DBFFL အပိုင်း ၁၁

အခန်း ၁၁

သို့သော်လည်း ချန်ရွှယ်မင်သည် အံ့သြ ထိတ်လန့်သွားခြင်းမရှိပါ။

မော့ယွီစန်းသည် အန်းရှကို မချစ်သော်လည်း ထိုမျှလောက် ငွေကြေးများကို ပေးချင်စိတ်ရှိနေသည်ကိုတော့ အံ့သြမိသည်။ ပစ္စည်းခွဲဝေမှုတွင်လည်း ရှေ့နေတစ်ဦးဖြစ်သည့် သူမ မျှော်မှန်းထားသည်ထက်ပင် အများကြီး ပိုများနေသော်လည်း ယခုထက် ပိုမိုများပြားသင့်သည်ဟု သူမထင်သည်။ ထို့အပြင် ဤသန်းပေါင်း ၂၆၀ သည် မော့ယွီစန်းအတွက်တော့ မပြောပလောက်သည့် ပမာဏဖြစ်သည်။

“သန်း ၂၆၀ ပဲလား။ ဒီမယ် ရှေ့နေချီ…မော့ယွီစန်းပိုင်တဲ့ အိမ်တွေထဲက ကြုံရာတစ်လုံးကို ရွေးထုတ်ကြည့်လိုက်ရင်တောင် သန်း ၁၀၀ လောက်ကတော့ တန်ကြေးရှိနေတာပဲ။ ပိုင်ဆိုင်မှုခွဲဝေတာကို သန်း ၂၆၀ လောက်ပဲ လျော်ကြေးပေးတာကတော့ အဓိပ္ပာယ်မရှိရာကျလွန်းပါတယ်”။

ရှေ့နေ ချီလိသည် ချန်ရွှယ်မင်၏ စီနီယာ အကြီးအကဲတစ်ဦးဖြစ်သော်လည်း အန်းရှသည် သူမ၏ သူငယ်ချင်းကောင်းတစ်ဦးဖြစ်ပြီး အန်းရှကြောင့်သာ သူမသည် ရှေ့နေလောကထဲသို့ အဆင်ဆင်ပြေ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မော့ယွီစန်းဘက်မှ ရှေ့နေသည် သူမ၏ စီနီယာ ဖြစ်နေစေကာမူ ချန်ရွှယ်မင်အနေဖြင့် ငဲ့ညှာနေစရာ မလိုပေ။

“ဟုတ်တာပေါ့။ သန်း ၂၆၀ ဆိုတာက သူဋ္ဌေးမော့က မိန်းကလေးအန်းကို ပေးတဲ့ လျော်ကြေးငွေသက်သက်ပါပဲ”။

ထို့နောက် ချီလီသည် အန်းရှကို အခြားစာချုပ်စာတမ်းများ လွှဲပေးလေသည်။ “ဒါတွေကတော့ မိန်းကလေးအန်းကို သူဋ္ဌေးမော့ ခွဲဝေပေးလိုက်တဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေပါ”။

“ဒါကတော့ မိန်းကလေးအန်းအတွက် ဝေစုပါ”။

ချန်ရွှယ်မင်သည် ရှေ့နေချီ ကမ်းပေးလိုက်သော စာရွက်စာတမ်းများကို ကြည့်လိုက်သောအခါ လုံးဝကို ထိတ်လန့်မိသွားတော့သည်။

မော့ယွီစန်းသည် နိုင်ငံအနှံ့ရှိနေသော သူ၏ ပိုင်ဆိုင်မှုများစွာကို ခွဲဝေပေးလိုက်ခြင်းဖြစ်သည်။

လျော်ကြေးငွေသည် ယွမ် သန်း ၂၆၀ မျှပဲဆိုလျှင်တောင် နည်းလှသည့် ပမာဏတစ်ခုတော့ မဟုတ်ပါ။

ချမ်းသာကြွယ်ဝမှုများသာမက ပိုင်ဆိုင်ရန် မလွယ်ကူသော ခြံဝန်းနှင့်အိမ်များလည်း ပါဝင်လေသည်။

သို့သော် မော့ယွီစန်းပိုင်ဆိုင်သော အိမ်ခြံမြေများနှင် အစုရှယ်ယာများသည် မိုးထိအောင်ပင် များပြားတန်ဖိုးရှိလှသည့် လျော်ကြေးဖြစ်လေသည်။

ဒါ့အပြင် ထိုအိမ်ရာတစ်ခုစီ၏ လက်ရှိပေါက်ဈေးသည် ယွမ် သန်း ၁၀၀ ကျော် တန်ဖိုးရှိသည်။ မြို့တွင်းရှိ အပန်းဖြေစံအိမ် နှစ်လုံးကို ငှားရမ်းလိုက်မည်ဆိုလျှင် နှစ်စဉ်ငှားရမ်းကြေးသည် သန်း ၁၀၀ ခန့်ရှိမည် ဖြစ်သည်။

ထို ပိုင်ဆိုင်မှု ပစ္စည်း များ၏ တန်ဖိုးသက်သက်ပင်လျှင် သန်း ၂၆၀ ကျော်နေပြီဖြစ်သည်။

သို့သော်လည်း ဤပိုင်ဆိုင်မှုများ၏ တန်ဖိုးသည် မော့ယွီစန်းခွဲဝေပေးသော မော့လုပ်ငန်းအုပ်စု၏ အစုရှယ်ယာတန်ဖိုးထက် နည်းနေသေးသည်။

ထိုအရာသည် တစ်ရာခိုင်နှုန်းသာရှိသည့် အစုရှယ်ယာဖြစ်သော်ငြားလည်း သူမရရှိမည့် အမြတ်ဝေစုဖြစ်လေသည်။

အန်းရှအနေဖြင့် နောင်အနာဂတ်တွင် အခက်အခဲ တွေ့ကြုံခဲ့ရလျှင်တောင် မော့လုပ်ငန်းအုပ်စုမှ နှစ်စဉ်ရရှိမည့် အမြတ်ဝေစုဖြင့် နှစ်ပေါင်း အနည်းငယ်အတွင်း ကောင်းကောင်းမွန်မွန် နေထိုင်နိုင်မည် ဖြစ်သည်။

ထိုမျှ များပြားလှသော ငွေကြေးပမာဏကို ရရှိမည်ကို သိလိုက်ရသောအခါ ချန်ရွှယ်မင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး အနည်းငယ် ငြိမ်သက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။ “သူဋ္ဌေးမော့က အရမ်းကို ရက်ရောတာပဲနော်”။

အန်းရှအတွက်တော့ ထိုမျှလောက်သော ငွေပမာဏဖြင့်ဆိုလျှင် သူမလိုချင်သောအရာ မှန်သမျှကို စိတ်တိုင်းကျ ဝယ်ယူနိုင်မည်ဖြစ်သဖြင့် မကျေနပ်စရာ မရှိပါ။

“မိန်းကလေးအန်း အကြောင်းထွေထွေထူးထူး မရှိတော့ဘူးဆိုရင် လက်မှတ်ထိုးနိုင်ပါပြီ”။

ထိုအရာများကို မမြင်ဖူးသလို တန်ဖိုးလည်း နားမလည်သည့် အန်းရှသည် ချန်ရွှယ်မင် ခေါင်းညိတ်ပြလိုက်သောအခါ လက်မှတ်ထိုးလိုက်တော့သည်။

DBFFL
Author: DBFFL
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး

Delicate Best Friend of the Female Lead, 穿成女主的娇气包闺蜜[穿书], 穿成女主的娇气包闺蜜怎么破
Score 7.2
Status: Ongoing Type: Author: Artist: , Native Language: Chinese
မျက်လုံးကို ဖွင့်လိုက်တာနဲ့ နာမကျန်းဖြစ်နေတဲ့ အန်းရှက မှားယွင်းတဲ့ အမြင်ရှိတဲ့ ခွေးသွေးဝတ္ထုထဲကို ရောက်နေကြောင်း သိလိုက်ရတယ်။ ဇာတ်လိုက်မရဲ့ အကောင်းဆုံးသူငယ်ချင်းလေး၊ အာဏာရှင်ဇာတ်လိုက်ကြီးရဲ့ အသက်တိုတဲ့ဇနီးဟောင်း ဖြစ်ပြီးတော့ သိုက်တူးသမမိခင် ဖြစ်တယ်။သတ်မှတ်ချက်အရ အမှန်ပင် ကံဆိုးလွန်း၊ အသက်တိုသော အမြောက်စာဇာတ်ကောင်ဖြစ်တယ်။ စာအုပ်အထဲက မူလကိုယ်က ကိုယ်ဝန်ပျက်ကျစေခဲ့ပြီး ခန္ဓကိုယ် ထိခိုက်သွားခဲ့သည်။ အဆုံးတွင် သူမက အမျိုးသမီးလူစွမ်းကောင်းနှင့် သူမ၏ပုန်ကန်တတ်သော သားတို့အကြား ချစ်ခြင်းတို့ကြောင့် သူမက အရှင်လတ်လတ် ဒေါသထွက်ခဲ့ရတယ်။အန်းရှက ခေါင်းငုံ့လိုက်ပြီး ဝမ်းဗိုက်အောက်ပိုင်းရှိ ကိုယ်ဝန်ကို ငုံ့ကြည့်လိုက်တယ်။နာမကျန်းတဲ့ အန်းရှက ရှိုက်ကြီးတငင် ငိုလိုက်မိတယ်။နာမကျန်းတဲ့အန်းရှ : အိုး.. နောက်ဆုံးတော့ ငါ့မှာ ကျန်းမာတဲ့ခန္ဓာကိုယ် ရလာပြီ။ ဟူးရေး… အာ အာအာ.. ခန္ဓာကိုယ်ကျန်းမာဖို့ ရွှေလက်ချောင်းနဲ့အတူ ကူးပြောင်းလာတာလား။ခဏ ခဏ ခဏလေး..ရွှေလက်ချောင်းက တစ်ခုခု မူမမှန်ပုံရတယ်။ လေနည်းနည်း တိုက်လိုက်တာနဲ့ သူမအရေပြားမှာ ဘာလို့ အဖုလေးတွေ ဖြစ်လာတာလဲ။ ဘာလို့ ဒီလောက်တောင် နုနယ်နေရတာလဲလို့။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset