အခန်း (၂၃)
စားဖိုမှူးက အဘိုးဖေးကို ရုတ်တရက် ဒေါသထွက်စေလောက်အောင် ဘာလုပ်ခဲ့မိမှန်း နားမလည်ခဲ့ချေ။ သူက အလွန်အမင်း စိုးရိမ်ပူပန်သွားခဲ့သည်။
လုကျန်းယဲ့က သူ့စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးသွားခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်းဆီမှ အသီးအရွက်နှစ်မျိုးက အလွန် အရသာရှိမည်ဟု မမျှော်လင့်ခဲ့ပေ။ ထိုပါဝင်ပစ္စည်းများဖြင့်သာ ဟင်းပွဲများ၏အရသာက အလွန်တိုးတက်လာရပေသည်။
စူပါမောတွင် ဆီးသီးများနှင့် မက်မွန်သီးများကိုသာ ဝယ်ရလျှင် အရမ်းအကျိုးသက်ရောက်မှု မရှိဟု လုမိသားစုက တွေးနေခဲ့သည်။ သို့သော် စူပါမောတွင် ရှန်းထင်ရွှမ်းဆီမှ ဟင်းသီးဟင်းရွက်များ၊ အသီးများနှင့် တခြားအရာများအားလုံးကို ဝယ်ရလျှင် အနာဂတ်တွင် ဤစူပါမောက သေချာပေါက် မယုံနိုင်ဖွယ်ရာ ဖြစ်လာပေလိမ့်မည်။
ထိုအကြောင်း စဉ်းစားမိပြီး လုကျန်းယဲ့က ရှန်းထင်ရွှမ်းကို အထင်အမြင် မသေးရဲတော့ပေ။ လီရှို့ဝေ့ကလည်း အတွေးတူပေသည်။ သူက ထိုမိန်းကလေး၏ ဟင်းသီးဟင်းရွက်များက အလွန်အရသာရှိမည်ဟု မမျှော်လင့်ခဲ့ပေ။
ဖေးဝမ်ရှုက စိတ်ညစ်သွားသော်လည်း သူ့အဖေကဲ့သို့ တိုက်ရိုက် မျက်နှာပြောင်းမသွားဝံ့ချေ။ သို့သော် သူ့နှလုံးသားထဲတွင် သွေးများ ယိုစီးနေပြီ ဖြစ်သည်။ ခြင်းထဲတွင် ငရုတ်သီး ဘယ်လောက်များများ ပါနိုင်မည်နည်း။ ထိုဟင်းပွဲက တစ်ဝက်ထက်ပိုပြီး အသုံးပြုရပေမည်။
သို့သော် သူက သူ့အပြုံးကို ထိန်းထားဆဲ ဖြစ်သည်။ အရွယ်ရောက်သူတစ်ယောက်ဖြစ်ခြင်းက တကယ့်ကို ပင်ပန်းပေသည်။
သူတို့က ငရုတ်သီးနှင့် ကြော်ထားသည့် ဝက်သားကြော်ကို စားပြီးသည်နှင့် ကျန်သည့်ဟင်းပွဲများက အရသာမရှိသလို ဖြစ်သွားပေသည်။
စကားအနည်းငယ် ပြောပြီးနောက် လူတိုင်းက သူတို့၏တူများကို ချထားလိုက်ကြသည်။
သူတို့က စကားဝိုင်းဖွဲ့ပြောနေစဉ်အတွင်း အပြင်ဘက်ရှိ အစေခံက ရုတ်တရက် ပြောလိုက်သည်။
“သခင်ကြီး ချင်မိသားစုရဲ့ ဘဏ္ဍာထိန်းက ဒီမှာ ရောက်နေပါပြီ “
ချင်မိသားစုက တရုတ်ပြည်ရှိ အဓိကမိသားစုကြီးလေးခုထဲမှ တစ်ခုဖြစ်သည်။ ချင်မိသားစု၏ ဘဏ္ဍာထိန်းက ချန်သဲဖြစ်သည်။
လူတိုင်းက လျင်မြန်စွာ ထလိုက်ကြသည်။ ချင်မိသားစုက ဖေးမိသားစု၊ ဖူမိသားစုတို့နှင့် ကွဲပြားပေသည်။ သူတို့က တရုတ်ပြည်တွင် အထက်တန်းအကျဆုံး မိသားစုဖြစ်သည်။ ချင်မိသားစုရှိ အိမ်အကူကိုတောင် သူတို့က အလေးမထား မပြုမူရဲပေ။
ချန်သဲက အသက် ငါးဆယ်ကျော် လူတစ်ယောက် ဖြစ်သည်။ သို့သော် သူ့အသက်ကို အားလုံးက အတိအကျ မပြောနိုင်ပေ။ သူက လက်ဆောင်တစ်ခုဖြင့် လာခဲ့ပေသည်။ လူတိုင်းကို နှုတ်ဆက်ပြီးနောက် သူက ပြောလိုက်သည်။
“ကျွန်တော်ရဲ့ သခင်ကြီးချင်က သခင်ကြီးဖေးကို လက်ဆောင်တစ်ခု ပေးဖို့ ကျွန်တော့်ကို ပြောခဲ့တယ်၊ သခင်ကြီးဖေး ရှို့ပီနန်တောင်လို အသက်ရှည်ပါစေ “
အဘိုးဖေးက လက်ဆောင်ကို ကိုယ်တိုင် လက်ခံလိုက်ပြီး “ဘဏ္ဍာထိန်းချန်က အရမ်းယဉ်ကျေးနေပါပြီ၊ ထိုင်ပါဦးလား “
ချန်းသဲက ယဉ်ယဉ်ကျေးကျေး ငြင်းပယ်လိုက်သည်။ “အိမ်မှာ လုပ်စရာတချို့ ရှိနေသေးလို့ပါ၊ သခင်ကြီးဖေးရဲ့ ဧည့်ဝတ်ကျေပွန်မှုကို မဆင်နွှဲနိုင်တာ တောင်းပန်ပါတယ် “
ရှန်းထင်ရွှမ်းနှင့် လုအန်အန်မှ လွဲ၍ ဧည့်ခံပွဲရှိ ကြီးမားသည့်စားပွဲဝိုင်းမှ လူများက ချန်သဲကို လိုက်ပါပို့ဆောင်ပေးနေကြသည်။
လုအန်အန်က “ဘာလို့ သူ့ကို လိုက်မပို့တာလဲ “
ရှန်းထင်ရွှမ်းက ထိုလူအား မသိဘူးဟု ပြောချင်ခဲ့သည်။ သူမက ချင်မိသားစုကို စိတ်မဝင်စားခဲ့ပေ။
“လူအများကြီး သွားကြလို့လေ “ ထိုပါဝင်ပတ်သက်မှုက သူမကို မလိုအပ်ပေ။
လုအန်အန်က ပြုံးလိုက်ပြီး “ငါရောပဲ “ ချင်မိသားစုက အလွန်အင်အားကြီးသော်လည်း သူမက ချင်မိသားစုကို မျက်နှာသာမပေးပေ။
“ဒါပေမဲ့ ငါ သခင်လေးချင်အကြောင်းတော့ အရမ်း သိချင်တယ်၊ သူက ဒီမတိုင်ခင်ထဲက ဘယ်တုန်းမှ ပေါ်မလာခဲ့ဖူးဘူး “ လုအန်အန်က ပြောလိုက်သည်။
“လူတချို့ ပြောတာကတော့ သူက ရုပ်ဆိုးတယ်တဲ့၊ တချို့ကတော့ သူက လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှု မရှိဘူးလို့ ပြောတယ်၊ ဒါပေမဲ့ သူက အရမ်းကောင်းပါတယ်၊ သူ့ဦးလေး ချင်မိသားစုကနေ ယူသွားခဲ့တဲ့အရာအားလုံးကို သူ့လက်နဲ့ ဖြည်းဖြည်းချင်း ပြန်ယူနိုင်ခဲ့တယ်လေ “
ရှန်းထင်ရွှမ်းက ထိုလူများအကြောင်းကို ဘာမှ မသိပေ။။ ထို့ကြောင့် သူမက တိတ်တဆိတ်သာ နားထောင်နေခဲ့သည်။ ကံကောင်းစွာပင် အဘိုးဖေးနှင့် သူ၏ ဧည့်သည်များက မကြာမီ ပြန်လာခဲ့ကြသည်။
နေ့လယ်စာစားပြီးနောက် ရှန်းထင်ရွှမ်းက အရင်ဆုံး ပြန်သွားခဲ့သည်။ အဘိုးဖေးက တွန့်ဆုတ်နေသော်လည်း သူမတွင် ဂရုစိုက်ရန် တောင်ကြီးတစ်တောင် ရှိနေသေးသည်။ သူက လူအိုကြီးတင်းကို သူမအား ပြန်ပို့ရန် ပြောလိုက်သည်။
ရှန်းထင်ရွှမ်းထွက်သွားပြီး သိပ်မကြာခင် ဖေးလွေ့က ပြန်ရောက်လာခဲ့သည်။
ဖေးလွေ့က ယနေ့ အရေးကြီးသည့် ဟက်ကာပြိုင်ပွဲတစ်ခု ရှိနေပေသည်။ ထို့ကြောင့် သူက အဘိုးဖေးကို မနေ့ညကတည်းက လက်ဆောင်ကို ကြိုပေးထားခဲ့သည်။
ပြန်လာသည့်လမ်းတွင် ဖေးလွေ့က တခြားလက်ဆောင်တစ်ခုကို ဝယ်လာခဲ့ပြီး အိမ်ပြန်ရောက်ရောက်ချင်း သူက အဘိုးဖေးကို ထိုလက်ဆောင်ပေးခဲ့သည်။
အဘိုးဖေးက မြေးတစ်ယောက်အနေဖြင့် ဖေးလွေ့ကို အရမ်းကျေနပ်အားရနေခဲ့သည်။
“ငါ မင်းအတွက် ဖရဲသီးတစ်လုံး ချန်ထားတယ် “
ဖေးလွေ့က ပြောလိုက်သည်။ “ကျွန်တော် အဲဒီမက်မွန်သီး စားချင်တာ “
အိမ်ရှိ မက်မွန်သီးများက အားလုံး စားကုန်သွားခဲ့သည်။ အဘိုးဖေးက ပြောလိုက်သည်။ “မင်း အရင်ဆုံး စားကြည့်ပါဦး “
“ကောင်းပါပြီ “ ယနေ့က အဘိုးဖေး၏မွေးနေ့ ဖြစ်သည်။ သူတောင်းဆိုသည့် ဘယ်အရာကိုမဆို ဖေးလွေ့က လုပ်ရပေလိမ့်မည်။ ထို့အပြင် ၎င်းက အရသာမကောင်းလျှင် သူက တစ်ကိုက်သာ စားပေလိမ့်မည်။
အဒေါ်ကျန်းက သေးငယ်သည့် ဖရဲသီးတစ်ပန်းကန် ပြင်ပေးလိုက်သည်။ ဖေးလွေ့က တစ်စိပ်စားပြီး ရုတ်တရက် ထအော်လိုက်သည်။ “အား……. အဘိုးကို အရမ်းချစ်သွားပြီ “ ဤဖရဲသီးက မက်မွန်သီး အရသာရှိသလိုမျိုး အလွန် အရသာရှိပေသည်။
နေ့ခင်းတွင် ဧည့်သည်များ ထွက်သွားပြီးနောက် ဖေးဝမ်ရှုက မီးဖိုချောင်ထဲသို့ တိုက်ရိုက်သွားခဲ့သည်။ အဒေါ်ကျန်းက ဆေးကြောနေခဲ့ပြီး ဖေးဝမ်ရှုကို မြင်သောအခါ သူက မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။ “သခင်ကြီး ဘာများ လိုအပ်လို့ပါလဲ “
ဖေးဝမ်ရှုက “ငါ့အတွက် ဖရဲသီးတစ်ခြမ်း ခွဲပေး၊ ပြီးရင် အိပ်ခန်းထဲ လာပို့လိုက် “
အစေခံက ၎င်းကို အလျင်အမြန် ခွဲလိုက်သည်။ သူမက တစ်ဝက်ကိုခွဲပြီး အစိပ်သေးသေးလေးဖြစ်အောင် စိပ်လိုက်သည်။ သို့သော် ဖေးဝမ်ရှုက တားလိုက်သည်။ ထို့နောက် သူက ကြောင်အိမ်မှ ဇွန်းနှစ်ချောင်းကို ယူလိုက်ပြီး အပေါ်ထပ်သို့ တက်သွားခဲ့သည်။
မကြာမီ အဒေါ်ကျန်းက မခွဲရသေးသည့် ဖရဲသီးတစ်ခြမ်းကို ကူသယ်လာခဲ့သည်။
မစ်ဖေးက ရေချိုးပြီးနောက် သူမ၏ယောက်ျားရှေ့တွင် ဇွန်းနှစ်ချောင်းစိုက်ထားသည့် ဖရဲသီးကြီးတစ်လုံးကို တွေ့လိုက်ရသည်။
ဖေးဝမ်ရှုက စားပွဲပေါ်တွင် ဖရဲသီးကို ထားလိုက်ပြီး “ဖရဲသီး စားရအောင် “
ယနေ့ နေ့လယ်ခင်းက မစ်ဖေးက တခြားအမျိုးသမီးများနှင့်အတူ လက်ဖက်ရည် သောက်နေခဲ့သည်။ ထို့ကြောင့် သူမက ရှန်းထင်ရွှမ်းယူလာသည့် အသီးကို မမြည်းစမ်းရသေးပေ။
“နောက်ကျနေပြီ၊ ဘာလို့ ဖရဲသီးစားနေတာလဲ “ ထပ်ပြောရလျှင် ဧည့်သည်များကို ပြန်လိုက်ပို့ပြီးနောက် ဖေးဝမ်ရှုက ဖရဲသီးအကြောင်း ချီးမွမ်းနေသည်ကို ကြားရသည်မှာ လုံလောက်နေပြီ ဖြစ်သည်။
ဖေးဝမ်ရှုက ဘာမှဆက်ပြောဘဲ ဖရဲသီးကို ဇွန်းတစ်ချောင်းဖြင့် ကော်လိုက်သည်။
မစ်ဖေးက ပြုံးပြီး ပြောလိုက်သည်။
“ရှင် စားချင်ရင်လည်း ဘာလို့ အဒေါ်ကျန်းကို မခွဲခိုင်းတာလဲ “
သူမက ဖေးဝမ်ရှုနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ဇွန်းတစ်ချောင်းဖြင့် အပိုင်းသေးသေးလေးတစ်ခု ကော်ယူလိုက်သည်။
၎င်းကို သူမ ပါးစပ်ထဲထည့်ပြီး စားလိုက်သည့်အချိန်တွင် သူမက မျက်လုံးများကို ပင့်လိုက်မိပြီး “ဒါက ဟိုကောင်မလေးဆီကပဲလား “ သူမလည်း နေ့လယ်က ငရုတ်သီးများကို စားခဲ့ရပေသည်။ လူတိုင်း၏ သဘောကျသည့်မျက်လုံးများကို သဘာဝကျစွာပင် မြင်တွေ့ခဲ့ရသည်။
ထိုကဲ့သို့ အရသာရှိသည့် အသီးများနှင့် ဟင်းသီးဟင်းရွက်များက သူမတို့၏ စူပါမားကတ်တွင်သာ ရောင်းချသည်ကို တွေးမိသွားသောအခါ မစ်ဖေးက အလွန် ပျော်ရွှင်သွားခဲ့သည်။
ဖေးဝမ်ရှုက ခေါင်းညိတ်လိုက်သည်။ “အဲ့တာကြောင့် စားဖို့ ပြောနေတာပေါ့ “
မစ်ဖေးက ပုံပန်းသွင်ပြင်ကို ဂရုစိုက်သည့်သူတစ်ယောက် ဖြစ်သည်။ သူမက ညနေ ၈နာရီနောက်ပိုင်း အမြဲတမ်း ဘာမှ မစားတော့ပေ။ ရေကိုတောင် မသောက်ခဲ့ပေ။
ယနေ့၌ သူမသည် ဖေးဝမ်ရှုနောက်လိုက်ပြီး ထိုဖရဲသီးကို စားနေမိသည်။
ဖေးဝမ်ရှုက စားသောက်ပြီးနောက် ဆိုဖာပေါ်တွင် သက်သောင့်သက်သာလှဲလိုက်ပြီး ပြောလိုက်သည်။ “ဒါ ဘဝလို့ ခေါ်တယ် “
…
ဘေးခန်းရှိ ဖေးလွေ့ကလည်း ည ဆယ်နာရီတွင် မီးဖိုချောင်ထဲသို့ ပြေးသွားပြီး ဖရဲသီးနှစ်လုံးကို ယူလိုက်ကာ တဖြည်းဖြည်း စားရန် သူ့အခန်းသို့ ပြန်ယူလာခဲ့သည်။
စားနေစဉ်အတွင်း ဖေးလွေ့က သူ မနက်တုန်းက အိမ်မှာ ရှိနေလျှင် ကောင်းမည်ဟု စဉ်းစားနေခဲ့သည်။ ဘယ်လိုလူမျိုးက ဒီလို အရသာရှိတဲ့ အသီးတွေ စိုက်ပျိုးနိုင်တာလဲ သူက တကယ်ပဲ သိချင်နေမိသည်။
…
ရှန်းထင်ရွှမ်းက အိမ်ပြန်လာခဲ့ပြီး ထော်လာဂျီအသေးလေးကို ခြံဝန်းအပြင်ဘက်သို့ မောင်းလာခဲ့သည်။ ပြီးနောက် တောင်ပေါ်ရှိ အသီးပင်တချို့ကို ရေလောင်းရန် သွားလိုက်သည်။ ထို့နောက် ရေချိုးရန် ပြန်လာခဲ့ပြီး အိပ်ရာပေါ်တွင် လဲလျောင်းလိုက်သည်။
ခုတင်ကို ပြောင်းလိုက်ကတည်းက သူမ အားသည့်အချိန်တိုင်း လှဲရတာ နှစ်သက်နေတော့သည်။
၎င်းက သက်သောင့်သက်သာ ရှိပေသည်။
ယနေ့ညတွင် ရှန်းထင်ရွှမ်းက ကောင်းစွာ အိပ်ပျော်နိုင်ခဲ့သည်။ သို့သော် ရှန်းရွှမ်က အိပ်မပျော်နိုင်ခဲ့ချေ။
ဖေးအိမ်တော်မှ ထွက်လာခဲ့ပြီးနောက် ဖူလဲ့ထျန်းက ရှန်းရွှမ်ကို ရုပ်ရှင်ကြည့်ရန် ခေါ်သွားခဲ့ပြီး ညစာကောင်းကောင်း လိုက်ကျွေးခဲ့သည်။ ထို့ကြောင့် ရှန်းရွမ်က တဖန် ပြန်ပြုံးလာခဲ့ပြီး ဖူလဲ့ထျန်းက ပိုပြီးတောင် စိတ်ညစ်သလို ခံစားခဲ့ရသည်။
ရှန်းရွှမ်ကို ရှန်းအိမ်သို့ ပြန်ပို့ပြီးနောက် ဖူလဲ့ထျန်းက အိမ်သို့ အလျင်စလို မပြန်ခဲ့ပေ။ ရှန်းထျန်းသဲ ပြန်လာသည်ကို စောင့်ဆိုင်းနေခဲ့သည်။
အလုပ်ရှုပ်သည့် နေ့တစ်နေ့ ကုန်ဆုံးပြီးနောက် ရှန်းထျန်းသဲက အိမ်သို့ ပြန်လာခဲ့ပြီး ဖူမိသားစု၏ သခင်လေးကို ဤနေရာတွင် တွေ့လိုက်ရသည်။ သူက လျင်မြန်စွာ ပျော်ရွှင်သွားခဲ့သည်။
“သခင်လေးဖူ ဒီနေ့ ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ “
ဖူလဲ့ထျန်း၏အမူအရာက မကောင်းပေ။ သို့သော် ရှန်းထျန်းသဲက ရှန်းရွှမ်၏အဖေလည်း ဖြစ်သည်ကို စဉ်းစားလိုက်မိသည်။ သူက တည်ငြိမ်သည့်အသံဖြင့် ပြောလိုက်သည်။
“ဦးလေး အဲ့ဒီ ရိုင်းစိုင်းတဲ့ မိန်းကလေးကို ကောင်းကောင်း ဂရုစိုက်သင့်တယ် “
ရှန်းထျန်းသဲက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ဖူလဲ့ထျန်းက ရှန်းထင်ရွှမ်းကို ရည်ညွှန်းတာ ဖြစ်ရမည်။
“အဲဒီ ကောင်မလေးက ဘာလုပ်ခဲ့တာလဲ၊ သခင်လေးဖူကို စိတ်မချမ်းသာအောင် လုပ်လိုက်တာပဲ၊ အဲ့ဒီအတွက် တောင်းပန်ပါတယ် “
ဖူလဲ့ထျန်းက “အဲ့တာ ကျွန်တော်မဟုတ်ဘူး၊ သူ့ရဲ့သဘောထားက ရွှမ်ရွှမ့်အပေါ်ကို အရမ်းဆိုးတယ်၊ ရွှမ်ရွှမ်က အနာဂတ်မှာ ဖူမိသားစုရဲ့ သခင်မလေး ဖြစ်လာမဲ့သူပဲ၊ သူမမှာ ဘယ်လိုလုပ် ဒီလိုညီမမျိုး ရှိနေတာလဲ “
၎င်းကို နားထောင်ပြီး ရှန်းထျန်းသဲ၏မျက်နှာက မဲမှောင်သွားခဲ့သည်။ သို့သော် “ဖူမိသားစု၏ သခင်မလေး “ ဟူသည့် စကားလုံးကို ကြားပြီးနောက် သူ၏မျက်နှာက ရုတ်တရက် တောက်ပသွားခဲ့သည်။ “သခင်လေးဖူ ဘာတွေ ပြောနေတာပါလဲ၊ ဒီဟာမလေးကို လမ်းခုလပ်မှာ ခွဲထုတ်လိုက်ပါပြီ၊ သခင်လေးဖူ မစိုးရိမ်ပါနဲ့၊ ကျွန်တော် ဒီပြဿနာကို ဖြေရှင်းလိုက်ပါ့မယ် “
ရှန်းရွှမ်က ဘေးမှ ပြောလိုက်သည်။
“ဒါတွေက ညီမလေးနဲ့ ဘာမှ မပတ်သက်ပါဘူး၊ အခုသမီးခံစားခွင့် ရသမျှက ညီမလေး အပိုင်တွေပါပဲ၊ သူ့ကို တစ်ယောက်ထဲ ထားလိုက်ပါ “ ရှန်းရွှမ်က ဖူလဲ့ထျန်းကို ကြည့်လိုက်သည်။ သူမ၏ အကြည့်များက ထောင်ပေါင်းများစွာသော ချစ်ခြင်းမေတ္တာများ ပါဝင်ပေသည်။
အချိန်တစ်ခုကြာပြီးနောက် ရှန်းရွှမ်က ကြီးမားသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး စိတ်နှလုံးပူဆွေးစွာဖြင့် ပြောလိုက်သည်။
“ညီမလေးက အမြဲတမ်းက လဲ့ထျန်းကို သဘောကျခဲ့တာ၊ လဲ့ထျန်းကို ထွက်သွားခိုင်းလိုက်မယ်ဆိုရင် ညီမလေးကို ပိုစိတ်ချမ်းသာအောင် လုပ်နိုင်လိမ့်မယ်၊ ကျွန်မ … “
—–
စာရေးသူမှာ ပြောစရာ ရှိနေပါတယ်။
အဘိုးဖေး။ အိုး ငါ့ရဲ့ အဖိုးတန် ငရုတ်သီးလေး T-T
ဖေးဝမ်ရှု
။ ငါ အရမ်း ဒေါသထွက်တယ်။ ဒါပေမဲ့ ငါ့အပြုံးကို ထိန်းထားရတုန်းပဲ။
လီမိသားစု၊ လုမိသားစု။ ဟမ်၊ ငါတို့ ပိုစားရအောင် ဘာလုပ်သင့်လဲ။
…