အခန်း (၄)
ကောင်လေးနှင့် သူ၏အမေက အဝေးကို လမ်းလျှောက်သွားပြီးနောက် ကောင်လေးက ဆီးသီးအနည်းငယ်ကို စားခဲ့သည်။ ထို့နောက် ပစ္စည်းများစွာကို သယ်လာရသော သူ၏အမေကို မြင်လိုက်ပြီး ဆီးသီးများကို သူကိုယ်တိုင် အခွံနွှာပေးခဲ့သည်။ သူ့အမေ၏ ပါးစပ်ထဲသို့ ခွံ့ကျွေးချင်တာကြောင့် သူက ဆီးသီးတစ်လုံးကို ကောက်ယူလိုက်ပြီး ခြေဖျားထောက်လိုက်သည်။
“မေမေက အလုပ်ကြိုးစားတယ်၊ မေမေလည်း စားဦးလေ ”
ကောင်လေး၏အမေက ဆီးသီးကို တစ်ကိုက်ကိုက်ပြီးနောက် ထိုဆီးသီးများက အမှန်တကယ် ချိုမြိန်ပြီး အရည်ရွှမ်းကာ အရသာရှိသည်ကို နားလည်သွားသည်။ သင်က အကြိမ်ရေအနည်းငယ်ခန့် ဝါးရန်ပဲလိုသည်။ ပေါများလှသည့် အသီးရည်များက သင့်ပါးစပ်၏ နေရာတိုင်းကို စီးဝင်သွားပြီး စိတ်ချမ်းသာစေလိမ့်မည်။
သူမကလေးက စားရန် နှစ်သက်နေသည်မှာ အံ့ဩစရာမဟုတ်ပေ။ သူမက ဆီးသီးများကို နှစ်ပေါင်းများစွာ စိုက်ပျိုးခဲ့သော်လည်း ဤဆီးသီးများက သူမ စားဖူးသမျှထဲမှာ အကောင်းဆုံးဖြစ်သည်ကို သူမ ဝန်ခံရမည် ဖြစ်သည်။
“ကလေး အမေ့ကို ခဏစောင့်ဦး၊ ပြန်သွားပြီး အသီးတချို့ ဝယ်လိုက်ဦးမယ် ”
သူတို့နှစ်ယောက် ပြန်လှည့်လာသောအခါ တောင်ခြေ၌ ရှန်းထင်ရွှမ်း ရှိမနေတော့ဘဲ သူ၏ ဆီးသီးခြင်းသာ ကျန်ခဲ့သည်ကို သူတို့တွေ့ခဲ့ရသည်။
သူမက ပလပ်စတစ်အိတ်တစ်လုံးကို ကောက်ယူလိုက်ပြီး ဆီးသီး နှစ်ကတ်တီကို ထုပ်လိုက်သည်။ ပြီးနောက် ၁၀ယွမ်ကို ပေးခဲ့သည်။
တာဝန်ပြီးမြောက်ပြီးနောက် ရှန်းထင်ရွှမ်းက ဆီးသီးခြင်းကို လျစ်လျူရှုလိုက်တော့သည်။ သူမက မနက်ဖြန် လုပ်ရမည့်တာဝန်အကြောင်းကိုသာ တွေးနေတော့သည်။
ယနေ့ တာဝန်က လူလေးယောက်သို့ တိုးလာခဲ့ပြီး မနက်ဖြန်တွင် အနည်းဆုံးက လူလေးယောက် ဖြစ်ပေမည်။
ဤဆီးသီးခြင်းက တောင်ခြေတွင် ရှိနေသည်။ ထို့ကြောင့် ဖြတ်သွားဖြတ်လာများက ဆီးသီးများကို မြင်နိုင်ပေသည်။ တစ်ယောက်ယောက်များ မြည်းချင်ရင် ဘာဖြစ်နိုင်မလဲ။
ဝိညာဉ်စွမ်းအင်က ၃% ပြန်လည်ရရှိပြီးနောက် ရှန်းထင်ရွှမ်းက သူမကိုယ်ထဲရှိ စွမ်းအင်များ တဖန် ပြန်လည်ရရှိလာသည်ဟု ခံစားလိုက်ရပြီး သစ်ပင်များထဲသို့ စွမ်းအင်များ သွန်းလောင်းရန် ဆီးတောသို့ ပထမဦးစွာ သွားခဲ့သည်။
သည်တစ်ခါတော့ ရှန်းထင်ရွှမ်းက အကြီးဆုံးအကိုင်းကို ရေလောင်းလိုက်သည်။
ညနေခင်းရောက်မှ ရှန်းထင်ရွှမ်းက တောင်ခြေမှ ဆီးသီးခြင်းကို သွားယူခဲ့သည်။ Alipay မှ သတိပေးချက်များ တက်လာသောကြောင့် ဆီးသီးတချို့တဝက်ကို ယူသွားကြကြောင်း သူမ သိခဲ့ရသည်။
ရှန်းထင်ရွှမ်းက ပိုက်ဆံနှင့်ပတ်သက်ပြီး စိတ်မဝင်စားခဲ့ချေ။ မနေ့က ပါပါးရှန်မှ သူမ၏ဘဏ်ကတ်ကို ပိတ်လိုက်သည့်တိုင် ရှန်းထင်ရွှမ်းက အရမ်းမခံစားမိချေ။
သူမ၏ Alipay ၌ ၂၈ယွမ် လက်ခံရရှိခဲ့သည်ဟု ပြနေခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်း၏နှလုံးသားက အလွန်တည်ငြိမ်နေဆဲ ဖြစ်သည်။
သူမက တောင်အောက်သို့ ပြေးဆင်းသွားပြီး ခြံဝန်းထဲသို့ ဆီးသီးများကို ပြန်ယူလာခဲ့သည်။ ထို့နောက် သူတို့ကို ဆေးကြောပြီး မနေ့ကကဲ့သို့ တစ်ဝက် ခွဲလိုက်ပြီး လှန်းထားလိုက်၏။
ညသန်းခေါင်၌ စက်ပိုင်းဆိုင်ရာအသံက အမှန်တကယ် နောက်တဖန် မြည်လာခဲ့သည်။
“ကျေးဇူးပြုပြီး လူရှစ်ယောက်အား သင် စိုက်ထားသော အသီးများကို ၁၂နာရီအတွင်း စားခိုင်းပါ”
ရှန်းထင်ရွှမ်းက ရုတ်ခြည်း ထရပ်လိုက်သည်ု
မနေ့တုန်းက လူလေးယောက်သာ ရှိခဲ့သည်။ သို့သော် ယနေ့ လူရှစ်ယောက် ဖြစ်သည်။ မနေ့က စားသုံးသူ (၄) ဦး ပြန်ရရှိခဲ့လျှင် နောက်ထပ် (၄) ဦးသာ သေချာ ရှာဖွေဖို့ လိုပေသည်။
ယခင်ကထက် ပိုခက်ခဲမည်မှာ အသေအချာပင်။
မှောင်နေသေးသော်လည်း ရှန်းထင်ရွှမ်းက အိပ်ရာထလိုက်ပြီး ခြံဝန်းထဲသို့ သွားကာ ဆီးသီးများ ကောက်ယူလိုက်သည်။ ပြီးနောက် အိုးတစ်လုံးထဲ၌ ၎င်းကို ရေနွေးဖျောပြီး သူမ၏အစာအိမ်ကို ဖြည့်တင်းရန် ၎င်းကို စားလိုက်၏။
သူမတွင် ဝိညာဉ်သွေးကြောများရှိသော်ငြား သူမသည် မူလခန္ဓာကိုယ်ဖြင့် ရှိနေဆဲ ဖြစ်ပြီး သူမ၏အစာအိမ်က ဆာလောင်နေပေသည်။
စားသောက်ပြီးနောက် တောင်အောက်သို့ ဆင်းသွားသည်။ မနေ့က အမေဖြစ်သူသည် တောင်ခြေ၌ ရပ်နေပြီး ရှန်းထင်ရွှမ်းကို တွေ့လိုက်သည်။ သူမက မနေ့ကနှင့် မတူညီအောင် ပြောင်းလဲသွားပြီး အလွန်စိတ်အားထက်သန်စွာဖြင့် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ “မင်္ဂလာပါ၊ ကျွန်မက ဒီရွာကပါ၊ ကျွန်မနာမည်က ဟုန်းမိန် ပါ ”
“မင်္ဂလာပါ” ရှန်းထင်ရွှမ်းက သူမကို မှတ်မိသွားခဲ့သည်။ ထိုတစ်ယောက်က ပထမ၌ သူမ၏ကလေးသည် ဆီးသီးများကို မစားဘူးဟု ပြောခဲ့သည့် တစ်ယောက်ဖြစ်သည်။
“ငါတို့ မနေ့က ပြန်လာခဲ့သေးတယ်၊ မင်း ဒီမှာ မရှိတော့တာကို တွေ့ခဲ့တယ်၊ ငါ ဆီးသီးတချို့ကို ယူသွားပြီး မင်းဆီ တိုက်ရိုက်ရောက်မယ့် code ကို စကမ်ဖတ်ခဲ့တယ်”
ဟုန်းမိန်က အနည်းငယ် ရှက်သွားခဲ့သည်။ တကယ်တော့ သူမက ထပ်ဝယ်ချင်သေးတာဖြစ်သည်။ သို့သော် ရောင်းသူက မရှိခဲ့ပေ။ ထို့ကြောင့် သူမက အလေးချိန်ကို မှန်းဆပြီး ၂ကတ်တီ ဝယ်ခဲ့သည်။
ရှန်းထင်ရွှမ်းက သာမန်ကာလျှံကာ ခေါင်းညိတ်လိုက်၏။
ဟုန်းမိန်က သူမအိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။
“ငါ့အိမ်မှာ ဒါမျိုး နှစ်ခုရှိတယ်၊ ဒါက မင်းအတွက်၊ ဒါက အလေး ချိန်ဖို့အတွက် အဆင်ပြေတယ် ”
ရှန်းထင်ရွှမ်းသည် ယခင်က တကယ့်ကို အလေး မချိန်ခဲ့ချေ။ သူမက တခြားဝယ်သူများ ဆီးသီးဝယ်ရာတွင် အဆင်ပြေစေရန်အတွက် တစ်ခုကို ယူလာပေးခဲ့သည်။
ရှန်းထင်ရွှမ်းက သူမ၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြရန် ဟုန်းမိန်ကို အိတ်ကြီးတစ်လုံးအပြည့် ဆီးသီးများကို ပေးလိုက်သည်။ ထိုသို့ ပြုလုပ်သည်က ဟုန်းမိန်ကို အနည်းငယ် ရှက်သလို ခံစားစေသည်။ သူမ၏ အလေးချိန်စက်က ငွေအများကြီး မတန်ပေ။ နှိုင်းယှဉ်ကြည့်ပါက ရှန်းထင်ရွှမ်း၏ ဆီးသီးများက တန်ဖိုးအများကြီး ပိုရှိပေသည်။
ရှောင်ဖုန်းက နောက်မှ ရောက်လာခဲ့ပြီး အလေးချိန်စက်ကို မြင်သောအခါ သူက ၅ကတ်တီ ချိန်ယူလိုက်သည်။ အစက သူ ထပ်ချိန်ချင်ခဲ့သော်လည်း အငြင်းခံလိုက်ရသည်။
အဓိအကြောင်းရင်းမှာ ဆီးသီးအများကြီး မရှိ၍ ဖြစ်သည်။ သူတို့ အများကြီး ချိန်ယူသွားပြီး တော်ကြာ တာဝန်မပြီးမြောက်မည်ကို ရှန်းထင်ရွှမ်း က ထိတ်လန့်နေပေသည်။ “ကျေးဇူးပြုပြီး နေ့လယ်ထိ စောင့်ပေးကြပါ၊ အဲကျ ပိုယူလာခဲ့ရင် အကုန်လုံးကို ဝယ်လို့ရပါတယ် ”
ရှောင်ဖုန်းက စီးပွားရေးလုပ်နေစဉ် ထိုကဲ့သို့လုပ်တာ မကောင်းဘူးဟု ခံစားခဲ့ရသည်။ သို့သော် တစ်ဖက်မှ မိန်းကလေးက လေးနက်သည့်အကြည့်တစ်ခုဖြင့် အနည်းငယ် ချစ်ဖို့ကောင်းနေပေသည်။
“ကောင်းပြီ ”
သူမ၏ဝိညာဉ်သွေးကြောများကြောင့် ရှန်းထင်ရွှမ်းက မနေ့ကထက် ယနေ့ပိုပြီး မြန်မြန် ပေါင်းသင်နိုင်ပေသည်။
နေ့လယ်လောက်တွင် စနစ်က သတိပေးချက်တစ်ခု ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။
“မစ်ရှင်မပြီးဆုံးခင် ၁၀မိနစ် ကျန်ရှိပါသေးသည်။ ယခု host ၏ မစ်ရှင်ပြီးမြောက်မှုသည် ၇၅% ဖြစ်ပါသည်။ မစ်ရှင်ကျရှုံးပါက ဝိညာဉ်သွေးကြောမှ ၄% နုတ်ယူပါမည်။ ”
ရှန်းထင်ရွှမ်းက မျက်တောင်ခပ်လိုက်သည်။ ဟေး တကယ်ပဲ ဒီနေ့ လူ ၆ယောက် စားခဲ့တာပဲ။
သိသိသာသာပင် လူနှစ်ယောက်သာ ၎င်းကို ဝယ်ခဲ့ပေသည်။ သို့သော် ၎င်းကို လူ ၆ယောက်က စားခဲ့လေသည်။ ရှန်းထင်ရွှမ်းက သူမ ကံကောင်းနေသည်ကို တွေ့ခဲ့သည်။
မနက်ခင်းတွင် ဟုန်းမိန် ဆီးသီးများကို ယူသွားခဲ့ပြီး အိမ်ရောက်ရောက်ချင်း သူမကို သူမ၏ယောက္ခမက မြင်သွားကာ သူ့ မျက်နှာထားက ချက်ချင်း ပျက်သွားသည်။
“ဘာလို့ ဆီးသီးတွေ အများကြီး ဝယ်လာခဲ့တာလဲ ” သူမ၏အဖိုးတန်မြေးလေးက မနေ့တုန်းက ဆီးသီးစားချင်၍ ဆူပူသောင်းကျန်းနေသည်ကို သူမက သိခဲ့သည်။ သို့သော် ဟုန်းမိန်က အများကြီးဝယ်လာမည်ဟု မထင်ထားခဲ့ချေ။
ဟုန်းမိန်က ရှင်းပြလိုက်သည်။
“ဒီဆီးသီးတွေက တကယ့်ကို အရသာရှိတယ်၊ ပြီးတော့ ဒါကို ကျွန်မ ဝယ်ခဲ့တာမဟုတ်ဘူး၊ ကောင်မလေးက ပေးလိုက်တာ ”
အဖိုးတန်လေးက သူ့အမေ အိမ်ပြန်လာသည်ကို ကြားသောအခါ အိမ်အပြင် ပြေးထွက်လာခဲ့ပြီး အိတ်သယ်လာသည့် သူ့အမေကို တွေ့သွားတော့သည်။ ထို့နောက် သူ၏ခြေတိုတိုလေးများဖြင့် ပျော်ရွှင်စွာ ခပ်သွက်သွက်လျှောက်လာပြီး သူ့အမေဆီသို့ ပြေးလာတော့သည်။ “မေမေ သား စားချင်တယ် ”
မနေ့က ပြန်လာသည့်လမ်း၌ သူတို့နှစ်ယောက် ဆီးသီးများကို စားခဲ့သည်။ စားပြီးနောက် ဟုန်းမိန်က ချက်ပြုတ်ရန် အိမ်ပြန်ရမည်ဖြစ်သောကြောင့် အဖိုးတန်လေးကို ယနေ့ ထပ်သွားဝယ်ပေးမည်ဟု ကတိပေးထားခဲ့သည်။ ထို့ကြောင့် သူမက မနက်အစောကြီး တောင်ခြေ၌ ဆီးသီးဝယ်ရန် စောင့်နေရခြင်းပင် ဖြစ်သည်။
အဖိုးတန်လေးက အကြာကြီး မစောင့်ဆိုင်းနိုင်တော့ပေ။ ထို့ကြောင့် သူက အိတ်ထဲမှ ဆီးသီးတစ်လုံးကို ထုတ်ယူပြီး တစ်ကိုက်ကိုက်ရန် ပြင်လိုက်သည်။
သူ၏အဘွားက ကလေးဆီမှ ဆီးသီးကို ရုတ်တရက် ဆတ်ခနဲ လုယူလိုက်သည်။ “မြေးလေး ဒါကို စားချင်တယ်ဆိုရင် အဘွား မင်းအတွက် အခွံနွှာပေးမယ် ”
အဖိုးတန်လေးက သူ၏ဝိုင်းစက်သော မျက်လုံးကလေးများဖြင့် သူ့အဘွားအခွံနွှာနေသည်ကို ကြည့်နေပေသည်။ ဟုန်းမိန်က သူမ၏ယောက္ခမ အခွံနွှာပြီးနောက် သူမက အသီးအူတိုင်ကို ဖယ်ထုတ်လိုက်ပြီး အသားကို အစိတ်များစွာဖြစ်အောင် ခွဲလိုက်သည်။
ဟုန်းမိန်၏ယောက်ျားဖြစ်သူ လျူစန်းက အိမ်ထဲဝင်ဝင်ချင်း အသီးနံ့ကို ရလိုက်ပြီးနောက် သူ့အမေက ဆီးသီးများ အခွံနွှာနေသည်ကို တွေ့လိုက်ရသည်။ ၎င်းအသီး၏အရည်များက သူ့အမေ၏လက်မှ စီးကျနေပေသည်။
လျူစန်းက တံတွေးမျိုချလိုက်သည်။ အသံက အတော်ကျယ်သွားခဲ့ပြီး သူက ရှက်ကိုးရှက်ကန်းဖြင့် အနီးပတ်လည်ကို ကြည့်လိုက်သည်။ ကံကောင်းသည်မှာ လူတိုင်းက ဆီးသီးများကိုသာ ကြည့်နေကြပြီး မည်သူမှ သူ့အဖြစ်ကို ဂရုမစိုက်ကြပေ။
ဆီးသီးအသားက ရွှေဝါရောင် ဖြစ်နေပေသည်။ အခွံနွှာပြီးနောက် အသီးရနံ့က ပိုပြီး မွှေးလာပေသည်။ အဖိုးတန်လေးက သူ့အဘွားလက်ထဲမှ ဆီးသီးတစ်စိပ်ကို ကိုက်စားရန် မစောင့်နိုင်တော့ချေ။
အဖိုးတန်လေးက သူ့ပါးစပ်ထဲမှ ဆီးသီးကို အမြန် မျိုချလိုက်ပြီး သူ့အဘွား၏ လက်နားသို့ သွားကာ တခြားတစ်ဝက်ကို စားလိုက်သည်။ ခဏကြာပြီးနောက် ဆီးသီးတစ်လုံးလုံး ကုန်စင်အောင် စားပစ်လိုက်သည်။ အဖိုးတန်လေးက မကျေနပ်သေးပုံ ပေါ်သည်။
“လိုချင်တယ်၊ ထပ်လိုချင်သေးတယ် ”
ဟုန်းမိန်သည် သူမ၏ကလေးက ဤလောက်ကြိုက်သည်ကို မြင်ပြီး ပြောလိုက်သည်။
“အဖိုးတန်လေးရေ ဒီနေ့ ဆီးသီးတွေ အများကြီးဝယ်လာတယ်၊ ဖြည်းဖြည်းချင်း စားလို့ရတယ်၊ မပူနဲ့နော် ”
ထို့ကြောင့် ကလေးအနားတွင် မိသားစုက စတင် အခွံနွှာကြရတော့သည်။ လျူစန်းက အသီးရနံ့ကို အကြာကြီး သည်းမခံနိုင်တော့ပေ။ သူလည်း အိတ်ထဲမှ တစ်လုံးယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်တော့သည်။ သူမထိန်းနိုင်တော့ဘဲ ဆဲဆိုသည့်စကားလုံးကို ပြောထွက်မိသည်။
“F*ck ဒါက သောက်ရမ်းကို အရသာရှိတာပဲ ”
လျူစန်း၏ အမေက လျူစန်းကို တစ်ချက်ကြည့်လိုက်ပြီး အေးတိအေးစက်ပြောလိုက်သည်။
“ရှေ့မှာ ကလေးတစ်ယောက်လုံး ရှိနေတာကို ဘာတွေ ပြောနေတာလဲ ”
လျူစန်းက ရုတ်တရက် ပြောလိုက်သည်။ “ကလေး အဖေ ခုနက ဘာမှ မပြောခဲ့ဘူးနော် ”
အဖိုးတန်လေးက လျူစန်းပြောခဲ့သည့် အရာအားလုံးကို ကြားပုံမပေါ်ချေ။ သူ့အတွေးများက ဆီးသီးများဖြင့် ပြည့်နေပေသည်။
“အမေလည်း တစ်လုံး စားကြည့်လေ ” ဟုန်းမိန်သည် ဆီးသီးများကို စားဖူးသောကြောင့် အရသာကို သိနေပေသည်။
လျူစန်းအမေက ထိုနှစ်ယောက် ဆီးသီးများ စားနေသည်ကို မြင်နေရပြီး သူတို့မျက်နှာထားက အလွန့်အလွန် အရသာရှိသော အရာကို စားရသည့်အလား ဖြစ်နေကြပေသည်။ ထို့ကြောင့် သူမက သံသယဖြစ်လျက် တစ်ကိုက်ကိုက်လိုက်သည်။ ရလဒ်အနေဖြင့် သူမမျက်နှာပေါ်ရှိ အံ့အားသင့်သွားသည့် မျက်နှာထားကို ဖုံးကွယ်မထားနိုင်တော့ချေ။
လျူစန်းက ၎င်းကို မြင်သောအခါ ရယ်လိုက်သည်။
လျူစန်း၏ အမေက ထပ်ခါ ထပ်ခါ ခေါင်းညိတ်လိုက်ပြီး “အဖိုးတန်လေးအမေ ဒီဆီးသီးက ကောင်းသားပဲ၊ ဒါပေမဲ့ ဘယ်သူက ဒီလောက်အများကြီး ပေးလိုက်နိုင်တာလဲ ”
ဟုန်းမိန်က ဘာဖြစ်ခဲ့သလဲဆိုတာကို ရှင်းပြခဲ့သည်။ အစက သူမ၏ယောက္ခမ ဒေါသထွက်သွားလိမ့်မည်ဟု ထင်နေခဲ့သည်။
သို့သော် လျူစန်း၏ အမေက ပြောခဲ့သည်။ “ငါတို့မိသားစုမှာ အရင်က အလေးချိန်စက် အပိုရှိတယ်၊ အဲဒါကို ပေးလိုက်တာ ကိစ္စမရှိဘူး ” ကောင်မလေးကလည်း ထိုကဲ့သို့ ဆီးသီးအိတ်ကြီးတစ်လုံး ပြန်ပေးခြင်းဖြင့် ကျေးဇူးတင်ရမည်ကို သိသည်။ အရေးကြီးဆုံးအရာက သူမ၏မြေးလေး အသီးစားရန်သာ ဖြစ်သည်။
ရှန်းထင်ရွှမ်းက အနီးအနားရှိ ဖြတ်သွားဖြတ်လာများကို ကြည့်နေပြီး ငယ်ရွယ်သည့်အမျိုးသမီးတစ်ယောက် ဆိုဒါတစ်ပုလင်းနှင့် လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။
မိန်းမပျိုလေး၏ အမည်က လီရင် ဖြစ်သည်။ သူမ၏ကုမ္ပဏီဌာနက အသင်းဆောက်လုပ်ရေးကိစ္စကို ဆောင်ရွက်တော့မှာ ဖြစ်သည်။ စီစဉ်ထားသော နေရာများထဲမှ တစ်ခုက ဤရွာဖြစ်သည်။ သူမက အရင်ဆုံး ဆာဗေး လာကောက်တာ ဖြစ်သည်။
ရောက်လာပြီးနောက် လီရင်က ပါဝင်သူ အတော်များသည်ဟု ခံစားလိုက်ရသည်။ သူတို့အသင်းအဆောက်အအုံ၏ ကုန်ကျစရိတ်သည် ငါးထောင် သာလျှင် ဖြစ်သည်။ ဤရွာကို ရွေးချယ်ရခြင်းက သက်သာသော စျေးနှုန်းကြောင့်သာ ဖြစ်နိုင်ပေသည်။
လီရင်က အချိန်တစ်ခုကြာ ရှာဖွေခဲ့သော်လည်း စိတ်ဝင်စားစရာကောင်းသည့်နေရာကို မတွေ့ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက အပူရှပ်ချင်သလို ခံစားနေရပြီး နောက်ဆုံးတွင် စတိုးဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားသည်။ သူမက ဆီးသီးအရသာဆိုဒါအအေးတစ်ပုလင်းကို ဝယ်လိုက်၏။
အဖုံးဖွင့်ဖွင့်ချင်း အတွင်းရှိလေက ကန်ထွက်လာပြီး ဆီးသီး၏ချိုမြိန်မှုပါ လိုက်ပါလာခဲ့သည်။ လီရင်က ပါးစပ်အပြည့် သောက်လိုက်ပြီး သူမကိုယ်တွင်းရှိအပူများ ပြေပျောက်သွားတော့သည်။
လီရင်က သက်ပြင်းချလိုက်သည်။ နွေရာသီ၌ သူမက ရေငတ်ပြေစေရန်နှင့် အပူများ ပျောက်စေရန် ထိုဆိုဒါကို သောက်လေ့ရှိသည်။ လီရင်က သူမလက်ထဲ၌ ထိုအအေးပုလင်းကို ကိုင်ထားပြီး ရှေ့သို့ ဆက်သွားလေသည်။ ရုတ်တရက် သူမက သူမလက်ထဲရှိ ဆီးသီးဆိုဒါထက် ပိုပြီးစားချင်စဖွယ်ဖြစ်သည့် ဆီးသီးရနံ့ကို ရလိုက်သည်။
ရနံ့နောက်သို့ လိုက်လာရင်း လီရင်က ခြင်းဆီသို့ သတိလက်လွတ်ဖြင့် လျှောက်သွားမိလေသည်။
ရှန်းထင်ရွှမ်းက မေးလိုက်သည်။
“ဆီးသီးတွေ ဝယ်မလို့လား၊ အရင်ဆုံး မြည်းကြည့်လို့ရပါတယ်၊ မချိုရင် ပိုက်ဆံပေးစရာ မလိုပါဘူး”
လီရင်က စကားပြောနေသည့်ကောင်မလေးကို ကြည့်လိုက်သည်။ သူမက အလွန်နူးညံ့ချောမွေ့ပြီး ဖြူဝင်းသည့် အသားအရေနှင့် ငယ်ရွယ်ပုံပေါ်ပေသည်။ ထိုမိန်းကလေးက အချိန်တစ်ခုကြာ ဤနေရာ၌ ရှိနေခဲ့ပြီး အဘယ့်ကြောင့် နေလောင်မခံရသည်ကို လီရင်က နားမလည်ခဲ့ချေ။
လီရင်က အရှည်ကြီး လျှောက်တွေးနေမိသလို ခံစားလိုက်ရပြီး သူမက ထိုမိန်းကလေးလက်ထဲမှ အခွံနွှာပြီးသား ဆီးသီးများကို အမြန်ယူလိုက်ပြီး သူမပါးစပ်ထဲသို့ ထည့်ကာ တစ်ကိုက်ကိုက်လိုက်သည်။ လီရင်က သတိလက်လွတ်ဖြင့် သူမ၏မျက်လုံးများ မှိတ်လိုက်မိတော့သည်။
ဤဆီးသီးအသား၏ အရသာက အံ့ဩစရာပင် ဖြစ်သည်။ ဆီးသီးဆိုဒါက အပူကင်းပြီး ရေငတ်ပြေစေလျှင် ဤဆီးသီးက ယခုဆိုဒါထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိပေသည်။ သင်သာ ဆီးသီးကို ကိုက်ချလိုက်၊ ချိုအီနေတဲ့ အသီးရည်တွေ သင့်ပါးစပ်အပြည့် ဖြစ်သွားဖို့ သင်စောင့်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ တစ်ကိုယ်လုံးက အပူတွေလည်း လျော့ပါးသွားပြီး အေးမြသွားလိမ့်မယ်။
ဆီးသီးတစ်လုံးစားပြီးသည့်နောက် လီရင်က လောဘကြီးသွားခဲ့ပြီး သူမ၏ အစားကြီးမှုကို ဖြေဖျောက်ရန် ထပ်စားချင်နေခဲ့သည်။ “ငါ နှစ်ကတ်တီ လိုချင်တယ်” ၎င်းကို သယ်ရန် အခက်အခဲသာ မရှိခဲ့လျှင် လီရင်က ခြင်းထဲရှိ ကျန်သည့်ဆီးသီးများကို ဝယ်သွားခဲ့ပြီးပြီ ဖြစ်သည်။
လီရင်က ဆီးသီးနှစ်ကတ်တီကို သယ်ပြီး ထွက်သွားခဲ့သည်။ သူမ၏ ဘယ်ဖက်လက်ထဲရှိ ဆိုဒါကို ကြည့်ပြီး လီရင်က မနီးမဝေးရှိ အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်တော့သည်။
သည်မတိုင်ခင်ကတော့ သူမက ဆီးသီးဆိုဒါသည် ချိုမြိန်ပြီး အဖျားတောင် ပျောက်စေနိုင်သည်ဟု ခံစားခဲ့ရသည်။ ဤဆီးသီးများကို စားပြီးသည့်အခါတွင်တော့ ထိုဆိုဒါ၏ချိုမြိန်မှုက သိသိသာသာပင် ဆေးသကြားအမျိုးအစားများစွာဖြင့် ပြည့်နေပေသည်။
“မစ်ရှင်ပြီးမပြီးဆုံးခင် ၅ မိနစ် ကျန်ရှိပါသေးသည်။ မစ်ရှင်ပြီးမြောက်မှုသည် ယခု ၈၇.၅% ဖြစ်ပါသည်။ မစ်ရှင်ကျရှုံးလျှင် ဝိညာဉ်သွေးကြောမှ ၄% နုတ်ယူပါမည်။ ”
ယခု မစ်ရှင်ပြီးမြောက်ရန် လူတစ်ယောက်သာ ကျန်တော့သည်။ ပြီးခဲ့သည့်မစ်ရှင်များ၏ အတွေ့အကြုံအရ ရှန်းထင်ရွှမ်းသည် ကြေညာချက်ကို ဂရုတစိုက်နားထောင်လိုက်သည်။ သူမက သာမန်ကာလျှံကာဖြင့် အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး ကားတစ်စီးလာနေသည်ကို တွေ့လိုက်ရသည်။
—–
စာရေးသူမှာ ပြောစရာရှိနေပါသည်။
အဲဒါဘယ်သူလဲ မှန်းကြည့်ပါ။
…