ်မှန်း အမျိုးသမီးစု သိပြီးသာပင်။ တောက်ပကာ ကြွယ်ဝချမ်းသာသယောင် ထင်ရသည့် ယွဲ့မိသားစုတွင် သူမ မွေးထားသည့် ကလေးများ၏ဘဝအခြေအနေကိုလည်း သူမ သိပါသည်။ ထိုအရာများထက် သူမ၏ခင်ပွန်းက သမီးများကို မချစ်မှန်းလည်း သိလေသည်။ ထို့ကြောင့်ပင် သူမသည်လည်း မမြင်သလိုနေကာ ယွဲ့ချန်လု မသိအောင် ကူညီပေးထားခြင်းပင်။

“ မဟုတ်ပါဘူး၊ သမီး တောင်အတွင်းဘက် အစွန်းနားလေးပဲ သွားခဲ့တာပါ တစ်ခါမှ မဝင်ခဲ့ပါဘူး”

ယိုကျင့်သည် ညီမငယ်တစ်ယောက်စီကို ကြက်ဥတစ်လုံးနှင့် ငှက်ဥတစ်လုံးစီ ဝေပေးလိုက်သည်။ ကြက်ဥတစ်လုံးနှင့် ငှက်ဥနှစ်လုံးကို အမျိုးသမီးစုအား ပေးလိုက်သည်။ သူမ ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

“ အမေ ပူတုန်းလေး မြန်မြန်စားလိုက်”

အစ်မကြီးက စားလို့ရပြီဟု ပြောလိုက်သည်နှင့် ညီအစ်မများသည် ဥတစ်လုံးကိုယူကာ စားပွဲနှင့် ခေါက်ကာ အခွံခွာလိုက်ပြီး ဥခွံများကို ခုနက ဥကိုထုပ်လာခဲ့သည့်သစ်ရွက်ထဲ ထည့်လိုက်လေသည်။ ဥခွံများကို တိတ်တိတ်ကလေး ထုပ်ကာ နောက်မှ လွှင့်ပစ်ရလိမ့်မည်။

အဖျားပျောက်သွားပြီဖြစ်သည့် ရှောင်ကျို့က ဥများကို တစ်တိတိ ကိုက်စားလိုက်ရင်း “အရမ်းအရသာရှိတာပဲ” သို့သော် ဥများက အလွန်ကြီးလေရာ ခဏနေမှ ကုန်သွားတော့သည်။ ရှောင်ကျို့က နှုတ်ခမ်းသပ်လိုက်ပြီး အရသာခံစားနေကြသည့် သူ့အစ်မတစ်ယောက်စီကို လိုက်ကြည့်လေတော့သည်။ သွားရည်များ ထပ်ကျလာသလို ခံစားလိုက်ရသည်။ သူမ အမှန်ပင်ထပ်စားချင်သေးသည်။

အမျိုးသမီးစုက ရှောင်ကျို့လေး၏ စားချင်နေသေးသည့်ရုပ်လေးကို မြင်သွားပြီး သူမလက်ထဲက ကျန်နေသည့်ဥတစ်ဝက်ကို ရှောင်ကျို့၏လက်ထဲ ထည့်ပေးလိုက်သော်လည်း ယိုကျင့်က တားလိုက်၏။

“ အမေ အမေက အခု ကိုယ်ဝန်နဲ့လေ၊ အာဟာရပြည့်ဖို့ ပိုလိုတယ်၊ သမီးဟာကို ရှောင်ကျို့ကို ပေးလိုက်ပါမယ်”

ထိုသို့ပြောရင်း သူမလက်ထဲက ဥတစ်ဝက်ကို ရှောင်ကျို့၏လက်ထဲ ထည့်ပေးလိုက်လေသည်။

“ စားလိုက်”

“ ကျေးဇူးပါ စန်းကျဲ (တတိယအစ်မ)”

ရှောင်ကျို့သည် ယိုကျင့်ပေးလိုက်သည့် ဥကို မြောက်ကာ သေးလေးလေးစီ ကိုက်စားလိုက်လေသည်။ သူမကိုယ်သူမလည်း ဗလုံးဗထွေးရွတ်လိုက်သေးသည်။

“ သမီးတို့တွေ နေ့တိုင်း ဥစားရရင် သိပ်ကောင်းမှာပဲ”

ယိုကျင့်ရှေ့တွင် ပထမမိသားစုနှင့် တတိယမိသားစုမှ ယိုထင်းနှင့် ယိုဟယ် တို့ရှိသည်။ ထို့ကြောင့် ယိုကျင့်က မိသားစုကြီးတွင် တတိယသမီး ဖြစ်လေသည်။

ရှောင်ကျို့၏ သေးငယ်သည့်ဆန္ဒလေးကို ကလေးစကားဖြင့် ကြားလိုက်ရသည်တွင် အမျိုးသမီးစု၏ မျက်နှာပေါ်မှ အပြုံးသည့် တဖြည်းဖြည်း မှေးမှိန်သွားပြီး သက်ပြင်းပါးပါးလေးချကာ

“ အရည်အချင်းမရှိတဲ့ အမေ့အပြစ်ပါကွယ်၊ သားတစ်ယောက်လေးတောင် မမွေးနိုင်ဘဲ သမီးတို့ကို အမေနဲ့အတူတူ ခံစားရအောင် လုပ်ခဲ့မိတယ်”

အမျိုးသမီးစု၏ ကိုယ့်ဟာကိုယ် အပြစ်တင်စကားကိုကြားလိုက်ရသဖြင့် ယိုကျင့် ဥကို ပါးစပ်ထဲ သွပ်ထည့်ကာ ပြီးအောင်စားလိုက်ပြီးနောက် ပြောလိုက်လေသည်။

“ အမေ့ကို အပြစ်မတင်ပါဘူး၊ ရှောင်ကျို့က ဥတွေ ထပ်စားချင်သေးရင့် သမီးနောက်ကျရင် ပုံမှန်ဥတွေ နှိုက်လာလို့ ရပါတယ်၊ ရှာတွေ့မှာပါ၊ ချွေ့ဖုန်းတောင်က အကြီးကြီးလေ၊ ငှက်တွေနဲ့ တောကောင်တွေက မရှားပါဘူး”

သူမ ဘေးသို့လှည့်ကာ အသံတိုးတိုးဖြင့် ရှောင်ကျို့ကို ပြောလိုက်၏။

“ ဒါပေမဲ့ ရှောင်ကျို့က မှတ်ထားရမယ်နော်၊ ညီမလေး ဥတွေကို စားရတယ်ဆိုတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောရဘူး၊ အဖေ့ကိုတောင် မပြောရဘူးနော်၊ မဟုတ်ရင်တော့ ဘာဥမှ စားရမှာ မဟုတ်တော့ဘူး”

အစ်မကြီး ပြောစကားကို ကြားလိုက်သည်တွင် ရှောင်ကျို့က ခေါင်းကို အတည်ပေါက်ဟန်ဖြင့် ညိတ်ပြလိုက်လေသည်။

“အွန်း သမီးဘယ်သူ့ကိုမှ မပြောပြဘူး”

တခြားညီမငယ်လေးများသည် ယိုကျင့် ပထမဆုံးအကြိမ် ဥကင်များကို ယူပြန်လာစဥ်က သူတို့သည် တိတ်တိတ်လေးသာ စားရမည်ဖြစ်ပြီး မည်သူ့ကိုမှ မပြောပြရန် သင်ကြားထားခဲ့ပြီးဖြစ်လေသည်။ ညီအစ်မများသည် ထိုအကြောင်းကို စွဲနေအောင်မှတ်ထားကြလေသည်။ မိသားစုသည် တစ်လတွင် အသားနှစ်ကြိမ်စားရသည့်အတွက် တခြားမိသားစုများထက် အခြေအနေပိုကောင်းပေသည်။ သို့သော်ငြား ညီအစ်မများကတော့ တစ်ကြိမ်မျှပင် အသားတစ်တုံးလောက်မှ စားခွင့်မရကြချေ။ အစ်မကြီးက တခြားသူများ သိသွားလျှင် သူတို့သည် ဥများနှင့် ကြက်ဥများ ထပ်စားရမည်မဟုတ်ဟု ပြောသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ညီအစ်မများသည် မည်သူ့ကိုမှ မပြောပြဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားကြတော့သည်။

သမီးဖြစ်သူများက ခင်ပွန်းနှင့် ယောက္ခမများကို အလွန်သတိထားနေကြသည်ကို မြင်လိုက်ရသည်တွင် အမျိုးသမီးစုမှ စိုးရိမ်လာမိတော့သည်။ မည်သို့ဆိုစေ သူတို့အားလုံးသည် တစ်မိသားစုတည်း ဖြစ်ကြသည် မဟုတ်ပါလား။ ရေရှည်တွင် သမီးဖြစ်သူများသည့် မိသားစုနှင့် ဝေးကွာသွားတော့မည်လား။

အမျိုးသမီးစု၏ မထင်မရှားပူပန်အသွင်သည် ယိုကျင့်၏မျက်လုံးထဲ ဝင်လာပြီး သူမ ပြောရတော့သည်။

“ အမေ သမီးက မသိတတ်တာ မဟုတ်ပါဘူး၊ မိသားစုက ရွာမှာဆိုရင် တခြားလူတွေထက်အများကြီးကို ကောင်းပါတယ် ဒါပေမဲ့ သမီးတို့ကို ကြည့်လိုက်အုံး ၊ ရှောင်ချီရဲ့ အဝတ်အစားတွေက သမီးအရင်တုန်းက ဝတ်ခဲ့တဲ့ ဟာတွေ၊ ပြီးတော့ သမီးကျတော့ အကြီးဆုံးအစ်မ မလိုချင်တာကို ဝတ်ရတယ်၊ အမေ ဒီအဝတ်အစားတွေ ဖာထေးလာတာ ဘယ်နှစ်နှစ်ရှိသွားပြီလဲ၊ ပြီးတော့ ဦးကြီးနဲ့ ဦးလေးတို့ကလေးတွေကို ကြည့်လိုက်ရင် ဘယ်သူ့အဝတ်အစားက ဖာထေးရာပါလို့လဲ”

အစ်မကြီးယိုကျင့် ပြောခဲ့သူမှာ ပထမမိသားစုမှ ယိုထင်းဖြစ်လေသည်။ ပထမမိသားစုသည် အမျိုးသမီးစုက အဘွားစု၏ တူမဖြစ်သဖြင့် မျက်နှာသာပေးခံရလေသည်။ သည့်အပြင် မြို့တော်ကျောင်းတွင် ပညာသင်ကြားနေသည့် သားနှစ်ယောက်လည်း ရှိသေးသည်။ အဘိုးကလည်း အတိုင်းအဆမရှိ ဘက်လိုက်တတ်သေးသည်။ သည်နေ့ ယိုထင်းသည် အကောင်းစား ချည်သားအဝတ်အစားကို ဝတ်ဆင်ထားသည်။ သူတို့မိသားစုလို စုတ်စုတ်ပြတ်ပြတ်ချည်ကြမ်းနှင့် ဖျင်ကြမ်းအင်္ကျီများကို မည်သူက ဝတ်ပါသေးသနည်း။

အမှန်တွင်တော့ ယောက္ခမများ၏ ဘက်လိုက်မှုကို အမျိုးသမီးစု အဘယ်မှာ မသိဘဲ ရှိပါမည်နည်း။ သူမသည် ကလေးဘဝကတည်းက ကျိုးနွံကာ သည်မိသားစုနှင့် လက်ထပ်ပြီးကတည်းက ဆယ်နှစ်ထပ်မက ဘာသာတရားကိုင်းရှိုင်းကာ သားသမီးဝတ္တရားနှင့်အညီ နေလာခဲ့ခြင်းကြောင့်ပင်။ ယောက္ခမများ၏ ဘက်လိုက်ခြင်းခံရလိုက် ယောက်မ၏ အပြစ်ရှာခံရလိုက်နှင့် ခင်ပွန်းသည်၏ နှိပ်စက်ညှဉ်းပန်းခံရလိုက် ဖြစ်နေရာ သူမလို အားကိုးရာမဲ့ကာ မိသားစုနောက်ခံမရှိသည့် မိန်းမတစ်ယောက် ဘာလုပ်နိုင်ပါမည်နည်း။ သူမသည် ကိုယ့်ဟာကိုသည်းခံရင်း ကိုယ့်စိတ်ကို လှည့်စားနေဖို့ရန်သာ တတ်နိုင်တော့သည်။

အမြွှာများဖြစ်သည့် ရှောင်ဝူနှင့် ရှောင်လျို့ တို့သည် ၈နှစ်မပြည့်သေးသော်လည်း သူတို့သည် အလွန်သိတတ်ကြလေသည်။ အမျိုးသမီးစုက သူတို့အား ဥများပေးသောအခါ တစ်ပြိုင်တည်း ခေါင်းခါပြလိုက်ကြ၏။

“ အမေ့အတွက်လေ၊ အမေ့ဗိုက်ထဲမှာ မောင်လေးတစ်ယောက်ရှိသေးတယ်၊ စားလိုက်ပါ”

သမီးနှစ်ယောက်က အလွန်သိတတ်သည်ကို မြင်လိုက်ရပြီးနောက် အမျိုးသမီးစု အလွန်စိတ်အေးရလေသည်။ ကလေးမနှစ်ယောက်၏ခေါင်းကို ပြုံးကာ သပ်ပေးလိုက်ပြီး သမီးများ၏ တိုက်တွန်းမှုအောက်တွင် ကျန်သည့်ဥများအားလုံးကို ဖြည်းဖြည်းချင်း စားလိုက်တော့သည်။

အားလုံး စားသောက်ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက် ယိုကျင့်က ဥခွံများကို စုလိုက်ပြီး သစ်ရွက်ကို ကောက်ရိုးဖြင့် တင်းနေအောင်ချည်လိုက်ကာ ပြတင်းပေါက်အပြင်ဖက်သို့ ဥခွံများကို ပစ်ထုတ်လိုက်လေသည်။ ထို့နောက် ပင်မတံခါးမှ အိမ်ပြင်သို့ ကားယား ကားယားဖြင့် ထွက်သွားလိုက်လေသည်။

မည်သူမှ သတိမထားမိခင်မှာပင် ယိုကျင့်သည် သစ်ရွက်နှင့်ထုပ်ထားသည့် ဥခွံများကို ချွေ့ဖုန်းမြစ်ထဲသို့ လွှင့်ပစ်လိုက်တော့သည်။ ဥခွံများ ရေနှင့်မျောကာ ပျောက်သွားသည်ကို စောင့်ကြည့်လိုက်ပြီးနောက် လက်ခုပ်တီးကာ အိမ်ပြန်လာခဲ့၏။ ရွာသားများရှေ့တွင် သူမက အဘွားချန်ကို ချောက်ချခဲ့ပြီး ဥများကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ယိုကျင့် အလွန်ပျော်သွားတော့သည်။ သီချင်းလေး ညည်းရင်း အိမ်သို့ ပြန်လာခဲ့လေသည်။

***

ယိုကျင့်၏ ပျော်ရွှင်သည့်စိတ်တို့က တစ်ညပင် မခံလိုက်ပေ။ ညစာစားချိန်တွင် အမြဲလိုလို အာဏာကို မလွတ်တမ်း ဆုပ်ကိုင်ထားကာ အစားအသောက်များကို ခွဲဝေပေးတတ်သည့် အဘွားချန်က ရောက်မလာခဲ့ချေ။ သူမသသည် ညနေစာပင်မစားဘဲ အိပ်ရာပေါ်တွင် တအိအိနှင့် ပါးစပ်က မပြတ်တမ်း ရွတ်ဖတ်သရဇယ်နေတော့သည်။

“ မိသားစုတော့ ပျက်စီးပါပြီ၊ ဆန်ကုန်မြေလေးတွေက…. တကယ်တည်း ငါတို့ ယွဲ့မိသားစုရဲ့ ဂြိုဟ်ဆိုးတွေပဲဟဲ့”

နေ့တိုင်းမြို့တက် အလုပ်လုပ်ကြသည့် ညီအစ်ကိုနှစ်ယောက်သည် ဖြစ်ပျက်သမျှကို မသိကြပေ။ စားသောက်ပြီးနောက် သူတို့မိခင်အိုကြီး နာမကျန်းဖြစ်နေသည်ကို ကြားလိုက်ရသဖြင့် ပင်မဆောင်သို့သွားရောက်ကြကာ အဘွားချန်ကို သွားတွေ့ကြလေသည်။ ယွဲ့ချန်လုက သူ့မိခင်ကြီး ပြောလိုက်သည့် ‘ဆန်ကုန်မြေလေး’ အကြောင်းကို နားစွန်နားဖျားကြားလိုက်ပြီး သူ့စိတ်ထဲတွင် ခန့်မှန်းမိလျက်သား ဖြစ်သွားတော့သည်။ သူ့မိသားစုက အဲဒီဆန်ကုန်မြေလေးတွေက အမေ့ကို ဒေါသထွက်အောင် ထပ်လုပ်လိုက်ပြန်ပြီ။ သူသည် အလွန်အကျည်းတန်သည့်မျက်နှာထားဖြင့် ခုတင်ဘေးက ခွေးခြေခုံမြင့်တစ်လုံးတွင် မတ်မတ်ထိုင်လိုက်လေသည်။

“ အမေ ဘယ်နား နေလို့မကောင်း ဖြစ်နေတာလဲ၊ သားတို့ကို ပြောလေ၊ သား သမားတော် သွားခေါ်ပေးမယ်လေနော်”

အကြီးဆုံးသား ယွဲ့ချန်ဖူက ခုတင်စွန်းတွင် ထိုင်နေပြီး အလွန်စိတ်ပူနေသည့်အသံဖြင့် ဖျားနာသူမှာ သူပဲဖြစ်လိုက်ချင်သကဲ့သို့ အသွင်ကို ဆောင်ထားလေသည်။

ယွဲ့ချန်လုက သူ့အကိုကြီး ထိုစကားပြောလိုက်သည်ကို ကြားလိုက်ပြီးနောက် ချက်ချက် ထရပ်လိုက်ပြီး

“ သား သမားတော်မာကို သွားပင့်လိုက်မယ်”

လုံလောက်သည့် ဒေါသရိပ်တို့ကို မြင်လိုက်ပြီးနောက် အဘွားချန်၏ မျက်လုံးများက ဘေးတွင်ရပ်နေသည့် အမျိုးသမီးချန်ကို မြန်မြန် မျက်စပစ်လိုက်လေသည်။ အမျိုးသမီးချန်က အလိုလိုနားလည်လိုက်ပြီး ယွဲ့ချန်လုကို မြန်မြန်တားလိုက်၏။

“ ဒုတိယမတ်လေး ခဏနေပါအုံး၊ တကယ်တော့လေ အမေက ဖျားနေတာမဟုတ်ဘူး၊ အဲတာထက် သူက မတ်လေးမိသားစုက ယိုကျင့်ကို စိတ်ဆိုးနေတာပါ”

ညီအစ်ကိုနှစ်ယောက် လှမ်းကြည့်လိုက်သည်ကို မြင်လိုက်သည်နှင့် အမျိုးသမီးစုသည် သည်နေ့နေ့လယ်က အဖြစ်အပျက်တို့ ပြန်ပြောလိုက်တော့သည်။

“ အဖြစ်က ဒီလိုပါပဲ၊ ဒီနေ့ အမေက အမြင်မှားပြီး ဥတွေကို မှားရေမိတာ၊ ပြီးတော့ ယိုကျင့်ကို ယူမိသေးလားလို့မေးတာ၊ တကယ်တော့ အရေးမကြီးပါဘူး၊ ဒါပေမဲ့ ယိုကျင့်က မျက်မုန်းကျိုးနေလိမ့်မယ်လို့ ဘယ်သိမှာလဲ၊ သူ့ဒေါသကလည်း ခပ်ကြီးကြိးရယ်၊ တစ်ယောက်ကို လီကျန်းကို သွားခေါ်ခိုင်းခဲ့တယ်လေ၊ ပြီးတော့ ပဋိပက္ခဖြစ်တော့တာပဲ၊ အမေလည်း ဒေါသထွက်သွားတာပေါ့”

အမျိုးသမီးစု၏စကားကို ကြားလိုက်ရပြီးနောက် ယွဲ့ချန်လု၏မျက်နှာသည် မှင်ရည်များ စီးကျလာသလို မည်းနက်သွားတော့သည်။

“ သား အဲဒီဆန်ကုန်မြေလေးကို အမေ့ဆီခေါ်လာပြီး လာတောင်းပန်ခိုင်းပါမယ်”

ထို့သို့ပြောရင်း တံခန်းကို အင်္ကျီကို ဝှစ်ခနဲမြည်အောင် လှည့်ထွက်ကာ ဒေါသူပုန်ထရင်း အနောက်ဆောင် ထွက်သွားလိုက်တော့သည်။

ညီမငယ်လေးများကို ခြေလက်ဆေးကြောပေးပြီးနောက် ယိုကျင့်သည် စကားစမြည် ပြောကြရင် ခုတင်သို့ ခေါ်လာလိုက်လေသည်။ သို့သော် အခန်းတံခါးကို ဝုန်းခနဲ့ ဆောင့်ကန်ဖွင့်လိုက်သံကြောင့် နွေးထွေးသည့်လေထုက ပျက်စီးသွားတော့သည်။

“ နင်တို့ ဆန်ကုန်မြေလေးတွေ ယွဲ့မိသားစုဆီမှာစား ၊ ယွဲ့မိသားစုအိမ်က ဟာကိုဝတ်ပြီးတော့ နင်တို့ ဘွားအေကို ဒေါသကြောင့် နေမကောင်းဖြစ်အောင် လုပ်ရဲသေးတယ်ဟုတ်လား”

ဒေါသထွက်နေသည့် ယွဲချန်လုသည် ယိုကျင့်၏ခေါင်းကို တန်းရိုက်ပစ်လိုက်တော့သည်။

“ ဒီအဖေက နင့်ကို ဒီနေ့တော့ သေအောင်ရိုက်ပစ်မယ်”

ညနေစာစားချိန်က တစ်ခုခု မှားနေသည်ဟု ယိုကျင့် သတိထားမိခဲ့သေးသည်။ သည်ကိစ္စက ပြီးသွားပြီဟု ထင်ခဲ့ပြီး အဘွားချန်က နောက်ဆက်တွဲအကြံဖြင့် ယွဲ့ချန်လုနှင့် သူမကို တိုက်ပေးလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ သူမ အားစိုက်ထုတ်မှု အများအပြားလုပ်ခဲ့ရသည်ဟု ဆိုရမည်။ ယွဲ့ချန်လု၏ ရိုက်ချက်ကြောင့် မျက်နှာသည် ဘေးသို့ စောင်းသွားတော့သည်။ မျက်နှာသေးသေးလေးပေါ်တွင် နီရဲယောင်ကိုင်းနေသည့် လက်ရာတစ်ခု ပေါ်လာ၏။ ယိုကျင့်သည် ရိုက်ခံလိုက်ရသည့်ပါးဖက်ကို လျှာဖြင့် ထိလိုက်ပြီး ငါးရက်လောက်အထိ အယောင်ကျမည်မဟုတ်ကြောင်း သိလိုက်တော့သည်။

ညီမငယ်များကို ချော့မော့လိုက်ပြီးနောက် ခုတင်ပေါ်က ဆင်းကာ ဖိနပ်စီးလိုက်၏။

“ အဖေ သမီးကို ရိုက်ချင်၊ ဆဲချင်ရင် အပြင်ထွက်ရအောင်ပါ၊ အမေနဲ့ ညီမလေးတွေကို လန့်အောင်မလုပ်ပါနဲ့”

ထို့နောက် ခါးကို မတ်လိုက်ပြီး အပြင်သို့ ထွက်သွားလိုက်တော့သည်။ ယွဲ့ချန်လုမှာ သူမ၏ဣန္ဒြေရနေသည့် အသွင်ကိုမြင်လိုက်ပြီး စိတ်ထဲတွင် အလွန်အမင်း မကျေမချမ်းနိုင် ဖြစ်သွားတော့သည်။ အနောက်ဆောင်တံခါးမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ယိုကျင့်ကို ကန်လိုက်တော့သည်။

“ ငါက နင့်လို အဆင့်မရှိတဲ့ကောင်မကို ဥခိုးရဲအောင် ၊ လီကျန်းကို သွားခေါ်ရဲအောင် ခွင့်ပြုပေးခဲ့မိတာပဲ”

မြေကြီးပေါ်သို့ ကန်ထုတ်ခံလိုက်ရပြီးနောက် ယိုကျင့် ခပ်မြန်မြန် တုံ့ပြန်လိုက်လေသည်။ ယွဲ့ချန်လု၏ လှုပ်ရှားမှုက ရပ်မသွားသော်လည်း ယိုကျင့်ကာ ပြင်းထန်သည့်ကန်ချက်များကို အသာ ရှောင်ရှားလိုက်လေသည်။ အကြိမ်အနည်းငယ် ရိုက်ခံလိုက်ရသော်လည်း အတွင်းဒဏ်ရာ ဖြစ်စေမည့် ကန်ချက်များကိုတော့ ရှောင်လိုက်လေသည်။ အသားပေါ်က ဒဏ်ရာများက နှစ်ရက် သုံးရက်နေလျှင် သက်သာသွားလိမ့်မည်။

အပြင်ဘက်က ဆူညံသံကို ကြားလိုက်သည်တွင် အမျိုးသမီးစုသည် အခန်းထဲက မြန်မြန်ထွက်လာ၏။ ယွဲ့ချန်လု၏လက် မလှုပ်သေးသည်ကို အခွင့်ကောင်းယူလိုက်ပြီး ယိုကျင့်ရှေ့တွင် ရပ်လိုက်လေသည်။

“ အိမ်ဦးနတ်ကြီးရယ် ရှင်ရိုက်ချင်ရင် ကျွန်မကို ရိုက်ပါ၊ ယိုကျင့်က ငယ်ပါးသေးတယ်ရှင်”

ယိုကျင့်သည် အမျိုးသမီးက ငါးလသားဗိုက်နှင့် သူမကို ကာကွယ်ပေးနေသည်ကို မြင်လိုက်ရလေသည်။ သူမ၏စိတ်ထဲတွင် အနည်းငယ် နွေးထွေးသွား၏။ သူမ၏အရင်ဘဝတွင် အဖေရော၊ အမေပါ မရှိခဲ့ပေ။ အမျိုးဝေးသည့်ဦးလေးတစ်ယောက်သာ ရှိလေသည်။ သူ့တွင် ခပ်တန်းတန်းနေတတ်သည့်အကျင့်တစ်ခု ရှိလေသည်။ အမျိုးသမီးစုသည် အားနည်းသော်လည်း သူမနှင့် သူမ၏ညီမလေးများကို အမှန်ချစ်လေသည်။ ထို့ကြောင့်ပင် သူမသည် သူတို့ကို ပြုစုစောင့်ရှောက်လာခြင်းပင်။

သူမက သူ့ကို ကာထားသည်ကို မြင်လိုက်သည်နှင့် ယွဲ့ချန်လု ဒေါသတကြီး တံတွေးထွေးလိုက်ကာ

“ ဖွီ နင့်မှာ ဗိုက်ကြီးနဲ့မလို့ ကြောက်မယ်လို့ ထင်မနေနဲ့၊ နင် သားမမွေးရင် ဒီအဖေက နင့်ကို အသေသတ်မလားဆိုတာ စောင့်ကြည့်နေလိုက်”

ထို့နောက် သူသည် ဒေါသထွက်ထွက်ဖြင့် မျက်ရည်များနှင့် အမျိုးသမီးစုနှင့် ဖုန်တလုံးလုံးဖြစ်နေသည့် ယိုကျင့်တို့ကို ချန်ခဲ့ကာ ပင်မအိမ်တော်သို့ ထွက်သွားလိုက်လေသည်။

အမျိုးသမီးစု မျက်နှာကို အုပ်ကာ ငိုကြွေးနေသည်ကို မြင်လိုက်ချိန်၌ ယိုကျင့် ပေါ့ပေါ့ပါးပါး ပြောလိုက်တော့သည်။

“ ငိုနေလို့ ဘာအသုံးဝင်မှာလဲ၊ အမေက တကယ်ပဲ တစ်သက်လုံး ဒီလိုနေသွားချင်တာလား”

ထို့နောက် အမျိုးသမီးစုကို အခန်းထဲပြန်ဖို့ တိုက်တွန်းလိုက်တော့သည်။

ယိုကျင့်သည် အမျိုးသမီးစုကို ထိုသို့ပြောခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ချေ။ ရှောင်ဝူနှင့် ရှောင်လျို့ မွေးကတည်းက သူမ မီးတွင်းထဲရှိစဥ် တစ်လအတွင်း ယွဲ့ချန်လုက သူမကို ပထမဆုံး ရိုက်ခဲ့စဥ်က သုံးနှစ်သမီး ယိုကျင့်က မည်သူမှ မရှိစဥ် သူမကို ထိုသို့ပြောခဲ့သေးသည်။ သူမအတွက် အင်မတန်ထိတ်လန့်စရာ ဖြစ်ခဲ့ရသည်။

“ အမေက ဘာလုပ်နိုင်အုံးမှာမလို့လဲ….”

ခပ်ယဲ့ယဲ့ သက်ပြင်းချရင်း အမျိုးသမီးစုက ညည်းညူလိုက်၏။ ဟုတ်ပါတယ်လေ။ သူမဆိုတဲ့လူက မိသားစုရဲ့ စောင့်ရှောက်တာလည်း မခံခဲ့ရသလို ယောက္ခမမိသားစုရဲ့ ချစ်ခင်တာလည်း မခံခဲ့ရဘူး။ ဒီလိုနုံချာတဲ့အခြေအနေနဲ့ ယွဲ့မိသားစုက ထွက်သွားပြီးရင် သူမ ဘယ်ကို သွားနိုင်မှာလဲ။ ယွဲ့မိသားစု ဒုက္ခခံစားရတာက တစ်ကြောင်းဆိုပေမဲ့ အနည်းဆုံးတော့ သူမရဲ့သမီးတွေ ကောင်းကောင်း ကြီးပြင်လာနိုင်သေးတယ်လေ ဟုတ်တယ်မလား။ ဟင်း……

eyyj
Author: eyyj
မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

မမကြီး ဘာလို့ လက်မထပ်သေးတာလဲ

长姐怎么还没嫁人
Score 8.6
Status: Ongoing Type: Author: , , Artist: Native Language: Chinese
မိတ်ဆက် သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ်ခံရတဲ့သူဖြစ်တယ်။ သူမက စိတ်ဓာတ်သန်မာပေမဲ့ ကြံခိုင်သန်မာတဲ့ခန္ဓာ ရှိမနေခဲ့ဘူး။ အဲ့အတွက် အသက်ဆယ့်နှနှစ်မတိုင်ခင်အထိ သူမဒေါသတွေကို ချုပ်ထိန်ထားခဲ့တယ်။ အသုံးမကျတဲ့အဖေက သားမမွေးပေးနိုင်လို့ဆိုပြီး အပြင်မှာ ဖောက်ပြန်တယ်။ ပြီးတော့ အဲ့အမျိုးသမီးကို လက်ထပ်ပြီး အိမ်ခေါ်လာခဲ့တယ်။ အဘွားကလည်း မြေးမတွေထက် မြေးတွေကို ပစားပေးပြီး သူမတို့ကို လူလိုတောင် မဆက်ဆံခဲ့ဘူး။ ၀မ်းကွဲအမတွေက ဘ၀ကြမ်းတဲ့လူတွေကို နှိမ်ပြီး အမြင့်တက်ဖို့လုပ်တယ်။ တော်လွန်တတ်လွန်းတဲ့အစ်ကိုတွေက မိသားစုရဲ့စည်းစိမ်ကို အကုန်ဖြုန်းနေတဲ့ ကျောင်းသားတွေ....။ ကံကောင်းထောက်မစွာ ထိုယွဲ့မိသားစုမှ လွတ်မြောက်ရန် အခွင့်အရေးရှာတွေ့ခဲ့‌တယ်။ သူမဟာ မိသားစု၀င်ဆယ်ဦးကို စောင့်ရှောက်ရမဲ့ တာ၀န်ကို ပခုံးပေါ်ထမ်း‌ထားပြီး ပိုက်ဆံရှာဖို့သာ တွေးနေခဲ့တယ်။ သူမညီမတွေကို ပျိုးထောင်ခဲ့ပြီး အနားယူတော့မမဲ့အချိန်ရောက်လာခဲ့ပြီ။ ဘယ်လို... မင်းတို့က အမြန်လက်ထပ်ခိုင်းနေတာလား.... ညီမလေးများ: “မမကြီး မမနဲ့ခဲအိုက ဟိုမရောက်ဒီမရောက်ဆက်ဆံရေးနဲ့ နှစ်ချီကြာနေပြီ။ ဒီတိုင်းပွဲသေးသေးလေးပါပဲ။ ဘာမှထူးထူးခြားခြားမရှိဘူးရယ် ဒီနေ့ပဲလုပ်ကြမလား” တရား၀င်နာမည် မရှိတဲ့ ခဲအိုဟာ မျက်ရည်ကျမတတ်ပျော်နေခဲ့တယ်။ “ညီမလေးတို့ လုပ်ကြရအောင်။ ခဲအိုက မင်းတို့ဖို့ အိမ်အကြီးကြီး၀ယ်ပေးမယ်” အမျိုးသမီးဇာတ်ဆောင်မိသားစုနာမည်ဟာ အစပိုင်းယွဲ့မှ စုအဖြစ်နောက်ပိုင်းပြောင်းသုံးသွားပါမည်။ ________________

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset