EGQY အပိုင်း ၂၉/၃၀

အပိုင်း ( ၂၉) တွမ့်ရှင်းယွမ် ရောက်လာပြီ

“ ဟုတ်ပါတယ် ၊ မစ္စတာတွမ့်က မိန်းကလေးကုကို မြင်မြင်ချင်း ချစ်သွားပုံရတယ်၊ သူက သူမကို နှစ်တွေအကြာပြီး ပိုးပန်းခဲ့ပြီး ကုဝမ်ချန်နဲ့ အလုပ်စလုပ်ခဲ့တာ အဲဒီနောက်ပိုင်း နှစ်နှစ်လောက်နေတော့ မိန်းကလေးကုနဲ့ စေ့စပ်ဖို့ အောင်မြင်သွားခဲ့တယ်၊ ဒါပေမဲ့ ဒီကိစ္စမှာ သူက သူမကို တစ်ချက်ကလေးမှ ယုံတဲ့အရိပ်တောင်မပြခဲ့ဘူး၊ သူမ အရမ်းကို ခံစားသွားရတယ်လို့ ခန့်မှန်းလို့ရတယ်”

“အင်း”

မုရွှမ်ချင်သည် မျက်လွှာချလိုက်ပြီး

“ သွားတော့”

“ဟုတ်ကဲ့”

ချန်ရန် ထွက်သွားပြီးနောက် သူ့ကိုယ်သူ စဥ်းစားလိုက်မိလေသည်။

ကုချင်းယွီ…

စိတ်ဝင်စားစရာကောင်းလိုက်တဲ့ မိန်းမပဲ။ သူ့ကို ထပ်တွေ့ရဖို့ စောင့်တောင် မစောင့်နိုင်တော့ဘူး။

တစ်ဖက်တွင် တွမ့်ရှင်းယွီသည် နာရီအနည်းငယ်ကြာပြီးနောက် ကုမိသားစုအိမ်တော်သို့ ရောက်လာလေသည်။ အိမ်ဖော်များသည် သူရောက်လာသည်ကို သိပြီးဖြစ်ရာ သူ့ကားသည် ကုမိသားစုခြံဝင်းထဲသို့ တန်းမောင်းဝင်လာလိုက်သည်။ ကုဝမ်ချန်သည် သူ့ကို လက်ဖက်ရည်နှင့် ကိုယ်တိုင် ဧည့်ခံသော်လည်း ကုချင်းယွီကို အောက်ထပ်သို့ ဆင်းလာခိုင်းရန် စိတ်ကူးမရှိခဲ့ချေ။

“အန်ကယ်ကု ချင်းယွီကော”

တွမ့်ရှင်းယွမ်သည် အနည်းငယ် စိတ်မရှည်နိုင် ဖြစ်လာတော့သည်။ သူသည် ကုဝမ်ချန်ကို ဘယ်တုန်းကမှ အလေးမထားခဲ့ချေ။ သူသည် သူ့အကြိုက် သမီးတစ်ယောက်ကိုသာ မွေးထားခဲ့လျှင် ကုဝမ်ချန်လိုလူမျိုးသည် သူနှင့် စကားပြောဖို့ အခွင့်အရေး ဘယ်တော့မှ ရလိမ့်မည်မဟုတ်ချေ။ နောက်ဆုံးသူသည် သည်နေရာက အချမ်းသားဆုံလူဖြစ်သော်လည်း Sမြို့သည် ပထမတန်းစားမြို့တစ်ခု မဟုတ်ပေ။ ထို့အပြင် သူ့ချမ်းသာမှုသည် တွမ့်မိသားစု အသိအမှတ်ပြုခံရလောက်အောင် မရှိချေ။

ကုဝမ်ချန်သည်လည်း သူ၏စိတ်မရှည်မှုကို မြင်လိုက်ရ၏။ သို့သော် သူသည် သက်ပြင်းချရင်း အလွန်ကြင်နာတတ်သည့်အသွင်ကို ဆောင်ထားဆဲ။

“ ချင်းယွီ ဒဏ်ရာရထားလို့လေ၊ ရှင်းယွမ် အန်ကယ်က သားကို အပြစ်ပြောဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သား ဒေါသထွက်လို့ဆိုရင်တောင် လုံခြုံရေးတွေကို ခေါ်ပြီး သူမကို မဆွဲထုတ်ခိုင်းသင့်ဘူးလေ ဟုတ်တယ်မလား၊ အဲဒီလုံခြုံရေးတွေက သူမကို ဘယ်လောက်ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလဲဆိုတာ သားမသိလို့ပါ၊ သူတို့တွေ သူမရဲ့ခြေထောက် ကျိုးသွားအောင် လုပ်ခဲ့ကြတာ… ပြီးတော့ အခု ချင်းယွီက လမ်းမလျှောက်နိုင်ဘူး၊ သူ ကျောင်းကနေတောင် ခဏခွင့်ယူဖို့ တောင်းဆိုထားလိုက်ရတယ်”

ဒီလိုမျိုး ဖြစ်ခဲ့တယ်တဲ့လား။

တွမ့်ရှင်းယွမ်သည် သိသိသာသာ မျက်မှောင်ကျုံ့လိုက်လေသည်။

ငါ ကုချင်းယွီကို ဆွဲထုတ်သွားဖို့ လုံခြုံရေးတွေကို ခိုင်းလိုက်တာလည်း အမှန်ပဲ။ အဲဒီတုန်းက သူမကို သူ ရွံရှာနေပြီး သူမကို လုံးဝမတွေ့ချင်ခဲ့တာလေ။ ဒါပေမဲ့ အဲဒီလုံခြုံရေးနှစ်ယောက်က အရမ်းကို နမော်နမဲ့နိုင်တာပဲ။ အနည်းဆုံးတော့ သူမက သူ့ရဲ့သတို့သမီးလောင်းလေ။ သူတို့တွေ တကယ်ပဲ သူမရဲ့ခြေထောက်ကို ကျိုးအောင်လုပ်ခဲ့တာတဲ့လား။

ကုဝမ်ချန်သည် ဒီလိုပုံစံလုပ်နေတာ မဆန်းတော့ပါဘူး။ ဒါပေမဲ့ ငါ သူ့ကို အပြစ်ပြောလို့လဲမရပြန်ဘူး။ ဒီလိုကိစ္စမျိုးကို လုပ်ခဲ့မိတာဆိုတော့။ ကုချင်းယွီရဲ့အသဲကို ခွဲခဲ့ရုံမကဘူး သူ့ကိုလည်း အရှက်ခွဲခဲ့မိတာပဲ။ ဒါက သူတို့ရဲ့ Sမြို့ စျေးဝယ်စင်တာရဲ့ တိုးတက်မှုနဲ့ ကုမိသားစုရဲ့ လုပ်ငန်းအားလုံးကို ထိခိုက်သွားစေမှာပဲ…

တွမ့်ရှင်းယွမ်က ပြောလိုက်၏။

“ ဟုတ်ပါတယ်ဗျာ၊ ကျွန်တော် ဒီကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ဘူး၊ အဲဒီတုန်းက အရမ်းဒေါသထွက်သွားပြီး စိတ်လွှတ်သွားခဲ့မိတယ်၊ အန်ကယ် ကျွန်တော် တောင်းပန်ပါတယ်၊ ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရပါဘူး… အဲဒီလုံခြုံရေးနှစ်ယောက်လည်း အရမ်းကို နမော်နမဲ့နိုင်လွန်းတယ်၊ ကျွန်တော်က သူတို့ကို ချင်းယွီကို လိုက်ပို့ပေးဖို့ပဲ ပြောခဲ့တာ၊ ဒါပေမဲ့ သူတို့တွေက အရမ်းကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တာပဲ…အန်ကယ် စိတ်မပူပါနဲ့ ကျွန်တော် သူတို့ကို အလုပ်ထုတ်ပစ်မှာပါ”

ကုဝမ်ချန်သည် ထိုစကားကို ကြားလိုက်ချိန်၌ နောက်ဆုံးတွင် ကျေနပ်သွားသည့်အပြုံးတစ်ခု ထုတ်ပြလိုက်လေသည်။

“ အင်း အန်ကယ် သားကို နားလည်ပါတယ်၊ တကယ်တော့ သားလဲ ယောက်ျားတစ်ယောက်ပဲလေ၊ ဒီလိုကိစ္စမျိုးကို ကြုံလိုက်ရတော့ စိတ်လွတ်သွားဖို့ တကယ်လွယ်တာပေါ့၊ နားလည်မှုလွဲတာ ဆိုတော့လည်း အဆင်ပြေသွားပါပြီ ချင်းယွီကတော့… အန်ကယ်သားကိုယ်စား သူမရှေ့မှာ စကားကောင်းပြောပေးပါမယ် ဒါပေမဲ့ သူ အခုထိ စိတ်ဆိုးနေတုန်းပဲ…”

တွမ့်ရှင်းယွမ်သည် ပြုံးလိုက်ပြီး

“ အန်ကယ် ကျွန်တော်နားလည်ပါတယ်… ချင်းယွီကို တွေ့ချင်လို့အပေါ် တက်ခွင့်ပေးနိုင်မလား”

ကုဝမ်ချန်သည် ခေါင်းညိတ်ပြလိုက်ပြီး

“ ကောင်းပါပြီ တက်သွားလေ”

“ သခင် တွမ့်ရှင်းယွမ်ရောက်နေတယ်”

မနက်ပိုင်း အလွန်စောနေပြီး ကုချင်းယွီသည် ဖေးဖေး၏အသံကို ကြားလိုက်ချိန်၌ ရေချိုးပြီးစ ဖြစ်လေသည်။

ဖေးဖေး၏စွမ်းအင်သည် အလွန်နည်းနေသေးသည်။ အကြောင်းမှာ သူသည် အာကာသယာဥ်တစ်ခု ဖြစ်ပြီး စွမ်းအင်ကို အစားအသောက်ဆီမှ တိုက်ရိုက်စုပ်ယူလို့ မရနိုင်သောကြောင့်ပင်။ ထို့ကြောင့် သူ့မူလတာဝန်၏ ဆယ်ပုံတစ်ပုံကိုသာ အလုပ်လုပ်နိုင်ပြီး သူမ၏ ဆယ်မီတာဝန်းကျင်ရှိ အရာများကိုသာ အာရုံခံနိုင်လေသည်။

အသံပျောက်သွားသည်နှင့်တစ်ပြိုက်နက် ခြေသံများက တံခါးဆီသို့ ချဥ်းကပ်လာသည်ကို ကြားလိုက်ပြီးနောက် တွမ့်ရှင်းယွမ်၏ ရင်းရင်းနှီးနှီးအသံကို ကြားလိုက်ရလေသည်။

ချင်းယွီ ၊ ချင်းယွီရေ…”

အပိုင်း (၃၀) သူက သူမကို တန်ကြေးအတိုင်းပြန်ပေးမယ်လို့ ပြောခဲ့တယ်

ကုချင်းယွီ၏ နှုတ်ခမ်းထောင့်များသည် လှောင်နေသည့်ဟန် ကွေးတက်သွားပြီး သူ့ကို လျစ်လျူရှုထားလိုက်လေသည်။

တွမ့်ရှင်းယွမ်သည် သူမက တံခါးကို လွယ်လွယ်နှင့်ဖွင့်ပေးမည်မဟုတ်မှန်း ကောင်းကောင်း သတိထားမိ၏။ အမှန်တွင် သူသည် သည်တစ်ကြိမ်၌ အရမ်းလွန်သွားခဲ့သည်။ ကုဝမ်ချန်ပြောခဲ့သည့် စကားကို ကြားလိုက်ပြီးနောက် သူသည် သူမကို သည်နေ့ တွေ့ရတော့မည်မဟုတ်မှန်း သိထားပြီးဖြစ်လေသည်။ ကုဝမ်ချန်နှင့် ကုချင်းယွီအား သူ့စိတ်ရင်းကို ပြသဖို့ရန်သာ သူ အပေါ်သို့တက်လာခြင်း ဖြစ်လေသည်။

“ ချင်းယွီ ကိုယ်တောင်းပန်ပါတယ်နော်”

သူ ဆက်ပြောလိုက်၏။

“ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကကိစ္စမှာ ညီမကို နားလည်မှုလွဲခဲ့တာအတွက် တောင်းပန်ပါတယ်နော်၊ အမှန်ကို မရှာဘဲနဲ့ သူစိမ်းလူတွေရဲ့စကားကို ကိုယ်နားမထောင်ခဲ့သင့်ဘူး… အဲဒီလုံခြုံရေးနှစ်ယောက်က ညီမကို အဲလိုဆက်ဆံလိမ့်မယ်လို့လဲ ကိုယ်မသိခဲ့ဘူး၊ စိတ်မပူနဲ့နော်၊ ကိုယ်သူတို့ကို အလုပ်ထုတ်ပစ်မှာပါ၊ ညီမရဲ့ဒဏ်ရာတွေကိုတော့… ကိုယ် ညီမအတွက် အကောင်းဆုံး ဆရာဝန် ရှာပေးမယ်နော် ၊ နောက်ဆက်တွဲဆိုးကျိုးတွေ ဘာမှမဖြစ်စေရဘူး”

“ ချင်းယွီ၊ ညီမ နားထောင်နေလားဟင်”

အပြင်ဘက်တွင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကုချင်းယွီသည် သူ နောက်ထပ်ပြောလာသည့်စကားကို ကြားလိုက်ရလေသည်။

“ ချင်းယွီ မစိုးရိမ်နဲ့နော်၊ ဒီတစ်ခါ ညီမကို နာကျင်အောင်လုပ်တဲ့လူကို ကိုယ်လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး၊ စိတ်အေးအေးထားနော်၊ ကိုယ့်ရဲ့ကျန်တဲ့တစ်ဘဝလုံးနဲ့ရင်းပြီး ညီမကို ကာကွယ်ပေးပါမယ်လို့ ကိုယ်ပြောထားတယ်လေ”

သူသည် ပိုလို့ပင် ရယ်စရာကောင်းလာသည်ဟု ကုချင်းယွီ ခံစားလိုက်ရလေသည်။

သူ့ကျန်တဲ့တစ်ဘဝလုံးနဲ့ ကာကွယ်မယ်တဲ့လား။ သူ မူလခန္ဓာကိုယ်ပိုင်ရှင်ကို ဆွဲထုတ်ပြီး သူမ အဆောက်အဦပေါ် ခုန်ချဖို့ ပြေးသွားတုန်းကကျတော့ ဘာလို့ မကာကွယ်ပေးခဲ့သလဲ။

တကယ်တော့ ဒါက သူ့ကာကွယ်မှုအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုပဲလေ၊ ပြီးတော့ သူမက သူတစ်ယောက်ထဲကို နာနာခံခံနဲ့ ချစ်ပြီး သူ့ဘေးမှာရှိနေသ၍ပေါ့။ အင်းပါ။ ဟုတ်ပါတယ်။ တခြားယောက်ျားရဲ့ အထိမခံရရင် ပိုကောင်းတာပေါ့။ သူမသာ အထိခံလိုက်ရင် သူမကို ညစ်ပတ်တယ်လို့ တွေးပြီး ကာကွယ်ပေးမဲ့အစား လွှင့်တောင် ပစ်လိုက်အုံးမယ်။

တွမ့်ရှင်းယွမ်သည် သူမစဥ်းစားနေသည့်အကြောင်းအရာများကို မသိချေ။ ကုချင်းယွီအပေါ် သူ့နားလည်မှုအရ အခုချိန်တွင် သူမသည် အလွန်ဝမ်းနည်းနေသော်လည်း သူမ၏စိတ်သည် သေချာပေါက် ပျော့ပြောင်းသွားပြီး ဖြစ်လိမ့်မည်။

“ချင်းယွီ ညီမ ကောင်းကောင်းအနားယူလိုက်အုံးနော်၊ ကိုယ် နောက်ရက်ကျမှ ထပ်လာတွေ့မယ်၊ မစိုးရိမ်နဲ့နော်၊ ကိုယ် စိတ်ရင်းနဲ့ တောင်းပန်တာကို… ညီမ သေချာပေါက် မြင်စေရမယ်”

သူသည် ထိုသို့ပြောပြီးနောက် ထွက်သွားတော့သည်။ ကုချင်းယွီသည် မဲ့လိုက်ပြီး မောင်းထွက်သွားသည့် သူ့ကားကို ပြတင်းပေါက်မှနေ၍ လှမ်းကြည့်လိုက်လေသည်။

သူ့စိတ်ရင်းက လုံခြုံရေးနှစ်ယောက်ကို အလုပ်ထုတ် ပြီးရင် ကုချင်းချန်ကို ဖြေရှင်းပေးဖို့ ကုဝမ်ချန်ကို ခြိမ်းခြောက် သိမ်းသွင်းတာပဲ။ ဪ ရှန်ချန်းနဲ့ လင်းဟန်ကျောက်တို့ကိုလည်း ရှင်းချင် ရှင်းပစ်အုံးမှာပဲ။

ကျွတ်။ ဒါက ဖုန်းလေးတစ်ခါလောက် ဆက်ပြီး စကားနည်းနည်းပါးပါး ပြောလိုက်တာပဲကို။

မူလခန္ဓာကိုယ်ပိုင်ရှင်သာ ဒီစိတ်ရင်းကြောင့် စိတ်လှုပ်ရှားသွားမယ်ဆိုရင်တော့ ငါလေးအတွက် ်ယ်စရာကောင်းနေတော့မှာပဲ။

သူကဖြင့် သူပျော်နေရရင် သူမကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို ချော့မြူပေးရင် ရပြီလို့ပဲ သဘောထားတာ။

ဒါပေမဲ့ သူ့အိမ်မွေးတိရစ္ဆာန်လေးအတွက် သူ့ဘဝကို စွန့်လွှတ်ရလောက်တဲ့အထိတော့ မဖြစ်နိုင်ပါဘူး။ ဒါက ငါလေးရဲ့ဂြိုဟ်မှာဆိုရင်တော့ ထုတ်ပြဖို့ လုံးဝမသင့်တော်တဲ့အချစ်တစ်ခုပဲ… အမလေး သူ့ဘဝတောင် မပြောနဲ့အုံး။ သူ့အလုပ်ရဲ့ နည်းနည်းလေးကိုတောင်မှ သူမအတွက် စွန့်လွှတ်ပေးမဲ့သူတောင် မဖြစ်နိုင်ဘူး။ သူသာ သူမနဲ့ သူ့အလုပ်ကို ရွေးရမယ်ဆိုရင် သူ့အလုပ်ကိုပဲ မဆိုင်းမတွ ရွေးလိုက်မယ် ထင်တယ်။

သူမသည် ခေါင်းမော့ကာ မျက်နှာကျက်ကို ကြည့်လိုက်၏။

ကုချင်းချန်…

သူ ဒီအတိုင်းထိုင်နေရင်း သေဖို့စောင့်နေမှာမဟုတ်တာ သေချာတယ်။

သူ ဘာတွေလုပ်နေမလဲ။ တကယ်ပဲ သိချင်လိုက်တာ။

ကုချင်းချန်သည် ထိုအခိုက်တွင် အမှန်ပင် ပြိုလဲသွားတော့မည့်နှယ်။

သူမရဲ့အဖေက သူမကို အဲဒီခွေးမ ကုချင်းယွီအစား မုန်းစရာကောင်းတဲ့အန်ကယ် ချန်အန်းကော်နဲ့ လက်ထပ်စေချင်နေတာတဲ့လေ။

သူမ၏အမေက သူမကို နှစ်သိမ့်ပေးကာ နည်းလမ်းစဥ်းစားမည်ဟု ပြောခဲ့သော်လည်း ချန်အန်းကော်သည် ရက်အနည်းငယ်နေလျှင် ပြန်တော့မည်ဖြစ်ကြောင်း သူမ သိထားလေသည်။ ထို့ကြောင့် သည်အချိန်တိုအတွင်း သူမ ဘာလုပ်နိုင်မည်နည်း။

သူမသည် ကိုယ့်ဟာကိုယ် ကယ်တင်ရပေတော့မည်။

သူမသည် အံကြိတ်လိုက်ပြိး မျက်လုံးနီများဖြင့် သူမဖုန်းထဲက ဖုန်းနံပါတ်များကို ကြည့်လိုက်၏။ သို့သော် အနည်းငယ်ဆက်ကြည့်ပြီးနောက် သူမကို ကယ်နိုင်မည့်ဖြစ်နိုင်ခြေအရှိဆုံးသူမှာ တွမ့်ရှင်းယွမ်ဖြစ်မှန်း သိသွားတော့သည်။ သူတစ်ယောက်သာလျှင် သူမအဖေ၏စိတ်ကို ပြောင်းပစ်နိုင်သည့် အရည်အချင်းရှိသူဖြစ်သည်။ သို့သော် သူ့အတွက် သူမကို ကူညီဖို့က လုံးဝ မဖြစ်နိုင်ပေ။

အခုလေးတင် ကုချင်းယွီ၏အခန်းရှေ့၌ သူပြောခဲ့သည့်စကားများကို သူမကြားခဲ့ရသည်။

သူသည် သူမကို တန်ကြေးပြန်ပေးဆပ်ရအောင်လုပ်

ရမည်ဟု ပြောခဲ့ခြင်းပင်….

EGQY
Author: EGQY
အကြီးဆုံး မမလေးက မူမမှန်

အကြီးဆုံး မမလေးက မူမမှန်

大小姐她画风不对
Score 7.6
Status: Ongoing Type: Author: , Artist: , Released: 2019 Native Language: Chinese
မိတ်ဆက် လူတွေရဲ့အမြင်မှာတော့ သတို့သားလောင်းရဲ့ဖယ်ကြဉ်စွန့်ပစ်ခံလိုက်ရတဲ့ ကုမိသားစုရဲ့ အလိုလိုက်ခံ အငိုသန်သမီးလေးက အလွန်စိတ်ပျက်စရာကောင်းတဲ့ဘဝနဲ့နေထိုင်သွားသင့်တာတဲ့။ ဒါပေမဲ့ သူတို့မထင်ထားတာက..... သူဌေးကြီး : ချင်းယွီ မင်းနဲ့ ညစာအတူတူစားခွင့်ရတာ ဂုဏ်ယူလိုက်တာ ~ ဘီးတပ်ကုလားထိုင်နဲ့ ထိပ်တန်းဒီဇိုင်နာ : ချင်ယွီက ငါသူအတွက်သီးသန့်ဒီဇိုင်းထုတ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလေ နည်းပညာရဲ့အကောင်ကြီးကြီး : ငါ့အိုင်ဒေါ ကုချင်းယွီရဲ့လက်မှတ်ကို ရခဲ့ပြီဟေ့ လူအားလုံး : ဒါ ကုချင်းယွီရဲ့ပွဲဦးထွက်လား၊ အကောင်ကြီးကြီးတွေကပဲ သူတို့ရဲ့ညီမလေးကို သူ့ကိုအလိုလိုက်နေကြတယ်နော် အကောင်ကြီးကြီး : ငါတို့တွေက သူ့ကို ညီမလေးလို မဆက်ဆံရဲပါဘူးနော်၊ “မဒမ်”က ငါတို့ရဲ့အန်တီဟ။ ကုချင်းယွီက တစ်လွှာပြီးတစ်လွှာခွာချလိုက်ပြီးနောက်မှာတော့ အကောင်ကြီးကြီးတွေက သူ့ကို “အန်တီ”လို့ခေါ်ကြတဲ့အကြောင်းအရင်းကို လူတွေသိသွားတော့တယ်။ ဒီတော့ မေးစရာရှိတာက ကုချင်းယွီက “မဒမ်”ဆိုရင် ဘယ်သူက “ဆရာ”လဲတဲ့။ လူတစ်ယောက်: မဒမ်က ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်ထပ်သွားမှာ၊ ဒီညတော့ တစ်ယောက်ထဲအိပ်လိုက်တော့။ ကုချင်းယွီ    : ဟင့်အင်း ကျွန်မချက်ချင်းပြန်လာမှာနော် လူအုပ်ကြီး: ဟမ် မဒမ် မင်းရဲ့စတိုင်က ပုံမှန်တော့မဟုတ်ဘူးနော် လူယုံတစ်ယောက်က ချေချေငံငံနဲ့  : မင်းတို့ဘာသိလို့လဲ ၊ ငါ ငါ့ဇနီးအတွက် ပြိုင်စံရှား ရသာမွန်တစ်ခုနော်။ ...

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset