အခန်း (၅)
ရှန်းထင်ရွှမ်းက လက်ပြရန်ပင် မလိုခဲ့ပေ။ ကားက သူမဘေးတွင် တိုက်ရိုက်ရပ်လိုက်သည်။
တံခါးက ပွင့်လာသည်။ ပထမဆုံး မြင်ရသည့်အရာက အနီရောင်ဂါဝန်နှင့်လိုက်ဖက်သည့် အနက်ရောင်ဒေါက်မြင့်ဖိနပ်တစ်စုံ ဖြစ်သည်။ ရှန်းထင်ရွှမ်းက ကြည့်လိုက်ပြီး အနီရောင်နှုတ်ခမ်းတစ်စုံနှင့် နေကာမျက်မှန်တပ်ထားသော အမျိုးသမီးတစ်ယောက်က ဆင်းလာခဲ့သည်။
ထိုအမျိုးသမီးကို ရင်းရင်းနှီးနှီး မြင်ဖူးပေသည်။
ဝမ့်ချန်က လုံးဝစိတ်မဝင်စားသလိုဖြစ်နေသည့် ရှန်းထင်ရွှမ်းကို တွေ့လိုက်ရသည်။ သူမက အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်။ သို့သော် အလွန်စိတ်မကောင်းသည့် မျက်နှာထားဖြင့် “ထင်ရွှမ်း ဒီအတောအတွင်း မင်းကို ဒုက္ခတွေ့စေခဲ့ပြီ ”
ရှန်းထင်ရွှမ်းက အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့သည်။ “?”
“ငါ ဒီကို စောစောထဲက မလာခဲ့လို့ နင် ငါ့ကို ပြစ်တင်လို့ရပါတယ်” ဝမ့်ချန်က အပြောကောင်းပေသည်။
“နင့် ကြည့်ရတာ ဝိတ်အများကြီး ကျသွားပုံပဲ၊ ငါနဲ့ အခု ပြန်လိုက်ခဲ့၊ အန်ကယ်ရှန်းနဲ့ နင့်အစ်မကို တောင်းပန်လိုက် ”
ဝမ့်ချန်ကို မြင်သောအခါ ရှန်းထင်ရွှမ်းက သူမကိုယ်သူမ သတိထားလိုက်ပြီး သူမမျက်လုံးများကို ရှောင်လိုက်သည်။ ပြီးနောက် ဆီးသီးတစ်လုံးကို လျင်မြန်စွာကောက်ယူလိုက်ပြီး ဝမ့်ချန်၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ဝမ့်ချန်က မသိစိတ်ဖြင့် တစ်ကိုက် ကိုက်မိလိုက်ပြီး မှင်သက်သွားသည်။
ဝမ့်ချန်၏ပထမဆုံးတုံပြန့်မှုက ရှန်းထင်ရွှမ်းက သူမကို ဘာကျွေးခဲ့ပြီး သူမက ဘာကို စားခဲ့သလဲ ။ ထို့နောက် ၎င်းက ဆီးသီးများ၊ သေချာပေါက် အခွံမနွှာရသေးသည့်ဆီးသီးများ ဖြစ်သည်ကို သူမ တွေ့ရှိသွားသည်။ အဓိက အချက်က ထိုအသီးများသည် အလွန်အရသာရှိနေသည်လော။
ဝမ့်ချန်က ဆီးသီးများကို စားပြီးသောအခါ သူမက ရှန်းထင်ရွှမ်း ထွက်သွားသည်ကို တွေ့လိုက်ရသည်။
“ထင်ရွှမ်း စောင့်ဦး” ဝမ့်ချန်က သူမ၏ဒေါက်မြင့်ဖိနပ်ဖြင့် လှမ်းလာနေရပြီး တောင်ပေါ်သွားနေသည့် ရှန်းထင်ရွှမ်းနောက်သို့ လိုက်နေသည်။
ရှန်းထင်ရွှမ်းက ဝမ့်ချန်၏စကားများကို သည်းခံပြီးနားထောင်နေရသည့် အကြောင်းရင်းက သူမ၏ဆီးသီးများကို ကျွေးရန် အခွင့်အရေးတစ်ခု ရှာနေခြင်းပင် ဖြစ်သည်။ ယခု သူမ၏တာဝန်က ပြီးမြောက်သွားပြီဖြစ်သည်။ သူမက ထိုနေရာ၌ ထပ်နေရန် မလိုအပ်တော့ပေ။
ဝမ့်ချန်က လမ်းလျှောက်လာပြီးနောက် ရှန်းထင်ရွှမ်း၏အရိပ်ကိုတောင် မတွေ့ရတော့ပေ။ သူမအနီးတွင် လမ်းတစ်လမ်း ရှိနေသည်ကို မြင်ပြီးနောက် သူမက ခြံဝန်းကို ရှာရန် သွားလိုက်သည်။
ရှန်းထင်ရွှမ်းက ခြံဝန်းအရှေ့ဘက်ရှိ မြေကို ပေါင်းသင်နေပြီး ဝမ့်ချန်၏မျက်နှာ မကောင်းတော့သည်ကို မြင်လိုက်ရသည်။ “နင်က ဘာလို့ ဒီမှာ ရှိနေတာလဲ ” ထိုသူ၏မျက်နှာ ဘယ်လောက်အရေထူထူ ကိစ္စမရှိဘူး၊ သူမ ဆက်လိုက်လာစရာ မလိုဘူးဟု သူမ ခံစားနေရသည်။
သို့သော် သူမက ဝမ့်ချန်ကို သိသိသာသာပင် အထင်သေးမိသည်။
ဝမ့်ချန်က သူမအပေါ် ရှန်းထင်ရွှမ်း၏ ဆက်ဆံပုံသည် အနည်းငယ် အေးတိအေးစက်နိုင်ပြီး ခန့်မှန်းရခက်ခဲသည်ကို တွေ့လိုက်ရသည်။ အတိတ်တုန်းက ရှန်းထင်ရွှမ်းသည် ဤကဲ့သို့ ပုံစံမျိုးမဟုတ်ပေ။ “ထင်ရွှမ်း ငါ နင့်ကို စိတ်ပူနေတာ ”
ရှန်းထင်ရွှမ်းက ဝမ့်ချန်ကို အချိန်တစ်ခုကြာ ကြည့်နေခဲ့သည်။ သူမက စာအုပ်၏ ပထမတစ်ဝက်ကိုသာ သိခဲ့သည်။ ဤဝမ့်ချန်က မူလကိုယ်၏သူငယ်ချင်း ဖြစ်သည်။ သို့သော် ရှန်းရွှမ်၏ ကျောထောက်နောက်ခံအဖြစ် အမြဲရှိနေခဲ့သည့် လက်ပါးစေလည်း ဖြစ်သည်။
သိသာစွာပင် ထိုကဲ့သိုလူမျိုးနှင့် စကားပြောရန်ပင် မလိုချေ။ သို့သော် ဝမ့်ချန်သည် သူမနောက်သို လိုက်လာလိမ့်မည်ဟု ရှန်းထင်ရွှမ်းက မထင်ထားချေ။ “တခြားသူတစ်ယောက်ရဲ့ အိမ်ကို ခွင့်ပြုချက်မရဘဲ ဝင်လို့ရလား ”
ရှန်းထင်ရွှမ်းက ထိုသိုပြောလိုက်သောအခါ ဝမ့်ချန်က အံ့အားသင့်သွားခဲ့သည်။ အလွန်ရယ်စရာ ကောင်းပေသည်။ အဓိကအချက်က သူမ၏အကြည့်များက အလွန် အလေးအနက်ဖြစ်နေခြင်းပင် ဖြစ်သည်။
“နင် ငါ့ကို ဘယ်လိုလုပ် သူစိမ်းတစ်ယောက်လို့ ထည့်တွက်နိုင်ရတာလဲ ”
ဝမ့်ချန်သည် လူတွေကို နားလည်ပုံမပေါ်ဟု ရှန်းထင်ရွှမ်း ခံစားနေရသည်။ ထို့နောက် သူမက ပေါင်းသင်ခြင်းကိုသာ ဆက်လုပ်နေလိုက်သည်။
ရှန်းထင်ရွှမ်းက သူမကို လျစ်လျူရှူထားသည်ကို မြင်သောအခါ ဝမ့်ချန်က ထပ်မေးလိုက်သည်။
“ထင်ရွှမ်း နင် ရှန်းအိမ်ကို မပြန်ချင်တော့ဘူးလား ”
“ပြီးတော့ ရှေ့လျှောက် နင် ဘာလုပ်ဖို့ ဆုံးဖြတ်ထားလဲ ”
“ဒီတောင်က အရမ်းကြီးတယ်၊ ပြီးတော့ ကျတ်တီးမြေတစ်ခုပဲ၊ နင် ဒါကို ရောင်းဖို ဆုံးဖြတ်ထားတာမလား ”
“ငါ နင့်အတွက် ရောင်းသူတစ်ယောက် ရှာပေးမယ်၊ ဒါဆို နင့်အနာဂတ်အတွက် ပူနေစရာမလိုတော့ဘူး ”
မူလကိုယ်က ဤတောင်ကို ရောင်းခဲ့ရသည့် အကြောင်းပြချက်က ဝမ့်ချန်ကြောင့်ပင် ဖြစ်သည်။ ရှန်းထင်ရွှမ်းက သူမခေါင်းကို မော့လိုက်ပြီး ဝမ့်ချန်ကို ကြည့်လိုက်သည်။
” ငါ ဘယ်လောက်နဲ့ ရောင်းသင့်လဲ၊ ၁၀ သန်းလား”
ဝမ့်ချန်က ထိုမေးခွန်းကို ကြားရသောအခါ သူမကိုယ်သူမ ကျေနပ်သွားသလို ခံစားလိုက်ရသည်။ ရှန်းထင်ရွှမ်းက သူမပြောသည်ကို ဟန်ဆောင်နားထောင်နေကြောင်း ဝမ့်ချန်က သိသည်။ သို့သော် မကြာမီ ဝမ့်ချန်က သူမ၏ပျော်ရွှင်နေသည့်မျက်နှာထားအား ဖယ်ရှားလိုက်ပြီး လေးနက်သည့်အကြည့်ဖြင့် ပြောလိုက်သည်။
“ဒီတောင်ကို ၁၀ သန်းနဲ့ ရောင်းဖိုတော့ ခက်လိမ့်မယ်၊ ဒါနဲ့ ဘယ်သူတွေကများ နင့်ကို ငါ့အချစ်ဆုံးသူငယ်ချင်းလို့ ခေါ်တာလဲ၊ ငါ နင့်ကို ၁၀ သန်းနဲ့ ရောင်းသူတစ်ယောက် ရှာဖို့ သေချာပေါက် ကူညီပေးမယ် ”
ရှန်းထင်ရွှမ်းက ဂရုတစိုက်နားထောင်လိုက်ပြီး “၁၀၀ စတုရန်းကီလိုမီတာ၊ ပင်လယ်ရေမျက်နှာပြင်အထက် ၂၀၀၀ မီတာ၊ ဒီလိုမျိုးကြီးမားတဲ့တောင်တစ်လုံးကို ၁၀ သန်းနဲ့ရောင်းတဲ့သူက ရူးနေလို့ပဲ ” မူလကိုယ်က အလွန် တုံးအလွန်းသောကြောင့် လှည့်စားခံခဲ့ရသည်။ ရှန်းထင်ရွှမ်းက ဂျင်ဆင်းမြစ်အဖြစ် နှစ်တစ်သောင်းကြာ နေထိုင်ခဲ့ပြီးဖြစ်သည်။ ထိုလှည့်စားမှုလေးလောက်ကို တားဆီးနိုင်သည်။
ဝမ့်ချန်၏မျက်နှာက ဖြူတစ်လှည့် နီတစ်လှည့်ဖြစ်နေပြီး သိသိသာသာပင် သူမက နားမလည်နိုင်ဖြစ်နေသည်။ သူမက ရှန်းထင်ရွှမ်းကို မတွေ့ရသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ ဘယ်လိုလုပ် သူမက ဒီလောက် ဉာဏ်ထက်လာရတာလဲ။
ရှန်းထင်ရွှမ်းက သူမလက်ထဲမှ မြက်များကို မြေပေါ်သို့ ပစ်ချလိုက်ပြီး ဖုန်မှုန့်များက ဝမ့်ချန်ပေါ်သို့ လွင့်စင်သွားသည်။
ဝမ့်ချန်က ခုန်ရှောင်လိုက်သည်။
ရှန်းထင်ရွှမ်းက သူမ၏ခြံဝန်းဘက်သို့ လျှောက်သွားခဲ့ပြီးနောက် သူမခေါင်းက နောက်သို့ ပြန်လှည့်လာသည်။ “နင် ငါ့အတွက် တကယ်စိတ်မကောင်းဖြစ်တယ်လို့ ခံစားရရင် နောက်ကျ ငါ စိုက်ထားတဲ့အသီးတွေကို ဝယ်မဲ့သူ ရှာပေးလေ ” စကားပြောပြီးနောက် ရှန်းထင်ရွှမ်းက ခြံဝန်းတံခါးကို ဆောင့်ပိတ်ချလိုက်သည်။
ဝမ့်ချန်၏မျက်နှာက အစိမ်းရောင်ဖြစ်နေပြီး အလွန်ဒေါသထွက်နေပေသည်။ နောက်ဆုံးတွင် ခြေသံပြင်းပြင်းဖြင့် ထွက်သွားတော့သည်။
ရှန်းထင်ရွှမ်းက နေ့လယ်စာ စားပြီးနောက် တောင်အောက်သို ပြေးဆင်းသွားခဲ့သည်။ ယနေ့ဝင်ငွေနှင့် မနေ့က ဝင်ငွေပေါင်း၊ သူမက ၆၃ယွမ် ရခဲ့သည်။ သူမက မျိုးစေ့အချို့ဝယ်ရန် စီစဥ်ထားသည်။
တောင်အောက်သို့ သွားနေသည့် လမ်းတွင် ဆီးသီးကို ဝိညာဉ်စွမ်းအင်ဖြင့် သွန်းလောင်းလိုက်သည်။
ဆိုင်ငယ်လေးက ရှင်းယွမ်ရှန်နှင့် အနည်းငယ် ကွာဝေးပေသည်။ ထိုဆိုင်၌ ဂေါ်ဖီထုပ်၊ ငရုတ်နှင့် သခွားစေ့များသာ ရှိပေသည်။ ထိုမျိုးစေ့များကို ထောင့်တွင် ပစ်ထားပြီး ဖုန်များ တင်နေပေသည်။
ရှန်းထင်ရွှမ်းက အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ရွာတစ်ရွာအနေဖြင့် မျိုးစေ့များက အရောင်းရဆုံး ဖြစ်သင့်ပေသည်။ အဘယ်ကြောင့် စျေးဆိုင်တွင် မျိုးစေ့အမျိုးအစားအနည်းငယ်သာ ရှိရသနည်း။
၎င်းကို တွေးမိပြီးနောက် ရှန်းထင်ရွှမ်းက ၆ယွမ်ဖြင့် မျိုးစေ့တစ်မျိုးလျှင် ၂အိတ်ဝယ်ခဲ့သည်။
ရှင်းယွမ်ရှန်ကို ပြန်ပြီးနောက် ရှန်းထင်ရွှမ်းက ကျောက်တုံးတချို့ ကောက်လိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအင်ဖြင့် ရေလောင်းလိုက်ပြီး တောင်ပေါ် မတက်ခင် ၎င်းတို့ကို တောင်ခြေနား၌ နေရာချလိုက်သည်။
ယနေ့ ဝမ့်ချန်က တောင်ပေါ် တက်လာခဲ့သောကြောင့် ရှန်းထင်ရွှမ်းသည် တောင်ပေါ်သို့ တခြားသူများ တက်လာခြင်းမှ ကာကွယ်ရန် တောင်ခြေ၌ အကာအရံတစ်ခု ချထားခဲ့ရန် စဉ်းစားလိုက်သည်။
ခြံဝန်းထဲသို့ပြန်ပြီး ရှန်းထင်ရွှမ်းက ပန်းခြံအတွင်းရှိ မြေဆီလွှာကို လှန်ပြီး သူမ ဝယ်ခဲ့သည့် မျိုးစေ့များကို စိုက်ပျိုးလိုက်သည်။ ထို့နောက် ရေချိုးပြီးအနားမယူခင် ဝိညာဉ်စွမ်းအင်ဖြင့် သွန်းလောင်းလိုက်သည်။
မင်းမှာ စွမ်းအင်လုံလုံလောက်လောက်ရှိမှသာ မစ်ရှင်ကို ဆက်လုပ်နိုင်လိမ့်မယ်။
ဝမ့်ချန်က ကားထဲသို့ ဒေါသထွက်ထွက်ဖြင့် ဝင်သွားခဲ့သည်။ သူမက ရှန်းရွှမ်ဆိုတဲ့သူအကြောင်း စဉ်းစားပြီးနောက် သူမ၏လေသံက ရှန်းထင်ရွှမ်းကို ပြောသည်နှင့် လုံးဝခြားနားပေသည်။ သူမက အသေးစိတ်ကို ဖုန်းနှင့် ပြောပြလိုက်သည်။
” ဟေး မစ်ရှန်းရေ ကျွန်မ ရှန်းထင်ရွှမ်းကို ခု တွေ့ခဲ့တယ် ”
ရှန်းရွှမ်က ဝမ့်ချန်ကို ဘယ်တော့မှ အထင်မသေးခဲ့ပေ။ သို့သော် သူမပြောတာကို ကြားပြီးနောက် ရှမ်းယွှမ်က ငေါ့တော့တော့ မေးလိုက်သည်။ “ငါ့အစ်မ ဘယ်လိုနေလဲ ”
သိသာစွာပင် ၎င်းက အကြင်နာဆုံး လေသံဖြစ်ပေသည်။ ထိုမေးခွန်းက စိုးရိမ်ပူပန်နေသည်မှာ အထင်းသားပင်။ သို့သော် အေးတိအေးစက်ဖြစ်နေတာကိုတော့ ဝမ့်ချန် ခံစားမိသည်။
” သူက ရှင်းယွမ်ရှန်မှာ အသီးတွေ ရောင်းနေတယ်၊ ဒါပေမဲ့ ဘယ်သူမှ မဝယ်ကြပုံပဲ၊ ရှင်းယွမ်ရှန်ကို ရောင်းဖို့ သူ့ကို ကြိုးစားပြီး ဖျောင်းဖျနေတယ် ”
ရှင်းယွမ်ရှန်သည် မူလက ရှန်းရွှမ်အတွက် သူမ၏အဘွားက ချန်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သမီးအရင်းအဖြစ် ရှန်းထင်ရွှမ်းက မိသားစုသို့ ပြန်ရောက်လာစဥ်က သူမကို ပေးခဲ့ရခြင်း ဖြစ်သည်။ ဤဘဝတွင် ရှန်းရွှမ်သည် ရှန်းထင်ရွှမ်းလက်ထဲမှ ပြန်လုယူနိုင်မှာ မဟုတ်ပေ။
“တကယ်ပဲ အလုပ်ကြိုးစားခဲ့တာပဲ ”
ဝမ့်ချန်က နားထောင်ပြီး စိတ်ပါလက်ပါ ပြောလိုက်သည်။ “မစ်ရှန်း မစိုးရိမ်ပါနဲ့၊ ရှင်းယွမ်ရှန်က ရှင့်အပိုင် ဖြစ်သင့်တယ်၊ အရင်ထဲက ရှင်ပိုင်တာပဲလေ ”
ရှန်းရွှမ်က ဖုန်းချလိုက်သည်။ အရိုးသားဆုံးပြောရလျှင် တုံးအသည့်၊ သူမ၏အစ်မက ၎င်းကို ဘယ်တော့မှ ဂရုမစိုက်ခဲ့ချေ။
ညသန်းခေါင်တွင် စနစ်က တဖန် အသံထွက်ပေါ်လာခဲ့သည်။
“လူ ၁၆ယောက်ကို ၁၂နာရီအတွင်း မင်းစိုက်ထားတဲ့အသီးတွေ စားခိုင်းပါ ”
ရှန်းထင်ရွှမ်း “?”
တစ်နေ့စီအတွက် စားရန်လိုအပ်သည့် လူအရေအတွက်သည် ပြီးခဲ့သည့်နေ့ထက် ၂ဆဖြစ်လာသည်ကို သူမ တွေ့ရှိသွားသည်။ ဝမ့်ချန်သည် မနေ့က လူရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ယနေ့ သေချာပေါက် မလာတော့မည်ကို ရှန်းထင်ရွှမ်း တွက်ချက်မိသွားသည်။
တစ်နည်းပြောရလျှင် သူမက တာဝန်ပြီးမြောက်ရန် သူမစိုက်ပျိုးထားသည့်အသီးများကို စားဖို့ လူ၉ယောက်အား ရှာရပေမည်။
သို့သော် ယနေ့တာဝန်ကို ပြီးမြောက်ရန် ရှန်းထင်ရွှမ်းအတွက် အနည်းငယ်သာ ခက်လိမ့်မည်ဟု ထင်ရသည်။ ရှန်းထင်ရွှမ်းက တောင်အောက်သို့ ပြေးဆင်းလာပြီးနောက် နောက်ဆုံးအချိန်တုန်က ဆီးသီးဝယ်ရန်လာခဲ့သည့် လီရင်ဆီသို့ ပြေးသွားလိုက်သည်။
ရှန်းထင်ရွှမ်း လာသည်ကို မြင်သောအခါ သူမက ကမန်းကတန်းပြောလိုက်သည်။
“အစ်မ၊ ညီမ နောက်ဆုံးအခေါက် ဝယ်ခဲ့တဲ့ဆီးသီးတွေကို ကျေးဇူးပြုပြီး ၂၀ကတ်တီလောက် ပေးနိုင်မလား ”
“အများကြီးလား” ရှန်းထင်ရွှမ်းက ၂၀ကတ်တီခန့်ရှိသည့် ဆီးသီးများကို ထုပ်ပိုးပေးလိုက်သည်။
လီရင်က ရှင်းပြခဲ့သည်။ “ကျွန်မတို့ဌာနက လှုပ်ရှားမှုတွေ စီစဥ်ထားတာရှိတယ်၊ ပြီးတော့ လူတစ်ဒါဇင်လောက်လာမှာ၊ ဒါ့ကြောင့် လူတိုင်းကို ဒါ မြည်းစေချင်လို့လေ ”
ရှန်းထင်ရွှမ်းက လီရင်နောက်တွင် ကားကြီတစ်စီးနှင့် လူများစွာက အတက်အဆင်းလုပ်နေသည်ကို တွေ့လိုက်ရသည်။
ရှန်းထင်ရွှမ်းက ပြုံးလိုက်၏။ တာဝန်က ပြီးမြောက်နိုင်မည် ဖြစ်သည်။
လီရင်နောက်ရှိ လုပ်ဖော်ကိုင်ဖက်များက ဤရွာရှိ ဆီးသီးများသည် အလွန်အရသာရှိသည်ဟု လီရင်က ပြောသည်ကို ကြားခဲ့ရသည်။ လူတိုင်းက ရောက်လာကြသောအခါ ထိုရွာက မချမ်းသာသလို ကစားဖို့လည်း ဘာမှမရှိသည်ကို တွေ့ရှိသွားသည်။
သို့သော် လီရင်နှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသည့် ကောင်မလေးကို ကြည့်ရသည်မှာ သူမ၏ ချောမွေ့သောအသားအရေက ဆီးသီးရောင်းသူနှင့်ပင် မတူချေ။ အထူးသဖြင့် သူမ ပြုံးလိုက်သောအခါ သူမက ပိုတောင် ဆွဲဆောင်မှုရှိသွားသည်။ သူမ၏အပြုံးကို မြင်ရသည်က သူတို့နှလုံးသားကို ပျော်ရွှင်သွားစေသည်။
လီရင်က ရှန်းထင်ရွှမ်းကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်နှင့် မိတ်ဆက်ပေးလိုက်သည်။
“ဒါ ငါ အရင်ကပြောခဲ့တဲ့ဟာလေ၊ ဒီမိန်းကလေးရောင်းတဲ့ဆီးသီးတွေက အရမ်းအရသာရှိတယ် ”
ရှန်းထင်ရွှမ်းက ဆီးသီး ၂၀ကတ်တီကို ထုပ်ပိုးလိုက်ပြီး လီရင်လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူမက သူ့နောက်ရှိ လုပ်ဖော်ကိုင်ဖက်များကို တိုက်ရိုက်ပေးလိုက်သည်။ “မြည်းကြည့်ကြဦး ”
သူမနောက်ရှိ အမျိုးသားလုပ်ဖော်ကိုင်ဖက် တစ်ယောက်က လှပသည့် ရှန်းထင်ရွှမ်းကို မြင်ပြီး သူက တခြားသူများထက် မျက်နှာသာပေးသင့်သည်ဟု ခံစားလိုက်ရသည်။ သူက ဆီးသီးတစ်လုံးကို ယူလိုက်ပြီး ဆီးသီးကို ဘယ်လိုချီးမွမ်းရမလဲဟူ၍ တွေးတောနေပေသည်။
သူက အခွံနွှာလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ပြီးနောက် သူ့မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားတော့သည်။ တစ်လုံးစားပြီးနောက် သူက ဒုတိယတစ်လုံးကို စားလိုက်သည်။
“ဟေး လူကြီးမင်းဝူ မင်း ဘာလို ဆီးသီးမစားဖူးသလို လုပ်နေတာလဲ ”
သူတို့၏ကုမ္ပဏီက အလယ်လတ်စားကုမ္ပဏီတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းများ၏ အရည်အသွေးကလည်း မြင့်ပေသည်။ သူတို့က ထိုကဲ့သို့ ဆီးသီးမျိုးကို ခဏခဏစားနိုင်ပေသည်။ ထိုကြောင့် ထိုတုံ့ပြန်မှုကို မျှော်လင့်မထားခဲ့ပေ။
လောင်ဝူက ဒုတိယတစ်လုံးစားပြီးနောက် “လီရင်က မင်းတိုကို မလိမ်ခဲ့ဘူး၊ ဒီဆီးသီးက တကယ့်ကို အရသာရှိတယ် ” သူက အစတုန်းက ဟန်ဆောင်ပြီး ချီးမွမ်းရန် တွေးတောခဲ့သည်။ လောင်ဝူက ထိုဆီးသီးကို စားပြီးနောက် စစ်မှန်သည်ကို ခံစားမိသည်။
အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တစ်ယောက်ကလည်း တစ်လုံးယူစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ဝိုး… ဒီဆီးသီးတွေက အရမ်းအရသာရှိတာပဲ၊ သူဌေး ကျွန်မကို တစ်ကတ်တီချိန်ပေးပါ၊ မဟုတ်ဘူး၊ ၁၀ကတ်တီ၊ ၁၀ကတ်တီ ချိန်ပြီး ထုပ်ပေးပါ ”
လီရင်က ၎င်းကို ကြားသောအခါ အလွန်ပျော်ရွှင်သွားသည်။ သူတို့ ကုမ္ပဏီ၏ လှုပ်ရှားမှုသည် သူတို့ဌာန၏ အသင်းလိုက် လှုပ်ရှားမှု ဖြစ်ပေသည်။ သူမက နေရာစုံစမ်းရန်အတွက် တာဝန်ရှိပေသည်။ ရှန်းထင်ရွှမ်း၏ဆီးသီးများ စားပြီးနောက် သူမက ပြန်သွားခဲ့ပြီး ဤရွာကို ရွေးချယ်ကြောင်း ပြောခဲ့သည်။
သူမ၏လုပ်ဖော်ကိုင်ဖက်များက ၎င်းသည် ရွာတစ်ရွာဖြစ်သည်ကို ကြားသောအခါ သူတို့က စိတ်မဝင်စားသလို ခံစားခဲ့ကြသည်။
သူမက သူမ၏လုပ်ဖော်ကိုင်ဖက်များကို ထိုနေရာရှိဆီးသီးများက အရသာရှိသည်ဟု ပြောခဲ့သည်။ သို့သော် သူတို့အားလုံးက သံသယရှိ
လီရင်က အလျင်မလိုခဲ့ချေ။ လူတိုင်းရောက်လာသည့်အခါ သူမ ပြောတာ မှန်မှန်း သူတို့ သိသွားကြမည်ဟု သူမက သိခဲ့သည်။
လီရင်နှင့် ဌာန၏ခေါင်းဆောင်က သူတို့၏ကိုယ်ပိုင် အကင်လုပ်ရန် ပါဝင်ပစ္စည်းများကို ယူလာနိုင်ပြီး နေရာနှင့် လှုပ်ရှားမှုတွေအတွက် ပေးစရာမလိုကြောင်း ပြန်ပြောခဲ့သည်။ ဘတ်ဂျတ်က ၅၀၀၀ ယွမ်ဖြစ်သည်။
ဌာန၏ခေါင်းဆောင်က အသင်းလိုက်လှုပ်ရှားမှုကို မည်သူ့နေရာတွင် လုပ်ရမည်ဟု ပြောထားတာ မရှိပေ။ သူလိုချင်တာက ရလဒ်နှင့် ရန်ပုံငွေသာဖြစ်သည်။
လီရင်က ဌာနခေါင်းဆောင်ဆီသို့ ဆီးသီးအနည်းငယ် ယူသွားလိုက်သည်။ “ဘော့စ် မြည်းကြည့်ပါ ”
ထိုဘော့စ်ကလည်း တစ်လုံးမြည်းကြည့်ပြီး သူ၏မျက်လုံးများက တောက်ပသွားသည်။ ဤနှစ်များတွင် သူက စီးပွာရေး ခရီးများစွာ ထွက်ခဲ့ရသည်။ သူက အရသာရှိသော ဆီးသီးများစွာကို မလွတ်တမ်း စားခဲ့ဖူးသည်။ သို့သော် ဤဆီးသီးက အလွန်အမင်းအရသာရှိပေသည်။ သူက မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။ “၂၀ကတ်တီက ဘယ်လိုလုပ်လောက်မှာလဲ၊ ဒီကိစ္စပြီးသွားရင် ငါ့ဘာသာယူသွားဖို့ ၁၀ကတ်တီလောက် လိုချင်တယ် ”
လီရင်က ပြုံးလိုက်ပြီး သူမ၏လုပ်ဖော်ကိုင်ဖက်များ၏အနေအထားကို မြင်သောအခါ ရှန်းထင်ရွှမ်းကို မေးလိုက်သည်။
” အစ်မ မင်းရဲ့တောင်မှာ မြစ်ရှိလား၊ ကျွန်မတို့ အကင်လုပ်စားကြမလို့၊ အဲဒါ အဆင်ပြေလား”
—–
စာရေးသူမှာ ပြောစရာရှိနေပါတယ်။
အမျိုးသားဇာတ်လိုက်။ ဟေး စာရေးသူ၊ မင်း ငါ့ကို မေ့နေတာလား။
စာရေးသူ။ အိုး ခဏ
…