အခန်း (၁၂)
မာမားရှန်းက ရှန်းရွှမ်ကို တစ်ချက်ကြည့်လိုက်ရာ သူမက ဆုံးရှုံးမှုကို ကြည့်နေရင်း အောက်နှုတ်ခမ်းကိုက်ထားသည်ကို မြင်လိုက်သည်။
ရှန်းထင်ရွှမ်းက အဘိုးဖေးကို အမှန်တကယ် ကယ်ခဲ့မည်ဟု မည်သည့်အခါမှ ရှန်းရွှမ်က မထင်ခဲ့ချေ။ ဒါပေမဲ့ သူမက ဘာလို့ မပြောခဲ့တာလဲ။
ထို့အပြင် ရှန်းထင်ရွှမ်းကလည်း သူမကယ်ခဲ့သည့်သူမှာ အဘိုးဖေးဖြစ်မှန်း မထင်ထားခဲ့သည်မှာ ဖြစ်နိုင်သည်ဟု ရှန်းရွှမ်က တွေးနေခဲ့သည်။
သူတို့အားလုံးက ဘီမြို့တွင် ရှိကြသော်လည်း ဖေးမိသားစုသည် ရှန်းမိသားစုထက် ပိုကြီးပြီး သူမက အဘိုးဖေးကို မမြင်ဖူးခဲ့ပေ။ ရှန်းထင်ရွှမ်းလည်း ထို့အတူပင် ဖြစ်သည်။
ရှန်းထင်ရွှမ်းက သာမန်အဘိုးအိုတစ်ယောက်ကိုသာ ကယ်ခဲ့သည်ဟု ထင်နေခဲ့ခြင်း ဖြစ်နိုင်သည်။
ထိုအချိန်တွင် ရှန်းထျန်းသဲနှင့် ရှန်းရွှမ်အပေါ် ဖေးဝမ်ရှု၏ထင်မြင်ချက်က ရုတ်တရက် အနုတ်ဘက်သို့ ကျဆင်းသွားသည်။
သူမက တစ်ယောက်ယောက်ကို မကယ်ခဲ့ဘူးဆိုရင် ဘာ့ကြောင့် သူပြောတာကို လက်ခံခဲ့တာလဲ။
ရှန်းထင်ရွှမ်းက အဘိုးဖေးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်မနဲ့ လုပ်စရာ ဘာမှမရှိဘူးမလား ” ထိုသို့ပြောခြင်းက အဘိုးဖေးကို မသိခဲ့လျှင်တောင် အသက်ကြီးသည့်လူတစ်ယောက်ကို စကားပြောရာတွင် ထိုထက်ပိုပြီး လေးစားမှု ရှိသင့်ပေသည်။
သို့သော် ရှန်းထင်ရွှမ်းက နှစ်တစ်သောင်းကြာ အသက်ရှင်နေထိုင်ခဲ့သည့် ဂျင်ဆင်းမြစ်ဖြစ်သည်။ သူမ၏ အမြင်တွင် အဘိုးဖေး၏အသက်က လူသားကလေးတစ်ယောက်သာ ဖြစ်သည်။ သဘာဝကျစွာပင် သူမ၏အသံတွင် အသက်ကြီးသူကို လေးစားသည့်ဟန် မပါပေ။ ၎င်းအသံကပင် အလွန်ယဥ်ကျေးနေပြီ ဖြစ်သည်။
ရှန်းထျန်းသဲက ဒါကိုကြားပြီး အသည်းအသန် မျက်တောင်ခတ်ပြနေသည်။ သို့သော် သူမက ရှန်းထျန်းသဲကို ကြည့်တောင်မကြည့်ပေ။ သဘာဝကျစွာပင် သူက ရှန်းထျန်းသဲ အချက်ပြနေသည်ကို မသိခဲ့ပေ။
သို့သော် ပါပါးဖေးက သူမ စိတ်မကျေမနပ်ဖြစ်နေသည်ဟု မထင်ခဲ့ပေ။
“ပြီးခဲ့တဲ့အချိန်တုန်းက မင်း ငါ့ကို ကယ်ခဲ့တာအတွက် ကျေးဇူးတင်ချင်လို့ လာခဲ့တာပါ ”
ရှန်းထင်ရွှမ်းက အရာအားလုံးကို ဂရုမစိုက်ချေ။ “ဒါက ပြဿနာမရှိပါဘူး ” အားလုံးပြီးနောက် သူမက အဘိုးဖေးကို ကယ်ခဲ့သည်။ သို့သော် သူကလည်း သူမကို တာဝန်များပြီးမြောက်အောင် ကူညီပေးခဲ့သည်။
ရှန်းထျန်းသဲက အချိန်ကိုက် ဝင်ပြောလိုက်သည်။ “ဘာလို့ အထဲမဝင်တာလဲ၊ ထိုင်ပြီး စကားပြောရအောင်လေ ”
အဘိုးဖေးက အထဲသို့ ဝင်လာရန် ဖြစ်သည်။
ရှန်းထင်ရွှမ်းက ပြောလိုက်သည်။ “ကျွန်မမှာ လုပ်စရာလေးတွေရှိသေးလို့၊ သွားခွင့်ပြုပါဦး ”
အဘိုးဖေးက အချိန်အတော်ကြာ အသက်ရှင်နေထိုင်ခဲ့ပြီး ဖြစ်သည်။ ချမ်းသာခြင်းကို မည်ကဲ့သို့ နားမလည်ဘဲ နေမည်နည်း။ ဤအခိုက်အတန့်တွင်တော့ သူ့ကိုကယ်ခဲ့သည့် ရှန်းမိသားစုမှ ထိုမိန်းကလေးသည် မျက်နှာသာပေးခြင်း မခံရသည်ကို သူက တွေ့လိုက်ရသည်။
“မိန်းကလေး၊ မင်း ဘယ်ကိုသွားမှာလဲ၊ ငါလိုက်ပို့ပေးမယ် ”
အစက ရှန်းထင်ရွှမ်းသည် မစ္စတာဖေးကို ဒုက္ခမပေးချင်ခဲ့ပေ။ သို့သော် မစ္စတာဖေးက ရှန်းထင်ရွှမ်းနှင့်အတူ တိုက်ရိုက် လျှောက်ထွက်လာခဲ့လေသည်။
ထိုအကြောင်းကို စဥ်းစားပြီးနောက် ယင်းက နောက်ကျ သူ့ဆီသို့ အသီးတချို့ပို့သည့်အခါ ကြီးမားသော အပေးအယူတစ်ခု ဖြစ်လာပေလိမ့်မည်။ ထို့အပြင် သူမ၏အသီးများကို စားခြင်းက သူ့အတွက် ကောင်းမွန်ပေသည်။ “ဒါဆို ရှင့်ကိုပဲ ဒုက္ခပေးရတော့မယ် ”
အဘိုးဖေးက ပြုံးလိုက်ပြီး “ပြဿနာမရှိပါဘူး ”
အဘိုးဖေးက ရှန်းအိမ်၏တံခါးသို့ မဝင်ဘဲ ရှန်းထင်ရွှမ်းနှင့်အတူ တိုက်ရိုက် ထွက်သွားခဲ့သည်။
အဘိုးအို ထွက်သွားပြီးနောက် ဖေးဝမ်က ပြောလိုက်သည်။ “ဒါဆို အနားယူနေတာကို မနှောင့်ယှက်တော့ပါဘူး ” သူက ရှန်းအိမ်မှ ထွက်လာခဲ့ပြီး သူ၏မျက်နှာက အလာတုန်းကကဲ့သို့ မသာယာတော့ပေ။
ရှန်းထျန်းသဲက သူတို့ကို လိုက်ပို့လိုက်ပြီး ရှန်းရွှမ်ကို ကြည့်ရန် ဧည့်ခန်းထဲသို့ ပြန်လာခဲ့သည်။ “နင် မကယ်ခဲ့ဘဲနဲ့ ဘာလို့ လက်ခံခဲ့တာလဲ ” ဤသည်က ရှန်းထျန်းသဲအနေဖြင့် ရှန်းရွှမ်ကို ပထမဆုံး ဒေါသထွက်ခြင်း ဖြစ်ပေသည်။ ယနေ့ သူက အများကြီး မျက်နှာပျက်ခဲ့ရပေသည်။
အဘိုးဖေးကို သူ့သမီးက ကယ်ခဲ့သော်လည်း နောက်ဆုံးတွင် ရှန်းရွှမ်က ကယ်ခဲ့သည် မဟုတ်ပေ။ သူတို့ပြောခဲ့သောကြောင့် ဖေးမိသားစုက ရှန်းရွှမ်ဟု ထင်နေခဲ့ကြသည်။ ၎င်းက ရှက်စရာကောင်းလှသည်။
“တောင်းပန်ပါတယ် အဖေ ” ရှန်းရွှမ်က အလျင်အမြန် တောင်းပန်လိုက်သည်။
“သမီး အရင်က လူတစ်ယောက်ကို ကယ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ အဲဒီလူက အဘိုးဖေးဟုတ်မဟုတ်တော့ မသိခဲ့ဘူး”
မာမားရှန်းက နောက်က လိုက်ပြောလိုက်သည်။ “ဟုတ်တယ်၊ ရွှမ်ရွှမ်က အမြဲတမ်း ကြင်နာတတ်တဲ့သူလေ၊ လူတွေကို ကယ်တာက ပုံမှန်ပဲ ”
ရှန်းထျန်းသဲက သက်ပြင်းချလိုက်သည်။ သူက ရွှမ်ရွှမ်၏စရိုက်ကို နားလည်သည်။ ထို့အပြင် ရှန်းရွှမ်က အဘိုးဖေးကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ချေ။
မာမားရှန်းက ဆက်ပြောလိုက်သည်။ “ပြီးတော့ မနေ့က ရွှမ်ရွှမ်က အဘိုးဖေးကို ကယ်ခဲ့တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလေ၊ သူမက လူတစ်ယောက်ကို ကယ်ခဲ့တယ်ပဲ ပြောခဲ့တာလေ ”
သို့သော်လည်း လူများကို ကယ်ခဲ့သည်ဆိုကတည်းက အဘိုးဖေးဖြစ်ရမည်ဟု လူတိုင်းက မသိစိတ်မှ ထင်နေခဲ့ကြသည်။ ဆိုရလျှင် ရှန်းထင်ရွှမ်းက လူများကို မည်ကဲ့သို့ ကယ်တင်ခဲ့သနည်း။
၎င်းက ကယ်တင်ခဲ့သည်ဟု ကြားလိုက်သောကြောင့်ပင် ဖြစ်သည်။
ယွမ်ရှန်သို့ ပြန်သည့်လမ်းတွင် မစ္စတာဖန်းက ပြောလိုက်သည်။ “မိန်းကလေး ရှန်းအိမ်မှာ မနေဘူးလား ”
ရှန်းထင်ရွှမ်းက “ကျွန်မ ရှင်းယွမ်ရှန်မှာ နေတာ ”
စကားလုံးအနည်းငယ်ဖြင့် အဘိုးဖေးက ရှန်းထင်ရွှမ်းအနေဖြင့် ရှန်းမိသားစုနှင့် အဆင်မပြေမှန်း ပိုတောင် သေချာသိသွားတော့သည်။ “မိန်းကလေး မင်းမှာ အခက်အခဲတွေရှိရင် ကျုပ်ကို ပြောလို့ရပါတယ် ”
ရှန်းထင်ရွှမ်းက တခြားသူများကို ဒုက္ခပေးရန် တွန့်ဆုတ်နေပေသည်။ အဘိုးဖေးက သူမ ပြဿနာများကို ဖြေရှင်းရန် ကူညီနိုင်သည်ဟု သူမက မထင်ခဲ့ချေ။ “ဘာအခက်အခဲမှ မရှိပါဘူး ”
အရှေ့ခန်းမှ ဒရိုင်ဘာက အနည်းငယ် အံ့ဩသွားခဲ့သည်။ အဘိုးဖေးက စီးပွားရေးလောကတွင် အချိန်အတော်ကြာ ရှိနေခဲ့ပြီး ဖြစ်သည်။ သူ့စကားက အမြဲတမ်း အင်အားကြီးမားပေသည်။ ယနေ့ သူက မိန်းမငယ်လေးတစ်ယောက်ကို အလွန်ကြင်နာစွာ စကားပြောပေးခဲ့သည့်အပြင် သူက သူမအတွက် ပြဿနာကို ကိုယ်တိုင် ဖြေရှင်းပေးချင်နေသေးသည်။
ထိုအချက်ကို မိန်းကလေးက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
အဘိုးဖေးက ရှန်းထင်ရွှမ်းကို တောင်ဆီသို့ လိုက်ပို့ခဲ့ပြီး ရှန်းထင်ရွှမ်းက အဘိုးဖေးကို စောင့်နေရန် ပြောခဲ့သည်။
သူမက အိတ်တစ်လုံးကို ယူလိုက်ပြီး ဆီးသီးနှင့် မက်မွန်သီး အများအပြားကို ထုပ်ပိုးလိုက်သည်။ ပြီးနောက် အိတ်တစ်လုံးထဲရှိ သေတ္တာအသေးလေးထဲသို့ ဆီးသီးခြောက်များကို ထည့်လိုက်သည်။
“ဒီအသီးတွေက သိပ်မဆိုးဘူး၊ တစ်နေ့ နည်းနည်းစားပေးရင် ခန္ဓာကိုယ်အတွက် ကောင်းတယ် ”
ရှန်းထင်ရွှမ်းက အမှန်ကို ပြောခြင်းဖြစ်သည်။ ထိုအသီးများက သူမ၏ဝိညာဉ်စွမ်းအင်များဖြင့် ရေလောင်းထားခြင်း ဖြစ်သည်။
သူမက တာဝန်ကြောင့်သာ မဟုတ်ပါက ထိုအသီးများကို တခြားသူအား ပေးရန် ဆန္ဒရှိမည် မဟုတ်ပေ။
“ကောင်းပါပြီ၊ ကျေးဇူးပါ မိန်းကလေး ” အဘိုးဖေးက ဒရိုင်ဘာကို ယူခွင့်မပေးခဲ့ပေ။ အသီးများကို သူကိုယ်တိုင် သယ်လိုက်သည်။ ထို့နောက် ကားဆီသို့ ပြန်သွားပြီး ထွက်ခွာသွားတော့သည်။
ရှန်းထင်ရွှမ်း နှစ်ဆဖြည့်ထားသည့် အသီးအိတ်ကို မပိတ်ထားခဲ့ပေ။ တခဏကြာပြီးနောက် ဆီးသီးနှင့် မက်မွန်သီးများ၏ ရနံ့က မွှေးပျံ့ထွက်လာတော့သည်။ ချိုမြန်ပြီးရင်း ချိုမြိန်နေသည့် ရနံ့က ကားတစ်လျောက် ပဲ့တင်ထပ်နေတော့သည်။
အဘိုးဖေးက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရာ ဆီးသီးများ၏ အနံ့ကို ရလိုက်သည်။ ၎င်းက အထဲရှိ ဆီးသီးခြောက်များမှ ဖြစ်ပုံပေါ်သည်။
နောက်ဆုံးတွင် သူက ဆီးသီးခြောက်များ ပါဝင်သော သေတ္တာကို ထုတ်ယူလိုက်ပြီး ဆီးသီးခြောက်တချို့ကို ယူပြီး စားလိုက်သည်။
ဆီးသီးခြောက်များက ရေဓာတ်အများအပြား မရှိပေ။ သို့သော် ရေဓာတ်ပါဝင်မှုနည်းသောကြောင့် ဆီးသီးများ၏အရသာက နှစ်ဆပိုကောင်းနေသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဆီးသီးခြောက်များက ချိုပြီး ချဉ်ကြပေသည်။ သို့သော် ထိုဆီးသီးခြောက်များကမူ အနည်းငယ်တောင် ချဉ်သည့်အရသာ မရပေ။
အဘိုးဖေးက တစ်ခုပြီးတစ်ခု စားနေသည်မှာ ပြီးဆုံးသွားပြီး သူ၌ အတွေးတချို့ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် သူက ရိုးရှင်းစွာပင် တခြားတစ်ခုကို ယူစားလိုက်သည်။
ကားမောင်းနေသည့် ဒရိုင်ဘာက ထိတ်လန့်သွားခဲ့သည်။ သူက အဘိုးဖေးကို ဆယ်စုနှစ်တစ်စုကြာ ကားမောင်းပေးခဲ့သည်။ သဘာဝကျစွာပင် အဘိုးဖေးက ကားထဲတွင် အစားအစာ စားသောက်ခြင်းကို မုန်းသည်ဟု သူ သိခဲ့သည်။ သူက ရေသောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းကိုပင် မလုပ်ခဲ့ချေ။
ယနေ့ အဘိုးဖေးက ကားထဲတွင် ဆီးသီးခြောက်များကို စားခဲ့သည်။ နောက်တစ်ခုကို စားနေသည်ကိုတောင် တွေ့လိုက်ရသည်။
သူက စတီယာရင်ဘီးကို တည်ငြိမ်အောင် မကိုင်နိုင်တော့ဘဲ အလွန်ကြောက်လန့်နေခဲ့သည်။
ထိုအသီးခြောက်များကို စားပြီးနောက် သူ့ကို ဘယ်အရာက ပိုပြီး ထိတ်လန့်စေခဲ့သည်ဟု ထင်ပါသလဲ။ အဘိုးဖေးက လတ်ဆတ်သည့် ဆီးသီးတစ်လုံးကို ကောက်ယူလိုက်ပြီး စတင် နွှာလိုက်ခြင်း ဖြစ်သည်။
ဆီးသီးများ၏ရနံ့က ကားထဲတွင် ရုတ်တရက် ပိုမိုမွှေးပျံ့လာတော့သည်။ ကားဒရိုင်ဘာက တံတွေးမျိုချချင်စိတ်ကို ထိန်းမရတော့ပေ။
တိတ်ဆိတ်သည့်ည၌ ထိုတံတွေးမျိုချသံက အလွန်ထင်ရှားကြောင်း ပြောနိုင်ပေသည်။ အဘိုးဖေးသည်လည်း ၎င်းကို ကြားရပေသည်။ သူက ကားထဲတွင် စားနေမှန်း သဘောပေါက်သွားဒ။ သို့သော် အနံ့က တကယ်ကို ကောင်းမွန်ပေသည်။ အစကို ပြန်တွေးကြည့်လိုက်တော့ ရှန်းထင်ရွှမ်းက သူ့ကို အနီရောင်ဘယ်ရီသီးတစ်လုံးနှင့် ကယ်ခဲ့သည်ပင်။
ဤရှန်းမိသားစုကလည်း မိန်းမကောင်းလေးတစ်ယောက်ကို ပျိုးထောင်ပေးခဲ့သည်။
အဘိုးဖေးက စိတ်ကောင်းများ ဝင်နေပြီး ” အဘိုးကြီးတင်းလည်း ပြန်ရင် ဆီးသီးတချို့ ယူသွားလေ ”
ဒရိုင်ဘာက လောင်တင်းဖြစ်ပြီး သူက အဘိုးဖေးကို ထပ်ခါထပ်ခါ ကျေးဇူးတင်နေလေသည်။
အဘိုးဖေးက အခွံနွှာပြီးသွားပြီး ၎င်းကို စားလိုက်သည်။ သူက ချက်ချင်း ဝမ်းနည်းသွားခဲ့သည်။
သူက လောင်တင်းကို ဆီးသီးတချို့ယူသွားရန် ပြောခဲ့မိသောကြောင့် ဝမ်းနည်းနေခြင်း ဖြစ်သည်။
ဆီးသီးခြောက်များကို စားပြီးသောအခါ အဘိုးဖေးက ထိုလတ်ဆတ်သည့်ဆီးသီးများက အရသာရှိရမည်ဟု သိပေသည်။ သို့သော် သူက လတ်ဆတ်သည့် ဆီးသီး၏ချိုမြိန်မှုကို နိမ့်ကျစွာ ခန့်မှန်းနေဆဲဟု မမျှော်လင့်ခဲ့ချေ။ ယခု သူက ဒရိုင်ဘာအား ဆီးသီးနှင့်မက်မွန်သီးများ နောက်ကျ ပေးရမည်ကို တွေးလိုက်မိပြီး သူ့နှလုံးသားက နာကျင်သွားသည်။
မကြာမီ ဖေးအိမ်သို့ ရောက်ရှိသွားပြီး အဘိုးဖေးက ဆီးသီးနှင့် မက်မွန်သီးတချို့ကို လောင်တင်းအား ပေးလိုက်ပြီး သူ့အား ထွက်သွားရန် ပြောခဲ့သည်။ သို့မဟုတ်ပါက သူသည် ၎င်းတို့အား မပေးချင်ဘဲ ဖြစ်နေပေလိမ့်မည်။
အဘိုးတင်းက အသီးများကို ယူပြီး ထွက်သွားခဲ့သည်။ မစ္စတာဖေးက သူ့ကို အသီးများပေးပြီး အဘယ်ကြောင့် အနည်းငယ် စိတ်သောကရောက်မှန်း နားမလည်ခဲ့ချေ။
မစ္စတာဖေးက ကျန်ရှိသည့်အသီးများနှင့် အိမ်သို့ လာခဲ့သည်။
မစ္စတာဖေးက အိမ်ထဲသို့ ဝင်လာပြီးနောက် သူ့မျက်နှာရှိ အေးစက်မှုက ပိုပြီး သိသာထင်ရှားလာခဲ့သည်။ ဖေးဝမ်ရှုက အသက်ငါးဆယ်ကျော်ပြီ ဖြစ်သော်လည်း သူက မစ္စတာဖေးကို ဤကဲ့သို့ မြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များ ထွက်ပေါ်လာတော့သည်။
ကလေးဘဝတည်းက ဖိအားများ ရှိသည်ပင်။
“ဒီအကြောင်း ပြောရအောင် ” အဘိုးဖေးက ကော်ဖီစားပွဲပေါ်တွင် အသီးများကို ထားလိုက်သည်။
သိသာထင်ရှားစွာပင် စကားလုံးများက ဖေးဝမ်ရှု၏စိတ်ကို ပိုပြီးတောင် ရှုပ်ထွေးသွားတော့သည်။
“အဖေ အခု ရှာတွေ့ခဲ့ … “
ရှန်းမိသားစုမှ ပြန်လာပြီးနောက် ဖေးဝမ်ရှုက သူ အမှားတစ်ခုလုပ်မိကြောင်း သိပေသည်။ မဟုတ်ဘူး။ သူက သူကိုယ်တိုင် ရှန်းထင်ရွှမ်း၏ ကိစ္စကို စုံစမ်းစစ်ဆေးခဲ့သည်။ မကြာမီ ရှန်းထင်ရွှမ်း၏ အခြေအနေများကို ရှာတွေ့သွားခဲ့သည်။
ရှန်းထင်ရွှမ်းကို ရှန်းမိသားစုက အသက် ၁၈နှစ်ရောက်မှ ပြန်ခေါ်ခဲ့ကြောင်း အဘိုးဖေးက သိသွားသည်။ ပြန်ရောက်လာပြီးနောက် ရှန်းထျန်းသဲနှင့် ကျန့်ရှန်းမိန်က သူမကို သဘောမကျပေ။
ရှန်းထင်ရွှမ်း၏ မိခင်ရင်းက ရှန်းထင်ရွှမ်းကို မွေးပြီးမကြာသေးခင် သေသွားခဲ့သည်။ ထို့ကြောင့် ကျန့်ရှန်းမိန်က ရှန်းထင်ရွှမ်းကို မနှစ်သက်တာ နားလည်နိုင်ပေသည်။
သို့သော် ရှန်းထျန်းသဲက ရှန်းထင်ရွှမ်း၏ ဖခင်ရင်း ဖြစ်သည်။ သူက အပြင်လောကကို မပြောပြဘဲ သူ၏သမီးကို ရှာဖွေခဲ့သည်။ ထို့သို့ပြုလုပ်ခြင်းက ရှန်းရွှမ်ကသာ ရှန်းမိသားစု၏ တစ်ဦးတည်းသောသမီးဟု လူများစွာကို တွေးထင်စေခဲ့သည်။
ရှန်းထင်ရွှမ်းက ယခု ရှင်းယွမ်ရှန်တွင် နေသည်ကို သူ တွေ့လိုက်ရသည်။ ရှန်းထင်ရွှမ်း၏ အဘွား ဆုံးပါးသွားပြီးနောက် ရှင်းယွမ်ရှန်ကို စောင့်ရှောက်မည့်သူ မရှိပေ။
ထိုခွေးသား ရှန်းထျန်းသဲကလည်း ရှန်းထင်ရွှမ်း၏ဘဏ်ကတ်ကို ပိတ်ထားခဲ့သည်။ ထို့ကြောင့် မိန်းကလေးက အသီးရောင်းရန် လုပ်ရတော့သည်။
မစ္စတာဖေးကလည်း ပြင်ဆင်မွန်းမံခြင်းမရှိသည့် ခေတ်နောက်ကျနေသည့် ခြံဝင်းကို ယနေ့မြင်ခဲ့ရသည်။
ရှန်းထင်ရွှမ်း၏ အသီးများက အရသာရှိပြီး ဖန်းမိသားစု၏ ပိုင်လျန်စူပါမားကတ်သည် အပိုဝင်ငွေတချို့ ရစေရန် သူတို့ ဆိုင်တန်းပေါ် အသီးများ တင်ရန် လိုလားခဲ့သည်။ သို့သော် ရှန်းမိသားစုက ယင်းကို အမှန်တကယ် ဖိအားပေးခဲ့သည်။
သူတို့က တကယ် ကောင်းသည့်အရာများ မဟုတ်ကြပေ။
အဘိုးဖေးက ဒေါသထွက်ထွက်ဖြင့် ဆီးသီးခွံများကို နွှာလိုက်ပြိး အောက်သို့ ပစ်ချလိုက်သည်။ ချိုမြိန်နေသည့် အသီးရည်လေးက လူများ၏စိတ်ကို ကုသပေးပုံပေါ်လေသည်။
ဖေးဝမ်ရှုက ရှန်းထင်ရွှမ်းအကြောင်းပြောပြီးနောက် တစ်ဖက်တွင် ကျောမတ်မတ် ထိုင်နေသည်။
အဘိုးဖေးက သူ့ရှေ့ရှိ အသီးကို ညွှန်ပြလိုက်ပြီး “စား ”
ဖေးဝမ်ရှုက အသီး၏ရနံ့ကို ရနေခဲ့ပြီးသားဖြစ်သည်။ သူ့အဖေက သူ့ကို စားခွင့်ပြုသောအခါ သူက တစ်လုံးကို ယူစားလိုက်သည်။ သူ့မျက်လုံးများက အနည်းငယ် ပင့်တက်သွားပြီး “အဖေ ဒီအသီးကို ဘယ်နေရာက ဝယ်ခဲ့တာလဲ ”
ဖေးဝမ်ရှုက ကမ္ဘာပေါ်ရှိ အားလုံးနီးပါးကို စားဖူးသည်ဟု ပြောနိုင်ပေသည်။ သို့သော် သူ့ရှေ့ရှိ ဤဆီးသီးများက သူအမြဲတမ်းစားခဲ့သည့် အသီးများတွင် အကောင်းဆုံး ဖြစ်ပေသည်။
သူက ဆီးသီးများကို စားပြီးနောက် ဘာမှထပ်ပြောရန် မလိုတော့ပေ။ ထို့ကြောင့် သူက သူ့အနီးရှိ မက်မွန်သီးကို ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။
အဘိုးဖေးက အိတ်ကိုချည်ပြီး မတ်တတ်ရပ်လိုက်သည်။ “ဒါက အဲဒီမိန်းကလေးဆီက ရလာတာပဲ၊ ဒီတော့ မင်း နောက်ထပ် ဘာလုပ်ဖို့ လိုတယ်ဆိုတာ ငါ ပြောဖို့ မလိုတော့ဘူး”
ထိုသို့ ပြောပြီးနောက် အဘိုးဖေးက အသီးများကို သူ့အခန်းထဲသို့ တန်းယူသွားတော့သည်။
ဖေးဝမ်ရှုက မက်မွန်သီးကို ကိုင်ထားပြီး သတိလစ်လုမတတ်ဖြစ်နေသည်။ သူ့အဖေက အနည်းငယ် ကာကွယ်နေသည့်ပုံပေါ်နေသည်။
ဖေးဝမ်ရှုက မက်မွန်သီးကို စားပြီးနောက် သူက လက်ကို သူ့အနီးရှိ လက်သုတ်ပုဝါဖြင့် သုတ်လိုက်သည်။ သူက အချိန်အတော်ကြာထိ ဤကဲ့သို့ မက်မွန်သီးမျိုးကို မစားဖူးခဲ့ချေ။ လူများက အသီးများကို ဖြတ်တောက်ပြီး သေးငယ်သော အစိတ်အပိုင်းများဖြင့် စားကြသည်ကို သူက နားမလည်ပေ။
မက်မွန်သီးတစ်လုံးလုံးကို သူ့လက်ထဲ၌ကိုင်ပြီး ယခုကဲ့သို့ စားရန် မဖြစ်နို
င်ပေ။ သို့သော် ထိုမက်မွန်သီးကို စားပြီးနောက် ဖေးဝမ်ရှု၏ မချင့်မရဲဖြစ်မှုက အတော်များများ ပျောက်ကွယ်သွားခဲ့သည်။ သူက သူ၏ဖုန်းကို ထုတ်ယူလိုက်ပြီး အတွင်းရေးမှူးကို ခေါ်လိုက်သည်။
…