ERSY အခန်း ၁၆

အခန်း ၁၆။ ဖော်ထုတ်စရာမလို

“ဆရာ… ဆရာသခင်ကူယွဲ့ ရောက်လာပြန်ပြီ” ယိချင်း ဇွန်းပန်းကန် ခွက်ယောက်တွေကို သိမ်းဆည်းရင်း တုံ့ဆိုင်း တွန့်ဆုတ်ရင်း ပြောလာတယ်။

“သြော်” လို့သာ ပျင်းရိပျင်းတွဲ ပြန်ဖြေလာသူကတော့ အစာ ဝလင်အောင်စားပြီးလို့ စားပွဲပေါ်မှာ မှောက်နေလေတယ်။

“ဒါနဲ့ဆို ငါးရက်တောင်ရှိပြီ” ယိချင်း ဆက်ပြောလာတယ်။

“တံခါးဝမှာ အမြဲတမ်းလာရပ်နေတာ၊ ဒါပေမဲ့ ဘာလို့မှန်းလည်း မသိ… ဝင်တော့ဖြင့် ဝင်မလာဘူး”

ဒီအတိုင်း ရပ်နေချင်တာဆိုရင်လည်း လွှတ်ပေးထားရုံပဲပေါ့။ ဝင်ပေါက်ဝက အပင်လေးတောင် အရွက်တွေ ကုန်လို့ ပင်ကတုံးဖြစ်သွားပြီ။ ကူယွဲ့ အားအားရှိ ချိုးဖဲ့ ခူးခြွေနေလို့။

“ဖြစ်နိုင်တာက… လူတကာရှေ့ သူ့အကြောင်းဖော်လိုက်တာ နည်းနည်းလွန်သွားမိလို့များလား…”

ရှန်းရင်က ပြောသာပြောတယ်၊ သိပ် အဖက်လုပ်တာ မဟုတ်ဘူး။ သူမ မျက်နှာလွှဲလိုက်ပြီး ဆက်ခွေခေါက်နေလေတယ်။

“ကျင့်သားရအောင်သာနေလိုက်၊ အဆင်ပြေသွားလိမ့်မယ်…”

“ဖော်မိတာ…” ယိချင်းလည်း အံ့သြသွားမိတော့တယ်။ ချက်ချင်းဆိုသလို၊ လွန်ခဲ့တဲ့ ငါးရက်က သူ့ဆရာ မေးခဲ့တဲ့ မေးခွန်းတစ်ခုကြောင့် ဆရာသခင်ကူယွဲ့ အလောတကြီး ရှောင်ပြေးသွားရတာကို မှတ်မိသွားမိတာ။ အဲ့အချိန်ကစလို့ ကူယွဲ့မှာ ဝမ်းချုပ်နေတဲ့ မျက်နှာပေးနဲ့ သူတို့ တံခါးဝ နေ့တိုင်း လာရပ်နေတော့တာပဲ။

“သြော် ဟုတ်သား၊ အဲဒီနေ့က ဆရာပြောတဲ့ ဝိညာဉ်ကူးပြောင်းသူဆိုတာ… ဘာအဓိပ္ပာယ်လဲ”

တောက်ကျင့်စဉ်တစ်ခုခုများ ဖြစ်နေမလား။

“ဒါ… ရှင်းပြရ ခက်မယ်တူတယ်” ရှန်းရင် မျက်မှောင်ကြုတ်ရင်း ဆက်ပြောလိုက်တယ်။

“နင် နားလည်လို့ရတာက… အာ… သူက ငါနဲ့ ဇာတိတူတယ် ဆိုပါတော့”

အံ့အားသင့်နေရတဲ့ ယိချင်းလဲ “ဒါဆို သူနဲ့ ဆရာက ဒီလို ကျွမ်းဝင်မှုမျိုး ရှိနေတာပေါ့…” လို့ ပြောဖြစ်လိုက်တယ်။ ဆရာသခင် ကူယွဲ့တစ်ယောက် ဒီကို နေ့တိုင်း ရောက်ပေမဲ့ ဝင်တော့ မလာဘူး။ — သူ့ဇာတိဒေသကို သတိရလွမ်းဆွတ်နေတာဖြစ်မယ်။ အဲ့ဒါကြောင့်လည်း ယိချင်းရဲ့ ဆရာကို အလွမ်းဖြေသဘော လာ လာကြည့်တာနေမယ်။

‘နေစမ်းပါဦး…’

သူသာ တကယ်ပဲ ဆရာနဲ့ ဇာတိတူတယ်ဆိုရင် ဆရာ ဘယ်လောက် အစွမ်းထက် ပြောင်မြောက်တယ်ဆိုတာ ကြားတော့ ကြားဖူးမှာပဲ။ အရင်က ကူယွဲ့ သူ့ကို တပည့်အဖြစ်လက်ခံချင်လွန်းနေတာကြောင့် ဆရာ့ကို မမှတ်မိတာ ဖြစ်နိုင်တယ်။ အခုတော့ အားလုံး ဇာတ်ရည်လည်သွားပြီမို့ ဖြစ်နိုင်တာက… ကူယွဲ့ သူ့ဆရာကို လေးစား ကိုးကွယ်နေမိပြီး၊ . . . . ကူယွဲ့ကိုယ်တိုင်ပါ ဆရာ့တပည့် ဖြစ်ချင်သွားတာများလား။

o(Д)っ

ဒီအတွေးနဲ့တင် ယိချင်း အသည်းနာမိပြီး ရင်ထဲ ပြည့်ကြပ်ကြပ်ကြီး ဖြစ်သွားရတော့တယ်။ တံခါးဝမှာ ရပ်နေသူဟာ သူ့အတွက် မျက်စိနောက်စရာ ဖြစ်သွားပြီလေ။ သူ့မှာ မနေ့တနေ့ကမှ ဆရာ့တပည့် ဖြစ်ခွင့်ရတာ။ ဒါတောင် သူများတကာတွေက သူ့နေရာကို မျက်စောင်းလာထိုးနေကြပြီ။

ဒီအတွေးတွေနဲ့ ယိချင်းတစ်ယောက် ဆေးလက်စ ပန်းကန်တွေကို လက်စသတ်ပြီး သူ့စိတ်ဝိညာဉ်ဓားကို ဆင့်ခေါ်ကာ ထမင်းစားပွဲရှေ့ ဒူးထောက်ချလိုက်တော့တယ်။

“နင် ဘာလုပ်တာလဲ” ရှန်းရင်လည်း အံ့သြသွားရော။

ယိချင်း မျှော်လင့်တကြီး ခေါင်းမော့လာတယ်။

“ဆရာ… ကျွန်တော့ကို ကျင့်ကြံခြင်း နည်းလမ်းကောင်းတွေ ညွှန်ပြပေးပါ…”

ရှန်းရင်ကတော့ တစ်ကိုယ်လုံးတောင့်တင်းလို့ ချွေးစေးတွေ ပြန်နေမိပြီ။ ‘သွားပြီ၊ စားဖိုမှူးက သိုင်းတွေ သင်ချင်နေပြီတဲ့… ကျင့်ကြံခြင်း. . . ကျင့်ကြံတယ်ဆွာ ဘာကြီးလဲ၊ အခု ဘယ်လိုလုပ်ရတော့မလဲ’

အခုတော့ သူမ ဟိတ်ကြီးဟန်ကြီးနဲ့ ဟန်ကိုယ့် နေခဲ့တာတွေအတွက် ပြန်ခံရတော့မှာလား။

Σ(っ°Д°;)っ

“အဲဒါ… သိပ်အလောကြီးစရာမလိုဘူး မလား…”

“အလောတကြီးလို့တော့ ပြောလို့ မရပေမဲ့” ယိချင်းက စိတ်ပိုင်းဖြတ်ထားတဲ့ မျက်နှာပေးနဲ့ ပြောတယ်။

“ဆရာရဲ့ နားလည်ပေးမှုနဲ့ စာနာကရုဏာတွေကြောင့် ကျွန်တော် လုံးဝ ပြန်ကောင်းသွားပါပြီ၊ ကျွန်တော့် အတွင်းအားတွေလည်း ပုံမှန်အတိုင်း ပြန် လည်ပတ်နေပြီမို့… ကျင့်ကြံဖို့ အဆင်သင့်ဖြစ်နေပါပြီ”်

နင်… လုပ်နိုင်တာ သေချာပါ့မလား” ‘မသေချာပါနဲ့ဟာ၊ ငါ ထပ်ပြီး စာနာပေးလို့ရသေးတယ်ဟာ…’

“သေချာပါတယ်…” သူ ခေါင်းကို အခိုင်အမာ ညိတ်ပြတော့တာပဲ။ ဒါပေမဲ့ ရှန်းရင် ကသိကအောက် ဖြစ်နေပုံကို ကြည့်ပြီး သူ တစ်ခုတွေးမိသွားတယ်။

“ဆရာ နေမကောင်းလို့လား…”

“အာ… မဟုတ်…” ‘ဗိုက်အဝအပြဲစားထားပြီး အိပ်ငိုက်လာတာကို နေလို့မကောင်းတာလို့ ခေါ်နိုင်သလား…’

ယိချင်းလည်း စိတ်သက်သာရာရလို့ သက်ပြင်းချပြီး ဆိုလိုက်လေတယ်။ “ဒါဆို ဆရာ၊ ကျွန်တော့်ကို သင်ပြပေးပါဦး…”

“. . .”

“ဆရာက ကျွန်တော့်လက်ရှိ ဓားသိုင်းကျင့်ကြံဆင့်အခြေအနေအတွက် စိုးရိမ်တာလား” ရှန်းရင် တော်တော်နဲ့ ဘာမှ ပြန်မပြောတော့ ယိချင်း မှန်းဆကြည့်လိုက်တယ်။

“ကျွန်တော် မစဉ်းစားခဲ့မိဘူး… ဆရာ ကျွန်တော့်အခြေအနေကို သိရအောင်လို့ သရုပ်ပြပေးမယ်လေ၊ ဒါကို ကြည့်ပြီး လိုအပ်နေတာရှိရင် ထောက်ပြလို့ရတာပေါ့…”

“အာ… ဟို…” သူမ ငြင်းလို့ရဦးမှာမို့လား။

ယိချင်း ချက်ချင်း ထရပ်လိုက်တယ်။ သူ့မျက်နှာထားကလည်း စိတ်လှုပ်ရှား မြူးတူးလို့ရယ်၊ လက်သင်္ကေတ သုံးပြီးတာနဲ့ အကျင့်ပါနေတဲ့အတိုင်း ရှန်းရင်ကို သူ့ဓားပျံပေါ်တင်ပြီး တောင်ထွတ်ကနေ ပျံထွက်သွားလိုက်တော့လေတယ်။

မဟူရာ ကောင်းကင်ဂိုဏ်းက မဟူရာ ပင်လယ်အထက်မှာ ရှိတာ။ ဂိုဏ်းကြီးတစ်ခုလုံးက ရေပြင်အထက်တိမ်လွှာကြားမှာ ဝဲလျက်ရှိပြီး ဂိုဏ်းအောက် ရေပြင်ထဲမှာတော့ အရွယ်အမျိုး ကျွန်းပေါင်း ထောင်ချီ ရှိနေတယ်။ ယိချင်းက အကြီးဆုံး ကျွန်းတစ်ခုအပေါ် သက်ဆင်းလိုက်တယ်။ တခြားကျွန်းတွေနဲ့ ယှဉ်ရင်လည်း ဒီကျွန်းက မြေ ပိုပြန့်ပြီး ၈ မိုင်လောက်ကျယ်တဲ့ ကျောက်သားအပြည့်မြေနေရာတစ်ခုလည်း ရှိတယ်။ ဒီနေရာမျိုးက ဓားသိုင်းကျင့်ကြံလို့ကောင်းတဲ့ နေရာမျိုးပဲ။

ကြည့်ရတာ ဒီရက်ပိုင်းလေးအတွင်း ယိချင်းတစ်ယောက် ပတ်ဝန်းကျင်ကို သေချာ လေ့လာထားပုံရတယ်။ တကယ်ကို လုံ့လအပြည့်နဲ့ စိတ်အားထက်သန်တဲ့ စားဖိုမှူး… တပည့်ပဲ။

ဒါပေမဲ့လည်း…

“နင် ဘာလို့ ငါတို့နောက် လိုက်လာတာလဲ”

ရှန်းရင် ပြန်လှည့်ကြည့်လိုက်တယ်။ သူတို့နောက်တည့်တည့်မှာက ကူယွဲ့။ မော်ကြွားတဲ့ ဟန်အသွင်နဲ့၊ အဖြူအပြာ ရောယှက်ဝတ်စုံ ဆင်လို့ထားတယ်။

“မင်းက ဘာမို့လို့ မေးစရာလဲ” ကူယွဲ့ မျက်လုံးလှည့်လို့။ သူ့မှာ ဣန္ဒြေရရတောင် မနေနိုင်တော့ဘဲ စိတ်ထဲရှိတဲ့အတိုင်းကို ပြုမူလို့။

“မင်းတပည့်ကို သင်ပေးရုံလေး မဟုတ်လား၊ ဒီမဟူရာ ကောင်းကင်ဂိုဏ်းတစ်ခုလုံးက ငါ့ပိုင်နက်ပဲ… ငါ ကြည့်မိလို့ဆိုပြီး အခကြေးငွေတောင်းမလို့လား…”

“…” ရှန်းရင် နှုတ်ခမ်းတွေတောင် တွန့် တွန့်သွားမိပြီ။ ‘ဒီလူ ပေါက်ကွဲစရာများ မျိုထားမိလို့လား… သူ့စရိုက်က အရင်တစ်ခေါက်ကနဲ့ တခြားစီပဲ’

ကူယွဲ့ တကယ်ကို ဒေါသထွက်နေတာ။ သူ ဒီလောကမှာ နေနေတာ နှစ်ရာချီ ပေါက်နေပြီ။ သူ့ဘဝခရီးတစ်လျှောက်လည်း အရာရာ အဆင်ချောလို့နေခဲ့တယ်။ ကံကလည်း ကောင်းသလားမမေးနဲ့။ သူ့ကျင့်ကြံဆင့်ဟာ အလွယ်တကူနဲ့ နတ်ဝိညာဉ်ဖြစ်တည်ဆင့်ကို ရောက်နိုင်ခဲ့တယ်။ သူ့ဘဝသက်တမ်းတစ်လျှောက်လုံး ဒီလိုပဲ ဆက်ပြီး အဆင်ချောနေဦးမယ် ထင်ခဲ့တာလေ။ သူ့စိတ်ထဲမှာတော့ သူ့ကိုယ်သူ ဝိညာဉ်ကူးပြောင်း ဝတ္ထုတစ်ခုရဲ့ ဇာတ်လိုက်ကျော်လို့ ထင်နေခဲ့တာ။ နောက်ပိုင်း ဒီလောကရဲ့ ဇာတ်ကြောင်းအမှန်ကို သိသွားတာတောင် သူ စိတ်ထဲ ထည့်နေစရာ မလိုတော့ဘူး။

သူ့သရုပ်အမှန်ကို ဖော်ထုတ်ခံလိုက်ရတဲ့နေ့ဆို အရိုးသားဆုံးပြောရရင် သူ ထိတ်လန့်သွားရသေးတယ်။ သူ သူမရဲ့ ဖြစ်တည်မှုကို အတည်ပြုချင်ခဲ့တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ ကြောက်လည်း ကြောက်မိနေတယ်။ သူ အသာဆုံး မဟုတ်နိုင်တဲ့ အကြောင်းကို ဒီလိုမျိုး ပွင့်လင်းမြင်သာလိုက်ရတော့ သူ့ရင်ထဲက ပျော်ရွှင်ရမှုတွေအကုန် ပျောက်ရှသွားရတော့တယ်။

‘ဘယ်သူကများ ဒီအဖြစ်ကို နားလည်ပေးနိုင်မှာလဲ… ဘယ်သူ နားလည်နိုင်မှာတဲ့လဲ…’

щ(゚Д゚щ)

သူ ငါးရက်လုံးလုံး တွေဝေ ဒွိဟဖြစ်နေခဲ့ပြီးမှ ဒီအဖြစ်ကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တာ။ အံ့သြမင်သက်ရတဲ့ ကာလကိုလွန်သွားတဲ့အခါမှာတော့ ဒီရှန်းရင်ဆိုတဲာ ပုဂ္ဂိုလ်ဟာ သူ့လိုလူပဲ ဖြစ်မယ်။ ဝတ္ထုဇာတ်ကြောင်းကိုလည်း ကြိုသိပြီးသားနေမယ်။ ပြီးတော့ သူမက သူ့လို အကြံစည်မျိုး ရှိခဲ့တာကိုမှ သူ့ထက် ခြေတစ်လှမ်းစောသွားတာပဲ။ ဆိုလိုချင်တာက သူ့အစီအစဉ်တွေ ပျက်ကုန်ပြီပေါ့။

(╯‵□′)╯(┻━┻

သူ စေ့စေ့တွေးမိလေလေ စိတ်တိုရလေလေပဲ။ သူ နာကျည်းမှုတွေကို ထိန်းချုပ်ဖို့ အသက်ကို ဝဝရှူသွင်းထားလိုက်တယ်။

“ဟိတ်၊ ငါ မင်းနဲ့ ဆွေးနွေးစရာရှိလို့လာတာ… စကားပြောရအောင်”

ရှန်းရင်လည်း အံ့သြသွားမိတာပေါ့။ ဒါပေမဲ့ သူမ ဘာမှ ပြန်မဖြေနိုင်သေးခင်မှာပဲ ယိချင်း ရှေ့ထွက်လာပြီး သူတို့နှစ်ယောက်ကြားမှာ ဝင်ပိတ်ရပ်နေတော့တယ်။

“ကျွန်တော့်ဆရာက ကျွန်တော့်ကို ကျင့်ကြံနည်းတွေ သင်ပြပေးတော့မှာ… အခုချိန်က ဆွေးနွေးဖို့ အချိန်အခါကောင်း မဟုတ်ဘူးထင်တယ်၊ ဆရာသခင်ကူယွဲ့မှာ ပြောစရာ ကိစ္စရှိတယ်ဆိုရင်လည်း နောက်နေ့မှာ ပြန်လာကြည့်ပါလား…” ‘ဟန့်၊ ခင်ဗျားကြီး ကျုပ်ဆရာရဲ့ တပည့်လုပ်ချင်နေတာ မသိဘူး မှတ်လို့…’

သူ ဝင်နှောင့်ယှက်မယ်လို့ ကူယွဲ့မထင်ထားမိဘူး။ အနာဂတ် ဓားဝိဇ္ဇာအလောင်းအလျာလေးက ဘာလို့ သူ့အပေါ် ရန်လိုနေတာလဲ။ ဒါ ရှန်းရင်ကြောင့်ပဲ ဖြစ်ရမယ်။ ရှန်းရင် တစ်ခုခုပြောလိုက်လို့သာ ဓားဝိဇ္ဇာနဲ့ သူ့အကြား အခုလို အထင်လွဲမှုတွေ ဖြစ်လာရတာ။ ‘ဉာဏ်များတဲ့ ကောင်မ…’

“ခဏလောက်ပဲ ပြောမှာပါ”

“ဆရာက မအားဘူး…”

“မင်းတို့ ခဏနေမှ သင်လည်း ရတာပဲ”

“ကျင့်ကြံခြင်းလို အရာမျိုးက နေ့ရွှေ့ညရွှေ့ မလုပ်ကောင်းဘူး”

“ငါ့ကိစ္စက အရေးကြီးနေလို့”

“ဆရာသခင်၊ ကျွန်တော်ကို ခွင့်လွှတ်ပါ…”

ကူယွဲ့၊ “. . .” ‘ဉာဏ်များတဲ့ ရှန်းမျိုးနွယ်မ…’

ယိချင်း၊ “. . .” ‘ငါကမှ ဆရာရဲ့ တပည့်အစစ်အမှန်…’

ရှန်းရင်၊ “. . .” ‘အိမ်း၊ နင်တို့ ဒီလို ဆက်ပြောနေရင် ညစာစားချိန်ရောက်သွားတော့မှာပဲ…’

“ကောင်းပါပြီ၊ ကောင်းပါပြီ… မင်းတို့ ဆက်ပြီး သင်ကြ လေ့ကျင့်ကြပေါ့၊ ငါ တိတ်တိတ်လေး ငြိမ်ငြိမ်လေး နေပေးပါ့မယ် ဟုတ်ပြီလား…” နောက်ဆုံးတော့ ကူယွဲ့ပဲ ခြေတစ်လှမ်းဆုတ်လိုက်ကာ ရှန်းရင်ကို မျက်စောင်းထိုးလိုက်တော့တယ်။

“မင်းတပည့်ကို သင်ပေးမှာမဟုတ်လား၊ သင်လေ သင်ပေါ့…” သူမ ဘာတွေများ သင်ပေးနိုင်မလဲဆိုတာ သူ ကြည့်ချင်သေးတယ်။ သူမက သာမန်သေမျိုးတစ်ယောက်ပဲ။ ဒီတော့ ဘယ်လိုလုပ်ပြီး ဓားတရားကျင့်ကြံပုံတွေကို သိနားလည်မှာလဲ။ ဓားဝိဇ္ဇာ သူ့တပည့်ဖြစ်အောင်လို့ ပေါက်တတ်ကရ စကားကြီးစကားကျယ်တွေ လျှောက်ပြောထားတာပဲနေမယ်။ ယိချင်း သူမရဲ့ သရုပ်အမှန်ကို သိသွားတဲ့အထိ စောင့်လိုက်မယ်။ ပြီးရင်တော့ ယိချင်း သူ့တပည့်ဖြစ်လာအောင် သိမ်းသွင်းလို့ ရမှာပဲ။

ယိချင်းလည်း ပြန်လှည့်သွားပြီး သူ့စိတ်ဝိညာဉ်အနွယ်ဓားကို ကိုင်ဆောင်ထားလိုက်တယ်။

“ဆရာ ကျွန်တော် အခု ကျင့်ကြံနေတဲ့ ဓားသိုင်းကို တန့်ရှန်းနည်းစဉ်လို့ ခေါ်ပါတယ်။ ဒါ ကျွန်တော် တီထွင်ထားတဲ့ ဓားသိုင်းပါ… ဆရာ ကြည့်ပြီး လိုအပ်တာလေးတွေ ထောက်ပြပါဦး…”

ယိချင်းက ပြောပြောဆိုဆို ခြေနှစ်လှမ်းလောက် တိုးလာပြီး သူ့ဓားကွက်တွေကို ချပြတော့တယ်။ သူ့ဓားချက်တိုင်းက သွက်လက် ထက်ရှနေတယ်။ ဓားချက်တွေကနေ ထွက်လာတဲ့ အရိပ်အရောင်တွေဟာ တစ်ကျွန်းလုံးကို လွှမ်းခြုံနေသလိုပဲ။ မြေပြင်ပေါ်က သဲတွေ ကျောက်တွေလည်း လွင့်စင် ပြိုကွဲကုန်ကြတယ်။ သူ့ကိုယ်ဟာလည်းပဲ ဓားရိပ်တွေနဲ့ ရောယှက်လို့ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ သူကိုယ်တိုင် ဓားတရားနဲ့ ပေါင်းစည်း မိသွားတဲ့အတိုင်းပဲ။

ကူယွဲ့ကတော့ ကြည့်နေရင်းကို ပိုပိုပြီး စိတ်ဝင်စားလာမိပြီ။ ဒါဟာ ဓားဝိဇ္ဇာ ယိချင်းရဲ့ အကျော်အမော် ဓားသိုင်းပဲ။ ရိုးရှင်းတဲ့ ဒီဓားကွက်တွေတိုင်းမှာ အင်အားပါတယ်။ ချီအတွင်းအားပါ ပေါင်းထည့်လိုက်တဲ့အခါမှာတော့ ဆယ်ဆမက ပိုအစွမ်းထက်လို့သွားတယ်။ ဓားချက်တိုင်းမှာလည်း ဓားဆန္ဒပါနေတာကို မြင်တွေ့နိုင်တယ်။ အဲ့ဒါကြောင့် သူ့ထက် အဆင့်ပိုမြင့်တဲ့ လွေ့မိကို အနိုင်ယူနိုင်တာကိုး။

ERSY
Author: ERSY
ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ

My Master Disconnected Yet Again ,Master Drifting Away Again, 师父又掉线了
Score 8.6
Status: Ongoing Type: Author: , , Artist: , , Released: 2018 Native Language: Chinese
Original Title: My Master Disconnected Yet Again Author: Mrs Ago,You qian Chapter: 704 (Complete)စာစဉ် အမည်= ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ ဘာသာပြန်သူ= Jas Astra .....အကျဉ်းချုပ်တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်နိုင်သော အတွင်းအားအရာကို ပိုင်ဆိုင်ထားသူ။ အောက်ဘုံ၌ ကျင့်ကြံခြင်းအရာမှာပင် ဖြစ်စေ၊ အထက်ဘုံ၏ နတ်ပြည်ဆယ်ထပ်မှာပင် ဖြစ်စေ၊ သူ့ကို မည်သူမျှ အနိုင်မယူနိုင်သေးပေ။ယိချင်း ရယ်ကာ မောကာ ဆိုတော့သည်။"အာ့ မင်းတို့ ငါ့ဆရာအကြောင်း မကြားဖူးလို့လေ... ကျင့်ကြံခြင်းအကြောင်းပြောရရင် ငါက ဆရာ့ကို မီဖို့ တစ်မိုင်စာမက လိုသေးတယ်... ပြန်စဉ်းစားကြည့်ရရင်... အထက်ဘုံက ကောင်းကင်နတ်ဘုရားဆယ်ပါးထဲမှာ ကိုးပါးလောက်က ငါ့ဆရာထောင်းတာ ခံခဲ့ဖူးတဲ့သူတွေချည်းပဲ၊ မထောင်းခံရသေးတဲ့ တစ်ယောက်က ငါလေ...""ဆရာ... အရှင့်မှာ ဆရာရှိတယ်လား၊ ဘယ်သူများ ကျွန်ုပ်တို့လည်း မကြားဖူးရပါလား...""ငါ့ဆရာက. . . အယ်... ဆရာရော၊ ရှစ်စွင်း အယ် ငါ့ရှစ်စွင်းရော... ငါ့ရှစ်စွင်းကို တွေ့မိကြသေးလား..."သူတို့ အနီးအနားမှာပင် ရှိနေသော သူမ လက်ကလေးတစ်ဖက် ထောင်ပြလိုက်သည်။"ငါ ဒီမှာဟဲ့...!"_____________ကျွန်ုပ်တို့၏ MC (အဓိက ဇာတ်လိုက်) မှာ ဘုမသိ ဘမသိနှင့် နေရင်း ထိုင်ရင်း ဝိညာဉ်ကူးပြောင်းသွားသူ ဖြစ်လေသည်။ ရှန်းရင်မှာ ကိုမာလည်း မရ၊ သေလည်း မသေ၊ ကားလည်း မတိုက်မိ၊ ဝတ္ထုဖတ်နေတာလည်း မဟုတ်၊ အယုတ်စွဆုံး ကန္တာရဆူးပင် မစူးထားဘဲ အလိုအလျောက် ဘဝတစ်ပါး ရောက်သွားရခြင်းဖြစ်လေသည်။သာမာန်မိန်းကလေးဖြစ်သူ ရှန်းရင်မှာ ဘဝပြောင်းသွားပြီး သာမာန်သေမျိုးဖြစ်နေသော်လည်း ဂိမ်းထဲမှ Cheat ပေါင်းစုံသုံးထားသော player တစ်ကောင်လို Over powered ဖြစ်နေလေသည်။တစ်ဖန် ကူယွဲ့မှာ ဝတ္ထုစာအုပ်များတွင်း ဝိညာဉ်ကူးပြောင်းလာတတ်သူ ဖြစ်ပြီး ရှန်းရင်ရှိနေရာလောကသို့ ရှန်းရင် မရောက်ခင် နှစ် ၃၀၀ လောက်ကတည်းက ရောက်နှင့်နေသူဖြစ်လေသည်။ဝတ္ထုတွင်းဖြစ်မည့် ဖြစ်စဉ်များကို ကြိုသိနေပြီးဖြစ်သဖြင့် ယိချင်းကို ဆရာတင်၍ ယိချင်း ခြေသလုံးဖက်ရန် ကြံစည်နေသည့် ကူယွဲ့တစ်ယောက် ယိချင်း၏ ဆရာ ရှန်းရင်နှင့် တွေ့သောအခါ...ရှန်းရင်၊ "ဆိုတော့ကာ... နင် ဝိညာဉ်ကူးပြောင်း အချိန်ခရီးသွားလာခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ..."ကူယွဲ့"သြော် သိပ်တော့မကြာသေးပါဘူး... နှစ် ၃၀၀ လောက်ပဲရှိသေးတယ်..."ရှန်းရင် "အိုကေ"ကူယွဲ့၊ ". . ."ရှန်းရင်၊ ". . ."ကူယွဲ့၊ "ဟိုလီ ဖက်-!"Synopsis by No_Coz

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset