ERST အခန်း ၂၂

အခန်း (၂၂)

လူတိုင်းက အသီးတွေ ကောင်းမွန်ကြောင်း ချီးမွမ်းနေကြသည်။

အဘိုးဖေးက သူ ဘယ်လောက်တောင် ပျော်နေသလဲဆိုတာ မဖော်ပြနိုင်ပေ။

“ရှန်းထင်ရွှမ်းက အရသာရှိတဲ့ ဖရဲသီးတွေတင် စိုက်ထားတာမဟုတ်ဘူး၊ ဆီးသီးတွေနဲ့ မက်မွန်သီးတွေကလည်း ပထမတန်းစားတွေချည်းပဲ၊ ချိုမြိန်တဲ့ အရသာက ပါးစပ်ထဲမှာ လုံးဝ စွဲထင်ကျန်ခဲ့တာ၊ မင်းသာ တစ်လုံးစားလိုက်တာနဲ့‌ နောက်ထပ်ပိုပြီး စားချင်နေတော့မှာ “

အဘိုးဖေးက သူတို့ကို စားချင်လာအောင် ညွှန်းဆိုနေပေသည်။ သို့သော် သူတို့ မတတ်နိုင်ပေ။ ရှန်းထင်ရွှမ်း ယူလာသည့် အသီးများနှင့် ဟင်းသီးဟင်းရွက်များအကြောင်း တွေးမိပြီး သူတို့က မြည်းစမ်းချင်လာကြသည်။

သို့သော် ဤအရာက မဖြစ်နိုင်မှန်း သူတို့သိပေသည်။ ညနေခင်းတွင် ဧည့်သည်များစွာ ရှိပေသည်။ ဧည့်ခံပွဲကို ထောက်ပံ့ရန် ရှန်းထင်ရွှမ်း ယူဆောင်လာခဲ့သည့် အသီးများက သေချာပေါက် မလုံလောက်ချေ။

လူတိုင်းက စကားစမြည် ပြောနေကြသောအခါ တစ်ယောက်ယောက်က ရောက်လာခဲ့သည်။

ရှန်းထင်ရွှမ်းက သူမခေါင်းကို မော့လိုက်သည်။ ဟိုး အသိအကျွမ်းတွေပါလား။

သူမက ချောမောသည့် အမျိုးသားနှင့် လှပသည့် အမျိုးသမီး စုံတွဲတစ်တွဲ ရောက်လာသည်ကို တွေ့လိုက်သည်။ ဘယ်ဘက်ရှိ အမျိုးသားက ခေတ်ဆန်ပြီး ချောမောပေသည်။ ညာဘက်ရှိအမျိုးသမီးက သိမ်မွေ့ပြီး နှစ်လိုဖွယ် ရှိပေသည်။

နှစ်ယောက်စလုံးက အလွန် လှပစွာ အတူတကွ လာခဲ့ကြသည်။

ဖေးဝမ်ရှုက မတ်တတ်ရပ်လိုက်ပြီး ကြိုဆိုလိုက်သည်။

“သခင်လေးဖူ ဒီမှာပါ၊ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ “

ဖူလဲ့ထျန်းက စာအုပ်ထဲမှ ဟီးရိုးဖြစ်ပြီး ရှန်းရွမ်နှင့်အတူ တိုက်ခိုက်ခဲ့သည်။ သူက တခြားအမျိုးသမီးကိုတောင် မကြည့်ချင်ခဲ့ပေ။

သို့သော် ထိုသူရဲကောင်းနှင့် ဘိန်းဖြူက ဤစာအုပ်ထဲတွင် အတူတကွ ရှိပြီးသား ဖြစ်ပုံပေါ်ပေသည်။

ဖေးဝမ်ရှုက ဖုလဲ့ထျန်းဘေးနားရှိ အမျိုးသမီးကို မြင်သောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးက မှေးမှိန်သွားသည်။

ဖူလဲ့ထျန်းက လက်ဆောင်တစ်ခုကို ယူဆောင်လာခဲ့ပြီး “ကျွန်တော့်အဖေက လုပ်စရာတချို့ ရှိနေလို့ ဧည့်ခံပွဲ မတက်နိုင်တော့ဘူး၊ အဘိုးဖေးကို တောင်းပန်ခိုင်းလိုက်ပါတယ် “ ဖေးမိသားစုက အထက်တန်းလွှာမိသားစုတစ်ခု ဖြစ်သည်။ ဖူမိသားစုက ဖေးမိသားစုထက် အနည်းငယ် အဆင့်အတန်း ပိုမြင့်ပေသည်။

အဘိုးဖေးက ဂရုမစိုက်ပေ။ “မြန်မြန် ဝင်လာခဲ့၊ ဒါပေမဲ့ သခင်လေးဖူက ကံမကောင်းဘူး၊ ငါတို့အားလုံး ဖရဲသီးတွေကို အခုပဲ စားလိုက်ကြတာ “ လူတိုင်းက အလျင်စလို ပြောလိုက်ကြသည်။

“ ဟုတ်တယ်၊ သခင်လေးဖူက ခုမှ ရောက်လာတာဆိုတော့ တကယ့်ကို ကံမကောင်းခဲ့ဘူးပဲ “

“ဖရဲသီးက အရမ်း အရသာရှိတာ “

“အဘိုးဖေး အစေခံကို နည်းနည်းလောက် ခွဲလာခိုင်းလိုက်ပါလား၊ သခင်လေးဖူကိုလည်း မြည်းကြည့်ခိုင်းရအောင် “

“ဟုတ်တယ်၊ သခင်လေးဖူ စားပြီးသွားရင် သေချာပေါက် အရမ်းကောင်းတဲ့ အရသာကို မြည်းစမ်းမိသွားမှာ “

“ငါ့စိတ်ကူး အရမ်းကောင်းတာပဲ “

ဖူလဲ့ထျန်းက စိတ်ရှုပ်ထွေးသွားသည်။ “?”

ဘယ်လိုတောင်လဲ။ သူက ဖရဲသီး တစ်ခါမှ မစားဘူးတဲ့ သူနဲ့တူနေလို့လား။

ဖူလဲ့ထျန်းဘေးနားတွင် ရပ်နေသည့် ရှန်းရွှမ်းက ကြည့်ရတာ အလွန် အဆင်မပြေတော့သည့်ပုံပင်။

အဘိုးဖေးက သူ၏မွေးနေ့ဆီ ရှန်းမိသားစုကို မဖိတ်ခဲ့ပေ။ ရှန်းမိသားစုက ဖေးမိသားစုလောက် မကောင်းသော်လည်း အတိတ်တုန်းက ဖေးမိသားစု ကျင်းပသည့် ဧည့်ခံပွဲများအတွက် ဖိတ်ကြားမှုစာရင်းတွင် ရှန်းမိသားစုက အမြဲတမ်း ပါဝင်ပေသည်။

ယခုအချိန်တွင် ရှန်းမိသားစုက ဖိတ်စာကိုတောင် မရရှိခဲ့ချေ။

ဖူလဲ့ထျန်းနှင့် သူမ၏ ဆက်ဆံရေးကြောင့်သာ ရှန်းရွှမ်က ဖေးအိမ်တော်သို့ လာနိုင်ခြင်း ဖြစ်သည်။ သူမက တံခါးမှ ဝင်ဝင်ချင်း ရှန်းထင်ရွှမ်းကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ အဓိကအချက်မှာ သူမက အဘိုးဖေး၏ဘေးတွင် ထိုင်နေခြင်း ဖြစ်သည်။

ယနေ့ ရှန်းရွှမ်က ဂရုတစိုက် ဝတ်စားလာခဲ့သည်။ အထူးသဖြင့် တောက်ပသည့် ပန်းရောင်နှင့် ညနေခင်းဝတ်စုံကို ရွေးချယ်ခဲ့သည်။ ဤဧည့်ခံပွဲတွင် ပြသရန် မိတ်ကပ်အတွက် နှစ်နာရီကြာ အချိန်ပေးခဲ့ရသည်။

ရှန်းထင်ရွှမ်းက ညနေခင်း ဝတ်စုံတစ်စုံတောင် ဝတ်မထားခဲ့ပေ။ မျက်နှာ၌ ပေါင်ဒါတောင် လိမ်းခြယ်မထားဘဲ မြင်သည့်လူတိုင်း မူးမေ့လဲသွားစေနိုင်သည့် မျက်နှာကို ပြသထားသည်။ ရှန်းရွှမ်က ရှန်းထင်ရွှမ်း၏ အကျပ်အတည်းဖြစ်နေသည့် မျက်နှာကို မြင်ရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။

ဖူလဲ့ထျန်းက ခုံတွင် ရှန်းရွှမ်နှင့်အတူ ထိုင်လိုက်သည်။ ရှန်းရွှမ်က ရှန်းထင်ရွှမ်းကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ “ညီမလေးလည်း အဘိုးဖေးရဲ့ မွေးနေ့ပွဲကို လာတာပဲ “

ရှန်းထင်ရွှမ်းက ရှန်းရွှမ်နှင့် သူမ‌ဘေးမှလူကို စိတ်မဝင်စားပေ။ ထို့ကြောင့် သူမက ၎င်းကို ကြားပြီးနောက် လျစ်လျူရှုထားခဲ့သည်။ ၎င်းက ရှန်းရွှမ်း၏မျက်နှာနှင့် ပြတ်သားစွာ ကွဲပြားနေပေသည်။

“မဟုတ်ရင်‌ရော “

ရှန်းရွှမ်က ဆို့နင့်သွားသည်။ သူမက ဖူလဲ့ထျန်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး စိတ်ထိခိုက်စွာ သူမခေါင်းကို ငုံ့လိုက်ပေသည်။

ရှန်းရွှမ် ဝမ်းနည်းသွားသည်ကို ဖူလဲ့ထျန်းက မည်သို့ သည်းခံနိုင်မည်နည်း။ ထို့ကြောင့် သူက ရုတ်တရက် မကျေမနပ် ပြောလိုက်သည်။ “

တစ်စုံတစ်ယောက်ကို ဒီလိုပြောတာ ကောင်းလား “

ရှန်းထင်ရွှမ်း “?”

ဒီစိတ်တိုစရာကောင်းတဲ့ အတွဲက ဘာလို့ ဒီလောက် မုန်းစရာကောင်းနေတာလဲ။ သူမက တစ်ယောက်ယောက်ကို စပြီး ရန်စသည့်သူ မဟုတ်ဘူးလေ။ သူတို့က ရန်စနေတာလေ။ ဟုတ်ပြီလား။

“ဒါဆို နင် ငါ့ကို ဘာပြောချင်တာလဲ “

အဘိုးဖေးက ရှန်းထင်ရွှမ်းနှင့် ရှန်းမိသားစုကြား ဆက်ဆံရေးကို သိခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်းက ရှေ့သို့ ဖြောင့်ဖြောင့်တန်းတန်း သွားနေမည်ဟု သူက မမျှော်လင့်ခဲ့ပေ။ သူမက ရှန်းရွှမ်း၏ လှည့်စားမှုများကို ဟန်ဆောင်ဖို့တောင် စိတ်မဝင်စားပေ။

ဖူလဲ့ထျန်းက နင်သွားသည်။ အတိတ်တွင် ရှန်းထင်ရွှမ်းက သူ့ကို မြင်သောအခါ ရှက်သွေးဖြာသွားလေ့ရှိသည်။ သူမက စကားတစ်ခွန်းပြောရန်ပင် မဝံ့ရဲပေ။ သူက ဤကဲ့သို့ အော်လိုက်ပါက ရှန်းထင်ရွှမ်းက သေချာပေါက် သူမမျက်နှာကို အုပ်ပြီး ထွက်သွားပေလိမ့်မည်။ သို့သော် ယနေ့တွင်မူ ရှန်းထင်ရွှမ်းက မမျှော်လင့်စွာပင် တိုက်ရိုက် တုံ့ပြန်ခဲ့သည်။

သူ့ဘေးနားရှိ လီရှောင်းရုက ပြောလိုက်သည်။

“ရွှမ်ရွှမ်က နူးညံ့သိမ်မွေ့ပြီး ထောက်ထားညှာတာတတ်တာပဲ၊ မစ်ရှန်းက ရွှမ်ရွှမ့်အပေါ် ဘာအမြင်မှ မရှိဘူးလား “

သူမက စကားပြောနေသောအခါ ရှန်းရွှမ်ဆီသို့ ဘက်လိုက်နေပုံရသည်။ သို့သော် ယင်းက မထူးဆန်းပေ။ ရှန်းရွှမ်က နူးညံ့သိမ်မွေ့ပေသည်။ ထို့ကြောင့် နှစ်သက်ဖွယ်ကောင်းပေသည်။ ဒါပေါ့ သူမ၏ လိမ်လည်လှည့်စားတတ်သည့် အပြင်ပန်းသွင်ပြင်ကို မြင်နိုင်သည့် လူတချို့လည်း ရှိပေသည်။ သူတို့က ရှန်းရွှမ်၏ ကြင်နာမှုက အတုအယောင်ဖြစ်သည်ကို မြင်ကြပေသည်။

ရှန်းထင်ရွှမ်းက ထိုအမျိုးသမီးနှလုံးသားထဲရှိ လိမ်လည်လှည့်စားမှုများကို မသိပေ။ တစ်စုံတစ်ယောက်က မေးလာသောအခါ သူမက ပြန်ဖြေလိုက်သည်။ “အင်း “

လူတိုင်းက မှင်တက်သွားကြသည်။ ချမ်းသာသည့်သူများအကြားတွင် မည်သူ့ပေါ်မှ အမြင်များ မရှိလျှင်တောင် သူတို့က ထိုကဲ့သို့ တိုက်ရိုက် ပြောကြလိမ့်မည် မဟုတ်ချေ။ ထိုအခိုက်အတန့်တွင် ရှန်းထင်ရွှမ်းက သူမ ရှန်းရွှမ်ကို မကြိုက်ကြောင်း တိုက်ရိုက် ပြောခဲ့သည်။

ဖူလဲ့ထျန်းက မတ်တတ်ထရပ်လိုက်ပြီး အလွန် ရန်လိုသည့် လေသံဖြင့် “မင်းက ရက်စက်တတ်တဲ့သူဆိုတာ ငါ သိတယ် “

ယနေ့က အဘိုးဖေး၏ မွေးနေ့ပွဲမှန်း သူသိပေသည်။ ထို့ကြောင့် တခြားသူများနှင့် စကားများရန် မသင့်တော်ပေ။ သို့သော် ရှန်းရွှမ်အတွက် ဒေါသထွက်ပြီး သူက ဖေးမိသားစု၏မျက်နှာကို ဂရုမစိုက်တော့ပေ။

ရှန်းထင်ရွှမ်း။ “?” ဘာလဲဟ။

ဒါက ဘယ်လိုတောင် ထူးဆန်းတဲ့ မှတ်ချက်မျိုးလဲ။ ရှန်းထင်ရွှမ်းကလည်း မတ်တတ်ရပ်လိုက်ပြီး ဖူလဲ့ထျန်းကို လက်ညှိုးထိုးလိုက်သည်။ “ငါ့မှာ ရှန်းရွှမ်ကို ဆန့်ကျင်ဘက်အမြင် ရှိတာနဲ့ပဲ ငါက ရက်စက်တတ်တဲ့သူ ဖြစ်သွား‌ရောလား၊ ဖူလဲ့ထျန်း နင့် ဦးနှောက်ကို ခွေးစားသွားတာလား၊ ငါက ရှန်းရွှမ်ကို မုန်းလို့ ငါက နင့်အတွက် လူကောင်း မဖြစ်နိုင်တော့တာလား “

ရှန်းထင်ရွှမ်းက သူမလက်ကို ဆန့်ထုတ်လိုက်ပြီး “နင့်မှာ ဒီလို မျက်နှာကြီးတစ်ခု ရှိနေတာလား “

လုအန်အန်က တခစ်ခစ် ရယ်လိုက်သည်။ လုမိသားစုက ဖူမိသားစုနှင့် အဆင့်အတန်း တူညီပေသည်။ ထို့ကြောင့် သူတို့က ဖူလဲ့ထျန်းကို မကြောက်ပေ။ ထပ်ပြောရလျှင် လုအန်အန်က ရှန်းထင်ရွှမ်း မှန်သည်ဟု ခံစားရသည်။ ထို့ကြောင့် သူမက ပြောလိုက်သည်။

“ငါတော့ ထင်ရွှမ်း မှန်တယ်လို့ ထင်တယ်၊ ရှန်းရွှမ်က တရုတ်ငွေကြေး မဟုတ်ဘူးလေ၊ လူတိုင်းက သူမကို ဘယ်လိုလုပ် ကြိုက်နိုင်မှာလဲ “

လုကျန်းယဲ့က လုအန်အန်ကို နားလည်ပေသည်။ သူက သူမ၏ ကိုယ်ရေးကိုယ်တာကို ထိုအချိန်တွင် မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် သူက အကြောင်းအရာကို ပြောင်းလဲလိုက်သည်။ “ငါ ကြားခဲ့တာတော့ မင်း ရေကူးကန် ပြင်ဆင်ထားတာက အရမ်းမိုက်တယ်ဆို၊ ဝမ်ရှု ငါတို့ကို လိုက်ပြပေးပါလား “

လုကျန်းယဲ့က ဤနေရာမှ ထွက်ခွာရန် ဆင်ခြေတစ်ခု ရှာချင်ကြောင်း ဖေးဝမ်ရှုကလည်း သိပေသည်။ ဆိုရလျှင် ယင်းက ငယ်ရွယ်သည့် မျိုးဆက်များအကြား ရန်ပွဲတစ်ခုသာ ဖြစ်သည်။ သူတို့က ကြားဝင်လိုက်လျှင် စပ်စုသည့်ပုံပေါ်နေပေမည်။ ယင်းက ပိုပြီးတောင် ရှက်စရာကောင်းပေသည်။ လွတ်မြောက်ရန် ဆင်ခြေတစ်ခုရှာခြင်းက ပိုကောင်းပေလိမ့်မည်။

လူတိုင်းက သဘောတူလိုက်ကြပြီး ထွက်ခွာသွားကြသည်။ အဘိုးဖေးသာ ထိုနေရာ၌ ထိုင်ပြီး ကျန်နေခဲ့သည်။ ရှန်းထင်ရွှမ်းက မခံစားရမှန်း သူသိပေသည်။ သို့သော် သူက သူမကို ထောက်ပံ့ရန် ဤနေရာ၌ နေချင်ပေသည်။

ထပ်ပြောရလျှင် ရှန်းထင်ရွှမ်းက ဤလူများကို ဘယ်လို မချင့်မရဲဖြစ်‌အောင် လုပ်လိုက်လဲ သူက မြင်ချင်သေးသည်။

ထိုမိန်းကလေး စကားပြောသည့်နည်းလမ်းက မည်သည့် ချမ်းသာသည့် မိသားစုနှင့်မှ မတူပေ။ အမြဲတမ်း အံ့အားသင့်စရာ ကောင်းပေသည်။

မကြာမီ ဧည့်ခန်းတစ်ခုလုံးတွင် ရှန်းထင်ရွှမ်း၊ ဖူလဲ့ထျန်း၊ ရှန်းရွှမ်၊ လုအန်အန်၊ လီရှောင်းရုနှင့် အဘိုးဖေးတို့သာ ကျန်ခဲ့ပေသည်။

ယင်းက အနည်းငယ် ထူးဆန်းနေပေသည်။ သို့သော် အဘိုးဖေးက ဘေးတွင်သာ ထိုင်နေပြီး စကားမပြောခဲ့ပေ။

ရှန်းရွှမ်က သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဖူလဲ့ထျန်း၏ အင်္ကျီလက်ကို ဆွဲချလိုက်သည်။

“လဲ့ထျန်း… ညီမလေးက အဲလို ပြောတာမဟုတ်ပါဘူး “

လုအန်အန် ရုတ်တရက် တုံ့ပြန်လိုက်သည်။ “ထင်ရွှမ်း သူက နင့်အစ်မလား “

ယနေ့တွင် ရှန်းရွှမ်က ရှန်းထင်ရွှမ်းကို ညီမလေးဟု နှစ်ကြိမ်ခေါ်ခဲ့သည်။

ရှန်းထင်ရွှမ်းက “အဲလို ပြောလို့ရပါတယ် “

မူလကိုယ်က ရှန်းမိသားစု၏ တကယ့်သမီးအရင်း ဖြစ်သည်။ ရှန်းရွှမ်က မည်သည့်နေရာမှ လာသည်လဲ သူမ မသိပေ။ သို့သော် ယခု ရှန်းထျန်းသဲက ရှန်းရွှမ်ကို သမီးအရင်းထက် ပိုပြီး တကယ့်သမီးတစ်ယောက်လို သတ်မှတ်ထားပေသည်။

ရှန်းရွှမ်က ၎င်းကို ကြားသောအခါ သူမက ပိုပြီးတောင် ငိုကြွေးနေတော့သည်။

ဖူလဲ့ထျန်းက တဖန် မတ်တတ်ထရပ်လိုက်ပြီး “ရှန်းထင်ရွှမ်း မင်းက လူတွေကို ဒီလိုပဲ အနိုင်ကျင့်နေတာလား၊ ရွှမ်ရွှမ်က ရှန်းမိသားစုရဲ့ သမီးကြီးပဲ၊ မင်းက ဘာလဲ၊ ရှန်းမိသားစုက မင်းကို ပြန်ခေါ်လာတဲ့အချိန်တုန်းက သမီးတစ်ယောက်အဖြစ် အသိမှတ်ပြုခဲ့လို့လား “

ထိုစကားလုံးများက နှလုံးသားထဲသို့ မြားတစ်စင်းပမာ ထိုးစိုက်သွားနိုင်သည်။ လုအန်အန်နှင့် လီရှောင်းရုတို့ နှစ်ယောက်စလုံးက နေရာတွင်ပင် မှင်တက်နေကြပေသည်။

အဘိုးဖေး၏ မျက်လုံးများက မကျေနပ်မှု အပြည့် ဖြစ်နေပေသည်။ ဖူမိသားစုက ဘာလို့ ဒီလောက် စိတ်ရှုပ်ဖို့ကောင်းတာလဲ။ သူက ပြောနေတုန်းက နားပဲ နားထောင်ခဲ့သည်။ ပြီးတော့ ပြောလိုက်သည်။ “ချီးပဲ၊ နင်က ရှန်းမိသားစုနဲ့ ဘာကိစ္စရှိနေလို့လဲ “

ဖူလဲ့ထျန်းက မှင်တက်သွားခဲ့သည်။ သူက ရှန်းထင်ရွှမ်းပြောတာ နားထောင်ပြီးနောက် အချိန်တစ်ခုကြာ ပြောစရာမရှိတော့ချေ။ သူက ထိုကဲ့သို့ ရိုင်းစိုင်းပြီး အထက်စီးဆန်သည့် မိန်းမမျိုးကို ဂရုမစိုက်ပေ။ ဖူလဲ့ထျန်းက ရှန်းရွှမ်ကို ဆွဲခေါ်ပြီး “ရွှမ်ရွှမ် သွားကြမယ် “

ရှန်းရွှမ်က ငိုလျက် ဖူလဲ့ထျန်းနောက်မှ လိုက်သွားတော့သည်။

လုအန်အန်က အချိန်တစ်ခုကြာမှ တုံ့ပြန်လိုက်သည်။ “ရှန်းထင်ရွှမ်း နင်က ရှန်းမိသားစုရဲ့သမီးလား “

“အာ ဟုတ်တယ် “ ရှန်းထင်ရွှမ်းက ပြောလိုက်သည်။ “ဒါပေမဲ့ ငါက ရှန်းမိသားစုအိမ်မှာ မနေဘူး “

ရှန်းထင်ရွှမ်းက ရှင်းယွမ်ရှန်တွင် နေထိုင်ကြောင်း လုအန်အန်က သိပေသည်။ အချိန်အတော်ကြာသည်အထိ လုအန်အန်က ရှန်းရွှမ်ကိုသာ ရှန်းမိသားစု၏သမီးဖြစ်သည်ဟု သိခဲ့သည်။ တခြားသမီးတစ်ယောက် ရှိမှန်းတော့ မသိခဲ့ပေ။ ရှန်းထင်ရွှမ်း၏တည်ရှိမှုက လုအန်အန်အား ယခုစကားဝိုင်းကို အခြေခံပြီး သူမ၏ ဦးနှောက်ထဲတွင် မြင်ကွင်းတစ်ခုကို တွေးမိပြီးသား ဖြစ်စေသည်။

မူလက လီရှောင်းရုသည် ရှန်းထင်ရွှမ်းကို မကြိုက်ပေ။ သို့သော် သူမက ရှန်းရွှမ်ကို ပိုပြီး မကြိုက်ပေ။ ယနေ့ မြင်ကွင်းကို မြင်ပြီးနောက် သူမက ရှန်းထင်ရွှမ်းကို အရမ်းမမုန်းတော့ချေ။ ပြောရလျှင် ရန်သူ၏ရန်သူက မိတ်ဆွေဖြစ်သည်။ “ငါတို့ wechat မှာ အပ်ရအောင်၊ နင် အကူညီလိုရင် ငါ့ကို ရှာလိုက် “

လုအန်အန်က လီရှောင်းရုကို ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။ ယခုလေးတင် သူမက ရှန်းထင်ရွှမ်းကို အလွန်အမင်း မနှစ်သက်ခဲ့ပေ။ ယခု ရုတ်တရက်ကြီး ပြောင်းလဲသွားသည်။ သေချာသည်မှာ မိန်းမတစ်ယောက်၏ ခံစားချက်ပြောင်းလဲမှုက စာအုပ်တစ်အုပ်ကို လှန်လှောရသည်ထက် မြန်ဆန်နိုင်ပေသည်။

ရှန်းထင်ရွှမ်းက “ကောင်းပြီလေ “

သူတို့ ပထမဆုံး ဆုံတွေ့ခဲ့သည့် အချိန်တုန်းက လီရှောင်းရုသည် သူမကို အနည်းငယ် ရန်လိုနေခဲ့သည်ကို ရှန်းထင်ရွှမ်းက သိပေသည်။

လုအန်အန်ကလည်း သူမ၏ဖုန်းကို ထုတ်ယူလိုက်ပြီး “ငါလည်း အပ်မယ် “

အဘိုးဖေးက ကျေနပ်မှုအပြည့်ဖြင့် ထိုင်နေပြီး သူ့ဘေးရှိ မဂ္ဂဇင်းကို ဆက်ကြည့်နေလိုက်သည်။

မကြာမီ ဧည့်ခံပွဲက နေ့လယ်စာစားချိန် ရောက်လာခဲ့ပြီး အစေခံများက အဆင့်သင့် ဖြစ်နေကြသည်။ အဘိုးဖေးက လူတိုင်းကို စားပွဲဆီသို့ ဖိတ်ခေါ်လိုက်သည်။ သူက ပထမဆုံးထိုင်ခုံတွင် ထိုင်လိုက်ပြီး ဖေးဝမ်ရှုက ဘယ်ဘက်ခြမ်းတွင် ထိုင်နေသည်။ ရှန်းထင်ရွှမ်းကို ဖေးဝမ်ရှု၏ ဘယ်ဘက်တွင် စီစဉ်ပေးထားသည်။

ထိုကဲ့သို့ ထိုင်သည့်နည်းလမ်းက တကယ့်ကို မှားယွင်းနေပေသည်။ သို့သော် ယင်းကို အဘိုးဖေးက လိုချင်ပေသည်။ သူက ရှန်းထင်ရွှမ်းကို သူ၏ဘယ်ဘက်တွင် ထိုင်ခိုင်းရန် မစောင့်နိုင်တော့ပေ။

စားစရာများက အလျင်အမြန် ရောက်ရှိလာပြီး ဖေးမိသားစု၏ စားဖိုမှူးလက်ရာ ကောင်းမွန်ကောင်း သူတို့က ပြောနေကြပေသည်။

ရှန်းထင်ရွှမ်းက အလွန် ပျော်ရွှင်စွာ စားနေပေသည်။ အထူးသဖြင့် ဝက်သားငရုတ်သီးကြော် ဖြစ်သည်။ အတွင်းထဲရှိ ငရုတ်သီးက အရသာရှိလှပေသည်။ ငရုတ်သီး၏ရနံ့က ဝါးလိုက်ပြီး အချိန်တစ်ခုကြာအထိ လျှာထိပ်တွင် ရစ်ပတ်လွှမ်းခြုံထားနိုင်ပေသည်။

ဤငရုတ်သီးက အနည်းငယ် ချိုပေသည်။ အသားနှင့် ကြော်လိုက်သောအခါ ၎င်းက အနည်းငယ် အသားပြည့်ဝသော အရသာကို ရရှိပေသည်။

၎င်းက တစ်ကိုက်ကိုက်ရုံဖြင့် ကြွပ်ဆတ်နေပေသည်။ ယင်းက လူများကို ထမင်းအနည်းငယ် ထပ်စားရန် ပြုလုပ်နေပေသည်။

တစ်လုတ်စားပြီးနောက် ရှန်းထင်ရွှမ်းက ထိုငရုတ်သီးသည် သူမ စိုက်ထားသည့် တစ်ခုမှန်း အတည်ပြုနိုင်သွားသည်။ ၎င်းက ဝိညာဉ်စွမ်းအင် အနည်းငယ် ပါဝင်ပေသည်။

ရှန်းထင်ရွှမ်းမှလွဲ၍ လူတိုင်းက ဤဟင်းကို စားပြီးသည်နှင့် ချီးကျူးကြပေသည်။

လီရှောင်းရုအဖေ လီရှို့ဝေ့က ပြောလိုက်သည်။ “ဝမ်ရှု မင်းရဲ့စားဖိုမှူးက တကယ့်ကို အံ့ဩစရာပဲ “

ထိုကဲ့သို့ ရိုးရှင်းသည့် ဝက်သားငရုတ်သီးကြော်က အဓိကဟင်းပန်းကန်ထက် ပိုကောင်းပေသည်။ အထူးသဖြင့် ၎င်းတွင် ပါဝင်သည့် ငရုတ်သီး ဖြစ်သည်။ ယင်းက အဓိကဖြစ်သည့် အသား၏နေရာကို ယူသွားပေသည်။ ထိုကြော်ထားသည့် ငရုတ်သီးက အရသာပို ရှိပေသည်။

ဖေးဝမ်ရှုက အနည်းငယ် ပလွှားဝင့်ဝါခြင်း မရှိဘဲ “ဘယ်မှာလဲ ဒါက ဒီလောက်ပါပဲ “

ယခင်က စားဖိုမှူးချက်သည့် ဟင်းများက ယနေ့ ချက်သည်လောက် မကောင်းခဲ့ပေ။ စားဖိုမှူး၏ ဟင်းချက်စွမ်းရည်က ယနေ့ အကောင်းဆုံးဖြစ်နေပြီး အရသာက အဆင့်အများကြီး တိုးတက်လာခြင်းကို သူက မသိပေ။

လီရှို့ဝေ့က ယင်းကို ပြောလာသောအခါ သူက သူ့‌ဘေးရှိ လူများကို ကြည့်လိုက်သည်။ သူတို့က တူများကို မချဘဲ စားနေကြပြီး မကြာမီ ဟင်းပွဲက အောက်ခြေသို့ ရောက်လုနီးပါး ဖြစ်နေကြသည်။ လီရှို့ဝေ့က ဘာမှ ထပ်မပြောတော့ဘဲ အလျင်စလို စားနေလိုက်တော့သည်။

သုံးမိနစ်ခန့်ကြာပြီးနောက် ဟင်းပွဲများက စားလို့ ကုန်သွားခဲ့သည်။

အဘိုးဖေးက တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရပြီး စားဖိုမှူးကို ခေါ်လိုက်သည်။ “မင်း ဒီဟင်းပွဲကို ဘယ်လိုချက်ခဲ့တာလဲ “

စားဖိုမှူးက သူ့ရှေ့ရှိ သူဌေးကြီးများကို မြင်လိုက်ပြီး ဂရုတစိုက် ပြောလိုက်သည်။

“ပထမဆုံး အသားကို ယူပြီး နုတ်နုတ်စင်းလိုက်ပါတယ်၊ ပြီးတော့ ဟင်းချက်ဝိုင်ကို ထည့်လိုက်ပါတယ်၊ ဆီထဲကို ထည့်ထားလိုက်ပြီး ငရုတ်သီးတွေကို ဆေးကြောပြီး လှီး … “

ဖေးဝမ်ရှုက တုံ့ပြန်လိုက်ပြီး သူ၏စားဖိုမှူးကို ကြားဖြတ်ပြောလိုက်သည်။ “ဒီငရုတ်သီးက “

စားဖိုမှူးက “အိုး အဒေါ်ကျန်းက အထဲကို ဟင်းသီးဟင်းရွက်ခြင်း ယူလာခဲ့တယ် မလား၊ ငရုတ်သီးတွေက အရမ်းကောင်းတာကို မြင်ပြီး အဲ့တာတွေကို သုံးခဲ့တာ၊ ဒါ့အပြင် ငရုတ်သီးတွေက အနံ့လည်း ကောင်းတယ်၊ အဲ့တာတွေကို လှီးပြီးတော့ သူ့အနံ့ကိုတောင် ရသေးတယ်၊ ကြော်လိုက်ပြီးတော့လည်း ငရုတ်သီးတွေရဲ့အနံ့က ပိုပြီး စားချင်စဖွယ်တောင် ဖြစ်နေသေးတယ် “ သူ ပြန်ရောက်ပါက ဤငရုတ်သီးများ

ဘယ်က လာသလဲဟု မေးရပေမည်။

အဘိုးဖေး၏ မျက်နှာက ဒေါသကြောင့် စိမ်းရောင်သန်းနေပေသည်။ ထိုခြင်းက ရှန်းထင်ရွှမ်း ပို့ခဲ့သည့် ခြင်း ဖြစ်သည်။ သူက ဒါကို ဘယ်လိုလုပ် သာမန်ကာလျှံကာ သုံးနိုင်ရတာလဲ။

“ထွက်သွား “

ERST
Author: ERST
ကူးပြောင်းလာပြီးနောက် ဘော့စ်တွေက ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့

ကူးပြောင်းလာပြီးနောက် ဘော့စ်တွေက ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့

穿书后大佬都跪求我种地
Score 8.4
Status: Ongoing Type: Author: , , Artist: Released: 2020 Native Language: Chinese
မိတ်ဆက်ရှန်းထင်ရွှမ်းသည် နှစ်တစ်သောင်းသက်တမ်းရှိသော ဂျင်ဆင်း၀ိညာဉ်လေး ဖြစ်သည်။ သူသည် မိုးကြိုးပစ်ခံလိုက်ရပြီးနောက် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းခြင်း ခံလိုက်ရရှာသည်။ မူလကိုယ်က အနုပညာနယ်ပယ်မှ ဗီလိန်မ တစ်ယောက် ဖြစ်သည်။မူလကိုယ်သည် သမီးအရင်း ဖြစ်သော်ငြား ဟန်ဆောင်ထားသောသမီးကြောင့် အိမ်မှ နှင်ထုတ်ခံခဲ့ရ၏။သူမ၏ပိုက်ဆံများ ပြတ်လပ်သွားသောကြောင့် သူမ၏အမေဘက်မှ အဘွားချန်ထားခဲ့သော တောင်ကို ရောင်းလိုက်ရသည်။ ထိုပိုက်ဆံများဖြင့် သူမက အင်တာနက်ဆယ်လီလမ်းကြောင်းပေါ်သို့ ရောက်သွားတော့သည်။နှစ်ဝက်မတိုင်ခင်မှာပဲ သူမ၏ပိုက်ဆံများ ကုန်သွားခဲ့သည်။ သူမက အမျိုးသားဇာတ်လိုက်နှင့် ငြိခဲ့ပြီး အမျိုးသမီးဇာတ်လိုက်ကို အန္တရာယ်ပေးခဲ့ကာ တက်လမ်းပိတ်သွားခဲ့ရသည်။ကူးပြောင်းခံလိုက်ရသော ရှန်းထင်ရွှမ်းခမျာ ဆင်းဆင်းရဲရဲနှင့် သေလုမျောပါးဖြစ်နေခဲ့သည်။ ထို့နောက် သူမသည် သူမ၏ဝိညာဉ်ကြောများကို ပြန်လည်စုဆောင်းရန် စနစ်မှ ခိုင်းသော ဆန်းကြယ်သည့်တာဝန်များကို ပြီးမြောက်ရန် လုပ်ရပေမည်။ဝိညာဉ်ကြောများအားလုံး ပြန်လည်ရရှိပြီးနောက် ရှန်းထင်ရွှမ်းက အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး စနစ်နှင့် တိုက်ခိုက်ရန် တံခါးကို ဖွင့်လိုက်သည်။ ပြီးနောက် လူကြီးတစ်စုက တံခါးနားမှာ ဆောင့်ကြောင့်ထိုင်နေကြတာကို တွေ့လိုက်ရသည်။ သူမကို မြင်သောအခါ သူတို့၏မျက်နှာများက ပြုံးရွှင်သွားကြသည်။ ဘော့စ် ကျွန်တော်တို့က ဘော့စ်ကို ကူတိုက်ပေးမယ်။ ဘော့စ်က ကျွန်တော်တို့ကို အသီးသေတ္တာတစ်လုံးလောက် ပိုပေးနိုင်မလား။ဒါက ဇာတ်ညွှန်းအတိုင်း သွားနေတာနဲ့ မတူတော့ဘူးမလား။ရှန်းထင်ရွှမ်းသည် မြေယာကိုသာ ကောင်းစွာ စိုက်ပျိုးချင်ခဲ့သည်။ သို့သော်ငြား လူတချို့က သူမစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးများသည် ဟော်မုန်းများ ပါဝင်နေသည်ဟု တင်ပြခဲ့ကြသည်။ဘယ်သူဝယ်ချင်ချင် ကိစ္စမရှိဘူး။ သူမကလည်း ရောင်းမှာ မဟုတ်ဘူး။ဒီည ဘော့စ် ABC တို့သည် သူမ၏တောင်ခြေ၌ စိတ်အားထက်သန်စွာ အတူတကွ စုဝေးနေကြသည်။ဘော့စ် A: ဘော့စ် အခုဆိုရင် ဘော့စ် စိုက်ပျိုးတာက အကောင်းဆုံးဆိုတာ ကွန်ရက်တစ်ခုလုံးက သိနေကြပြီ။ဘော့စ် B: အဲ့ဒီလူတွေက သတင်းမှားတွေကို ကြာကြာမဖြန့်ရဲတော့ပါဘူး။ဘော့စ် C: ဒါ့ကြောင့် ဘော့စ်, ကျွန်တော်တို့ကို ဟင်းသီးဟင်းရွက်တွေ ဆက်ရောင်းပေးနိုင်မလား။...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset