အပိုင်း (၁၁)
ရှန်းထင်ရွှမ်းက ရှန်းမိသားစုအိမ်သို့ ရောက်သောအခါ ရှန်းရွှမ် အိမ်၌ ရှိနေသည်နှင့် ကြုံလိုက်ရသည်။ တခြားသူများကလည်း အိမ်၌ ရှိနေကြသည်။ လူတိုင်းက တစ်ခုခုကို စီစဥ်ရန် အလုပ်ရှုပ်နေကြပုံပေါ်သည်။
ရှန်းထင်ရွှမ်း ပြန်လာသည်ကို မြင်သောအခါ သူတို့အားလုံးက ဝိုင်းကြည့်လိုက်ကြသည်။
အတိတ်တွင်သာ ဖြစ်ပါက ရှန်းထင်ရွမ်းသည် သေချာပေါက် စိတ်တည်ငြိမ်နိုင်မည် မဟုတ်ပေ။ သို့သော် ယခု ရှန်းထင်ရွှမ်းက သူတို့ကို ဂရုမစိုက်ပေ။ ပြီးနောက် ရှန်းရွှမ်ဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။
ရှန်းရွှမ်က ရှန်းထင်ရွှမ်းကို မြင်လိုက်ပြီး အနည်းငယ် အံ့ဩသွားသည်။
“ညီမလေး နောက်ဆုံးတော့ အိမ်ပြန်လာပြီပေါ့၊ အမေနဲ့အဖေက ညီမလေးကို အရမ်းသတိရနေကြတာ ”
ရှန်းထင်ရွှမ်းက ရှန်းရွှမ်ကို ခံစားချက်မဲ့စွာ ကြည့်လိုက်ပြီး “ရှင်းယွမ်ရှန်က ငါ့အသီးတွေကို ဖြတ်တောက်ဖို့ ပိုင်လျန်ကို ဘာကြောင့် ပြောခဲ့တာလဲ ” ရှန်းရွှမ်က အနည်းငယ် ဂုဏ်ယူသလို ခံစားလိုက်ရသည်။ သို့သော် သူမက ခေါင်းကို ခါလိုက်ပြီး “ညီမလေး မမကို အထင်လွဲနေပြီ၊ ညီမလေးရဲ့အသီးတွေကို မဝယ်ဖို့ ပိုင်လျန်ကို ဘယ်တုန်းကမှ မလုပ်ခိုင်းခဲ့ဘူး… ”
ရှန်းထင်ရွှမ်းက ရှန်းရွှမ်နှင့် အဓိပ္ပာယ်မရှိသော စကားများဆက်ပြောရန် အလွန် ပျင်းနေသည်။
“ကောင်းပြီ၊ ငါ အခု ဒီမှာ နင့်ကို ပြောမယ်… ”
သူမ ပြော၍မပြီးသေးခင် ရှန်းထင်ရွှမ်းက တံခါးအပြင်ဘက်မှ အသံကို ကြားလိုက်ပြီး သူမက လှည့်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ဖောက်ခနဲ အသံတစ်ခု ထွက်လာသည်။
ရှန်းထင်ရွှမ်းက သူမခေါင်းကို ပြန်လှည့်လိုက်သောအခါ ရှန်းရွှမ်က ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး သူမ၏ညာဘက်မျက်နှာအား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
ရှန်းရွှမ်က သူ့မျက်နှာကို အောက်ငုံ့ထားပြီး မည်သူမှ သူမ၏အမူအရာကို မမြင်နိုင်ပေ။ ယနေ့ အိမ်သို့ လာမည့်ဧည့်သည်က ကွဲပြားခြားနားသည်ကို သူမက သိသည်။ ပါပါးရှန်းနှင့် မာမားရှန်းက စောစောပြန်လာမည်မှာ သေချာသည်။
ပါပါးရှန်းက ရှန်းရွှမ်၏ရှေ့တွင် မတ်တတ်ရပ်နေသော ရှန်းထင်ရွှမ်းကို တွေ့လိုက်ပြီး ကြမ်းပြင်ပေါ်တွင် သူမမျက်နှာကို အုပ်လျက် ထိုင်နေသော ရှန်းရွှမ်ကို မြင်လိုက်ရသည်။
“ရှန်းထင်ရွှမ်း နင့်အသက် ငယ်ငယ်လေးနဲ့ ဒီလောက် ရက်စက်လိမ့်မယ်လို့ မထင်ထားဘူး ”
“နင့်မမကို မြန်မြန်တောင်းပန်လိုက်စမ်း ” ထိုအဆင့်ဆင့်အော်ငေါက်သံက ပါပါးရှန်းသည် ရှန်းထင်ရွှမ်းအပေါ် ချစ်ခင်နှစ်သက်ခြင်း မရှိဟု လူများကို ထင်မြင်သွားစေသည်။
“ရွှမ်ရွှမ် သမီး အဆင်ပြေလား ” မာမားရှန်းက ရှန်းရွှမ်ကို ထူလိုက်ပြီး ရှန်းထင်ရွှမ်းကို သဘောမကျသည့်အကြည့်ဖြင့် ဖျတ်ခနဲ ကြည့်လိုက်သည်။
မိသားစုတစ်စုက တူညီသည့်ရန်သူကို တိုက်ခိုက်ရန် ရှိနေသကဲ့သို့ ထိုလူသုံးယောက်က တစ်တန်းထဲ ရပ်နေကြသည်။
နောက်ပြီး သူတို့၏ရန်သူက ရှန်းထင်ရွှမ်းပင်။
နှစ်တစ်သောင်းကြာ အသက်ရှင်နေထိုင်ခဲ့သည့် ဂျင်ဆင်းမြစ်တစ်ခုအနေဖြင့် သူမ အမုန်းဆုံးက မှားနေကြခြင်းကို ဖြစ်သည်။ ယခု ယခု သူမ၏ဝိညာဉ်သွေးကြောများက ၈% ပြန်လည်ရရှိပြီး ဖြစ်သည်။ ထို့ကြောင့် ခွန်အားအများကြီးသုံးရန် စွမ်းအင်အနည်းငယ်သာ လိုပေသည်။
“ဖြန်း ” ရှန်းထင်ရွှမ်းက ရှေ့တိုးလိုက်ပြီး ရှန်းရွှမ်ကို ပါးရိုက်ချလိုက်သည်။ သို့သော် တကယ်တော့ ထိုရိုက်ချက်က စွမ်းအားအများအပြား ပါဝင်ပေသည်။
တစ်အိမ်လုံးက တိတ်ဆိတ်သွားသည်။ ထင်ရှားသည့် လက်ငါးချောင်းရာက ရှန်းရွှမ်၏မျက်နှာတွင် ပေါ်လာပြီး သူမ၏ပါးက ရောင်ကိုင်းနေသည်ကို မြင်နိုင်ပေသည်။
ရှန်းရွှမ်က သူမ၏ခေါင်း ချာချာလည်နေသည်ကိုသာ ခံစားနေရပြီး သူမ၏ပါးစပ်မှ သွေးအနည်းငယ် ထွက်လာခဲ့သည်။ ရှန်းထင်ရွှမ်း၏ ရိုက်ချက်က အားအပြည့်သုံးထားခြင်းဖြစ်သည်။ သို့သော် အပြင်ဘက်တွင်တော့ သူမက အားကုန် မသုံးထားပုံ ပြထားသည်။
ပါပါးရှန်းနှင့် မာမားရှန်းက တစ်စုံတစ်ယောက်ကို ရှန်းထင်ရွှမ်း ရုတ်တရက် ရိုက်လိမ့်မည်ဟု မထင်ထားချေ။ ရှန်းထင်ရွှမ်းကို အိမ်ပြန်ခေါ်ပြီးနောက် သူမက ရှန်းရွှမ်နှင့် အဆင်မပြေခဲ့သော်လည်း အရင်က သူမ၏လက်ကို ဘယ်သောအခါမှ မမြှောက်ခဲ့ပေ။
အချိန်တစ်ခုကြာ ပါပါးရှန်းနှင့် မာမားရှန်းက မတုံ့ပြန်နိုင်ခဲ့ပေ။
“နင့်ကို ငါက ရိုက်တယ်လို့ ပြောခဲ့မှတော့ ငါက ဒါကို အတည်ဖြစ်အောင် လုပ်ပေးရတာပေါ့ ”
ရှန်းထင်ရွှမ်းက သူတို့သုံးယောက်ကို ဖြတ်သွားပြီး သူမအခန်းဆီသို့ လျှောက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမက ရုတ်တရက် ပြန်လည့်လိုက်ပြီး “နင့်ဘာသာနင်ရိုက်တာနဲ့ သူများရိုက်တာ မတူဘူးဆိုတာ ရှင်းပြဖို့မလိုတော့ဘူးနော်၊ ငါ့ရဲ့ သိပ်တော်တဲ့အစ်မလေး ”
ထိုစကားကို ကြားလိုက်သောအခါ ပါပါးရှန်းနှင့် မာမားရှန်းက ရှန်းရွှမ်၏ ဘယ်ဘက်မျက်နှာကို ကြည့်လိုက်ကြသည်။
ပါပါးရှန်းနှင့် မာမားရှန်းက သူမကို ယုံကြည်စေရန် ရှန်းရွှမ်၏ ကိုယ်ပိုင်ရိုက်ချက်က အားမနည်းပေ။ ထို့ကြောင့် အနီရောင်အရာတစ်ခု ရှိနေဆဲ ဖြစ်သည်။ သို့သော် လက်မရာက အောက်ဘက်တွင် ရှိနေပေသည်။
၎င်းက အပေါ်ဘက်တွင် လက်မရာရှိနေသည့် ရှန်းထင်ရွှမ်း၏ရိုက်ချက်နှင့် လုံးဝကွဲပြားပေသည်။
ရှန်းရွှမ်က သူမ၏မျက်နှာကို ထပ်အုပ်လိုက်ပြီး ငိုလျက် သူမ၏အခန်းသို့ ပြန်ပြေးသွားသည်။ သူမက ရှန်းထင်ရွှမ်းဘေး ဖြတ်သွားသောအခါ ရှန်းထင်ရွှမ်း၏ပခုံးကို ရိုက်ချင်ပုံပေါ်ပေသည်။ သို့သော်လည်း ရှန်းထင်ရွှမ်းက ကြောက်စရာကောင်းနေသည်။ ထို့ကြောင့် ရှန်းရွှမ်ခမျာ ဆောင့်အောင့် ထွက်သွားလေသည်။
“ကျွတ် ကျွတ် ကျွတ်” ရှန်းထင်ရွှမ်းက ပိုပြီးတောင် အထင်မြင်သေးသွားခဲ့သည်။ ရှန်းရွှမ်က သူမ၏ အလိမ်အညာတွေရှေ့မှာ ဒီလိုလုပ်ရဲတာ တော်ရုံ အရှက်မရှိပေ။
ရှန်းရွှမ်ကို သင်ခန်းစာပေးပြီး ရှန်းထင်ရွှမ်းက မွေ့ယာအစုံအနည်းငယ်ကို ထုပ်ပိုးရန် စီစဥ်လိုက်သည်။ ပြီးနောက် ၎င်းတို့ကို ရှင်းယွမ်ရှန်သို့ သယ်သွားရမည်ပင်။ သူမက ထိုမွေ့ယာများသည် အလွန်သက်သောင့်သက်သာရှိသည်ဟု အမြဲတမ်း ခံစားခဲ့ရသည်။
ဒါ့အပြင် ယနေ့ ဒဏ်ရာရနေသည့် လူတစ်ယောက်ရောက်လာခဲ့သောကြောင့် ညတုန်းက သူမသည် အိပ်ရာထဲ၌ မအိပ်နိုင်ခဲ့ပေ။ သူမကိုယ်တိုင်အတွက် သက်သောင့်သက်သာရှိသည့်အိပ်ရာကို သူမ ပြင်ဆင်ရပေမည်။
လက်ဆွဲအိတ်ကို လက်ခံရရှိပြီးနောက် ရှန်းထင်ရွှမ်းက ရောင်စုံအစင်းကွက်များပါသည့် အိတ်ကြီးတစ်လုံးကို ယူပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သို့သော် အောက်ထပ်တွင် ထိုင်နေသည့် လူစုလူဝေးကို တွေ့လိုက်ရသည်။
ပါပါးရှန်းက သူ၏ ပုံမှန်မာနကြီးသည့်အနေအထားကို ပြောင်းလဲလိုက်ပြီး ဆိုဖာပေါ်တွင် မဝံ့မရဲ ထိုင်နေခဲ့သည်။
ရှန်းထင်ရွှမ်း ထွက်လာကာ ရောင်စုံအစင်းကွက်များပါသည့် အိတ်ကြီး၂လုံး ကိုင်ထားသည်ကို မြင်လိုက်ကြပြီး စကားပြောနေကြသည့် လူတိုင်းက ရှန်းထင်ရွှမ်းကို ကြည့်လိုက်ကြသည်။
ရှန်းထင်ရွှမ်းက အိတ်များကိုသယ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူမက လူတိုင်းကို လျစ်လျူရှုထားပြီး တံခါးကို တိုက်ရိုက် သွားဖွင့်လိုက်သည်။
အသက်ကြီးသည့်လူကြီးတစ်ယောက်က အထဲသို့ဝင်လာရန် အပြင်ဘက်တွင် မတ်တတ်ရပ်နေခဲ့သည်။ ရှန်းထင်ရွှမ်းက တံခါးကို ဖွင့်လိုက်သောအခါ သူ၏မျက်လုံးများက လင်းလက်သွားသည်။ “မိန်းကလေး၊ ငါလာတာကို မင်းသိနေတာလား ”
ရှန်းထင်ရွှမ်းက ခေါင်းခါလိုက်ပြီး “ကျွန်မက အခု အပြင်ထွက်မလို့ ”
ပါပါးရှန်းနှင့် တခြားသူများက ထိုအသံကိုကြားသောအခါ တံခါးဆီသို့ ချက်ချင်း ရောက်လာကြသည်။ သူတို့က နှုတ်ဆက်ရန် အဆင်သင့်ရှိနေကြသည်။ သို့သော် ထိုအသက်ကြီးသည့် လူကြီးက ပြောလိုက်သည်။ “မင်းက ဘာလို့ အပြင်သွားမှာလဲ၊ ငါ ဒီနေ့ ဒီမှာ မင်းကို တွေ့ဖို့ ရောက်နေပြီလေ ”
လူတိုင်းက ကြောင်သွားကြသည်။
…
စာအုပ်ထဲသို့ ကူးပြောင်းပြီး ပထမဆုံးနေ့၌ ရှန်းထင်ရွှမ်းက ပထမဆုံးတာဝန်ကို ပြီးမြောက်ရန်အတွက် အပူကြီးနေသည့် အဘိုးအိုတစ်ယောက်ကို ကယ်ဆယ်ရန် အနီရောင်ဘယ်ရီသီးကို သုံးခဲ့သည်။
ထိုအဘိုးအိုက ဖေးမိသားစုကို ပိုင်ဆိုင်သည့်သူမှန်း မည်သူမျှ မတွေးမိကြချေ။
အဘိုးဖေး ကားဖြင့် အပြင်ထွက်သွားသည်က တိုက်ဆိုင်မှုတစ်ခု ဖြစ်သည်။ သို့သော် ထိုနေ့တွင် ဒရိုင်ဘာ၏အိမ်၌ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အဘိုးဖေးက ဒရိုင်ဘာကို ကားဖြင့် အရင်ဆုံး ထွက်သွားရန် ပြောခဲ့သည်။
ဘာပဲဖြစ်ဖြစ် အိမ်က သိပ်မဝေးပေ။ အဘိုးဖေးက သူကိုယ်တိုင် လမ်းလျှောက်ပြန်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် အကွာအဝေးက အရမ်းမဝေးသော်လည်း အပူချိန်က မြင့်မားနေပေသည်။ သူက လမ်းလျှောက်လာသောအခါ အပူလျှပ်သလို ဖြစ်သွားခဲ့သည်။
ထိုနေ့တွင် အဘိုးအိုက သတိပြန်ရသောအခါ သူက ထွက်သွားပြီဖြစ်သည့် ရှန်းထင်ရွှမ်းကိုသာ မြင်ခဲ့သည်။ ထို့ကြောင့် သူ့ကို ကယ်ခဲ့သည့် မိန်းကလေးကို ရှာရန် သူ့သား ဖေးဝမ်ရှုကို ပြောခဲ့သည်။
ဖေးဝမ်ရှုက ထိုဖြစ်ရပ်ကို ကြားပြီးနောက် သူက ဆေးစစ်ရန် သူ့အဖေကို ဆေးရုံသို့ ခေါ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူ့အဖေကို ကယ်ခဲ့သည့်သူကို ရှာရန် သူ၏အတွင်းရေးမှူးကို မှာလိုက်သည်။
ရှာတွေ့ပါက ဖေးမိသားစုသည် သူတို့၏ကျေးဇူးတင်မှုကို ပြသရမည်။
နည်းလမ်းပေါင်းများစွာဖြင့် ရှာဖွေပြီးနောက် သူ့အဖေကို ကယ်ခဲ့သည့် ထိုမိန်းကလေးသည် ရှန်းမိသားစုမှဖြစ်ကြောင်း အတွင်းရေးမှူးက ဖေးဝမ်ရှုကို ပြောခဲ့သည်။
မူလက ထိုမိန်းကလေးကို ရှာတွေ့ပြီးနောက် သူက သူမကို ကျေးဇူးတင်ရန် တတ်နိုင်သမျှ အမြန်ဆုံး ရှန်းအိမ်သို့ လာချင်ခဲ့သည်။ သို့သော် ဆေးရုံရှိ အဘိုးဖေး၏ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုက မပြီးသေးပေ။ ထို့ကြောင့် ဖေးဝမ်ရှုက ဆေးစစ်ပြီးမှ လူကိုယ်တိုင် ကျေးဇူးတင်ရန် သူ့အဖေကို စောင့်ဖို့ အတင်းတောင်းဆိုးထားရသည်။
ဤအတောအတွင်း ဖေးဝမ်ရှုက ရုံး၌ ပရောဂျက်တစ်ခုကို ဆွေးနွေးရန် ရှိနေခဲ့ပြီး ယနေ့တိုင် ကြန့်ကြာသွားရခြင်း ဖြစ်သည်။
မနေ့က ဖေးဝမ်ရှုက ရှန်းထျန်းသဲကို သူတို့ ယနေ့ ကျေးဇူးတင်ရန် လာမည်ဖြစ်ကြောင်း ဖုန်းခေါ်ပြီး ပြောခဲ့သည်။ ထို့ကြောင့် ရှန်းထျန်းသဲက မနက်စောစော ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီကိစ္စများ ပြီးသွားသောအခါ ဖေးဝမ်ရှုက ကျေးဇူးတင်လက်ဆောင်များဖြင့် ရှန်းအိမ်သို့ တိုက်ရိုက်လာခဲ့လေသည်။
အဘိုးအိုဖေးက သူကိုယ်တိုင် ကျေးဇူးတင်လက်ဆောင်များကို ရွေးချင်ခဲ့သည်။ ထို့ကြောင့် သူက အနည်းငယ် နောက်ကျသွားခဲ့သည်။
ရှန်းရွှမ်က ဤအကြောင်းကို မနေ့က သိခဲ့ရသည်။ သူမက အဘိုးဖေးကို ကယ်ခဲ့တာ မမှတ်မိပေ။ သို့သော် အဘိုးဖေးကို ရှန်းထင်ရွှမ်းက ကယ်ခဲ့သည်ဟု သူမ မထင်ထားခဲ့ချေ။ ထို့ကြောင့် ပါပါးရှန်းက မနေ့တုန်းက ထိုအကြောင်း မေးသောအခါ ရှန်းရွှမ်က မရေမရာ ဖြေခဲ့သည်။
ထို့ကြောင့် ပါပါးရှန်းနှင့်မာမားရှန်းတို့ နှစ်ယောက်စလုံးက အဘိုးဖေးကို ရှန်းရွှမ်က ကယ်ခဲ့သည်ဟု ယုံကြည်ခဲ့သည်။
ဖေးဝမ်ရှုက ရှန်းမိသားစုတွင် သမီးတစ်ယောက်သာ ရှိသည်ဟု ထင်ခဲ့သည်။ တကယ်တော့ ရှန်းထင်ရွှမ်းက ပြန်ရောက်သောအခါ ရှန်းမိသားစုက ဧည့်ခံပွဲတစ်ခုကို မကျင်းပပေးခဲ့ပေ။
ထို့ကြောင့် ဖေးဝမ်ရှုက ရှန်းအိမ်သို့ ရောက်လာသောအခါ သူ့အဖေကို ကယ်ခဲ့သည့်တစ်ယောက်က ရှန်းရွှမ်ဟု သူလည်း ထင်ခဲ့သည်။
ထို့အပြင် သူက ကျေးဇူးတင်စကားများ ပြောသောအခါ ရှန်းထျန်းသဲက ဘာမှ မကန့်ကွက်ခဲ့ပေ။
ယခု အဘိုးဖေးက ရောက်လာခဲ့ပြီး သူရှာနေတဲ့တစ်ယောက်က ရှန်းထင်ရွှမ်းလားလို့ ပြောခဲ့သည်။
လူတိုင်းက တိတ်ဆိတ်သွားကြသည်။
ပါပါးရှန်းက ရှန်းထင်ရွှမ်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူ စိတ်ဓာတ်မျိုးနဲ့ အဘိုးဖေးကို ဘယ်လို ကယ်ခဲ့တာလဲ။
…
စာရေးသူမှာ ပြောစရာရှိနေပါတယ်။
အဘိုးဖေးက ပါပါးရှန်းကို တစ်ချက်ကြည့်လိုက်သည်။ မင်းရဲ့စိတ်ဓာတ်မျိုးနဲ့ မင်းကရော ထင်ရွှမ်းရဲ့ အဖေ ဘယ်လိုဖြစ်နိုင်မှာလဲ။
…