အခန်း (၆)
ထိုအချိန်အတောအတွင်းမှာပဲ လူ ၁၄ ယောက်က ဆီးသီးများကို စားပြီးသွားပြီ ဖြစ်သည်။ ထိုသူများကြောင့် ရှန်းထင်ရွှမ်းက အကူညီအများကြီး ရသွားခဲ့သည်။
ရှန်းထင်ရွှမ်းက လီရင်၏တောင်းဆိုမှုကို သေချာလက်ခံလိုက်သည်။ “ရတာပေါ့၊ ရှင်တို့ကို အဲဒီ ခေါ်သွားမယ် ”
ကျန်ရှိနေသေးသည့် ဆီးသီးများကို တောင်ခြေ၌ ထားခဲ့လိုက်သည်။ တစ်စုံတစ်ယောက်ကတော့ ၎င်းကို ဝယ်ယူလိမ့်မည်ဆိုတာ ရှန်းထင်ရွှမ်း သိပေသည်။ ထို့ကြောင့် သူမက အလျင်မလိုခဲ့ချေ။
တောင်အောက်၌ အစီအရင်တစ်ခုရှိပေသည်။ လူအများစုက ဝင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရှန်းထင်ရွှမ်းက လီရင်နှင့်တခြားသူများကို သူမနောက်မှ လိုက်လာခိုင်းလိုက်သည်။
မြစ်၏တည်နေရာက တောင်၏အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး အရမ်းမဝေးပေ။ လူတိုင်းက အကင်လုပ်ရန် သူတို့ ယူလာသော ပစ္စည်းများကို သယ်လိုက်ကြသည်။
အချိန်ကိုက်ပင် တာဝန်ပြီးမြောက်ကြောင်း စနစ်၏သတိပေးသံက ရှန်းထင်ရွှမ်း၏နားထဲသို့ ရောက်လာသည်။
ရှန်းထင်ရွှမ်းက လီရင်နှင့် တခြားသူများကို နှုတ်ဆက်လိုက်ပြီး ဝါးပင်များကို ပြောင်းရွှေ့စိုက်ပျိုးရန် တောင်အောက်သို့ တန်းတန်းမတ်မတ် ဆင်းသွားတော့သည်။ ဤတောင်၏ အရှေ့မြောက်ဘက် မီတာ ၅၀၀ လောက်တွင် ဝါးတော ရှိပေသည်။
ရှန်းထင်ရွှမ်းက ထိုဝါးပင်များကို တောင်ခြေသို့ ပြောင်းရွှေ့စိုက်ပျိုးရန် ရည်ရွယ်ထားသည်။ သူတို့က တချို့ တည်ဆောက်မှုများ စီစဉ်နိုင်ရန် ကူညီပေးကြသည်။ ရှန်းထင်ရွှမ်း၏ဝိညာဉ်စွမ်းအင်က ယခု အပြည့်ပြန်မရသေးချေ။ ထို့ကြောင့် ထိုပြင်ပအားများအပေါ်၌သာ မှီခိုနိုင်ပေသည်။
များစွာသော ဝါးများကို ပြောင်းရွှေ့စိုက်ပျိုးပြီးနောက် လီရင်က တံစို့ထိုးထားသော အသား၊ ကြက်ခြေထောက်၊ ဝက်အူချောင်း နှင့် ခရမ်းသီးများ ပါသော ပန်းကန်တစ်ချပ်ကို ရှန်းထင်ရွှမ်းဆီသို့ ယူလာခဲ့သည်။ “အစ်မ ဒီမှာ ကျွန်မတို့ ကင်ထားတာတွေ စားပါဦး ”
ရှန်းထင်ရွှမ်းက ယူလိုက်သည်။ “ကျေးဇူးပါ ”
လီရင်က ရှန်းထင်ရွှမ်းသည် အမှန်တကယ် ကြည့်ကောင်းသည်ဟု တွေးနေသည်။ သူမက ကြည့်ကောင်းပြီး စိတ်ကောင်းလည်း ရှိသည်။ အရေးကြီးဆုံးက သူမစိုက်ပျိုးထားသည့် ဆီးသီးများသည် အရသာရှိကြသည်။ “ရပါတယ် ”
တကယ်တော့ တောင်အောက်တွင် မြစ်တစ်စင်းရှိသည်။ သို့သော် လူတိုင်းက ဆီးသီးများကို စားသုံးပြီးနောက် ထွက်မသွားချင်တော့သည်ကို သူမက သိပေသည်။
ရှန်းထင်ရွှမ်းက အစားစားပြီးသွားပြီး ခြံဝန်းထဲသို့ ပြန်လှည့်သွားသည်။ သူမက ပန်းကန်များကို ဆေးလိုက်ပြီး သခွားသီးအစည်းကို ကောက်ယူလိုက်သည်။ မျိုးစေ့များကို စိုက်ပျိုးပြီးနောက် သခွားသီးများက စွမ်းအင်ရေကြောင့် လျင်မြန်စွာ ရင့်မှည့်လာကြသည်။
သူမက သခွားသီးများကို ဆေးကြောလိုက်ပြီး အိတ်တစ်လုံးထဲသို့ ထည့်လိုက်သည်။ လီရင်နှင့် တခြားသူများအား ၎င်းတို့ကို ပေးလိုက်သည်။
လီရင်နှင့် တခြားသူများက အားလုံးနီးပါး စားပြီးသွားကြပြီ ဖြစ်သည်။ ရှန်းထင်ရွှမ်းက သခွားသီးများယူလာသည်ကို မြင်သောအခါ လူတိုင်းက ငြင်းဆန်ရန် တွန့်ဆုတ်နေကြပေသည်။
လီရင်က ရှန်းထင်ရွှမ်း၏ ထုတ်ကုန်များသည် အရသာရှိမှန်း သိခဲ့သည်။ သူမက ဗိုက်ပြည့်နေပြီဖြစ်သော်လည်း သူမက ကျေးဇူးတင်လိုက်ပြီး သခွားသီးများကို ယူလိုက်သည်။ ၎င်းတို့ပေါ်၌ ရေများ ရှိနေဆဲဖြစ်သည်။ ၎င်းက အရင် ဆေးလာခဲ့သည်ကို ပြသနေပေသည်။
လီရင်က ချက်ချင်း တစ်ကိုက်ကိုက်လိုက်သည်။
အကင်က အလွန် အီပြီး ၎င်းတွင် အရသာပြင်းသည့် အမျိုးမျိုးသော ဟင်းခတ်အမွှေးအကြိုင်များ ပါဝင်ပေသည်။ စားပြီးနောက် အစာအိမ်သာမက လူတစ်ကိုယ်လုံးပါ အလွန်အီနေသည်ဟု ခံစားနေရသည်။
ထိုအချိန်တွင် အစာအိမ်ထဲသို့ သခွားသီးတစ်ကိုက်ထည့်လိုက်ခြင်းက လူတစ်ကိုယ်လုံးကို အလွန် လန်းဆန်းသွားစေသည်။
သူတို့အများစုက ဗိုက်ပြည့်နေကြပြီ ဖြစ်သော်လည်း
ယခုအကင်ကြောင့် အီလည်နေသည့်အရသာကို သခွားသီးက ပြေပျောက်စေနိုင်သည်။
လီရင် သခွားသီး ကိုက်လိုက်သည်ကို ကြားရသည်နှင့် လူတိုင်းက စယူလိုက်ကြသည်။
သူမဘေးရှိ လူကလည်း နှိုးဆော်လိုက်သည်။ ထို့နောက် သခွားသီးတစ်လုံးကို ယူလိုက်ပြီး စားလိုက်သောအခါ သူ့တစ်ကိုယ်လုံးက စွမ်းအင်အပြည့် ဖြစ်လာခဲ့သည်။
ကျန်သည့်လူများက သခွားသီးများကို လိုက်ယူလိုက်ပြီး စမ်းချောင်းဘေး၌ ရုတ်တရက် အလွန်တိတ်ဆိတ်သွားလေသည်။
နေရာတွင် ထိုင်နေသည့် လူတိုင်းက သခွားသီးတစ်ခုစီ ကိုင်ထားလျက် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ဖြည်းဖြည်းချင်း ကိုက်ဝါးနေကြသည်။
အချိန်တစ်ခုကြာ ရပ်တန့်သွားပြီးနောက် ဌာနခေါင်းဆောင်က လီရင်ကို ပြောလိုက်သည်။
“ငါတို့လည်း တစ်ခုခု ပြန်လုပ်ပေးဖို့ လိုတယ်၊ ဒါ့ကြောင့် ဒီနေ့ လှုပ်ရှားမှုအဖြစ် ဒီမိန်းကလေး စိုက်ပျိုးတာကို ကူညီမယ် တွေးထားတယ် ”
လူတိုင်း …..
ကောင်းပြီ။ အဖွဲ့လိုက်လှုပ်ရှားမှုက သူများရဲ့မြေမှာ စိုက်ပျိုးတာကို ကူညီပေးတယ်လို့ ရှိလို့လား။ သို့သော် သူတို့စိတ်ထဲတွင်တော့ အတော်လေး ပျော်ရွှင်နေကြပေသည်။ ဒီတောင်ပေါ်မှာ တခြားအရသာရှိတဲ့ အရာတွေလည်း ရှိနိုင်တာပဲမလား။
ထို့ကြောင့် ရှန်းထင်ရွှမ်းကို တွေ့ရန် ကိုယ်စားလှယ်အနေဖြင့် သူတို့က လီရင်ကို စေလွှတ်လိုက်ကြသည်။
ရှန်းထင်ရွှမ်းက ထိုအကြံပြုချက်ကို ကြားပြီးနောက် တွေးလိုက်သည်။ ထိုမြေဆီလွှာက မျိုးစေ့များ စိုက်ပျိုးရန်အတွက် ထယ်ထိုးရန် လိုအပ်ပေသည်။ တစ်စုံတစ်ယောက်က တစ်ခါမှ မစိုက်ပျိုးဖူးလျှင် သူတို့က အစေ့အမျိုးအစားတစ်ခုချင်းစီ ပေါက်ရောက် ရှင်သန်နိုင်သည့် သင့်လျော်သော အနက်ကို မသိနိုင်ကြချေ။
လီရင်က ကျေးလက်ဒေသမှ လာခဲ့ပြီး သူမက စိုက်ပျိုးခြင်းက ဤလောက် မရိုးရှင်းသည်ကို သိထားသည်။
“စိုက်ပျိုးရေးမှာ အတွေ့အကြုံရှိခဲ့ဖူးသည့်သူမှသာ ထယ်ထိုး၊ မြေတူးနိုင်လိမ့်မယ်။ ထို့နောက်မှသာ ကိုယ်တိုင် မျိုးစေ့ကြဲနိုင်လိမ့်မယ်။ အရင်တုန်းက တစ်ခါမှ မစိုက်ပျိုးဖူးတဲ့သူတွေကိုတော့ ပေါင်းပဲသင်ခိုင်းလိုက်ပါ”
ရှန်းထင်ရွှမ်းက “ကောင်းပါပြီ၊ ကျေးဇူးပါ ”
လီရင် “အရမ်း အားနာဖို့ မလိုပါဘူး၊ ငါတို့ကလည်း မင်းကို ကျေးဇူးတင်နေတာပါ ”
လီရင်နှင့် ဌာနခေါင်းဆောင်က အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်သည်။ တစ်ဖွဲ့က စိုက်ပျိုးရာတွင် အတွေ့အကြုံရှိကြပြီး တစ်ဖွဲ့က အတွေ့အကြုံမရှိကြပေ။
အတွေ့အကြုံ မရှိကြသည့်အဖွဲ့ကို အတွေ့အကြုံရှိသည့်အချို့က ဦးဆောင်မည်ဖြစ်သည်။ အဲ့လိုမှမဟုတ်ရင် သူတို့က ပျိုးပင်နှင့် မြက်ပင်ကို မှားပြီး နှုတ်ကြလိမ့်မည်။
လူတိုင်းက နေ့ခင်း ၄နာရီတိုင်အောင် အလုပ်ရှုပ်နေခဲ့ကြသည်။ ရှန်းထင်ရွှမ်းက အချိန်ကို ခန့်မှန်းလိုက်ပြီး တောင်အောက်ရှိ စျေးဆိုင်လေးဆီသို့ သွားလိုက်သည်။ ရောင်စုံအစင်းကွက်ပုံစံရှိသည့် အိတ်ကြီး၂လုံးကို ဝယ်ယူခဲ့ပြီး တစ်လုံးက ဆီးသီးများ ထည့်ရန်ဖြစ်သည်။
တခြားတစ်လုံးအတွက်မူ ရှန်းထင်ရွှမ်းက မက်မွန်ပင်ဆီသို့ ပြေးသွားခဲ့ပြီး ရေလောင်းလိုက်သည်။ ယခု တာဝန်ပြီးမြောက်ပြီးနောက် သူမ၏ဝိညာဉ်သွေးကြောများအား ၅% ပြန်လည်ရရှိပြီဖြစ်ပြီး သစ်ပင်တစ်ပင်လုံးကို ရေလောင်းရန် ပြဿနာမရှိတော့ပေ။
ရှန်းထင်ရွှမ်းက အိတ်တစ်လုံးအပြည့် မက်မွန်သီးများကို ကောက်ယူလိုက်ပြီး ဆီးသီးများနှင့် မက်မွန်သီးများကို သယ်လာခဲ့တော့သည်။ သူမ တောင်ခြေသို့ ရောက်ရောက်ချင်း လီရင်နှင့် တခြားသူများကို တွေ့လိုက်ရသည်။
သူတို့က ပြီးလုနီးပါး ဖြစ်နေကြသည်။ တကယ့်ကိုပဲ အောက်ဘက်ရှိ နေရာတစ်ခုလုံးကို ကောင်းစွာ ထယ်ထိုးထားကြပေသည်။ မြက်များကိုလည်း များစွာ ဆွဲနုတ်ထားကြသည်။ သူတို့ကလည်း မြက်ခြောက်နှင့် မြက်စိုများကို ခွဲခြားထားပေသည်။
လီရင်က များစွာသော ဆီးသီးများနှင့် မက်မွန်သီးများကို မြင်ခဲ့ပြီး သူမက အလွန် ပျော်ရွှင်သွားသည်။
” ဒါတွေက ဘယ်လောက်လဲ ”
ရှန်းထင်ရွှမ်းက “မဟုတ်ဘူး၊ ရှင် ကျွန်မကို အများကြီး ကူညီထားတာ” သူမက အများကြီး သန်မာလာသော်လည်း ထိုလူများစွာက သူမတစ်ယောက်တည်း လုပ်သည်ထက် ပို၍မြန်ဆန်စွာ ထယ်ထိုးနိုင်ကြသည်ကို သူမ ဝန်ခံရပေမည်။
” တောင်အောက်ကို ဆင်းဖို့ လမ်းပြပေးမယ် ”
ရှန်းထင်ရွှမ်း လက်ထဲ၌ အထုပ်များ သယ်လာသည်ကို မြင်သောအခါ အမျိုးသားတချို့က အိတ်များကို ကူသယ်ပေးရန် သူမဆီသို့ လျှောက်လာခဲ့ကြသည်။
ရှန်းထင်ရွှမ်းက ငြင်းဆန်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။
လီရင်က ရပ်လိုက်ပြီး “အစ်မ ငါတို့မှာ ယောက်ျားလေးတွေ အများကြီးရှိတယ်၊ အမျိုးသမီးတွေက အလေးကြီးတွေ သယ်ဖို့ မလိုပါဘူး ”
သူမဘေးရှိလူကလည်း ထောက်ခံလိုက်သည်။ “ဒါပေါ့၊ ညီမ ခဏအနားယူလိုက်ပါဦး ”
ထို့ကြောင့် ရှန်းထင်ရွှမ်းက အသီးအိတ်များကို မ,ရန် မကူညီခဲ့တော့ချေ။
လူတိုင်းက တောင်ခြေသို့ လမ်းလျှောက်သွားပြီးနောက် ကားထဲမှထွက်လာသော မိန်းမပျိုလေးတစ်ယောက်ကို တွေ့လိုက်ကြသည်။
သူမက ရှန်းထင်ရွှမ်းကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် သူမလက်များကို ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် ရှန်းထင်ရွှမ်းဆီသို့ အပြေးအလွှား ရောက်လာတော့သည်။ သူမက လမ်းတစ်ဝက်ရောက်မှသာလျှင် သူမဆီလာတာကို ရပ်မည့်ပုံပင်။
လူတိုင်းက ဤအမျိုးသမီးသည် ရှန်းထင်ရွှမ်းနှင့် အလုပ်လုပ်ရန် တစ်စုံတစ်ရာ ရှိနေသည်ဟု တွေးနေကြသည်။ အချိန်က မစောတော့ပေ။ ထို့ကြောင့် သူတို့အားလုံးက ဘက်စ်ကားထဲသို့ ဝင်လိုက်ကြတော့သည်။
“အစ်မ မင်းမှာ ဧည့်သည့်ရှိနေတာပဲ၊ ဒါဆို ကျွန်မတို့ အခု နှုတ်ဆက်ပါတယ် ”
ရှန်းထင်ရွှမ်းက သူတို့ကို လက်ကို ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်သည်။
ဘတ်စ်ကား ထွက်သွားပြီးမကြာမီ သူတို့က နောက်လှည့်ကြည့်လိုက်သောအခါ ခုနမှရောက်သည့် အမျိုးသမီးက တောင်ခြေနားမှာ ချာလည်လှည့်နေသည်ကို သူတို့ တွေ့လိုက်ရသည်။
ရှန်းထင်ရွှမ်းက လှည့်လည်သွားလာနေသည့် ဝမ့်ချန်ကို အကြည့်တစ်ချက်တောင် မပေးဘဲ တောင်ပေါ်သို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ ခဏကြာပြီးနောက် သူမက မြင်ကွင်းမှ ထွက်သွားလုနီးပါး ဖြစ်သွားသည်။
ကျောက်တုံးပျံက တောင်၏ဝင်ပေါက်တွင် သူမ နေရာချထားသော ကျောက်တုံးအစီအရင်ကို ရုတ်တရက် လာမှန်ပေသည်။ လှည့်လည်သွားလာနေသည့် ဝမ့်ချန်က ဝင်ပေါက်သို့ တန်းတန်းမတ်မတ် သွားလိုက်၏။
ဝမ့်ချန်က အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သူမက တောင်ပေါ်သို့ လမ်းလျှောက်လာခဲ့ပြီး ဖြစ်သည်။ သူမက အချိန်တစ်ခုကြာ လမ်းလျှောက်ခဲ့သည့်တိုင် တောင်အလယ်ပင် မရောက်နိုင်ဘဲ မည်သည့်အကြောင်းကြောင့် တောင်ခြေ၌ ရှိနေရသေးသနည်း။
ဝမ့်ချန်က နောက်တစ်ဖန် တောင်တက်ရန် လုပ်လိုက်သည်။ သူမ၏ဒရိုင်ဘာက မှန်တံခါးကို ချလိုက်သည်။ ” မင်း ဘာလုပ်နေတာလဲ ”
ကောင်းကင်က တဖြည်းဖြည်း အရောင်ဖျော့လာပြီး ဒရိုင်ဘာ၏ ဖျော့တော့တော့ အသားအရေကိုတော့ မြင်နိုင်နေသေးသည်။ သို့သော် ဝမ့်ချန်၏စိတ်ထဲတွင်တော့ အနည်းငယ် ကြောက်လာသလို ခံစားလိုက်ရသည်။
“အခု မင်း ဒါကို မြင်လိုက်လား ”
ဒရိုင်ဘာက “ဒီပေါ်ကို ပြန်လာခဲ့၊ မင်း ဒီနေရာကို ပတ်နေခဲ့တာ၊ မင်းကို ခေါ်ပေမဲ့ မင်းက ဘာမှ မတုံ့ပြန်ခဲ့ဘူး ”
ဝမ့်ချန်က ကားထဲသို့ပြန်လိုက်ပြီး ထိုအရာကို ကြားသောအခါ သူမ၏မျက်နှာက တဖန် ပြောင်းလဲသွားသည်။
နှစ်ယောက်သားက မှောင်မည်းနေသည့်ကောင်းကင်ကို ကြည့်လိုက်ပြီး ဒရိုင်ဘာက အရာအားလုံးက အေးစက်နေသည်ဟု ခံစားလိုက်ရသည်။ သူက ဝမ့်ချန်ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။
“မင်း ကိုယ်မှာ မသန့်တာ တစ်ခုခု ရှိနေတာလား ”
ဝမ့်ချန် တုန်လှုပ်သွားသည်။ “ပေါက်ကရတွေ မပြောနဲ့တော့၊ သွားမယ်” ထိုရွာက တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး အထူးသဖြင့် ညအခါတွင် ဖြစ်သည်။ ဝမ့်ချန်က သူမ၏ပတ်ပတ်လည်ကို ကြည့်ပြီး သူမစိတ်အတွင်းမှ ကြောက်ရွံ့မှုက ကြီးထွားလာတော့သည်။
ဒရိုင်ဘာက ဤနေရာ၌ အချိန်အကြာကြီး မနေချင်တော့ပေ။ သူက လီဗာကို အရှိန်တင်လိုက်ပြီး ထွက်ခွာသွားတော့သည်။
ရှန်းထင်ရွှမ်းက သူမ၏ခြံဝန်းသို့ ပြန်ရောက်သွားသောအခါ ဖုန်း အသိပေးချက်က မြည်လာလေသည်။
“သင်၏ Alipay တွင် ငွေပေးချေမှုအတွက် ၂၀၀၀ ယွမ် လက်ခံရရှိပါသည်”
လီရင်နှင့် တခြားလူများက ကားပေါ်သို့ ရောက်ပြီးနောက် သူတို့၏ဌာနခေါင်းဆောင်က မေးလိုက်သည်။ “မင်းတို့ မိန်းကလေးရဲ့ QR ကုတ်ကို ရိုက်ခဲ့ကြသေးလား ”
“စိတ်မပူပါနဲ့ ဘော့စ်၊ ကျွန်မမှာ ရှိပါတယ် ”
“ဒါဆို ငွေချေကြရအောင် ”
ရှန်းထင်ရွှမ်းက သခွားသီးနှစ်လုံး၊ ငရုတ်သီးလက်တစ်ဆုပ်နှင့် ဂေါ်ဖီထုပ်တစ်ထုပ်ကို ကောက်ယူလိုက်သည်။
ထိုပါဝင်ပစ္စည်းများအားလုံးက သူမကိုယ်တိုင် စိုက်ပျိုးထားသည်များ ဖြစ်ကြသည်။ ရှန်းထင်ရွှမ်းက ၎င်းတို့ကို ရေဖြင့် ဆေးကြောလိုက်ပြီး လုပ်ငန်းဆောင်ရွက်ရန် စတင်လိုက်သည်။
ပထမဆုံး သခွားသီးကို အချပ်များဖြစ်အောင် လှီးလိုက်ပြီး ပန်းကန်ပြားတစ်ချပ်ပေါ်သို့ တင်ထားလိုက်သည်။ ထို့နောက် ငရုတ်သီးများကို ဓားဖြင့် နုတ်နုတ်စင်းလိုက်သည်။ ဂေါ်ဖီထုပ်က ဓားမလိုအပ်ပေ။ အပြင်ဘက်ရှိ အရွက်များကို အပိုင်းအစများဖြစ်အောင် လက်ဖြင့် တိုက်ရိုက်ဆွဲဖြဲလိုက်သည်။ ဆွဲဖြဲပြီးနောက် ဂေါ်ဖီထုပ်၏ရနံ့က ထွက်ပေါ်လာပေသည်။ ၎င်းက အနံ့က ကောင်းပေသည်။
အိုးကို ဆေးကြောလိုက်ပြီး ဆီထည့်လိုက်သည်။
ဆီပူလာသောအခါ သခွားသီးထည့်လိုက်ပြီး ဇွန်းဖြင့် နှစ်ကြိမ် မွှေလိုက်သည်။ ဆားပါးပါးလေး ဖြူးလိုက်ပြီး နောက်တစ်ဖန် နှစ်ကြိမ်ခန့် မွှေလိုက်ပြီး ပြင်ဆင်လိုက်သည်။
အိုးကို ရေသန့်အနည်းငယ်ဖြင့် ဆေးကြောပြီး သစ်သားမီးဖိုထဲသို့ ထင်းအနည်းထည့်လိုက်သည်။ အိုးထဲရှိ ရေက အငွေ့ပျံလာသောအခါ ငရုတ်သီးထည့်လိုက်ပြီး လျင်မြန်စွာ မွှေလိုက်သည်။ ချက်ပြုတ်ပြီးနောက် ဘေးတွင် ထားလိုက်သည်။ ၎င်းကို ဆီထဲထည့်ပြီးနောက် ချွေထားသည့် ဂေါ်ဖီထုပ်ကို အိုးထဲသို့ ထည့်လိုက်သည်။
မွှေကြော်နေသည့်အသံက အရသာဖုကို နှိုးဆော်ပေးသည်။ ခဏကြာ မွှေပြီးနောက် ရှန်းထင်ရွှမ်းက ခုနက ကြော်ထားသည့် ငရုတ်သီးနှင့် ဆားကို ထည့်လိုက်ပြီး မပြီးသေးခင်အထိ အကြိမ်ရေ တော်များများ မွှေနေလိုက်သည်။
မီးဖိုချောင်ထဲတွင် စားပွဲမရှိချေ။ ထို့ကြောင့် ရှန်းထင်ရွှမ်းက မီးဖိုဘေးတွင် ပန်းကန်များကို ထားလိုက်သည်။
အသီးအရွက်အများစုက ဆောင်းရာသီတွင် ဆီးနှင်းများ ဖုံးအုပ်ခံပြီးနောက် အရသာ ပိုကောင်းလာမည်။ သူတို့ကို ဝက်ဆီနှင့် ကြော်ပြီးလျှင် အရသာ ပိုကောင်းလာမှာပဲ ဖြစ်သည်။
ဤဂေါ်ဖီထုပ်၏အရသာက ပထမတစ်ကိုက်နှင့်ပင် ချိုနေပေသည်။ ဒုတိယတစ်ကိုက်သည် အလွန် လတ်ဆတ်လွန်းပေသည်။ ဂေါ်ဖီထုပ်၏ ချိုမြသည့်အရည်က လျှာဖျားမှတဆင့် ကိုယ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။ ပြီးနောက် အစာအိမ်ထဲသို့ စီးဝင်သွားတော့သည်။
ချိုမြိန်သည့်အရသာက လူများကို ညည်းညူလောက်အောင် အလွန်အရသာရှိပေသည်။
ငရုတ်သီးများလည်း ရှိပေသည်။ အခြောက်ကြော်ခြင်းသည် ငရုတ်သီးများ၏ အစပ်အားကို လျော့နည်းစေသည်။ သို့သော် ၎င်း၏ အနံ့ကိုတော့ လုံးဝ မသက်ရောက်ပေ။
တစ်ကိုက်တည်းနှင့်ပင် ငရုတ်သီး၏အစပ်နှင့် ဂေါ်ဖီထုပ်၏ အချိုသည် လိုက်ဖက်သွားပြီး လုံးဝကို အရသာရှိလှပေသည်။
ရှန်းထင်ရွှမ်းက သူမ စားလို့မပြီးသေးဘူးဟု အစက ခံစားခဲ့ရသော်လည်း ထိုနှစ်ပန်းကန်လုံးကို စားလိုက်ပြီး ဖြစ်သည်။
စားပြီးနောက် ရှန်းထင်ရွှမ်းက သူမ၏အနည်းငယ် ပြူထွက်နေသော ဗိုက်လေးကို ပွတ်လိုက်၏။ သူမက အခြားသော ဂျင်ဆင်းများထက် ပိုဇိမ်ကျနေသည်။
—–
စာရေးသူမှာ ပြောစရာရှိနေပါတယ်။
_(:)_
…